ဒါ . . . ကဗျာ
ဆိုးဆိုးဝါးဝါး ။
ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ။
ဘယ်တုန်းက ထင်ကျန်ခဲ့တဲ့ အမာရွတ်တွေလဲ။
အသားမာတတ်နေတဲ့ လက်နဲ့ သပ်ချလိုက်မှ
သွေး ပြန် စို့ ့လာတယ် ။
ဒီမြေကြီးကို ဆက် . . .နင်းထားသင့်သေးသလား။
လေတွေကိုရော သိမ်းယူနေသင့်သေးသလား ။
လေပြေ . . . လေပြေ . . . လာပါ။
မုန်တိုင်းတို ့နဲ ့အတူ. . . . . ။
နေခြည် အလင်းတန်းတွေ ဖြာဝင်း တောက်ပပြီးးးးး ကိုယ့်ရင်ကို ဖောက် ခွင်းပါ ။
အနီရောင် ချစ်ခြင်းတရားနဲ ့ အပြာရောင်း ငြိမ်းချမ်းမှုကို ခုံမင်စွာ တပ်မက်မိသူမို ့. . . . ဟို ခရေပင် ရိပ် အောက်မှာ . . . . .
ရူး ဖူးတယ်။
ဂုဏ်ရှိန် မြင့်မားတဲ့ သတို့သမီး /ရာဇဝင် တစ်ခွင် လုံးကို ဖော်ထုတ်ပေးပါ ။
ရလိုမှု ကို ပေးဆပ်ခြင်းနဲ ့ ဖို ့ပေးပါ ။
ဆန္ဒရဲ့ နောက်ကို သိက္ခာနဲ့ ကိုယ်ကျင့်တရား က ကောက်ကောက်ပါအောင် ပြေး မလိုက်နိုင်တော့လို ့ . . .
ပါးစပ်ဖျားမှာ မုသားချိုချိုလေး လိမ်းကျံ ထားလိုက်ရတော့မလားးး။
တကယ်တော့ လူ . . . ဆိုတာကိုက ကဘာဦးတုန်းက မူးခဲ့ဖူးတဲ့ တစ်ညနေက စ ခဲ့တာပါ။
#################
ရောင်စုံ ည တစ်ညလောက်များ ကြုံကြိုက်ရင် . . .
အတောင်ပံကို ဖြန် ့ပြီးးး
ဟောဟိုက တိမ်တွေရဲ့ အပေါ်မှာ ပျံဝဲ လိုက်ချင်တယ် ။
ညမွှေးပန်းတွေရဲ ့ရနံ ့ကို ရှူရှိုက်ရင်းးး
ပိုးစုန်းကြူးလေးတွေကို
ပြောပြစရာတွေ ရှိတယ် ။
ဟုတ်တယ် ။
အတိုက်အခိုက် များလှတဲ့ ကိုယ့်ဘဝ အကြောင်းးးး
အောင်မြင်ခြင်း တစ်ဖက် ကျရှုံးခြင်းတစ်ဖက်
တွဲဆက် ရောက် ရောက်လာတတ်တဲ့ ကိုယ့် ကံကြမ္မာအကြောင်းးးး
ကျွန်း ခံ နေတဲ့ ကိုယ့် နှလုံးလမ်းကြောင်း ရဲ့အကြောင်းးး
တစ်ယောက်တည်း နေမှ ဖြစ်မယ့်
ကိုယ့် စိတ် ဒဏ်ရာ
အခြေအနေ အကြောင်းးးး
လူတွေကို ချစ်လွန်းတဲ့ အမုန်းခံ လူတစ်ယောက် အဖြစ်
ကိုယ် ရပ်တည်နေရတဲ့ အကြောင်းးးးး
တွေဝေခြင်းးး
မိုက်မဲခြင်းနဲ့ အားနာတတ်ခြင်းတွေကို ခွဲခွါမရ ကျကျနန အသုံးပြုနေဆဲ ဖြစ်တဲ့ ခပ်ညံ့ညံ့ ကိုယ့်အကြောင်းးးး
လွန်ခဲ့တဲ့တစ်နေ ့သော အခါက ကိုယ့်ကိုယ်ကို ကိုယ်
သတ်သေဖို့ ့ကြိုးစားခဲ့ဖူးတဲ့ (စိတ်ဒဏ်ရာအနာတရနဲ့ ) ကိုယ့်အကြောင်းတွေ . . . . .
ပြောပြချင်လိုက်တာ. . . . . . ။
လက်ခနဲ လက်ခနဲ အလင်းရောင်လေး ပေးစွမ်းနိုင်မယ့် ပိုးစုန်းကြူးကလေးတွေကို . . . .ပြောပြချင်လိုက်တာကွယ် . . .
##############
အလင်း ပေးလာမယ့်သူကို ပြတ်ပြတ်သားသား ကြိုဆိုပါတယ်။
အပူတွေ . . . အလင်းဆိုပြီး . . . မလာပါနဲ့ ။
#################
လေးစားစွာဖြင့်
အလင်းဆက်
27 . 7 .2013 . 10 : 48 pm
17 comments
လူကလေး
July 31, 2013 at 9:24 am
အလက်ဆင်း လင်းစေသတည်း
ကဗျာကောင်းတယ်ဗျို့ နောက်ကြုံရင် သင်ပေးဦးဗျ ဆရာထက်တပည့်လက်စောင်းထက်မှာပါ.. ဟဲဟဲ
အလင်း ဆက်
July 31, 2013 at 9:54 am
လူကလေး ရေ
ဆရာစားတော့ နည်းနည်း ချန်ထားမှာမို ့
ဆရာထက်တော့ သာမယ် မထင်
🙂
မဟာရာဇာ အံစာတုံး
July 31, 2013 at 4:12 pm
နင့် ကဗျာ ..
ဘာကဗျာဒုန်းဟ …
ငါတော့ ဖတ်ပြီး ရက်စာသားလို ရွတ်ပလိုက်ဒယ် …
အလင်း ဆက်
July 31, 2013 at 5:42 pm
အို အံစာ ရာ
ကဗျာ ဆို ကဗျာလိုက်ပေါ့
ဗျာ / ပြေ ပြဿနာတွေ အကြောင်းး
နီ လည်း အသိ
🙂
အာဂ
July 31, 2013 at 4:25 pm
တကယ်တော့ လူ . . . ဆိုတာကိုက ကဘာဦးတုန်းက မူးခဲ့ဖူးတဲ့ တစ်ညနေက စ ခဲ့တာပါ။(ဒီစာသားလေးကြိုက်တယ်။)
မူးတဲ့ အမူးတွေထဲမှာ အချစ်ကြောင့်မူးတာရယ်။ အာဏာရစ်မူးတာရယ် က ကြောက်ဖို့အကောင်းဆုံး……ပဲ…။
အလင်း ဆက်
July 31, 2013 at 5:41 pm
ဟုတ်ပါ့ ကအာဂ ရယ်
🙂
koyinmaung
July 31, 2013 at 5:56 pm
တချိန်တုန်းက စာရေးဆရာကြီးပီမိုးနင်းဟာ ကြီးပွားရေးဆောင်းပါးတွေ
ရေးရာမှာအင်မတန်နာမည်ကြီးပေမဲ့ သူကိုယ်တိုင်ကဆင်းရဲနွမ်းပါသူပါ..
ဒါကြောင့်လဲ..ဆိုစာကားရှိခဲ့ဘူးတယ်..ဆရာကြီးက ဆင်းရဲလေကြီးပွားရေး
ဆောင်းပါး ကောင်းတွေထွက်လေဆိုဘဲ…..
အလင်း ဆက်
July 31, 2013 at 6:10 pm
ဟုတ်ပါ့ ကိုရင်မောင်ရေ
စိတ်ဒဏ်ရာတွေ များလေ လေ
စာတွေ ကဗျာတွေ ပို ထွက်လေ လေ ပါပဲ
ဆရာကြီး ပီမိုးနင်းရဲ့ တက်ကျမ်းတော်တော်များများကို
အသက် ၁၄ ၁၅ လောက်က စ ဖတ်ခဲ့ပြီး
အင်မတန် ကြိုက်ခဲ့ပါတယ်။
ပြတ်ပြတ်သားသား တွေးခေါ်ရေးသား တတ်တဲ့
ဆရာကြီးရဲ့ စာတွေက အကျိုးပြုတာ အသေအချာ
ဆရာကြီး ပြောခဲ့တဲ့ နောက်ထပ်စကားတစ်ခု လည်း ဖတ်ဖူးသေးတယ်
သူများတွေကို ကြီးပွါးအောင် နည်းလမ်းတွေ အတွေးအခေါ်တွေ
ရေးနေရလို ့
ကိုယ်တိုင် ကြီးပွါးအောင် လုပ်ချိန်မရ တော့ဘူးးတဲ့
🙂
တကယ်တော့
စာရေးသူ ရဲ့တာဝန် ဟာ စာရေးဖို ့ပါပဲ။
ဆင်းရဲသားကြီးရေးတဲ့ ကြီးပွါးနည်း ဆိုပြီး အထင်သေးလို့မရ အထင်မသေးသင့်
စာရေးဆရာ ဟာ စာရေးဖို ့
ရေးတဲ့စာကို တာဝန်ယူဖို ့ပါပဲ
အဲ ဆရာပီမိုးနင်းကို သတိရပြီး လျှောက်ပြောနေတာ
. . . . . . .
🙂
Mr. MarGa
July 31, 2013 at 10:59 pm
ဒါ ကဗျာလား
ကဗျာဆို ကဗျာလို ဖတ်မယ်
စကားပြေဆိုစကားပြေလို ဖတ်မယ်
သတ်မှတ်သူသာ အဓိက ပါကွယ်
အလင်း ဆက်
August 1, 2013 at 9:53 am
သကြား
အက်လို မှပေါ့
🙂
kyaw swar kaung
August 1, 2013 at 2:01 am
အလင်းဆက်
စာသားလေးတွေတော့ ကောင်းတယ်..
ကဗျာက နည်းနည်း ကျယ်နေတယ်..
ကျဉ်းကျဉ်းလေးနဲ ့ပစ်မှတ်ကို ထပ်ပစ်ပါဦး..
ကဗျာတွေ စောင့်ဖတ်ပါ့မယ်..
ညီလေးပြောတာမှန်တယ်..
ကဗျာရေးသူ ခံစားချက် ပြင်းထန်လေ.. ကဗျာ ကောင်းတွေ ထွက်လေပါဘဲ..
ဒီထက် ကောင်းတဲ့ ကဗျာတွေ ထပ်ရေးနိုင်ပါစေလို ့ အကြံပြုသလို..
ညီလေးရင်တွေ ဒီထက် ထပ်မနာကျင်ပါစေနဲ ့လို ့ ဆန္ဒပြုပါတယ်..။
အားပေးလျှက်
ကျော်စွာခေါင်
အလင်း ဆက်
August 1, 2013 at 9:47 am
ကျေးဇူးပါဗျ
ကဗျာ တွေ စာတွေ
ဆက် ရေးနေပါဦးမယ်
ဦးကြောင်ကြီး
August 1, 2013 at 9:51 am
ဒါကဗျာ
ငါဆရာ
အာပလာ
မညှာတာ
တဏှာရွာ
ကမာ္ဘမှာ
ဘရာသာ
ကညှာရှာ..
လင်းစက်ရာ
August 1, 2013 at 11:09 am
ဆိုးဆိုးဝါးဝါး ။
ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ။
ဘယ်တုန်းက ထင်ကျန်ခဲ့တဲ့ အမာရွတ်တွေလဲ။
အသားမာတတ်နေတဲ့ လက်နဲ့ သပ်ချလိုက်မှ
သွေး ပြန် စို့ ့လာတယ် ။
အဖွင့်က စပြီးတော့ကို ကောင်းချက်ဗျာ…။ ကိုအလင်းဆက်.. ချစ်တဲ့အနုပညာတွေ ကောင်းသထက်ကောင်းအောင် ဖန်တီးနိုင်ပါစေဗျာ..
အလင်း ဆက်
August 1, 2013 at 5:27 pm
ကျေးဇူးပါ လင်းစက်ရာရေ
ကဗျာပြခန်း အတွက် ကဗျာလေး ပေးပို့ထားလို ့လည်း
ကျေးဇူးတင်ပါတယ်
အဲဒိ ကဗျာလေး ပြခန်းအမှတ် ၆
လာမယ့် တစ်ရက် နှစ်ရက် အတွင်းမှာ
ပါဝင်ပြသ ထားပါမယ်နော်
🙂
koyo
August 3, 2013 at 2:29 pm
လင်းသမျှ အလင်း
ဘယ်အလင်းက အပူကင်းလို့လဲ။
မကင်းအပူ သုံးတတ်သူမှာ
လူမှာအေးခဲ အဲကွင်းလိုပဲ။
အလင်း ဆက်
August 3, 2013 at 2:36 pm
မပူလောက်တဲ့ နေရာက နေ
အလင်းပေး စေချင်ပါတယ်
လမင်း ရဲ ့အလင်းလိုပေါ့ ။
🙂
ကိုရိုးရေ
ဖတ် ရှု ခံစား ပေးတဲ့ အတွက်
ကျေးဇူးပါ