ငါးချဉ်တစ်တုံး
ငါးချဉ်ဆိုလို ့ … ခင်ဗျားတို ့လဲ မြင်ဖူးကြမယ် ထင်ပါရဲ ့
ပုစွန်ချဉ်တို ့ ငါးဖယ်ချဉ်တို ့လိုမျိုးပေါ့ဗျား
ကျုပ် ဒီစာကို ရေးမလို ့လုပ်တုန်း ၊ မိုးတွေရွာနေတယ်ဗျ
ကျုပ်လဲ ဘယ်ကနေဘယ်လို လမ်းပေါ်ရောက်နေမှန်း စဉ်းစားလို ့ကို မရပါဘူးဗျာ
ဒါနဲ ့မျက်နှာမူရာဘက် ခြေလှမ်းတွေလှမ်းနေမိရင်း ၊ တစ်နေရာ ရောက်တော့
လူအုပ်ကြီးတစ်အုပ် ဆူဆူညံညံဖြစ်နေတာကို တွေ ့မိပါရဲ ့
ဒါနဲ ့၊ ဝင်စပ်စုကြည့်တော့…
အလယ်ခေါင်မှာ လူတစ်ယောက် ( ယောက်ျားတစ်ယောက် ) ၊ သွေးသံအလိမ်းလိမ်းနဲ ့စုတ်ပြတ်သပ်နေတယ် ။
သူ ့အနောက်က နံရံပေါ်မှာ သင်္ဘောဆေးနဲ ့ “ ဤ ” လို ့ရေးထားတာကို မြင်ရ/ဖတ်ရတယ် ။
အဲဒီ သွေးသံရဲရဲနဲ ့လူက အော်ပြောလိုက်တယ် ။
….. ခင်ဗျားတို ့တွေ ဘယ်လောက် ဆက်ပြီး ကျုပ်ကို နှိပ်စက် ၊ နှိပ်စက် ၊ ကျုပ်ကတော့ ဒါကို “ အီ ” လို ့ပဲ ဖတ်နိုင်မယ် … တောက် ထွီ …..
လူအုပ်ကြီးဟာ ပို ဒေါသထွက်လာတဲ့ပုံပေါက်လာပြီး ၊
ဒီလောက်တောင် ခေါင်းမာတဲ့ကောင် ၊ သတ်ကွာ ၊ ရိုက်ကွာ ၊ ချကွာ…. ဒီနေရာတင် အပြတ်ရှင်းလိုက်ကြရအောင်ဟေ့…
ကျုပ်လဲ မနေသာလို ့ ၊ အဲ့ လူရှေ ့ကနေ ခဏဝင်ရပ်ပြီး …
““ နေကြပါဦး ဗျာ ၊ ခင်ဗျားတို ့က လူအများနဲ ့ လူတစ်ယောက်ကို ဘာလို ့အဲ့လောက် ဒေါသတွေဖြစ်ပြီး သတ်ချင်နေကြရတာလဲဗျ ၊ အကျိုးအကြောင်းလေး ရှင်းကြပါဦး ””
ကျုပ်လဲ အဲ့လို ထွက်လိုက်ရော….
လူအုပ်ကြီးတစ်စုလုံး ငြိမ်သက်တိတ်ဆိတ်သွားပြီး
“““““ ဟာာာာာာာာာ ဆရာကြီးပါလား ”””””
“““ ဆရာကြီး မသေသေးဘူးပေါ့ ”””
““ ဆရာကြီး ကို အခုလို ပြန်တွေ ့ရတာ အရမ်းဝမ်းသာတယ်ဗျာ ””
“ ကျုပ်တို ့က ဆရာကြီး ရဲ ့နောက်ထွက်မယ့် စာအုပ်တွေကို မျှော်နေတာဗျ ”
အဲ့ခါကြမှ ၊ ကျုပ်ကိုကျုပ် ဆရာကြီး ဆိုတာ သိလိုက်ရတယ်ဗျ ။ ( အဟဲ ၊ ကိုယ့်စာထဲမှာတော့ ကိုယ် ဆရာကြီး မဟုတ်လို ့ဘယ်သူ ့ကို ပြောရမှာလဲနော )
ကျုပ်လဲ လူအုပ်ကြီးဘက်ကို
““““““ ဟေ့လူတွေ … ကျုပ် မေးနေတာကို ဖြေကြဦးလေဗျာ ””””””
လူအုပ်ကြီးလဲ ကျွတ်စီကျွတ်စီ (ရဲစီ နဲ ့အမျိုးတော်လား ကျုပ် မသိပါ) ၊ ခဏပြန်ငြိမ်သက်သွားပြီးနောက် ၊ သူရို ့ထဲက လူတစ်ယောက် မရဲတရဲ (ဒါလဲ ရဲစီနဲ ့အမျိုးလား မသိ)
နဲ ့ထွက်လာတယ် ။
…… ဒီလိုပါ ဆရာကြီး ၊ ဒီလူ ့အနောက်က နံရံမှာ ရေးထားတဲ့ “ဤ” ဆိုတာကို ဆရာကြီး တွေ ့ရမှာပါ ၊ အဲဒါကို ကျုပ်တို ့အားလုံးက ကျွဲလို ့ဖတ်ပါတယ် ။ အဲဒါကို ဒင်းက ၊ ကျုပ်တို ့နဲ ့အတိုက်အခံလုပ်ပြီး ““အီ”” လို ့အသံထွက်နေလို ့ ၊ ဝိုင်းဆုံးမပဲ့ပြင်ပေးနေရတာပါ ….
.. ဟုတ်ပ ၊ ဟုတ်ပ ၊ ဒီလို ဆုံးမပေးမှာ လမ်းမှန်ရောက်မှာ ဆရာကြီးရဲ ့ ..
. ဟုတ်တယ်ဗျို ့ .
ကျုပ် ၊ ဟို ၊ “အီ” လို ့အသံထွက်တဲ့လူဘက်ကို လှည့်ကြည့်လိုက်တော့ ၊ သူ ့မျက်လုံးတွေဟာ တောက်ပနေတယ် ။ လုံးဝ အညံ့ခံ လက်လျှော့မယ့်ပုံ မပေါ်ဘူး ။ ဒါနဲ ့ကျုပ်လဲ သူ ့လက်ကို လှမ်းဆွဲပြီး နှုတ်ဆက်လိုက်တယ် ။ သူကလဲ ဝမ်းသာစွာနဲ ့ပြန်လက်ဆွဲ နှုတ်ဆက်တယ် ။
“““ ရဲဘော်ရေ … ကျုပ်ကတော့ သူရို ့ပြောတဲ့ ဆရာကြီး ဆိုတာပေါ့ဗျာ ၊ ကျုပ် ပြောချင်တာက ၊ ရဲဘော် ရဲ ့စိတ်ဓါတ်ကို ကျုပ် သဘောကျမိတယ်ဗျာ ။ လေးစားတော့ မလေးစားဘူး ။ လေးစားတယ်ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ်အရမ်းကျယ်ပြန် ့တဲ့ အတွက် ၊ လွယ်လွယ်ကူကူ တွေ ့ရာလူကို ကျုပ် မပြောတတ်တာကို သဘောပေါက်မယ် ထင်ပါတယ် ။ ခင်ဗျားအနေနဲ ့ကျုပ်ကို လေးစားစရာ အကြောင်းမရှိသလို ၊ ကျုပ်အနေနဲ ့လဲ ခင်ဗျားကို လေးစားစရာ ဘာအကြောင်းမှ မရှိတာမို ့ ၊ ဟန်ဆောင်လိမ်ညာ လေကုန်ခံပြီး လေးစားပါတယ် လို ့မပြောတော့ဘူးနော ၊ ဒါပေသည့် ခင်ဗျား စိတ်ဓါတ်ကိုတော့ သဘောကျတယ် ဆိုတာလေး ပြောခဲ့ဦးမယ် ။ ဒါပဲဗျာ ၊ ကျုပ် လစ်ပြီ ”””
သို ့ဖြင့် ၊ သူရို ့တွေ ပြောတဲ့ ဆရာကြီးဆိုတဲ့ ကျုပ်လဲ စောနက ကျုပ်လျှောက်လာခဲ့တဲ့ လမ်းအတိုင်း ပြန်လျှောက်ပြန်လာခဲ့တယ် ။
သူရို ့တွေ ဘာတွေဆက်ဖြစ်ကြလဲ ၊ စိတ်လဲ မဝင်စားတော့ဘူး ၊
တစ်ကယ်တော့ ဘဝဆိုတာ တိုတိုလေးမို ့ ၊ အဓိပ္ပါယ်ပိုရှိမယ့် အကျိုးရှိမယ့် အလုပ်ဆိုတာတွေကိုပဲ စဉ်းစားရင်း ၊ လက်တွေ ့လုပ်ဖို ့အကောင်အထည်ဖော်ရမယ်လို ့ကျုပ် ရှာဖွေလုပ်ဆောင်ဖို ့ကြံစည်နေမိတယ် ။ (ကြံစည် နဲ ့ရဲစည်လဲ အမျိုးမတော်ပါဘူး)
——- ဒီ အန် ့——-
12 comments
TNA
August 12, 2013 at 11:02 pm
အင်း ပထမရအောင်နေရာဦးပီး မနက်မှ ပြန်လာမန့်တော့မယ်။
တစ်ကယ်တော့ ဘဝဆိုတာ တိုတိုလေးမို ့ ၊ အဓိပ္ပါယ်ပိုရှိမယ့် အကျိုးရှိမယ့် အလုပ်ဆိုတာတွေကိုပဲ စဉ်း စားရင်း ၊ လက်တွေ ့လုပ်ဖို ့အကောင်အထည်ဖော်ရမယ်လို ့ကျုပ် ရှာဖွေလုပ်ဆောင်ဖို ့ကြံစည်နေမိတယ် ။
အဲဒါလေးတော့ကြိုက်တယ်အေ။
မဟာရာဇာ အံစာတုံး
August 12, 2013 at 11:33 pm
လေးစားဒါနဲ့ ပတ်သက်ပီး ပေါရရင်
လူဒွေ လူဒွေဂ သေပီးမှ ပိုလေးစားဒတ်ဒါ ….
ဒီဇာတ်ထဲက အီ လို့ ဖတ်တဲ့လူ
အကယ်၍များ သေသွားခဲ့ရင် …
နောက် အနှစ် ( ) ကြာတီ ရှိသောအခါ …
သူလည်း ဆိုကရေးတီး လို ကဘာကျော်ဂျီး ဖစ်ချင် ဖစ်လာမှာ ….
ပေါလို့ ရဒါ မဟုတ်ဘူး …
အရီးခင်
August 13, 2013 at 2:54 am
အီ လဲမဟုတ်၊ ကျွဲလဲ မဟုတ်။
ဤ = ကျွီ
😛
ဒါထက်
ဒီ ရက် သူပုန်ယွဲ တစ်ယောက် အတော် စန်းထ နေပါပေါ့လား။ 😉
Ma Ma
August 13, 2013 at 9:31 am
ပျောက်ချက်သားကောင်းနေတဲ့ မောင်ပေတစ်ယောက် ငါးချဉ်တစ်ထုပ်နဲ့ ရွာသူားတွေကို ဧည့်ခံဖို့ ပြန်ရောက်လာပြီပေ့ါ။
ဤ ကို ကျွဲ ဖတ်တဲ့သူတွေ လက်ချက်နဲ့ သွေးသံအလိမ်းလိမ်း ခံရတာတော့ မတန်ဘူးထင်တယ်။
အဲလိုခံနေမယ့်အစား အဲဒီလူတွေနဲ့ ဝေးရာကို ရှောင်သွားရင် ပိုကောင်းမယ်ထင်တယ်။
kyeemite
August 13, 2013 at 9:50 am
အီ လဲမဟုတ်၊ ကျွဲလဲ မဟုတ်။
ဤ= ဒီ
😛
ဦးကျောက်ခဲ
August 13, 2013 at 9:54 am
လူ ညီညီ မညီညီ ဤကဤ ကျွဲကကျွဲ ပါပဲ ဆြာကြီးရယ်…
ဆြာပေလည်း ရွာထဲပျောက်နေတာ ကြာပေါ့…
😀
ခင် ခ
August 13, 2013 at 11:06 am
ငါးချဉ်ကြော်လေး စားချင်မိသွားတယ်ဗျ ဆရာပေရေ။
အလင်းဆက်
August 13, 2013 at 12:44 pm
အတွေး ကို ရေး ထားတာ ဂွတ်တယ်ဗျာ
အများညီ ဤကို ကျွဲ လို ့ဖတ်
မဖတ်ချင်သူ ဒို ့ရန်သူ
🙂
အော် လောက လောက
=========
ဒါနဲ့
ဒ ဒွေး = ဒ
ရေးချ = ာ
လုံးကြီးတင် ဆံခတ် = ီ
ဝစ္စပေါက် = း
အက်ဒါကို
အီး လို ့
အသံထွက် ရင် ရတယ်နော်
အများ ညီဖို ့တော့ လိုတာပေါ့
🙂
လေးပေရေ
မတွေ ့တာ ကြာပေါ့
လွမ်းနေတာ
kai
August 13, 2013 at 3:09 pm
အမှန်တရားကအမှန်တရားပါပဲ…
ဆိုတော့..
သမ္မာကျမ်းကိုးကားပြောမယ်ဆိုရင်..
John 8:32 “Then you will know the truth, and the truth will set you free.” တဲ့..။
သျှားသက်မာန်
August 13, 2013 at 6:50 pm
ခေါင်းစဉ်ကိုဖတ်ရင်းနဲ့ငါးချဉ်တောင်စားချင်လာပြီ။
TNA
August 13, 2013 at 8:58 pm
အခုတလော လူတွေအားလုံးလဲ ကျွဲလို့ဖတ်ကုန်ကျပီထင်ပါ့အေ။ နေရာတိုင်းစိတ်ညစ်စရာတွေချည်းပဲ။
ဦးကြောင်ကြီး
August 14, 2013 at 8:22 am
ဤလည်းမဟုတ် ကျွဲလည်းမဟုတ်.. နွား………ဟေ့………နွား… ဘွတ်အဲ….. တလုပ်ပြည်ပို့…