အထီးကျန်
ဒီဆီဆေး ကားလေးကို အထီးကျန်လို ့ အမည်ပေးထားခဲ့ပါတယ်..။ အမေရိကန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်..။
ပန်းချီကားဝယ်ပြီးတော့မှ ပန်းချီဆရာနဲ ့စကားနည်းနည်း ပြောခွင့်တောင်းလို ့စကားပြောဖြစ်ပါတယ်..။
သူမက မေးခွန်းတခုဘဲ မေးချင်ပါတယ်.. ကျေးဇူးပြုပြီး ဖြေပေးနိုင်မလားတဲ့…
သူမ မေးခဲ့တဲ့ မေးခွန်းက …
ဘာလို ့ အထီးကျန်လို ့ အမည်ပေးခဲ့တာလဲတဲ့….။
ကျနော်ပြန်ဖြေပေးပါတယ်…။
ပန်းချီကားမှာ သုံးထားတဲ့ အရောင်ကြောင့် ကိုယ်ဒီနာမည်ပေးခဲ့တာပါလို ့…။
စကားဆုံးတော့ လက်ကိုဆွဲနုတ်ဆက်ပါတယ်…
သူ သိချင်တာလည်း ဒီအဖြေပါဘဲတဲ့…။ ။
ကျနော့်ရဲ ့ပန်းချီအယူအဆက နည်းနည်းသူများနဲ ့ ကွဲချင် ကွဲပြားနေပါလိမ့်မယ်..
မတူကွဲပြားမှုတွေ ဖွဲ ့စည်း အားပြိုင်နေတာ အနုပညာပါ…။
အမှန်ဆို ဒီပန်းချီကားက မိန်းကလေး တစ်ယောက်ရဲ ့ အဝတ်မဲ့ NUDE ကားလေးပါဘဲ…။
ပုံမှန်သဘာဝ အရောင်နဲ ့ကြည့်သူရဲ ့စိတ်ထဲမှာ မြင်ကြည့်ပါ…။
ဘာမှ မထူးဆန်းပါဘူး…။
ဒါပေမယ့် အရောင်ရဲ ့သဘောတရားလေး ကျနော် ကစားခဲ့ပါတယ်…။
အနီရောင်…. ပူလောင်တယ်..ရဲ ရင့်တယ်..( ဒီမှာ ရဲ ရင့် မှု မယူပါ)
မီးခိုးရောင် …တည်ငြိမ် ခြောက်သွေ ့သော သဘော…
အနီ= မီးခိုး.. တခုကို တခု ဖျက်ဆီးနိုင်တဲ့ ဆန် ့ကျင်ဘက်သဘော..ပါ..။
မိန်းကလေး တစ်ဦးရဲ ့အရှက်တရားလုံခြုံမှုက အဝတ်အစားပါ…။
အဝတ်အစားမဲ့စွာ ထိုင်နေတယ်.. အနီရောင်တွေ ပေးထားတယ်.. မီးခိုးရောင်နဲ ့ ပံ့ပိုးထားတယ်…
ခြုံပြောရရင်..
အရှက် သိက္ခာ နဲ ့အချစ်ကို ဆုံရှုံးခဲ့တဲ့ သူမဟာ ပူလောင်မှုတွေနဲ ့ တကိုယ်လုံးပူလောင်ပြီး
အခန်းကျဉ်းထဲက ညစ်နွမ်းနွမ်း ကုတင်လေးပေါ်မှာ ငြိမ်ပြီး ထိုင်နေပါတယ်..။
တဖက်ကို လှည့်နေတဲ့ အတွက် ငိုကြွေးတာ မျက်ရည်ကျတာ မမြင်ရပါဘူး။။
ကျောပေးထားတဲ့ အထီးကျန်နေသူရဲ မျက်ရည်ကို ပန်ချီကား ကြည့်သူရဲ ့ခံစားမှု နှလုံးသားကဘဲ မြင်နိုင်ပါလိမ့်မယ်..။
ကျော်စွာခေါင်
24 comments
အရီးခင်
August 10, 2013 at 3:23 am
တော်သေးတာပေါ့ ပန်းချီဆရာရယ်။
ရှင်းပြခဲ့ပေလို့။
မဟုတ်ရင် ဘာကိုညွန်းတယ် နားလည်မယ်မထင်ဘူး။
ဒီလောက်ထိ အနုပညာနဲ့ နီးတာ။
အရောင်ပြောင်းသွားချိန်
တနည်း …
အနီရောင်တွေ မှိန်သွားချိန်
ဒီမိန်းကလေး အထီးကျန်မဖြစ်လောက်တော့ပါဘူး မဟုတ်လား။
ဒီတော့ အဖြူရောင် လေး ထပ်ဖြည့်ပေးလိုက်ချင်ရဲ့။
😛
ကျော်စွာခေါင်
August 10, 2013 at 2:59 pm
အရီးခင်..
အချိန်အခါကဘဲ အရောင်တွေကို ပြောင်းလဲသွားမှာပါ…။
အချစ်ကြောင့် အထီးကျန်ဖြစ်တာကလဲ…
ဘိုးတော်ပေးတဲ ့ ချဲဂဏန်းကို ပုံအောလိုက်လို ့ အချီကြီး ထိသွားတဲ့ လူ လိုပါဘဲ…. ခဏပါဘဲ..
နောက်ရက် လည်း ချဲပြန်တွက်တာဘဲ…
နောက် ချဲပေးတဲ့ ဘိုးတော် နဲ ့တွေ ့ရင် ယုံပြီး ကောက်ကောက် ပါအောင် လိုက်သွားပြန်ရော…။
နောက်……. အချီကြီး ထပ် ကွဲ ပြန်ရော…..။
…
….
….
ကျနော်ဆို ခဏခဏ နီခဲ့တာ… းP
kyeemite
August 10, 2013 at 8:35 am
အရောင်သဘောလေးကိုရှင်းပြတော့မှ ပုံကိုသေချာပြန်ကြည့်ပြီးခံစားလို့ရတော့တယ်
ကြည့်နေရင်းနဲ့ ကျုပ်ဖက်လှည့်လာသလိုတောင်ခံစားလိုက်ရပါဂျောင်းးး
ကျော်စွာခေါင်
August 10, 2013 at 3:02 pm
ကိုမိုက်…
ကိုမိုက်ဖက် လှည့်လာလို ့ အကြည့်ခြင်းဆုံရင်… သေချာပြီ.. အထီးကျန် မဖြစ်တော့ဘူး.. း)
ဦးကျောက်ခဲ
August 10, 2013 at 8:39 am
ရှင်းပြထားတာ ဖတ်ပြီးမှ ပန်းချီကိုပြန်ကြည့်လိုက်တာ၊
ကျောက်စ် တစ်ယောက်တည်း အထီးကျန် ပူလောင်သွားသလိုပဲ…
ဗရာဗိုပါ အကိုကြီး…
😀
ကျော်စွာခေါင်
August 10, 2013 at 3:12 pm
Thank… ကိုကျောက်စ်
Ma Ma
August 10, 2013 at 9:26 am
ပန်းချီဆရာ ရှင်းပြလိုက်တော့လည်း ပန်းချီရဲ့ရသက ပိုပြီး ပီပြင်သွားတယ်။
အဲဒီပန်းချီကားကို ကြည့်ပြီး မောင်ဘလှိုင် ဘာသာပြန်နေတဲ့ အခြေအနေမဲ့သန်းကြွယ်သူဌေး ဇာတ်လမ်းကိုတောင် သတိရမိသွားတယ်။
ကျော်စွာခေါင်
August 10, 2013 at 3:13 pm
မမ
ကျေးဇူးပါ…
အဲဒီ ဝတ္တုကို ညက ဖတ်ကြည့်ပြီး စိတ်တောင် မကောင်းဘူး မမ။
nozomi
August 10, 2013 at 10:40 am
နောက်ဆို အဆင်ပြေရင် ဒီလိုလေးတွေ ရှင်းပြပေးပါလား
ကျနော်တို့လို အနုပညာနဲ့ ဝေးသူတွေအတွက် အကျိုးရှိပါတယ်
အရင်ဆုံး ကြည့်တော့ ခံစားချက်ကတမျိုး
ရှင်းပြတာဖတ်ပြီး ကြည့်တော့ ခံစားတော့ တမျိုး
ခေါင့် ကို သဘောကျသွားပြီ
အဲအဲ ပန်ချီ လက်ရာ နော်
ကျော်စွာခေါင်
August 10, 2013 at 3:04 pm
လူဇိုး းP
ကထူးဆန်း
August 10, 2013 at 12:21 pm
စိတ်မဆိုးနဲ့ နော်..
ရှင်းပြတာ မဖတ် စဉ်းစားကြည့်ရင်တော့ သူခမျာ ကိုယ်လုံးတီးနဲ့ တစ်ဦးထဲ ထိုင်နေတော့ အဖော်လိုနေရှာတဲ့ အတွက်လို့ဘဲ နလပိန်းတုံး တွေးတွေးမိကြောင်း ပါ ….
ဦးကြောင်တို့ ကစည်သူတို့လို အထီးကျန် နေရှာ သူတွေ နဲ့ တွဲပေးလိုက် ရမယ်လို့ ..
ကျော်စွာခေါင်
August 10, 2013 at 3:09 pm
ကထူးဆန်း..
ကော်မန် ့ဖတ်ပြီး ကျနော်လည်းစဉ်းစားနေတာ..
ကိုကြောင်နဲ ့ကိုစည်ကို တုံးလုံးချွတ်.. တကိုယ်လုံး အနီရောင်တွေ ချယ်ပေးပြီး..
သတ်ကွင်း အလယ်ခေါင်မှာ ထိုင်ခိုင်းထားရင် ကောင်းမလားလို ့…
အနီရောင် …ဆိုတာ စပိန်နွားရိုင်းမလေးတွေ မျက်စေ့ကျတဲ့ ကာလာလေ… းP
( ကျနော့်ရဲ ့အချစ်ဆိုတာ ပို ့စ်နဲ့ တွဲဖတ်ရင် ကြောင်နဲ ့စည်ကို နားလည်သွားမှာပါ)
garfield
August 10, 2013 at 3:26 pm
အထီးကျန် !!!
သိမ်ငယ်မှု များစွာရယ်….
မင်း မရှိတဲ့ နေ့တွေ အလယ် ….
ငါ တစ်ယောက်တည်း အားတွေ ငယ်…
ကြည့်ပြီး စိုင်း သီချင်း စာသားလေး ခေါင်းထဲရောက်လာလို့။ 😀
ရွှေမိုးတိမ်
August 10, 2013 at 5:41 pm
စာဖတ်ရင်း အရောင်တွေနဲ့ပတ်သက်တဲ့ ဗဟုသုတပါရသွားတယ် 🙂
ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်
August 10, 2013 at 5:45 pm
ဦးခေါင်
ပန်းချီကား ကို
ကြည့်ပြီး အနုပညာ အကြောင်းတွေ ဆက်တွေ း မိတယ်။
. . . .
. . . .
===========
lele kyi
August 10, 2013 at 9:15 pm
အနီရောင်ကိုရဲရင့်တယ် လို ့ထင်နေခဲ့တာ. ရဲရင့်တဲ့သူတွေကပိုုပြီးလည်း အထီးကျန်တတ်ပါတယ်. မယုံရင် ရုပ်ရှင်ထဲကသူရဲကောင်းတွေကို ကြည့်. 🙂 နောက်တာ. အရောင် သီအိုရီ ကိုမှတ်သွားပါတယ်.
padonmar
August 10, 2013 at 9:55 pm
ပုံက Nude လည်းဖြစ် အထီးကျန်လို့လည်းပြောတော့
ဆောင်ကြာမြိုင်က လူကြိုက်နည်းသွားတဲ့…
မိသားစုဆီလည်း မပြန်ရဲတော့တဲ့….
အဲသလို ဗမာစိတ်နဲ့ အတွေးချဲ့လိုက်မိတာ ၊
အောက်ကစာဖတ်တော့ တလွဲ။
အဲသလောက် အနုပညာနဲ့ နီးစပ်တာ။ဆောဒီး။
ရွှေ ဆောင်း
August 10, 2013 at 10:01 pm
ကျွန်တော့နှလုံးသားကိုဖေါက်မြင်နိူင်အောင်ရှင်းပြတဲ့ ကိုကျော်စွာကို လှိုက်လှိုက်လှဲလှဲ
လေးစားမိပါကြောင်း…။
Crystalline
August 10, 2013 at 10:03 pm
စိတ်ကူးနဲ့ဆွဲတာလား.. မော်ဒယ်ထိုင်ပေးသူရှိလားဟင်.. :kwi:
ကျော်စွာခေါင်
August 10, 2013 at 10:34 pm
ကြံကြီးစီရာ….Crystalline ရယ်..
ဘူက ထိုင်ပေးမှာလဲ….။
ကျနော့်ဆရာက တရုပ်ပြည် ပန်းချီကျောင်းမှာ ၄ နှစ် ပညာတော်သင် ကျောင်းသားအဖြစ်နဲ ့ကျောင်းတက်ခဲ့တာ..
ဆရာသင်ပေးထားတာတွေ လေ့ကျင့်ရတာတွေ အများကြီးဘဲ…
ကျား…မ Nude ပုံတွေ အလွတ်ရနေအောင်ကို ကျင့်ရတာ… ဆရာက ပြောတယ်
တွေ ့သမျှလှုပ်ရှားမှုကို မှတ်မိနောင် စွဲနေအောင် ကြည့်တဲ့…။
ကျနော်ကလဲ ကောင်မလေးတွေ ချောပြီး ကိုယ်လုံးလှရင် ကြည့်တာပေါ့…
ဆရာက ဘာမျက်လုံးနဲ ့ကြည့်တာ သိတယ်ထင်တယ်…
နားရင်းအုပ်ထည့်ပြီး….အသားစိုင်ဘဲ မကြည့်နဲ ့…အရိုးကို မြင်အောင် ဖောက်ကြည့်ရတယ်ကွ တဲ့…။
kai
August 11, 2013 at 4:55 am
ဒီမေးခွန်းမေးမယ်ဆိုပြီး.. ကောမန့်တွေဖတ်လာတာ.. မေးပြီးသားဖြစ်နေရောပဲ..
ဆိုတော့…
ကိုယ်အလေးချိန်နဲ့ဖိထိုင်ထားလို့.. အိပြီးအရောင်ပြောင်းနေတဲ့.. တင်ပါးအထိ သိပြီးဆွဲထားသူမို့.. မေးချင်တာပါနောလို့ပဲ..
မဟာရာဇာ အံစာတုံး
August 11, 2013 at 12:52 am
တောက် … ကွာ ….

အတော် ဆိုးဒဲ့ ဗဂျီဆရာ …
ကျောပေးခိုင်းထားရဒယ်လို့ ….
ဒီဘက် လှည့်ပီး ဆွဲဒေါ့ရော ဘာဖစ်မှာမို့ဒုန်း …
ညာဘက်ကို ခေါင်းဂျီး အတင်းစောင်း ကြည့်ဒါဒေါင် ညင်ရဝူးကွာ …
နောက်ခါ ဆွဲရင် ဒီဘက် လှည့်နေဒါလေး ဆွဲပေးဘာဂျာ …
ဂလု … မကျတကျဂျီး ….
===================
အပေါ်ဂ နောက်ဒါ ….
အရောင်နဲ့ ဆက်စပ်လိုက်တော့ …
ပန်းချီကားက ပိုအသက်ဝင်တွားဒယ် …
ရေလည် မိုက်ဒယ် ကိုယ့်ဆြာရယ် ….
Mr. MarGa
August 11, 2013 at 12:30 pm
အထီး..ကျန်
သိမ်ငယ်မှု များစွာရယ်…
ဗျို့ ကိုကြီးကျော် (နတ်မဟုတ်)
ဒီလိုဒီလို ပုံတစ်ပုံကို ဆွဲတဲ့သူကိုယ်တိုင်က သေချာရှင်းပြမှပဲ
လူတွေကလဲ နားလည်တော့တယ်ဗျ
ဒီပုံကို မြင်မိပြီး….
ဒီတိုင်းပြည် ရဲ့ ဟို အရင်ခေတ်ကို တွေးမိတယ် ဆိုရင်
ကျွန်တော် လွဲများနေသလား ဟင်
Min Zarni
August 12, 2013 at 7:18 am
အူးလေး
အဲ့အရောင်က
ဆန္ဒ တို့ ရမ္မက်တို့ ရဲ့ ပြယုတ်အရောင်ဖြစ်တာ ကို ဘာလို့ ထည့် မရှင်းတွားဒါယဲဟင်
လူဇိုး