မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ
အောက်ပါ ပို ့စ်ဟာ ဖေ့ဘွက် စာမျက်နှာ တနေရာကနေ ကူးလာတာပါ….
ပို ့စ်ပိုင်ရှင် မဟုတ်ပေမယ့်လည်း တက်သိနားလည်သမျှနဲ ့ ကော်မန် ့များကို ပြန်လည် ဖြေကြားသွားပါ့မယ်….
မူရင်းလင့်ကိုတော့ အောက်မှာ ဖော်ပြပေးထားပါတယ်………
——————————————————————————————————
မြန်မာလူမျိုးတွေ ဘာ့ကြောင့်မချမ်းသာကြသလဲ
မေတ္တာရှင် – ငါ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
အဲဒီမေးခွန်းက – မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။ ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ ကမာ္ဘမှာ အချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။
အဲဒါ ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။
် *** ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။
မေတ္တာရှင် – အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့ ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။
*** အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။ နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။
မေတ္တာရှင် – မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ ၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က –
၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။ ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့် လှူမယ့်သူ မရှိဘူး။
ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။ ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။
အိမ်သာဒကာ၊ အိမ်သာအမ အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။ ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို ရမ်းပြီး မလှူသင့်ဘူး။
၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့ ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ မပြည့်စုံဘူး။
၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၄။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့် မိမိကိုယ်မိမိ ကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။ အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊ ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။ အချိန်တန်ဖိုး မသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန် စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။
၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင် ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့ အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့ ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား ဖြစ်တယ်။
ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့ လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင် နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။
ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော် အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကားပြောရင် သူ့သနာ္တန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး အပြစ်ပြောနေခြင်းဟာ သူ့သနာ္တန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။
ပညာမဲ့က သူ့သနာ္တန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့ သူတို့သနာ္တန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သနာ္တန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့ အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။
အပေါ်ယံ ကြည့်ရင်တော့ အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့ ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး လှစ်ပြတာပါပဲ။
၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ မရှိတာပါပဲ။
၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့် စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ် ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။
၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့ အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။
၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့ ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈ နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့ သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို မဖြစ်မနေ လုပ်ကြတော့တာပဲ။ မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့ ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။
ကားမောင်းသမားလေးက အသက် ငယ်ရွယ်သူလေး ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။
*** အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။
မေတ္တာရှင် – ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ် ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။
၁၈ နှစ် ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့ မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။ ၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘယအလုပ် လုပ်သလဲလို့ မေးမြန်းနှုတ်ဆက်တတ်ပါတယ်။
၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။
*** တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။
မေတ္တာရှင် – အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။
Posted From သတင်း ဥယျာဉ်
27 comments
မိုက်ကယ်ဂျော်နီအောင်ပု
June 10, 2013 at 9:35 am
ဒါကတော့ အလကားနေရင်းဗမာတွေကို ဆင်းရဲတယ်လို့ထင်နေတာကို
မြန်မာတွေချမ်းသာပါတယ် မဆင်းရဲပါဘူး
ကိုယ့်ဖါသာလိုက်ပြီး သူများကိုဆင်းရဲတယ်ထင်တယ်
ကိုယ်ဆင်းရဲတိုင်း သူများကိုဆင်းရဲတယ်ထင်တယ်
ဆင်းရဲတယ်ဆိုတာ ဂျိုနဲ့လား ??????
တိမ်မည်း
June 10, 2013 at 9:51 am
အဲ့လိုလည်း မဟုတ်သေးဖူး ကိုအောင်ပုရဲ့……..
ကျွန်တော်လည်း ဒီပို ့စ်ကို အပြည့်အဝ သဘောတူလှရယ်တော့မဟုတ်ဖူးရယ်…
သို ့ပေသိ… ယေဘုယျအားဖြင့်တော့ သဘောကျမိတာအမှန်ပဲ…….
ဆင်းရဲတယ်ဆိုတာထက် ပိုပြောချင်တာက မြန်မာတွေ ချမ်းသာသင့်သလောက် မချမ်းသာကြတာပဲ….
ဥပမာ ကျွန်တော်ရဲ့ အမျိုးတချို ့တွေ မန်းမှာ ရန်ကုန်မှာ အထင်ကရနေရာတွေမှာ ခြံတွေ အကျယ်ကြီး ပိုင်ကြတယ်…..
ဘာအလုပ်မှလည်း မလုပ်ပဲနဲ ့…. ရိပ်သာသွားလိုက် ကျောင်းတက်လိုက် လေရိုက်လိုက်……
တရားရလားဆိုတော့လည်း မဟုတ်ဖူး…. ဟိုလားဆိုတော့ မဟုတ် ဒီလားဆိုတော့ မဟုတ်….
ကြာတော့ ခြံကျယ်ကြီးကနေ ခြံလတ်… ခြံလတ်ကနေ ခြံငယ်ဖြစ်လာတာကလွဲလို ့…
ဘာမှ မထူးပေါင်….. ဘာသာရေးနဲ ့ အပြည့်အဝ သက်ဆိုင်တယ်လို ့တော့ မဆိုလိုပါဖူး….
ဒါပေမယ့် ကျွန်တော်အမြင်အရ တော့ ရောင့်ရဲခြင်းနဲ ့ ပျင်းရိခြင်းကို မှားများ ယူနေသလားလို ့ပါ……
ကျွန်တော်အနေနဲ ့ကတော့ ကြီးပွားသင့်သလောက် မကြီးပွားပဲ နေတာကို ဆင်းရဲခြင်း တမျိုးလို ့ သတ်မှတ်ချင်တယ်…..
ဖြစ်စေချင်တာကတော့ လူတွေကို ကြိုးစားစေချင်တာပဲ…… တနေ ့ ထမင်းသုံးနပ်နဲ ့ ကျောခင်းစရာ တနေ ့ရာရရုံနဲ ့ ဆင်းရဲခြင်းကနေ လွတ်ကင်းပီလို ့ မထင်စေချင်……
လောဘတကြီးရှာပီးတော့လည်း လောဘဇောတက်တာလေးတော့လည်း မဖြစ်စေချင်…..
လောဘလည်း မဖြစ်စေ ပျင်းရီခြင်းလည်း မဖြစ်စေချင်……
ဗဟုသုတတခုအနေနဲ ့ ကြိုးစားစေချင်ယုံသတ်သတ်ပါ……
ခင်လျက်
တိမ်မည်း
ဦးကြောင်ကြီး
June 10, 2013 at 10:33 am
အဲသာပြောဒါပေါ့ဗျ.. စနစ်… စနစ်အရေးကြီးပါတယ်လို့… ဗုဒ္ဓဘုရား ထားခဲ့တဲ့စနစ် ရှိပါလျက် ဘုရားထက် ဝါတလကြီးချင်တဲ့ လျှာပွတ်ခိုမ်တို့လို လောဘသားတွေကြောင့် ဗုဒ္ဓဘာသာ အချောင်နာမည် ပျက်တာနေမှာ…။
lele kyi
June 10, 2013 at 10:49 am
But-ဦးကြောင်ပြောတဲ့ လျှာပွတ်ခိုမ် က ဟိုဘက်ပို့စ်မှာ ကျောက်တုံးကြီးနဲ့ရှင်းသွားပြီ။ ကျမ လည်းသူကြီး ဆိုလိုချင်တာကို သဘောတူပါတယ်။ သူကြီးကိုဖားထားတာ။ 🙂
ခင် ခ
June 10, 2013 at 12:22 pm
နိုင်ငံခြားမှာ မြန်မာငွေ သိန်း ၄ဝ – ၅ဝ လောက်ရှိတဲ့ ကားကို ဒီမှာ သိန်း ၁၀ဝ ကျော်ပေမယ့် ဝယ်စီးနေကြတယ်၊ နိုင်ငံခြားမှာ အလားကားနီးပါးရှိတဲ့ ဖုန်းကဒ်ကို ဒီမှာ ၅ သိန်းဆိုလည်း ဝယ်ကိုင်ခဲ့တယ်၊ ၂ သိန်းဆိုလည်း ဝယ်ကိုင်ခဲ့တယ်၊ မန်း မှာတောင် တရုတ်ပြည်မှာ သောင်းဂဏန်းလောက်ရှိတဲ့ ဆိုင်ကယ်ကို သိန်းဂဏန်းလောက် ဖြစ်တာတောင် ဝယ်စီးနေကြလို့ လမ်းပေါ်ပလူပျံနေတာဘဲလေ၊ ကဲ မြန်မာတွေ ဆင်းရဲတယ်ဆိုတာ ဟုတ်ရဲ့လားလို့။
တိမ်မည်း
June 10, 2013 at 1:47 pm
လက်ရှိ ညွန်ကိန်းတွေအရတော့ ဆင်းရဲနေတာ အမှန်ပါ………………
ကိုခင်ခရေ……..
kyeemite
June 10, 2013 at 1:53 pm
“တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။”
ဒါနဲ့ပါတ်သက်လို့ကလည်း…ဘုရားရှင်ကဟောသည်မဟောသည်မသေချာသော်လည်း
ဘုန်းကြီးတော်တော်များများကတော့ ဘုရား၊ တရား၊ သံဃာ ကိုလှူတာအမြတ်ဆုံး ဆိုတာကိုး
ဒါကြောင့် ပြိုလုလု စာသင်ဆောင်ဆောက်ဖို့မလှူကြပဲ ရှိပီးသားဘုရားရွှေသွားချကြတာ….
တိမ်မည်း
June 10, 2013 at 2:12 pm
ကိုကြီးမိုက်ရေ…
ဘုရား တရား သံဃာ ကိုလှူတာ အမြတ်ဆုံးဆိုတာ မှန်ပါတယ်….
သို ့ပေသိ လှူသော စိတ်အစဉ်ဆိုတာလည်း ရှိသေးသကိုး……
ညောင့်စေ့လောက်လှူပီး ညောင်ပင်ကြီးလောက် ရတဲ့ အလှူရှိသလို….
ညောင်ပင်ကြီးလောက်လှူပီး ညောင့်စေလောက် ရတဲ့ အလှူလည်း ရှိသဗျ….
ဒါဟာ ဘာကြောင့်လည်း ဆိုရင် လှူတဲ့ အချိန် မှာ မူတည်တဲ့ စိတ်အစဉ်ကြောင့်လည်း ပါမယ်….
တကယ်လိုအပ်တာကို သိသိနဲ ့ လှူတဲ့ အလှူရယ်……
အမြတ်ဆုံးဆိုတာ တခုပဲ သိလို ့ လှူတဲ့ အလှူရယ် ဘယ်လိုကွာတယ်ဆိုတာကိုလည်း လှူဖူးတဲ့လူတိုင်း သိပါတယ်….
ဂဇက်မှာက ဒါဇင်ပလပ် အဖွဲ ့သားများလည်း ရှိလေတော့ ဒီအလှူတွေရဲ ့ ကွာခြားပုံကို အထူး ပြောပြစရာ လိုမယ်မထင်ပါ……
ခင်လျက်
တိမ်မည်း
Foreign Resident
June 10, 2013 at 4:58 pm
အသုံးမကျတဲ့ ဗမာ ဗုဒ္ဓဘာသာ On-Line မျိုးချစ်တွေ ။
အခု ၊ မလေးရှားမှာ ဗမာ ဗုဒ္ဓဘာသာတွေကို ရွေးပြီး အသတ်ခံနေရတာ သိသာနေပြီပဲ ။
မလေးရှား ရောက်နေတဲ့ ဗမာ ဗုဒ္ဓဘာသာတွေ အသတ်ခံနေရကြောင်း နှင့် ၊
မလေးရှား ရောက်နေတဲ့ ဗမာ ဗုဒ္ဓဘာသာတွေ ကို အကာအကွယ်ပေးဖို့ ၊
ရန်ကုန်က မလေးရှား သံရုံးရှေ့ သွား ဆန္ဒပြကြပါလား ။
ဗမာ ဗုဒ္ဓဘာသာတွေ အသတ်ခံနေရတဲ့ ကိစ္စ ကမာ္ဘသိအောင် ဝိုင်း အော်ကြပါလား ။
ဒါမျိုး ၊ ဘောင်ဝင်တဲ့ ကိစ္စ ၊ ဒီမိုကရေစီနှင့် ကိုက်ညီတဲ့ ကိစ္စတော့ ဘယ်သူမှ မလုပ်ဘူး ။
ဘာမဆိုင် ညာမဆိုင် ၊ အမေစု ကိုတော့ လာညှောင် နေတယ် ။
အလကား ၊ လူလေး နှစ် ယောက် တစ်ပိုင်းနှင့် ၊
Face Book Account တွေ အများကြီးဖွင့်ပြီး ၊
လူထု အသံလိုလို ဘာလိုလို အလံရှူး လာလုပ်နေတာ ။
တကယ် ၊ လူထု အင်အားပြရမယ့် ၊ ဒီလို အခါမျိုးကျတော့ ပြလို့မရဘူးလေ ။
ဘယ်ပြလို့ရမလဲ ၊ တကယ်ရှိတာက အဲဒီ လူလေး နှစ် ယောက် တစ်ပိုင်းပဲကိုး ။
အဲဒါကြောင့် ၊ On-Line မှာပဲ အော်နေတဲ့ ၊ အဲဒီ့ ဗမာ ဗုဒ္ဓဘာသာ On-Line မျိုးချစ်တွေကို ၊
အထင်လည်း မကြီးဘူး ၊ ယုံလည်း မယုံဘူး ၊ စာရင်းလည်း မသွင်းဘူး ။
တိမ်မည်း
June 10, 2013 at 5:58 pm
ဘဖောရေ….
ပထမ ပြောချင်တာက ဒီပို ့စ်သည် ဖေ့ဘွက်ပေါ်မှ တွေ ့မိသဖြင့် ကြိုက်သောကြောင့် ကော်ပီ တင်ထားခြင်းဖြစ်သည်…
အဲ့ဒီတော့ ကြုံရာ ပိုစ် တခုသာ ဖြစ်သဖြင့် အထူးတလည် မည်သည့် ရည်ရွယ်ချက်မှ မရှိပါ….
ကျွန်တော်လည်း စာမရေးဖြစ်တာ ကြာပါပီ….
ဒီဟာလေးက ကြိုက်မိလို ့တကြောင်း ရွာသူား တယောက်ကလည်း သွားတင်ပါလားလို ့ အကြံပေးတာကြောင့်… လာတင်ဖြစ်တာပါ…….
မလေးမှာ အသက်ခံရတာကလည်း ဗမာ ဗုဒ္ဓဘာသာတွေမှ မဟုတ်ပါဖူး….
တခြားလူမျိုး တခြားဘာသာ တွေလည်းပါပါတယ်…
သေချာစုံစမ်းကြည့်ပါဦး အဘရယ်….
ကျွန်တော်လည်း အမေစုကို သွားမညှောင့်ရပါဖူး…..
Facebook မှာလည်း လျှောက်မအော်ရပါခင်ဗျား…….
ကျွန်တော်က နိုင်ငံရေး ခေါင်းဆောင် မဟုတ်သလို…. လူမျိုးရေး ဘာသာရေး ခေါင်းဆောင် မဟုတ်ပါ…….
ထို ့အတူ နိုင်ငံရေး ဘာသာရေး လူမျိုးရေးတွေမှာ ရှေ ့တန်းကနေ ပါဝင် ဆောင်ရွက်နေသူ တဦး တယောက်လည်း မဟုတ်ပါ…..
အပျော်တမ်း စာရေးသူ သက်သက်သာ ဖြစ်ပါတယ်……
တကယ်လို ့ အဘပြောသလို မအော်တာတွေ အတွက်လည်း ကျေနပ်မှူမရှိဖူးဆိုရင် အဘကိုယ်တိုင် ပိုစ့် ဖွင့်ပီး ဦးဆောင်လော်နိုင်ပါတယ်…..
ကျွန်တော့် အတွက် ကန် ့ကွက် စရာ အထူးမရှိပါ…..
မလေး ကိစ္စ နဲ ့ ကျွန်တော့် လက်ရှိပို ့စ်နဲ ့က တိုက်ရိုက် ဆက်သွယ်မှူ တော့ သိပ် မရှိဖူး ထင်ပါတယ်….
ကျွန်တော့်ကို ဦးဆောင် ဆောင်ရွက်သူ တယောက်ယောက်လို ့ ထင်ရင်တော့ အဘလူရှာမှားသွားပီလို ့ ပြောပါရစေ….
ခင်လျက်
တိမ်မည်း
Foreign Resident
June 10, 2013 at 6:11 pm
Sorry ကို တိမ်မည်း ။
ကို တိမ်မည်း ကို ပြောတာ မဟုတ်ဘူး ။
သူကြီးရဲ့ အရင့်ရောင် မှတ်တမ်းမှာ ရေးမလို့ ရှာတာ မတွေ့ဘူး ။
အဲဒါနှင့် ၊ ဗမာ နှင့် ဆိုင်တဲ့ Post တစ်ခုခုမှာ ရင်ဖွင့်ချလိုက်မိတာ ။
နီးနီး စပ်စပ် ကို တိမ်မည်း Post ဖြစ်သွားတယ် ။
ကို တိမ်မည်း ကို ပြောတာ မဟုတ်ပါဘူး ။ Sorry နော် ။
တိမ်မည်း
June 10, 2013 at 6:29 pm
ရော့ ဟော့ဒီမှာ ခီညရဲ့…
အရင့်ရောင် မှတ်တမ်းလင့်….
အရောင်ရင့်မှတ်တမ်း ( ဂျွန် ၂၀၁၃ )
http://myanmargazette.net/177882
အရောင်ရင့်မှတ်တမ်း ( ဧပြီ ၂၀၁၃)
http://myanmargazette.net/171955
အရောင်ရင့်မှတ်တမ်း (မတ်လ ၂၀၁၃)
http://myanmargazette.net/169223
အရောင်ရင့်မှတ်တမ်း ( Feb 2013 )
http://myanmargazette.net/165887
အရောင်ရင့်မှတ်တမ်း ( Jan 2013)
http://myanmargazette.net/162237
အရောင်ရင့် မှတ်တမ်း (Dec 2012)
http://myanmargazette.net/158708
ကျန်တာတွေရှိသေးတယ်…. ဂလောက်ဆို ရပီမဟုတ်လား……
ဇဂါး လွတ်
June 10, 2013 at 6:27 pm
ဘဖော အော်သလို ကျနော်လည်း အော်ချင်နေတာ။
တော်ပါပြီလေ။
စိတ်ထိန်းထားပါတယ်။
ဘယ်သီတင်းမှ ဝင်မကြည့်တော့ပါဘူး။ 🙁
ဒီမှာတော့ လိုက် အလှုခံပေးလိုက်တယ်။
ဇဂါး လွတ်
June 10, 2013 at 6:09 pm
သတိထားစရာ အချက်လေးတွေပဲ တိမ်မည်းရေ။
ကျေးဇူးတင်ပါတယ်။
:hee:
အရီးခင်လတ်
June 10, 2013 at 6:21 pm
ဆရာတော်ကို ကန့်လန့်တိုက်တာမဟုတ်ပါဘူး။
မြန်မာနိုင်ငံ မှာ တစ်ချို့ သူများ ကမ္ဘာက ဘီလျံနာ တွေလောက် သုံးနိုင်၊ ဖြုန်းနိုင် ပြီး ချမ်းသာ နေကြတာက ဆရာတော် မိန့် ထား တဲ့ အကြောင်း ၁၁ချက်ကိုရှောင်နေလို့ သူတို့ ချမ်းသာနေကြတာ လို့ တွေး ရတော့ မလိုဖြစ်နေလို့ပါ။
မြန်မာတွေ ဆင်းရဲတာ အဲဒီ အချက်တွေလဲ ပါနိုင်ပါတယ်။
ဒါပေမဲ့ အင်မတန်ချမ်းသာတဲ့ ရေပေါ်စီ တွေ ဆီမှာ လဲ အဲဒီ ၁၁ချက် လုံး တွေ့ နေရတာမို့ လောလောဆယ် အနေအထားအရ ကတော့ အဲဒီ ၁၁ချက် ကို အဓိက တရားခံ လို့ မထားချင်သေးပါဘူး တိမ်မည်းရေ။
တိမ်မည်း
June 10, 2013 at 10:18 pm
အရီးရေ…. ဒါက သီအိုရီပါ…..
အကုန်မှန်တယ်လို ့ ကျွန်တော်လည်း မတွေးမိပါဖူး……
တက်ကျမ်းလို ့ပေါ့…. တက်ကျမ်းထဲမှာ အချက် ၁၁ ချက်ရှိရင်….
ကြီးပွားတဲ့သူအများစုဟာ ၃ ချက်လောက်ကိုပဲ ထိထိရောက်ရောက်သုံးသွားကြပါတယ်……
ရေပေါ်ဆီတွေကိုတော့ စာရင်းထဲကို မထည့်ဖူးဂျာ…..
ကျွန်တော့်အနေနဲ ့လည်း တရားခံလို ့ မမြင်ပါဖူးဂျာ…..
ဘုရားဟော အစစ် ဟုတ်မဟုတ်တော့ မသိဖူးရယ်…..
တခုမှတ်မိတာကတော့ ငါဘုရားဟောသည်ဖြစ်သောကြောင့်ဟု အကြွင်းမဲ့မယုံလင့်…. ချင့်ချိန်ကာ သုံးသပ် စဉ်းစား လိုက်နာ မှတ်ယူ ကျင့်သုံးလေ ဆိုတာလေးတော့ ကြိုက်သဗျ…….
မည်သည့် ဘာသာ မှာမဆို သုံးတက်ရင် ကိုယ့်ဘဝ တက်လမ်း အတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိမယ်လို ့ ယုံကြည်တယ်ဗျာ……
ဆေးနဲ ့ အဆိပ်ဆိုတာ သုံးတဲ့ ပမာဏ ပေါ်မဲ မူတည်ပါတယ်ဗျာ……..
တက်ကျမ်းတို ့ စည်းကမ်းတို ့ စာအုပ်တို ့ဆိုတာ သစ်ပင်သစ်မြစ်တွေပါ…..
သုံးတဲ့ ပမာဏ ပေါ်မူတည်ပီး ဆေးဖြစ်တာ အဆိပ်ဖြစ်တာတော့ မိမိပေါ်သာ မူတည်ကြောင်း….
ခင်လျက်
တိမ်မည်း
မောင် ပေ
June 10, 2013 at 7:00 pm
နောက်ဆုံးမတော့လဲ
ရှေး လူကြီးများ ပြောခဲ့သလို
ပိုက်ဆံမချမ်းသာရင် နေပါစေလေ
စိတ် ချမ်းချမ်း သာသာ နဲ ့နေရရင် ကောင်းတာပါပဲ ဆိုပြီး နေတတ်/နေနိုင်သူတွေ များတာကလား
တိမ်မည်း
June 10, 2013 at 10:03 pm
ဟုတ်ကဲ့…..
အဲ့ဒါကြောင့် ရှယ်ယာဈေးကွက်ကြီး ပေါ်စေချင်တာ……
အဲ့ဂလို ငွေအလတ်လောက်လေးနဲ ့… ကြီးတယ်လို ့လည်း ပြောမရ…
ငယ်တာလည်း မဟုတ်…..
(တချို ့ကတော့ ရှယ်ယာနဲ ့ဆို ခွေးဖြစ်မယ်လို ့ ယုံကြည်လေရဲ့…. ကျုပ်ကတော့ ထိုင်မနေစေချင်တာ အမှန်)
ထိုင်စားနေတဲ့ သူများဆီကနေ ငွေ ချူချင်လို ့ဂျာ…..
ခက်တာကလည်း မြန်မာ့ ရှယ်ယာ ဈေးကွက် တည်ထောင်ဖို ့က အခက်အခဲက တင်းကြမ်း မို ့လို ့….
ရွေပြည်တော် မျှော်တိုင်းဝေး ရတယ်ဗျာ……
ဖြစ်စေချင်တာကတော့ မြန်မာပြည်သူ ပြည်သားများရဲ့ ငွေတွေကို အိပ်မနေစေချင်တာလည်း နံပါတ်တစ်ပါဂျာ……
San Hla Gyi
June 10, 2013 at 9:01 pm
အင်း ကိုတိမ်မည်းရဲ့ ပို့စ်ကလေးတော့ ဝင်အားပေးလိုက်တယ်ဗျာ။ အဲဒီလို စာမျိုးတွေ ဖတ်ဖူးတာတော့ ကြာပါပြီ။ မှန်တာတွေတော့လည်း ရှိမှာပေါ့လေ။ ဒါပေမယ့် ကျနော့် တဦးတည်း အမြင်အရတော့ အကုန်လုံး မမှန်နိုင်ပြန်ဘူး ထင်တာပဲ။ တကယ် ဆင်းရဲတဲ့လူတွေက နာမည်ကြီးမယ့် နေရာတွေလည်း မလှူနိုင်ရှာပါဘူးဗျာ။ အဲဒီလို နာမည်ကြီးနိုင်တဲ့ နေရာတွေ သွားလှူတာ ချမ်းသာပြီးသားလူတွေပါ။ အဲဒီတော့ အဲဒါကြောင့် မြန်မာတွေ ဆင်းရဲတယ် ဆိုတာတော့ သဘောမတူဘူး။
အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူတာကတော့ တကယ့်ကို ပါရမီမြောက်တဲ့ လှူဒါန်းခြင်းမျိုးပါ။ အဲဒါကတော့ တကယ့်ကို အလောင်းအလျာတွေ လုပ်လေ့ရှိတဲ့ အလုပ်မျိုးပါ။
ကျနော့် စိတ်ထင် တကယ်တော့ ကျုပ်တို့လူမျိုး တော်တော်များများဟာ ဘာသာရေးအပေါ်မှာ မေတ္တာစေတနာတွေ သိပ်များတယ်လို့တော့ မထင်ဘူး။ ဘာလို့လည်းဆိုတော့ ဖြစ်လာမှသာ တော်တော်များများက မရောင်ရာဆီလူးပြီး သတ်ကွာ ချကွာ လုပ်လာတတ်တာ။ တကယ်တမ်းကျတော့ ကိုယ့်ဟာကိုယ်ဆို အိမ်က ဘုရားဆင်းတုတော်ရှေ့တောင် စိတ်ပါလက်ပါ ဝတ်ပြုပြီး လှူတာတန်းတာ သိပ်မတွေ့ဖူးဘူး။ တကယ်ကို မြင်ဖူးတာ။ မြန်မာတွေ တော်တော်များများနဲ့ အလုပ်မှာ အတူတူနေခဲ့ဖူးတယ်။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆပဲဗျ။ ဒီတော့ စီးပွားရေး အပေါ်မှာ မေတ္တာ စေတနာ မထားတာလည်း မဆန်းပေဘူးပေါ့။ အမှန်တော့ အခုလို ပြောရတာကို စိတ်မကောင်းဘူး။ ဒါပေမယ့်လည်း ဒါက မှန်နေသလိုပဲ။
ပျင်းရိခြင်းကတော့ အထူးတလည် ပြောဖို့ မလိုပေဘူးပေါ့။ အဲဒါကို ရောင့်ရဲခြင်းလို့တော့ လူတော်တော်များများက မထင်ကြပါဘူးဗျ။ မလုပ်ခြင်လို့ကို ဆင်ခြေကန်ပြီး နေကြတာပါ။ ကိုယ်က အစပေါ့။
အချိန်တန်ဖိုးကို မသိတာတော့လည်း ရှိတာပါပဲ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်မှာက တခါတခါ အချိန်တွေက ပိုနေတာဗျ။ အဲဒါတော့ ကျနော့် စိတ်ထင် အစိုးရမှာ အများကြီး တာဝန်ရှိပါတယ်။ လူငယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချိန်ဖြုန်းတယ်လို့ မပြောနဲ့ဦးနော်။ သေသေချာချာ လေ့လာကြည့်ရင် လုပ်စရာ လုပ်ငန်းကိုင်ငန်း ပေါပေါများများ မဖန်တီးပေးနိုင်လို့ ဖြစ်နေကြတာ အများကြီးပဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဘွဲ့ရ ပညာတတ် လူငယ်တွေအတွက် တကယ်ကို မြန်မာပြည်တွင်းမှာ အလုပ်ရှားပါတယ်။ အခုလည်း မပေါသေးပါဘူး။ နောင်လာမည့် နှစ်များမှာ ပြောင်းသွားရင်တော့လည်း မပြောတတ်ဘူး။
မနာလိုစိတ်တို့ ဝန်တိုစိတ်တို့ ရှိတတ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒါကလည်း လူဆိုရင်တော့ တခြားလူမျိုးတွေလည်း အနည်းနဲ့ အများတော့ ရှိမှာပါပဲ။ ဒါလေးကတော့ ပြင်ရမှာပေါ့။
နံပါတ်ရှစ်က စာပေဗဟုသုတ မရှိတာတော့ အမှန်ပဲဗျ။ တော်တော်များများက စာကို ဖတ်ရကောင်းမှန်း မသိကြပြန်ဘူး။ အဲဒီအချက်က အဓိကလို့ ထင်တယ်။ ကျနော့်စိတ်ထင် တမျိုးသားလုံး လူဦးရေရဲ့ တဝက်လောက်က စာဖတ်ဝါဿနာ ပါသူတွေ ဖြစ်လာပြီဆိုရင် ကျန်တာတွေ တော်တော်များများ ပြောင်းသွားလိမ့်မယ်လို့ ထင်တယ်။ တယောက် နှစ်ယောက်နဲ့တော့လည်း နိုင်ငံကြီးကို ပြောင်းအောင်လုပ်လို့ ဘယ်ရမလဲလေ။
နံပါတ် ၉ နဲ့ ၁ဝကိုတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ နံပါတ် ၁ဝ ကတော့ နံပါတ် ၈ ပြောင်းရင် တော်တော်ပြောင်းသွားနိုင်တယ်။
နံပါတ် ၁၁ ကတော့ အပြတ်ပြောဖို့ ခက်တယ်ဗျ။ ဘွဲ့ရပြီးသား လူငယ်တွေတောင် အလုပ်မပေးနိုင်တာက အများကြီးဆိုတော့ ကျောင်းတဖက်နဲ့ အလုပ်လုပ်ဖို့ဆိုတာ တော်တော်ခက်တယ်ဗျ။ ရှိတော့လည်း ရှိချင် ရှိမှာပေါ့လေ။ ဒါပေမယ့် ယေဘူယျက မြန်မာလူငယ် တယောက်အတွက် တော်တော်ခက်တယ်။
အနောက်နိုင်ငံတွေကို သွားမကြည့်နဲ့။ သူတို့က အဲဒီလို အလုပ်အကိုင် ရှာလို့လွယ်ကူပြီး အဲဒါကို အားပေးတဲ့ ပတ်ဝန်းကျင် ရှိနေတာကိုး။ အခြေအနေချင်းက မတူဘူး။
အင်း ခြုံပြောရရင်တော့ တချို့အချက်တွေ မှန်ပါတယ်။ တချို့ကိုတော့လည်း သဘောမတူဘူးပေါ့လေ။ အီစမိုင် မာမွတ်ဆိုတဲ့ လူအကြောင်းတော့ မပြောတော့ပါဘူး။
တိမ်မည်း
June 10, 2013 at 9:56 pm
ကိုရင် စံလှကြီးရေ….
အခုလောက် အများကြီး အားပေးသွားတာကိုပဲ ဗယာကြော်ပါ……
ကျွန်တော် အစောကတည်းက ပြောပီးသားပါ….
ကျွန်တော်က ဒီပို ့စ်ကို ယေဘုယျ သဘောကျလို ့သာ တင်လိုက်တာပါ…..
အကုန်လုံး သဘောကျတယ်လို ့တော့ မဟုတ်ပါဖူး…….
မသိသေးများ သိစေ ပွားစေ ဆိုရုံလောက်ပါပဲ……
ဆင်းရဲတယ် ချမ်းသာတယ်ဆိုတဲ့ နေရာမှာတော့ သူ ့အထွာနဲ ့ သူ လို ့ပဲ ပြောပါရစေ…..
အရေးကြီးဆုံးက တက်ကို လှော်နိုင်သလောက် လှော်ပေးဖို ့ပါပဲ…..
အစိုးရ မလုပ်ပေးနိုင်တာကိုတော့ ထည့်မပြောတော့ပါဖူး…..
မိုးဆိုတာ ရွာခိုင်တိုင်း ရွာလို ့ရတဲ့ အမျိုးမှ မဟုတ်တာဗျာ….
အရေးကြီးတာက မိုးရွာရင် ဘာလုပ်မလဲဆိုတာ ပြင်ထားဖို ့ပါပဲ…….
ကျုပ်ကတော့ လူတွေကို ကြိုးစားဖို ့ပဲ ပြောချင်တယ်….
ဇွဲ မလျော့ဖို ့…. ဝိရီယစိုက်ဖို ့….. မိုးရွာရွာ မရွာရွာ ခံဖို ့ ခွက် အသင့် ရှိစေဖို ့ပါပဲ…..
မိုးရွာတာ မရွာတာကတော့ ဆက်ကြည့်ကြတာပေါ့ဗျာ…….
မိုးကလည်း ခေါင်ကို ခေါင်လွန်းပါတယ်ဗျာ………
အခုလို ဒီပို ့စ်ကို စိတ်ရှည်လက်ရှည် မန် ့သွားတာကိုပဲ ကျေးဇူးတင်ပါတယ်ဂျာ…..
ခင်လျက်
တိမ်မည်း
အရီးခင်လတ်
June 11, 2013 at 2:09 am
ကိုစံလှကြီး မှတ်ချက် ကို အမှန်တကယ် အရောင်ချယ် ချင်သွားပါကြောင်း သိစေအပ်ပါသည်။
ကိုစံလှကြီး ရဲ့ ရှင်းပေတဲ့ အချက်တိုင်းက လက်တွေ့ နဲ့ အများကြီး နီးစပ်ပါတယ်။
ဒီလို ဆွေးနွေးတာတွေဖတ်ရလို့ မျှပေးတဲ့ တိမ်မည်း ကိုလဲ ကျေးဇူးပါနော။ 😛
kai
June 11, 2013 at 2:24 am
အီစမိုင် မာမွတ်ကေပြောတယ်တဲ့…
ဘုန်ကြီးဆိုတာ.. စီးပွားရေးရာ ပရို(ပရောဖက်ရှင်နယ်) မှမဟုတ်တာတဲ့..
နို်င်ငံရေးသမားလည်း.. မဟုတ်တာတဲ့..
ဘယ်လိုလုပ်အမှန်သိမှာလည်းတဲ့…
ကိုရင်စံလှကြီးထောက်ပြပြောတာအမှန်ပဲတဲ့…။
အာဟိ..။ :kwi:
အရီးခင်လတ်
June 11, 2013 at 2:30 am
ကိုစံလှကြီး အသံကြားတော့ မြို့ပိုင်သူကြီး လဲ ဝမ်းသာသွားပုံဘဲ။ 😆
တိမ်မည်း
June 11, 2013 at 8:29 am
အိုက်ဒါတော့ အမှန်ပဲ သူကြီးရေ….
ဘုန်းကြီး ဆိုတာ နိုင်ငံရေး စီးပွားရေး လူမျိုးရေး ပရော်ဖက်ရှင်နယ်မဟုတ်ပါဖူးဂျာ…..
သူက ဘာသာရေး ပရော်ဖက်ရှင်နယ်သတ်သတ်ပါ….
သို ့ပေသိ ဟိုဂျောင်ပါ ဒီဂျောင်ပါတော့ လုပ်သား…..
သူပြောတာတွေလည်း မှန်တာကြီးလည်း မဟုတ် မှားတာကြီးလည်းမဟုတ်……
ဒါပေမယ့် ဘောလုံးသမားဆိုတာ ဘောပဲ ကန်သင့်တာပေါ့နော်……
တေဘယ်တင်းနစ် ရိုက်လို ့ ဘယ်ဖြစ်မလဲ…..
လုံးတာခြင်းတူတူဆိုပီး……………………………
ဆိုတော့ကား….. ကျွန်တော်က ဘုန်ကြီးများ နိုင်ငံရေး မလုပ်သင့်ဖူးလို ့ပြောရင်……
တချို ့က ဘုန်ကြီးတွေက ဒါမလုပ်ဘာလုပ်ရမှာလဲလို ့ အမေးခံရဖူးတယ်…..
ကျွန်တော်လည်း မရှင်းပြတက်ဖူး တကယ်……..
ဘောလုံးသမားဆိုတော့ ဘောပဲကန်သင့်တာပေါ့နော်……..
ခင်လျက်
တိမ်မည်း
စကားမစပ်…. သဂျီးကော ဘာကန်လဲဟင်……
nigimi77
June 10, 2013 at 9:57 pm
ဖွတ်……………..ရှုး……………… စိတ်ကို ဒုတိယမ္မိ လျှော့လိုက်သည်
အရီးခင်လတ်
June 11, 2013 at 2:05 am
အာ.. ဟား …
သူပေါ်လာပြီ ဟေ့။
ကျုပ်ကတော့ အဲဒီညကို ကေးဝဋ် ပုဏ္ဏား မှန်ကြည့်တိုင်း အမာရွတ် မြင်သလို သတိရပါ့ မောင်ကဏန်းရေ။
ရှင်က ဘယ်ကို ရောက်နေတာတုန်း။
ပြန်ပေါ်လာတာ တော့ တကယ်ဘဲ ဝမ်းသာလှတယ်။
:harr:
uncle gyi
June 10, 2013 at 10:52 pm
ပျင်းရိခြင်း
အချိန်တန်ဖိုးမထားခြင်း
ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ခြင်း
ဗဟုသုတနည်းခြင်း
ခေါင်းဆောင်စိတ်နည်းပါးခြင်း
ဒီငါးချက်အဓိကလို့ပြောချင်တယ်ဗျာ