Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘ ဘာ ဘား ဘိ ဘီ ဘီး

======================

ဘရန်ဒီ တစ်ပြားနဲ့ ခပ်ပါးပါးကျနေတဲ့ မိုးစက်တွေအောက်မှာ တစ်ယောက်တည်း လျှောက်လှမ်းနေမိတယ်။ ဘာသိဘာသာ နေနေကြတဲ့ လမ်းဘေး ခွေးတစ်အုပ်က လူကို မြင်ကာမှ တဝုတ်ဝုတ်နဲ့ ဟောင်တယ်။ “ဘားမားပြည်ကြီးဟာ အရင်လိုပါပဲလား” လို့ စိတ်အတွင်း မှတ်ချက်ပြုရင်းနဲ့ ဟောင်နေတဲ့ ခွေးတစ်အုပ်ကို မသိကျိုးကျွံပြုကာ ကိုယ်ရဲ့ ဦးတည်ရာဆီ ဆက်လက် ချီတက်လာခဲ့ပါတယ်။

“ဘိ” သံတွေ အဆက်မပြတ်ထွက်လာတဲ့ ခန္ဓာကိုယ်မှာ မန်မိုရီ ကြောင်တာထက် ဂရပ်ဖစ် ပြဿနာပဲ ဖြစ်ဖို့ များပါတယ်။ ဘီယာနဲ့ ဘရန်ဒီကို ရောချလို့ခဲ့လို့ အမြင်တွေ ဝေဝါး ရမ်းခါနေတာတော့ မဖြစ်နိုင်ကြောင်း သဘောပေါက်မိသည်။ ဘီးတပ် ယာဉ်တစ်စင်းဆီမှ “ကျွီ” ခနဲ အသံခပ်ပြင်းပြင်း နားအတွင်း ဝင်ရောက်လာတော့ ဘေးကို ခေါင်းတစ်ချက် ငဲ့ကြည့်မိပြန်သည်။ ဘုမသိဘမသိ ယာဉ်ထဲက လူက ဇက်ပိုးကို “ဖြောင်း” ခနဲ ဇက်ပိုးကို လာရိုက်သည်။ “ဘူ” လို့ မထွက်ဘဲ “ရှူး” ဆိုပြီး တိုးတိုးလေး ထွက်သွားတဲ့ အီးလိုမျိုး ကိုယ့်ဇက်ပိုး လာအုပ်သူက ဒက်ဒီဖားသားဖေဖေ ဖြစ်နေလေတော့ ပေါက်ကွဲရမယ့် ကိစ္စဟာ အဖျားရှူးသွားရတယ်။

ဘူးခံလို့ ငြင်းဆန်သော်လည်း မရသည့် အဆုံး ဖွတ်ထားတဲ့ ပုလင်းပြားကို လှစ်ဟာပြရင်း “ကျုပ် အိမ်ပေါ်က ဆင်းတယ်” လို့ ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်တော့တယ်။ ဘေထုပ် ဆိုင်က (၂၀၀၀) နဲ့ ဝယ်ထားတဲ့ အနက်ရောင် ရှပ်အင်္ကျီရဲ့ အပေါ်က ကြယ်သီးနှစ်လုံးကို ဖြုတ်လို့ လေညှင်းတွေ ဝင်ပါစေတော့ရယ်လို့ ရင်အစုံကို ခပ်ဟဟ ဖွင့်နေတဲ့အခိုက်မှာ “ဝူးခနဲ” အသံတစ်ခုဟာ ဘေးနားကနေ အဝေးသို့ ထွက်ခွာသွားတော့တယ်။ ဘေးဘီဝဲယာကို ရီဝေဝေ တစ်ချက်ရမ်းပြီး ကြည့်လိုက်တော့ သစ်ပင်ကြီးကလည်း မလှုပ်မယှက်၊ အမှောင်တွေ ကြားထဲမှာ ပိုးစုန်းကြူးလေး တစ်ကောင်ကတော့ဖြင့် တစ်ဖျတ်ဖျတ်နဲ့ အမှောင်ကို သူ့အလင်း ပိစိညှောင့်တောင့်လေးနဲ့ အံတုလို့ နေလေရဲ့။

[ဆက်ရန်]

============================
By – မဟာရာဇာ အံစာတုံး
============================

17 comments

  • KZ

    July 10, 2013 at 4:31 pm

    ဘယ်တော့မှ မဆက်တဲ့ ဇာတ်လမ်းတွေကို ရှေ့ဆုံးက လာလာဦးနေရတာ မောလိုက်ထာ။
    လာရင် ဘီယာလိုက်တိုက်။ :mrgreen:

    • ဟိုနေရာလည်း နေရာအူး
      ဒီနေရာလည်း နေရာအူး နဲ့ ..
      နာ့ မမဂျီးနဲ့ဒေါ့ ခက်ဘီ … :mrgreen:

      အို .. ဘိုပဲဖစ်ဖစ်ဘာ …
      ပဆုံး လာနေရာအူးသွားတဲ့ မမဂျီးကို ကျေးဇူးဘာ … လို့ ..

  • ရဲစည်

    July 10, 2013 at 4:34 pm

    ဘ ဘာ ဘား ဘိ ဘီ ဘီး >> double !!!!
    ပု တယောက် ဒီနေ့ ပျင်းပျင်း ရှိတာနဲ့ ဘာဂျာလေး ကောက်ကိုင်ပီး ဘားမှာ ထိုင်မှုတ်နေလေရဲ့ မှုတ်နေတဲ့ ဘိက နားထောင်ကောင်းတာမို့ ဘော်ဒါတွေ ဘီယာ ဝိုင်းတိုက်ကြတာပေါ့ ….. ကံဆိုးချင်တော့ မူးနေတဲ့ ဘီးကျဲ တဘွေက ………
    ပုကို ဘာမပြော ညာမပြော ဘလိုင်းဂျီး ဘားမှာ ဗျင်းလိုက်တာ ဘေးက ဘော်ဒါတွေ မနည်းဝိုင်းဆွဲရတယ် နောက်မှ သိတာက အဲ့ဘဲက ဘပုနဲ့ ဘိတခုမှာ ဘုချင်တာ တူနေလို့ ငြိဖူးသတဲ့ ဘာဘဲ ဖြစ်ဖြစ် ဘီယာဘားလေးမှာ ဘရုတ်ဘရက် ဖြစ်သွားတာတော့ အမှန်
    အဲ့ဘီးကျဲ အံဈာဒုံး မကောင်းဘူး ဗျာ ေxာဘဲ

    ဗျစ် ဗျစ် ဗတစ် ဗတစ်
    :mrgreen:

  • DEPARKO DEPARKO

    July 10, 2013 at 5:00 pm

    ဘွ ဘွာ ဘွတ်

  • ဦးကျောက်ခဲ

    July 10, 2013 at 5:11 pm

    ဘယ်လိုလူမှန်းမသိ…
    ဘီအီးတွေ ဘရန်ဒီတွေ ဘလက်လေဘယ်တွေဝေးလို့…
    ဘီယာတောင်ကျောက်စ်ဖျက်ဆီးလို့တစ်ခွက်ကုန်ဖူးသူက…
    ဘာမှန်းမသိပဲ “ဖွက်ထားတဲ့ ပုလင်းပြား” နဲ့…
    “ကျုပ် အိမ်ပေါ်က ဆင်းတယ်” ဆိုတော့…
    “ဘူ” တာပေါ့ဗျာ… :mrgreen:

    • ဒီဂမှာ ဥငေးးး
      လူဂျား သူဂျားမှာ
      ဟုတ်ဒါဒွေ မပေါဘာနဲ့ … :mrgreen:

      သို့ဘေမယ့် ..
      အိုက်ဒီ ဘရန်ဒီဒွေ ဘာဒွေကို …
      ဒဂယ့် ချာကြီးတွေဆီ ကွင်းဆင်း လေ့လာပီးမှ ရေးဂဲ့ဒါနော့ ..
      ရမ်းတုတ် မီဟုတ်ဝူးးးး

  • မောင် ပေ

    July 10, 2013 at 6:16 pm

    ဘိတွေကိုရဲဝင်ဖမ်းတော့
    ဘိုးတော်တွေ ဖင်တုံးလုံးတွေနဲ ့ပြေးရောကလား

  • အလင်း ဆက်

    July 10, 2013 at 10:06 pm

    ဆက်ဦးဟာ…
    ပြီးသွားတော့မှ…
    ဘာတွေလည်း.ဆိုတာ ဝေခွဲတော့မယ်..
    အခုတော့…
    နာလည်း…. ဘလက်လေဘယ်လေးရဲ့တန်ခိုူးကြောင့်..ရီဝေဝေ ဖျစ်နေတယ်။။။

    အေ့…ချစ်သုဝေ…

    အဲ…

  • Ma Ma

    July 11, 2013 at 8:39 am

    “ဘူ” လို့ မထွက်ဘဲ “ရှူး” ဆိုပြီး တိုးတိုးလေး ထွက်သွားတဲ့ အကြောင်းပြချက် ခိုင်မာလို့ လွတ်စေ…. 😆

  • ခင် ခ

    July 11, 2013 at 9:40 am

    “ဝူးခနဲ” အသံတစ်ခုဟာ ဘေးနားကနေ အဝေးသို့ ထွက်ခွာသွားတော့ “ဗွမ်း´´ ကနဲ အသံတစ်ခုနဲ့ အတူ “ဖြန်း´´ ကနဲ့ ရေတွေဖွာလို့ ရင်ကော့ဖင်ပစ် ခြေအစုံလစ်ကာ ဆက်လျှောက်လိုက် “ဘိုင်း´´ ကနဲ ဆိုသောအသံတစ်ခုနဲ့အတူ ရီဝေရီဝေကာ မျက်လုံးလေးဝှေ့အကြည့်မှာဘဲ ……….. ( နိုးထသောအခါ ဆက်ပြောပါလိမ့်မယ် ခုတော့ သူအိပ်နေတယ် )

  • ဗုံဗုံ

    July 11, 2013 at 2:08 pm

    ဘာစိတ်တွေပေါက်ပြီး ဘာဦးနှောက်နဲ့ ဘယ်လိုဒွေရေးထားလဲဆိုတာ ဘယ်သူမှမသိဘူး… :mrgreen:
    နီးပါပြီ တစ်သိန်း တစ်သိန်း :mrgreen: :mrgreen:

  • ဦးဦးပါလေရာ

    July 11, 2013 at 3:10 pm

    ကောင်းလိုက်တာ အံဇာဒုံးရယ်
    ကျုပ်က ဒီလအတွက် ရေးစရာရှာနေတာ
    အခုတော့ ရသွားပြီ
    ကျေးဇူးဆပ်တဲ့အနေနဲ့ လဘက်ရည်တိုက်မယ်
    တွေ့ဆုံပွဲကို စောစောလာခဲ့

    • တိန် !!!
      အလန့်ထညက် …
      ဘာဒွေ ရေးမို့ဒုန်း …
      ခညားဂျီး ရေးမှာဆိုဒေါ့ ခပ်လန့်လန့်ရယ် …
      ဘာပဲ ဖစ်ဖစ်ပါလေ …
      လဘက်ရည်ဒေါ့ သောက်ရချည်သေးရဲ့ .. ဟီဟိ ..

  • ဘိုင်ကျလို့ ဘိလပ်ရည်တောင်မသောက်နိုင်ချိန်မှာ
    ဘုမရဲ့အဘရေးတဲ့ “ဘာဘာဘာမှအဘိဘူး” ကိုဝင်ဖတ်မိတာ
    ဘူဝင်တော့တာပဲ 🙁

  • ဦးကြောင်ကြီး

    July 12, 2013 at 9:12 am

    ဘိကို ဘောက်ပြောနဲ့ကွယ်….ဘွတ်စရာမရှိ ဗွက်ပေါက်ကုန်မှာ… 😆

Leave a Reply