မချိုသေးတဲ့ ဆေးခါးတစ်ခွက်
အရှုံးသမားတစ်ယောက်ရဲ့
နှလုံးသားထောင့်တစ်နေရာမှာ
အမုန်းတရားတွေခိုဟောင်းတက်နေပြီပေါ့
ဖြစ်ချင်တိုင်း ဖြစ်မလာတက်တဲ့လောကအလည်မှာ
ငါလေတစ်ယောက်ထဲ သောကတွေဗလပွပေါ့
အစကထဲက အခြေမလှခဲ့တဲ့ သံယောဇဉ်လေးအောက်မှာ
အပျော်ကြီးပျော်နေခဲ့မိတာ မိုးခါးရေဆိုတာ ငါမေ့သွားခဲ့မိတယ်
ခါးသီးတဲ့ ဘဝထဲကိုငါဆွဲမခေါ်ခဲ့ပါဘူးလေ
မုသားတွေရေလိုသုံး မာယာကိုအလှဆင်နေသမျှတော့
မင်းဘဝလေး အတောင်ကျိုးတဲ့ဌက်ပမာ
ကမ်းပျောက်နေမှာတော့ အမှန်ပါဘဲလေ
ရင်မောမိပါရဲ့ အစဉ်အလာတွေရဲ့သဘောမှာ
လျှောက်ရတဲ့လမ်းကလည်း ကြမ်း
အသက်ရူလိုက်တိုင်း ပူပြင်းတဲ့ နေရောင်အောက်မှာ
ဆူးခမ်းထားသည့် ပန်းပမာပါဘဲလား
ကြွေတော့မယ့် သစ်ရွှက်ခြောက်ပမာ
အော်ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့
ငါ့အတွက်တော့ ဆေးခါးတစ်ခွက်ပေါ့
ပိတောက်မိုး………
3 comments
မင်းမင်း
July 28, 2013 at 10:01 am
အော်ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့
ငါ့အတွက်တော့ ဆေးခါးတစ်ခွက်ပေါ့
ဟုတ်တယ်ဗျိုး အမှန်ပါပဲ။
မဟာရာဇာ အံစာတုံး
August 4, 2013 at 9:53 pm
ဆေးခါးကို ကြိတ်ဝါးရင်းနဲ့
သိပ်ကို အစွမ်းထက်တာတတ်သေးတယ် ….
ဆေးခါး က ရောဂါ မြန်မြန် ပျောက်စေတယ်… လို့လည်း ကြားဖူးဒယ် …
အင်းးး ဒါမယ့်လည်း …
ဆေးခါးတွေလည်း လှိမ့်ခွ သောက်နေရပြန်ရင်လည်း …
အင်းးးး မနိပ်လှဘူးပေါ့ဗျာ ….
အလင်းဆက်
August 4, 2013 at 10:48 pm
ကဲ..
မကြီးစိုး..
ကဗျာပြခန်း က..နီ ့ကို အလိုချိဒယ် ။
အဲ…
နီ ့ ကဂျာတွေကို အလိုချိတယ်
🙂