သေဂျင်းစိမ်း

ムラカミJuly 4, 20131min60122

 

ကျုပ် ငယ်ငယ်ကပေါ့ဗျာ။ ပွေးတယ် မပွေးတယ် ပြောပါတယ်..။

မိဘတွေ မလွန်ဆန်နိုင်လို့သာ ဆေးကျောင်းသွားတက်ရတယ် လူက စိတ်က ပါတာမဟုတ်ဘူးရယ်။

ရောက်ပုံကိုလည်း ကြည့်ဦးလေ..ဗေထိ ဆိုကတည်းက ဖရက်ရှာဝဲလ်ကမ်း စပဟေ့ဆိုတာနဲ့

မောင်ဂီ့တို့ မြကျွန်းသာမှာ တိုက်ကားမောင်းနေပြီ။ ကွိကွိ. ..

နောက်နေ့ စာအုပ်ထုပ် ခုံနံပါတ်ရှာ စာသင်ခန်းကိုသွား …။ လားလား…။

နာမည်တွေကို က-အ စီပီး ခုံနံပါတ်ထုတ်ပေးတာဆိုတော့ ကျနော်က နာမည် အစစာလုံး မ- မို့

ဆက်ရှင်တူး ကိုရောက်တယ်.. (လူခြောက်ရာ ကို ဝမ်းတူး ၂ဆက်ရှင် ခွဲတာ..)

ခုံနံပါတ် ဂဏန်းက ၃၀ဝကျော်သဗျ … ရတဲ့နံပါတ်ကလည်း ကြည့်အူး ။ ၃၇၆ တဲ့ …။

သေဇမ်း ..။

ဗေထိ ဆိုတာနဲ့ ဂွမ်းတာ ..။ အဲ့လိုနဲ့ မနက်မနက်ဆို ပရက်တီကယ်တွေ ဆင်းရသာပေါ့ဗျာ..

လူ၅ဝလောက်ရှိတဲ့ မ-group က နောက်ထပ် လူ၅ဝ လောက်ရှိတဲ့ ရ-group နဲ့ တဖွဲ့တည်း လုပ်ရလေ့ရှိတယ်..

(သူတို့က ခုံနံပါတ် ၄၀ဝ စွန်းစွန်းတွေ )

တနေ့သားဗျာ ..ရ-group က ဂျိုကာရုပ်နဲ့ကောင်တကောင် ခုံနံပါတ်မေးပီး အတင်းလာလက်ဆွဲနှုတ်ဆက်တယ်

လေးစားဒယ်ဗျာတဲ့ (ပလိန်းယီး) … အင်..ဘာလို့တုန်းဆိုတော့ ..ငါက 420 လေ တဲ့ … သေဟဲ့ နိဒ္ဒိယ

အဲ့ဒလို အဖွင့်လှခဲ့တာပါဆို..။

ထားပါတော့ …အဲ့ဒါနဲ့ (ဆေးကျောင်း)အပြင်က ငယ်သူငယ်ချင်း တယောက် က သူ့ရဲဇား ရ-group ထဲမှာ ရှိတယ်..

သည်တော့ ဒီကောင်က ကျောင်းကိုလာလာပတ် နေကြ.. ကျနော်ကလည်း lab တွေ ဝင်ရမှာ ပျင်း.. (ခုံနံပါတ်ကိစ္စ ခနခနဟားခံရလို့)

တာနဲ့ဆိုတော့ အတော် ဖြစ်သွားတယ်..။ ဒင်းက အစား ဝင်-ဝင်လုပ်တယ်လေ..သူ့စကီလေးနဲ့ နေ့တပိုင်းတောင် မခွဲနိုင်လို့..။

ကျနော်ကတော့ ဂီတာထွက်တီး ဂိမ်းထွက်ဆော့နဲ့ စိတ်ရှိသလောက် သိဒ္ဓိပေါက်ခဲ့သပေါ့ဗျာ..

 

အဲ့လိုနဲ့ ကျောင်း-စဖွင့်ပြီး ၁လလောက် နေတော့ ကျောင်းက သိပ်မသိတဲ့လူတွေက သူ့ကို အစစ် ကျော့်ကို အတု ထင်လာကြတာရယ်..

အကျိုးပေးကောင်းပုံ … ။အဲ့လိုနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ အကြပ်ကိုင်တာကြောင့် ကျော့်မှာ lab ချိန်တွေ မဝင်ချင့်ဝင်ချင်နဲ့ ဝင်ခဲ့ရသေးသပေါ့ဗျာ။

(နောက်တော့ lab မသွားရရင်ကို မနေနိုင် ဖြစ်ခဲ့ရဖူးပါတယ်..- မပြောပြဘူး သတ်ပလိုက်)

 

အဲ့သည့်မှာ စတွေ့တာပဲ Chem: Lab ဟိုသကောင့်သား စွန့်ကျဲတဲ့ ဒူတီကုတ်လေးကောက်စွပ် test tube လေး ၂ချောင်းလောက်နဲ့

ဝင်ရတာခည…။ဖြစ်ချင်တော့ ကိုယ်ဝင်တဲ့နေ့မှပဲ လုပ်တဲ့ test က အတော်လေးခက်ပြီး ရှုပ်တာ .. whole burma တွေတောင်

ချွေးပျံနေတယ်.. result ထွက်ပြီးမှ ထမင်းစားရမှာကိုး ..။ သိတဲ့အတိုင်း အပူပေးအအေးခံ အဟွာရော ဒီဟာမီးမြိုက်နဲ့ …အဆင့်တွေလည်း

များသလို ပရိုစီဂျာလည်း ချော်မရဘူး… ဆိုတော့ ဒီ လူ၁၀ဝမှာ ဘယ်သူမှ အောင်မြင်အောင် မလုပ်နိုင်သေးဘူး ဖြစ်နေလေရဲ့ …။

 

မောင်ဂီ့ တယောက် ဗိုက်ကတကျုတ်ကျုတ် ..နဂိုကတည်းကလည်း စိတ်ဓါတ်ကမရှိ အကျင့်ကတန် ..အဲ့ဒိမှာ အကြံအဖန်လုပ်ဖို့

တွေးမိ လာတယ် .. သူ့ရဲ့ end product က အစိမ်းရောင် အရည် ဖြစ်ရမှာ ..မောင်ဂီ့ လည်း ဘာညာ သိပ် စဉ်းစားမနေတော့ဘူး

Cuso4 Copper(II) sulfate အရည် ခပ်ထည့်လိုက်တယ် ..နောက် …ဆာလဖာ အမှုန့် နည်းနည်း လောင်းချပြီး မွှေလိုက်တယ်..

ရပါပြီဗျာ ..မြစိမ်းရောင် အရည်… (ကော့ပါးက အပြာ ဆာလဖာက အဝါ ကိုး) … ကွိကွိ. ..

ဟိုကောင် 420 က ရေလည် လေးစားသွားတဲ့ မျက်လုံးတွေနဲ့ လာကြည့်တယ်.. (ဒင်းကမနီးမဝေးမှာကိုး)

ဟတ်ကောင် ဇာဖားစ် နင် တကယ် လုပ်လို့ရတာလား တဲ့ ..အားကိုးတကြီး မေးရှာတယ်..

420 ဖြစ်နေပီးတော့ ဂလောက်တုံးရသလားဟဲ့ … မသေမချင်းမှတ်ထား အပြာနဲ့ အဝါရောရင် အစိမ်းရဒယ်… အင့် ..ဒီမယ်..

 

ဟာ .. ဟိတ်ကောင် ငါ ..ငါ ကြောက်တယ် အလိမ် ပေါ်ရင် ကွိုင်တက်မှာနော်..။

 

ဇင်ဝိုင်း လောက်များ သောက်ဂရုစိုက်လို့ကွာ။

(ကျနော်တို့က မော်ကွန်းထိန်းကို ဇင်ဝိုင်းလို့ခေါ်တယ်)

 

ကလိုနဲ့ ဒင်းကတော့ လိုက်မလုပ်ဖြစ်ဘူး .. ။ ၃၇၆ အောင်မြင်သွားပီတဲ့ ဆိုတဲ့ သတင်းက လူ၁၀ဝ ကြားမယ် တောမီးလို ပျံ့သွားတယ်..

တယ်ဟုတ်ပါလားပေါ့ .. ဘားမားတွေတောင် မျက်လုံးပြူးသွားတယ်.. ဟ- ဘာလဲဟ ဒီကောင်က ပါရမီရှင် အပေအတေလားပေါ့..။

ညင်းညင်း .. ကျုပ်ကတော့ ပြုံးပြုံးကြီး ..ကျုပ်တို့အဖွဲ့ကို တာဝန်ယူတဲ့ ဆြာမလေးကလည်း လက်မှတ်ကောက်ထိုးပေးလိုက်တော့..

မောင်ဂီ့တို့ လှည်းတန်းတဝိုက် အစာရှာထွက်တော့မဟဲ့ဆိုပြီး … ကားသော့လေး အထုတ် lab က အထွက် ….။

 

နေဦးးးးးးးး

 

ခေါင်းကို မိုးကြိုးပစ်ပြီ … ဒါဌာနမှူး အသံ။ နောက်ပိုင်းမှ ပြန်သိရတာက ကျော်နဲ့ အမျိုးစပ်မယ်ဆိုရင် တော်သတဲ့ ..။

(သူက သိပြီး ကျနော်သာ သိမနေတာ..) အမျိုးတွေ ကောင်းမှုနဲ့ ဘယ်လောက်ပွေးတယ် ဆိုတာ ကြိုသတင်းရထားတာလည်း

ဖြစ်ကောင်းရဲ့ … ထားပါလေ..။

 

ဆြာမလေးက အတွေ့အကြုံနုတော့ မောင်ဂီ့ လှိမ့်တာ ခံရသပေါ့ ..။ ဌာနမှူးကတော့ လူကြီး အတွေ့အကြုံများ ဆိုတော့..

test tube မီးခိုးမစွဲနေတာ သိပ် သစ်လွန်းနေတာ ကြည့်ပြီး သံသယ ဖြစ်သပေါ့ဗျာ ..။

 

 
သူ့ရဲ့ မူရင်း end product က acidic ဖြစ်ပါသတဲ့ ..ဆိုလိုသည်မှာ ..လစ်တမတ် စက္ကူအပြာထည့် အနီပြောင်းတယ်ခည…။

ကျုပ် ကလိထားတဲ့ ပေါက်ပန်းဇေးက ဘာမှန်းမသိ… ဟော … ထည့်ပါပြီ လစ်တမတ် စက္ကူ..

ဒန်

တန့်

တန်.

.
.
.
.
.
.
.
.
.
.

 

မည်သို့ မည်ပုံ ဓါတ်ပြုလိုက်သည်မသိ… လစ်တမတ်စက္ကူကြီး …

စိမ်းသွားပါတယ် ခီညာ စိမ်းသွားပါတယ်…။

 

အဲ့ဒီကတည်းက သေချင်းဇိမ်း အခေါ်ခံခဲ့ရတယ် ဆိုပါတော့ …။

 

22 comments

  • Mr. MarGa

    July 4, 2013 at 2:29 pm

    ကောင်းလေစွ………ဟီဟိ
    ဖတ်ပြီး ပါးစပ် မစေ့နိုင်ဘူး :mrgreen:
    အိုက်ဒါကျ ဘာဓါတ် ခေါ်မလဲ အရပ်ကတို့
    အော်………. သေဂျင်းစိမ်း သေဂျင်းစိမ်း :mrgreen:

  • ဦး ကျောက်ခဲ

    July 4, 2013 at 2:54 pm

    ဟီ ဟိ ကျောက်စ်တို့ခေတ်ကလည်း Titration လုပ်ရပြီဆိုရင်…
    မှင်ရောင်စုံ မြေဖြူမှုန့်နဲ့ အင်ထုခဲ့တာဗျ… :mrgreen:
    Practical ခန်းထဲမှာ Trilobite ဆိုတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပုံ ဆွဲခိုင်းတော့…
    ပိုးဟပ်ကို နှုတ်ခမ်းမွှေးဖြုတ် မြေဖြူမှုန့်လိမ်းပြီး…
    ကောင်မလေးတွေစားပွဲပေါ်က အစစ်နဲ့လဲထားလိုက်တာ…
    ဟဲ ဟဲ ဘာပြောကောင်းမလဲ၊ ဆရာသိသွားလို့ အတော်အကြိမ်းခံလိုက်ရတယ်… :mrgreen:

  • Shwe Ei

    July 4, 2013 at 3:22 pm

    ..နဂိုကတည်းကလည်း စိတ်ဓါတ်ကမရှိ အကျင့်ကတန် ..အဲ့ဒိမှာ အကြံအဖန်လုပ်ဖို့

    တွေးမိ လာတယ် ..

    ဟုတ်မှာဘာလေ…..ခိခိခိခိခိခိ

  • kyeemite

    July 4, 2013 at 3:39 pm

    ကျုပ်တို့လည်း အာတူတူဘဲ..ပေါက်ကရပွေးတဲ့နေရာမှာ ပြောပါဒယ်..
    အင်း..ကျောင်းသားဘွဂိုသဒိရသွားတယ် စကူဒလိုင်ဘာရယ်.. :mrgreen:

  • โทรศัพท์มือถือ

    July 4, 2013 at 4:20 pm

    ကိုသေဂျင်းဇိမ်းရဲ့ ကျောင်းသားဘဝ……..
    မွှေခဲ့တာလေးတွေကို ဖတ်ရတာ ရီရတယ်……
    ပျော်ဇရာဂျီးနေမှာ……………..
    ကျနော်ကတော့ ကျောင်းမတက်ခဲ့ဖူးလို့ အဲ့လိုပျော်စရာလေးတွေ
    မရှိခဲ့ဘူးပါဘူးဗျာ………………..

  • ဟင့်…သူများတွေ ပရက်တီကယ်တွေကို ဖတ်ရတာနဲ့တင် အားကျဇာ…
    နော်တု့ိကတော့ ဝိဇ္ဇာဘွဲ့ဆိုတော့ ဘာဆို ဘာမှမသိ..ဆယ်တန်းတုန်းကလည်း ဖန်ဘူးတောင် သေချာမမြင်ဖူးဘဲ စာကျက်ပြီး အောင်လာတာ… 🙂

  • အလင်း ဆက်

    July 4, 2013 at 6:44 pm

    ဖတ် ရင်း နဲ ့ရီ လိုက်တာ
    ထွက် တောင် ကျ သွားတယ်
    မျက်ရည် မျက်ရည်

    🙂 🙂
    😆

  • Crystalline

    July 4, 2013 at 8:55 pm

    အရည်အချင်းတွေထုတ်ကြွားနေတာ…

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 4, 2013 at 9:08 pm

      အကြွားပါပူး ခရစ်စ်လေးရယ်.
      ကြွားစရာဆိုလို့
      အရှေ့အာရှ ရဲ့ အခြစ်တတ်ဆုံးယောက်ျား တယောက်
      ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ပိုင်ဒါဘာ.
      ကွိကွိ

      • စနေ

        July 4, 2013 at 9:22 pm

        ဘာတွေခြစ်တတ်တာရဲဟင်……..
        အလုပ်အပ်ချင်လို့ဘာ ……………. :mrgreen:

      • Crystalline

        July 5, 2013 at 10:32 am

        အမွှာအစ်ကိုတော်ကလည်း ဆေးခြောက်တွေနဲ ့မိပြန်သတဲ့.. :mrgreen:

        • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

          July 5, 2013 at 11:38 am

          ဆေးဘဲသိက္ခာကျတယ် ၁ကျပ်သားနဲ့ အဖမ်းခံရသဒဲ့ ..
          နံရံလေးဘက်ကြား နဲ့ပဲတန်တဲ့ ငတုံး ..မသနားဘု။

  • ပန်းချီမျက်စိရှိတဲ့ဆေးကျောင်းသားတွေပေပဲ
    ဒါနဲ့မော်ကွန်းထိန်းကဘာလို့ဇင်ဝိုင်းဖြစ်နေတာလဲ

    • အရှေ့ အာရှမှာ အလွမ်းတတ်ဆုံး ယောက်ျားတယောက်

      July 4, 2013 at 9:46 pm

      မော်ကွန်းကို သူ့အဖေ အူးဇင်ဝိုင်း ကမထိန်း လို့ ဘယ်သူ ထိမ်းခဲ့မတုံးကွယ်.

  • LaYeik Cho

    July 4, 2013 at 10:10 pm

    ဟင်း…..ဟင်း
    တော်တော်လေးကို တော်ပါပေတယ်

  • uncle gyi

    July 4, 2013 at 11:02 pm

    ဒိီလိုနဲ့မြန်မာပြည်မှာ
    အထူးကုတွေတဖြည်းဖြည်းများလာရောတဲ့ကွယ်
    ပုံပြင်လေးပြီးပါပြီကွယ်

  • Ma Ma

    July 5, 2013 at 8:28 am

    တော်ရုံနဲ့ ရခဲ့တဲ့ နာမည်မဟုတ်ဘူး။
    ဂုဏ်ယူလောက်ပါပေတယ်။ 😆

  • Lab ဆိုမှာ …
    ကျောင်းတုန်းက နံမယ်ဒေါ့ ကျားဂဲ့ဖူးဒါး ….
    ဘာမှန်းဒေါ့ မတိဂဲ့ဘာဘူးရယ် …

  • ရွှေတိုက်စိုး

    July 5, 2013 at 10:28 am

    ကျောင်းသားဘွ တစ်သက်နဲ.တစ်ကိုယ် တစ်ခါပဲ Lab ဝင်ဖူးတယ်… တစ်ခါဝင်တစ်ခါသိသာတာပဲ…. ဖန်ဘူး ကျကွဲလို. လျော်လိုက်ရတယ်လေ……………..
    ဟိဟိ

  • မင်းမင်း

    July 5, 2013 at 3:32 pm

    ခင်ညားတို့အကြံအဖန် တီးတာ ရယ်ရတယ် ဟီးးးး

    ရုံးမှာတော့ စာရေးမတယောက် ရေခွက် လွတ်ကျတာ

    လူကြီးရှေ့ ဖေ့ဘုတ်ကြီးတော့ကွဲပါပြီအော်လို့

    အမြင်ကတ်ကတ်နဲ့ wi-fi ပိတ်လို့ ဒီမှာ ၂ ိ/-နဲ့သုံးနေရတယ်။ဟီးးးးးး

  • အရီးခင်လတ်

    July 6, 2013 at 2:44 am

    {{ မိဘတွေ မလွန်ဆန်နိုင်လို့သာ ဆေးကျောင်းသွားတက်ရတယ် လူက စိတ်က ပါတာမဟုတ်ဘူးရယ်။ }}
    တော်သေးတယ်။
    စိတ်မပါတဲ့ ဆေးကျောင်း ကို တက်ခိုင်းတဲ့ မိဘ ကို ဒီလို ပြန်ပြီး စန္ဒာ မပြလို့။

    အတင်း အောင်မြင်အောင် လုပ်ခိုင်း တဲ့ မိဘတွေ က ရွဲ့ပြီး ဘယ်မှမသွားတော့ဘဲ အခန်းအောင်းပြီး နေ့မှာအိပ် ညမှာ တီဗီကြည့် လုပ် နေတာ ဂျပန်မှာ လူတစ်သန်းလောက် ရှိသတဲ့။
    တစ်ချို့ ဆို အဲလို နေရလာတာ အသက် ၅ဝလောက်တောင်ရှိပြီတဲ့။

    ဒီနေ့ ဘဲ သတင်း။
    http://www.bbc.co.uk/news/magazine-23182523
    As many as a million young people in Japan are thought to remain holed up in their homes – sometimes for decades at a time. Why?
    For Hide, the problems started when he gave up school.
    “I started to blame myself and my parents also blamed me for not going to school. The pressure started to build up,” he says.
    “Then, gradually, I became afraid to go out and fearful of meeting people. And then I couldn’t get out of my house.”
    Gradually, Hide relinquished all communication with friends and eventually, his parents. To avoid seeing them he slept through the day and sat up all night, watching TV.
    “I had all kinds of negative emotions inside me,” he says. “The desire to go outside, anger towards society and my parents, sadness about having this condition, fear about what would happen in the future, and jealousy towards the people who were leading normal lives.”
    Hide had become “withdrawn” or hikikomori.
    In Japan, hikikomori, a term that’s also used to describe the young people who withdraw, is a word that everyone knows.
    Tamaki Saito was a newly qualified psychiatrist when, in the early 1990s, he was struck by the number of parents who sought his help with children who had quit school and hidden themselves away for months and sometimes years at a time. These young people were often from middle-class families, they were almost always male, and the average age for their withdrawal was 15.
    It might sound like straightforward teenage laziness. Why not stay in your room while your parents wait on you? But Saito says sufferers are paralysed by profound social fears.
    “They are tormented in the mind,” he says. “They want to go out in the world, they want to make friends or lovers, but they can’t.”

    တို့ အရှေ့အာရှတိုက်သား တွေ စိတ်ကြီးပုံများ။
    အံ့ဖွယ်ဘဲ။

    (Post ကို အရသာဖျက်မိပါက စောဒီး 😆 )

  • ဦးကြောင်ကြီး

    July 8, 2013 at 10:13 am

    မောင်ဂီ
    ကောင်နီ
    ပေါင်ရှည်
    ရောင်ခြည်
    ဒေါင်မြည်
    အောင်စည်
    လှောင်သည်
    နောင်အတည်…

Leave a Reply