အယူသီးမှုများအတွက် ကိုကျော်သူရဲ့ ရှင်းတမ်း

Yin Nyine NwayJuly 31, 20101min21411
ရှက်ဖို့ ကောင်းလှသည် . . . ။

ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ
နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမာ္ဘတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို
ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။
သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဉာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊
အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး
တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင်
ဖြစ်သည်။

ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ
ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’
ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန ္တ
ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား
ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို
ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု
အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊
နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက
အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်)
မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ
ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။
မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့
အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ
ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး
အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစာ္ဆန် မသာများ ကြတော့
ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊
အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက
ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့
ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ
နေအိမ်ထဲသို့ တိရစာ္ဆန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊
ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစာ္ဆန် မသာများကို
ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍
ဝါးကြသည် မဟုတ်ပါလား။

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစာ္ဆန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစာ္ဆန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစာ္ဆန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ
(ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊
မိစာ္ဆဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊
နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်
ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ
အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို
တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ . . . ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို
တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း . . . ။

တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။

အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့်
‘ဘူး’ များပဲ့တင်ထပ်နေတော့သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း
လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို
ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။
နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့်
အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ
ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။
သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။
အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊
ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို
စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင်
ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ?
သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ
စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . .
?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ်
ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း
ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင်
ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊
မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . .
. ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက
မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ
လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။
နောက် . . . နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား
မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့်
သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က
မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ
စဉ်းစားကြည ့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက် မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်းတင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။
နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့
မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား . . . စဉ်းစားကြပါ
. . . ။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။
မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

ကျော်သူ

Ref: http://mysing.ning.com/profiles/blogs/2316969:BlogPost:40438
.

Visit Myanmar in Singapore at: http://mysing.ning.com/?xg_source=msg_mes_network

11 comments

  • narziparty2009

    July 31, 2010 at 8:35 am

    ဦးကျော်သူရေးထားတာတွေကိုအကုန်ထောက်ခံပါတယ်ဗျာ။ကျွန်တော်တို.လူမျိုးတွေကမဟုတ်တာကျတော.တတ်တယ်ထွင်တယ်ဟုတ်တာဆိုဘာတစ်ခုမှမလိုက်နာကျဘူး။ကျွန်တော်လည်းခံစားဖူးပါတယ်ကျွန်တော.ဦးကြီးတစ်ယောက်တခြားမြို.ကဆေးရုံမှာသေလို.ပြန်လာတာကိုရွာထဲမသယ်ခိုင်းဘူးဗျာတစ်ရွာလုံးကဝိုင်းပြောကြတာသူတို.ကမခံစားဖူးလို.လားသူတို.ကရောမသေမျိုးတွေလားလို.ကျွန်တော်တောင်တွေးမိသေးတယ်။ရွာအပြင်မှာပဲထားရတယ်ဆိုးတာကမိုးရာသီကြီးဗျာ။ပြီးတော.ဘာပြောတယ်မှတ်လည်းသေတဲ.ဦးကြီးကရွာမှာပိုက်ဆံရှိတော.အုတ်တိုက်နဲ.ပေါ.ဗျာ။ပိုက်ဆံတွေရှာပြီးအိမ်ကြီးကြတော.ဆောက်ထားတာသေတော.အပြင်မှာသေရတာတဲ.ကိုယ်အိမ်ကိုမသေရဘူးတဲ.သေသွားတဲ.ဦးကြီးရဲမိန်းမကပဲအိမ်မသယ်ခိုင်းသလိုပြောကြတာဗျာလူတွေတော်တော်ခက်တယ်။မသိခိုင်းတော.လည်းသူတို.သေတာတောင်အိမ်မှာမသေရဘူးလို.ပြောတာကျတော.လည်းသူတို.ပဲ။

    ကျွန်တော်.အဖွားဆုံးတော.လည်းဒီလိုပဲပြောကြတာဘာပြောတယ်မှတ်လည်းအဖွားကိုအခေါင်းသွင်းခါနီးကုတင်ပေါ်ကမတော.ကြမ်းကကျိုးကျတာပေါ.ဗျာတောက်လျှောက်ကိုထွက်လာကြတဲ.စကားကဘာမှတ်လဲမကောင်းဆိုးဝါးတွေတက်စီးလို.တဲ.မကောင်းတဲ.အကောင်တွေပါများနေလို.တဲ.အလောင်းပိုင်ရှင်တွေဘယ်လိုခံစားရမလဲဆိုတာသူတို.နည်းနည်းမှမတွေးမိကြဘူးလားဗျာ။ အယူသီးတာတွေကိုပြောပြတာပါ။ ဦးကျော်သူရေးတာတွေကောင်းပါတယ်ဆက်တင်ပါအုံး။

  • narziparty2009

    July 31, 2010 at 8:35 am

    ဦးကျော်သူရေးထားတာတွေကိုအကုန်ထောက်ခံပါတယ်ဗျာ။ကျွန်တော်တို.လူမျိုးတွေကမဟုတ်တာကျတော.တတ်တယ်ထွင်တယ်ဟုတ်တာဆိုဘာတစ်ခုမှမလိုက်နာကျဘူး။ကျွန်တော်လည်းခံစားဖူးပါတယ်ကျွန်တော.ဦးကြီးတစ်ယောက်တခြားမြို.ကဆေးရုံမှာသေလို.ပြန်လာတာကိုရွာထဲမသယ်ခိုင်းဘူးဗျာတစ်ရွာလုံးကဝိုင်းပြောကြတာသူတို.ကမခံစားဖူးလို.လားသူတို.ကရောမသေမျိုးတွေလားလို.ကျွန်တော်တောင်တွေးမိသေးတယ်။ရွာအပြင်မှာပဲထားရတယ်ဆိုးတာကမိုးရာသီကြီးဗျာ။ပြီးတော.ဘာပြောတယ်မှတ်လည်းသေတဲ.ဦးကြီးကရွာမှာပိုက်ဆံရှိတော.အုတ်တိုက်နဲ.ပေါ.ဗျာ။ပိုက်ဆံတွေရှာပြီးအိမ်ကြီးကြတော.ဆောက်ထားတာသေတော.အပြင်မှာသေရတာတဲ.ကိုယ်အိမ်ကိုမသေရဘူးတဲ.သေသွားတဲ.ဦးကြီးရဲမိန်းမကပဲအိမ်မသယ်ခိုင်းသလိုပြောကြတာဗျာလူတွေတော်တော်ခက်တယ်။မသိခိုင်းတော.လည်းသူတို.သေတာတောင်အိမ်မှာမသေရဘူးလို.ပြောတာကျတော.လည်းသူတို.ပဲ။

    ကျွန်တော်.အဖွားဆုံးတော.လည်းဒီလိုပဲပြောကြတာဘာပြောတယ်မှတ်လည်းအဖွားကိုအခေါင်းသွင်းခါနီးကုတင်ပေါ်ကမတော.ကြမ်းကကျိုးကျတာပေါ.ဗျာတောက်လျှောက်ကိုထွက်လာကြတဲ.စကားကဘာမှတ်လဲမကောင်းဆိုးဝါးတွေတက်စီးလို.တဲ.မကောင်းတဲ.အကောင်တွေပါများနေလို.တဲ.အလောင်းပိုင်ရှင်တွေဘယ်လိုခံစားရမလဲဆိုတာသူတို.နည်းနည်းမှမတွေးမိကြဘူးလားဗျာ။ အယူသီးတာတွေကိုပြောပြတာပါ။ ဦးကျော်သူရေးတာတွေကောင်းပါတယ်ဆက်တင်ပါအုံး။တောကထူတွေကထားပါအုံးမြို.နေလူတွေအယူမသီးသင်.တော.ပါဘူး

  • marnat

    July 31, 2010 at 8:52 am

    အရမ်းကောင်းပါတယ်ဗျာ

  • Htoo

    July 31, 2010 at 9:19 am

    သူပြောတော့လဲဟုတ်တော့ဟုတ်နေတာပဲနော်။
    လူတွေကပိုကိုပိုတာပါ။
    ဒါပေမဲ့နောက်ပိုင်းတော့သိပ်မရှိတော့ပါဘူးဗျ။

  • winne

    July 31, 2010 at 12:47 pm

    လူဆိုတာ သေမျိုးဘဲလေ။ အချိန်တန်ရင်တော့ ဒီလိုဘဲသွားရမှာ လူတွေက နေ့တိုင်းတော့ ကြက်ဝက်ငါး အသေကောင် အသုဘတွေ စားနေကြတာ အိမ်မှာ အသုဘ ရှိရင် မသွားရဲတဲ့ လူတွေကလည်း ရှိသေးတယ် မြန်မာတွေ အယူသီးပုံများ သူများ အိမ်က ပေးတာ မစားနဲ့ ဘာလုပ်လိမ့်မယ် ညာလုပ်လိမ့်မယ် အသုဘက ပြန်လာရင် သရော်နဲ့ ခေါင်းလျှော် ဟိုဟာ ဒီဟာ ကပ်ပါမယ် ဆိုတာက ပါသေး။ ပါတာတော့ ဘွက်ပဲပါတာဘဲ လမ်းမကောင်းတော့ ရွံ့တွေနဲ့ ရေတော့ ဆေးရတာပေါ့ မဟုတ်ရင် အိမ်မှာ ညစ်ပတ်ကုန်မှာပေါ့။

  • kopauk mandalay

    August 1, 2010 at 2:16 am

    ဒါတွေကို လူတွေက သိတော့သိကြတယ်ဗျ။
    အတွေးတွေမ မမှန်ဘူးဆိုတာကို။
    ဒါပေမဲ့လက်တွေ့ ကျင့်သုံးဘို့ကြတော့လဲ လက်တွန့်နေပြန်ရော။
    တသက်လုံး အရိုးစွဲလို့ မှတ်ထားတဲ့ ဟာတွေကို အရဲစွန့်ပြီး မပြောင်းရဲပြန်ဘူး။
    တစ်ခု ခု ဖြစ်ခဲ့ရင် ကိုယ့်ကြောင့်လို့ နာမယ်တပ်ခံရမှစိုးလို့ပါ။
    အယူသီးတာ မရှိရင် အကောင်းဆုံးပေါ့။
    ဒါပေမဲ့ ဓလေ့ထုံးစံဆိုတာကတော့ ဘယ်ကစတယ်ဆိုတာမသိတော့ပြောရခက်နေပြန်ရော။

  • zuugyi

    August 1, 2010 at 4:32 am

    ဟုတ်တယ်… ကျွန်တော်ကတော့ မသာ ကိုမသာလို့ပဲမြင်တယ်… ကိုယ့်ကို ဘာမှလဲထမလုပ်နိုင်ဘူး… အိမ်ထဲ လမ်းထဲ သယ်လို့ ခိုက်တယ်ဆိုတာ သူတို့ အကုသိုလ်များလို့ဖြစ်တာကို မသာ ပေါ်ကိုလွှဲချတာလို့ပဲမြင်တယ်…

  • zuugyi

    August 1, 2010 at 5:55 am

    ကျွန်တော်အားတဲ့ရက်တွေမှာ နားရေးကူညီမှုအသင်းမှာ ကားမောင်းချင်ပါတယ်… ဘယ်လိုဆက်သွယ်ရမလဲ ဘာတွေလိုအပ်လဲဆိုတာ သိသောသူများပြောပေးကြပါ….

  • etone

    August 2, 2010 at 9:53 am

    အယူသီးမှူတွေရှိနေပေမဲ့လည်းတကယ်တမ်းလက်တွေ့ကျင့်သုံးဖို့ကျတော့ခက်သေးတယ်နော်။

  • bluerose

    March 5, 2012 at 4:20 pm

    နားရေးကူညီမှုအသင်းမှာကားမောင်းချင်တာများ
    ဦးကျော်သူဖွင့်ထားတဲ့နာရေးကူညီမှုအသင်းကိုသွားလိုက်လေ
    အဲမှာသွားမေးရင်ပိုသေချာတဲ့အဖြေရလာလိမ့်မယ်

  • aye.kk

    March 5, 2012 at 8:02 pm

    အသုဘချလို့..
    အိမ်ရှေ့ကဖြတ်ရင်..
    အဝတ်တွေလှမ်းထားတာရှိရင်အပြေးအလွှားကလေးနဲ့ခပ်မြန်မြန်ရုတ်ရတယ်..
    မသာကကပ်တတ်တယ်ဆိုလားဘဲ…
    အယူဆတွေနဲ့ကြီးပျင်းလာရတဲ့ဘဝ…
    ကိုယ့်ရဲ ့ဘဝကတကယ့်ကိုပါဘဲ….
    ပြောကိုမပြောချင်တော့ပါဘူး(မမြလေးလေသံဖြင့်)တကယ်ပါ။

Leave a Reply