ဖတ်ချင်ကြမလားရယ်လို့ ။ ဖတ်ပြီးသားဆိုရင်လည်း ခွင့်လွှတ်ကြပေရော့။
၈၈၈၈ – အမှတ်တရ ဩဂုတ်လ ၏ မြင်ကွင်းတစ်ခု
==============================
ယနေ့ လူငယ်များသည် ၈၈၈၈- နှင့် ပတ်သက်၍ တိတိပပ မသိနိုင် ခဲ့ကြ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်၊ တားဆီးပိတ်ပင်ဟန့်တား မှုများကြောင့် အတိတ်သမိုင်းသည်ပင် မှိန်ပျပျ။ကျောင်းသားခေါင်းဆောင် များ၏ လှုပ် ရှားမှုပုံရိပ်များသည်လည်း ဝိုးတိုးဝါးတား။ အကြောင်းမူကား သူတို့ဘဝ မျက်စိပိတ် နားပိတ်ဖြစ်ခဲ့ရသည် မဟုတ်လား။
စင်စစ် ၈၈၈၈- အရေးတော်ပုံကြီး ဖြစ်ပေါ်လာရန် ၂၈-၇-၈၈ နေ့မှ စကာ ဝါဆိုလပြည့်နေ့တွင် ကျောင်းသားများ ဦးဆောင်၍ ရွှေတိဂုံ ဘုရားပေါ်တွင် တရားဟောသည်။ ပိုစတာများကပ် သည်။ ၂၉-၇-၈၈ နေ့တွင် ဦးအောင် ကြီး၊ ဦးစိန်ဝင်း အပါအဝင် ၁ဝ ဦး
ထိန်းသိမ်းခံခဲ့ရသည်။
၃-၈-၈၈ နေ့တွင် မွန်းလွဲ ၁ နာရီ မှစ၍ ရန်ကုန်မြို့တွင်းတွင် ကျောင်း သားများ လှည့်လည်ဆန္ဒပြကြသည်။ ထိုနေ့တွင် အာဏာပိုင်များက စစ်အုပ် ချုပ်ရေးကြေညာခဲ့သည်။
၄-၈-၈၈ နေ့တွင် ရန်ကုန်မြို့တွင်း တွင် ဆန္ဒပြမှုများ ဆက်လက်ပြု လုပ် သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက် လံဖမ်းဆီးရာ ကျောင်း သားအချို့အဖမ်း ခံခဲ့ရသည်။ ပဲခူးမြို့တွင် ကျောင်းသား များဦးဆောင်၍ ချီတက်ဆန္ဒပြကြသည်။ ဟောပြောပွဲများပြုလုပ်သည်။
၅-၈-၈၈ နေ့တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ တိုးချဲ့ချထားကာ ၆-၈-၈၈ နေ့ တွင် ရေနံချောင်း၊ ပဲခူး၊ သနပ်ပင်မြို့များ တွင် ပုဒ်မ ၁၄၄- ထုတ်ပြန်ခဲ့သည်။ ၇-၈-၈၈ နေ့သည် ငြိမ်သက်နေသည်။ လမ်းမကို ထက်ခြမ်းခြမ်း၍ တစ်ခြမ်းကို လုံခြုံရေးကားများ သွားလာရန် သတ် မှတ်ထားသည်။ ၈-၈-၈၈နေ့တွင် ကျောင်းသားများဦးဆောင်သည့် အထွေ ထွေသပိတ်ကြီးဖြစ်မြောက်သည်။ နံနက် ခင်းကတည်းက ချီတက်ဆန္ဒပြသူများ ဖြင့် လမ်းမကြီးတစ်ခုလုံး ပြည့်လျက်ရှိ သည်။ လူ နှစ်သိန်းကျော်သည် တစ်နေ့ လုံးငြိမ်းချမ်းစွာမြို့တွင်းလှည့်လည် ဆန္ဒ ပြကြသည်။ ဆန္ဒပြသူများအား ရပ်ကွက် များက အစားအသောက် များ၊ ရေခဲ ရေများ၊ ဆေးလိပ်များကမ်း၍ အားပေး ခဲ့ကြသည်။ ဆန္ဒပြသူများသည် ပြုံးပျော် နေကြသည်။ အကြမ်းဖက်မှုလုံးဝမရှိ။
ညနေခင်းတွင် ဆန္ဒပြသူများသည် မြို့တော်ခန်းမရှေ့ ကားလမ်းမ၌ စခန်း ချကြသည်။ သပိတ်တပ်အားလုံး မြို့ တော်ခန်းမသို့ စုဝေးကြ၍ အနီးရှိ ရပ် ကွက်များက ရိက္ခာများ ပေးပို့ကြသည်။
ပဲခူးသပိတ်တပ်ချီလာမည်ဆို၍ ရန်ကုန် လူထုကမျှော်လင့်နေကြသည် ။ညဉ့်သန်း ခေါင်ယံ ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဘရင်းကယ်ရီယာနှစ်စီး၊ စစ်ကား ခုနစ် စီး မြို့တော်ခန်းမသို့ ဆူးလေဘုရား လမ်းအတိုင်းမောင်းနှင် လာပြီး ငြိမ်းချမ်း စွာဆန္ဒပြနေသူများကို ပထမလူစုခွဲရန် ပြောသည်။ လူစုမခွဲကြဘဲ မတ်တတ် ရပ်၍ အမျိုးသားသီချင်း သံပြိုင်သီဆိုနေ ကြစဉ် သီချင်းမဆုံးမီ စတင်ပစ်ခတ် သည်။ ကျောင်းသူ၊ ကျောင်းသား၊ ရ ဟန်းရှင်လူပြည်သူအများအပြား အသက် ပေးခဲ့ရသည်။ မျက်မြင်သက်သေ အဆို အရ အလံကိုင်ကျောင်းသားငယ်တစ်ဦး သည် ကျည်ဆန်များ ကြားတွင် အလံ မလှဲ အံကိုခဲရင်း ကျဆုံးခဲ့ရှာသည်ဟုဆို ၏။ မြန်မာပြည်အနှံ့အပြားတွင် ဆန္ဒပြ မှုများဖြစ်ခဲ့သည်။
၉-၈-၈၈ နေ့ ရန်ကုန်နေရာ အနှံ့ အပြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆန္ဒပြသူများကို ပစ်ခတ်လူစုခွဲသဖြင့် ကျောင်းသား၊ သံဃာပြည်သူ ရာပေါင်း များစွာ ကျဆုံးခဲ့ရသည်။ လှိုင်မြို့နယ်မှ အထက်တန်းကျောင်း သူ၊ ကျောင်းသား တစ်ထောင်ခန့် ကမာရွတ်သို့ ချီတက် ဆန္ဒပြကြ သည်။ သေနတ်ပစ်ဖောက်ပြီး လူစုခွဲခံရသည်။ အာဏာပိုင်များက ရန် ကုန်တွင် ညမထွက်ရ အမိန့်ထုတ်သည်။ တစ်နိုင်ငံလုံးရှိ ကျောင်း များအားလုံးကို ပိတ်လိုက်သည်။ လစာနှုန်းများအနည်း ငယ်တိုးပေးခဲ့သည်။ အထွေထွေသပိတ် သည် နယ်မြို့များတိုး၍ပါဝင်လာကြသည်။
၁ဝ-၈-၈၈ နေ့တွင် မြောက်ဥက္က လာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှ င့် သာကေတမြို့နယ်များတွင် လုံခြုံရေး တပ်ဖွဲ့များက ပိုမိုပစ်ခတ်တိုက်ခိုက် ခဲ့ သည်။ ရပ်ကွက်များက လုံခြုံရေးတပ်ဖွဲ့ များ ဝင်ရောက်မလာနိုင်ရန် ပိတ်ဆို့မှု များ ပြုလုပ်ခဲ့ကြသည်။ ရဲစခန်းများ၊ အိမ်ထောင်သည်လိုင်းများ မီးရှို့ဖျက်ဆီး ခံရသည်။ ရဲသုံးဦး ခေါင်းဖြတ်ခံရသည်။ စသည် စသည်…။
ဤသို့အပြင်တွင် အထွေထွေ သပိတ်ကြီး ဆင်နွှဲနေသကဲ့သို့ မြန် မာ နိုင်ငံတစ်ဝန်းလုံးတွင် အကျဉ်းထောင် များအတွင်း ဆူပူမှုများ ဖြစ်ပွား လာရာ ဩဂုတ် ၃၁ ရက်နေ့အထိ ဆူပူမှု ဖြစ် ပွားသော အကျဉ်းထောင် ၉ ခုရှိသွားပြီ ဖြစ်၏။ အင်းစိန်ထောင်တွင်လည်း ဆူ ပူမှုဖြစ်ရာ အကျဉ်းသား တစ်သောင်းနီး ပါးလွှတ်ပေးလိုက်၏။ အင်းစိန်ထောင် ဆူပူမှုမှာ ဩဂုတ်လ ၂၆ ရက် သောကြာ နေ့တွင် စတင်ခဲ့သည်။ ၂၅ ရက်နေ့ ညနေပိုင်းတွင် ထောင်အပြင်ဘက်မှဆန္ဒ ပြသူများ၏ ကြွေးကြော်သံများကိုထောင် တွင်းမှ စတင်ကြားကြရပြီး အကျဉ်းသား များအော်ဟစ် ဆန္ဒပြကြခြင်း ဖြစ်သည်။
၂၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အဆောင် (၁) နှင့် တိုးချဲ့ဆောင်မှ အကျဉ်းသားများကို ဖယ်ရှားစေပြီး ဆူပူ သူ အကျဉ်းသားများ က ပုဆိုးစုတ်၊ အဝတ်စုတ်များကို လောင်စာအဖြစ် သုံးကာ မီးစတင်ရှို့ကြ၏။ ထို့နောက် အဆောင်မှူးရုံးခန်းကို ရှို့ကြပြန်၏။
မီးများတဝုန်းဝုန်း တောက်လောင် နေချိန်တွင် အကျဉ်းထောင် အုတ်ရိုးပေါ် ရှိ မျှော်စင်များပေါ်မှနေ၍ ထောင်အမှု ထမ်းများက ပစ်ခတ်လူစုခွဲရန် ကြိုးပမ်း ကြ၏။ ခေါင်းတိုင်ပုံ ဗဟိုမျှော်စင်ပေါ်မှ လည်း ပစ်ခတ်သည်။ အဆောင်အပြင် ရောက်နေသော ကျောင်းသားအများစု မှာ အဆောင်ကို ပတ်၍ ပြေးလွှားနေကြ သည်။ သေနတ်ထိမှန်သေဆုံးသူများ၊ ဒဏ်ရာဖြင့် လဲကျနေသူများ၊ ပြန့်ကျဲနေ သည်။ ထိုအချိန်တွင် နာလန်ထ လူနာ များထားရာ အဆောင် ၅ ကိုလည်း နာ လန်ထလူနာအကျဉ်း သားများက မီးရှို့ ကြပြန်၏။
နံနက် ၁၁ နာရီခန့်တွင် အကျဉ်း ထောင်တပ်ဖွဲ့ဝင်များ က ထောင်ကို ပြန် လည်ထိန်းသိမ်းအုပ်စီးနိုင်ခဲ့သည်။ မျက် မြင်အကျဉ်းသားများအဆိုအရ သေသူ ၃ဝ ခန့်၊ ဒဏ်ရာရသူ ၈ဝ ခန့်ရှိသည် ဆို၏။ ထောင်မှူးတစ်ဦးက မျှော်စင်ပေါ် မှနေ၍ ”အပြင်က
ဆန္ဒပြတာ မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့အေးအေးဆေးဆေး နေကြ။ မင်းတို့ကို လွှတ်ပေးလို့မရဘူး”ဟု အော်ဟစ်သတိပေးသည်။ ထိုအချိန် တွင် ထောင်ဆူပူမှု အတန်ငယ် ငြိမ်ကျ သွား၏။
၂၆ ရက်နေ့ ညနေ ၆ နာရီခန့် တွင် ထောင်ဆရာဝန်နှင့် ဝန်ထမ်း များ ထောင်တွင်းမှ ထွက်သွားကြ၏။ ထိုည တစ်ညလုံး သေနတ်သံကို ကြားနေကြရ ၏။ ဆက်တိုက်ပစ်ခတ်ခြင်းတော့ မဟုတ်ချေ။ ၂ရ ရက်နေ့ နံနက်စော စောတွင် အကျဉ်းကျသူများ၏ ဆွေမျိုး သားချင်း များ ထောင်အနီးသို့ ရောက် လာကာ သတင်းမေးစုံစမ်းကြရာထောင် အပြင်ဘက်တွင် လူများစုဝေးမိလာ သည်။ အခြေအနေတင်းမာလာသော အခြေအနေတွင် ဘုန်းတော်ကြီး ဦးဝဏ္ဏ ခေါင်းဆောင်သော သံဃာတော်များ၊ ကျောင်းသားများနှင့် အရပ်သားများက ထောင် အာဏာပိုင်များထံ သွားရောက် ၍ စေ့စပ်ဆွေးနွေးကြသည်။ေ စ့စပ်ဆွေး နွေးရာတွင် အကျဉ်းသားများဘက်မှ ကိုယ်စားလှယ် ငါးဦးလည်း ပါသည်ဟု ဆိုသည်။
အပစ်အခတ် ရပ်စဲသွားပြီး အကျဉ်းသားများ သွားလာရေး ကိစ္စ အဝဝကို သံဃာတော်များ၊ ကျောင်း သားများက တာဝန်ယူပါမည် ကတိပေး လိုက်၏။ အကျဉ်းသားများ ထောင်နှင့် ချီ၍ သေဆုံးသည်ဆိုသော ပြင်ပ သတင်းမှာ မမှန်ကြောင်း ထောင်ဆရာဝန်များက ရှင်းပြ၏။ စေ့စပ်ေ ဆွးနွေးပြီး နောက် အကျဉ်းသားများကို စတင် လွှတ်ပေး၏။ ရဟန်းသံဃာများ၊ ကျောင်းသားများ၊ အင်းစိန်မြို့နယ်သူ၊ မြို့နယ်သား များက အကျဉ်းသားများကို ကျွေးမွေးပြုစုကြသည်။ အမှတ် ၈ ဘတ်စ်ကားဂိတ်သို့ လမ်းလျှောက်ခေါ် သွားရာ အလှူရှင်များက ထမင်းထုပ် များဖြင့် ကျွေးမွေးကြသည်။
ရပ်ဝေး အကျဉ်းသားများကို သင်္ဘောဆိပ်များ၊ ဘူတာရုံများသို့ ကား များဖြင့် ပို့ဆောင်ပေးကြသည်။ ကိစ္စအ ဝဝကို သံဃာတော်များ၊ ကျောင်း သား များကပင် ဦးစီးကြပ်မတ်ဆောင်ရွက်ပေး ခဲ့ကြ၏။ တပ်မတော်(ရေ)နှင့် တပ်မ တော်(ကြည်း)မှ အကျဉ်းသားများကိုမူ ကားများဖြင့် လာရောက်ခေါ်ဆောင် သွားကြသည်။ ထိုင်းလူမျိုးနှင့် ထိုင်ဝမ် အကျဉ်းသားများလည်း ရှိရာ သက်ဆိုင် ရာ သံရုံးက၎င်းတို့အစီအစဉ်ဖြင့်ပင် လာရောက်ခေါ်ဆောင်သွားကြသည်။
လောလောဆယ် အနေအထား တွင် ရထားသွားလာမှုများ ရပ်ဆိုင်းနေ သဖြင့် ရန်ကုန်ဘူတာကြီးနှင့် ကြည့်မြင် တိုင်ဘူတာတို့တွင် ယာယီကွပ်ကဲရေး စခန်းများဖွင့်ကာ အကျဉ်းသားများကို စောင့်ရှောက် ထားရသည်။ ရန်ကုန်ဘူ တာကြီးတွင် အကျဉ်းသား ၃ဝဝ ခန့် အား သံဃာတော်များက ထိန်းသိမ်း စောင့်ရှောက်ထားပြီး အလှူရှင်များက ငွေကြေး၊ အကျွေးအမွေးများဖြင့် ထောက်ပံ့ပေးခဲ့သည်။
ဩဂုတ်လ ၃၁ ရက် သတင်းအရ ရန်ကုန်ဘူတာကြီးတွင် ခိုလှုံနေ ကြသော အကျဉ်းသားများအား မီးရထားရိပ်သာ ‘ဒေဝသာဂရသိမ်ကုန်းေ ကျာင်းတိုက်’ မှ သံဃာတော်များနှင့် သိမ်ဖြူကျောင်း တိုက်မှ သံဃာအပါး ၅ဝ ခန့်က စောင့် ရှောက်ပေးခဲ့ရသည်။ ညတွင် သံဃာ အပါး ၃ဝ က အလှည့်ကျ ကင်းလှည့် စောင့်ရှောက်ပေးခဲ့ကာ စေတနာရှင် ဆရာဝန် ၃ ဦးကလည်း ဖျားနာသော အကျဉ်းသားများကို ဆေးဝါးကုသပေး ခဲ့သည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှ စေတနာရှင်များ၊ အခြားမြို့နယ်ပေါင်းစုံ မှ စေတနာရှင်များကလည်း ငွေ၊ ဆေး ဝါး၊ ထမင်းထုပ်စသည် ပံ့ပိုးလှူဒါန်း သွားကြသည်။ ၃၁ ရက် နံနက်ပိုင်းတွင် ကပလမှ ဒုဦးစီးမှူး ဦးကျော်သာ ဦးစီး ၍ ရခိုင်ပြည်နယ်၊ မကွေး၊ တောင်ကြီးမြို့ များသို့ သွားမည့် အကျဉ်းသားများအား တီအီးကားကြီးခြောက်စီးဖြင့် ပို့ဆောင် ပေးရန် စီစဉ်ပေးခဲ့သည်။ သံဃာတော် အပါး ၂ဝကလည်း ဝိုင်းဝန်းကြပ်မတ် ကူညီခဲ့သည်။
၈၈၈၈ ဒိုင်ယာရီကို ကြည့်လျှင် ပြင်ပတွင် အထွေထွေသပိတ်ကြီး ဆင်နွှဲ နေသကဲ့သို့ ထောင်တွင်း၌ နေရသော် လည်း တစ်သွေးတည်း တစ်သားတည်း စိတ်ဖြင့် အေးအတူပူအမျှ ဘဝကို ဖော်ကျူးခဲ့ သည့် ပြယုဂ်တစ်ခုအဖြစ် နောင် မျိုးဆက်သစ်များ သိရှိရန်
ရှာဖွေရေး သားလိုက်ရပါသည်။
ရည်ညွှန်း-၄.၉.၈၈ နေ့ထုတ် ဝရဇိန် သတင်းစာ
ခင်မောင်ဌေး(ပညာရေး)
2 comments
ခင် ခ
August 9, 2013 at 4:23 pm
တစ်ယောက်တစ်စ ဝိုင်းကာစုတော့ သမိုင်းနောက်ခံ ပန်းချီကား ပိုပီပြင်တာပေါ့ဆိုသလို မျိုးပေါ့ဗျာ။
ဖတ်ခွင့်ပြန်ရလို့ ပိုစ့်ပိုင်ရှင်ရေ ကောင်းပါ၏။
အလင်းဆက်
August 9, 2013 at 7:26 pm
မဖတ်ရသေးဘူးဗျ ။
အတော်ပဲ..
ဖတ်လိုက်ပြီ ။
ဝေမျှ ပေးလို ့ကျေးကျေးပါ… အန်င်္တီကြည်…