Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၁ )

alinsettJuly 5, 20133min86624

 

အနုပညာစကား ။ ၁ ။

ဘယ်သူတွေ ဘာစကားပြောနေကြသလဲ ။

ပြောနေကြတာတော့အများကြီးပါပဲ ။

(ကျွန်တော်ကတော့  အခုတလော အသံတွေနဲ့ ့နည်းနည်း ဝေးနေတယ် ။ )

ပြောတဲ့လူတွေကလည်း အသံကျယ်ကျယ်နဲ့ကို ပြောနေကြတယ်။

ဘာသာရေး စကား / နိုင်ငံရေးစကား / စီးပွားရေးစကား / လူမှုရေးစကား . . . စသည်ဖြင့် ပေါ့လေ ။

နယ်ပယ် အသီးသီးမှာ ကိုယ်စီ ကိုယ်စီ စကားတွေ ပြောနေကြတယ် ။

အသံတွေ ထွက်နေကြတယ်။

ဒီတော့ ကျွန်တော်လည်း ပြောချင်လာတယ် ။

ဘာစကားပြောရ ကောင်းမလဲဆိုပြီး အခု ကိုယ်က ဘယ်နယ်ပယ်ထဲ ရောက်နေသလဲလို ့ ပြန်ကြည့်မိတော့ ကျွန်တော်က အနုပညာ နယ်ပယ်ထဲမှာ ရောက်နေပါလား ။

အနုပညာ စကားပြောရမှာပေါ့ ။

အနုပညာနယ်ပယ်ထဲ ရောက်နေတယ်ဆိုလိုက်တော့ ကျွန်တော်က အောင်မြင်နေတဲ့အနုပညာရှင်ကြီး လိုလို ဘာလိုလို ဖြစ်သွားတယ်နော်။

တကယ်တော့ ကျွန်တော့်မှာ အောင်မြင်မှု မရှိသေးဘူး လို့ပြောရင်လည်း ရပါတယ်။

အောင်မြင်မှုဆိုတာကို လူသိများ ကျော်ကြား ထင်ရှားခြင်း ဆိုတာကြီးနဲ့ ့တိုင်းတာ ရင် ပေါ့ဗျာ ။

နာမည်ကြီးတာဟာ အောင်မြင်မှုလားးး ။

အဲဒီမေးခွန်းကြီးက ရယ်ချင်စရာကြီး ။

အခု ကျွန်တော့် စိတ်ခံစားမှုနဲ ့ကျွန်တော်……

ဖန်တီးချင်တဲ့အနုပညာကို ဖန်တီး နေတယ်။

လူတွေ အများကြီး သိနိုင်တာ မသိနိုင်တာတွေ နဲ ့ မတိုင်းတာဘူးးး…..ဆိုရင် ကျွန်တော် အခု အနုပညာနယ်ပယ်ထဲမှာ အောင်မြင်နေပါပြီ ။

ကျွန်တော် ကဗျာတွေ စာတွေ ရေးလို့ရနေတယ် ။

ဘယ်သူ သိသိ မသိသိ ရေးနေတယ်။

ရေးလို ့ရနေသ၍ ကျွန်တော် အောင်မြင်နေတယ်။

အဲဒီလိုပါပဲ …..

ဘယ်သူမှ မသ်ိပေမယ့် ဖန်တီးထားတဲ့အနုပညာလက်ရာတွေ ရှိနေတယ်။

ဘယ်သူမှ မသိပေမယ့် ဖန်င်္တီးနေတဲ့ အနုပညာသမားတွေ ရှိနေတယ် ။

သေချာတယ် ။

========================================

အနုပညာစကား ။ ၂။

အနုပညာ ။

ကျွန်တော် အခုပြောနေတဲ့ အနုပညာ ဆိုတဲ့ စကားလုံးဟာ စာပေဆိုင်ရာ အနုပညာ ( သို့မဟုတ်) စာပေအနုပညာ ကို အဓိက ဆိုလိုခြင်း ဖြစ်ကြောင်း လည်း ပြောခဲ့ပါမယ်။

အနုပညာ ရပ်ဝန်းတွေ အမျိုးမျိုး ရှိနေတဲ့အထဲက မှ

ကျွန်တော် ပြောပြောနေတဲ ့ အနုပညာဆိုတာ…. စာပေအနုပညာ ကို ဆိုလို ကြောင်းးးပါ ။
=====================================

အနုပညာစကား ။ ၃ ။

အနုပညာလောက ဆိုတာက ခြံဝန်းတစ်ခုထဲက အိမ်တစ်လုံးဆိုရင်

အလင်းဆက်ဆိုတဲ့ ခပ်ညံ့ညံ့ ချာတိတ် ဟာ အဲဒီ အိမ်ထဲ ဝင်ခွင့်မရသေးတဲ့ တံခါးဝမှာ ရပ်နေရသူပါ ။

ခြံထဲ ( ဝိုင်းထဲ ) တော့ ရောက်နေပါပြီ ။

အိမ်ထဲကိုတော့ ဝင်လို့မရသေးပါဘူး ။

ခက်တာက တကယ့်အနုပညာလောက ဆိုတာက ခြံဝိုင်း ရဲ့ အတွင်းက …..အဲဒီ အိမ်ထဲမှာပါ။

အိမ်တံခါးကို စောင့်နေတဲ့သူတွေက ကျွန်တော့်ကို ဝင်ခွင့်ပြုတော့မှာ လိုလို / မပြုတော့ဘူး လိုလိုနဲ ့ အီစီကလီ လုပ်နေပါတယ်။

ကျွန်တော် ကလည်း ပွင့်တော့မလိုလို မပွင့်တော့ဘူးလိုလို ဖြစ်နေတဲ့ အနုပညာအိမ်တံခါးဝမှာ …..

ဝင်ရတော့မလိုလို မဝင်ရတော့ဘူးလိုလိုနဲ့ ့ယောင်လည်လည် ဖြစ်နေတုန်းပါ ။

အဲဒါ အလင်းဆက် ပါ ။

=========================================

အနုပညာစကား ။၄ ။

အနုပညာသမားလို ့ ကျွန်တော့်ကို ခေါ်ကြတယ် ။

ကျွန်တော် ့မိတ်ဆွေတွေကပါ ။

သူတို့က  ကဗျာလေး စာလေးရေး ပြီး ကဗျာအတွေး စာအရေးနဲ ့နွေးထွေးနေတဲ့ သူဆိုရင် အနုပညာသမားလို ့ပဲ ခပ်လွယ်လွယ် ခေါ် လိုက်ကြတာကိုးးး။

တကယ်တော့ ကျွန်တော်က ကိုယ့်ကို ကိုယ် အနုပညာသမားလို ့ မသတ်မှတ် သေးပါဘူး ။

အနုပညာ + သမား = အနုပညာသမား ။

ကျွန်တော်ဆိုတဲ့ကောင်က အနုပညာအရာမှာ ဆရာ မဟုတ်သေးတဲ့ သာမန်အမှုန်အမွှားလေးတစ်ခုပါ ။

ဒါကြောင့် သမား ဆိုတဲ့ စကားလုံးကို မသုံးယူဝံ့သေးပါဘူး ။

အနုပညာရှင် လို့လည်း အခေါ် မခံဝံ့သေးပါဘူး ။

ကျွန်တော့်ကို အနုပညာသမားလို့ ့ပြောလိုက်ရင် ကျွန်တော့် ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတတ်ပါတယ် ။

အဲဒီလို မဟုတ်သေးပါဘူးဗျာာာာာ…..လို့လည်း တအားပြောချင်တာပါပဲ ။

ကျွန်တော်နဲ့ ့စကားစမြည် ပြောဖူးတဲ့ ရုပ်ရှင်သရုပ်ဆောင် တချို ့နဲ ့ဒီနေ ့ မဂ္ဂဇင်းစာမျက်နှာ တွေ ပေါ်က သရုပ်ဆောင် တချို ့က….

သူတို့ကိုယ် သူတို့ ့အနုပညာသမားလို ့ခံယူထားတာပါ ။

တို့က အနုပညာသမား ဆိုတော့လေ…….

ဆိုတဲ့စကားလုံးလေး သုံးကာ သုံးကာနဲ ့ စကားပြောကြတဲ့အခါ …….ကျွန်တော်က ရယ်ချင် လာ ပါတယ်။

တကယ်တမ်းးးး ကျွန်တော် သိသလောက်တော့ …….အနုပညာသမားပါ လို ့  (အများကရော / သူတို ့ကိုယ်တိုင်က ပါ ) သတ်မှတ် ထားတဲ့ ပုဂိ္ဂုလ်တွေ ထဲမှာ …

ကျွန်တော် နှစ်နှစ်ကာကာ ခေါ်ချင်တဲ ့  ( ကျွန်တော် တစ်ဦးတည်း ရဲ့သဘောနဲ ့ သတ်မှတ်ထားတဲ့ )

အနုပညာသမား ( တကယ့် အနုပညာသမား ) အင်မတန် နည်းပါတယ် ။

အနုပညာသမား ဖြစ်ဖို ့ အနုပညာရဲ့ သဘောသဘာဝနဲ့ ့ သဘောတရာ း တွေကို ကျယ်ကျယ်ပြန့်ပြန် ့ သိထားဖို့ ့လိုမယ် ထင်ပါတယ် ။

ဒီ ဒီ ….ဒါဒါ …… နဲ့ သီချင်းကလေးတွေ အသံကျယ်ကျယ် အော်ဆိုတတ်ရုံလောက်နဲ ့ အနုပညာသမား လို ့မခေါ်ချင်သေးဘူး ။

မဲ့ပြုံးကလေး ပြုံးပြတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

ကဗျာလေး စပ်တတ်တာ / စာတိုပေစလေး ရေးတတ်တာလောက်နဲ ့ အနုပညာသမားလို ့ မခေါ်ချင်သေးဘူး ။

…………………………………………………………………..

ဒါကြောင့် ကျွန်တော့်ကိုလည်း အနုပညာသမားလို ့ မခေါ်ကြပါနဲ့ဦး ။

စောပါသေးတယ် ။

ကျွန်တော် လုပ်စရာတွေ အများကြီး ရှိနေသေးတယ်။

=================================================================

အနုပညာစကား ။ ၅ ။

ကျွန်တော်ဟာ …အနုပညာဆိုတာကြီးကို ချစ်မြတ်နိုးလွန်းလို ့နှစ်သက်ခုံမင်စွာ လေ့လာရင်း ..

တတ်သလောက် မှတ်သလောက် ခံစားမိသလောက် ကို ဖန်တီး ကြည့်နေတဲ့ သာမန် လူငယ်တစ်ယောက်ပါ ။

အနုပညာ ဝတ်ရုံကို……. ခြုံကြည့်ဖို ့ ကြိုးစားဆဲ လူငယ်ပေါ့ဗျာ ။

အနုပညာ ဝတ်ရုံကိုလည်း ကျကျနန လှလှပပ ခြုံ ဝတ် တတ်ပြီ ဆိုတဲ့တစ်နေ ့ /

အနုပညာ ဝတ်ရုံ ကို ခြုံပြီး အနုပညာ ပျိုးဥယျာဉ်ကြီးထဲမှာ အနုပညာပန်း တွေ စိုက်ပျိုး လို ့ . . . ဖူးပွင့် ဝေဆာ နေပြီ ဆိုတဲ့ တစ်နေ ့မှာ . . . .

ကျွန်တော် အနုပညာသမား ဖြစ်လာပါလိမ့်မယ် ။ ့

==================================================================

အနုပညာစကား ။ ၆ ။

အနုပညာ နဲ ့ပက်သက်ပြီးးး နောက်ထပ်  ပြောချင်တဲ ့အပိုင်းအစလေးတွေ  ရှိပါသေးတယ်။

လောလောဆယ်တော့   အခြေအနေအရ  ဒီလောက်ပဲ  အစပျိုး လိုက်ပါတယ်။

နောက်ထပ်ပြောချင်နေတဲ့စကားတွေက  အကျယ်ပြောမှ  ဖြစ်မှာ မို ့ …….. မကြာမီ ဆက်လက် တက်ပြဖြစ်လိမ့်မယ်လို့ ့မျှော်လင့် ရည်ရွယ်ထားပါတယ် ။

~~~အနုပညာနှင့် အနုပညာ၏ အသုံးဝင်မှု တန်ဖိုး

~~~ခေတ်နှင့် အနုပညာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်း

~~~ဝေဖန်ရေးနှင့် အနုပညာ ( သို့ ့မဟုတ်)အနုပညာနှင့်  ဝေဖန်ရေး  . . . . .စသည်   စသည်တို့ကို  ….

တို ့ ထိ ကြည့်ပြီးးးး  မြင်မိသလောက်  ရေးသားတင်ပြချင်ပါသေးတယ် ။

အကြောင်း ညီညွတ်ရင် ….ရေး လို ့ / ဖတ်လို ့… ရကြမယ်ပေါ့ဗျာ…။

 

====================================================================
လောလောဆယ် ကဗျာ တစ်ပုဒ်ကို  ဖတ်ရှုခံစားကြည့်ကြပါလို ့။

ကဗျာ လက်ဆောင်( ခံစားမှု ရသ လက်ဆောင် )  ပေးတာလို ့ သဘောထားပြီး… ဖတ်ရှု ခံစားသွား ရင်….ကျေနပ်ပါတယ် ။

================================================================

THE  POETS ‘S  DREAM

ON  A  POET ‘S  LIPS  I  SLEPT

DREAMING   LIKE  A  LOVE  – ADEP

IN  THE  SOUND  HIS  BREATHING  KEPT ;

NOR  SEEKS  NOR  FINDS  HE MORTAL   BLISSES

BUT  FEEDS  ON  THE  AERIAL  KISSES

OF  SHAPES  THAT  HAUNT  THOUGHT  ‘S    WILDERNESSES

HE  WILL  WATCH  FROM  DAWN  TO  GLOOM

THE  LAKE – REFLECTED  SUN  ILLUME

THE  YELLOW  BEES  IN  THE
IVY-BLOOM ,

NOR  HEED  NOR  SEE  WHAT   THINGS   THEY  BE ;

BUT    FROM   THESE   CREATE   HE  CAN

FROM  MORE  REAL  THAN  LIVING  MAN,

NURSLINGS  OF   IMMORTALITY !

—————

P .B .  SHELLY

 

 

လေးစားစွာဖြင့်……

အလင်းဆက်

 

 

24 comments

  • အနုပညာစကား(၇)
    ကိုယ့်ကိုယ်ကိုယ် ဝါသနာရှင်အဆင့်ခံယူဆဲ
    အနုပညာသမားဆိုတဲ့စကားက အလှမ်းယူဇနာများစွာဝေးဦးမှာပါ
    အလက်ဆင်းကတော့ ပြောဂျင်ပြောလို့ရနေလောက်ပြီနော့…

  • ရဲစည်

    July 5, 2013 at 8:07 pm

    ဟိုက်ရှားဘား ….
    အနုပညာအကြောင်းကို အဲ့ဂလို ခပ်ကြမ်းကြမ်း ( နဲတဲ့အဆင့် မဟုတ် ) ပြောသွားတာကိုက …. ဆြာဂျီးမှ တဂယ့်ဆြာရီး …. 🙂
    ဆြာအလင်းစက် ခင်ဗျ ….
    ကြားဖူးတာလေး ပြောပါရစေ …
    If you likes Arts …… But you can’t says about Arts …
    ဟီးဟီးနောက်တာနော် ဆြာ …..

    • အလင်း ဆက်

      July 5, 2013 at 8:14 pm

      If you likes Arts …… But you can’t says about Arts …

      အဲဒီ စကားအမှန်ပေါ့.. ကရဲစည်…
      ဘာလို ့ဆိုတော့…
      အနုပညာဆိုတာ.. ပြောလို ့ ကုန်သွားတယ်ရယ်လို ့မဟုတ်တဲ ့…
      အင်မတန် နက်နဲ ကျယ်ပြန့်တဲ ့ ကိစ္စ မို ့ပါ ။

      ကျွန်တော် အနုပညာကို ချစ်တယ် ။ ဒါပေမယ့်.. ကျွန်တော် အနုပညာအကြောင်း..
      မပြောနိုင်သေးပါဘူး ။

      အခုကျွန်တော် ပြောနေတာ… အနုပညာ ( ပင်လယ် ) ကမ်းစပ် က ရေမျော ကမ်းတင်နေတဲ့
      အမှိုက်စလေးတွေ အကြောင်း ပါ ။
      တကယ့်အနုပညာ ( ပင်လယ် ကြီး ) အကြောင်း ပြောဖို ့ဆိုတာက……

      အင်းးးးးး

      —————–
      ကရဲစည်ရေ….
      ကျွန်တော့် စာတမ်းကလေးကို ဖတ်ရှု ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်ဗျာ..

      ခင်မင်လေးစားစွာ…
      အလက်ဆင်း

  • အလင်း ဆက်

    July 5, 2013 at 8:10 pm

    တိန် …
    ( ရ ) ကို မမနန်းက ကြိုပြောသွားပါပေါ့ ။
    😆
    ==============
    မမနန်းရေ…
    ကျွန်တော်လည်း.. ပြောချင်ရာတွေ စွတ်ပြောနေပြီ ။
    အဟိ ။
    မှားတာ ရှိ ရင် ဝိုင်းပြင်ပေးကြပါနော် ။

    ကျွန်တော့်ထက် ပို သိ/ တတ် / နားလည်သူတွေ ဝင်ပြောပေးကြရင်..
    ပိုကောင်းပါတယ် ။
    အနုပညာအကြောင်း..ပြောကြ ဆိုကြ ဆွေးနွေးကြတာ
    မြင်ရကြားရ ရင်..
    ကျွန်တော် ကျေနပ်ပါတယ် ။
    မှားတာ မှန်တာ…က အချိန်တန်ရင်.. ကွဲပြားသွားပါလိမ့်မယ် ။
    ပြင်နိုင်သူတွေ ပြင်သွားပါလိမ့်မယ် ။
    ပြောချင်တာ ပြောနေဖို ့သာ လိုတယ်….

    ဒီကြောင့်..
    ကျွန်တော်..လည်း.ပြောချင်ရာ ပြောနေပြီ ။

    မှား ရင် ပြင်ပေးကြ…
    ဒါပဲ…

    😆

    😆

  • Mr. MarGa

    July 5, 2013 at 9:23 pm

    အနုပညာသမား ကို
    ဘယ်လို သတ်မှတ်မလဲ
    ဘယ်လို သတ်မှတ်ကြသလဲ တော့ မသိ
    သေချာတာကတော့
    ကျုပ် အဲဒီထဲ မပါသေးဘူး

    • အလင်း ဆက်

      July 6, 2013 at 9:37 am

      သကြား
      နီ က အနုပညာ အင်အားစုထဲမှာ ပါတယ်လေ ။
      နာတို ့ကဗျာပြခန်းမှာ နီက အဓိက ကျတဲ့နေရာမှာပါ ။
      နီလည်း အနုပညာကို ချစ်တဲ့သူပါ
      🙂

  • โทรศัพท์มือถือ

    July 5, 2013 at 10:18 pm

    မင်္ဂလာပါ ကိုအလင်းဆက်ရေ…..
    ကျွန်တော့်ထက် ပို သိ/ တတ် / နားလည်သူတွေ ဝင်ပြောပေးကြရင်..
    ပိုကောင်းပါတယ် … ဒီလိုဆိုတော့ဂါ ဝင်ပြောရသေးတာပေါ့……
    ကျနော်လည်း အနုပညာကို ဝါသနာပါဗါတယ်လို့….
    ဘာမှတော့ မလုပ်ဖြစ်သေးပါဘူးလို့……..

    • အလင်း ဆက်

      July 6, 2013 at 9:39 am

      မိုမို ရေ

      အနုပညာကို ဝါသနာ ပါတယ်ဆိုတာကိုက
      နည်းတဲ့ အရည်အချင်းမဟုတ်ဘူးးး
      ဆိုတော့ဂါ

      လုပ်ဗျာ
      အနုပညာတွေ

      🙂

  • ုဟမ်းးး
    ကျုပ် အနုပညာသမား နှစ်ယောက်ဘာ ….
    မယုံဘူးလား …
    ဟောဒီမှာ ဗစ်စစ်တင်းကတ် ချိဒယ် … :mrgreen:

    • အလင်း ဆက်

      July 6, 2013 at 9:54 am

      မယုံဘူးးးချစ်သောအံ

      နီ ့ ပုံစံက အနုပညာသမား ပုံမဟုတ်
      ဒမြ ပုံ ပေါက်နေတယ်
      ရုပ် တည်တည် တင်းတင်းနဲ့
      တစ်လောက လုံး နီ ့လုပ်စာ နဲ့ ထိုင်စားနေသလိုလို
      မျက်နှာပေးနဲ့

      ဟိဟိ
      စတာနော်
      စိတ်ဆိုးပါနဲ့

  • ဦးကြောင်ကြီး

    July 6, 2013 at 9:50 am

    အနုပညာသမား
    ဂလုဖင်စွာကား
    အယုကြင်နာပွား
    လဥရှင်လာအား..။

    • အလင်း ဆက်

      July 6, 2013 at 9:57 am

      ညက်ချွာဖျားးးး
      အူးကြောင်
      စာသားတွေက ဂွမ်းလှ ပါလား
      အဲ
      လန်း လှ ပါလားးး
      😆

        • အလင်း ဆက်

          July 6, 2013 at 12:53 pm

          ဥဥ တစ်လုံး ဘယ်လောက်တုန်းးး
          လေးလေးပေ

          😆

  • ko pauk mandalay

    July 6, 2013 at 12:19 pm

    “အနုပညာ”ဆိုတဲ့ စကားလုံးကိုသုံးမိတိုင်း ဒီစကားလုံးကို တီထွင်သွားတဲ့ ဆရာကြီးဒဂုန်တာရာကို သတိရမိပါတယ်။
    ကြမ်းတမ်းရိုင်းစိုင်းခြင်း ဆိုတာကို နူးညံ့မူ့အဖြစ်ပြောင်းလဲနို်င်တာက လည်း ဒီအနုပညာပါဘဲ။
    သိမ်မွေ့ခြင်းကို ခက်ထန်လာအောင်ဖော်ကျူုးနိုင်တာကလဲ ဒီအနုပညာပါဘဲ။
    အဲတော့………………………………………………………

    • အလင်း ဆက်

      July 6, 2013 at 1:01 pm

      လေးပေါက် ရေ

      ဆရာကြီးဒဂုန်တာရာရဲ ့စာပေကျေးဇူးတွေ ကျွန်တော်တို ့အ ပေါ် အများကြီးရှိ ပါတယ်
      ကျွန်တော်လည်း ဆရာ တာရာကို လေးစားမိတယ် ။

      ကျွန်တော် အင်မတန် သိမ်မွေ ့နူးညံ့တဲ့ အနုပညာအကြောင်း ကို ခပ်ကြမ်းကြမ်းလေး ပြောနေမိပါပြီ။
      ခပ်ကြမ်းကြမ်း လို ့ကျွန်တော် တမင် သုံးထားမိပါတယ်။
      ကျွန်တော်ပြောာ တဲ ့အနုပညာအကြောင်းဆိုတာက နူးညံ့သိမ်မွေ့ပြီး သာယာနာပျော်ဖွယ် မကောင်း နိုင်ဘူး လို ့ ထင်နေဆဲမို ့ပါ

      အကြမ်းထည်ဆန်တဲ့ စကားတွေ သာ ဖြစ်နိုင်တာမို ့
      အနုပညာအကြောင်း
      ကျွန်တော်
      ခပ်ကြမ်းကြမ်းလေး ပြောကြည့်ပါဦးမယ်။

      😆

      လေးပေါက် ရေ

      ဖတ်ရှု ဆွေးနွေး မှုအတွက် ကျေးဇူးပါ

      လေးစားစွာဖြင့်

  • ခင် ခ

    July 6, 2013 at 12:54 pm

    “အနုပညာစကား ဝိုင်းပါလား အနုပညာနဲ့ ပက်သက်ပြီး ငါဘာမှ ပြောတတ်တာမဟုတ်ဘူး ဟိုယောင် ဒီယောင် နိုင်ငံရေးလိုလို ဘာသာရေးလိုလို ကျန်းမာရေးလိုလို ယောင်လိုကောင်ဆိုတော့ ဘာမှမပြောဘဲ လစ်တာပဲ ကောင်းပါတယ်´´

  • အလင်း ဆက်

    July 6, 2013 at 1:06 pm

    လေးလေးခ
    လေးလေးခ ရေး နေတဲ့
    တိုတို ထိထိမိမိ ဝတ္ထု တိုလေးတွေ က
    အနုပညာ ပါဗျာာာ

    အနုပညာ နဲ့ မကင်းကွာသော
    လေးလေးခ ရေ
    ဖတ်ရှု သွားတဲ့အတွက် ကျေးဇူးပါဗျ

    ခင်မင်လေးစားစွာ

  • မင်းမင်း

    July 6, 2013 at 3:00 pm

    တကယ်တော့

    အနုပညာဆိုတာ

    တစုံတခု (ဟိုဒင်းမဟုတ်ပါ)

    ကို အသေးစိတ် (အနုစိတ်)

    ခံစားခြင်း ပုံဖော်ခြင်း တင်ဆက်ခြင်း များကို

    ပညာသားပါပါ အများတကာကို အသိ ပေးခြင်း

    လို့ ဒီလိုပဲ သိထားတာမို့။

    ကျနော်ကတော့ အနုစိတ် မလုပ်နိုင်သေးဘူး။

    ဒါပေမဲ့ လူတိုင်းအနုပညာကိုခံစား

    ခွင့်ရှိ နေတယ်။လူတိုင်းအနုပညာနဲ့

    ပါတ်သတ်နေတာကိုတော့ ခံစားမိပါရဲ့။

    နောက်အနုပညာကို လူတိုင်းတချိန်မဟုတ်

    တချိန်မှာတော့ဖန်တီးနေသလားလို့လဲတွေးမိ

    ပါရဲ့။

    ဥပမာဗျာ- မိခင်တဦးက သူရဲ့

    ကလေးငယ်ကို သနပ်ခါးလှနေအောင်

    လူးပေးတာနဲ့ အနုပညာတခုကို

    ဖန်တီးလိုက်ပြီ ဆိုနိုင်ပါတယ်။

    ဟီးးးးး ဘာတွေပြောမိမှန်းသိတော့ဘူးးး:mrgreen:

    • အလင်း ဆက်

      July 6, 2013 at 5:12 pm

      မိခင်တစ်ဦးက သူ ့ကလေးငယ်ကို သနပ်ခါး လှလှ လူးပေးတာ
      အနုပညာ တစ်ခု ဆိုတဲ့ စကားလေး
      သဘောကျတယ်ဗျာ

      အင်မတန် ချစ်စရာ ကောင်းသော အနုပညာတစ်ခု ပေါ့နော်

      ဦးမင်းမင်းရေ
      ဖတ်ရှု ဆွေးနွေးမှု အတွက် ကျေးဇူးပါ
      😆

  • KZ

    July 8, 2013 at 11:09 am

    လာ၊
    အနုပညာ အကြောင်းကို ဓားထမ်း ပြောကြမားးးးးးး??
    :mrgreen:

    • အလင်း ဆက်

      July 8, 2013 at 12:48 pm

      အနုပညာအကြောင်း ခပ်ကြမ်းကြအ်း
      ပြောပါမယ်ရှိုမှ

      အဟီးးး

Leave a Reply