Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နတ်ဖြစ်ရတဲ့ ဒုက္ခ – မောင့်အိုလံပီယာဗားရှင်း

ムラカミJune 20, 20131min63819

 

ဖြစ်ပုံက ဂလို။ ကျနော်တို့ရဲ့ ဇာတ်လိုက်ကျော် ဖလာဒဲလ်ဖီးယားဖြစ်စဉ် ကို အသေးစိတ်လေ့လာသိရှိပြီး ထွက်ရပ်ပေါက်သွားသော

လောကဓါတ်ဆြာကြီး ဦးခိုမ် တယောက် အတိတ် ပစ္စုပ္ပန် အနာဂါတ်ကို သွားရတာ အားမရလို့ အထက်ဘဝဂ် အောက်အဝီဇိ

ထိသွားဖို့ ကြံချင်းဖြစ်သည်။ သို့သော် ခုမှ စပြီး စမ်းသွားမှာမို့ … သိပ်မြင့်မြင့် သိပ်နက်နက် နေရာတွေ မသွားရဲသေး။

မနိမ့်မမြင့် နတ်လောက ကိုသွားကြည့်မည် တွေးမိ၏။ သို့နှင့် ဂရိမြေက အိုလံပီယာ တောင်သည်ဦးခိုမ် မျက်စိကျရာနေရာဖြစ်ရှာလေတော့၏.

အောက်တွင် ဦးခိုမ်နှင့် ထိုနတ်များ၏ အင်တာဗျူးကို ရှု။

 

အပိုလို

တကယ်တော့ အပိုလို စိတ်ညစ်နေတာကြာဘီ။ ဟုတ်တယ်လေ လူတွေလုပ်ပုံ ။ သူရို့ဟာသူရို့ ကျောက်မီးသွေး တူးသုံး ရေနံတူး သုံး

နေတာအကောင်း။ အဲ့ဒါ ဂရင်းမဖြစ်ဘူး ဆိုပြီး နေစွမ်းအင်နဲ့ လောင်စာ ထုတ်ကြသတဲ့။ ထုတ်တာထုတ်ပါဗျာ ..အပိုလိုဆိုတဲ့ ကျုပ်က

ရှေးနှစ်သန်းပေါင်းများစွာကတည်းက ခင်ဗျားတို့ လောင်စာ မထုတ်တတ်ကတည်းက ခုအတိုင်း ကြည်ကြည်ဖြူဖြူ ပေးလာတာပါ။

ခုလို စွမ်းအင် ထုတ်တော့ ကျုပ်ကို ဘယ်သူခရက်ဒစ်ပေးလို့တုန်း ။ ဒင်းတို့ ထုတ်ကုန်နာမည်တွေကြည့် ကြည့် ဒိုင်ဟတ်ဆု ဖြစ်လိုဖြစ်

ပန်နာဆိုးနစ်ဖြစ်လိုဖြစ်။ ဘယ်မတုန်းကျုပ်နာမည် ။ ကျုပ်ကိုက ကံဆိုးတာပါဗျာ။ လူတွေက အိုဇုံးလွှာပေါက်ရင်သာ ကျုပ်ကို ဆဲကြတာ။

လောင်စာ လုပ်လို့ရတော့တော့ ကျုပ်ကို သတိမရဘဲနဲ့။ အဲ့ … ကျုပ် နှမ လူနာလေးလည်း ညစ်နေတယ်ကြားတယ်။

လူနာ

ဟုတ်ပါ့ရှင်။ ဘယ့်နှင့် ရှင်တို့ရယ်။ အစ်ကို့အရှိန်အဝါတချို့ယူပြီး ကျမဟာ ကျမအလုပ်ကျမလုပ်နေတာ

အနုဘက်ဆို ကြည့် လရောင်ရဲ့ လှည့်ဖျားမှုကြောင့် တို့ ဘာတို့ နဲ့ ကျမကို ဖိုးတွမ်တိ စာရင်းသွင်းလားသွင်းရဲ့

အကြမ်းဘက်ဆို ကျမကြောင့် ဒီရေ တက်သမို့ ဘာပြုတယ်ညာပြုတယ်ဆိုလား ကျမကို ဆဲလားဆဲရဲ့…။

လူတွေများကွယ် တယ် ခက်သရှင်။ အော်.. ဒီရေဆိုလို့ပါ.. ကျမ အဖေနဲ့ တွေ့လိုက်ဦးနော်.. သူလည်း ကြေကွဲနေရှာတာ။

 

ပိုဆိုင်ဒွန်

ဘာလဲဗျာ … သစ်ပင်တွေ စွတ်ခုတ်တာလည်း လူဒွေ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာလည်း ဒင်းတို့တွေ..

အဲ … မုန်တိုင်းတွေတိုက်တော့ ကျုပ် လုပ်တာတဲ့လား ..။ ကောင်းကြသေးရဲ့လား အရပ်ကတို့။ ဒီကြားထဲ

ဖောင်တစီးနဲ့ လျောက်လိမ့်နေတဲ့ ကိုယ်တော် တပါးက သီလခေါ်ခေါ်ပေးနေလို့ …ကျုပ်မယ် ဝိုင်လေးတောင်

နပ်မှန်အောင် သောက်ရတာ မဟုတ်ဘူး။ ရှိသေးတယ် ဟိုအဆဲသန်တဲ့လူတွေ ပေါတဲ့ခညားတို့ တိုင်းပြည်မယ်..

ကျုပ်ကို ပေးမဝင်ဘူးလေ… ဘယ်သူရှိမလဲ ..ဟိုစောင်းဆရာပေါ့..ကျုပ်ဟာကျုပ် သွားကိုက်လို့

ဆားလေးခတ်ပါးလုပ်ကျင်းတာတောင် ရေငန်မို့ သူပိုင် တယ်ဆိုပီး လုသောက်သွားသေးတာ ။ တကယ်ပါဗျာ..

မလွယ်ပါဘူး ..။ညညလည်း အိမ်နားလာ ဒေါင်ဒေါင်ဒင်ဒင်လုပ်လို့ ဖုန်းဆက်လိုက်ရမလားအော်ရတာ ခနခန။

သမီးရှင်ကိုးဗျ။ အံမယ် ဒင်းကျ လူတွေက မုန့်ဆန်းဆိုလား ဘာလား ကျွေးကြတယ်။ ကျုပ်ကိုသာ ရေတမှုတ်တိုက်ဖို့

သတိမရရင်နေမယ်။ ခက်သယ်ဗျာ ခက်သယ်။ အော်.. ကျုပ်ညီ ဟိုကောင့် ငိုချင်းလေးသွားနားထောင်လိုက်ပါဦး။

 

အေးရိစ့်

အရင်ကတော့ ဟုတ်တာပေါ့ဗျာ။ ညီအစ်ကိုတွေကြား ညီလေးဆိုပြီး တန်ခိုးလေးဘာလေး နည်းနည်းပါးပါးပေးထားသပေါ့။

ဒါပေသိ ကျုပ်က အားနေတာဗျ။ ငယ်သေးလို့ဆိုလား ဂျူတီလောက်လောက်ညားညားမပေးထားဘူး။

လူတွေပေါ့ဗျာ..။ ဒင်းတို့ဟာဒင်းတို့ နယ်မြေလုကြ သတ်ကြဖြတ်ကြတာ ကျုပ်ကို စစ်နတ်ဘုရားဆိုပြီး ပသကြသတဲ့..။

ကျုပ်ကလည်း ဖိန့်ဖိန့်ပေါ့ဗျာ။ ကိုယ်ကလည်း အားနေ ။ အစားရလည်းချောင် ဆိုတော့ ဟုတ်သယောင်ပေါ့။

ချော်လဲလို့ ရောထိုင်မိပါတယ်။ ဒီဘက်ခေတ်ရောက်မှ အဆဲခံရတာဗျိုးးးး။ ဟိုမုတ်ဆိတ်တွေ အားအားယားယား ဘုံးခွဲတာ

ကျုပ်ကို လာဆဲရသလားဗျာ။ ဟိုဝက်ကလေး ခတ်ရေးတပြင်ပြင်ဖြစ်တာရော ကျုပ်နဲ့ဘာဆိုင်တုံး။ ဟေ့လူ ဟေ့လူ

ခညားတို့တိုင်းပြည်မှာ ကနေ့ထိ အချင်းချင်းသတ်မပြီးတာတော့ ကျုပ်နဲ့ သာလို့တောင် မဆိုင်သေးတာနော်။

ကျုပ်လည်းကျုပ်အစ်ကိုလိုပဲ။ ခင်ညားတို့ဆီ ဝင်ခွင့်မရဘူးရယ်။ သိတယ်မလား ဟို မင်းရဲကျော်စွာနဲ့ မင်းကျော် ဆိုတဲ့

ငမူး၂ကောင်လေ။ အားရီး ရစ်တာလား။ တူမတောင်းတာလည်းခနခန။ကြည့်တော့ဖြင့် မိုးမလင်းသေးဘူးထွေနေဘီ။

မိန်းမကျ လိုချင်တာ တပိုင်းသေ။ ချဉ်ပါတယ်ဗျာ။ဒါနဲ့ ကျနော့် အစ်မတော် ကလည်း စကားပြောချင်တယ်တဲ့ဗျ။

 

အသီနာ

လူတွေက ခက်တယ်ရှင့်။ ပညာရေးဟေ့ဆိုတာနဲ့ ကျမကို ကလော်ချင်ကြတာပဲ။ ကျမက ဘာလုပ်နေလို့တုန်း။

ရှင်တို့တိုင်းပြည်ကလူတွေကိုတော့ သီးခြားပြောထားရမယ်။ ကျမက ဘာသာခြား မို့ ရှင်တို့ ဘာသာဓလေ့ကို

နားမလည်ဘူး ဝင်မပြောပါနဲ့ တော့ မတားပါနဲ့ရှင်။ ကျမလေ့လာချင်ပါတယ် လေ့လာခွင့်မရတာပါ။

မရဆို ဟိုမအဝှာ ပေါ့ ဘယ်သူရှိမလဲ ငှက်ကြီးစီးပီး စာအုပ်တွေ ကလပ်ပေါ်တင်ထားတဲ့ သူရဿဝါ အဲအဲ..သူရဿတီလေ။

သူက အပေါက်ဆိုးသရှင့်။ စာအုပ်တွေကို သူကိုယ်တိုင်လည်း ဖွင့်မဖတ်သလို ကျမတောင်းဖတ်တာလည်း မပေးဘူးရှင့်။

ရှင်တို့ဆီမယ် ပညာရေး အဆင့်နိမ့်နေတာ ဒင်းကြောင့် ရှင့်သိရဲ့လား။ ဆဲချင် ဒင်းကိုဆဲကြ ကျမ-လာမဆဲနဲ့ ။ဟွန့်…။

ဟော ..မမအလှပြင်လို့ပြီးပီထင့်။ တခါတည်းတွေ့သွားဦး။

အဖရိုဒိုက်

မမ သိပ်ညစ်သကွယ်။ မောင်မင်း တို့ လူမတွေ ကြောင့်ပေါ့။ ဘုရားပေးသလောက်နဲ့ မတော်ချင်ကြဘူး။

တချို့ များ ကျွဲကောသီးလောက်။ တချို့ ကခွဲထည့် တချို့ ဆေးလူး။ မမ နဲ့ ဘာဆိုင်တုန်းကွယ် မမကို မကလော်ကြပါနဲ့။

ယောက်ျားတွေ ဖုန်းကညာတပါး လုံးရာပြားကြတာလည်း မမဆွဲဆောင်လို့ မဟုတ်ရပါဘူး။ ဒါသူတို့ အခွင့်အရေးပါ။

မင်းတို့ဆီက ဟို မင်းသမီးလေးက သူကအော်ပါ။ ဟိုတယောက်က ဆေးလူးတာ ဒီတယောက်က ဖောက်ထည့်တာ

ဆိုပြောနေတာလည်း မမမသိရတာအမှန်ပါကွယ်။ မမလည်း ဟိုလူဒွေလိုပါပဲ မောင်မင်းတို့တိုင်းပြည်ကို ဝင်မရပါဘူး။

ဟိုအသံစာစာ-စာစာနဲ့ တယောက် က သူ့ဥကိုခွဲကျွေးရမှာစိုးလို့တဲ့ ..သူ့အမေ ကို ထွက်ပြီးဆဲခိုင်းနေလို့ မမ မဝင်ရဲပါဘူးကွယ်။

ကဲကဲ ညီမလေးနဲ့ တွေ့လိုက်ဦး။ ညီမရေ- ညီမ ဗီးနပ်စ်လေး။

 

ဗီးနပ်စ်

ဟင့် …။ သူလေ ..သူ သိပ်ရက်စက်တယ် သိလား။ ဘယ်သူရှိမလဲ .. ဟိုဂဒုံး ပေါ့။

မောင်လေးရယ် ..မောင်လေးပဲ စဉ်းစားကြည့်ပါ။ မမတို့ ကော့ကေးရှန်းတွေလည်း အသဲနဲ့ပါ။

ချစ်တတ်ပါတယ်ကွယ်။ မမတို့မှာ သာကီဝင်တွေကို ချစ်ခွင့်မရှိတော့ဘူးလား ..။ ပြောဇမ်းဘာ

လူညိုချောလေးဒွေကို ရင်မခုန်ရတော့ဘူးတဲ့လား ပြောလိုက်ဇမ်းပါ ဝီရယ်။ မမတော့လေ မမတို့ရဲ့

တားမြစ်ထားတဲ့အဆိပ်သီး ကို ခူးယူပိုင်ခွင့် ကို မူဘောင်ကန့်ချင်တဲ့ လူဆို အားယီးမုန်းတယ် သိလား…။

မမ အသဲတွေ ကျွမ်းရပြီပေါ့ကွယ့် အဲ့အဲ့ ..။

 

ဟိုက် လစ်မှ ..တော်ကြာ ငါ့ဘက် မြားဦးလှည့်လာဦးမယ် ဟု

ဦးခိုင် တွေးလိုက်မိပေသည်။ ထိုစဉ် ဘေးနားမှ ချောင်းဟန့်သံကြားလို့လှည့်ကြည့်လိုက်တော့

လားလားးး

 

နတ်တို့သနင်း ဇီးရပ်စ်မင်း

ဇီးရပ်စ် (ဝါ)ဇူးရပ်စ်(ဝါ)ဇု (ကြိုက်သလိုခေါ်ပါကုန်)

ခက်တယ်ကွ ခက်တယ်။ .. ဒီမယ် မောင်မင်း ကျုပ်မှာ အခု အမှုရင်ဆိုင်နေရတယ်..။

ဘာအမှုလည်း ဟုတ်စ ။ ဘာအမှုရှိမလဲ .. ကျုပ်ဟာကျုပ် အိုလံပီယာတောင်မှာ နတ်တို့သနင်း ဇီးရပ်စ်မင်း

လုပ်ပြီး ဝရဇိန်လက်နှက်သုံးနေတာကို သူ့နေရာ အယောင်ဆောင်မှု နဲ့ ကျုပ်ကို တရားစွဲတယ်လေ။

ဟိုကောင် မာဃပေါ့။

 

ခိုင်။ ဟာ ..ဒီကောင်လေးက သူ့ဟာသူ ကဗျာခန်းလေး ဖွင့်နေတာပါဗျာ။ ဂလိုလုပ်မယ် မထင်ပါဘူး

 

ဇီး။ အဲ့ တစ်ခမ်းမွေးကို ပြောတာမဟုတ်ဘူးဗျ။ ခညားတို့ရဲ့ သိကြားမင်း ဆိုတဲ့ ဦးမာဃ ကိုပြောတာ။

ဘယ့်နှယ့်ဗျာ တရားရင်ဆိုင်ဖို့လာတယ် .. ပြောင်ပြောင်-ပြောင်ပြောင်နဲ့ မယားတွေက တပြွတ် ပါလာလိုက်သေး။

 

ကျုပ်ကတော့ ဒင်းကို လိမ်လည်မှုနဲ့ ပြန်ဆွဲမယ်။ ကြည့်နေ။ ဟို ဥပဒေသာ တည်လို့ကတော့

နတ်မျိုးမတူ တဲ့ အသူရာသမီးကို ယူတဲ့အမှုနဲ့ လည်း ဆွဲမယ်။ ကြာဒယ်ဗျာ အသူရာပြည်ကို ဆစ်သွားတိုက်လို့

ဒင်းကို ဆစ်ခုံရုံး တောင်ပို့အူးမယ်။။ ဒီမှာ တင်းဒယ် တင်းတယ် တင်းဒယ်ဟေ့။ ။။

ဂျိန်း ဂျလိန်း ဒိန်း

 

သို့နှင့် လောကဓါတ်ဆြာကြီး အူးခိုမ်လည်း မနေဝံ့တော့ပဲ လူ့ပြည်လူ့ရွာသို့ တချိုးတည်းဆင်းပြေးပေတော့သည်။

သို့သော် ဇီးရပ်စ် ခြေချော်လက်ချော် ပစ်လိုက်သော မိုးကြိုးက အင်ဒိုနီးရှားနိုင်ငံ သစ်တောတွင်းကျရောက်ကာ

လောင်မီးကျလေတော့ သည်။

ဤတွင် ပြည်တွင်းမှ ဘာသာရေးအမျိုးသားရေး တက်ကြွလှုပ်ရှားသူများမှာကား

အင်ဒိုက ခွင်ရှစ်ခြောက်တွေ စလုံးက ကိုးချောက်ကိုး ရွှေတွေအား မီးခိုးမှိုင်းတိုက် သတ်နေပြီဟု

အံတကြိတ်ကြိတ် တက်တခေါက်ခေါက် လုပ်ကြတော့သတည်း။

စလုံးမှ ရွှေများကလည်း သေခဲ့လျင်တောင် သေစာရင်းမပြဘဲ ကြံ့ဘက် ကြိုတင်မဲ ထည့်သွားလေသယောင်

လုပ်မစိုးသောကြောင့် သေတမ်းစာချန်ရန်ကြံသူကကြံ။ သူရို့ကို ကျ ငပလီ-ချန်ဂီ ၂ညအိပ်၃ရက် လေယာဉ်ဖလိုက်

မစီစဉ်ပေးရကောင်းလား ဆိုပြီး ခရိုရဲရဲတောက် များကို ဆဲသူဆဲ။ မှိုုင်းဝသည့်အခါ ကိုယ့်ဟာကိုယ် စက်မပါဘဲ

ပျံသန်းမည်ကြံသူကြံနှင့် ခေးအိုစ့် သီအိုရီ ကြီး အသက်ဝင်တော့သတည်း။ လောကဓါတ်ဆြာကြီးမှာမူ

လိပ်ပြာတောင်ပံခတ်သော သီအိုရီအား အနုလုံပတိလုံ စဉ်းစားရင်း အတွေးရေယာဉ်ကြောတွင် မျောချင်တိုင်းမျောနေလေတော့သဒီးးးးး။

 

19 comments

  • KZ

    June 20, 2013 at 12:31 pm

    အခုကို မှိုင်းတိုက်ခံရခြင်းကို
    ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့
    ပလိုဖိုင်းပစ်ချာကို Mask တွေနဲ့ ပုံ ပြောင်းရမား စဉ်းစားနေတာ။ :mrgreen:
    မျက်နှာ တစ်ခြမ်းအုပ်ရင် သိပ်လှတာပဲလို့ လဲ ပြောနေကြတယ်။ :mrgreen:
    လှအောင် တို့ ပေးပါအူးနော်။ :mrgreen:

  • nozomi

    June 20, 2013 at 12:39 pm

    ကိုဂီ ဘာတွေ ပျော်စရာတွေ့နေလဲ ဗျ
    ဒီ ရက်ထဲ လက်တော်တော် သွက် နေတာ
    အားလုံးက ဖတ်လို့ ကောင်း နေတာမို့
    များများသာ ရေး ၊ အားပေးနေတယ်

    • KZ

      June 20, 2013 at 12:51 pm

      ပျော်စရာတွေ့နေတာ ဟုတ်ဘူး::
      သူ့ အခု ကလေးမက
      သူနဲ့ ဘာသာ မတူလို့ ဝီ (ခရက်ဒစ် တူ ဂီ) ကို မကျေနပ်တာကို
      ပညာကုန်ထုတ်ပြီး အော်နေတာ။ :mrgreen:

      ကဲ ဖော်လိုက်ပြီ။
      ဗိုက်ခေါက် အလိမ်ခံရစေ သဒီး:::::::::::::::
      :mrgreen:

      • ကြက်အူလှည့်

        June 20, 2013 at 7:05 pm

        နောက်နေ့တွေ မောင့်မြင့်မိုရ် ဗားရှင်း
        မောင့်ပုပ္ပါးဗားရှင်းတွေ ဆက်ဆွဲမှာ ဖြစ်ပါကြောင်းးးးးး

  • KZ

    June 20, 2013 at 12:53 pm

    “ဖြတ်စာ”

    ဒီနေ့ကစပြီး နင် နဲ့ ငါ
    Kane နဲ့ Abel လို
    Motague နဲ့ Capulet လို
    Marvel နဲ့ DC လို
    iPhone နဲ့ Samsung လို
    ပြဒါးတစ်လမ်း သံတစ်လမ်း
    ပြန်ဆုံရန် လမ်းမရှိ
    ရည်းစားအဖြစ်မှ အပြီးတိုင် စွန့်လွှတ်သည်။

    မိုက်တယ်နော်။
    စိုင်း ဝေါ ပေါ်က “မ” လာတာ။ :mrgreen:

    • ကြက်အူလှည့်

      June 20, 2013 at 1:02 pm

      ဟမ်.. မသိရင်ဘဲ သူက ကျုပ်ကိုပဲ ဖြတ်စာပေးတာလိုလိုနဲ့ .ဟုတ်လည်းမဟုတ်ဘဲနဲ့.တော်ရာသွားတင်လကွီ။
      အဲ့ကောင်စာတွေဆို ကျုပ်က အလာ့ဂျစ်ရှိသဗျ။ မိန်းမဒွေကို အိမ်ဖော်လောက်ပဲ သဘောထားတဲ့ မဟာပုရိသဝါဒီ အဝိဇ္ဇာအတုံးအခဲယီးပါအေ…
      ချဉ်ဇယာ

      • KZ

        June 20, 2013 at 1:13 pm

        တိဒယ်။
        တမင် လာတင်ဒါ။
        :mrgreen:

  • တိမ်မည်း

    June 20, 2013 at 1:50 pm

    အရေးအသားက ညက်လွန်းလို ့ အူမြူးနေတယ်လို ့ ထင်နေတာ….
    ကေဇီ ပြောမှပဲသိတော့တယ်…. ပေါက်ကွဲသံစဉ်တွေကိုး……
    တော်ပီ သွားမယ်နော်… ကိုဂီ…
    သား… ဘာမှမန် ့တော့ဖူး……..

    • ကြက်အူလှည့်

      June 20, 2013 at 2:48 pm

      ဘာသာမတူတာဘာအကြောင်းလဲ
      ဒို့တော့ ဒါတွေနားမလည်
      ဝီ ပေါ်လာတာကိုယ်ကံဆိုးတယ်
      အရှုံးနဲ့အစဉ်တွဲနေတော့လည်း
      ကံစီမံရာဒီအဖြစ်ဆိုးထဲ
      ဒို့ ၂ယောက် ငိုသာ ငိုချင်တော့တယ်…

      သံဃာတွေရဲ့ ဆုံးဖြတ်ချက်က ဒို့အတွက်အဖြေလားကွယ်
      တွေဝေမနေနဲ့ စဉ်းစားလိုက်ဦးကွယ်
      ရင်ဆိုင်နိုင်ဖို့ သတ္တိလေးတွေ မွေးစမ်းပါ အချစ်ရယ်
      မဆွေးနဲ့ မောင်ရယ်မေအားပေးပါ့မယ်
      ကြင်နာသူရယ် ဘယ်လို လဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲလဲ

  • kai

    June 20, 2013 at 2:54 pm

    အခုတင်.. ဆိုင်းယန့်တီဗီချာနယ်ကြည့်နေတာ… မီလီကီးဝေးဂယ်လက်စီမှာတင်… ကမ္ဘာလိုလူနေဖို့ဖြစ်နိုင်တဲ့.. ဂြိုလ် သန်း၅၀ဝ လောက်ရှိမယ်တဲ့..

    အဲဒါ.. အခုနှစ်၂၀ဝထဲတင်.. နက္ခတ်ဂြိုလ်တွေ.. လူသားတွေရှာဖွေတွေ့လာတာထဲ.. အလွန်အမင်းအသစ်တွေ့တာမြန်လွန်းနေတာမို့..မကြာခင်.. အဲဒါတွေနဲ့ပါ..အဆက်အသွယ်ရမယ်ဆိုပဲ…
    ဆိုတော့…
    ဟို.. ယောနိစောင့်ဥပဒေကြီးထဲ.. အေလီယန်ယောနိတွေလည်း… ထည့်သွင်းစဉ်းစားပေးဖို့..။

    • ကြက်အူလှည့်

      June 20, 2013 at 3:12 pm

      လက်ထပ်ဖို့ ဘာသာပြောင်းရမယ်ဆိုတာ လူအခွင့်ရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

      ပြည်သူ့လွွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦးအနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်းအတွင်း သံဃာတချို့က မိန့်ကြားနေကြတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

      “ကျမတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်၊ အထူးသဖြင့် ဒါတရားတော်ထဲမပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီလား၊ မလား ကြည့်ရမှာတစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို၊ အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့”

      RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

      ဒါ့အပြင် မလေးရှားရောက် မြန်မာနိုင်ငံသားတွေ သေကြေဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအတွက် သက်ဆိုင်ရာသံရုံးတွေက ထိထိရောက်ရောက် တာဝန်ယူကူညီဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

      “အစိုးရဆိုတာ ကိုယ့်ရဲ့လူမျိုးတွေကို နိုင်ငံသူနိုင်ငံသားတွေကို ဘယ်မှာပဲဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ထူထောင်ဖို့လိုတယ်၊ အလုပ်သမားတွေတင်မကဘူး၊ နိုင်ငံခြားကိုရောက်နေတဲ့ ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ရမယ်”

      တဆက်တည်းမှာပဲ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သမ္မတအဖြစ် ဝင်ရောက်အရွှေးခံမယ်လို့ ဝါရှင်တန်ဒီစီမှာ ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သဘောထားကို မေးမြန်းရာမှာတော့ အခုလိုပွင့်ပွင့်လင်းလင်း ပြောဆိုတာကို နှစ်သက်ကြောင်း ဖြေကြားခဲ့ပါတယ်။

      ကိုခင်ခရှဲထားတဲ့ ထဲက မ-လာတာပါ

      …………………………………….
      အမေ ဝီ့ ကို စိတ် မပျက်ဘူးလား..
      ကိုယ်မှန်မယ် ထင်ရင်ပြီးရော ခေါင်းမာတတ်တဲ့ အကျင့်က ဆိုး..
      အသက်သာကြီးလို့ သွားတယ် ဝီ့အိမ်မက်တွေ မပြောင်းလဲ
      ဂဒုံး အရှုံးများနဲ့ ရင်ဆိုင်ရင်းအင်ဟင်းဟင်းဟင်း

      အမေ .. ဝီ့ ကို စိတ် မညစ်ဘူးလား … ဟင်
      အမေယုံကြည်မျှော်လင့် ထားသမျှ ဘာတခုမှဖြစ်မလာ
      ကိုယ်ယုံကြည်ရာကို ဈေးကွက် တင်ရောင်းဖို့ ခက်နေလို့တဲ့
      ပိုက်ဆံတပြားမှ မရှိလဲ သူ အမျိုးဂုဏ် စောင့်ချင်သေးသတဲ့..
      ကဲ…
      အမေ့ရဲ့ ဒုက္ခကတုံးလေးပေါ့…။

      ကံအကျိုးပေးနည်းရတဲ့အထဲ သူအပြောကလည်းကြီးသေး ..
      အိုဟို .. ခက်ရချည်ရဲ့ ….
      အူးးးဟူ
      အားလုံးဘယ်လောက် အော်မလဲ .. ဝီက ဘုရားရဲ့သားပါ
      မိုက်မိုက်မဲမဲ ကြိုးစားနေဆဲ …
      ရင်ခုန်သံ စည်းလေး ဆွဲရင်း ချစ်ခြင်းမေတ္တာအကြောင်းသင်ကြား….အိုးဟို …။
      မိတ်ဆွေ တချို့က ပျက်ရယ်… ဝီ့ကို မိဂီကလေ နားမလည်…
      အမေ့ရဲ့ ဒုက္ခကတုံးလေးပေါ့…။

      • Mon Kit

        June 20, 2013 at 3:21 pm

        ဟိ… မိဂီရယ်..
        တတ်လဲ တတ်နိုင်ပါပေ့..
        ကျုပ်လဲ ဆူးအိမ်ထွင်.. အဲလေ ထူးအိမ်သင် လေသံနဲ့ တထပ်တည်း ဆိုညည်း သွားတယ်အေ…
        🙂

  • TNA

    June 20, 2013 at 3:34 pm

    ဖတ်လို့တော်တော်ကောင်းတယ်အေ။ ညီးရေးလဲရေးတတ်ပါ့။ ဘာမှတော့ပြန်မပြောတတ်ဘူးအေ။ တခုပဲ ဝီ တို့ကို ညီးမီးနဲ့ရှို့ခဲ့မှတ်တယ်။ ဟိုမယ်မီးခိုးတိုက်သွင်းနေတယ်ဆိုပီး။ လုပ်ပါနဲ့အေ။ နဂိုကမှသူတို့က လုပ်ချင်ချင်ရယ်။ အကွက်တွေ့သွားပါအုံးမယ်အေ။

  • Wow

    June 20, 2013 at 4:58 pm

    ညီး လမ်းထိပ်က ဗယာကျော်ဆိုင်နား ပတ်ပတ်နေထဲက မဖြစ်နိုင်ပါဝူး မိဂီရယ်လို့ ငါ့ခမျာ ဖြောင်းဖြခဲ့ပါသေးတယ်အေ… :mrgreen:
    ရုပ်ရည်လဲပြောစရာမရှိ (ချောတယ်လို့ပြောစရာကို မရှိတာ) :mrgreen:
    ကိုယ်ပိုင် ဘစ်ဇနက်နဲ့ဆိုတော့ လက်လွတ်ရမှာ နှမြောချရာ… :mrgreen:

  • အရီးခင်လတ်

    June 20, 2013 at 6:58 pm

    စဉ်းလဲ အတော် စဉ်းစားတတ်တယ်။
    ဒါ ကို ရေးတဲ့ ဦးဏှောက်ကို တော့ ရွှေချ ရုံမက စိန်ပါ စီပေးလိုက်မယ်။
    😉

  • padonmar

    June 21, 2013 at 2:11 am

    ၃ရ မင်းနဲ့ ဂရိနတ်တွေနဲ့ ရောရင် ဘာ ဟိုင်းဘရစ်တွေ ထွက်လာမလဲ မောင်ဂီ။

  • ဦးကြောင်ကြီး

    June 22, 2013 at 9:58 am

    ဦးခိုင်သေရင် ဝက်သားရှောင်ပီး အမဲသားစားတဲ့ ၇၈၆အနွယ်ဝင် နတ်စိမ်းဖြစ်မှာ..

  • အလင်း ဆက်

    June 22, 2013 at 6:38 pm

    နတ် တကာ နတ် ထဲ မှာ
    ကျွန်တော် အချစ် ဆုံး နတ်က
    အင်တာ နက် ဖြစ်ပါတယ် ခညာာာာားးးး

Leave a Reply