Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော် မုန်းသော ပတ်ဝန်းကျင်

alinsettJune 14, 20131min88331
ကျွန်တော် မုန်းသော ပတ်ဝန်းကျင် ဆီမှ.........
ကျွန်တော် မုန်းသော ပတ်ဝန်းကျင် ဆီမှ………လွတ်မြောက်ချင်စိတ်

 

To း   alinsett.art@gmail.com

from:  paneiphyu@starmail.com

Subject :  ကူညီပေးပါ ။

 

 

သူငယ်ချင်း ကိုလင်း ။

ငါအခု အရမ်းစိတ် ညစ်နေတယ်ဟာ။

ငါအခု ဖြစ်နေတဲ့ ပြဿနာကို နင် ကူညီ နိုင်ရင် ကူညီပေးပါနော် ။

ငါ ဘာတွေ ဖြစ်နေတယ် ဆိုတာ ရယ်။

နင် ကူညီရမယ့် ကိစ္စ ရယ် ကို ပြောပြပါ့မယ် ။

ဒီလိုပါ ။

ငါ နဲ ့ မင်းနိုင် နဲ ့ချစ်သူတွေ ဖြစ်နေတာ နင် အသိပါပဲ ကိုလင်းရယ် ။

အခုတလော မင်းနိုင် ခြေလှမ်းတွေ ပျက်နေတယ် ။

ငါ့ကိုလည်း အရင်လို ဂရု မစိုက်တော့ဘူး ။

အေးတိအေးစက်နဲ ့။ မင်းနိုင် ငါ့ကို ဆက်ဆံတာက အရင်ကနဲ ့ကို မတူတာ။

ရင်မခုန်တော့ သလိုလို ။ ငါ့အပေါ် သူ မချစ်တော့လို ့လားး။

အချစ်ဆိုတာ ကြာလေ ပေါ့သွားလေ ဖြစ်တတ်တဲ့အရာလား ။

ငါ သူ ့ကို စွဲစွဲလမ်းလမ်းနဲ ့မခွဲနိုင် မခွါရက် ချစ်နေမိတာကို သူ သိပါတယ်ဟယ်။

သိရဲ့ သားနဲ ့ငါ့ကို သူ ဘာလို ့အရင်လို မချစ်တော့သလိုလို ဖြစ်သွားတာလဲ ။

အဲဒီလို အတွေးတွေနဲ ့ ငါ ပူလောင်နေရတုန်းမှာ …….

ငါ့ တစ်ကိုယ်လုံးကို မီးပုံထဲ တွန်းချတာ ခံလိုက်ရ သလို ဖြစ်သွားတဲ့ မြင်ကွင်း တစ်ခု တွေ ့လိုက်ရတာ ဟ။

အဲဒီနေ ့က မနက် အစောကြီး ငါ့အဒေါ် နယ်ကိုပြန်လို ့ မနက်အစောကား အမှီ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ကို လိုက်ပို ့ကြတာ။

ငါ ရယ် ငါ့အဖေရယ် ။

အဒေါ်ကို ကားထွက်တဲ့အထိ စောင့်ပေးပြီး အဝေးပြေးကနေ ပြန်အလာမှာ ဘတ်စ်ကားပေါ်ကနေ တွေ ့လိုက်ရတာ ။

မင်းနိုင် နဲ ့ကောင်မလေးတစ်ယောက်နဲ ့ တွဲပြီး ထွက်လာတာ။

ငါ ရင် တုန်လိုက်တာဟယ်။

သူ တို ့ထွက်လာတာ ဘယ်ထဲကလဲ သိလား။

ငါ ……………..ငါထင်မထားဘူးဟာ။

သူတို့ လေ တည်းခိုခန်းတစ်ခုထဲက ထွက်လာကြတာ။

ငါလေ ကားပေါ်ကနေ သွေးရူးသွေးတန်းနဲ ့ မင်းနိုင်ဆိုတာ သေချာရဲ့လားလို့ ပြန်ကြည့်ပါတယ်။

ဒါပေမယ့် ငါက သွားနေတဲ့ ဘတ်စ်ကားပေါ်က မြင်လိုက်ရတာ ဆိုတော့ လူများ မှားနေမလား မသိ ။

ငါ့မျက်လုံးတွေ ဝေဝါးသွားတယ်။

ဘေးမှာ ငါ့အဖေကလည်း ရှိနေတော့ ဟန်မပျက်အောင် မနည်း ထိန်းထားရသေးတာ ။

ငါ အဲဒီ တည်းခိုခန်းနာမည်ကိုလည်း သေချာ မမြင်လိုက်ရဘူး။

ဒါပေမယ့် အောင်မင်္ဂလာ အဝေးပြေး မှတ်တိုင်နဲ့ ဓမ္မာရုံမှတ်တိုင်ကြားမှာ ရှိတာ သိတယ်။

ငါ နေရာကို မှတ်မိပါတယ်။

အဲဒါ မင်းနိုင်လားး။

ငါ လူမှားတာများလား ဆိုတာကို သေချာ သိချင်နေမိတယ် ။

ဒီတော့ နင် ကူညီရမှာက အဲဒီတည်းခိုခန်းကို သွားပြီး စုံစမ်းပေးပါနော်။

အဲဒီရက်မှာ တည်းသွားတဲ့ လူတွေထဲမှာ မင်းနိုင်ဆိုတာ ပါလား လို ့။

ငါက မိန်းကလေးတစ်ယောက်တည်းမို ့ တည်းခိုခန်းထဲ ဝင်မစုံစမ်းရဲဘူးလေ။

ဒါကြောင့် နင် စုံစမ်းပေးပါ ကိူလင်းရယ် ။

နင်နဲ ့အတူ ငါလည်း လိုက်စုံစမ်းမယ်။

ဘာလို ့ငါ လိုက်သလဲဆိုတော့ အဲဒီ အဖြေကို ငါ့မျက်စ်ိနဲ ့တပ်အပ် မြင်ချင်လို ့။

နင် ကူညီမယ် မဟုတ်လားဟင်။

 

ခင်မင်သော…

ပန်းအိဖြူ

===============================================================

To :  paneiphyu@starmail.com

from:  alinsett.art@gmail.com

subject : ကူညီနိုင်ပါတယ် ။

—————–

ပန်းအိရေ ။

နင့်အချစ်ပြဿနာကို ငါ ကူညီ စုံစမ်းပေးပါ့မယ်။

သူငယ်ချင်း ရဲ့ အပူက ငါ့အပူ ပါပဲဟာ။

သိပ်လည်း စိတ်ညစ်မနေပါနဲ ့ပန်းအိရေ ။

နင့်စိုးရိမ်စိတ်နဲ့ မင်းနိူင် အပေါ် သင်္ကာမကင်း ဖြစ်နေတဲ့ စိတ်တွေကြောင့် နင် ပိုသောက ရောက်နေတာပါ။

တကယ်တော့ နင် အမြင်မှားတာလည်း  ဖြစ်နိုင်တာပဲ ။

အဲဒီ တည်းခိုခန်းကို  ဘာပဲဖြစ်ဖြစ် ငါ သွားစုံစမ်းပေးမယ်။

နင်ပါ လိုက်ခဲ့တော့ ပိုကောင်းတာပေါ့။

ငါတစ်ယောက်တည်း သွားစုံစမ်းပေးလို ့မင်းနိုင်ရဲ ့နာမည်ကို မတွေ ့ခဲ့ရင် တောင်…… နင်စိတ်ဆင်းရဲမှာ စိုးလို ့ငါ ညာပြောတယ်လို ့ နင်  ထင်သွားနိုင်တယ်လေ။

နင် ပါတော့  ဘေးက ရပ်ကြည့်နေရုံနဲ ့ အဖြေမှန်ကို  နင်ကိုယ်တိုင် မြင်ရမှာပေါ့ ။

တစ်ခုတော့ ရှိတယ်ဟ ။

ငါတို့ကို အဲဒီတည်းခိုခန်းက တည်းခိုသွားသူတွေရဲ ့နာမည် စာရင်း ကို ထုတ် ပြပါ့မလား။

တကယ်လို ့လွယ်လွယ်နဲ ့မပြရင်တော့ ငွေလေးဘာလေး လာဘ်ထိုးပြီး ပြခိုင်းရမယ့်နည်းနဲ ့…..

နင့် အဖြစ် အခြေအနေကလေးနည်းနည်းပါးပါး ပြောပြီး ရိုးရိုးသားသား အကူအညီတောင်းရမယ့်နည်း  ..နည်းလမ်း နှစ်ခုတော့ရှိတယ်။

ဘာပဲ ဖြစ်ဖြစ် အဖြေမှန်ကို သိရအောင်တော့ ကြိုးစားကြည့်ကြမယ်ကွာ။

ခင်မင်သော…

ကိုလင်း

 

==================================================

To း   alinsett.art@gmail.com

from:  paneiphyu@starmail.com

Subject :  ငါ…. ဘာလုပ်ရမလဲ…။

——-

ကိုလင်း ရေ ။

ငါ ဘာလုပ်ရမလဲ။

အဲဒီ မင်းနိုင်ကို ငါ မုန်းပစ်လိုက်သင့်တယ် မဟုတ်လား။

ငါလေ  မုန်းသင့်တယ်လို ့ သိနေပေမယ့် မုန်းလို ့မရလောက်အောင်……

ချစ်နေမိတယ် ဟယ်။

ငါ့နောက်ကွယ်မှာ…  နောက်ထပ် မိန်းမတစ်ယောက်နဲ ့တည်းခိုခန်း သွားအိပ်တဲ့ ချစ်သူ ။

ငါ မုန်းသင့်တယ် ။

ငါ့အပေါ် တစ်စက်ကလေးမှ သစ္စာ မရှိတဲ့သူ ။

ငါ့အချစ်ကို တန်ဖိုး မထားတဲ့လူ ။

အတွေ ့အထိ သာယာမှုနောက်ကို လိုက်နေတဲ့လူ။

ဒီလို မျက်နှာများပြီး အိုင်တွေ ့တိုင်း ခြေဆေးတတ်တဲ့ လူကို ငါ မုန်းမှ ဖြစ်မယ်။

ဒါပေမယ့် ငါ့အသည်းတွေ ကွဲကြေ သွားသလို ခံစားရတယ် ဟယ်။

သူ ့ကို မုန်းရမယ် မုန်းရမယ်လို ့ တွေးနေရင်းနဲ့ကို သူ ့ဓါတ်ပုံကို နမ်းရှိုက် နေမိတာ။

သူနဲ့ ့အဆက်ဖြတ်လိုက်ဖို ့  တွေးလိုက်တာနဲ ့ ဝေးရမှာ ကြောက်တဲ့ စိတ် က …….ငါ့ရင်ထဲ ဓါးတွေ ထိုးစိုက်ကျ လာသလိုပဲဟာ ။

တည်းခိုခန်း ကို  ငါတို ့…သွားစုံစမ်းကြတုန်းက မင်းနိုင် ဆိုတဲ့နာမည် ကို စာရင်းထဲမှာ မတွေ ့ပါစေနဲ ့လို ့ငါ   တတွတ်တွတ် ဆုတောင်းနေခဲ့တာပါ။

တွေ ့လိုက်ရရင် ငါအခု လ်ို လောင်ကျွမ်း နေရတော့မှာ လေ။

ဒါပေမယ့် ငါ ဆုတောင်းသမျှက ပြည့်ဖူးတယ်လို ့မရှိပါဘူးဟာ။

ဒီလ်ို အချစ်မီးရဲ့ လောင်ကျွမ်းမှုဒဏ်ကို ခံရဖို ့ ကံပါလာတယ် ထင်ပါရဲ့ဟယ်။

ငါ   ဘာလုပ်ရမလဲ ဟင် ။

နင့်ရဲ ့  သူငယ်ချင်း

ပန်းအိဖြူ
=====================================================

To :  paneiphyu@starmail.com

from:  alinsett.art@gmail.com

subject :  ဘာလုပ် သင့်လဲ..ဆိုတာ ငါပြောမယ် ။

——

သူငယ်ချင်း ပန်းအိ။

နင် မင်းနိုင်ကို မုန်းလို ့ရရ  မရရ ….အဆက်တော့ဖြတ်သင့်တယ်။

ဒီလိုလူမျိုးကို နင့် ဘဝထဲက ထုတ်ပစ်သင့်တယ်လေ။

နင်က တံတားတစ်စင်းဆိုရင် မင်းနိုင်ဆိုတာ က တံတားအောက်က ဖြတ် စီးသွားတဲ့ ရေ လိုပဲ သဘောထားလိုက်။

ပြီးသွားပြီ။

စီးဆင်း ပြီးသွားပြီ ။

ဘယ်နည်းနဲ့မှ နောက် တစ်ခါပြန် လှည့် စီးဝင်မလာတော့ဘူး။

ဒါပဲ ။

နင် အသည်းကွဲလည်း ခဏပေါ့ကွာ ။

အချိန်က ကုစားပေးပါလိမ့်မယ်။

အခိ်ျန်တန်တော့လည်း ဒီလို လူမျိုးနဲ ့ ဒီလောက်ပဲ ပက်သက်ခဲ့ပြီးး ဒီလောက်နဲ့ပဲ ရပ်တန် ့ခဲ့နိုင်တာကို  နင် ကျေနပ်မှာပါ ။

ဘရိတ်အုပ်လိုက်နိုုင်တဲ့ နင့်ကိုယ် နင် ကျေးဇူးတင်သွားမှာပါ ။

တကယ်လို ့သာ . . . နင်  အခု သူ ့လုပ်ရပ်တွေက်ို ခွင့်လွှတ်ပြီး ဆက်တွဲနေဦးမယ်  ဆိုရင်…

နောက်ထပ် ကြုံရမှာက …..ဒီထက်ဆိုးတဲ့ သူ ့ လုပ်ရပ်တွေ လာမှာနော် ။

ဒီတော့ ဒီဇာတ်လမ်း ဒီမှာတင် ရပ် ။

ငါသာဆိုရင်တော့ လွမ်းတာကို နာတာနဲ့ ့ဖြေပစ်လိုက်မှာ ။

 

ခင်မင်သော…

ကိုလင်း

============================================================

To း   alinsett.art@gmail.com

from:  paneiphyu@starmail.com

Subject :   နင့်ကို ကျေးဇူးတင်ပါတယ် ကိုလင်း

ကိုလင်းရေ ။

ငါ အဆိုးဝါးဆုံး ခံစား နာကျင်နေရချိန် တွေမှာ….. ဘေးကနေ ကူညီမှုတွေ . . . . .

အားအင် နဲ ့ အကြံဉာဏ်တွေပေးပြီး ဖြူစင်ရိုးသားစွာ ရှိနေပေးတဲ့ နင့်ကို ……

ငါ ကျေးဇူး  တင်ပါတယ် ဟယ်။

နင်က ငါ့ရဲ့ သူငယ်ချင်း ကောင်းပါပဲ။

အခု ငါလေ နင်ပြောသလို လွမ်းတာကို နာတာနဲ ့ဖြေပစ်ဖို ့ကြိုးစားတော့မယ်။

ငါ . . . . . တံတားတစ်စင်း ရဲ့ ကြံ့ကြံ့ခိုင်မှုမျိုး ရအောင် နေတော့မယ် ။

ငါ . . . . မင်းနိုင်ကို မေ့နိုင်အောင် ကြိုးစားပါ့မယ် ။ ။

ခင်မင်သော…

ပန်းအိဖြူ

==================================================================================

To :  paneiphyu@starmail.com

from:  alinsett.art@gmail.com

subject :  ငါတော့ ပြဿနာတက်ပြီ ပန်းအိရေ…

—————-

ငါတော့ ပြဿနာ တက်ပြီ ပန်းအိရေ ။
——–

နင့်ပြဿနာက သွေးအေးဖို့ ့ကြိုးစားနေရတုန်းမှာ ငါ့ဘက်မှာလည်း ပြဿနာ တစ်ခု ထပ် တက်နေပြီ  ပန်းအိရေ။

ဒီလို ကွာ။

နင်နဲ့ငါ အတူ တည်းခိုခန်းကို သွားစုံစမ်းမိတဲ့ ပြဿနာဟ။

နင်နဲ့ငါ မင်းနိုင်ကိစ္စ သွားစုံစမ်းပြီးတော့ တည်းခိုခန်းထဲက  အတူထွက်လာတာလေ။

အဲဒါ . . . ငါတို့ နှစ်ယောက်ကို  ငါ့ ရုံးက အမျိုးသမီး တစ်ယောက်က တွေ ့သွားတာ ။

အဲဒီတွေ့ ့သွားတဲ့ အမျိုးသမီးဆိုတာကလည်း ငါတို့ ့ရုံးမှာ ရွာဆော်ဒေါ်ဖွ လေ။

ရုံးရဲ  ့ . . . . . မောင်းပေါ့ဟာ။

သူ သိရင် မောင်းထုပြီး ကြေငြာသလို အားလုံးသိပြီ ။

သူက အဲဒီ မြောက်ဥက္ကလာ မှာ နေတာဟ။

အခု သူ အဖွကောင်းထားလို ့ ငါနဲ ့နင် တည်းခိုခန်းထဲက အတူထွက်လာကြတာ ဆိုတဲ့ သတင်းက…..

တော်တော် ပျံ ့နေပြီ ။

ရလဒ်ကတော့  မကောင်းဘူး။

နင်ရော ငါရော သိက္ခာ ကျသွားတဲ့အပြင် . . . . . . .

ငါ  ကြိုက်လို ့လိုက်နေတဲ့ ငါ့ရုံးက မေသူ   ဆိုတဲ့ ကောင်မလေးကလည်း ……ငါ့ကို လုံးဝ အထင်လွဲသွားပြီ ။

ဘယ်လိုမှကို ဆက် လိုက်လို ့မရတော့တာ ။

ငါ ဘယ်လို ရှင်းပြရမှန်းကို မတွေးတတ်ဘူး။

စိတ်ပျက်တယ်ကွာ ။

ငါတို့ ့အဖြစ်တွေကလည်း နှစ်ပင် သုံးပင် လိမ်ပြီး ရှင်းပြလေ ပို ရှုပ်လေ ဖြစ်နေမှာ ။

အခုလောလောဆယ်တော့ ငါလေ…….

ဒီ လို လူတွေရဲ့  အမြင်တွေကို စိတ်ကုန်နေတာပဲ သိတယ်။

ကောင်လေးတစ်ယောက်နဲ ့ ကောင်မလေးတစ်ယောက် တွဲသွားတာ တွေ့လိုက်တာနဲ ့….

အတွဲပဲ လို ့ထင်/ မြင် ပစ်လိုက်ကြတာ တော့ အမြင်ကျဉ်းလွန်းတာပေါ့ကွာ ။

မိန်းမတစ်ယောက်နဲ့ ့ယောကျာ်းတစ်ယောက် တည်းခိုခန်းထဲက အတူထွက်လာတဲ့ မြင်ကွင်းကို..

စုံတွဲ/လိင်မှုကိစ္စ ဆိုတဲ ့အမြင်နဲ့ပဲ တစ်ထစ်ချ မြင်တတ်တဲ့ အမြင်ကျဉ်းမှုကို ……

ငါ မုန်းတယ်။

(အတူတွဲထွက်လာတာ ခရီးသွားတဲ့ ့မောင်နှမလည်း ဖြစ်နိုင်တာပဲ။

အလုပ်ရှင်နဲ့အလုပ်သမားလည်း ဖြစ်နိုင်တာပဲ ။

တခြား ကိုယ်တွေ မှန်းကြည့်လို ့မရနိုင်တဲ့ ပက်သက်မှု တွေလည်း ရှိနိုင်တာပဲ။

ဒါကို  အမြင်ကျဉ်းကျဉ်းနဲ ့ဘောင်ခတ် တွေးဆ တာတော့ မကောင်းဘူးပေါ့ကွာ ။ )
ကဲ ။

ငါ့စကားက ဘာကို ဆိုလိုတယ်ဆိုတာ နင် သဘောပေါက်မယ် ထင်ပါတယ်။ ပြန်စဉ်းစားပါ ။

သေချာ ဆက်တွေးကြည့်ပါ။

 

ခင်မင်သော…

ကိုလင်း

#####################################################################################

ဝတ္ထုတိုလေးတစ်ပုဒ်ရယ်ပါ…။

 

လေးစားစွာဖြင့်…

အလင်းဆက်

 

 

 

 

 

 

 

 

31 comments

  • အလင်း ဆက်

    June 14, 2013 at 7:46 pm

    ဝတ္ထုတိုပါဗျ ။ စိတ်ကူးယဉ်ပြီးရေးထားတာပါ ။
    အဲ….အဲ..စိတ်ကူး နည်းနည်း ယဉ်တယ် ။ စိတ်ကူး နည်းနည်း ရိုင်းတယ် ။ အဲဒီလို နဲ ့..
    ဒီ လိုလေး.ရေးဖြစ်သွားပါတယ် ။

    ဝတ္ထုပုံစံကို.. မေးလ် အပြန်အလှန် ပို့တဲ့ ဟန်နဲ ့ပဲ..ရေးလိုက်ပါတယ် ။
    ထွင်ကြည့်တာပါ ။

    ဖတ်ရှု ခံစားပေးကြသူအပေါင်း ကို..
    ကျေးဇူး အထူးတင်လျက်ပါ..လို ့…။
    (ကျွန်တော့် စာဖတ်ပြီး.ခေါင်းမူးတတ်သူ မိတ်ဆွေများ.. ဒိ ဝတ္ထုတိုကတော့ဖြင့်..
    ခေါင်း မမူးလောက်ဘူးထင်ပါရဲ ့ဗျာ ။ ဒါကြောင့် ဖျော်ရည်တွေ ဘာတွေ စီစဉ်မထားတော့ဘူးနော် ။)
    :kwi:
    :kwi:

  • ဇဂါး လွတ်

    June 14, 2013 at 7:54 pm

    အဲလာ ဆို ရှေ့လျှောက် ကိုလင်း မုန်းရမဲ့ လူမျိုးတွေ များသထက် များလာဦးမှာကွဲ့။ :mrgreen:

  • ဦး ကျောက်ခဲ

    June 14, 2013 at 8:03 pm

    ကိုလင်း…
    မင်းငါ့အပေါ် လုံးဝသစ္စာမရှိဘူး…
    မင်းနဲ့ ပန်းအိဖြူ တည်းခိုခန်းထဲက ထွက်လာတာ ငါကိုယ်တိုင်တွေ့တာကွ…
    မင်း ဘာရှင်းမလဲပြော… တင်းတယ်ကွာ၊ ဘယ်လိုလဲ… မင်းတို့ရင်ဆိုင်ရဲလား…
    မင်းနိုင်
    :harr:

  • မောင် ပေ

    June 14, 2013 at 8:06 pm

    မထူးပါဘူး
    မထူးလက်စနဲ ့
    မထူးဇါတ်သာကလိုက်ပါ
    မောင်လင်းရယ်

  • padonmar

    June 14, 2013 at 10:28 pm

    ကာလာမသုတ် ပြန်ဖတ်ရမလိုဖြစ်နေပြီ အလက်ဆင်းရေ။

  • padonmar

    June 14, 2013 at 10:29 pm

    ရေးနည်းနဲ့ ဖွဲ့နွဲ့ပုံ အဆန်းလေး သဘောကျပါတယ်။

  • lele kyi

    June 15, 2013 at 5:34 am

    ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ခံစားသွားပါတယ်။ ကျမသာသူမဆိုရင်–
    ၁) ကိုယ်ကိုတိုင်သေသေချာချာမြင်ခဲ့တာဆိုရင် သူ့ကိုလှမ်းမေးလိုက်မယ်။အဲဒီနေရာကိုမသွားဘူး။
    ၂) ကိုယ်တောင်အထင်လွှဲသေးတာ။သူငယ်ချင်းကိုခေါ်မသွားဘူး-တကယ်လို့သွားမှဖြစ်မယ်ဆိုရင်။

    အလင်းဆက်နေရာမှာဆိုရင်—
    သူမကိုမသွားခိုင်းဘူး။ အဖော်အဖြစ်လည်းလိုက်ပေးဘူး။ သူမကို ကိုယ်တိုင်ပဲမေးခိုင်းလိုက်မယ် သူမ သံသယတွေရှင်းသွားချင်ရင်ပေါ့။
    🙂

  • Ma Ma

    June 15, 2013 at 6:47 am

    ကိုလင်းနဲ့ ပန်းအိဖြူ စာအပြန်အလှန်ပေးနေတဲ့ပုံစံနဲ့ သရုပ်ဖော်သွားတာလေး သဘောကျတယ်။
    စာ ၄စောင်လောက်ထိ ဖတ်ပြီးတော့ ဦးကျောက်ခဲပြောသလို မင်းနိုင်က ပြန်အထင်လွဲသွားတဲ့ပုံစံလို့ ထင်နေမိတာ။ အ
    ခုလို ရွာဆော်ကြီးနဲ့ တွေ့သွားပြီး လျှောက်ဖွတဲ့ပုံစံကလည်းတမျိုးကောင်းပါတယ်။
    များသောအားဖြင့် ကောင်လေးနဲ့ ကောင်မလေး တည်းခိုခန်းက အတူတူ ထွက်လာတာမြင်ရင် အလွယ်တကူပဲ အထင်မှားတတ်ကြတာလေးကို သတိပေးလိုက်သလိုမို့ ….. ဘရာကြော်ပါ ကိုလင်းရေ။ :hee:

  • အလင်း ဆက်

    June 15, 2013 at 7:00 am

    ကျွန်တော် ရေးသော ဝတ္ထုတို လေးကို ဖတ် ရှု ခံစား အားပေးကြ သော

    မမခိုင်ဇာ @ဇဂါးလွတ်
    ဦးကျောက်
    လေးလေး ပေ
    အန်တီ ပဒုမ္မာ

    အန်တီ lele kyi
    အန်တီ မမ
    နှင့်
    အခြား စာဖတ်သူများ အားလုံးကို ကျေးဇူးတင် ပါတယ်ဗျ ။

    =================
    ဒီ ဝတ္တု တို လေးက ရေးနည်း ရေးဟန်ကို mail အပြန်အလှန် ပို ့ကြတဲ့
    ပုံစံနဲ ့ ထွင်ပြီး ရေး လိုက်လို ့
    သာမန် အခင်းအကျင်း နဲ ့မတူတဲ့ အခက်အခဲ တချိ ု့ ရှိခဲ့ပါတယ်။

    အဖြစ်အပျက်ကို စီကာပတ်ကုုံး တင်ပြရာ မှာ တင်ပြပုံကြောင့်
    အစီစဉ်တကျ မပြနိုင် ခဲ့ ပါဘူး။
    ဇာတ်လမ်း ဇာတ်ကွက် ကို အပြန်အလှန် စကားပြော ဟန်ထဲ အတင်း ချုံ ့
    ထည့် ပြ လိုက် ရ သလို ပါပဲ ။
    ကျွန်တော့် အ ရေးအသား မနိုင် နင်း မှုကြောင့်လည်း ဖြစ်နိုင် ပါတယ်။

    တတ် နိုင် သ လောက် တော့
    စကားပြော တွေ ထဲ မှာ
    သူ ့ဘက်ကိုယ့် ဘက် အ ခြေ အ နေ တွေ ကို ထည့် ပြလိုက်ပါတယ်။

    ဒီဇာတ် လမ်း ဒီ လို ဖြစ်ပျက် သွားစေ တဲ့ အ ခြေ အ နေ တွေ ပေါ့။

    ================
    ဒီ စာမူ လေးက ရေးထားတာ ကြာပါပြီ ။ ရေး ရင်း တန်းလန်း ဆက်ရေးလို ့မ ရ လို ့
    ရပ် ထား ရ သေးတာ ။

    အခုတော့ တင် ပြ ဖြစ်သွားပါပြီ ။
    ဂေဖန် ပေး ကြပါ နော့်

    ခင် မင် လေးစား စွာ

    အလင်းဆက်

  • ရွှေတိုက်စိုး

    June 15, 2013 at 8:29 am

    အော်ကိုအလင်းဆက်ရေ တိုက်ဆိုင်လိုက်တာ..
    ကျွန်တော်လဲ အဲလို ကိစ္စ ကို အခုရှင်းနေရတာပဲ… ကျွန်တော့်သူငယ်ချင်း ဇနီးမောင်နှံ အဲလို ပြသနာတက်နေလို…
    သံသယတွေနဲ. အိမ်ထောင်ရေး ဆက်လှမ်းဖို.ခက်နေကြလေရဲ.ဗျာ..
    ဒါတောင် ဟိုတယ် မှာ စာရင်းတွေတာမဟုတ်ဘူးနော်….. ဖုန်းမက်ဆေ့လေးမှာ ကိုဆိုတဲ့ ဟာလေး ဇနီးမယားကတွေ… ဟိုက လင်တော်မောင်က အမြန်ဖျက်လိုက်တာ… အဲဒီမှာ စဖြစ်တာပဲ…

    ကျွန်တော်က တော့ နှစ်ယောက်လုံး အခြေအနေမပျက်နေပြီး စောင့်ကြည့်ကြလို. ဖြေရှင်းပေးလိုက်တယ်ဗျာ..
    မူမမှန်တဲ့သူက ဒိုးပေါ့ဗျာ……………….

    အင်း ဘာပြောရမှန်းတောင်မသိပါဘူးဗျာ…………..

  • Foreign Resident

    June 15, 2013 at 8:43 am

    ရွှေတိုက်စိုး says:
    ” ဒါတောင် ဟိုတယ် မှာ စာရင်းတွေ့တာမဟုတ်ဘူးနော် ”

    အဘ ၊ သိသလောက်တော့ ၊ ဟိုတယ်က တည်းခိုသူ စာရင်းကို ၊
    တရားရုံး ခွင့်ပြုချက် မပါပဲ ၊ ဘယ်သူမှ ကြည့်ခွင့် မရှိပါဘူး ။
    ကြည့်လို့ရတယ်ဆိုရင် ၊ အဲဒီ ဟိုတယ် အောက်တန်းကျ တဲ့ ဟိုတယ် ပဲ ။

    အဘ တို့ ၊ ဆက်သွယ်ရေး အရာရှိ လက်မှတ် ထုတ်တဲ့ အခါမှာ ၊
    အဘတို့ Secrecy Of Correspondent ကို လက်မှတ်ထိုး ( ကျမ်းကြိမ် ) ရတယ် ။
    မသက်ဆိုင်သူ ကို သတင်းပါ အချက်အလက်တွေကို မပြောပြပါဘူး ဆိုပြီး ။

    အဲဒီလိုပဲပေါ့ ၊ ဟိုတယ် ကလည်း ၊
    သူ့ တည်းခိုသူ Customer ရဲ့ Info ကို လုံးဝ ( လုံးဝ ) ပေးခွင့် မရှိပါဘူး ။

    ဒီ ကိစ္စ ၊ ကို ထူးဆန်း တို့ သိပါ / ရေးပါ လိမ့်မယ် ။

    • ရွှေတိုက်စိုး

      June 15, 2013 at 10:13 am

      အင်းဟုတ်ပ အဘရေ…
      တစ်ခါတလေ ကျွန်တော်တောင် ကျွန်တော်သူငယ်ချင်းကောင်မလေးက ဟိုတယ် မင်္ဂလာပွဲတွေမှာ လက်ဖက်ပွဲလိုက်ပြင်ပေးတာ … လိုက်ကူ ရင် ပွဲပြီးလို ပြန်ထွက်လာရင် …. အတူတူ ထွက်လာကြတာပဲ…
      အဲဒီအခြေအနေကို တစ်ယောက်ယောက်မြင်ရင် ဘယ်လို ထင်ကြေးပေးမလဲ……
      အဲဒါတွေ အဲဒါတွေ…

  • ကြက်အူလှည့်

    June 15, 2013 at 9:42 am

    ငပိန်းးး
    ဥပဒေသ ၁ ချက်အောက် တဲ့အခါဘယ်လော့မှတူတူမထွက်ပါနှင့်.
    ဘားကောင်တာမှာ ဘီယာတခွက်စုပ်ရင်း ကျန်ရစ်ပါလေ.

    တားလည်း တူညားကျောလာကြားဖူးတာရေးကျိဒါဘာ.
    ကွိကွိ.

    • Foreign Resident

      June 15, 2013 at 10:08 am

      ” ငပိန်းးး ၊ ဘားကောင်တာမှာ ဘီယာတခွက်စုပ်ရင်း ကျန်ရစ်ပါလေ ”

      ဒါလဲ ပိန်းသေးတာပဲ ။

      တကယ်က ဘားကောင်တာ ကိုပါ မဆင်းရဘူး ။ ကောင်မလေး ကိုပြန်လွှတ်လိုက် ။
      ကိုယ်က အခန်းထဲမှာ ရေလေး ဘာလေးချိုး ၊ TV လေးဘာလေး ကြည့်နေ ။
      နောက် နာရီဝက် တစ်နာရီ ကြာမှ Check Out လုပ်ရမှာ ။

      အပေါ်က ဂီဂီ ရေးသွားသလိုပါပဲ ။
      အဘ လည်း တူညားကျောလာ ကြားဖူးတာရေးကျိဒါဘာ ။
      ကွိ ကွိ ။

  • အလင်း ဆက်

    June 15, 2013 at 9:48 am

    အဟိ။ အဘ ဖော ပြောသလို ပါပဲ။
    ကျွန်တော်လည်း အဲဒိ အချက်ကို တွေး မိ ခဲ့လို ့
    ဝတ္ထုထဲမှာ ငွေ တွေ ဘာတွေ ပေးပြီး ကြည့် တဲ့နည်း နဲ ့
    ကောင်မလေး ရဲ ့အဖြစ်မှန် ကို ရိုးသားစွာ ပြောပြ ပြီး နားလည်မှုယူ တဲ့နည်း ဆိုပြီးး
    နှစ်ချက် ထည့် ရေးထားတာ။

    ဒါပေမယ့် ကျွန်တော့် ဝတ္ထု ထဲမှာက တော့ ဟိုတယ် မဟုတ်ပါဘူး။
    သာမန် တည်းခိုခန်း တစ်ခု ပါ။ ဒါကြောင့် ရ ကောင်း ရနိုင်တယ် ဆိုပြီး
    ရေး တာပါပဲ ။

    စိတ်ကူး ယဉ် ရေး ရတာ ဆိုတော့ လက်တွေ ့မဆန်တဲ ့ချွတ်ချော် မှုလေးတွေ
    ပါနေ နိုင် ပါတယ် လို ့

    😆

  • may july

    June 15, 2013 at 10:57 am

    ပိန်းပါ့ …. ဝင်ပြီးစုံစမ်းရင်လဲ ရုပ်ဖျက်ပြီးမှ စုံစမ်းရောပေါ့ ….
    ဒီနေရာကို ဒီလိုတွဲသွားလိုက်တော့ ဒီလိုထင်ခံရတာ ထူးစမ်းပါဘူးအေ 😆

  • သူကလေး

    June 15, 2013 at 11:16 am

    ကိုဂျီးအလင်းဆက်ရေ့
    မနက်ကတည်းကလာဖတ်မလို့ပေမယ့် သိတဲ့အတိုင်းပဲ
    အခုမှပဲ အသေအချာလာဖတ်သွားပါကြောင်းနဲ့ အရမ်းအရမ်းကိုသဘောကျမိကြောင်းလေးပြောချင်ပါတယ်ရှင့်
    အရေးအသားကလည်းသွက်သလို တင်ပြချင်တဲ့အကြောင်းအရာကလည်း သူများတွေစီက ခွဲထွက်ပါဒယ်
    သူလေးလဲအဲလိုပဲ ကိုဂျီးရဲ့ … အဲလိုဘာမဟုတ်တာကိုအထင်လွဲခံရမှာကြောက်တယ်
    နောက် ခုခေတ်မှာ အဖေနဲ့သမီးအရွယ်တွဲနေတာများတော့လည်း တကယ်ပါ
    ကို့အဖေနဲ့ အပြင်သွားရင်တောင် လက်ချင်းချိတ်သွားရမှာ ခပ်လန့်လန့်ဖြစ်နေပြီ
    ဘာရာဗို .. ဘာရာဗို .. အရမ်းတော်တယ် တစ်မှတ် 🙂

  • အလင်း ဆက်

    June 15, 2013 at 11:34 am

    မေဂျူလိုင် ရေ
    ဖတ် ရှု ခံစား သွား တာလေး ကျေး ဇူး ပါနော့

    ===============

  • အလင်း ဆက်

    June 15, 2013 at 11:40 am

    သူ က လေး ရယ်

    အရမ်း အရမ်း တော် နေတာ ကို
    တစ်မှတ် ပဲ ပေးသလားကွယ်
    ကိုဂျီး လို ့ ခေါ်တာ ကလည်းးး ကြားရတာ တညိုးဂျီးပဲ ကွယ်
    :kwi:

    စ တာပါ ။
    ဖတ် ရှု အားပေးမှုကို
    အထူး အထူး ကျေးဇူး တင်ပါ တယ် လို ့

    🙂

    • သူကလေး

      June 15, 2013 at 12:11 pm

      အောင်မယ် .. တစ်မှတ်ရဒါကို ကျေးဇူးမတင် ဟိုစကားပုံကိုပြောလိုက်ရင် မကောင်းရှိအုံးမယ်
      ကိုဂျီးခေါ်တာ တညိုးဂျိးတဲ့လား ရှင်ကကျုပ်ထက်တော်တော်ကြီးတာကို ကိုကြီးမခေါ်လို့ “မောင်ရေ” လို့ခေါ်ရမှလားးးးးးးး 😛
      အပေါ်က ကွန့်မန့်တွေကိုခုမှဖတ်ဖြစ်တယ် .. ဟုတ်တယ် သူကလေးသိသလောက်လည်း တည်းခိုခန်းတွေမှာ
      နာမည်စာရင်းတော့ ပေးမပြလောက်ဘူးထင်တာပဲ .. နောက် အဲလိုလုပ်စားတဲ့ တည်းခိုးခန်းတွေဆို
      ပိုလို့တောင်ဆိုးအုံးမယ်ထင်တယ်နော်…
      သို့ပေသိ … ဒါကဝတ္ထုဆိုတော့လည်း ရုံးမှာပြောသလိုပဲပြောတော့မယ် “နားလည်ပေးလိုက်ပါ” လို့ 🙂

  • အင်းးး
    စောန .. မယဉ်ငြိမ်းရဲ့ ..
    “ကိုယ့်အတွေးနဲ့ကိုယ်” ဆိုတာလေး ဖတ်မိလိုက်တယ် …
    အခု ဒီပို့စ်ကို ဖတ်မိတော့ …
    အင်းးး
    သူတို့လည်း သူတို့ အတွေးနဲ့ သူတို့ ဖြစ်မှာပေါ့လေ … :mrgreen:

  • အလင်း ဆက်

    June 15, 2013 at 9:00 pm

    အင်း…
    ကျွန်တော့် ဝတ္ထုတိုလေးကို.. ဖတ်ရှု ဆွေးနွေး ပေးကြသူအပေါင်း အား ကျေးဇူးတင်ပါအိ ။
    ==============
    ကျွန်တော် ဒီ ဝတ္ထု ရေးရာမှာ.. ဖတ်သူတွေ ဘက်က.. ထောက်ပြ လာနိုင်တဲ ့ အားနည်းချက် တွေကို စဉ်းစားလို ့ရသလောက် စဉ်းစားပြီး..ကြိုး အထုံးလေး.ဖြေ ထားခဲ့ပါတယ် ။
    အဲဒါတွေကတော့….

    ထုံးဖြေ ( ၁ ) ငါက မိန်းကလေးတစ်ယောက်တည်းမို ့ တည်းခိုခန်းထဲ ဝင်မစုံစမ်းရဲဘူးလေ။
    ဒါကြောင့် နင် စုံစမ်းပေးပါ ကိူလင်းရယ် ။
    နင်နဲ ့အတူ ငါလည်း လိုက်စုံစမ်းမယ်။
    ဘာလို ့ငါ လိုက်သလဲဆိုတော့ အဲဒီ အဖြေကို ငါ့မျက်စ်ိနဲ ့တပ်အပ် မြင်ချင်လို ့။

    ထုံးဖြေ ( ၂ ) နင်ပါ လိုက်ခဲ့တော့ ပိုကောင်းတာပေါ့။
    ငါတစ်ယောက်တည်း သွားစုံစမ်းပေးလို ့မင်းနိုင်ရဲ ့နာမည်ကို မတွေ ့ခဲ့ရင် တောင်…… နင်စိတ်ဆင်းရဲမှာ စိုးလို ့ငါ ညာပြောတယ်လို ့ နင် ထင်သွားနိုင်တယ်လေ။
    နင် ပါတော့ ဘေးက ရပ်ကြည့်နေရုံနဲ ့ အဖြေမှန်ကို နင်ကိုယ်တိုင် မြင်ရမှာပေါ့ ။

    ထုံးဖြေ (၃ ) တစ်ခုတော့ ရှိတယ်ဟ ။
    ငါတို့ကို အဲဒီတည်းခိုခန်းက တည်းခိုသွားသူတွေရဲ ့နာမည် စာရင်း ကို ထုတ် ပြပါ့မလား။
    တကယ်လို ့လွယ်လွယ်နဲ ့မပြရင်တော့ ငွေလေးဘာလေး လာဘ်ထိုးပြီး ပြခိုင်းရမယ့်နည်းနဲ ့…..
    နင့် အဖြစ် အခြေအနေကလေးနည်းနည်းပါးပါး ပြောပြီး ရိုးရိုးသားသား အကူအညီတောင်းရမယ့်နည်း ..နည်းလမ်း နှစ်ခုတော့ရှိတယ်။ဘာပဲ ဖြစ်ဖြစ် အဖြေမှန်ကို သိရအောင်တော့ ကြိုးစားကြည့်ကြမယ်ကွာ။

    ထုံးဖြေ ( ၄ ) အောင်မင်္ဂလာ အဝေးပြေး မှတ်တိုင်နဲ့ ဓမ္မာရုံမှတ်တိုင်ကြားမှာ ရှိတဲ့ ( တည်းခိုခန်း ပါ ။ အဲဒီ နားမှာ.. သာမညောင်ည တည်းခိုခန်းလေးတွေပဲ..ရှ်ိပါတယ် ။ တည်းခိုခန်း ပိုင်ရှင်ကတော့ တည်းခိုသူစာရင်းကိူ မပြလောက်ဘူးဆိုတာ..သေချာပေါက်တွေးမိလို ့.. သာမာန် တည်းခိုခန်းအဖြစ်..
    ထည့်ရေးထားပါတယ် ။ သာမန်..တည်းခိုခန်း အညံ့စားလေးတွေမှာက.. တည်းခိုခန်းပိုင်ရှင်က စာရင်းမပြဘူးဆိုရင်တောင် ပိုင်ရှင် မရှိခင်မှာ.. ငွေလေးဘာလေး ပေးလိုက်ရင်.. ပြနိုင်ပါတယ် ။
    ဒါကတော့.. ငွေ ပေးရင်.. စိတ်ပါ လာတတ်တဲ ့.အဖြစ်တွေကို . နေရာတော်တော်များများ..( ဒီနိုင်ငံမှာ. ).တွေ ့ထားလို ့.
    ဒီလို ဖြစ်နိုင်ပါတယ်..လို ့ တွေးပြီး… စာရင်း ကို ကြည့်ခွင့် ရခဲ့တယ်.လို ့..ရေးခဲ့ပါတယ် ..။)

    ထုံးဖြေ တွေ ရေးသားရာမှာ..စကားလုံး သုံးစွဲ မှု အားမရှ်ိဘူးဆိုရင်တော့….
    ရေရာတဲ ့.. အတွေးစဉ်ကို ဆက် မတွေးမိတော့ပဲ..
    ဒီ ဝတ္ထုက. ချွတ်ချော်နေတာ တွေ..ပဲ..လို ့မြင်နိုင်ပါတယ် ။
    တကယ်လည်း..ချွတ်ချော် တိမ်းစောင်းနေတဲ့.. အားနည်းချက် ပါတဲ ့ စာတစ်ပုဒ် ဖြစ်နေနိုင်ပါတယ် ။

    ဒါပေမယ့်..
    တကယ်လို ့..ဒီ ဝတ္ထုက … ယုတ္တ်ိမရှိဘူး..ဆိုရင်..
    ရေးသူ.ကျွန်တော့်ကို သာ အပြစ်တင်ကြပါကုန်…။

    ကျွန်တော်ကတော့.. ဝတ္ထုပဲလေ….ဆိုပြီး….
    ယုတ္တိ ရှိရှ်ိမရှိရှိ… ခံစားလို ့ရ ပြီးတာပဲ.လို ့.. မယူဆစေချင်ပါဘူး ။

    ဘာလို ့ဆို…..
    ဝတ္ထုတိုဆိုတာ…..
    ပုံပြင် မဟုတ်လို ့ပါ ပဲ..။

    ထပ်ပြောရရင်တော့..
    ဝတ္ထုတို ဆိုတာ.. ပုံပြင် မဟုတ်လို ့ပါပဲ…။

    ဒါလေးပြောချင်လို့….
    မောလိုက်တာဗျာ..

    လေးစားစွာဖြင့်…
    အလင်းဆက်

  • Mr. MarGa

    June 16, 2013 at 1:53 pm

    အော်…အော်
    အယ် ဒါက ဂလိုလား
    အင်းအင်း ဟုတ်ပြီလေ
    ဟုတ်တာပေါ့ ဒါ ဖြစ်သင့်တာပဲ
    အဲသလိုသာ လုပ်လိုက် ဒါ အဖြစ်သင့်ဆုံးပဲ :mrgreen:

  • အလင်း ဆက်

    June 16, 2013 at 5:31 pm

    အူးမာဂ

    အဲ သလိုလေး ဆွေးနွေး သွားတော့ လည်းးး
    ရှင်း သွားတာပဲ

    🙂

    😆

  • cobra

    June 16, 2013 at 6:32 pm

    မင်းနိုင်ကလဲ ပြောပါတယ်
    သူ့သူငယ်ချင်း အမူးလွန်သွားလို့
    တည်းခိုခန်းမှာအိပ်တာပါတဲ့
    သူတို့ဘာမှမဖြစ်ခဲ့ပါဘူးတဲ့
    အထင်မလွဲပါနဲ့ တဲ့
    ကျွန်တော့်ကိုမှာလိုက်တယ်
    အားလုံးကိုချစ်တဲ့
    မြွေဟောက်

  • ဦးကြောင်ကြီး

    June 17, 2013 at 10:56 am

    ပတ်ဝန်းကျင်
    ဇာတ်ခင်းလျင်
    သက်နှင်းကြင်
    လာဘ်ထွင်းမြင်..

  • အလင်း ဆက်

    June 17, 2013 at 1:16 pm

    အူးကြောင်
    ဒူး ထောင်ပြီး ရေးတဲ့
    ပြူး ပြောင် သော ကဗျာ တပုဒ်
    အဟုတ် ရေးပြီး
    ပို ့ပေးပါဦးခီည
    😆

Leave a Reply