စဉ်းစားကြစေလိုပါတယ် ( ၅၅ ) ( ဆော်ထည့်လိုက်စမ်းပါ ၊ ဘာသာရေး – ၃ )

Foreign ResidentJune 20, 20136min1299123

စဉ်းစားကြစေလိုပါတယ် ( ၅၅ )

( ဆော်ထည့်လိုက်စမ်းပါ ၊

ဘာသာရေး – ၃ )

 

 

အင်းးးးး ၊ အခုတစ်လောလည်း ရွာထဲမှာ ၊

ဘာသာရေး Post တွေ တော်တော် စိတ်စိတ် တွေ့နေရတယ် ။

အစ ကတော့ သိပ် Feeling မရလို့ Post မတင်ပဲနေနေတာ ၊

Face Book ပေါ်မှာ မိတ်ဆွေတွေ နှင့် တော်တော်လေး ပြောဖြစ်လာတော့ ၊

အဲဒီ ပြောဖြစ်တာလေးတွေကိုပဲ စီကာ စဉ်ကာ ချရေးလိုက်မိတယ် ။

 

၁ ။

ရှင်းရှင်းပဲ ပြောရရင်တော့ ၊ ကျနော် ကတော့ ဒီမိုကရေစီ ၊

လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို လိုလား ယုံကြည် ပါတယ် ။

 

၂ ။

ကြုံတုန်း တစ်ခု ပြောပါရစေ ။

ကျနော် တို့က ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် ၊ တရားမျှတမှု ကိုချစ်တာ ပါ ။

 

ဒေါ်စု ကို ပုဂ္ဂိုလ်ရေး ချစ်နေတာ မဟုတ်ပါဘူး ။

ဒေါ်စု က အဲဒီ စံတွေနှင့် အညီ ခေါင်းဆောင်မှု ပေးနေလို့ ၊ ဒေါ်စု နောက်က လိုက်နေတာပါ ။

 

အေး ၊ ဒေါ်စု က အဲဒီ စံတွေကနေ လွဲဖယ်သွားရင်လည်း ၊

ဒေါ်စု ကို ဆက် ထောက်ခံတော့မှာ မဟုတ်ပါဘူး ။

 

၃ ။

အဲဒီလိုပဲ ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု နှင့် ကိုက်ညီလို့သာ ၊

ဗုဒ္ဓ ဘာသာ ကို လေးစား / ကိုးကွယ် တာပါ ။

 

အဲဒီ ဟာတွေနှင့် ၊ ပက်ပက် စက်စက် ( ပက်ပက် စက်စက် ) ကွဲလွဲ လာပြီ ဆိုရင်လဲ ၊

ဗုဒ္ဓ ဘာသာ ကိုစွန့်လွှတ်လိုက်ဖို့လဲ ၊ ဝန်မလေးလှပါဘူး ။

 

ဒီနေရာမှာ ၊ ရှေ့မဆက်ခင် ၊ တစ်ခု ကြားဖြတ် ပြောရရင် ၊ ကျနော် မြင်သလောက်တော့ ၊

ဗုဒ္ဓ မြတ်စွာ နှင့် သူ့ တရားတော် တွေမှာ မတရားတာ မပါပါဘူး ။

သို့ပေမယ့် ၊ ရဟန်း တစ်ချို့က ဗုဒ္ဓ တရားတော် တွေ အတိုင်း မဟုတ်ပဲ ၊

တစ်ချို့ ကိစ္စတွေမှာ ၊ လွန်လွန်ကျူးကျူး လုပ်ဆောင်လာတာ တွေ့နေရတယ် ။

အဲဒီ ကိစ္စတွေကိုတော့ အားမပေးချင်ပါဘူး ။

 

၄ ။

အဲဒီတော့ ၊ ဘုန်းကြီး ဝီရသူ စကားတွေကိုလည်း ၊

ကျနော် တို့ အဲဒီ လူ့အခွင့်အရေး နှင့် တရားမျှတမှု စံ နှင့်ပဲ မှတ်ကျောက် တင်ကြည့်ပါတယ် ။

 

မှန်တာပြောရရင် ၊ ဘုန်းကြီး ဝီရသူ စကားတွေကို အစကတည်းက သိပ် မ ကြိုက်လှဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလဲ ဗုဒ္ဓ ဘာသာ ဖြစ်နေတော့ ၊

ကိုယ့် ဗုဒ္ဓ ဘာသာ အချင်းချင်း ဖိ မထောင်းချင်လို့ ရှောင်နေကြတာ ။

 

အခုတော့ ၊ တဖြေးဖြေး တိုင်းပြည်ကြီး နှင့် လူတွေ သေကျေ ပျက်စီး လာနေပြီး ၊

လူသားဆန်တဲ့စိတ် Humanity မရှိတော့တဲ့ ဥပဒေတွေ အထိပါ ပြောလာလို့ ၊

အခုလို ၊ ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေကို ကန့်ကွက်လာကြတာပါ ။

 

ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေထဲက ၊

 

၄ – ၁ ။ ဘာသာတူတွေ အချင်းချင်း ရိုင်းပင်း အားပေးတဲ့ ကိစ္စတွေ အထိ လက်ခံပါတယ် ။

 

၄ – ၂ ။ ဒါပေမယ့် ၊ သာမာန် ရာဇဝတ်မှု ၊ ဥပဒေ နှင့်ဖြေရှင်းရမယ့် ဟာတွေကို ဇာချဲ့ပြီး ၊

လူမျိုးရေး ၊ ဘာသာရေး မုန်းတီး လာစေပြီ ဆိုရင်တော့ ၊ မဟုတ်တော့ ပါဘူး ။

 

၄ – ၃ ။ အဆိုးဆုံး ကတော့ ၊ လူ့ အခွင့်အရေး စံတွေကို ချိုးဖေါက်ထားတဲ့ ၊

” မျိုးစောင့် ဥပဒေ ” ကိုတော့ ၊ လုံးဝ မထောက်ခံနိုင်ပါဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလည်း လက်ရှိကို ဗုဒ္ဓ ဘာသာဝင် တွေ ဖြစ်နေသေးတဲ့အတွက် ၊

ဘုန်းကြီး ဝီရသူ ကို ( ဂတုံး ၊ ေ–ာက် –ုတ် ပုလိပ် စသဖြင့် ) ဆဲရေး တိုင်းထွာမှုတွေ ကို ၊

ကိုယ်လဲ မလုပ် ၊ လုပ်တဲ့သူတွေကိုလည်း ကန့်ကွက်ပါတယ် ။

 

၅ ။

ကျနော့် အမြင်မှာတော့ ဘုန်းကြီးဆိုတာ ၊ သင်္ကန်း ရုံထားတဲ့ လူ တစ်ဦးပါ ။

 

ဘုန်းကြီးတွေ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကတော့ ၊ သူ့သဘောနှင့် သူထိမ်းကြတာပါ ။

( ဘေးလူတွေကို မထိခိုက်သရွေ့ကတော့
အဲဒီ သိက္ခာပုဒ် ၂၂ရ ခု ကိုစောင့်ထိမ်းတာကို ကန့်ကွက်ရန် မရှိပါ )

 

အဲဒီတော့ ၊ မှန်တာပြောရရင် ၊ သူ့သဘောနှင့် သူ ( သူ ကြိုက်လို့ / သူ့အကျိုး အတွက် ) ၊

သိက္ခာပုဒ် ၂၂ရ ခုကို စောင့်ထိမ်းယုံလေးနှင့်တော့ ၊ သိပ် မကြည်ညိုနိုင်ပါဘူး ။

 

အဲ ၊ လူတစ်ယောက်က ၊ သူ့အကျိုး အတွက် မဟုတ်ပဲ ၊ လူ အများ ကောင်းကျိုးအတွက် ၊

သူ့ ကိုယ်ကျိုးကို စွန့်ပြီး ၊ အနစ်နာခံ လုပ်ပေးနေတယ် ဆိုရင်တော့ ၊

အဲဒီ လူ ဖြစ်ဖြစ် / ဘုန်းကြီး ဖြစ်ဖြစ် ကို လေးစါး / ကြည်ညိုပါမယ် ။

 

၆ ။

အခု ဖြစ်ပျက်နေတဲ့ ကိစ္စတွေနှင့် ပါတ်သက်ပြီး ၊

ကျနော့် အသိ အမေရိကန်က O G ဆရာဝန်မကြီး နှင့် ဆွေးနွေး မိပါတယ် ။

သူမ ပြောခဲ့တဲ့ စကားတွေထဲက တစ်ချို့ ကတော့ ၊

 

” Why are the Buddhist monks just targeting women?

Women do not want control by anyone and that includes Buddhist Monks!!!!

People converting to other religion is the reflection of failure of the Buddhist leaders. “

 

အဲဒီ အထူးကု ဆရာဝန်မကြီး ဟာ ဗုဒ္ဓဘာသာဝင် အစစ်ပါ ။

အစစ် မှ ပြီးခဲ့တဲ့ ၂ / ၃ လ လောက်ကမှ မြန်မာပြည်ပြန်ပြီး ၊

သီလရှင် ဝတ်ထားလို့ ၊ ခေါင်းမှာ ဆံပင်တောင် တိုနံ့နံ့ပဲ ရှိပါသေးတယ် ။

 

ရ ။

သူပြောတဲ့ ပထမ အချက်ကတော့ ၊ လူ့ အခွင့်အရေး စံ ပါ ။

မိန်းမ တွေကို ဘယ်သူကမှ မတရား ချုပ်ချယ်ခွင့် မရှိဘူး ။

အဲလို ချုပ်ချယ်ခွင့် မရှိတဲ့ အထဲမှာ ၊ ဘုန်းကြီးလည်း ပါပါတယ် ။

 

ရ – ၁ ။

ပထမ စဉ်းစားကြစေလိုတာက တော့ ၊

မမေ့ကြပါနှင့် ၊ ဘုရားလက်ထက်တော်တုန်းက ၊

ကျောင်း အစ်မကြီး ဝိသာခါ လည်း ၊ ဘာသာခြား ဒိဋ္ဌိ ကို ယူခဲ့တာပါကွယ် ။

အဘ တို့ရဲ့ ဗုဒ္ဓ မြတ်စွာက ” မျိုးစောင့် ဥပဒေ ” ကြီးနှင့် မတားခဲ့ရှာပါဘူး ။

 

ရ – ၂ ။

ဒုတိယ စဉ်းစားကြစေလိုတာက တော့ ၊

အဘ ရှေ့ Post တွေမှာ ရေးခဲ့တဲ့ ၊

 

” အင် ၊ ကိုရင်တို့ မြန်မာ နိုင်ငံသားတွေ ပဲ ၊

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

လိုချင်တယ်ဆို ၊ အလေးထားတယ်ဆို ၊ လိုက်နာချင်တယ်ဆို ။

 

ကိုရင် တို့က ၊ ကိုယ် သာ တဲ့ ဟာတွေကိုတော့ ယူချင်ပြီး ၊

ကိုယ် နာ မယ့်ဟာတွေကိုတော့ မလိုချင်ကြဘူးပေါ့ ။

 

ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် တရားမျှတမှု ကို ၊

ယောက်ျားလေး အတွက်ဆို တစ်မျိုး ၊ မိန်းကလေး အတွက်ဆို တစ်မျိုး ၊

မြန်မာ အတွက်ဆို တစ်မျိုး ၊ ဘင်္ဂါလီ အတွက်ဆို တစ်မျိုး ၊

ဗုဒ္ဓ ဘာသာ အတွက်ဆို တစ်မျိုး ၊ မွတ်ဆလင် ဘာသာ အတွက်ဆို တစ်မျိုး ၊

အဲလို အဓိပ္ပါယ် ဖွင့်ဆို ၊ လိုရာ ဆွဲလို့ မရဘူးလေ ။

အဲဒါ တရားမျှတမှု မှ မဟုတ်တာ ။

 

ပြတ်ပြတ်သားသား ပြောချင်ရင်လည်း ၊ ပြောထည့်လိုက်စမ်းပါ ။

ကျနော် ( လူလူချင်း တန်းတူ အခွင့်အရေးပေးတဲ့ ) ၊

လူ့ အခွင့်အရေး စံနစ် ကို မ ကြိုက်ပါဘူး လို့ ။

 

ဒါမှ မဟုတ်လည်း ၊ တစ်မျိုး ပြောင်းပြောချည် ၊

မိန်းမ ဆိုတာ လူ မဟုတ်တဲ့ အတွက် / စံ မမှီတဲ့ အတွက် ၊

လူ့ အခွင့်အရေး / တန်းတူ အခွင့်အရေး ပေးရန် မလို လို့ ။ “

 

လူ့ အခွင့်အရေး ကိုယ် သာတဲ့အပိုင်းလေးပဲ ကွက်ယူကြတော့မလို့လား ။

 

“ သံဃာမှိုင်း တိုက်ခံနေရတာ ကြာပါပြီ ။ သံဃာ ဖြစ်တိုင်း ဝေဖန်ခွင့် မရှိဘူးလို့ ဖြစ်လာရုံတင်မက ၊

အမျိုးသမီးတွေကိုပါ ဖိနှိပ်ချုပ်ချယ်လာသည်အထိ လုပ်လာတာကို ၊ အန်တီ တို့ လုံးဝ လက်မခံနိုင်ဘူး “

( ဒေါ်ရွှေဇီးကွက် )

 

ဒီလို ဥပဒေတွေသာ ပြဋ္ဌာန်းဖြစ်ခဲ့ရင် ၊ နောင်လာ နောင်သား တူ သား တွေကို ၊

အဘ တို့ ဗုဒ္ဓ ဘာသာ ဟာ တရားမျှတ မွန်မြတ်ပါတယ်လို့ ၊ ဘယ်လို ပြောနိုင်တော့မှာလည်း ။

 

အခု ကျနော် ပြောနေတာတွေ ကလည်း ၊ ကုလား ကို ကာကွယ် Lobby လုပ်နေတာ မဟုတ်ပါဘူး ။

၁ ။ မြန်မာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပြီး ပြောပေးနေတာပါ ။

၂ ။ ကမ႓ာ့ အလည်မှာ မတရား ခွဲခြားမှု ပြုတဲ့ ဗုဒ္ဓ ဘာသာ ဆိုပြီး ၊

အရှက်ကွဲရမယ့် ဗုဒ္ဓ ဘာသာ နှင့် ဗုဒ္ဓ ဘာသာဝင် အစစ်တွေ အစား ပြောပေးနေတာပါ ။

 

မတရား တဲ့ လူသားမဆန်တဲ့ ဥပဒေတွေ ကို ဗုဒ္ဓဘာသာ ဆိုတဲ့ နာမည်ကြီးနှင့် ထုတ်လိုက်မှတော့ ၊

ကမ႓ာမှာ ၊ နူးညံ့ သိမ်မွေ့ မျှတ တယ်ဆိုပြီး  ဂုဏ် သိက္ခာ ကျော်ကြားနေတဲ့ ၊

အဘ တို့ရဲ့ ဗုဒ္ဓ ဘာသာ ဟာ အမည်းစက် စွန်းထင်းပြီး ၊ အရှက် လုံးလုံး ကွဲရပြီပေါ့ဗျာ ။

 

ရ – ၃ ။

တတိယ စဉ်းစားကြစေလိုတာက တော့ ၊

အခု ဖြစ်နေတဲ့ ပုံစံ က ၊ အယာတိုလာ ကြီး ကို ၊ မကြိုက်ဘူး မကြိုက်ဘူး ဆိုပြီး ။

အယာတိုလာ ကြီး ရဲ့ နည်းလမ်းတွေကိုပဲ ပုံတူ ကူးချပြီး လိုက်လျှောက်နေကြတယ် ။

 

ဗုဒ္ဓ နည်းကျ သွားကြပါကွယ် ။ ဗုဒ္ဓ နည်း က အယာတိုလာ ကြီး ရဲ့ နည်း ထက် မညံ့ပါဘူး ။

ဗုဒ္ဓ နည်း ကို မယုံကြတော့ဘူးလား ။ ဗုဒ္ဓ နည်း ကို အားမကိုးကြတော့ဘူးလား ။

 

ပါမောက္ခချုပ်ဆရာတော်ကြီး ဟောခဲ့တဲ့ ၊

” သူတော်ကောင်းဆိုတာ သူတော်မှ ကိုယ်ကောင်းတာ မဟုတ်ပဲ၊

သူတော်တော် မတော်တော် ကိုယ်က ကောင်းအောင် နေမှ ၊ သူတော်ကောင်းလို့ ဆိုပါတယ် “

 

အဲဒီလိုပါပဲ ၊ အယာတိုလာ ကြီး ရဲ့ နည်းတွေ မ ကြိုက် / မ တော် / မ ကောင်း ဘူး ( ထားပါတော့ ) ၊

သူ မ ကောင်းဘူး ဆိုပေမယ့် ၊ ကိုယ်က ကောင်းအောင် နေမှ ကိုယ် သူတော်ကောင်း ဖြစ်မှာလေ ။

ကိုယ် က သူ့ရဲ့ မ တော်  မ ကောင်းဘူး ဆိုတဲ့ နည်းလမ်းတွေ ကို လိုက်လုပ် နေရင်တော့ ။

 

ရ – ၄ ။

စတုထ္ထ စဉ်းစားကြစေလိုတာက တော့ ၊

အခု လဲ အသံတွေ ကြားနေရတယ် ။

အခုကိစ္စမှာ ၊ တကယ့် အစစ်အမှန် ဗုဒ္ဓ ဘာသာဝင်တွေ ကိုယ်နှိုက်က ၊

ကိုယ့်ရဲ ဗုဒ္ဓ ဘာသာ သံဃာတော်တွေကို ပြန်လှန် ဝေဖန် ဆန့်ကျင်နေကြလို့ ၊

ဗုဒ္ဓ ဘာသာ သံဃာတော်တွေ ဘက်က အံ့ဩပြီး ( အံ့ဩပြီး ) ၊
မချိတင်ကဲ ( မချိတင်ကဲ ) ဖြစ်ရတဲ့ အကြောင်း ။

 

မှန်တာပြောရရင် ၊ အဘ တို့လို လူ့အခွင့်အရေး သမားတွေဟာ ၊

ဘုန်းကြီး ဝီရသူ ရဲ့ စကားတွေကို အစကတည်းက သိပ် မ ကြိုက်လှဘူး ။

 

ဒါပေမယ့် ၊ ကိုယ်တွေကလဲ ဗုဒ္ဓ ဘာသာ ဖြစ်နေတော့ ၊

ကိုယ့် ဗုဒ္ဓ ဘာသာ အချင်းချင်း ဖိ မထောင်းချင်လို့ မကွဲချင်လို့ ရှောင်နေကြတာ ။

 

အခု စ ဖြစ်တာ က ၊ အမေစု က ဘယ်သူ့ကိုမှ လိုက်တိုက်ခိုက် မ နေပါဘူး ။

” ဒါ လူ့အခွင့်အရေး နှင့် ညီတယ် ၊ ဒါ လူ့အခွင့်အရေး နှင့် မညီဘူး ” ဒါလေးပဲပြောတာ ။

 

အဲဒါကို ၊ ဘုန်းကြီး ဝီရသူ က ၊

” ဒေါ်စု က ဘာဖြစ်တယ် ညာဖြစ်တယ် ” ” မွတ်ဒေါင်း ” ဆိုပြီး ၊

ဗလိုင်းကြီး တရားပွဲတွေမှာ လိုက်ဟောနေတာ ။

 

အခု ၊ မရှိစုမဲ့ ရှိစုမဲ့ ၊ ထေရ ဝါဒ ဗုဒ္ဓ ဘာသာဝင်တွေ မညီညွတ်ပဲ ၂ ပိုင်း ကွဲရင် ၊

အဲဒါ ၊ ဘုန်းကြီး ဝီရသူ ( သမိုင်း ရဲ့ ) တရားခံပဲ ။

 

၈ ။

ကျနော် အဓိက ထောက်ပြချင်တာ ၊ ဒုတိယ အချက်ပါ ။

 

” People converting to other religion is the reflection of failure of the Buddhist leaders. “

” ဗုဒ္ဓ ဘာသာဝင်တွေ ဘာသာပြောင်းကြတယ်ဆိုရင် ၊

အဲဒါ ဗုဒ္ဓ ဘာသာ ခေါင်းဆောင်တွေ (သံဃာ  ) ရဲ့ အားနည်းချက် ကြောင့်ပါပဲ ” တဲ့ ။

 

ကို လူ ဟား ရဲ့ ” ချစ်သော မြန်မာဗုဒ္ဓဘာသာ ဘယ်လဲ ? ” Post ထဲမှာ ရေးထားသလိုပဲ ၊

” သမိုင်းကို အစွဲမပါပဲ ပြန်ငှဲ့ကြည့်ကြပါ ဗုဒ္ဓဘာသာဟာ တိုးပွားလာတာထက်

လျှော့ပါးသွားတာကို မိတ်ဆွေတို့ ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ “

 

ကျနော်များရဲ့ ဗုဒ္ဓဘာသာ ( အထူးသဖြင့် ထေရဝါဒ ) ဟာ ၊

တဖြေးဖြေး ကိုးကွယ်သူ လျော့နည်းလာနေတဲ့ ဘာသာရေး တစ်ခုပါ ။

အဲဒီလို တဖြေးဖြေး ကိုးကွယ်သူ လျော့နည်းလာနေလို့လဲ ပြဿနာ ဖြစ်လာတာပါ ။

 

ဟုတ်ပြီ ၊ အဲဒါဆိုရင် အားနည်းချက် တစ်ခုခုတော့ ရှိနေပါပြီ ။

ဘုရား ၊ တရား ၊ သံဃာ ၊ ဗုဒ္ဓဘာသာဝင် ။ ဘယ်နေရာမှာ အားနည်း နေလည်း ။

 

အပေါ်မှာ ကျနော် ပြောခဲ့သလိုပါပဲ ၊

ဗုဒ္ဓ မြတ်စွာ နှင့် သူ့ တရားတော် တွေမှာတော့ အားနည်းတယ် မထင်မိပါဘူး ။

ဖြစ်ချင်းဖြစ် သံဃာ နှင့် ဗုဒ္ဓဘာသာဝင်တွေဖက်ကဘဲ အားနည်းတာ ဖြစ်ဖို့များပါတယ် ။

 

တဲ့တိုး ပြောရရင်တော့ ( ခေါင်းဆောင် ဖြစ်မှတော့ တာဝန်ခံရတော့မှာပဲ ) ၊

ဘာသာရေး ခေါင်းဆောင် ဖြစ်တဲ့ သံဃာထု ဖက်မှာ အားနည်းနေတယ်လို့ ထင်ပါတယ် ။

လွယ်လွယ် ကြည့်လိုက်ရင်ကို ၊ အောက်က ၃ ချက်က ထင်ရှားနေပါတယ် ။

 

၁ ။ မသန့်စင်နိုင်သေးလို့ အုတ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့ သံဃာထု ။

၂ ။ အဲဒီလို မသန့်စင်နိုင်သေးလို့ ဗုဒ္ဓဘာသာဝင်ထုကြီးရဲ့ ကြည်ညိုမှု နှင့် သဒ္ဒါကို ကျစေပါတယ် ။

၃ ။ ခရစ်ယာန်တွေ ၊ မွတ်ဆလင်တွေ လို အပါတ်စဉ် နွေးထွေး စည်းလုံးတဲ့ တွေ့ဆုံမှု တွေကို ၊

မတည်ဆောက်နိုင်ပါဘူး ။

 

ဒီနေရာမှာ မရဲတရဲ အဘ ထောက်ပြချင်တာကတော့ ၊

( အဘ ရဲ့ ပုဂ္ဂလိက အမြင်ပါ ၊ ကွဲလွဲနိုင်ပါတယ် )

 

( ကိုယ့်ရဲ့ ) ကိုးကွယ်ရာ ဘာသာတရား တစ်ခုကို ၊

သက်ဝင်ယုံကြည်သူတွေ / ခေါင်းဆောင်တွေ ရဲ့အားနည်းချက် ကြောင့် မှေးမှိန်လာတာကို ၊

သူများတွေကို လက်ညိုးထိုး တရားခံ ရှာမနေပါနှင့်တော့ ။

 

သူများကိုပဲ အပြစ်တင်နေမယ့် အစား ၊ အချင်းချင်းလဲ သွေးကွဲစေမယ့် အစား ၊

၁ ။ ကိုယ့် ဗုဒ္ဓဘာသာဝင် အားလုံး ကို ၊ အရင် စည်းလုံး နွေးထွေးအောင် လုပ်ပြီး ၊

၂ ။ ဗုဒ္ဓဘာသာဝင် တစ်ဦးချင်းစီရဲ့ နှလုံးသားမှာ ဘုရား ခိုင်ခိုင်မာမာ တည်နိုင်အောင် ၊

အရင် ဦးစားပေး လုပ်စေချင်ပါတယ် ။

 

တော်သေးပြီ ။

 

မြို့ မေတ္တာ အပြည့်အဝ ခံယူမယ့် ၊

 

အဘ ဖေါ ( F R ) ။

 

အပို အနေနှင့် ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း လေး ဖြည့်ပေးလိုက်တယ် ။

 

The Universal Declaration of Human Rights

 

Article 16.

 

(1) Men and women of full age, without any limitation due to

race, nationality or religion, have the right to marry and to found a family.

They are entitled to equal rights as to marriage, during marriage and at its dissolution.

(2) Marriage shall be entered into only with the free

and full consent of the intending spouses.

(3) The family is the natural and fundamental group unit of society and

is entitled to protection by society and the State.

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း ။ အပိုဒ် ၁၆ ။

 

( ၁ ) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်၎င်း၊

နိုင်ငံသားအဖြစ်ကိုသော်၎င်း၊ ကိုးကွယ်သည့်ဘာသာကိုသော်၎င်း၊ အကြောင်းပြု၍

ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။

အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်၎င်း၊

အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌၎င်း၊

လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။

 

( ၂ ) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။

 

( ၃ ) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။

ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

 

Article 18.

 

Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

 

ကုလ သမဂ္ဂ လူ့အခွင့်အရေး ကြေငြာစာတမ်း ။ အပိုဒ် ၁၈ ။

 

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့်

လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့် ရှိသည်။

 

အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို

လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ ၊

အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်၎င်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်၎င်း၊

မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို ၊

လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

 

http://www.un.org/en/documents/udhr/

 

123 comments

  • အရီးခင်လတ်

    June 20, 2013 at 6:34 pm

    ဒီတစ်ခါ ဒီ အဘ နဲ့ သဘောထားအားလုံးတိုက်ဆိုင် သမို့ မဆဲပါဘူး။
    တော်သဟေ့ လို့ ပခုံးပုတ် လိုက်ရုံပါဘဲ။ 😉

    ဟိုဘက် မိုချို့ Post မှာ ပြောခဲ့တာလေးတော့ ထပ်ပြောပါတယ်။
    ကျွန်မ ဘယ်သူ့ ကိုမှ မဆဲရေးပါဘူး။
    ဒါပေမဲ့ ဒီဘုန်းကြီး မဟုတ်တာ ပြောနေ လုပ်နေ တာတွေကို
    ဗုဒ္ဓဘာသာ ဝင်တိုင်း စည်းလုံး မှု ရဖို့ လိုက် လုပ် ရမယ် ဆိုရင်တော့
    ကျွန်မ ကိုယ့်ဟာကိုယ် အေးသီးရစ် (ဘာသာမဲ့) လို့ ဘဲ နာမည်ခံပါမယ်။
    အတ္တတွေ များလွန်းတဲ့ ဘာသာဝင် တော့ မဖြစ်ချင်ပါဘူး။

  • ကြက်အူလှည့်

    June 20, 2013 at 6:43 pm

    ချစ်တိုင်းလဲ မညားးးးစကားကိုသာ တီးတိုးရေရွတ်မိတာ. ကိုယ့်နှလုံးသားအသည်းတနေရာ
    ဝီ ပေးတဲ့ ဒဏ်ရာများးး.
    အိုးးးးး အချစ်.

    :mrgreen:

  • ဖွဘုတ်မှာ မန့်ထားတာကို ပြန်ရေးလိုက်ပါတယ်…

    …………………

    မျိုးစောင့်တယ်ဆိုတာ ဥပဒေဆွဲမှ စောင့်ရတာမဟုတ်ပါဘူး…ကိုယ်ပိုင်အသိရယ်..ကိုယ့်အမျိုးကို ချစ်တတ်ခြင်းရယ်…ကိုယ့်ဘာသာကို ယုံကြည်သက်ဝင်ခြင်းရယ်နဲ့ပဲ ဆိုင်ပါတယ်… တကယ်တော့ ဘာသာမတူရင် မယူရဘူးဆိုတာ မြန်မာဥပဒေမှာ ရှိပြီးသားပါ..အသက်မဝင်တော့တာ (ပြန်ရှာလိုက်ဦးမယ်)..ဆိုတော့ ဘုန်းဘုန်းတွေအနေနဲ့ မျိုးစောင့်ဥပဒေဆိုတာ လုပ်မယ့်အစား ဗုဒ္ဓရဲ့ တရားတော်တွေကို ဗုဒ္ဓဘာသာဝင်အားလုံးက လေးစားလိုက်နာတတ်အောင်… တရားတော်ရဲ့ အနှစ်သာရကိုသိအောင်… ဗုဒ္ဓဘာသာကို တကယ်လေးနက်ယုံကြည်ပြီး အသက်နဲ့လဲပြီး ကာကွယ်တတ်အောင်…မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသပါမကျန်..တစ်နီုင်ငံလုံးကို သာသနာပြုသင့်ပါတယ်လို့……

    ………………….

    ထပ်ဖြည့်ပြီး ပြောရရင်တော့ လုံမတို့လည်း ဘာသာရေးနဲ့ ပတ်သက်လာရင် မူကြိုအဆင့်ပဲ ရှိပါသေးတယ်..ဒါပေမယ့်.. အခု ကိုယ့်မှာ ရှိတဲ့ အသိလေးနဲ့… ကိုယ်ဉာဏ်မီသလောက်လေးနဲ့ လေ့လာကြည့်တဲ့အခါမှာ…ဗုဒ္ဓတရားတော်တွေကို တကယ်ပဲ ယုံကြည်သက်ဝင်မိပါတယ်… အခုချိန်မှာ လည်ပင်းဓားထောက်ပြီး ဘာသာပြောင်းမလားမေးရင် အသက်ပဲ အသေခံလိုက်ပါမယ်..လို့ ဆုံးဖြတ်ထားပါတယ်.. အသက်နဲ့တောင် ရင်းဖို့ ဆုံးဖြတ်ထားတဲ့အတွက် နှလုံးသားရေးရာဆိုတာ မပြောပြလောက်တော့ပါဘူး.. သေအောင်ချစ်နေပေ့စေ..ဘာသာခြားနဲ့ လုံးဝ အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး… (ဟိ.. ကိုယ်တိုင်ကလည်း မစွံပါဘူးလေ..) … မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေက ရှိပြီးသားပါ.. အသက်မဝင်တာရယ်..မသိကြတာရယပါ..ပြန်ရှာလာခဲ့ပါမယ်….ဆိုတော့. အဓိက လုပ်ရမှာက ချစ်တာတစ်ခုတည်းကြောင့်… ပိုက်ဆံမျက်နှာတစ်ခုတည်းကြောင့် ဘယ်သူမှ ကိုယ့်ဘာသာကို မစွန့်လွှတ်အောင် ယုံကြည်မှုတည်ဆောက်ခြင်းသာ အဓိကလို့ ထင်ပါတယ်…

    • kai

      June 20, 2013 at 11:22 pm

      အသက်နဲ့တောင် ရင်းဖို့ ဆုံးဖြတ်ထားတဲ့အတွက် နှလုံးသားရေးရာဆိုတာ မပြောပြလောက်တော့ပါဘူး.. သေအောင်ချစ်နေပေ့စေ..ဘာသာခြားနဲ့ လုံးဝ အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး…

      ဂေါတမဗုဒ္ဓသက်တော်ထင်ရှားရှိချိန်(လွန်ခဲ့တဲ့အနှစ်၂၆၀ဝလောက်က) လူတွေသာအဲလိုတွေးရင်.. ဗုဒ္ဓဘာသာဝင်ဆိုတာတောင်.. ကမ္ဘာမှာရှိမှာမဟုတ်..

      :mrgreen: သာဓု…

      • e tone

        June 21, 2013 at 3:51 pm

        အိုကွီ … မည်းမည်းရီးယဲ ချိမှာဗြဲ .. တဲတဲရီးယဲ ချိမှာဗြဲ …. ။
        နေတတ်လျှင် ကျေနပ်ဇယာရီးကွီ … ခွိ ခွိ ……..

        (နောက်တာပါ မွန်မွန်ရေ … ) :mrgreen:

  • မောင် ပေ

    June 20, 2013 at 7:02 pm

    ““ ဒ ရှိ … ဒ ရှိ ””
    အို ဘာတဲ့…
    ““ ဒ ရှိ … ဒ ရှိ ””
    အဲဒီ့စကားလဲ
    အခုတလော
    facebook မှာ ခေတ်စားနေတာကလား

  • ဦးဦးပါလေရာ

    June 20, 2013 at 7:21 pm

    နောက်မှ ကွန်ပျူတာနဲ့ ဇစထပ်လာခဲ့ဦးမယ်။ အခု ဖုန်းနဲ့မို့ နဲနဲပြောနှင့်ရရင် ကျုပ်ဟာ လက်ရှိဘုန်းကြီးအများစုထက် ထေရဝါဒဗုဒ်ဓဘာသာဝင်ပိုစစ်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဒါကြောင့် တစ်ခုခုကိုတိုင်းတာရင် ဘုန်းကြီးစကားနဲ့တော့ မတိုင်းဘူး။ ဘုရားစကားနဲ့ပဲတိုင်းတာမှာဖြစ်တယ်။

    ဘုရားက ဘာပြော
    ထားသလဲဆိုတာလေး သတိရရင် ဒီကိစအဖြေထွက်ပါတယ်။

    • Foreign Resident

      June 21, 2013 at 4:31 pm

      ဦးဦးပါလေရာ says:
      ” ကျုပ်ဟာ လက်ရှိဘုန်းကြီး အများစုထက်
      ထေရဝါဒ ဗုဒ္ဓဘာသာဝင် ပိုစစ်တယ်လို့
      ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ”

      ဦးဦးပါလေရာ ရဲ့ ၊
      ( ပညာရည်ပြည့်ဝတဲ့သူတွေမှာသာရှိနိုင်တဲ့ ) သတ္တိ ကို လေးစားပါတယ် ။

  • TNA

    June 20, 2013 at 7:41 pm

    ကွက်တိကိုသဘောထားတိုက်ဆိုင်ပါတယ်အဘရေ။ ပြောချင်နေတာကြာပါပြီ။ အဘလိုစီကာစဉ်ကာ မပြော တတ်လို့။ ကျွန်မလဲပြောချင်နေတာ။ အဲဒီ မျိုးစောင့်ဥပဒေဆိုတာကြီးကို။ ဘယ့်နှယ့်။ အဲဒီ မျိုးစောင့်ဥပဒေ ဆိုတာ ကျွန်မသိသလောက် အစ်စလန်အစွန်းရောက်တွေထွင်ထားတဲ့ ဥပဒေမှတ်တာပဲ။ ဒါတောင် အစွန်းရောက်တွေပဲ တင်းကျပ်ထားတာမဟုတ်လား။ ဘာသာခြားမပြောနဲ့ စွန်နီနဲ့ရှိယိုက် ( အသံထွက် အတိကျတော့ မသိလို့ ) တောင်မယူရဘူးပဲလေ။ အဲဒါကို အဲဒီဘာသာကိုဆန့်ကျင်ပါ တယ်ဆိုတဲ့ ဘုန်းကြီးတွေက လိုက်တုတယ်။ မိန်းမယောင်္ကျားတန်းတူရှိတဲ့ နိုင်ငံမှာ မိန်းမတွေကိုဖိနှိပ် ဖို့ကြိုးစားတယ်ဆို ကတဲက မွတ်ဆလင်ဘာသာ ဝင်တွေရဲ့လမ်းစဉ်ကို နှစ်သက်နေသ လိုဖြစ်နေမှာမသိကြ ဘူးလား မသိဘူး အဘရေ။
    နောက်တခုက ဘုန်းကြီးဆိုတာ လောကီကို စိတ်ဖြတ်လို့ လောကုတ္တရာလုပ်ဖို့ ပရိယတ် ပရိပတ် လုပ်ဖို့ သင်္ကန်းစီးကြတာကို လောကီပြသနာတွေ မှာဘာလို့ဝင်ဝင်ပါနေလဲမသိဘူး။ အဘပြောသလိုပဲ ဘုရားရှင်ဟာ ဘာကိုမှမတားမြစ်ခဲ့ပါဘူး။ ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်လုပ်တာကိုယ်ခံဆိုတဲ့ တရားကိုပဲလက်ကိုင်ထားခဲ့တာပါ။ အဲဒါကို ဘုရားနဲ့ဆန့်ကျင်သွေဖယ်ပြီး ချုပ်ကိုင်ချင်နေတာကို လဲနားမလည်နိုင်ပါဘူး။ ဘုန်းကြီးရဟန်းဆိုတာ ဘုရားရဲ့တရားတော်တွေကိုပြန့်ပွားအောင်လုပ်ရမဲ့ဟာကို မလုပ်ကြပဲ ဖျက်စီးနေကြတယ်လို့မြင်မိပါတယ်။ လူဝတ်နဲ့ဆိုရင် ဘယ်သူမှဂရုစိုက်မှာမဟုတ်လို့ ဘုန်းကြီးဝတ်ပြီး အာဏာလိုချင်နေပုံရတယ်။ ဘာသာခြားမယူရဘူးဆိုရင် နိုင်ငံခြားမှာ အမေရိကန် အင်္ဂလိပ် တခြားနိုင်ငံသားတွေနဲ့လက်ထပ်တာတွေကောအကြုံးဝင်သတဲ့လား။ မဖြစ်နိုင်တာ။ စိတ်ကူးယဉ်နေတာ။
    ဗုဒ္ဓဘာသာကိုကယ်တင်ချင်တယ်။ အဓွန့်ရှည်ချင်တယ်။ ပြန့်ပွားချင်တယ်ဆိုရင် ဘုရားတရားတော်နဲ့ အညီ ဝိနည်းနဲ့အညီကျင့်ကြံနေထိုင်ရမှာဘုန်းကြီးတွေအလုပ်ပါ။ အဲဒါကြောင့်လဲ ဘုရားရှင်လက်ထက် ကဘုန်းကြီးတွေကို တောထဲသွားနေခိုင်းတာဒါတွေကြောင့်ဖြစ်မယ်ထင်တယ်နော်အဘ။

  • KZ

    June 20, 2013 at 9:16 pm

    ငရဲ သား
    12 minutes ago ·
    အမျိုးချစ်တယ်ဆိုသူများ မျိုးစောင့်ဥဒေကို ထောက်ခံသူများ ..။

    ယခင်ကတည်းက ပြဌာန်းထားပြီး အသိပညာနည်းပါးမှု၊ အဂတိတရားမေားအောက်မှာ ချောင်ထိုးခံထားရတဲ့ ..

    ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှု အက်ဥပဒေ ဆိုတာကြီးကိုကော သိကြပါသလား ..။

    အဲဒီစာအုပ်ထဲက ..
    စိရင်ထုံးများ ဆိုတဲ့ စာအုပ်ကို သေချာလေ့လာပြီးမှ ပြော ဟုတ်လား ..

    အဲဒီဥပဒေရှိရဲ့သားနဲ့ ဘာ့ကြောင့် မစိုးမိုးသလဲ ..။ ၁၉၈၂ နိုင်ငံသား ဥပဒေ ရှိရဲ့သားနဲ့ ကုလား ဘာ့ကြောင့် ဝင်လာမဆဲ တသဲသဲ ဖြစ်နေသလဲ ဆိုတာကို လေ့လာကြည့်ရင် တရားဥပဒေ စိုးမိုးမှုက အဓိကပဲ ..။ ခဏခဏလည်းပြောခဲ့ပြီးပြီ ..။ ရေးလည်းရေးခဲ့ပြီးပြီ ..။ ဒီစာအုပ်ကို ဖတ်ကြည့်ကြ ..။

    ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှု အက်ဥပဒေ နှင့် စိရင်ထုံးများ

    http://www.mediafire.com/download/dbooo2rb1njn48e/1954.3.pdf

    ဥပဒေဆိုတာ တင်းကြပ်လေ .. အဂတိသမားတွေအတွက် တောင်းလို့ကောင်းလေ ဆိုတာ ၁၉၈၂ ဥပဒေကြီးအောက်မှာ ဝင်လာမစဲ တသဲသဲ ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်ရသွားတဲ့ ကုလားတွေက .. သက်သေပဲ…။

    ဘဘတွေနဲ့တောင် .. ပါတနာ ဖြစ်နေသေး ..။

    တကယ်တမ်း မျိုးစောင့် ဥပေဒ ထွက်ရင် အစိုးရနဲ့ ပါတနာဖြစ်နေတဲ့ ကုလားခရိုနီတွေဆီက တော်တော် တောင်းလို့ကောင်းမယ့် သဘောရှိတယ်…။
    ခု၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေဆက်ခံမှု အက်ဥပဒေ ဒီလောက် ခိုင်မာတာတောင် မသိနားမလည်တဲ့အပေါ် အခွင့်ကောင်းယူတာတွေ၊ ဗုဒ္ဒဘာသာဝင် ဆိုင်ရာ တရားသူကြီး၊ ရှေ့နေနဲ့ ဒေသအာဏာပိုင်တွေကို ရေပေးပြီး မသိချင်ယောင်ဆောင်းခိုင်းတာတွေ များလို့ ဒီအခြေအနေအထိ ရောက်လာတာ ..။

    ဗိုလ်ချုပ် မောင်ဦးတို့ … ကိုယ်တွေ့ပေါ့..။ ၁၉၈၂ နိုင်ငံသားဥပဒေ ရှိရဲ့သားနဲ့ မျက်ကွယ်ပြုလိုက်တာ ဘယ်လောက် ထောသွားသလဲ..။

    ဦးဝီရသူကတော့ အဲဒါကို အမိန့်မရလို့ ဟောမယ်မထင်ဘူး ..။

    ရှိတဲ့ ဥပဒေတွေကို တကယ် စိုးမိုးအောင် အရင်ကြိုးစားကြပေါ့ဗျား ..။

    ဥပဒေ (၁၀၀) ထုတ်လဲ မစိုးမိုးရင် ..စက္ကူစုတ် .. သာသာပါပဲ ..။
    Credit to ငရဲသား

  • အလင်း ဆက်

    June 20, 2013 at 10:00 pm

    ဘာသာရေး နဲ ့ပက်သက်ရင်..
    ဘာ မှ မသိလို ့..ဘာမှ ဝင်မပြောတတ်ပါဘူး ။

    ဒါကြောင့်…
    ဖတ်မှတ် လေ့လာသွား ရုံ သက်သက်….သာ…..

    • kai

      June 20, 2013 at 10:54 pm

      အာရှသမိုင်းဝင်သွားပြီဖြစ်ကြောင်း…
      သာဓု.. :mrgreen:

      ဗုဒ္ဓဘာသာ ရဟန်းအချင်းချင်း.. အယူမတူလို့.. ဝိုင်းအနိုင်ကျင့်ပြီး အစိုးရကပါအလိုတူအလိုပါလုပ် မိုးပြာဘုန်းကြီးတွေ ဖမ်းထောင်ချထားတွေတွေ.. ပြောပေးလိုက်ဦးမှ… :mrgreen:
      ဒါများ.. ဗုဒ္ဓဘာသာဝင်တွေအများစုနေတဲ့တိုင်းပြည်ဆိုသတဲ့..
      ကွိ…

      • အရီးခင်လတ်

        June 21, 2013 at 1:44 am

        ဒါကို ဝေဖန်မဲ့ International Comment တွေ ကို ပိုပြီး စိတ်ဝင်စားတယ်။

        • kai

          June 21, 2013 at 2:34 am

          ရုံးကအတူတူအလုပ်လုပ်နေတဲ့.. အမေရိကန်ဝန်ထမ်းတယောက် ပြကြည့်တာ… ဗုဒ္ဓဘာသာကတောင်သည်းမခံနိုင်တော့ဘူးတဲ့..။
          ..မှတ်ကရော..။ မှတ်ထား.. :mrgreen:

      • Foreign Resident

        June 21, 2013 at 4:18 am

        ” ဗုဒ္ဓဘာသာ အကြမ်းဖက်မှု ရဲ့ ပုံရိပ်လွှာ ” တဲ့ ။

        သွားရော ၊ ဒီ ဘုန်းကြီး ဝီရသူ လက်ထက်ကျမှပဲ ၊
        ကမ႓ာမှာ အေးချမ်း တရားမျှတတယ်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ၊
        ငါတို့ရဲ့ ဗုဒ္ဓ ဘာသာလည်း ၊ သောက်ရှက်ကို ဗြန်းဗြန်း ကွဲပါပေါ့လား ။

        ငါ့ ဗုဒ္ဓ ဘာသာဝင် သက်တမ်း တစ်လျှောက်မှာ ၊
        ဗုဒ္ဓ ဘာသာဝင် ဖြစ်လို့ အရှက်ရတာ ဒီတစ်ခါ ပထမဆုံးပဲ ။

        နိုင်ငံတကာ သတင်း ဋ္ဌာနတွေက အင်တာဗျူး လာတိုင်း ၊
        ငါတော့ ဟုတ်လှပြီ ဆိုတဲ့ ပုံ နှင့် ၊ ပြုံးပြုံး ပြုံးပြုံး နှင့် အဗျူးခံနေ ၊
        ဟို က ၊ သူ့ ကို ဗျူးသွားတဲ့ သတင်း ဋ္ဌာနတိုင်းက ၊
        အကြမ်းဖက်မှုကို လှုံ့ဆော်သူ လို့ ရေးနေတာ ကိုတော့ မသိဘူး ။
        တကယ့်ကို ၊ စိတ်လေရပါတယ် ၊ ဘုန်းဘုန်း ရယ် ။

        • Foreign Resident

          June 21, 2013 at 5:45 am

          ဒီအတိုင်း ဆက်ကြိုးစားရင် မကြာခင်မှာ Man Of The Year ပါရမယ် ။
          နောက်ဆို ဘင်လာဒင် ကိုပါ ကျော်နိုင်လိမ့်မယ် ။ ကြိုးစား ၊ ကြိုးစား ။

        • Foreign Resident

          June 21, 2013 at 5:51 am

          ” နိုင်ငံခြား သတင်းထောက်တွေလာရင် တား သိပ်ပျော်တာပဲ မယ်မယ်
          ဒါပေမယ့် သူတို့ ပြန်တွားရင် တား ဖွာထွက်သွားတာ ခဏ ခဏပဲ မယ်မယ်
          အခုလည်း TIME ကဗျင်းလိုက်တာ ဆီတောင်မသုံးဘူး မယ်မယ် — ”

          Said တကျော့ပြန် ဟန်းဒရစ်

        • Foreign Resident

          June 21, 2013 at 5:55 am

          စိတ်မကောင်းတာက
          အခုပါလာတဲ့မျက်နှာဖုံးရှင်ပုံကြောင့် မဟုတ်ပါ…၊
          Buddhist ဆိုတဲ့စာတမ်းမှာ Terror ဆိုတဲ့စာတမ်းတွဲပါနေလို့ပါ
          တစ်သက်လုံး မတွေ့ဘူးတဲ့ စာသားပါ..

          ဘယ်နိုင်ငံရဲ့ ဗုဒ္ဓဘာသာရဟန်းတော်ကိုမှ
          Terror ဆိုတဲ့စာသားနဲ့ဖေါ်ပြတာမတွေ့ရပါဘူး..၊
          ဘာသာသာသနာအတွက်..၊
          ရင်လေးမိပါတယ်..

          Said Pa Yit

    • ဝင့်ပြုံးမြင့်

      June 20, 2013 at 11:22 pm

      လင့်ခ်အတွက် ကျေးဇူးပါ ဆြာဂီရေ။

  • ခင် ခ

    June 20, 2013 at 10:28 pm

    ဗုဒ္ဓမြတ်စွာဘုရားကမြန်မာလူမျိုးမဟုတ်ဘူးနော်။
    ဒါပေမယ် မြန်မာအများစုက ဗုဒ္ဓမြတ်စွာဘုရားနဲ့ ဗုဒ္ဓတရားတော်ကို ယုံကြည်ကိုးကွယ်ကြတာ လူမျိုးကြောင့်မဟုတ်ပါဘူး။ အဓိကမြတ်စွာဘုရားရဲ့ တရားအနှစ်သာရနဲ့ သက်ဝင်ယုံကြည်မှု့ ကြောင့်ပါ။
    ပြီးတော့မြန်မာလူမျိုးတစ်စုတည်း ဗုဒ္ဓဘာသာကို လက်ခံကိုးကွယ်နေကြတာလဲမဟုတ်ပါဘူး။ အဲဒီတော့ ဗုဒ္ဓဘာသာကို လူမျိုးစုအတွက်ကာကွယ်ဆောင်ရွက်ခြင်းထက် လူများစုလက်ခံ ကြည်ညိုသဒ္ဒါပွားနိုင်အောင် ဆောင်ရွက်တော်မူကြသော ဘုန်းတော်ကြီးတွေ သံဃာတွေသာ များစွာပေါ်ထွန်းရင် ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ထွန်းပြီပေါ့လေ။

  • ဦးဦးပါလေရာ

    June 20, 2013 at 11:51 pm

    အင်း…
    ဆော်ပလော်ထားတာ တော်တော်များနေပါပေါ့လား….။

    အစကတော့ ဘုရားရှင်ရဲ့ ဩဝါဒပါတိမောက်နဲ့ အာဏာပါတိမောက်(ဝိနည်း) ထဲက ဆွဲထုတ်ဦးမလို့ပဲ……
    ဒါပေသိ ရဟန်းတော်တွေကို ဝိနည်းနဲ့စွပ်စွဲရာရောက်သွားရင် သိပ်မတော်လှပေဘူး….
    တုံးလျှော့ပြီး အရပ်ပြောပဲ ပြောပါတော့မယ်….။

    ထေရဝါဒ ဗုဒ္ဓ ဘာသာရဲ့ အယူ/အမြင်/သဘောထားက
    လူအားလုံးကို အတူတူလို့သဘောထားပါတယ်…..
    အဆင့်အတန်းအင်မတန်ခွဲတဲ့ အဲဒီခေတ်(ဘုရားပွင့်တဲ့ခေတ်) မှာကို ဗုဒ္ဓဘာသာက လုံးဝအဆင့်အတန်းမခွဲပါဘူး…..။
    လုံးဝ ဘာသာအယူ မခွဲပါဘူး..။ လုံးဝ လူမျိုး နိုင်ငံသား မခွဲပါဘူး…။
    ထေရဝါဒ ဗုဒ္ဓ ဘာသာရဲ့ အယူ/အမြင်/သဘောထားအရ
    သတ္တဝါအားလုံးဟာ ဘဝပုံစံအမျိုးမျိုးမှာ ကျင်လည်ကြရရင်း ထပ်ထပ်ပြီး ပြုအပ်တဲ့ ကုသိုလ်အကုသိုလ်တွေအလျှောက်
    ဘဝအစုံစုံမှာ တပြောင်းပြန်ပြန် ပြေးလွှားကျင်လည်နေကြတဲ့ သံသရာခရီးသွား ချည်းသာ ဖြစ်ပါတယ်။
    ဘုရားရှင်ရဲ့ တပြည့်အဖြစ်ခံယူထားတဲ့ ရဟန်းများဟာ ဘုရားရှင်ရဲ့ အယူ/အမြင်/သဘောထား အတိုင်းဖြစ်သင့်ပါတယ်။
    တကယ်လို့ ဘုရားရှင်နဲ့ သဘောထားချင်း မတိုက်ဆိုင်ရင် ဘုရားတပြည့်မလုပ်သင့်ပါဘူး..။ ဘုရားတပြည့်လို့ အမည်မခံထိုက်ပါဘူး…။

    လူ ကတော့ တစ်မျိုးပေါ့နော။ လူဝတ်ကြောင်အနေနဲ့ကတော့ ကိုယ်ကြိုက်သလို တွေးခွင့် ယုံကြည်ခွင့် ရှိပါတယ်။ ကိုယ်ယုံကြည်သလို လုပ်ခွင့် ဟောပြောစည်းရုံးခွင့်လဲ ရှိပါတယ်။
    နိုင်ငံ့အကျိုး လူမျိုးအကျိုးကို ဆောင်ကျဉ်းချင်တယ်ဆိုတဲ့ ရဟန်းများ-
    လူဝတ် လဲ ပြီးသာ လုပ်သင့်ပါတယ်။
    ရဟန်းဝတ်နဲ့လုပ်တာကိုတော့ ဘုရားရှင်သာသက်တော်ထင်ရှားရှိရင် ကြိုက်မှာလဲမဟုတ်၊ လက်ခံခွင့်ပြုမှာလဲ မဟုတ်ပါဘူး…..
    အဲ…. ဘုရားမရှိတော့လို့ ကိုယ်လုပ်ချင်တာလုပ်သကွ.. ဆိုရင်တော့ ဘာမှ ပြောစရာမရှိတော့ပါဘူး…။

    =====
    မျိုးစောင့်ဥပဒေဆိုတာနဲ့ပတ်သက်လို့တော့-
    အဲဒါ တကယ်သာလုပ်ဖြစ်ရင် တတိုင်းပြည်လုံး အစိတ်စိတ်အမွှာအမွှာဖြစ်သွားနိုင်လို့ တိုင်းပြည်ဖျက်ဥပဒေလို့တောင် အမည်တွင်သွားနိုင်ပါတယ်။

    သတိချပ်သင့်တာက-
    ဥပမာ-
    မိသားစု တစ်စုဟာ တစ်ဝင်းတစ်ခြံထဲမှာ အတူ နေကြတယ်ဆိုပါစို့……
    အဲဒီမိသားစုဝင်ထဲက တစ်ယောက်ဟာ မိသားစုစိတ်မရှိဘူး၊ မိသားစုအပေါ်သစ္စာမရှိဘူး၊ မိသားစုအကျိုးကို ပျက်စီးစေတယ် ဆိုပါစို့…..
    အဲဒီတော့ လုပ်ရမှာက အဲဒီတစ်ယောက် မိသားစုစိတ်ဓါတ်ရှိလာအောင် ကျန်မိသားစုဝင်တွေက နည်းအမျိုးမျိုးနဲ့ ကြိုးစားရမှာဖြစ်တယ်။
    အဲဒီကောင် မိသားစုဝင်မပီသလို့ဆိုပြီး ခြံထောင့်မှာထား၊ ထမင်းဝိုင်းကမောင်းထုတ်၊ မိသားစုထဲက ဖယ်ကျဉ်ထားရမှာမဟုတ်ပါဘူး….။

    ဘယ်သူကြိုက်သည်ဖြစ်စေ ဘယ်သူတစ်ယောက်မှမကြိုက်သည်ဖြစ်စေ
    မြန်မာနိုင်ငံသားဖြစ်နေတဲ့လူတွေ ၊ ဖြစ်ထိုက်တဲ့လူတွေဟာ မြန်မာနိုင်ငံသားပဲ ဖြစ်ပါတယ်။
    (စာရင်းသွင်းပြီးတာနဲ့ စာရင်းမသွင်းရသေးတာပဲ ကွာပါတယ်)
    ဘယ်သူကြိုက်သည်ဖြစ်စေ ဘယ်သူတစ်ယောက်မှမကြိုက်သည်ဖြစ်စေ
    အဲဒီလူအားလုံး သားစဉ်မြေးဆက်အတူတကွ ယှဉ်တွဲနေထိုင်သွားရမှာပဲဖြစ်ပါတယ်….။
    မဖြစ်မနေ အတူနေရမယ့်လူတွေချင်း မခွဲခြားပါနဲ့၊ ရန်မရှာပါနဲ့၊ အမုန်းမီး မမွှေးခဲ့ကြပါနဲ့ ….
    ကျုပ်တို့ရဲ့ နောင်မျိုးဆက်တွေရဲ့ မျက်နှာကို ထောက်ကြပါ….။

    လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးက ရှေ့ကို သွားနေချိန်မှာ
    ကျုပ်တို့နိုင်ငံက ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေမှာ ပြတ်ပြတ်သတ်သတ်ကို နောက်ကျန်ခဲ့ပြီးသားပါ…
    အဲဒါ နောက်ထပ် နောက်ပြန်ဆွဲ နောက်ပြန်လှည့်တဲ့ အတွေးအခေါ်တွေကို လက်မခံကြသင့်တော့ပါဘူး……။

    ============

    ကျုပ်က အဲဒီ ဥပဒေကို မစိုးရိမ်ပါဘူး…..
    ဖြစ်မှ ဖြစ်မလာနိုင်တာ…။
    ကျုပ်စိုးရိမ်တာက အဲဒီ နိုင်ငံရေးပရိုမဟုတ်တဲ့ရဟန်းတွေက
    နိုင်ငံရေးမှာ ဝင်စွက်ဖက်ခြေရှုပ်ရင်-
    လူအများအပြားက ဘာသာရေးခေါင်းဆောင်တွေရဲ့စကားမို့ နားယောင်သွားရင်-
    ကျုပ်တို့နိုင်ငံ ကိုယ်ကျိုးနဲပြီး နောက်နှစ်ငါးဆယ် ခွေးဆက်ဖြစ်မှာကို စိုးရိမ်တာ………။

    ကဲ..
    ဒီလောက်ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်…
    ဆဲကြပေတော့…….

  • ဦးဦးပါလေရာ

    June 21, 2013 at 12:03 am

    တကယ်တော့-
    ဘာသာခြားနဲ့ အိမ်ထောင်မပြုသင့်တာ မှန်ပါတယ်
    ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ဖက် မိဘဆွေမျိုးမိတ်ဆွေတွေချင်းပါ ဆက်စပ် ပေါင်းစည်းရတာဖြစ်လို့ –
    အသက်ကွာခြားလွန်းတာ (၂ဆ သို့မဟုတ် တစ်ခေတ်စာ ၁၈ နှစ်)
    ငွေကြေးဥစ္စာကွာခြားလွန်းတာ
    ပညာကွာခြားလွန်းတာ
    လူမျိုးစရိုက်ချင်းကွာခြားလွန်းတာ
    ဓလေ့ထုံးစံ ကွာခြားလွန်းတာ
    ကိုးကွယ်ရာ အယူဝါဒ ကွာခြားလွန်းတာ
    အဲဒါတွေဟာ အိမ်ထောင်တစ်ခုမှာ အနှောက်အယှက်တွေ ဖြစ်စေပါတယ်။

    ဒါပေမယ့် အဲဒါမျိုးကို ဥပဒေနဲ့ ဇွတ်လုပ်ရမှာမဟုတ်ပါဘူး….။
    လူဆိုတာ ကိုယ့်အကျိုးစ၊ီးပွားကို ကိုယ့်စိတ်ကြိုက်စီမံခွင့်ရှိပါတယ်
    ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိပါတယ်….
    ကောင်းတာ မကောင်းတာက သူ့ထိုက်နဲ့ သူ့ကံဖြစ်ပါတယ်။

  • ဦးဦးပါလေရာ

    June 21, 2013 at 12:14 am

    ကို လူ ဟား ရဲ့ ” ချစ်သော မြန်မာဗုဒ္ဓဘာသာ ဘယ်လဲ ? ” Post
    ထဲမှာ ခရစ်ယာန်ဘာသာ သာသနာပြုပုံလေးပြထားပြီး ဗုဒ္ဓဘာသာ နဲ့ နှိုင်းယှဉ်ပြောထားတာလေးကတော့ –

    ခင်ဗျား ………… ဗျာ…………..
    ဘာဆိုင်လို့တုန်း……
    ခင်ဗျားတို့ဘာသာက အင်မတန် စည်းစံနစ်ကျတဲ့ ဘာသာ၊ အနာဂတ်မှာ ကမ္ဘာပေါ်မှာ တစ်ခုတည်းကျန်ခဲ့ဖို့များတဲ့ဘာသာ…….
    ကျုပ်တို့ ဗုဒ္ဓဘာသာက …
    အဟမ်း……
    အဟွတ်.. အဟွတ်…
    ………………………………………

  • KyawThein

    June 21, 2013 at 12:17 am

    တစ်​ခုရှိတာက …..
    ဒီအဆိုကို တင်​သွင်​းခဲ့တာက ​မှော်​ဘီ ရှင်​​ဆေကိန္ဒ ​ကျောင်​းမှာထင်​ပါတယ်​ ။
    ဆရာ​တော်​ ကြီးများ အမျာအပြားပါရှိ​နေတာပါ
    ဘာ​ကြောင်​့ ဆရာ​တော်​ကြီးများက ဒီအဆိုကို မကန်​့ကွက်​ပါသလဲ
    ကျုပ်​စိတ်​ထင်​ ဆရာ​တော်​ရှင်​​ဆေကိန္ဒ ဟာ ဒီလိုသ​ဘော​တော့မရှိ​လောက်​ဘူး
    တကယ်​​တော့ …အဲ့ ​နေရာမှာတင်​ တခါတည်​းအြပြီးကန်​့ကွက်​သင်​့ပါတယ်​

    • Foreign Resident

      June 21, 2013 at 12:38 pm

      KyawThein says:
      ” ဘာ​ကြောင်​့ ဆရာ​တော်​ကြီးများက ဒီအဆိုကို မကန်​့ကွက်​ပါသလဲ ၊
      ကျုပ်​စိတ်​ထင်​ ဆရာ​တော်​ရှင်​​ဆေကိန္ဒ ဟာ ဒီလိုသ​ဘော​တော့မရှိ​လောက်​ဘူး ”

      ကို Kyaw Thein ရေ ၊ မထင်နှင့်ဗျ ။
      ရှင်​​ဆေကိန္ဒ အပါအဝင် ဆရာ​တော်​ကြီးများက လည်း ၊
      မွတ်ဆလင် ဘာသာ ကို တော်တော် အမြင် မကြည်ကြတော့ဘူးဗျ ။

      ပြီးခဲ့တဲ့ ၂ လ လောက်က ကျနော်တို့ဆီက ဘုန်းဘုန်း တစ်ပါး ၊
      စင်္ကာပူ မှာ ဝိပဿနာ တရားစခန်း သွားဖွင့်ကြတယ်ဗျ ။
      ဒကာရင်းတွေဆိုတော့လည်း ၊ ကူညီရအောင် ဆိုပြီး ၊
      ကျနော့် အမေ ပါ စလုံး ကို ကပ္ပိယ အဖွဲ့နှင့် လိုက်သွားတာပေါ့ ။

      တရားစခန်းပြီးတော့ ၊ စလုံး မှာ လျှောက်လည် ပေါ့ ။
      အဲဒီမှာ ၊ ရောက်ပြီးမှတော့ မထူးပါဘူး ဘုန်းဘုန်း ၊
      မလေး ဒါမှမဟုတ် အင်ဒို ဝင်လည်ရအောင် လို့ ပြောတော့ ၊
      ဘုန်းဘုန်း က အဲဒါ မွတ်ဆလင် နိုင်ငံတွေ မို့လို့ မသွားဘူးတဲ့ဗျာ ။

      အဲဒီမှာ ၊ ကျနော်လည်း ဘုန်းဘုန်းတွေ စိတ်ထဲက ခံစားချက်ကို ရိပ်မိခဲ့တယ် ။

      ဒါတောင် ကျနော်တို့ ဘုန်းဘုန်းက လူ့အရေးတွေ လုံးဝဝင်ပါလေ့ မရှိတဲ့ ၊
      ဝိနည်းကို တင်းတင်း ကျပ်ကျပ် လိုက်နာတဲ့ ဖားအောက် ဘုန်းဘုန်း နော် ။

      တခြား လူ့အရေးတွေထဲ ဝင်ပါလေ့ရှိတဲ့ ဘုန်းကြီးသာဆို စဉ်းစားသာကြည့်တော့ ။
      ကျနော်ထင်တယ် ၊ ဘုန်းဘုန်းတွေ ရင်ထဲလဲ မကျေနပ်မှုတွေ တော်တော် ရှိပုံပဲဗျ ။

  • kai

    June 21, 2013 at 12:32 am

    The religion of the future will be a cosmic religion. It should transcend personal God and avoid dogma and theology. Covering both the natural and the spiritual, it should be based on a religious sense arising from the experience of all things natural and spiritual as a meaningful unity. Buddhism answers this description. If there is any religion that could cope with modern scientific needs it would be Buddhism.
    Albert Einstein, The Human Side, edited by Helen Dukas and Banesh Hoffman, Princeton University Press, 1954
    =
    မကြာခင်နှစ်တွေမှာ.. အေလီယန်တွေ့ပြီး.. ကမ္ဘာကိုးကွယ်ရာဘာသာကြီးတွေ ယိုင်လဲကျလာပါလိမ့်မယ်..။
    အဲဒီအခါမှာ.. ဗုဒ္ဓသာသာနာအဆုံးအမတွေပဲ.. ထင်ရှားကျန်ရစ်မယ်လို့.. ကျုပ်ထင်မိတယ်..။
    ဆိုတော့…
    ဗုဒ္ဓဘာသာဆိုတာမှာ.. မြန်မာထေရဝါဒဗုဒ္ဓဘာသာမဟုတ်ပါကြောင်း…..။

    .. နောက်တခု..
    အခုယောနိစောင့်ဥပဒေကို ဦးဝီရသူက သူတင်သွင်းတာမဟုတ်ဖူးလို့ဆိုပါတယ်..။ အဲဒီသံဃာအစည်းအဝေးတက်သူသူတိုင်းက သဘောတူလို့ဖြစ်လာတာပါ..။ အကြံတူအလိုပါများဖြစ်ပါကြောင်း…။

    UNIVERSAL DECLARATION OF HUMAN RIGHTS
    Article 1.

    All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

    နောက်တခု..
    လူ့အခွင့်အရေးကြေငြာစာတမ်းမှာ.. အပိုဒ်၁အနေနဲ့လူသားအချင်းချင်းတန်းတူညီမျှမှုကို ဖေါ်ပြအကာအကွယ်ပေးထားပါတယ်..။
    ဘုန်းကြီးဟာ လူသားမျာသာဖြစ်ပါတယ်..။
    တန်းတူ(အပြန်အလှန်လေးစားမှု)နဲ့.. ဝေဖန်နိုင်ရမယ်ဖြစ်ပါတယ်..။
    .. ဝေဖန်လို့ငရဲသွားရမယ်ဆို.. ငရဲသို့ချီတက်ကာ.. ငရဲမင်းအားဝေဖန်မည်ဖြစ်ပါကြောင်း…။ :mrgreen:

    • အရီးခင်လတ်

      June 21, 2013 at 1:33 am

      kai says: {{ ငရဲသို့ချီတက်ကာ.. ငရဲမင်းအားဝေဖန်မည်ဖြစ်ပါကြောင်း…။ }}

      သူကြီးမင်း ရှေ့က ချီတက်သွားနှင့်။ 😉

  • ဦးဦးပါလေရာ

    June 21, 2013 at 12:37 am

    တကယ်ပြဌာန်းရမှာက
    တစ်လင်တစ်မယားဥပဒေ
    အညီအမျှအမွေဆက်ခံခွင့်ဥပဒေ
    တစ်အိမ်ထောင်ကလေးသုံးယောက်ထက်ပိုမယူရဥပဒေ တွေကို
    လူမျိုးတိုင်း ဘာသာတိုင်းအတွက် တနိုင်ငံလုံးအညီအမျှ ပြဌာန်းရမှာ…။

    • Char Too Lan

      June 21, 2013 at 4:45 pm

      ပိုစ့်ကအရမ်းမိုက်တယ်
      ဦးပါရဲ ့ ဒီဥပဒေတွေကိုထောက်ခံပါတယ်

  • မိုချို

    June 21, 2013 at 8:45 am

    အဘရေ
    အဘ ဘယ်တော့ စဉ်းစား ခိုင်း မလဲ စောင့် နေတာ။ ပိုစ့် ရော ကွန်မန့် တွေ ရောအတွက် လက်မတွေ အများ ကြီး ထောင် မိတယ်။ ထပ်တူ ထပ် မျှ သဘော တူ ပါတယ်။ ကျမ မ ကတော့ အဘ လောက် ပွင့် ပွင့် လင်း လင်း မရေး ရဲ ဘူး။

    တစ်ချက်ပဲ ရှိပါတယ်။

    ကျမ ပိုစ့် မှာ အရီး ကို မန့် ခဲ့ သလို ပါပဲ။ မစစ်မှန် တဲ့ သူတွေ ရှိနေလို့ တော့ ကိုယ့် ရဲ့ စစ်မှန် တဲ့ ဘာသာ ကို မစွန့် လွှတ် လိုက် ပါနဲ့ ။
    ကျမ ဒီလို မန့် ခဲ့ ပါတယ်။

    ” အတ္တတွေ များလွန်းတဲ့ ဘာသာဝင် ဖြစ်မှာစိုး လို့ တော့ ရခဲလှတဲ့ အဖိုးတန် ဘာသာ ကို မစွန့် လွှတ်လိုက် ပါနဲ့ နော။ အတ္တများ၊ အစွန်း ရောက ်တဲ့ ဗုဒ္ဓဘာသာ အုပ်စု ကို ပဲ စွန့် လွှတ် လိုက်ပါ။ တကယ် ကြည်ညို စရာကောင်း ပြီး ငြိမ်းချမ်း တဲ့ တရား စစ် တရား မှန် တွေ ကို ဟောကြား လမ်း ညွှန်ပေး နိုင် တဲ့ ဆရာတော် ကြီးတွေလည်း ရှိပါသေး တယ်။ ”

    အဘ ပိုစ့် ထဲက ပါမောက္ခချုပ်ဆရာတော် ကြီး ရဲ့ တရား တွေ ဆို တာ်တော် သဘောကျ မိတယ်။

  • kyeemite

    June 21, 2013 at 9:00 am

    ပြောနေကြတာလည်းစုံပြီဖြစ်လို့ တိုတိုနဲ့လိုရင်းပဲေြ့ပာမယ်ကိုဖေါရာ…
    ဒီလို “ငါ့ ဗုဒ္ဓ ဘာသာဝင် သက်တမ်း တစ်လျှောက်မှာ ၊
    ဗုဒ္ဓ ဘာသာဝင် ဖြစ်လို့ အရှက်ရတာ ဒီတစ်ခါ ပထမဆုံးပဲ ”
    အမှန်ပဲ..အသိမှန်တဲ့ ဗုဒ္ဓဘာသာဝင်လူတိုင်းဒီလိုပဲခံစားနေရတယ်…
    ဒီလို ပုဂ္ဂိုလ်တွေ ကိုဒီအတိုင်းဆက်လွှတ်ထားမယ်
    သာသနာထဲရှိနေတဲ့ ရဟန်းတုရဟန်းယောင်တွေကို စံနစ်တကျ သန့်ရှင်းမှုမလုပ်ကြတော့ဘူးဆိုရင်
    ကျုပ်ကိုယ်တိုင်ဗုဒ္ဓဘာသာကိုစွန့်မယ်ဗျာ
    တရားမျှတမှုမရှိတဲ့၊ အစွန်းရောက်တဲ့ ဘာသာကိုကျုပ်မကိုးကွယ်နိုင်ဘူး။

    • ကထူးဆန်း

      June 21, 2013 at 10:23 am

      ဗုဒ္ဓက ဒီလို မဟုတ်ပါဘူး ဆိုပြီး ဒီလိုလုပ်တာ ဗုဒ္ဓသားတော် မဟုတ်ဘူး ပြောပြီး ။။

      ဒီလိုလူတွေကြောင့် ဗုဒ္ဓဘာသာ စွန့်လွှတ်မယ် ဆိုတာ မျက်လုံးလေး ကလည်ကလည် နဲ့ နားမလည်ပါကြောင်း ။ 😆

      ဒီလိုလူတွေ လုံးဝ မကိုးကွယ်ဘူး ဆိုသာတာ ဖြစ်သင့် သည် ထင်ပါကြောင်း ။ ဗုဒ္ဓ အယူဝါဒ နှင့် မသက်ဆိုင်ပါကြောင်း ။

      သင်္ကန်းဝတ်များနှင့် ပါတ်သက်လျှင်တော့ မည်သည့် နိုင်ငံရေးလုပ်သည် ကိုမျှ အားမပေးခဲ့ပါကြောင်း။ ရွှေဝါရောင် ကော ၊ လက်ပံတောင်ကော ဘယ်တုန်းက မှ အားမပေးခဲ့ပါကြောင်း ။ ရွှေဝါရောင် တော်လှန်ရေးမှာ မပါဝင်ခဲ့သော ဘုန်းဘုန်းများ အခုကော ပါဝင်ပါသလား လဲ သိချင်မိပါကြောင်း ..

      • kyeemite

        June 21, 2013 at 11:13 am

        ကိုထူးဆန်းရေ..
        ဒေါသနဲနဲပါသွားလို့ပါ
        တကယ်တော့ သံဃာအစစ်အမှန်က ရဟန်းတုရဟန်းယောင်တွေထက်အများကြီးပိုများပါတယ်
        ဒါပေမဲ့ အဲဒီအတုအယောင်မျိုးတွေများမလာစေလိုတာသာဖြစ်ကြောင်းပါ…
        နောက်ဒီဥပဒေပြဌာန်းမဲ့ကိစ္စပေါ်မူတည်ပြီး သဃာထဲမှာကိုထောက်ခံသူနဲ့ဆန့်ကျင်ကန့်ကွက်သူ
        ဆိုပြီးဂိုဏ်းဂဏ ကွဲလာနိုင်တာစိုးရိမ်မိတာပါ…
        “ဒီလိုလူတွေ လုံးဝ မကိုးကွယ်ဘူး ဆိုသာတာ ဖြစ်သင့် သည် ထင်ပါကြောင်း ။ ဗုဒ္ဓ အယူဝါဒ နှင့် မသက်ဆိုင်ပါကြောင်း ။”
        အပြည့်အဝလက်ခံပါတယ်…အမှားထောက်ပေးတဲ့အတွက်လည်း
        ကိုထူးဆန်းကို ကျေးဇူးအထူးတင်ပါကြောင်း..

  • kyeemite

    June 21, 2013 at 9:05 am

    Buddhist ဆိုတဲ့စာတမ်းမှာ Terror ဆိုတဲ့စာတမ်းတွဲပါနေလို့ပါ
    တစ်သက်လုံး မတွေ့ဘူးတဲ့ စာသားပါ..
    ဒီကိစ္စအတွက် အလွန်တရာစိတ်မကောင်းဖြစ်မိပါတယ်။

  • Moe Z

    June 21, 2013 at 9:27 am

    ဘဘ FR ရေ စိတ်မကောင်းခြင်းကြီးစွာနဲ့ ထောက်ခံသွားပါတယ်
    ဘုရားရှေ့မှာ ကျောခိုင်းပြီး ပြောချင်ရာပြောနေတဲ့ သင်္ကန်းဝတ်တွေများလာရင်
    ကိုးကွယ်ရာဆရာမှားရင် တစ်သံသရာလုံးမှောက်မယ့်အရေးမို့
    တာဝန်ရှိသူများ ဒီအတိုင်းကြည့်မနေကြဖို့ပဲ ဝိုင်းအော်ပါရစေ
    ဘယ်အခြေအနေမှာဖြစ်ဖြစ် ကျွန်မဗုဒ္ဓဘာသာပါ
    ဗုဒ္ဓဘာသာစစ်စစ်က ဘယ်တော့မှအကြမ်းမဖက်ပါဘူး
    ဒီနိုင်ငံမှာ အကြမ်းဖက်ချင်တဲ့ လူဦးရေများလာရင်
    ကျွန်မတစ်ခြားနိုင်ငံသားအဖြစ်ခံယူရရင်တောင်
    ကျွန်မဗုဒ္ဓဘာသာပါ..

    • ကြက်အူလှည့်

      June 21, 2013 at 9:38 am

      I’ve heard there was a secret chord
      That David played, and it pleased the Lord
      But you don’t really care for music, do you?
      It goes like this
      The fourth, the fifth
      The minor fall, the major lift
      The baffled king composing Hallelujah

      Hallelujah, Hallelujah
      Hallelujah, Hallelujah

      ဆာယိုနာရ သင့်ရင် ဆာယိုနာရမကွီ.

  • ဦးကြောင်ကြီး

    June 21, 2013 at 9:31 am

    တဝမ်းတခါးလှဖို့ ဘာမဆိုလုပ်ရဲတဲ့ အချို့သော မိန်းမတွေ လက်ခမောင်းခတ်မည့် အချိန်ခါကောင်း မဖြစ်ပါစေနဲ့ ဆုတောင်းပါတယ်။
    ဘုန်းကြီးဦးဝီရသူဖက်က လုပ်ပုံလုပ်နည်း လွဲနေသလို သူ့ကိုဝေဖန်သူများကလည်း တလွဲဆံပင်ကောင်း ဖြစ်တာတွေ့ရတယ်။
    ဘာသာရေးထက် နိုင်ငံရေးအမြင်နဲ့ ကြည့်တဲ့အခါ တခုခုလုပ်ဖို့ လိုနေတယ် ခံစားမိတာပဲ..။ ဘုရား ဘာပြောခဲ့တယ် မပြောခဲ့ဘူး ဘယ်သူမှ အတတ်မသိနိုင်.. တကယ်သိလို့ရတာ ရုပ်နာမ်ဓမ္မ.. အဲဒါကို သိမြင်ခံစားဖူးမှ သိနိုင်ကောင်းတယ်.. ကျန်တာကတော့ ပညတ်များပါမယ်။
    ငွေနဲ့ပေါက်လို့ ဆင်းရဲဒဏ်မခံနိုင်လို့ ရွာလုံးကျွတ် ဘာသာပြောင်းကုန်တာ တလောက သာယာဝတီဖက်မှာလား ကျောက်ဆည်ဖက်မှာလား မသိ ဖတ်ဖူးတယ်။ ဘုန်းကြီးတွေဆင်းပြီး မနည်းပြန်ခေါ်ရတယ်။ ဘယ်လိုပျံခေါ်လဲသိလား.. အလားတူ ပေးကမ်းပြီး ပြန်ဆွဲခေါ်လိုက်ရတယ်။
    ဘယ်တိုင်းပြည်မှာမဆို လူအတော်များများသည် ယုံကြည်မှုအားနည်းတယ်၊ မိရိုးဖလာ ကိုးကွယ်မှုများတယ်။ ဓါးမိုးထားလို့၊ ထောက်ပံ့ထားလို့၊ အဆင်ပြေနေလို့ ငြိမ်နေတာများတယ်။
    အမျိုးသားရေး အမြင်နဲ့ကြည့်ရင် အရည်အချင်းတင်မက အရေအတွက်လဲ လိုတယ်။ အရေအတွက်များမှ အရည်အချင်းဖြစ် ဒါမှမဟုတ် အများစုက အနည်းစုကို ဝတ်ကြီးဝတ်ငယ် ပြုစုရမှာကိုး..။ တဖြည်းဖြည်းနဲ့ ကိုယ့်လူတွေပြုန်းလာတာ ထိုင်ကြည့်နေမလား .. စဉ်းစားစရာ..။ ကိုယ့်ညံ့ကိုယ်ခံဆိုပေမဲ့ လက်တွေ့မှာ အဲသလို ညဏ်စကားသက်သက် ပြောမရတာ အမှန်ပဲ။ ခေတ်ကိုက ဆုတ်ကပ်ဗျာ..။ တဖက်က နည်းပေါင်းစုံ သုံးနေချိန် ကိုယ့်ဖက်ကလည်း မေတ္တာပို့၊ သစ္စာပြုတာ ထိထိရောက်ရောက် ပြုနိုင်သူ ရှားနေချိန်မှာ တခုခုတော့ လုပ်ရပါမယ်။ ဒါကြောင့်ပဲ သာသနာတဝက် နောက်ပိုင်းကို သိကြားသာသနာ ခေါ်သည်ထင်ရဲ့..။
    ခေတ်မှီပွင့်လင်းတာ ကောင်းတယ်၊ အဲဒီအတွက်ပဲ ဒီမိုကရေစီ အရေးတော်ပုံ ဖြစ်လာရတာ သို့ပေမဲ့ ရည်မှန်းချက်ပန်းတိုင် မရောက်ခင် ကိုယ့်အိုးကိုယ့်ဆန် ချင့်ချိန်တတ်ဖို့လိုမယ်။ မိန်းမတွေ အိမ်ထောင်ရေး ကိုယ်ပိုင်ရွေးချယ်ခွင့်ပေးတာမှန်တယ် သို့သော် သူတို့ကိုယ်ပိုင်အစွမ်းအစ အလားအလာများ တောရောမြို့ပါ မြင့်တက်လာဖို့ ပြိုင်တူလုပ်ရမယ်။ လုပ်နေတယ်ဆိုတာနဲ့မရ ဖြစ်နေမှရမယ်။ နို့မို့ရင် သမင်မွေးတာ ကျားစားဖို့ ဖြစ်မှာစိုးပါ၏။

  • may thal

    June 21, 2013 at 9:44 am

    အဘ FR ရေ အဘရဲ့ပို့စ်ကို အင်မတန်ထောက်ခံပါတယ် facebook ပေါ်မှာလဲ ရှဲလ်ခွင့်ပြုနိုင်မလား သိချင်ပါတယ် မေသဲလဲ ဗုဒ္ဓဘာသာပါ ဒါပေမယ့် အမျိုးသမီးတွေကို တဖက်သတ်နှိပ်ကွက်ထားတဲ့ဥပဒေကို လုံးဝလက်သင့်မခံနိုင်ပါဘူးရှင်

    • Foreign Resident

      June 21, 2013 at 10:12 am

      ” facebook ပေါ်မှာလဲ ရှဲလ်ခွင့်ပြုနိုင်မလား ”

      ရပါတယ် ၊ may thal ရေ ။

  • black chaw

    June 21, 2013 at 11:01 am

    လေးလေးနက်နက်ထောက်ခံပါတယ်ဗျာ…။
    ဒီပို့စ်လေးကို ရေးတဲ့ FR ကြီးကိုလည်း
    ကျေးဇူးတင်ပါတယ်…။
    ဒါ…မန္တလေးဂဇက်ရဲ့ ဂုဏ်သိက္ခာပါ…။

  • တိမ်မည်း

    June 21, 2013 at 11:35 am

    အဘရေ… အပြည့်အဝ ထောက်ခံပါတယ်ဗျို ့…………………
    ဗယာကြော်ပါ……… 🙂

    ခင်လျက်
    တိမ်မည်း

  • kai

    June 21, 2013 at 1:04 pm

    ဗုဒ္ဓဘာသာဝင်စစ်စစ်တယောက် (တကယ်)လိုက်နာရမှာတွေ.. လိုက်နာနိုင်မှာတွေ.. စိစစ်စာရင်းလုပ်ပေးနိုင်ရင်ကောင်းမယ်..။
    အစစ်ကို ပြန်ဖော်ထုတ်ဖို့ လိုနေပါပြီ..။

  • ကြက်အူလှည့်

    June 21, 2013 at 1:07 pm

    လုပ်ပေါ့ဗျာ. ခေတ်ကိုက ဘုရားတောင်မှ ဘုန်းကြီး အနေကဇာ တင်ပေးမှ အကန်တော့ခံရမယ့် ခေတ်ကိုး. Copied.

    သွပ်သွပ်.

    :mrgreen:

  • ကောင်း ကို

    June 21, 2013 at 2:17 pm

    မြန်မာနိုင်ငံရေးမှာ အင်အားစုနှစ်စုအနေနဲ့ ကွဲသွားတာကတော့ 2015 အတွက် စိတ်ပူပါတယ်…။

  • ဦး ကျောက်ခဲ

    June 21, 2013 at 3:32 pm

    အဘဖောရေ…
    ဖြစ်သင့်တာက ဘာသာတူမှ တရားဝင်ယူလို့ရမယ်ဆိုတဲ့ ရှီးယားဥပဒေကို စင်ကာပူလို အိမ်ထောင်ရေးမှာ ဘာသာရေးဥပဒေမရှိစေရ လွတ်လပ်စွာကိုးကွယ်ခွင့် ဆိုတာရယ်၊ တစ်လင်တစ်မယားစံနစ် ဆိုတာရယ်ကို လွှတ်တော်မှာ မဲခွဲစေချင်တာ။ အခု လုပ်ပုံအချိုးမပြေတော့ “လယ်ကွက် ကင်းစောင့်” ဥပဒေဖြစ်ပြီ။ အင်း… ဘယ်ဘာသာဖြစ်ဖြစ်၊ ဘုန်းကြီးဆိုမှတော့ ဘာသာရေးအစွန်းရောက်ပြီးသား၊ “ထူ”ချက် “အ”ချက်ကတော့ “၉”လောက်ရှိတယ်…
    :mrgreen:

  • အရီးခင်လတ်

    June 21, 2013 at 3:42 pm

    ကထူးဆန်းရေ့

    ကျွန်မ မှားနိုင်ပါတယ် လို့ အရင်ကြို ပြောပါရစေ။

    ကိုးကွယ်မှု ဆိုတာ ဘုရားသခင် ကို ယုံကြည်သူတွေ၊ ဘုရားသခင် က ဖန်ဆင်း ထားလို့ အရာရာဖြစ်တည် နေတယ် လို့ ယူဆ တဲ့ လူတွေ က သူတို့ ဘုရားသခင် ကို ကိုးကွယ်ကြတာပါ။
    ဘုရားသခင် က သူတို့ ကို စောင့်ကြည့် နေတာ မို့ သူတို့ ကိုးကွယ် ရှိခိုး ရပါတယ်။
    သူတို့ ဘုရားသခင် ကို ယုံကြည် ကိုးကွယ် စိတ် ထားလိုက် တာ နဲ့ ငရဲ ကို မရောက်တော့ ပါဘူး။

    ကျွန်မ တို့ မှာတော့ ဗုဒ္ဓ မရှိတော့ပါဘူး။
    သူရဲ့ တရားတော် ဘဲ ကျန်ပါတယ်။
    ဗုဒ္ဓ ကို ကိုးကွယ်ပြီး ထိုင်ရှိခိုး ရုံ နဲ့ဗုဒ္ဓ ဖြစ်စေချင်တဲ့ သံသရာပြတ်လမ်း ကို မရောက်ပါဘူး။
    ဗုဒ္ဓဘာသာ ဆိုတာ ဗုဒ္ဓဟောပြော လမ်းပြ မှု ကို လိုက်နာ ကျင့်သုံး ရမှာပါ။
    ဗုဒ္ဓ ဟောကြား ခဲ့တဲ့ တရားအစစ် ကို တကယ်ဘဲ သိမယ် ဆိုရင် ပညတ်ချက် တွေ နောက် ကို ကျွန်မ တို့ လိုက်ဖို့ လိုသလား။

    ကထူးဆန်း ဖြစ်ဖြစ်၊ အရီးဖြစ်ဖြစ်၊ ကကြီးမိုက်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန် ဘာသာဖြစ်ဖြစ် အားလုံး က ပညတ်ချက် တွေပါ။
    ကထူးဆန်း ဆိုတဲ့ နာမည် မှာ ဘာရှိသလဲ။
    ကထူးဆန်း က နေ ကဆန်းကြယ် ပြောင်း လဲ ရသား မဟုတ်လား။
    သဘောက တကဲ့ အနှစ် က ပညတ် မှာ မမှီပါဘူး။
    အဲဒါဟာ တစ်ခြားဘာသာ တွေမတူ တဲ့ အချက်ကို ကြည့်ပါ။

    ဒီတော့ သူတို့ ကိုးကွယ် တဲ့ စကား သုံး တိုင်း ကိုယ် မှာ Apply လုပ်တာ မှန်မမှန် ဆန်းစစ်ကြည့်ပါ။
    ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ ပြောပြီး ဗုဒ္ဓဟောတာ နဲ့ လွဲ နေ တာ တွေ များချိန် အမည်နာမ က အကြောင်းရင်း မဟုတ်တော့ တာ တွေ့ပါလိမ့်မယ်။

    အခု ကျွန်မ အော်လိုက် တယ်။
    ဗုဒ္ဓဘာသာ မဟုတ် ဘူးလို့။
    ဗုဒ္ဓ ဘာသာ လို့ သတ်မှတ်ပြီး အယူအဆပေါင်းစုံ ပြုံ၊ ဆရာမျိုးစုံ နဲ့ ကြုံ နေရသမို့ “ဘာသာ” ဆိုတာ ကို ဖြုတ်ပါတယ်။
    ဗုဒ္ဓ ရဲ့ ဟောပြော လမ်းပြ ချက် ကိုသာ လိုက်နာသူ ဖြစ်ပါတယ်။
    ဗုဒ္ဓ ရဲ့ နည်းလမ်းအမှန် ကို သာ ကျင့်ကြံ ပါမယ်။
    ဗုဒ္ဓဟောပြချက် ကို နောက်ဆုံး ထွက်သက် အထိ သတိ နဲ့ ယှဉ် နေသွားမယ်၊ ကိုယ့် စိတ် ကို အရောင်ဆိုးမဲ့ လောဘ၊ မောဟ၊ ဒေါသ၊ အတ္တ၊ မာန တွေမထားဘူး။
    တော်ရုံ ဘာကိုမှ အစွဲအလမ်း မထားဘူး။
    ဒါဆိုရင် ဗုဒ္ဓဘာသာ မဟုတ် ဘူးလို့ ပြောထားလဲ နည်းမှန် ကျင့်နိုင်ရင် ဘယ်သူမဆို ဗုဒ္ဓ ပြသပေးခဲ့တဲ့ သံသရာ ကနေ ကျွတ် နိုင်ပါတယ်။
    ဗုဒ္ဓဘာသာ အမည်ခံ မှမဟုတ်ပါဘူး။

    ပြောလို့ ရပါသေးတယ်။
    ဘာသာ၊ သာသနာ ကို မစောင့်ရှောက် ရင် ပျောက်သွားမယ် လို့။
    အဲဒါအသေအချာပါဘဲ။
    ဒါဟာ တစ်ဦးချင်း ကိုယ့်တာဝန် ကိုယ်ယူ ရမှာပါ။
    အများ ကို ဘေးထားလိုက်။
    ကိုယ်တိုင် စိတ်က အေးချမ်းအောင် အရင်လုပ်ကြည့် ကြပါဦး။
    လောဘ၊ မောဟ၊ ဒေါသ၊ အတ္တ၊ မာန တွေ ဖြုတ်ကြည့်ပါဦး။
    ပြီးမှ ကိုယ့် အနား ဘေးက မိသားစု၊ သားသမီး၊ မိတ်ဆွေ၊ အပေါင်းအသင်း တွေ ကို ကိုယ့်လို လုပ်ဖို့ Role Model လုပ်ပြပါ။
    အစွန်းထွက်ကျင့်စဉ် တွေ ကို ရှောင်နိုင်အောင် ကြိုးစားပြီး အလယ်လမ်း ကို လိုက်နိုင်အောင် လုပ်ပါ။
    အဲဒါ ကို တစ်ပြည်လုံး က ဗုဒ္ဓဘာသာ လို့ ခံယူသူတိုင်း ကိုယ့်တာဝန်ကျေအောင်သာလုပ်။
    ဘာမှ ပူစရာမလိုဘူး။

    အခုမှာတော့ အတ္တတွေ ပြည့်ပြီး မေတ္တာစိတ် မပြနိုင် တဲ့ လူတွေ က တလွဲ တွေ လုပ်ပြနေတာ ကတော့ အတော်လေး မဟုတ်သေးပါ။

    ကျွန်မ ထပ်ပြီး ကိုယ်ယုံကြည်ရာ ပြောပါတယ်။
    ကျွန်မ ဘာသာမဲ့ပါ။ ကိုးကွယ်မှု ကို မယုံကြည်သူပါ။
    ကျွန်မ မှာ ကိုးကွယ်ရာ မရှိပါဘူး။
    ဒါပေမဲ့ ဗုဒ္ဓဟောကြားချက် ကို တသွေမတိမ်း လိုက်နာ နိုင်အောင် ကြိုးစားနေသူ၊ သံသရာ အပြတ်လမ်း ရှာနေသူ ဖြစ်ပါတယ်။
    ကိုယ်နေထိုင်ရာ ပါတ်ဝန်းကျင် က (လူမျိုး၊ ဘာသာ မရွေး) အများကောင်းကျိုး ကိုလဲ ဆောင်ပေးလိုပါတယ်။
    ဗုဒ္ဓဟောကြားချက် ကို အမှန် နည်းပြနိုင် သူ ရဟန်း ဖြစ်စေ၊ မိဘ ဖြစ်စေ၊ ဆရာဖြစ်စေ အားလုံး မည်သူ့ ကို မဆို ဦးညွှတ် မာန်ချ ကန်တော့ပါတယ်။
    မဟုတ် လို့ ကတော့
    (What the Buddha Taught) စာအုပ် ကို အရည်ကျိုသောက်ထားတာ။
    ကျွန်မ ပြန်ပြီး တရား ဟောပေး ပါရစေ။ 😉

    မောပါ့ ကထူးဆန်း။
    ရေတစ်ခွက်လောက်။
    အဟိ။
    😆

    • Foreign Resident

      June 21, 2013 at 4:26 pm

      အရီးခင်လတ် says:

      ” ကျွန်မ ထပ်ပြီး ကိုယ်ယုံကြည်ရာ ပြောပါတယ်။
      ကျွန်မ ဘာသာမဲ့ပါ။ ကိုးကွယ်မှု ကို မယုံကြည်သူပါ။
      ကျွန်မ မှာ ကိုးကွယ်ရာ မရှိပါဘူး ”

      ” မဟုတ် လို့ ကတော့
      (What the Buddha Taught) စာအုပ် ကို
      အရည်ကျိုသောက်ထားတာ။
      ကျွန်မ ပြန်ပြီး တရား ဟောပေး ပါရစေ။ 😉 ”

      အရီးခင်လတ် ရဲ့ ၊
      ( ပညာရည်ပြည့်ဝတဲ့သူတွေမှာသာရှိနိုင်တဲ့ ) သတ္တိ ကို လေးစားပါတယ် ။

      • အရီးခင်လတ်

        June 21, 2013 at 4:29 pm

        ဟိ ဟိ
        ဂယ်ကြီးလား။
        သများ က ဒီလို မြှောက်ရင် စိတ်မခိုင်ဘူး။
        ရူးပေါပေါရယ်။
        😆

    • မိုချို

      June 21, 2013 at 4:58 pm

      အရီးရေ
      ကောင်း လိုက်တဲ့ အတွေးအခေါ် ဗျာ ။ ကျမ တကယ် ကို အဲ လို မစဉ်း စား မိတာ အမှန်ပါ။ အဲဒါကြာင့် ကျမ ရဲ့ ပိုစ့် မှာ အရီး ကို ဆရာ လုပ် သလို ဖြစ်သွားတာ ခွင့် လွှတ်ပါ။ ပညတ် ကို ခွာ အောင် ကြည့် ဖို့ တော်တော်ကြိုး စား ရအုံး မှာ ပါလား လို့ ကိုယ့် ကိုယ် ကို သတိ ပြု မိလိုက်တယ်။

  • e tone

    June 21, 2013 at 3:44 pm

    အဘရေ … ၉၆၉ ခေတ်ဆန်းထတော့ ၊ လူကိစ္စ ဘုန်းကြီး ဝင်ပါပြီး အင်တိုက် အားတိုက်လုပ်နေကတည်းက မထောက်ခံခဲ့သလို .. မပုတ်ခတ်ခဲ့ဘူး … ၊ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘာသာတစ်ခု … (တကိုယ်စာ) အကြည်ညိုပျက်သွားမှာစိုးလို့ပါ … ။
    ဒါကြောင့် အခုလို ဖွဘုတ်မှာ ပွထနေတဲ့ ..မဂ္ဂဇင်းမျက်နှာဖုံးပါလာတဲ့ ကိစ္စမှာ သိပ်ပြီးတော့ ဖီးလ်မဖြစ်ဘူး အကျိုးကြောင်း ဆက်စပ်နေလို့ ဖြစ်တာပါလားလို့ပဲတွေးပါတယ် ….. ။ ဘာသာအပေါ် ရိုက်ခတ်မှုတော့ရှိပေမယ့် … ဖြစ်ပျက်သဘောတရားအရ …အချိန်ကာလတစ်ခုထိပါပဲ ။

    အမျိုးစောင့် ဥပဒေဆိုတာကြီးကိုလည်း မထောက်ခံပါဘူး ။ မယောင်ရာ ဆီလူး အပိုအလုပ်လုပ်တယ်လို့ ထင်လို့ပါ ။ လူတွေခေါင်းထဲ အသိရိုက်သွင်းပြီး ထိန်းချုပ်ရမယ့် ကိစ္စ ဥပဒေထုတ်တော့ရော ၊ အမျိုးကို တကယ်စောင့်ထိန်းနိုင်ပါ့မလား ။ တကယ် အကာကွယ် အဟန့်တားမဖြစ်နိုင်တဲ့ ဥပဒေဆိုတာကြီးဖြစ်လာဖို့အတွက် အချိန်ကုန်ရင်း … စောင့်ထိန်းဖို့ အားကုန်ကြမှာ စိုးပါတယ် .. ။ ကိုယ့်စိတ်ထဲကိုယ်က အမျိုးနွယ် ၊ ဘာသာကို ထိန်းရမယ့်ဆိုတဲ့ စိတ်မျိုးမရှိလျှင် … ဘယ်လိုမှ တားမရပါဘူးလေ ။

    (ဝါသနာအရဆဲလိုက ဆဲနိုင်ကြပါသည်….. 😉 ) ။

    • nigimi77

      June 22, 2013 at 3:27 am

      အိမ်း…အိမ်း…… ယောနိ စောင့် အုဘဒေ ကို

      ယောနိ များက မထောက်ခံကြပေသဂိုး

      အိမ်း…..အိမ်း……..ကောင်းလေစွ ကောင်းလေစွ

      ဆာဒု ဆာဒု :mrgreen:

  • သခင် mobile

    June 21, 2013 at 4:04 pm

    ဖတ်ရှု့လေ့လာ ဗဟုသုတ ရယူထားလိုက်ပါသဗျာ……

  • Foreign Resident

    June 21, 2013 at 4:08 pm

    ဒီနေရာမှာ ၊ ကြုံတုန်း တစ်ခုမေးချင် / ဆွေးနွေးချင် ပါတယ် ။

    အခု ဘုန်းဘုန်း ဝီရသူ ကို Time မဂ္ဂဇင်း က ၊
    ” The Face of Buddhist Terror ” ဆိုပြီး မျက်နှာဖုံး တင်လိုက်ပါပြီ ။

    ကိုယ်က လက် ခံချင်သည်ဖြစ်စေ ၊ လက် မ ခံချင်သည်ဖြစ်စေ ၊
    Time မဂ္ဂဇင်း ဟာ ကမ႓ာပေါ်မှာ ဂုဏ်သိက္ခာကြီးတဲ့ မီဒီယာ တစ်ခုဖြစ်တဲ့အတွက် ၊
    အဲဒီ ဂယက် က ပညာတတ်တွေ ၊ ခေါင်းဆောင်တွေ အကြားမှာ ပြင်းထန်ပါလိမ့်မယ် ။

    အဲဒီတော့ ၊ ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်မယ် ထင်ကြလဲဟင် ။

    ကျနော်တော့ ၊
    ၁ ။
    အစိုးရ ဘက်က ၊ ကမ႓ာ့ အလယ်မှာ ၊ မျက်နှာပျက် ရတဲ့အတွက် ၊
    ( သူရ ဦးရွှေမန်း တို့ နိုင်ငံခြားက ပြန်ရောက်ရင် )
    ဘုန်းဘုန်း ဝီရသူ နှင့် ၉၆၉ တွေ အကစ်ခံရတော့မယ် ထင်တယ် ။

    ၂ ။
    ဗုဒ္ဓ ဘာသာ သံဃာ ထေရ်ကြီး ဝါကြီး တွေကလည်း ၊ လာမယ့် သံဃာ့ တွေ့ဆုံပွဲမှာ ၊
    ဘုန်းဘုန်း ဝီရသူ ကို သိပ်ထောက်ခံတော့မှာ မဟုတ်ပဲ ၊
    ဘုန်းဘုန်း ဝီရသူ ရဲ့ Role ကို ချပစ် လိုက်မယ်လို့ ထင်နေမိတယ် ။

    ၃ ။
    ဘုန်းဘုန်း ဝီရသူ နှင့် ၉၆၉ တွေ ဆန္ဒပြပွဲတွေ ပေါ်လာမလား = မထင် ။
    ( အစိုးရ ၊ ရဲ နှင့် စစ်တပ် က ခွင့်ပြုမယ် မထင် ၊
    သူရရွှေမန်းကလည်း ၉၆၉ ကို Favour မပေးတော့ ၊
    Face Book က စစ်တပ် Account တွေလဲ ငြိမ်နေကြတယ် ၊
    သူတို့ ထောက်ခံရမလား ကန့်ကွက်ရမလား အမိန့် မလာသေးဘူး ထင်တယ် )

    မွတ်ဆလင်တွေပေါ် အငြိုးထား ဖိထောင်းလာမလား = မထင် ။

    ရွာသူားတွေကော ဘယ်လို ထင်ကြသတုန်း ။

    • အရီးခင်လတ်

      June 21, 2013 at 4:26 pm

      အမှန်တော့ ပြောရရင် Time ဆိုတာ ကတော့ သတင်း စီးပွါးရေးသမား ပါ။
      အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ခွဲ မနေဘူး။
      လူတွေ လဲ ခွဲမနေဘူး။
      သတင်းထူးဖြစ်ရင် လူစိတ်ဝင်စားအောင် တင်မှာဘဲ။
      ကမ္ဘာကလဲ ဒီလို ဘဲ။
      သတင်း ထွက်လာချိန်ဖတ် လိုက်။ ပြီးတော့ လဲ ပြီးသွားမှာဘဲ။
      ရှက်စရာလဲ မလိုလို့ ထင်ပါတယ်။
      ကိုယ့်နားမှာ ကောင်း နေတဲ့ သူတို့ သိတဲ့ ဗုဒ္ဓဘာသာဝင် တွေ ကို ဖယ်မဖြစ်တာ အမှန်ဘဲ။
      လက်ဖျားခါရလောက်အောင် ဆိုး တဲ့ ဘာသာ ကို တောင် သူတို့ က အားလုံး တူတူ ဟေ့လို့ တသတ်မတ် တည်း သဘောမှ မထားတာ။
      ဒီတော့ ပြသနာ က ဘာမှ မကြီးပါဘူး။

      ဒီအချိန် အဲဒီ ကိုယ်တော် လဲ သူမှားတာ နဲနဲ တော့ သိသွားလောက်ပါပြီ။
      ပြည်တွင်း ကဘဲ ပိုပြီး အရေးကြီးပါတယ်။
      ငါတို့ ဘာသာ ကို အပြောခံရလေခြင်း ဆို တဲ့ “ငါ” ပါရင် ပိုပြီး ရှုပ်ကုန်မလားဘဲ။
      သိတ်ပြီး မဖွ ဖို့ နဲ့ ပြည်တွင်းက လူ တွေ ခွင့်လွှတ် သင့်တာ ခွင့်လွှတ် ပြီး သင်ပုန်းချေ ဖို့သာပါ။
      အဲဒါ ကို မှ ခွင့်လွှတ်ဖို့ လမ်း မရွေး ဘဲ ဆူပူအောင် လုပ်မယ် ဆိုရင်တော့ “အဘ” များ က (အဘဖော၊ အဘပု မပါ) ရုတ်ရှင်ထဲ က (ဦး) ကျောက်လုံး တို့ ရဲ့ အပြုံး လို ပြုံးပြုံးကြီး ခေါင်းတညိမ့်ညိမ့် နဲ့ နေမှာ ကို သာ ပြေးမြင် လိုက်ပေတော့။

      ကိုယ့်ဟာကို ဗုဒ္ဓဘာသာဝင်ကောင်း လို့ သတ်မှတ်ရင် မေတ္တာပေးပြီး အနိုင်ယူဖို့ သာ ကြိုးစားပါ။
      ဥပဒေ နဲ့ ဖြေရှင်းဖို့ ကြိုးစားပါ။
      မဟုတ်လို့ ကတော့ သားစဉ်မြေးဆက် ဥပဒေမဲ့ အာဏာရှင် တွေ နဲ့ စခန်းသွားရမှာဘဲ။

      ထပ်ပြီး ပြောရရင်။
      ဘာဖြစ်ဖြစ် ဘာမှ မြဲ မနေဘူး။
      အစွဲစွဲ မနေ ကြပါနဲ့ လို့ဘဲ။
      အစွဲတွေ စွဲ လွန် ရင်တော့ အဘ တို့ ဆင်းမှာ မဟုတ်တော့ ဘူး။
      အထင် …. 😆

    • kai

      June 21, 2013 at 11:59 pm

      အမေရိကန်ရဲ့ မဟာဗျုဟာမှာ မွတ်ဆလင်အစွန်းရောက်တွေကို.. ဗုဒ္ဓဘာသာနဲ့”တေ့”ပေးလိုက်ဖို့ ရှိမယ်လို့ထင်မိတယ်..။
      .. မြန်မာကဦးဆောင်လုပ်နေတော့ကာ.. သူတို့ကကြိုက်မှာပဲ..။

      ဆိုတော့..အဲဒီအမြင်ဖက်ကနေ တွေးကြည့်ပါဦး..

  • kyeemite

    June 21, 2013 at 4:24 pm

    သူ့အမြင်ကတော့ဒီလိုပါတဲ့..ခုပဲတက်လာတာ
    Eleven Media Group
    ဆရာတော် ဦးဝီရသူအား Time မဂ္ဂဇင်းက “The Face of Buddhist Terror” ဟု ဖော်ပြထားချက်အား Eleven Media Group က လုံးဝ သဘောမတူပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်အပ်ပါသည်

    “ကျွန်တော်အနေနဲ့ ဆရာတော်ဦးဝီရသူနဲ့ အယူအဆ အတော်များများ မတိုက်ဆိုင်ပါဘူး။ ဒါပေမယ့် Time မဂ္ဂဇင်းက ဒါမျိုးလုပ်တာကိုတော့ လုံးဝ လက်မခံဘူး။ သံဃာတစ်ပါးအနေနဲ့တော့ ပါရာဇိကကံ မကျသ၍ သံဃာဟာ သံဃာပါပဲ။ မစိုးရိမ်ကျောင်းတိုက်မှာ နာယက ဆရာတော်တစ်ပါးဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော်သိတယ်။

    ဘာသာရေးဟာ မဏ္ဍိုင်ကြီး သုံးခုနဲ့ ကင်းကင်းရှင်းရှင်း မရပ်တည်တာတွေ၊ ဗုဒ္ဓဘာနဲ့ ပက်သတ်လို့ အလွန်အကျွံ အစွန်းရောက်တာတွေ၊ လူနည်းစု မွတ်စလင်တွေကို အမုန်းပွားပြီး သူတို့ရဲ့ စီးပွားရေး လူမှုရေး ထိခိုက်အောင် လုပ်တာတွေကိုတော့ ကျွန်တော် လုံးဝ သဘောမတူပါဘူး။ ဆရာတော် ဦးဝီရသူနဲ့ အမြင်မတူတာက သီးခြားစီပါ။ Time မဂ္ဂဇင်းက အခုလို လုပ်တာကိုတော့ လက်မခံနိုင်ပါဘူး။

    Time မဂ္ဂဇင်းရဲ့ ဖော်ပြချက်က မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ဂျာနယ်လစ် တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ဘာသာ၊သာသနာကို အထင်သေး အမြင်အသေး လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကန့်ကွက်ပါတယ်။

    Time ရဲ့ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ခရီးလမ်းအတွက် အနှောက်အယှက် ဖြစ်စေပါတယ်။ မလိုအပ်ဘဲ ပဋိပက္ခကို ပိုဆိုးသွားစေနိုင်တယ်” – ဒေါက်တာ သန်းထွဋ်အောင် CEO (Eleven Media Group)

    • အရီးခင်လတ်

      June 21, 2013 at 4:41 pm

      ဒီမိုကရေစီ ဆိုတာမှာ လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။

      ကျွန်မ အထင် တော့ Time က မလွန်ပါဘူး။
      သူက မီဒီယာဘဲ။
      မီဒီယာပြောတိုင်း လဲ အမှန်လို့ မပြောနိုင်ပေမဲ့
      ကိုယ်တော် က သူ့ဟာ သူ ဘင်လာဒန် နာမယ် နဲ့ နှိုင်း ခဲ့ တာကိုး။
      { His face as still and serene as a statue’s, the Buddhist monk who has taken the title “the Burmese bin Laden” begins his sermon.

      Read more: http://www.time.com/time/magazine/article/0,9171,2145950,00.html#ixzz2WqOia7Q4
      }

      ဒီလို မီဒီယာတွေ က ဖွ ဖို့ စကားလုံး ကို စောင့်နေတာ။
      သူ ကလဲ တစ်ဆင့်ပြီး တစ်ဆင့် အစ္စလာမ်ဘာသာ နဲ့ မတူတူအောင် ညှိနေမှ အပြောခံ ရတာ မဆန်းပါဘူး။

      နာတာလဲ နာတာ တစ်ပိုင်း ပေါ့။
      ဒါပေမဲ့ အမှန်မြင်ပြီး နာသင့်ပါတယ်။
      မဟုတ် ရင် ဒီမိုကရေစီ နာမယ်ခံ ပြီး လွတ်လပ်စွာ ဝေဖန်ခွင့် ကို နားမလည် ဘူး ထင်ရမယ်။

      အကောင်း ဆုံး က မကျေနပ် ရင် ကို စာရေး ပြီး မှတ်ချက် ပေးလို့ ရပါတယ်။
      အဲဒါ တွေ ကို သူတို့ နောက် Issue မှာ ထည့်ပေး ပါတယ်။
      ကိုယ့်ဘက်က ထောက်ပြတာ မှန်ရင် သူတို့ တောင်းပန်လိမ့်မပေါ့။

      အရိုင်း လို မတုန့်ပြန်ဖို့ တော့ လိုမယ်။

      ဒါပေမဲ့ ဒီ စာသား က ပြသနာ ဖြစ်မယ်။
      {{
      Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော
      သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊
      မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား
      ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။
      }}

      ” မြန်မာ ဘင်လာဒင် ” ဆိုတာ ကို ဒီ ကိုယ်တော် နှုတ် က သုံး ခဲ့လား၊ မသုံးခဲ့ ဘူးလား?????
      သုံး ခဲ့တာ ဆိုရင် တော့ လွဲ နေပြီ။

    • Foreign Resident

      June 21, 2013 at 4:46 pm

      Eleven Media Group ရဲ့ သဘောထားလေးကို ၊
      ကျနော်လည်း လက်ခံပါတယ် ။

    • kai

      June 21, 2013 at 11:50 pm

      Mainstream media ကို.. ကလော်တုတ်နေလို့ကတော့.. ဟိုက.သတင်းကော်ပီရိုက်နဲ့နှိပ်လိုက်မှ.. ဂိတ်ရောက်သွားဦးမယ်..။
      ဒါပေမယ့်.. တိုင်းမ်က သတိထားမိသွားလည်း.. မနည်းမနောအကျိုးရလဒ်ပဲ..။
      ကျုပ်လည်း လုပ်ဦးမှ.. :mrgreen:

      ဆိုတော့..
      အဲဒီတိုင်မ်းမဂ္ဂဇင်း ယူအက်စ်မှာမထုတ်ပါကြောင်း…

  • အရီးခင်လတ်

    June 22, 2013 at 3:40 am

    (From Facebook Note)

    ဆရာတော် ဦးဝီရသူ ဒီမိုကရေစီ အကိုက်ခံရခြင်း
    by Ko Htay Naing (Notes) on Friday, June 21, 2013 at 5:41pm

    TIME မဂ္ဂဇင်း၏ ဇူလိုင်လ၁ ရက်နေ့ မျက်နှာဖုံးက လူတော်တော်များများကို အံအားသင့်စေသည်မှာ အမှန်ဖြစ်၏။ နိုင်ငံခြားသားမိတ်ဆွေအချို့ကပင် ဒီကိုယ်တော်လေးက ဘယ်သူလဲ၊ ဒီလောက် close up ကြီးဆွဲတင်ထားရအောင် သူက ဘာတွေလုပ်သလဲ စသဖြင့် မေးကြသည်။ မြန်မာအသိုက်အဝန်း၌မူ ဘယ်ပြောကောင်းမည်နည်း။ဖွတယ် ဟု ဆိုသူကဆို၊ နည်းသေးတယ် ဟု ပြောသူကပြော၊ ဒါနိုင်ငံရေးကစားကွက် ဟုထင်သူကထင်၊ ကန့်ကွက်သူ၊ စိတ်ဆိုးသူ၊ ကရုဏာသက်သူ၊ နှစ်သိမ့်သူ၊ ဝမ်းနည်းသူ၊မကျေနပ်သူ အစုံပင်ဖြစ်၏။ မြန်မာတို့ကို စိတ်ရှုတ်ထွေးစေသော သတင်းတစ်ပုဒ် ဟုဆိုနိုင်လေသည်။

    TIME မဂ္ဂဇင်း ဓာတ်ပုံကိုမြင်ပြီးသကာလ စာရေးသူ ဆင်ခြင်မိသည်မှာ ဆရာတော် ဦးဝီရသူအား ဒီမိုကရေစီကိုက်သွားပြီ ဟုပင်ဖြစ်၏။ တိတိပပ ဆိုရလျှင် ဒီမိုကရေစီ၏ လက်ရုံးကြီးတစ်ဆူဖြစ်သောFree Press မှ လာကိုက်သွားခြင်း ဖြစ်သည်။ ယင်းမှာ အစီအစဉ်ကျသော ဖြစ်ရပ်မဟုတ်ပါ။ ဆရာတော်အား ဒီမိုကရေစီ၏ အခြားလက်ရုံးတစ်ဆူ ဖြစ်သော Rule of Law မှ အရင် ကိုက်ရမည် ဖြစ်သော်လည်းမြန်မာပြည်၌ တာဝန်ကျသော ထို Rule of Law ကြီးမှာ အိပ်ပျော်နေသဖြင့် နိုင်ငံတကာလှည့်နေသော Free Press မှ ဝင်ကိုက်သွားခြင်း ဖြစ်ပါသည်။ ဤအကြောင်းကို ရှေ့တွင် ရှင်းပါအံ့။

    ထိုသို့ မရှင်းမီဆရာတော် ဦးဝီရသူသည် မည်သို့သော ပုဂ္ဂိလ် ဖြစ်ကြောင်း အနည်းငယ် စကားဦးတင်လိုပါသည်။ နိုင်ငံရေး (အချို့က ဤဝိသေသကို အငြင်းပွားလိုသည်) အကျဉ်းသား ဖြစ်ခဲ့ဖူးသူ ဆရာတော်သည်ဗုဒ္ဓဘာသာရေး-လူမှုရေး အသွင်ဆောင်သော ၉၆၉ လှုပ်ရှားမှု၏ ဦးဆောင် နာယက (သို့မဟုတ်)လမ်းပြဆရာ ဟု ဆိုနိုင်၏။ ၉၆၉ ဆိုသည်မှာ ဗုဒ္ဓသာသနာ၏ ရတနာသုံးပါးဖြစ်သော ဗုဒ္ဓ၊ ဓမ္မ၊သံဃာ တို့၏ ဂုဏ်ရည်အသီးသီးကို ကိုယ်စားပြုသည်။

    ဆရာတော်၏ဟောပြောချက်များတွင် ၉၆၉ ဂဏန်းကို သင်္ကေတပြု၍ ရတနာသုံးပါး၏ ဂုဏ်ကို ဦးထိပ်တင်ရန်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန်များ ပါရှိသည်။ အကြမ်းဖက်ရန်၊ လူသတ်ရန်၊ မီးရှို့ရန်ဟောကြားသည်ဟူ၍ မတွေ့ရ။ သို့ဆိုလျှင် TIME မဂ္ဂဇင်းက အဘယ်ကြောင့် အကြမ်းဖက်မှု၏မျက်နှာဖုံးအဖြစ် ဆရာတော်ကို တံဆိပ်ကပ်ရသနည်း။

    ငြင်းမရသော အချက်တစ်ခုမှာမည်သူမည်ဝါဟု ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်တိုင် လွန်ခဲ့သည့် လပိုင်းများအတွင်းမြန်မာနိုင်ငံ ဒေသအချို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးဆန်ဆန် အဓိကရုဏ်းများတွင် ၉၆၉အမည်ခံများ ပါဝင်ပတ်သက်နေသည်။ ဆရာတော်ကမူ သူ့အနေဖြင့် မသိရှိကြောင်း၊ မလိုသူများ၏ချောက်တွန်းမှုဖြစ်နိုင်ကြောင်း၊ အကြမ်းဖက်မှုကို မလိုလားကြောင်းဖြေရှင်း၏။

    အခြားအချက်တစ်ခုမှာ ၉၆၉လှုပ်ရှားမှု၏ ရည်ရွယ်ချက်နှင့် စည်းရုံးသိမ်းသွင်းပုံပင်ဖြစ်၏။ ယင်းသည် ဘာသာရေးအသွင်ဆောင်သည့်တိုင် မြန်မာပြည်မှ အစ္စလာမ်ဘာသာဝင်တို့၏ အထိမ်းမှတ်တစ်ခုဖြစ်သည့်၇၈၆ သင်္ကေတကို တိုက်ရိုက် တုံ့ပြန်သော သဘောဖြစ်သည်ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။ မြန်မာပြည်တွင်းမှ ဗုဒ္ဓဘာသာသည် အစ္စလာမ်ဘာသာ၏ ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုကိုခံနေရသည့်အတွက် လက်တုံ့ပြန်ရန် လိုသည်။ စီးပွားရေးတွင်လည်း ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာဝင်တို့၏ ဈေးဆိုင်၊ မော်တော်ယာဉ်၊ လှေ သင်္ဘော စသည်တို့တွင် ချိတ်ဆွဲရန် တိုက်တွန်းသည်။ ၇၈၆ အစား ၉၆၉ ကိုအားပေးခြင်းဖြင့် သာသနာကို စောင့်ရှောက် ကာကွယ်ရမည် ဆို၏။ (စကားချပ်။။ အမှန်စင်စစ်၌ ကြည်ညိုသမှုဖြင့် ချိတ်ဆွဲထားသော “အရဟံ” ၊ “ဗုဒ္ဓံ ဓမ္ပံ သဃံ” ဟူသော တံဆိပ်များသည် နှစ်ပေါင်းများစွာကပင် ဗုဒ္ဓဘာသာဝင်တို့၏ နေရာတိုင်းလိုလို၌ ရှိပြီးဖြစ်သည့်ပြင် မည်သည့်ဘာသာခြားကိုမျှလည်း မထိခိုက်စေခဲ့ပါ။) လက်ထပ်ထိမ်းမြားခွင့် စသည်တို့တွင်လည်း မူဆလင်များနှင့် ပေါင်းစပ်မှုကို တားဆီးရမည် ဟု ဆိုသည်။ မူဆလင်လူဦးရေကို မထိန်းချုပ်နိုင်ပါက မြန်မာပြည်သည် တစ်နေ့တွင် မလေးရှား၊အင်ဒိုနီးရှားတို့ကဲ့သို့ မူဆလင်နိုင်ငံ ဖြစ်သွားမည်ဟု ခြိမ်းခြောက်သည်။

    အတိုချုပ်ဆိုရလျှင် ၉၆၉ လှုပ်ရှားမှု၏ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ဖြစ်သည့်တိုင် အခြားဘာသာတစ်ခုကိုတိုက်ရိုက်ပစ်မှတ်ထားခြင်း၊ နောက်လိုက်နောက်ပါ ရရှိရေး သိမ်းသွင်းရာတွင်အကြောက်တရားကို လှုံ့ဆော်၍ စည်းရုံးခြင်း စသည်တို့ကို တွေ့ရမည်ဖြစ်သည်။ အကြောက်တရားဆိုသည်မှာ အပြန်အလှန်ယုံကြည်မှု (trust) ကို ဗဟိုပြုရသည့် ဒီမိုကရက်တစ်လူ့ဘောင်အတွက် အဆိပ်ဖြစ်၏။ ဇတ်လမ်းရှာနေသူတို့အတွက် ကုန်ကြမ်းကား ရလေပြီ။

    သို့သော် ဤမျှဖြင့်မျက်နှာဖုံး တင်သင့်ပါ၏လော။ အရှေ့တောင်အာရှတစ်ခွင် သောင်းကျန်းခဲ့သော JI အကြမ်းဖက်အဖွဲ့၏ spiritual advisor ဟု စွပ်စွဲခံရသူ၊ မကြာခဏ ထောင်ထဲဝင်ရသူ အင်ဒိုနီးရှားမှ အဘူ ဘကာဘရှားသည်ပင်လျှင် ဤသို့ တံဆိပ်ကြီး အကပ်မခံရသေး။ ဗုဒ္ဓဘာသာကို တမင်နှိမ်လိုသလော စသဖြင့်မေးခွန်းထုတ်နို်င်သည်။ ဤနေရာတွင် ရှေ့၌ဆိုခဲ့သော အိပ်ပျော်နေသည့် Rule of Law ကြီးဆိုသည်ကိုရှင်းရန် အချိန်ကျပါပြီ။ လူသတ်၊ မီးရှို့ကာ ၉၆၉ ဟု ရေးထားခဲ့သည်ကို အသာထား၊ မြန်မာပြည်တွင်မကြာမီလများက ဖြစ်ပျက်ခဲ့သော အဓိကရုဏ်းများသည် ၉၆၉ လှုပ်ရှားမှု၏လှုံ့ဆော်မှုများနှင့် ပတ်သက်နိုင်သည် ဟူသော သံသယဖြင့်ပင် ဆရာတော်အား အစိုးရဖက်မှ စုံစမ်းမေးမြန်းခြင်း၊ အထောက်အထားခိုင်လုံ ထင်ရှားပါက တရားစွဲဆိုခြင်းများ ပြုလုပ်သင့်သည် မဟုတ်ပါလော။ မပြေးသော် ကန်ရာရှိဆိုသော စကားကို အာဏာပိုင်များ မသိမဟုတ်။

    ဆိုခဲ့သည့် အဘူ ဘကာဘရှား ဆိုလျှင် အင်ဒိုနီးရှားအာဏာပိုင်များမှမျက်လုံးဒေါက်ထောက် ကြည့်နေသည်။ စုံစမ်းသည်၊ ရုံးတင်သည်၊ ထောင်ချသည်၊ အထောက်အထားမခိုင်လုံ ဟုဆိုကာ ပြန်လွှတ်သည်၊ တစ်ဖန် ပြန်ဖမ်းသည်။ မည်သို့ပင်ဖြစ်စေ အကြောက်တရားကိုလှုံ့ဆော်သူအား လွှတ်မထား၊ Rule of Law အလုပ်လုပ်နေသည်ကို သက်သေပြရန် အားထုတ်သည်။ မြန်မာပြည်၌မူဤသို့ မကြားရ။ ထို့ကြောင့် Rule of Law အိပ်ပျော်နေသည်ဟု ဆိုခြင်းဖြစ်၏။

    ထိုအခြေအနေကိုမျက်ခြေမပြတ် စောင့်ကြည်နေသူကား Free Press ဖြစ်၏။ ၎င်း၏ အဓိကအလုပ်မှာ ဖွရန်ဖြစ်၏။ ကမာ္ဘအရပ်ရပ်တွင်မည်သည့်ကိစ္စများ မထင်မရှား ဖြစ်နေသနည်း၊ လူအများ အာရုံစိုက်လာစေရန် မည်သို့ဆောင်ကျဉ်းရမည်နည်း ဆိုသည်ကို နည်းလမ်းရှာနေသူဖြစ်၏။ မကြာသေးမီကပင် အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၏ အတွင်းရေးများအား လန်ဒန်မှ The Guardianသတင်းစာကြီးက ဖွခဲ့သည်ကို သတိရပါ။ စေတနာကောင်းဖြင့် ဖွခြင်း ဟုတ်ချင်မှ ဟုတ်ပေမည်။စီးပွာရေးအတွက် ဖြစ်နိုင်ချေများ၏။ Free Press တို့မည်သည် အစိုးရကို မမှု၊ လူထုကိုလည်း မမှု၊ကုန်ကုန်ပြောရလျှင် အမှန်တရားကိုလည်း မမှုသည့် အတန်းအစားများဖြစ်၏။ သို့သော် ပွင့်လင်းလူ့ဘောင်များတွင် Free Press ကိုတာဝန်ယူမှုဖြင့် ထိန်းကျောင်းထားသည်ဖြစ်ရာ ရေရှည် ရပ်တည်လိုသူများအနေဖြင့် တစ်နပ်စားမလုပ်ရဲ၊၎င်းတို့ နာမည်ပျက်မည့် အရေးကိုမူ သတိထားကြလေသည်။

    သို့ဖြစ်ရာ Free Press ၏အမြင်တွင် “လွတ်” နေသော ဆရာတော် ဦးဝီရသူအား TIME မဂ္ဂဇင်း အမည်ဖြင့်ဝင်ကိုက်သွားခြင်းဖြစ်၏။ ဆရာတော်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်အရ ဟောပြောရာတွင်တာဝန်ယူမှုနည်းနေခြင်း၊ Rule of Law မှ အလုပ်မလုပ်နိုင်ခြင်းတို့ကို အခွင့်ကောင်းယူကာ ဝင်တွယ်သွားခြင်းပင်။ ချစ်ခြင်းမုန်းခြင်း မရှိ။ စောင်ရေတက်ဖို့ သာရှိ၏။ သူ့အလုပ် သူလုပ်ခြင်းဖြစ်၏။ ဒီမိုကရေစီထုံးစံအရ ဆရာတော် အနေဖြင့် ခေါင်းငုံ့မခံလိုပါက ပြန်လည် ချေပရန်၊ တရားစွဲရန်ဖြစ်လေသည်။

    စင်ကာပူနိုင်ငံမှ ခေါင်းဆောင်များဆိုလျှင် ဆတ်ဆတ်ထိမခံတရားစွဲလွန်းသည့်အတွက် Free Press သမားများ တော်တန်ရုံ မထိရဲကြ။ ဤကား ပါဝင်သူ stake holder အားလုံးမှ သူ့အလုပ် သူလုပ်ကာ ကျရာတာဝန်ကို ယူကြရသည့် ဈေးကွက်စီးပွားရေးဖြင့်မောင်းနှင်ရသော ဒီမိုကရေစီလူ့ဘောင်၏ သဘာဝပင်တည်း။ တစ်နေရာတွင် အားလျော့နေပါက၊ မျှခြေပျက်နေပါကအကိုက်ခံရမည်ဖြစ်၏။ ထိုသို့ဖြစ်ရန် မည်သူကမျှ ကြိုးကိုင်နေခြင်း မဟုတ်။ အဒမ်စမစ် ၏ စကားကို အငှားသုံးပါက ပါဝင်သူ stake holder အသီးသီးတို့၏ ကိုယ်ကျိုးစီးပွားအတွက် လှုံ့ဆော်မှုသည်ပင်လျှင် မမြင်ရသော လက်မည်းကြီး (invisible hand) ဖြစ်တော့သည်။

    ဖြစ်ရပ်တစ်ခုလုံးကို စာရင်းချုပ်ပါက“တာဝန်ယူမှု” ဆိုသောစကားသာ ကြွင်းလေသည်။ သို့ဖြစ်ရာဒီမိုကရေစီလမ်းပေါ် လျှောက်လိုပါက လူရည်လည်ရန်၊ လက်လွတ်စပယ် မပြုရန်၊ တာဝန်ယူရန် တိုက်တွန်းလို၏။သို့မဟုတ်ပါက မကြာမကြာ အကိုက်ခံရပြီး ဒီမိုကရေစီ “ပြီး” သူများ ဖြစ်ကုန်ကြလျှင် မခက်ပါလော။

    (ဖြေရှင်းချက်။ TIME မဂ္ဂဇင်းဘက်မှ ဖေးမပြောဆိုခြင်း မဟုတ်ပါ။ နောက်တစ်ကြိမ် အကိုက်မခံရစေလိုသော စေတနာသာ ရှိပါသည်။)

    • Foreign Resident

      June 22, 2013 at 5:14 am

      ” စုံစမ်းသည်၊ ရုံးတင်သည်၊ ထောင်ချသည်၊ အထောက်အထားမခိုင်လုံ ဟုဆိုကာ ပြန်လွှတ်သည်၊ မည်သို့ပင်ဖြစ်စေ အကြောက်တရားကို လှုံ့ဆော်သူအား လွှတ်မထား၊
      Rule of Law အလုပ်လုပ်နေသည်ကို သက်သေပြရန် အားထုတ်သည်။ ”

      ” ဆရာတော်အနေဖြင့် လွတ်လပ်စွာ ပြောဆိုခွင့်အရ ဟောပြောရာတွင်တာဝန်ယူမှုနည်းနေခြင်း ”

      အဓိက က အစိုးရ ကိုယ်နှိုက် ကလည်း Legitimate သိပ် မဖြစ်တော့ ၊
      လူကြိုက်နည်းမှာ စိုးပြီး ဘုန်းကြီး ဝီရသူ ကို မဖမ်းရဲတာလဲ အားနည်းချက်ပဲ ။

  • အရီးခင်လတ်

    June 22, 2013 at 3:54 am

    (From Facebook Page)

    ( ဦးဝီရသူကို ကန်ထည့်လိုက်တဲ့ လက်သည် အစစ်ကတော့ ဗိုလ်ရွှေမန်း )

    တကယ်တော့ အမေရိကားလို ဥရောပလို ဒေသတွေက နိုင်ငံကြီးတွေက သတင်းထောက်တွေနဲ့ အင်တာဗျူးရင် အရမ်းသတိထားရပါတယ်… အရမ်းလဲ ကြောက်စရာကောင်းပါတယ်၊
    သူတို့တတွေက မေးခွန်းတွေကို ဘယ်တော့မှ တိုက်ရိုက်မမေးပါဘူး… ဒါပေမယ် မေးခွန်း ၃ ခုလောက်မေးပြီးရင်တော့ ဖြေထားတဲ့ အဖြေ ၃ ခုကို ပေါင်းရေးလိုက်ရင် အဖြေက တခုတည်းဖြစ်နေတတ်တယ်…၊ အဲ့ဒါက ဒီနေ့သတင်းဌာနကြီးများလောကမှာ အလွန်အသုံးဝင်နေတဲ့ အင်တာဗျူး စနစ် ၊
    ဗိုလ်ရွှေမန်းက ပြီးခဲတဲ့ ရက်ပိုင်းအတွင်းတွေတုန်းက အမေရိကန်နိုင်ငံမှာ တော်တော်လေး အင်တာဗျူးတွေ လုပ်ခဲ့ပါတယ်…၊
    မြန်မာပြည်မှာက ရခိုင်ပြည်နယ်အရေးလူသတ်မှု့၊ မိတ္ထီလာအရေးလူသတ်မှု့၊ ဥက္ကံအရေးလူသတ်မှုတွေနဲ့ ထိုနယ်တွေအပါအဝင် လာရှိုးပဋိပက္ခအစရှိသည်တို့ မီးရှို့မှုတွေက မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့သတင်းတွေက ကြီးစိုးထားခဲ့သလို့….၊
    ကမ္ဘာကျော် အကြမ်းဖက် လူသတ်မှု့တွေထဲမှာ အရင်က မွတ်စလင်အကြမ်းဖက်များက ခေါင်းဖြတ်သတ်မှု့၊ သေနတ်နဲ့ နားထင်ကိုတေ့ပြီး ပစ်ခတ်သတ်မှု့၊ အမဲနိုင်ငံတခုမှာ အဖိုးကြီးနှင့် အဖွားကြီး ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်မှု့ တွေက ကမ္ဘာကြီးကို အံဩတုန်လှုပ် မုန်းတီးစက်ဆုတ်စရာအဖြစ် တည်ရှိခဲ့သော်လည်း…အဲ့ဒါတွေက ၁ဝ စုနှစ်နီးပါးလောက် ကျန်ခဲ့သလိုရှိနေစဉ်မှာ…၊
    ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ အရှင်လတ်လတ် တောင်ကုတ်မှာ ရဲတင်းနှင့် ခေါင်းကို ခုတ်ပိုင်းပြီး သတ်ဖြတ်မှု့များ၊ မိတ္ထီလာမှာ အရှင်လတ်လတ် တုတ်များနှင့် အလဲအကွဲရိုက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေက ကမ္ဘာ့သတင်းစာမျက်နှာတွေပေါ်မှာ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က အာဖဂန်နိုင်ငံလို ကြောက်စရာကောင်းတဲ့ အစွန်းရောက်တွေ ကြီးစိုးတဲ့ မြန်မာပြည်အဖြစ် ထိတ်လန့်တုန်လှုပ်စရာ မြန်မာပြည်အဖြစ် အမည်းဆိုးနဲ့ ချက်ချင်းလက်ငင်း ကြော်ကြားလာပါတော့တယ်…၊
    အဲ့ဒီ ဗွီဒီယို ဖိုင်တွေကိုတော့ ထောက်လှန်းရေးတွေကပဲ ကင်မရာကောင်းကောင်းတွေနဲ့ အဝေးကနေဆွဲရိုက်ပြီး လိုချင်တဲ့အနေအထားတွေ ဖေါ်ပြ၍ လိုအပ်ပါက တရာခံပြသက်သေအဖြစ် အသုံးချဖို့ အင်တာနက်တွေပေါ်မှာ ပြန်တင်ပေးခဲ့တာပါပဲ ၊
    ဒီကြားထဲမှာ အမျိုးသားရေးကို ဘန်းပြပြီးတော့ အာဏာတည်မြဲရေး လုပ်ဆောင်နေကြတဲ့ စစ်အုပ်စုရဲ့ ယုတ်မာမှု့တွေကြောင့် ဘုန်တော်ကြီးများရဲ့ ဘာသာရေးလုပ်ဆောင်မှု့တွေနှင့် ( ၉၆၉ ) ဘာသာရေး ဝံသာနုလုပ်ရှားမှု့တွေကို ကာဗာယူပြီး နိုင်ငံရေးတတ်သိနားလည်သူတွေ အခြေအနေတွေကို သဘောပေါက်နေသူတွေကို အပြောခက်အောင် ဘုန်းကြီးဒိုင်းနဲ့ မိုက်ရိုင်းခဲ့ကြတာကို ကောင်းကောင်းတွေ့မြင်နေခဲ့ရပါတယ်….၊
    ဘုန်းကြီးဒိုင်းကိုင်ဆောင်သူ အမျိုးသားရေး လုပ်ကြံသူများက လူသတ်မှု့တွေပြုလုပ်ပြီး ကြေညာသွားတာ ၉၆၉ ၊ လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ပြီး ကြေညာသွားတာ ၉၆၉ ၊ ရပ်ကွက်ကြီးလိုက် ပြာကျသွားအောင် မီးတွေရှို့ပြီး ကြေညာသွားတာ ၉၆၉ ၊ အဲ့ဒီလိုနဲ့ ကမ္ဘာကျော်တဲ့ လူဆိုးကြီးအဖြစ် ၉၆၉ ဟာ အမည်ဆိုးကြီးနဲ့ ကျော်ကြားလာခဲ့ပါတော့တယ်….၊
    ဗိုလ်ရွှေမန်းက အမေရိကန်ကို ရောက်တော့ သတင်းဌာန ဗျူးဆရာကြီးတွေက ၁ = အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရမှု့တွေက ဘာကြောင့်လဲလို့မေးလိုက်တယ်…
    ဗိုလ်ရွှေမန်းဖြေပြသွားတာက လူတစုရဲ့ အကြမ်းဖက် ဘာသာရေး လှုပ်ရှားမှာတွေကြောင့်…တဲ့၊
    ၂ = သတင်းဌာနတွေကမေးတယ်… ( ၉၆၉ ) က ဘယ်သူတွေဦးစီးတာလဲတဲ့ …. ဗိုလ်ရွှေမန်းကဖြေတယ်… ဘုန်းတော်ကြီးတွေပါတဲ့…..၊
    ၃ = အကြမ်းဖက်တဲ့ ဘယ်လိုအဖွဲ့အစည်းတွေကို အရေးယူဖို့ ဆုံဖြတ်ထားလဲတဲ့…၊ ဗိုလ်ရွှေမန်းက ဖြေတယ်… ( ၉၆၉ )တွေကိုတော့ အရေးယူဖို့ အမိန့်ပေးထားခဲ့ပါပြီးတဲ့၊
    အဲ့ဒီ အဖြေ ၃ ခုကို တခုတည်းပေါင်းစပ်လိုက်တော့….

    သမ္မတလောင်းကြီး ဗိုလ်ရွှေမန်းကြီးရဲ့အဖြေက…………..
    လူတစု အကြမ်းဖက် ဘာသာရေးလှုပ်ရှားမှုတွေကြောင့် ဘုန်းတော်ကြီးတွေပါတဲ့ ( ၉၆၉ )တွေကိုတော့ အရေးယူဖို့ အမိန့်ပေးထားခဲပါတယ်…..တဲ့ ဗျာ…..။
    တရားခံ ဘယ်သူလဲဟေ့…. တရားခံ ဘယ်သူလဲဟေ့….။

    ( ဦးနိုင်ဝင်း လန်ဒန် )

    • kai

      June 22, 2013 at 4:59 am

      ဒီလို.. အရီးလတ်ရဲ့.. ။
      ခုနောက်ပိုင်း.. လျှမ်းဖတ်လိုက်လို့. အမေရိကားနဲ့ အမေရိကန်လေးလုံးမကွဲတာတွေ့ရင်.. အဲဒီသူစကား..စာဆို.. ဖတ်ကိုမဖတ်တော့ဘူး…. ။

      ဗိုလ်ရွှေမန်းက အမေရိကန်ကို ရောက်တော့ သတင်းဌာန ဗျူးဆရာကြီးတွေက..

      ဘယ်နှာ အမေရိကန်ကို. ဗိုလ်ရွှေမန်းရောက်သလည်းမသိ..
      ကွိ..

      ပုံ..။ အမေရိကားနေ.. အမေရိကန်များကိုယ်စား…
      အင်္ဂလိပ်နေ စာရေးသူကို ပြောလိုက်ကြောင်း.. :mrgreen:

      • Foreign Resident

        June 22, 2013 at 5:30 am

        ” အင်္ဂလိပ်နေ စာရေးသူကို ပြောလိုက်ကြောင်း.. :mrgreen:

        သူကြီး ။
        ( UK / အင်္ဂလန် ) နေ စာရေးသူ ( အင်္ဂလိပ် ) ကို ပြောလိုက်ကြောင်း ။
        ဖြစ်ရမှာ မဟုတ်လား ။ နောက်နေတာပေါ့ ။

  • အရီးခင်လတ်

    June 22, 2013 at 4:04 am

    ဘာသာမဲ့ ဖြစ်တော့ မဲ့ အရေး ကနေ ကယ်မ လာတဲ့ စကား။ 😆
    Facebook စာမျက်နှာ ကဘဲ ရပါသည်။
    ကြိုက်လွန်းလို့ Share ပါသည်။

    (From ချိုတူးဇော်)
    ကျနော်တို့ ဗုဒ္ဓကို ကြည်ညို လို့ ဗုဒ္ဓဘာသာဝင်အနေနဲ့ ဗုဒ္ဓရဟန်းစစ်စစ်တွေကိုသာ
    ကိုးကွယ်လိုပါတယ်။ အဲဒီ ဘာသာရဲ့ ဥပမာတွေကို သိပ်ကြိုက်ရင် ကိုယ်တော်တို့သာ အဲဒီဘာသာ ကို ပြောင်းကြပါတော့။

    ဗုဒ္ဓဘာသာထဲ အဲဒီ အယူအဆ၊ လုပ်ရပ်တွေ လာ ကိုး၊ လာတု မနေကြပါနဲ့။

    ချိုတူးဇော်

  • Foreign Resident

    June 22, 2013 at 6:02 am

    ၁ ။
    ဗုဒ္ဓ ဘာသာ နှင့် မွတ်ဆလင် ဘာသာကို ၊
    ထိပ်တိုက်တွေ့ပေးရန် လမ်းစလေးတွေ ဖေါ်နေပါပြီ ။
    ညံ့ရင် ခံကြ ။

    အမေရိကန်ကြီးသည် အထက်လမ်းနည်း တစ်မျိုးတည်း တတ်ပြီး ၊
    ကမာ္ဘ့ နံပါတ် တစ် နေရာကို ရောက်လာခြင်း / ရောက်နေခြင်း မဟုတ်ပါ ။
    အောက်လမ်းနည်းမှာလည်း ၁၂ ကြိုးစလုံး ပိုင်ပြီးသား နိုင်ငံကြီးပါ ။
    အဲဒါကို ၊ ဘယ်တော့မှ မမေ့ပါနှင့် ၊ ဘယ်တော့မှ လျှော့ မတွက်ပါနှင့် ။

    ၂ ။
    သူရ ရွှေမန်း ကြီး ၊ အမေရိက မှာ ၊
    ၂ – ၁ ။ ချောင်ပိတ် အမေးခံရပြီး ၊ အဖြေ မတတ်တာလား ။
    ၂ – ၂ ။ စိတ်ရင်း အတိုင်း ရှင်းရှင်း လင်းလင်းကြီး အမှန်အတိုင်း ဖြေချလိုက်တာလား ။
    ၂ – ၃ ။ US အကြိုက်ကို သားသားလည်း လုပ်ပေးနိုင်ပါတယ်လို့ ပြလိုက်တာလား ။
    ဒါကတော့ ဆက် စောင့်ကြည့်ကြတာပေါ့ ။

    ၃ ။
    ဘွားတော် ( အမေစု ) နှင့် ဦးသိန်းစိန် ။ ဘွားတော် ( အမေစု ) နှင့် သူရ ရွှေမန်း ။
    သူတို့ကြားမှာ လျို့ဝှက် ကတိ တွေ / နားလည်မှုတွေ ရှိကြပုံရပါတယ် ။ သိပ် ဆန္ဒ မစောကြပါနှင့် ။
    ဘွားတော် ( အမေစု ) ဦးဆောင်မှု နောက်ကိုသာ ၊ မပြီးခင် စိတ်ဝမ်းမကွဲကြပဲ လိုက်ကြပါ ။

    ၄ ။
    ၂၀၁၅ မှာ ကြံ့ဖွတ် နှင့် NLD ညွန့်ပေါင်း အစိုးရ ဖွဲ့ဖြစ်သွားရင်လည်း ၊
    အဲဒါကို ကျနော် ထောက်ခံပါသည် ။
    တိုင်းပြည် ပိုတည်တည်ငြိမ်ငြိမ် နှင့် ရှေ့ဆက်နိုင်ပါမယ် ။
    ဘွားတော် ( အမေစု ) မှာ စစ်တပ် အပေါ် ဩဇာ မတည်ဆောက်နိုင်သေးပါ ။
    တိုင်းပြည် တည်တည်ငြိမ်ငြိမ် နှင့် ရှေ့ဆက်နိုင်ဖို့ စစ်တပ် ရဲ့ ထောက်ခံမှု လိုပါတယ် ။

    ၅ ။
    ဘုန်းကြီး ဝီရသူ နှင့် ၉၆၉ တွေကတော့ ၊
    ထုံးစံအတိုင်း ၊ ဘုရားပြီးရင် ငြမ်း ( Scape Goat ) ကိုဖျက် ဆိုသလိုပဲ ၊
    သိပ်မကြာခင် ၊ အကစ်ခံရပြီး ၊ဘေး ရောက်သွားမယ် ထင်ပါတယ် ။

    ဘုန်းကြီး ဝီရသူ လဲ ၊ အသုံးချ ခံနေရတာပါ ။
    လောကကြီးက ဒီလိုပါပဲ ၊ ညံ့သူ ခံ ပေါ့လေ ။
    နိုင်ငံတကာ က လက်မခံနိုင်တဲ့ အစွန်းရောက် အတွေးအမြင်တွေကို ဆွဲကိုင်မိတာကိုး ။

    • Foreign Resident

      June 22, 2013 at 9:17 am

      ” ၁ ။
      ဗုဒ္ဓ ဘာသာ နှင့် မွတ်ဆလင် ဘာသာကို ၊
      ထိပ်တိုက်တွေ့ပေးရန် လမ်းစလေးတွေ ဖေါ်နေပါပြီ ။ ”

      နံပါတ် ၁ ။ နှင့်ပါတ်သက်ပြီး နဲနဲ လေး အကျယ် ထပ်ရှင်းပြချင်ပါတယ် ။

      အမေရိကန်ကြီး က မြန်မာနိုင်ငံကို မကောင်းကြံတယ်လို့ မဆိုလိုချင်ပါ ။
      အမေရိကန်ကြီး သူ တစ်ယောက်ထဲ မွတ်ဆလင်တွေ နှင့် တိုက်နေရတဲ့ စစ်ပွဲမှာ ၊
      မြန်မာ ဗုဒ္ဓဘာသာ တွေကိုလည်း တတပ် တအား ပါလာ စေချင်ပုံ ရတယ် ။

      ခက်တာက ၊ အမေရိကန်ကြီး နှင့် မွတ်ဆလင်တွေ ဖြစ်တဲ့ စစ်ပွဲမှာ ။
      မြန်မာ ဗုဒ္ဓဘာသာ တွေက ၊ ဘေးက ( နဲနဲ ) ဝင်ကူရတာက အကြောင်းမဟုတ်ပေမယ့် ၊
      အပြင်းထန်ဆုံး စစ်မြေပြင်က မြန်မာ နိုင်ငံ မှာဖြစ်လာပြီး ၊
      မွတ်ဆလင်တွေ ရဲ့ အပြင်းထန်ဆုံး မျှားဦးက ဗုဒ္ဓဘာသာ တွေဘက် လှည့်လာရင်တော့ ၊
      အခုမှ ဖွံ့ဖြိုးဖို့ အစပျိုး ရုန်းကန်နေရတဲ့ မြန်မာ နိုင်ငံ အဖို့တော့ ပြည်ပျက်သွားနိုင်ပါတယ် ။
      မြန်မာ ဗုဒ္ဓဘာသာ တွေ ပါးပါး နပ်နပ် နှင့် ရှောင်နိုင်မှ တော်ကာကျမယ် ။

      အခုကိုပဲ ၊ ဒီ Time မဂ္ဂဇင်း ထွက်ပြီးရင် မွတ်ဆလင်တွေ ဆီက ဘာသံကြားရဦးမယ် မသိ ။
      မွတ်ဆလင် နိုင်ငံ တွေမှာ ရောက်နေတဲ့ မြန်မာ ဗုဒ္ဓဘာသာ တွေ ဂရုစိုက် နေရတော့မယ် ။

      ဪ ၊ နောက်ဆုံးတော့လည်း ၊ သဗ္ဗေ သတ္တာ ကမ္မ သကာ ပါပဲလေ ။

  • kyeemite

    June 22, 2013 at 10:17 am

    ဒီဆွေးနွေးမှုတွေ အားလုံး တစ်စုတစ်စည်းတည်းဖတ်ရအောင်ဇတ်လမ်းစပေးတဲ့ ကိုရင်ဖေါကို ကျေးဇူးအများ
    ကြီးတင်ပါဂျောင်း..

Leave a Reply