ဇွန်လ ၁ ရက် မနက် ၆ နာရီ
မေ ၃၁ ည ၊
မိုးကအတော်ကောင်းနေဆဲ ၊ ဒပ်ဖရင်ရဲ့ ကော်ရစ်ဒါမှာ ကျနော်ရပ်နေဆဲပေါ့ ၊
မိုးလေးနည်းနည်းစဲသွားတော့မှ ဆေးရုံအပြင်ဘက်က မိုးအလင်းဆိုင်လေးမှာ ကျဆိမ့်တစ်ခွက် နှင်းဆီတစ်လိပ်နဲ့
ဘာမှမမြင်ရတဲ့ ကောင်းကင်ကို ငေးမောရင်း မွေးခန်းထဲဝင်တော့မယ့်သူရဲ့ ဗိုက်ထဲမှာ ဘာလေးများလဲ ?
သားလား သမီးလား
သမီးကြီးမွေးတုန်းက အကြောင်း သတိရမိသေးတယ် ၊ ဒီလို မိုးတွင်းကြီးပါပဲ ၊ နေ့လည် ၁၁ း ၃၅ မှာ ကိုမျိုးသန့် ကိုမျိုးသန့်ရှိလားတဲ့ ၊
မွေးခန်းအဝ သံတံခါးမှာရပ်နေတဲ့ ကျနော်က ရှိပါတယ် ကျနော်ပါဆိုတော့ မွေးပြီ အားလုံးကျန်မာသတဲ့ ၊ နေ နေပါဦး သား သားလေးလားဆိုတော့
မိန်းကလေး ပါတဲ့ ၊ ဝန်ခံပါတယ် ၊ ဟာာာ ဆိုပြီး ့ ့ ့ ့ ့ ကျနော်က သား လိုချင်သူကိုး ၊
ဒါပေမယ့် အဖွားရဲ့ အသည်းကျော် အဲဒီမြေးဦးမလေးဟာ အိမ်မှာ အလိမ္မာဆုံး ကျနော့်ကို အလိုက်အသိဆုံး ဖြစ်ခဲ့ပါတယ် ၊
ရင်ခုန်စေချင်တဲ့စိတ်နဲ့ အဲဒီ အာထရာဆောင်း ဆိုတာကြီးကို တစ်ခါမှ မရိုက်ခဲ့ပါဘူး ၊
အခုလည်း ဒီလောကထဲ ရောက်လာမှာ ဘာလေးပါလိမ့် ၊ သမီးပဲ ဆိုရင်တော့ သမက် ၃ ယောက်နဲ့ ဗျာများရမယ့်ကိန်းပါလား ၊
မနက် ၄ နာရီကျော်ကျော်မှာ မွေးခန်းထဲ ဝင်သွားပြီမို့ အဲဒီနားက ကော်ရစ်ဒါမှာ ဟိုဘက်လျှောက် ဒီဘက်လျှောက်နဲ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်
မနက် ၆ နာရီ ့ ့ ့ ့ ့
မွေးပြီ မွေးပြီ တဲ့ ၊
တတိယမြောက် ရင်ခုန်ခြင်း ့ ့ ့ ့ ့
ဘာလေးလဲဗျာ ၊
ယောင်္ကျားလေး ယောင်္ကျားလေး တဲ့ ၊
အို ဘာပြောကောင်းမလဲ ၊ မိုးသားတွေကင်းနေပြီဖြစ်တဲ့ ကောင်းကင်ကြီးကိုမော့ကြည့် ပီတိဆိုတဲ့အရသာ
ဘာကိုဘယ်လိုနှိုင်းရမှန်းမသိ
ဘေးက လူတစ်ယောက်က သားရတာ အဲသလောက်ပျော်သလား ကျနော်ကတော့ သားချည်း ၃ ယောက် မျက်စိကိုနောက်လို့ဗျာ ၊ ဒီတစ်ခါတော့ မိန်းကလေး ဗျတဲ့ ၊
အေးလေ သားလိုချင်သူက သမီးရ ၊ သမီးလိုချင်သူက သားရ ၊
တကယ်တမ်းကျတော့လည်း အားလုံးဟာ ရင်နှစ်သည်းချာ ရတနာလေးတွေပါပဲလေ ၊
မွေးခန်းထဲက ထွက်လာတဲ့ သားကို ကြည့်မိတော့ အမယ် သောက်ဘဲ ငါ့ထက်ဖြူသဟ ၊ ရူပကာကလည်း ငါ့ထက်စွံမယ့်ပုံပဲ ၊
ကဲ ငါလိုချင်လှတဲ့သား ငါရခဲ့ပြီ
သားဆိုတော့ အဖေဘယ်သွားသွား ခေါ်သွားလို့ရပြီလေကွာ နော် ၊
ရက်သားလေးပဲ ရှိသေးတဲ့ မင်းကို လဘက်ရည်ဆိုင်ခေါ်သွားလို့ မင်းအဖွားလေ ငါ့ကို အသေကျိန်းတာ ၊
အဖေကတော့ ဘယ်သိမလဲကွာ ၊ သွားလေရာ ပါမယ့်အဖော် ရပြီလို့ပဲ သတ်မှတ်လိုက်တာကိုး ၊
နာမည်ပေးကြမယ်ဆိုတော့ မင်းအဖွားက ( သက်ဦးမောင် ) တဲ့ ၊ ဟား ဟား အဲဒီနာမည် ဘာလို့ပေးလဲ သိလားသား ၊
မင်းအဖွား မင်းကို စ မြင်မြင်ခြင်း ဪ လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်က မျက်လုံးလေးတွေပါလား တဲ့ ၊
မင်း မျက်လုံးက မင်းအဖိုးနဲ့ အတော်တူဆိုပဲ ၊ အဖေကတော့ မမြင်ဖူးလို့ သိဘူးလေ ၊
မင်းအမေကတော့ မင်းကို ( မင်းသုတ ) ဆိုပဲ ၊ တော်သေးတာပေါ့ မင်းကုသ မဟုတ်လို့ ၊
ဒါပေမယ့် အဲဒီနာမည် ၂ မျိုးလုံး ဗီတိုအာဏာနဲ့ အဖေပယ်ချခဲ့တယ် ၊
ငါ့သားကို အဖေဘယ်လောက်ချစ်တယ်ဆိုတာ ပေါ်လွင်စေချင်တာမို့ အဖေ့နာမည် ( သန့် ) ဆိုတာကို အရင်စဉ်းစားလိုက်တယ် ၊
ပြီးတော့ကော ့ ့ ့
အဖေ့ဘဝမှာ သိပ်ချို့တဲ့ခဲ့တာ မရှိပေမယ့် လိုအပ်ခဲ့တာတွေ ပါနေတာမို့ သားကို ကောင်းမွန်တဲ့ ဘဝမျိုးနဲ့ပဲ တိုးစေချင်တယ် ၊
အဲ ပြီးတော့ အဲဒီကောင်းမွန်တဲ့ ဘဝမျိုးမှာ သားကို သက်ဆုံးတိုင် စံစားစေချင်တယ် ၊
ဒါကြောင့် သားနာမည်ဟာ သန့်ကောင်းစံ
အဖွားချစ်သော
မင်းအမေချစ်သော
အဖေချစ်သော
သားသား သန့်ကောင်းစံ
ယနေ့ မွေးနေ့မှသည် ရာသီအလီလီတိုင်းမှာ
ပျော်ရွှင်ချမ်းမြ လှပသောဘဝနှင့်အတူ လူပီသသောသူ ဖြစ်ပါစေ သားရေ ။
36 comments
marblecommet
June 1, 2013 at 10:22 am
ဆရာမကြီးရေးတဲ့
မြေးမလေးအကြောင်း
ဆိုတာက
သမီးကြီးထင်ပါရဲ့
ကိုမျိုးသန့်ရေ့……
Myo Thant
June 1, 2013 at 10:31 am
ဟုတ်ပါတယ်ဗျာ
သမီးကြီးက ၁ နှစ်သမီးကတည်းက သူ့အဖွားနဲ့ အတူအိပ်သူပါ ၊
အမေကလည်း သူ့မြေးဦးကို အရမ်းချစ်တာကိုး ၊
အခုလည်း အမေ့ငွေကိုင်ဟာ သမီးကြီးပါ ၊
ဦးကြောင်ကြီး
June 1, 2013 at 10:50 am
သန့်ကောင်းစံ လူဇိုး.. ခွေးဂျီးမှ ဖက်ရဒယ်လို့ကွာ…. မင်းအမတွေရော အဲလိုဗဲလား.. ဒါဆိုရင်တော့ ငါနဲ့တွေ့တော့မောင်.. ရမ်မဖြစ်ရစေနဲ့ကွာ… လူဖြစ်တုံး တခဏလေး ပျော်ပျော်ဂျီး ယောက္ခမနဲ့ ယောက်ဖနဲ့ ခယ်မနဲ့ နေသွားဂျင်ဒယ်… ေဩာ်ဒါနဲ့ မေ့တော့မလို့.. ဟက်ပီးဘက်သ်ဒေးပါကွာ..။ :harr:
မောင် ပေ
June 1, 2013 at 12:30 pm
ha ha
ကိုမျိုးသန် ့တော့
ဓါတ်ပုံထဲ ခွေးထည့်ရိုက်တာ ပြောစရာ ဖြစ်ပြီ
စကားမစပ်
မျိုးဆက်သစ် လေး သန် ့ကောင်းစံ
နိုင်ငံ အတွက် ဂုဏ်ဆောင်နိုင်မယ့် သားကောင်းဖြစ်လာပါစေကွာ
ဟက်ပီ ဘက်ဒေး
kyeemite
June 1, 2013 at 10:53 am
သားလေး သန့်ကောင်းစံ တစ်ယောက်
မင်္ဂလာရှိသောမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံ၍
ထူးချွန်ပြောင်မြောက်သော လူရည်မွန်လေးဖြစ်ပါစေဗျား… :528:
Myo Thant
June 1, 2013 at 4:38 pm
ကျေးဇူးပါ ကိုကြီးမိုက်ရေ
ရွှေတိုက်စိုး
June 1, 2013 at 11:14 am
တူလေး သန်.ကောင်စံလဲ မွေးနေ.မှ သည် နောင်နှစ်ပေါင်းများစွာ…. မိဘ မောင်ဖွား မိသားစု သိုက်သိုက်ဝန်းဝန်းနဲ. ကျန်းမာချမ်းသာစွာ နေနိုင်ပါစေလို. နိုင်ငံသားကောင်းရတနာ မိဘ အားလုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းသားမြတ်တစ်ယောက် ဖြစ်ပါစေလို. ဆုတောင်းပေးလိုက်ပါတယ်ဗျာ…
ကိုမျိုးသန်.လို ခံစားမှုမျိုး သိပ်မကြာခင်ကျွန်တော်လဲ ကြုံရတော့မှာပါဗျာ…. ဟဲဟဲဟဲ
Myo Thant
June 1, 2013 at 11:19 am
ကြုံတုန်း ကြွားခန်းဝင်တယ်ပေါ့လေ 🙂
ဒါနဲ့ သမီး ဆိုရင်တော့ ကြောင်ကြီးတို့ အံစာတို့ကို သတိထားဗျို့
သူရို့က လူဆိုးတွေနော့ 😛
ရွှေတိုက်စိုး
June 1, 2013 at 11:32 am
ဟုတ်သမီးလို. အယ်ထာဆောင်က ပြောဒါဘဲ…
ရပါတယ်… အံစာဒုံးကို သမတ်တော်ပြီး ဂလုံးဂလုံး ဝိုင်းထောင်စားပြစ်မယ်…
ဦးကြောင်ကြီးကို သမတ်တော်ပြီး…. တရုပ်လုပ်ပစ္စည်းတွေ သွင်းစားမယ်…… ဒါဘဲ…
ဟိဟိ :kwi: :hee:
မဟာရာဇာ အံစာတုံး
June 1, 2013 at 12:49 pm
ဒက်ဒက်တိုက် …
ဘာစကား ပေါဒါတုန်း .. ဟွန်းးနော် …
ဒက်ဒက် မတော်ဘဲ နေပလိုက်မှာ ..
ဘာမှတ်နေရဲ …
marblecommet
June 1, 2013 at 11:35 am
သမီးရှင်မှန်းသိသာတယ်……ဆြာတို့ကတော့…….
ကဲ…..
ကိုတိုက်ရော…..ဘာရှင်လေးဖြစ်ချင်တုန်း
may july
June 1, 2013 at 11:46 am
သားလေးရေ .. ယခုမွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် ..
ထူးချွန်ထက်မြတ်တဲ့ သားကောင်းရတနာလေး တစ်ယောက်ဖြစ်ပါစေကွယ် ..
Myo Thant
June 1, 2013 at 4:37 pm
ကျေးဇူးပါဗျာ
Green Rose
June 1, 2013 at 12:09 pm
Happy Birthday dear Thant Kaung San.
Kind regards,
(Green Rose)
Myo Thant
June 1, 2013 at 4:36 pm
ကျေးဇူးပါဗျာ
မဟာရာဇာ အံစာတုံး
June 1, 2013 at 12:46 pm
ညီငေးရေ …
ဟက်ပီး ဘက်ဒေးပါနော့ …
ဒါနဲ့ ..
မင်း မမဂျီးဒွေရော နေကန်းဒလားကွ …
ကိုဂျီးအံ က အမေးတော်ရှိကြောင်း ပြန်ပေါပေးဘာအုံးကွာ ..
နော် .. ကွာ …
မင်း ဒက်ဒီဂျီး က ဘာမွှ အားမကိုးရဘူးကွ ….
Myo Thant
June 1, 2013 at 4:34 pm
သမီးတွေက မျက်နှာများသူမျိုး မစဉ်းစားတာမို့
ခြောက်မျက်နှာကိုအံစာရယ် လက်လျှော့လိုက်ပါကွယ် နော် 🙂
ကို ငြိမ်းမောင်
June 1, 2013 at 2:03 pm
ကိုမျိုးသန့်က ကိုယ်ရေးအတ္ထုပ္ပတိတွေ အတော်ရေးတယ်နော်၊
ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာပေါ့ ဖတ်ရတာ ခဏခဏမို့လေ။
Myo Thant
June 1, 2013 at 2:18 pm
ကိုယ့်အကြောင်းကိုယ်ရေးရတာ အန္တရာယ်ကင်းတယ် ဆရာရဲ့
ဟို ကြောင်ကြီးအကြောင်း အံစာအကြောင်း ကိုကြီးမိုက်တို့အကြောင်းရေးရင်
မတော် ပြဿနာရှာရင် ဒုက္ခလေ ၊ 😛
နောက်ထပ် ဘဝအကြောင်းတွေ လာဦးမှာပါ ၊
ဥပမာ သံယောဇဉ်တွေ ဘာတွေ တွေ့လာရင်ပေါ့ ။ 🙂 🙂 🙂
ဦး ကြိမ်
June 1, 2013 at 2:05 pm
ဒီမိသားစုတွေကြားကခွေးကလေးလဲ
ကံကောင်းပါစေလို့……..ဆုတောင်းပေးလိုက်ပါတယ်….။
Myo Thant
June 1, 2013 at 2:22 pm
အဲဒီခွေးလေးက တွံတေး ဘုရားကြီး မင်္ဂလာတိုက်ကျောင်း
မိဘမဲ့ ပရဟိတဂေဟာက ခွေးလေးပါ ၊
အလှူသွားရင်း ရိုက်ခဲ့တာပါ ။
myanmarcitizen
June 1, 2013 at 4:19 pm
ကိုးမျိုးသန့်ရေ … အရေးကောင်းလေးမို့ဖတ်သွားပါတယ်ဗျာ။ အရင် post တွေထဲမှာ ကလေးတွေမွေးနေ့ လာတော့မယ်ပြောထားတာမှတ်မိပါသေးတယ်။ သန့်ကောင်းစံ လေးရေ Happy Birthday ပါနှော်။ မိသားစု နှင့် နို်င်ငံတော်က အားထားရတဲ့သူတစ်ယောက်ဖြစ်ပါစေဗျား။
Myo Thant
June 1, 2013 at 4:36 pm
ကျေးဇူးပါဗျာ
အရီးခင်လတ်
June 1, 2013 at 4:55 pm
ပျော်ရွှင်စရာ မွေးနေ့ မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပိုပြီး အောင်မြင်သော ဘဝ ကို လျှောက်လှမ်းရပါစေ သားလေးရေ။
။
ဒီလို အင်မတန် စေတနာထား ဂရုစိုက်တဲ့ အဖေ ရတာ ကိုက သူတို့ဘဝ မှာ အကောင်းဆုံး ဆုလာဘ်ပါ ကိုမျိုးရေ။
Myo Thant
June 1, 2013 at 5:03 pm
ဆက်ကြိုးစားနေဆဲပါ အရီးရေ
Foreign Resident
June 1, 2013 at 8:45 pm
သားလေးက လူချောပဲ ။
padonmar
June 1, 2013 at 9:23 pm
Happy Birthday Kaung Kaung.
ဝင့်ပြုံးမြင့်
June 1, 2013 at 9:48 pm
အဖေတူလေးနော်။
စနေ
June 1, 2013 at 10:01 pm
Happy Birthday ပါ သားလေး ကောင်းကောင်း….
လုံမလေးမွန်မွန်
June 1, 2013 at 10:26 pm
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ မောင်လေးရေ…..ချစ်သောမိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်တဲ့ဘဝကို တစ်သက်လုံး ပိုင်ဆိုင်နိုင်ပါစေ..
ဒေါ်ဗုံဗုံဦးပြီးသားမို့လို့…မောင်လေးပဲ တော်လိုက်ပါကြောင်း..အဟီး
uncle gyi
June 1, 2013 at 11:36 pm
ကိုမျိုးသန့်
ကျုပ်ကတော့သားချည်းပဲ၃ယောက်ဗျာ
ကြိုပြောထားတယ်နော်
Myo Thant
June 3, 2013 at 9:16 am
ဟုတ်ပါပြီ သားများရှင် ရေ 🙂
KZ
June 3, 2013 at 9:45 am
ယောက္ခမ ကြီး::::::::::::::::::::::::::::::::::::::::
.
.
.
.
.
.
..
လို့ ခေါ်တဲ့ ကလေးမတွေ အတော်များမှာပဲ လို့။
Happy Belated Birthday to Kaung Kaung
:hee:
Shwe Ei
June 3, 2013 at 10:48 am
နောက်တခေါက်တွေ့ဆုံပွဲလာရင် ကောင်းကောင်း ကိုခေါ်ခဲ့ပါဗျို့။
ဆူရှီရောင်းပွဲတုန်းက စကားမပြောလိုက်ရလို့ အကြွေးပြန်ဆပ်ချင်လို့..
Myo Thant
June 3, 2013 at 11:08 am
ကောင်းပါပြီ မအိရေ
သားကလည်း အဲသလိုပွဲရှိရင်ခေါ်ပါ တဲ့ ၊
တောင်ပေါ်သား
June 4, 2015 at 1:32 pm
လွန်ခဲ့တဲ့ ၂ နှစ်က သားပုံစံနဲ့ ဒီကနေ့ သားပုံစံ သိပ်မတူချင်တော့ဘူး
၉ တန်း ကျောင်းသားကြီး ဖြစ်လာပြီပဲလေ ၊
သား ဘွဲ့ရတဲ့အထိ အဖေတောင့်ခံထားပါတယ် သားရေ ၊