Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်တဲ့ သခင်နု မိန့်ခွန်း

nicolus agralJuly 19, 20131min5806

ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက်သုံးရက် ( ၂၂ ဇူလိုင် ၁၉၄ရ ) မှာ ပြောကြားတဲ့ သခင်နုရဲ့ အသံလွှင့်မိန့်ခွန်းထဲက အာဇာနည်ကြီးများ အပေါ် သဘောထား အမြင်များဖြစ်ပါတယ်။ သခင်နုတစ်ယောက်တည်း ပြောပေမယ့် အဲဒီအချိန်က ဖဆပလ ခေါင်းဆောင်ကြီးများရဲ့ သဘောထားများအမြင်များလည်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း
ဗိုလ်ချုပ်အကြောင်းဆိုလျှင် တတိုင်းတပြည်လုံး ကောင်းကောင်းသိတာပဲ။ ကျွန်တော်ထပ်ပြီး ဖေါ်ပြနေစရာ မလိုသလောက်ပါပဲ။

ဒါပေမဲ့နဲနဲတော့ ကျွန်တော်ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့ သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တသက်မှာဖြင့် တခါမှမကြုံဘူးအောင် တတိုင်းတပြည်လုံးဟာ ထူးထူးကဲကဲကြီးစည်းလုံးညီညွတ်လာပါတယ်။ ရှမ်း၊ ချင်း၊ ကချင်အစရှိတဲ့ တောင်ပေါ်သားများ ဆိုလျှင်လည်း အခြားအရှိန်တွေနဲ့ ဗိုလ်ချုပ်ရဲ့အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံးလာခဲ့ကြပါတယ်။ ကရင်တွေဆိုလျှင်လဲ ဗိုလ်ချုပ်ကိုပုဂ္ဂိုလ်စွဲနဲ့ ကြည်ညိုယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီးသွေးစည်းခဲ့ကြပါတယ်။

ဗမာလူထုဆိုတာကတော့ အထူးပြောစရာမလိုဘူး၊ လူထုနဲ့ဗိုလ်ချုပ် – ဗိုလ်ချုပ်နဲ့လူထုဆိုတာ ခွဲမရအောင်ပင်ဖြစ်ခဲ့ရပါတယ်။ အမှန်စင်စစ် အဲဒီလို ရှင်ခွဲ ခွဲလို့မရလို့ သေကွဲ ကွဲအောင် ဒီလူယုတ်မာတွေက ဗိုလ်ချုပ်ကို သေကြောင်းကြံကြတာပါပဲ။ အဲဒီလောက်အထိ ဗိုလ် ချုပ်ရဲ့အရှိန်ကိုခိုပြီး တနိုင်ငံလုံး စည်းရုံးခဲ့ပါတယ်။

နှစ်ပေါင်း ၂၀၀ဝ ကျော်ရှိတဲ့ ဗမာ့ရာဇဝင်တခုလုံးကို လှန်လှောရှာဖွေလိုက်ရင် ဗမာတွေ ဒီလိုစည်းလုံးခဲ့တာမျိုးဟာ
(၁) ဘုရင်အနော်ရထာမင်းစော လက်ထက်မှာတစ်ကြိမ်။
(၂) ဘုရင့်နောင်လက်ထက်မှာတစ်ကြိမ်။
(၃) အလောင်းဘုရားလက်ထက်မှာတကြိမ်။
(၄) ဆင်ဖြူရှင်လက်ထက်မှာ တကြိမ်။ အဲဒီလေးကြိမ်ပဲရှိခဲ့ဘူးပါတယ်။

၂။ သခင်မြ
ရိုးသားတယ်၊ တည်ကြည်တယ်၊ ဖြောင့်မတ်တယ်၊ သဘောကောင်းတယ် အစရှိတဲ့ ဂုဏ်ပုဒ်တွေကိုတော့ တိုင်းပြည်အသိပါပဲ။ ဒါပေမယ့် လူရင်းတွေလောက်သာသိပြီး တိုင်းပြည်က ကောင်းကောင်းမသိသေးတဲ့ အချက်တွေလဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အထဲ မှာဖြင့် ပေါ်လာတဲ့ ကိစ္စတိုင်းကို ခပ်အေးအေးစဉ်းစားဝေဘန်ဆုံးဖြတ်တဲ့သူဟာ သခင်မြပါပဲ။

ဗိုလ်ချုပ်တို့ ကျွန်တော်တို့ ရှုးရှုးရှားရှား ဖြစ်ပေမယ့် သခင်မြဟာ ဘယ်တော့မှ ရှုးရှုးရှားရှား မဖြစ်ဘူး။ အဲဒီတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခုခုကို လုပ်စရာရှိလျှင် သခင်မြ ခေါင်းငြိမ့်မှ ဒီဆုံးဖြတ်ချက်ဟာ ချမှတ်လို့ပြီးတယ်။ သခင်မြက ဒီလိုခေါင်းငြိမ့်လိုက်မှလဲ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်အကျွံတွေမပါဘူး။

အတိမ်းအစောင်းမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ကိုယ်တိုင်ကလဲ ယုံကြည်ယူဆတယ်။ သခင်မြဟာ ပုံပန်းသဏ္ဍာန်အား ဖြင့် ခပ်အေးအေး ခပ်နုနုပင်ဖြစ်ပေမယ့် ဘယ်လောက်ကြမ်းတဲ့ ဆုံးဖြတ်ချက်ကိုဘဲချချ သခင်မြမလိုက်နာနိုင်တာမရှိဘူး။

၃။ ဦးဘချို
ကျွန်တော် ကောလိပ်မှာ ပညာသင်နေတဲ့ အချိန်ကစပြီး ဆရာသမားအရင်း အဖြစ်နဲ့ကိုးကွယ်ခဲ့ပါတယ်။ ကျွန်တော့်ကိုအကြောင်းပြုပြီး ဗိုလ်ချုပ်အစရှိတဲ့ ကျွန်တော်တို့ရဲဘော်တစုဟာလဲ ဦးဘချိုကို ဆရာသမားအဖြစ်နဲ့ အမှတ်ထားကြပြီး ဆရာလို့ပဲ ရိုရိုသေသေခင်ခင်မင်မင် ခေါ်ကြပါတယ်။

ဆရာချို ကျန်းမာရေးချို့တဲ့ပြီး အတော်ဘဲအားအင် ချိနဲ့နေပေတဲ့လဲ ကျွန်တော်တို့တပည့်တွေ အပေါ်မှာ သံယောဇာဉ်ညိပြီး ကျွန်တော်တို့ကြိုးပမ်းမှုတွေတိုင်းမှာ တနည်းမဟုတ်တနည်းနဲ့ ပါလာခဲ့ပါတယ်။ ဆရာချိုကို အားအကိုးရဆုံးကိစ္စကတော့ တခြားဟာမဟုတ်ဘူး။ ဗမာနိုင်ငံရေးမှာ ကွက်ကျော်တွေ၊ ကလိန်ခြုံတွေကို ရှင်းပြတဲ့နေရာမှာဖြင့် သူမတူအောင် ရှင်းလဲရှင်းပါ တယ်။ အားကိုးရလောက်အောင်လဲ မှန်ပါပေတယ်။

၄။ မန်းဘခိုင်
ကရင်အမျိုးသားတွေထဲမှာ ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့ အယုံကြည်ဆုံး အားအကိုးဆုံး ကရင်ခေါင်းဆောင်ကြီးတဦးဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးလို့ ဖဆပလ သာ အစိုးရဖွဲ့နိုင်လျှင် မန်းဘခိုင်ကို ဒုတိယ နန်းရင်းဝန်ခန့်မယ်ဆိုတာ ဖဆပလ အလုပ်အမှု ဆောင် အစည်းအဝေးတိုင်းမှာလိုလို ဗိုလ်ချုပ်မကြာခဏ ထုတ်ဖေါ်ပြောခဲ့ဘူးပါတယ်။ ဗိုလ်ချုပ်ဟာ စေတနာမရှိပဲ ဘယ်သူ့ကိုမှ လောကွတ်ပြောတဲ့လူစားမဟုတ်ဘူးဆိုတာ တနိုင်ငံလုံးအသိဘဲ။ အဲဒီတော့ မန်းဘခိုင်ကို ဘယ်လာက်ကြည်ညိုလို့၊ ဘယ်လောက်စေတနာ ထားလို့၊ ဘယ်လောက်အားကိုးလို့၊ ဒီစကားကို ခဏခဏ ထုတ်ပြောတယ်ဆ်ိုတာ အပုံကြီးရှင်းပါတယ်။

မန်းဘခိုင်ဟာ ပြောစရာရှိလျှင် လဲ ဘွင်းဘွင်းသမားဆိုတော့ ဘွင်းဘွင်းကြိုက်တဲ့ ဗိုလ်ချုပ်နဲ့ သိပ်တဲ့တာပေါ့။ ကရင် ဗမာ ရဲ့နောင်ရေးကိုလည်း အမြင်ကျယ်ကျယ်ထားပြီးတော့ ကောင်းမယ်မှန်မယ်ထင်တာကို ဘယ်သူ့ကိုမှ အားနာခြင်း ကြောက်လန့်ခြင်း ကိုယ်ကျိုးငဲ့ခြင်း မရှိပဲ တိတိမတ်မတ်ဆောင်ရွက်လေ့ရှိပါတယ်။

၅။ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း
ကျွန်တော်နဲ့ဆိုလျှင် ဂျပန်ခေတ်ကတည်းက အလွန်ဘဲ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ရှမ်း-ဗမာ သွေးစည်းညီညွတ်ရေးကို အထူးစိတ် ဝင်စားယုံသာမက မဖြစ်မြောက်ဖြစ်မြောက်အောင်လည်း လူပန်းစိတ်ပန်းခံကာ ကြိုးစားခဲ့သူတဦးဖြစ်ပါတယ်။ စော်ဘွားကြီးရဲ့ စိတ်ထားကောင်းခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်းတို့ကြောင့် ရှမ်းလူထုရဲ့ အကြည်ညိုကိုလည်း အများဆုံးခံယူရသူတဦးဖြစ်ပါတယ်။

၆။ ဆရာကြီးရာဇတ်
မန္တလေးက နိုင်ငံရေး၊ တော်လှန်ရေးတို့မှာ စွမ်းစွမ်းတမံလုပ်ခဲ့တဲ့ လူငယ်လူရွယ်တွေမှန်သမျှ သူ့တပည့်တွေသာများတာပဲ။ ဖဆပလအပေါ်မှာ သစ္စာအရှိဆုံးပုဂ္ဂိုလ်တွေခဲမှာ ဆရာကြီးရာဇတ်လဲတဦးအပါအဝင်ဘဲ။

၇။ ဦးဘဝင်း
ကျွန်တော်နဲ့ ကောလိပ်မှာနေစဉ်ကတည်းက ကျောင်းနေဘက်ဖြစ်တယ်။ နိုင်ငံရေးမှာ လုပ်သက်တယ်ပြီးမကြာသေးပေမယ့် သူ့ရဲ့အရည်အချင်း၊ သူ့ရဲ့ရိုးသားဖြောင့်မတ်တဲ့ ဂုဏ်တွေကြောင့် သူလုပ်သွားခဲ့တဲ့ ဝန်ကြီးနေရာမှာ ခန့်ထားဖို့ ဗိုလ်ချုပ်နဲ့ ကျွန်တော် မေမြို့မှာတွေ့တုန်းက ကျွန်တော်ကဘဲ အကြံပေးခဲ့တယ်။

ဖွေဘွတ်မှပြန်လည်မျှဝေပေးပါသည်။ froM ZWE KaminMyae MiThar Su

6 comments

  • โทรศัพท์มือถือ

    July 19, 2013 at 12:23 pm

    ကျနော် ဆီမှာ ဒါလေးတွေမရှိသေးဘူးဗျာ…
    ပြန်လည်မျှဝေမှုလေးကို အကျိုးရှိသွားအောင် ကူးယူသိမ်းဆည်းထားလိုက်ပါတယ်….

  • အရီးခင်လတ်

    July 19, 2013 at 1:15 pm

    ဒီလို လူမျိုး ကို သာ တိုင်းပြည်က ဆက်သုံးနိုင်ခဲ့ရင် ……

    မောင်မင်းကြီးသား သူကြီးမင်း ပြောနေကျစကား ကျိန်စာ ပါဘဲ။

    အခုလဲ ဒီလို လူမျိုး တစ်ယောက် ကို ထပ်ရပြန်တာတောင် ဖယ်ဖို့ လုပ်နေကြပြန်တာ။

    မျှပေးတာလေးကို ကျေးဇူးပါ nicolus agral။

  • nicolus agral

    July 19, 2013 at 3:40 pm

    left – right
    hard – soft
    အကုန်ပါတယ်
    နှမျှောလိုက်တာ
    သူတည်းတယောက် ကောင်းဖို့ရောက်မူ
    တယောက်သူငါ ………………………..

    ဟင်း သူတည်းတွေကလည်း များလွန်းတာ

  • padonmar

    July 19, 2013 at 8:33 pm

    လွန်ခဲ့တဲ့ နှစ်၆ဝကျော်က လူတွေကပဲ တော်လွန်းနေသလား။
    ခုကျမတို့ ခေတ်လူတွေပဲ ညံ့လွန်းသွားတာလားတောင် မသိတော့ပါဘူး။
    မျှဝေပေးတာကျေးကျေး။

  • ဦးကြောင်ကြီး

    July 22, 2013 at 9:49 am

    သခင်ကြောင်ကြီး… ကြွက်ခုတ်ရာမှာ အလွန်တော်ပေမဲ့ ငါးကြော်ကိုပဲ စွဲစွဲမြဲမြဲ စားပါတယ်။ ငါးရံ့ကိုယ်လုံးလို ဖြူဖြူဖွေဖွေး ရေဆေးငါးဆို မစားခင် သူ့လျှာကြီးနဲ့ ရှလွတ်ဆိုပီး… 😳

Leave a Reply