လောကဓံရှစ်ပါး ( သို့ ) ဂြိူလ်စား….သက်ရောက်

fattyJuly 30, 20101min1480

ယခုသက်တော်ရဆရာတော်ကြီးတွေ။ ငယ်ဖြူဆရာတော်အားလုံးလိုလိုဟာ …ဗေဒင် နက္ခတ် ဆန်းကျမ်း တွေကို စာသင်သားဘဝမှာသင်ခဲ့ကြရပါတယ်။

ယနေ့နာမည်ကျော် ဗေဒင် နက္ခတ်ဆရာများဟာလဲ ဒီသက်ရောက်နည်းပညာ ကိုလက်လွှတ်လို့မရပါဘူး။

အဓိက ပြောချင်တာကတော့…… မိမိရဲကံကြမ္မာကို လွယ်လွယ်နဲ့ခန့်မှန်းနိူင်အောင်ပါ။

ပုံပါအတိုင်းကြည့် ကြရအောင်…… အခြေခံအကျဆုံး နည်းလမ်းဖြစ်ပေမဲ့ ဟောကွက်က သိပ်ကျယ်ပြန့်တာမို့…..သတိထားစရာအချက်လောက်ကိုဘဲ တင်ပြမှာပါ။

ပုံထဲမှာပါတဲ့အတိုင်း…ဂဏန်းတွေက …

၁ ….တနင်္ဂနွေ

၂ ….တနလာင်္

၃ …..အင်္ဂါ

၄ …..ဗုဒ္ဓဟူး

၅ ….ကြာသာပတေး

၆ …သောကြာ

ရ …..စနေ

ဂ ..ရာဟု ……….လို့မှတ်ပါ။ ဘုရားမှာရေသပ္ပါယ်တဲ့အခါ နေ့နံ့အလိုက်ဒေါင့်တွေဟာ အဲဒီအကွက်ထဲကအတိုင်းပါဘဲ။

ဥပမာ …ဗုဒ္ဓဟူး ဆိုရင် တောင်အရပ်ပေါ့။ သောကြာ ဆိုရင် မြောက်အရပ်ပေါ့။ တနလာင်္ ကအရှေ့ရပ်၊ ကြာသာပတေး က အနောက်ရပ်။

ကဲ ….ကိုယ့်အသက်အရ ..ဘယ်ဂြိူလ် ထဲမှာ ရောက်နေလဲဆိုတာ တွက်ရအောင်။

မိမိအသက်ကိုတည်ပါ။ ရှစ်နဲ့စားပါ။ အကြွင်းရပါလိမ့်မယ်။ ….ဥပမာတစ်ခုလောက် ပြမယ်လေ။

တနလာင်္သား/သမီး အသက်က ၄၂ နှစ် ဆိုပါတော့….. ရှစ်နဲ့စားရင်….၂ ကြွင်းတယ်။

ပုံမှာပြထားတဲ့ထဲက ၂ ဂဏန်းကစပြီး ရေကြည့်ပါ။ ၂ ပြီးတော့ ၃ ဆိုတော့ အင်္ဂါ ဂြိုလ် ထဲရောက်နေပါတယ်။ လက်ယာရစ်ရေသွားရမှာနာ်။

အကြွင်းက သုံည ဖြစ်နေရင် ရ ကြွင်း တယ်လို့ယူပါ။

ကဲ ……အဓိက သတိထားရမဲ့သက်ရောက် တွေကို ဘဲပြောပါမယ်။ သင် တို့ဘဝအတွက် အလွန်အရေးပါတာမို့အထောက်အကူပြုပါလိမ့်မယ်။

လူတယောက်ဟာ အင်္ဂါ ဂြိုလ်ထဲရောက် နေပြီဆိုရင်တော့ ……ညံ့နေပါပြီ။ အလုပ်အကိုင် တွေရပ် ဆိုင်း သွားပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာရပါလိမ့်မယ်။ စီးပွါးရေးပျက်တတ်ပါတယ်။  နားလည်တဲ့ဆရာများနဲ့တိုင်ပင်ပါ။

အဲဒီလို ဂြိုလ်ညံ့ တွေကတော့…….စနေ နဲ့ ရာဟု ပါ။ လူတိုင်း ရှစ်နှစ်တခါ အင်္ဂါထဲရောက် ပါတယ်။

ပြီးတော့  မိမိက တနင်္ဂနွေ ဆိုရင် နံပါတ် ၁ အကွက် ကစရေပါ ၊ ၄ ကွက်မြောက် မှာ

ဗုဒ္ဓဟူး ဂြိုလ် ထဲရောက် နေပါတယ်။ အဲဒီ ၄ ကွက် မြောက်ဂြိုလ် ဟာလည်း  မိမိရဲ့ ဘုမ္မိ အရပ်လို့ခေါ်ပါတယ်။

ဘယ်သူမဆို မိမိ မွေးနံရဲ့ ၄ ကွက် မြောက် ဟာ ဘုမ္မိ လို့ခေါ်ပါတယ်။ သတိပြုကြပါ။ နာတာရှည် ရောဂါ ဝင်တတ်ပါတယ်။

ကြိုတင်သိပြီး ကြိုတင်ဆင်ခြင်ကြပါ။

္ဒ

္ဒ

္ဒ