Use your brain လား…

ဘာသာရေး ကိုင်းရှိုင်းသူတွေဟာ ဘာသာမဲ့များထက် ညဏ်ရည် ပိုမိုနိမ့်ကျတယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်သော သိပ္ပံနည်းကျ ဆန်းစစ်ချက် ၆၃ခုအား ကိုးကား၍ စာတမ်းတစောင်က ဆိုသည်။

မိုင်ရွန်ဖက်ကာမင်န် ဦးဆောင်သော ရော့ချက်စတာ တက္ကသိုလ် သုတေသနအဖွဲ့မှ “အသိညဏ်ထက်မြက်မှုနဲ့ ဘာသာတရား ယုံကြည်သက်ဝင်မှု အနှုတ်လက္ခဏာဆောင် ပြောင်းပြန်အချိုးကျကြောင်း” စစ်တမ်း၆၃ခုအနက် ၅၃ခုတွင် တွေ့ရသည်။ ညဏ်ကောင်းသူများသည် အိုးမင်းရင့်ရော်သည့်တိုင် ယုံကြည်သက်ဝင်ရန် ခဲယဉ်းလှပြီး ၎င်းတို့ ဘာသာတရား ဝေးကွာရသည့် အကြောင်းအရင်းမှာ အရင်ထင်ထားသလောက် ရှင်းလင်းဖြောင့်စင်းမှု မရှိကြောင်း သုတေသီများ တွေ့ရှိသည်။  

ယခင်လေ့လာချက်များတွင် ညဏ်ရည်မြင့်မားသူများသည် ပိုသိပိုတတ်သူများ ဖြစ်သောကြောင့်ဟု ရိုးရှင်းစွာ ယူဆသော်လည်း အကြောင်းဇစ်မြစ်မှာ ပိုရှုပ်ထွေးဖွယ်ရှိသည်။

ညဏ်ကောင်းသူသည် အိမ်ထောင်ရှင် ဖြစ်တတ်ကာ ဘဝတွင် အောင်မြင်မှု ပိုရလေ့ရှိသဖြင့် ဘာသာတရား အားပြုမှုနဲသည်။

အဆိုပါ စာတမ်းတွင် ၁၉၂၁မှစ၍ ယနေ့တိုင် ပြုလုပ်ထားသော အိုင်ကြူအဆင့် ၁၃၅နှင့်အထက် ညဏ်ကြီးရှင် ခလေး၁၅၀ဝ၏ ဘဝတလျောက် ခွဲခြမ်းစိတ်ဖြာ သုတေသနပြုချက် ပါဝင်သည်။

လူးဝစ်တာမင်းန် လေ့လာချက်အရ ၇၅နှစ် – ၉၁နှစ် အရွယ်တွင်ပင်လျင် ထိုသူများသည် သာမန်လူများထက် ဘာသာရေး နည်းပါး၍ “လူအို ဘုရားဖက်” ယေဘူယျ ထင်မြင်ချက်နှင့် ဖီလာဆန့်ကျင်နေသည်။ အသက်ကြီး အိုမင်းလာချိန် ဘာသာရေး ခံယူချက် သဘောထား ကောက်ခံချက် မပါဝင်သဖြင့် နောက်ဆက်တွဲ လေ့လာရန် လိုသေးကြောင်းကိုတော့ သုတေသီများ အသိအမှတ်ပြုသည်။ (အသိပြောင်းသွားပေမဲ့ လှုပ်လှုပ်ရှားရှား မဖြစ်တော့ခြင်း ဆိုလိုဟန်ရှိသည်။ စကားချပ်)

၁၉၅၈ လောက်မှစ၍ ညဏ်ကောင်းသူများ ခလေးဘဝ သိထားသည့် ဘာသာတရားကို ရှေးဦးစွာ မေးခွန်းထုတ် လာကြပြီး တင်းကြပ်သည့် အစဉ်အလာ ယုံကြည်သက်ဝင်မှုများ ပစ်ပယ်ကာ ဘာသာတရား လက်ခံမှု အလွန် နည်းသွားကြောင်း မိုက်ကယ်အာဂျေးလ် သုံးသပ်သည်။

၁၉၁၆တွင် ပြုလုပ်သော လေ့လာချက် ကိုးကား၍ ဇက်ကာမင်းန် စာတမ်း၌ ကျပန်းစာရင်း ကောက်ယူသော အမေရိကန် ပြည်ထောင်စုရှိ သိပ္ပံပညာရှင် ၅၈%သည် ဖန်ဆင်းရှင်ဂေါ့ဒ်ရှိကြောင်း မယုံကြည် (သို့) သံသယ ဖြစ်ပီး ထင်ရှားသည့် သိပ္ပံပညာရှင်များတွင်မှု ယင်းအချိုးအစား ၇၀%နီးပါး မြင့်တက်သွားသည်။

ကိုယ်ရည်ကိုယ်သွေးနှင့် စိတ္တဗေဒ အကယ်ဒမစ်ဂျာနယ် စာတမ်းတစောင်က ဘာသာရေး ယုံကြည်ချက်များ၏ ယုတိ္တကင်းမဲ့၊ သိပ္ပံနည်းမကျ၊ အစစ်အဆေး မခံနိုင်မှုတို့ကြောင့် အသိအမြင် ကြွယ်ဝသည့် ညဏ်ကြီးရှင်များ လက်မခံနိုင်ခြင်းသည် ညဏ်ရည်ညဏ်သွေးနှင့် ဘာသာရေး ဖီလာဆန့်ကျင်ခြင်း မြစ်ဖျားခံရာဟု ဖော်ပြသည်။

အဖြေကမူ ပိုမိုရှုပ်ထွေးသည်။ ညဏ်ထက်မြက်သူဆိုလျင် ဘာသာတရားမှဆိုသော သီလ (self regulation)၊ သမာဓိ (self-enhancement) နဂိုထဲက အသုံးချနိုင်သူများဖြစ်၍ အောင်မြင်သော၊ တည်ငြိမ်အေးချမ်းသော ဘဝ ရပီးသား ဖြစ်ပေမည်။ (လုပ်သမျှဖြစ်ရင် ဗေဒင်ယုံရကောင်းမှန်း မသိ။ ဤကား စကားချပ်)

ညဏ်ကောင်းသူများ ကျောင်းနေပျော်အောင် ကိုယ့်ကိုယ်ကို တည်ဆောက်နိုင်ခြင်းက ရေရှည်အကျိုးကျေးဇူး ဖြစ်ထွန်းကြောင်း သုတေသီများ ထောက်ပြသည်။ ညဏ်ထက်မြက်တဲ့အခါ ရာထူးကြီးတက်၊ အလုပ်ကောင်းရ၊ လစာပိုများလို့ အဆင့်မြင့်မြင့် ဂုဏ်သိက္ခာကြီးလာခြင်းကပဲ မိမိကိုယ်မိမိ ထိန်းကြောင်းနိုင်စွမ်း ယုံကြည်ချက် အားဖြစ်သည်။

နောက်ဆုံးအားဖြင့် ညဏ်ကောင်းသူများ အိမ်ထောင်ပြု နှောင်းတတ်သော်လည်း အိမ်ထောင် ခိုင်မြဲကြသည်။ တနည်းဆိုသော် သံယောဇဉ်နှောင်ကြိုး တန်ဖိုးထားသူများဖြစ်၏။ (အာပြိုဂျီးများ အားမငယ်နဲ့၊ ကကြောင်ကြီး လာပြီ။။ ဒက်ကလုပ် ဒက်ကလုပ် 😀 ) ညဏ်ရည်မြင့်သူများ လူငယ်ပိုင်းမှ သက်လတ်ပိုင်း ရောက်လာလေလေ ညဏ်ပညာ ရင့်ကြက်မှု ရလဒ်အကျိုး ခံစားရလေဟု ဆိုရပေမည်။ (ကပု – လူငယ်၊ ကကြောင် – လူလတ်၊ သဂျီး – လူအို။ အရွယ်သုံးပါး ယေဘူယျမှတ် 😛 )

နောက်ထပ် စာတမ်းတွင် ဘာသာတရား ဝတ္တရား၊ လုပ်ငန်းဆောင်တာ ဖော်ပြမည်ဟု သုတေသီများဆိုသည်။

ဘာသာရေးကျင့်ဝတ် လိုက်နာသူက ဘာသာမဲ့ဖြစ်ရန် ပိုများပြီး အဆိုပါ ကျင့်ဝတ် မလိုက်နာနိုင်သူ ဥပမာ – ဆင်းရဲသား၊ အခြေအနေမဲ့များ  ဘာသာအယူ လက်ခံခြေ ပိုများကြောင်း သုတေသီများ ဆိုကြသည်။ (ဤအတိုင်းဆို သဂျီး ဘုန်းကြီးဝတ်၍ ကအောင်ပု ယစ်ထုပ်ဘဝ ဇာတ်သိမ်းမည်။ 🙄 )

ရလီဂျင် မပီပြင် အလီသင် မရေခင်..

http://news.yahoo.com/religious-people-are-less-intelligent-than-atheists–study-finds–113350723.html#upCr476

Religious people are less intelligent than atheists, study finds

Rob Waugh August 12, 2013 Yahoo! News

Religious people are less intelligent than non-believers, according to a new review of 63 scientific studies stretching back over decades.

A team led by Miron Zuckerman of the University of Rochester found “a reliable negative relation between intelligence and religiosity” in 53 out of 63 studies. Even in extreme old age, intelligent people are less likely to believe, the researchers found – and the reasons why people with high IQs shun religion may not be as simple as previously thought.

[Backlash after Dawkins’ Muslim jibe]

Previous studies have tended to assume that intelligent people simply “know better”, the researchers write – but the reasons may be more complex.

http://l2.yimg.com/bt/api/res/1.2/asthSk8j2TDitBR0zuIH3g--/YXBwaWQ9eW5ld3M7cT04NTt3PTMxMA--/http:/l.yimg.com/os/publish-images/news/2013-08-12/b8f33cf7-232b-4765-b2e5-ebca9dc67ec4_religion2-120813.jpg

Famous atheist Richard Dawkins (ZUMA / Rex Features)

For instance, intelligent people are more likely to be married, and more likely to be successful in life – and this may mean they “need” religion less.

The studies used in Zuckerman’s paper included a life-long analysis of the beliefs of a group of 1,500 gifted children – those with IQs over 135 – in a study which began in 1921 and continues today.

Even at 75 to 91 years of age, the children from Lewis Terman’s study scored lower for religiosity than the general population – contrary to the widely held belief that people turn to God as they age. The researchers noted that data was lacking about religious attitudes in old age and say, “Additional research is needed to resolve this issue.”

As early as 1958, Michael Argyle concluded, “Although intelligent children grasp religious concepts earlier, they are also the first to doubt the truth of religion, and intelligent students are much less likely to accept orthodox beliefs, and rather less likely to have pro-religious attitudes.”

A 1916 study quoted in Zuckerman’s paper (Leuba) found that, “58% of randomly selected scientists in the United States expressed disbelief in, or doubt regarding the existence of God; this proportion rose to nearly 70% for the most eminent scientists.”

[Did Archaeologists Find a Piece of Jesus’ Cross?]

The paper, published in the academic journal Personality and Social Psychology Review, said “Most extant explanations (of a negative relation) share one central theme—the premise that religious beliefs are irrational, not anchored in science, not testable and, therefore, unappealing to intelligent people who “know better.” 

The answer may, however, be more complex. Intelligent people may simply be able to provide themselves with the psychological benefits offered by religion – such as “self-regulation and self-enhancement,” because they are more likely to be successful, and have stable lives.

[Long backlog for godless wedding services in Ireland]

 

“Intelligent people typically spend more time in school—a form of self-regulation that may yield long-term benefits,” the researchers write. “More intelligent people get higher level jobs (and better employment (and higher salary) may lead to higher self-esteem, and encourage personal control beliefs.”

“Last, more intelligent people are more likely to get and stay married (greater attachment), though for intelligent people, that too comes later in life. We therefore suggest that as intelligent people move from young adulthood to adulthood and then to middle age, the benefits of intelligence may continue to accrue.”

The researchers suggest that further research on the “function” of religion may reveal more.

“People possessing the functions that religion provides are likely to adopt atheism, people lacking these very functions (e.g., the poor, the helpless) are likely to adopt theism,” the researchers wrote.

48 comments

  • ဦးကျောက်ခဲ

    August 14, 2013 at 8:45 am

    ညဏ်ကောင်းသူများ အိမ်ထောင်ပြု နှောင်းတတ်သော်လည်း အိမ်ထောင် ခိုင်မြဲကြသည်။ တနည်းဆိုသော် သံယောဇဉ်နှောင်ကြိုး တန်ဖိုးထားသူများဖြစ်၏။

    ရွာသူရွာသားတွေ ဂရုပြုမိအောင် လို့ပါဗျ။…
    😀

    • Myo Thant

      August 14, 2013 at 10:48 am

      ( ညဏ်ကောင်းသူများ အိမ်ထောင်ပြု နှောင်းတတ်သော်လည်း အိမ်ထောင် ခိုင်မြဲကြသည်။ တနည်းဆိုသော် သံယောဇဉ်နှောင်ကြိုး တန်ဖိုးထားသူများဖြစ်၏။ )

      ကိုကျောက်တို့များ ဒါမျိုးဆို သွက်လိုက်တာ

      အင်းးး ကျနော်ကတော့ ဉာဏ်မကောင်းလို့ပေါ့နော် ၊ ဆိုးတာာာာာာာ

    • GARFIELD

      August 14, 2013 at 10:52 am

      ဦးကျောက်ပြောမှ… ကြိုးတန်းလန်းကြီးအထိုးခံထားရတာ ဂရုပြုမိတော့တယ်…

      အိုဘယ့်… မအိုခင်…

      ခင်မင်လျက်-
      ဂါဂါး

    • ကိုရင်စည်သူ

      August 14, 2013 at 2:32 pm

      အူးကျောက်စ်.. ဂရုပြုမိဘာဒယ်ဗျာ.. ဟီးးး
      တို့လည်း ကျောက်စ်လမ်းစဉ်လိုက်မှာမို့… ခုတော့ ယူသေးဘူးးး
      ကျောက်စ် အရွယ်ကျမှ… ဒွေးချိုးလေးတိုးရှာပလိုက်မယ်… :mrgreen:

  • Min Zarni

    August 14, 2013 at 9:06 am

    ကြီးမှ ဝက်သက်ပေါက်ရင် အတော် ဆိုးသဗျ..
    ကလေးတွေနဲ့ အပြိုင်ကို ကဲ တာကလား …
    ဒချိ ဒချိ..

    :harr:

  • Wow

    August 14, 2013 at 9:18 am

    ဘာသာရေးတွေမှာ တော်တော်များများက မျက်စိမှိတ်ပြီးယုံ ဝါဒကို အခြေခံတာများတယ်….
    ဗုဒ္ဒကလွဲလို့ပေါ့… ဂေါဒမကတော့ ကာလာမသုတ်နဲ့ ဉာဏ်ဖွင့်ပေးခဲ့တယ်….
    အားလုံးပုံပြီး ပစ်ယုံရရင် သာမီးဒို့ တောင်းနဲ့လိုက်ကောက်ရမှာပေါ့ဖျာ့ :mrgreen:

  • Zaw Thant

    August 14, 2013 at 10:08 am

    .. ဒီအကြောင်းကို ကျွန်တော်ရေးဦးမလို့ဗျ.. ဦးကြောင်ကြီးလက်ဦးသွားပြီ..

    .. ဘာသာရေးမှာ သဒ္ဓါ (ယုံကြည်မှု) နဲ့ ပညာ (နားလည်မှု၊ စဉ်းစားဆင်ခြင်နိုင်မှု) နှစ်ခုလုံးအားကောင်းဖို့ လိုပါတယ် တဲ့.. သဒ္ဓါပဲရှိပြီး ပညာမရှိ ရင်တော့ ပုံထဲမှာလို မျက်ကန်း ယုံ ယုံကြရုံပေါ့.. ပညာရှိပြီး သဒ္ဓါနည်း ပြန်တော့ ဘာသာ အယူဝါဒရဲ့ အားနည်းချက်တွေ၊ ယုတ္တိမရှိတဲ့ အချက်တွေကို တွေ့လာ ပြီး ဘာသာတရားအပေါ် သံသယ ဖြစ်တာတွေ၊ ဘာသာမဲ့ ဖြစ်တာတွေ ဆီ ဦးတည်လာတာပဲ၊ အခုဒီစာထဲက သိပ္ပံပညာရှင်တွေလိုပေါ့..

    .. ဆိုတော့ တွေးစရာတွေက အများကြီးပဲ.. နောက်မှပဲ ဆက်ရေးတော့မယ်..

  • မောင်ထက်ကြီး(မုံရွာ)

    August 14, 2013 at 10:16 am

    မစွံသေး ဘူးဆိုပြီအားငယ်နေတာ ဉာဏ်ကောင်းနေလို့ကို …..

    (အာပြိုဂျီးများ အားမငယ်နဲ့) ဉာဏ်ကောင်းနေလို့ အထီးကျန်တယ်မှတ်ပါ…..

    တနည်းဆိုသော်. . ဦးကြောင် ထက်ကျွှန်တော်က `အသက်´ ငယ်တော့ လူရွေးမှားမှာစိုးပါသည်။

  • kai

    August 14, 2013 at 10:30 am

    အနောက်နိုင်ငံအတွေးအခေါ်ပညာရှင်တွေဟာ.. ဗုဒ္ဓကို.. Greatest Philosopher လို့တောင်သုံးနှုံးကြတယ်..။
    ဗုဒ္ဓဘာသာဟာ.. ကိုးကွယ်ရာဘာသာရေးမဟုတ်ဖူးလို့ယူဆမိပါတယ်..
    ဘာသာရေး(Religion)လို့.. အတင်းပုံသွင်းပြီး.. ပွဲစားတွေ.. လုပ်စားနေကြတာဖြစ်ပါကြောင်း..

    ဆိုတော့…
    အခုကနေ.. နောင်အနှစ်၅ဝအတွင်း.. ကိုးကွယ်ရာဘာသာတရားကြီးတွေရဲ့..ရပ်တည်မှုအကြီးအကျယ်ခြိမ်းခြောက်ခံရမယ်ဖြစ်ပါတယ်..

    ဒချပ်..ဒချပ်… :mrgreen:

    • Zaw Thant

      August 14, 2013 at 11:05 am

      .. ဒီလိုဆိုရင်တော့ ဘာသာရေးကိုးကွယ်မှု (Religion) ကို ဘယ်လို Define လုပ် အဓိပါယ် ဖွင့်မလဲ ဆိုတာပေါ်မူတည်မယ်ထင်ပါတယ်..

      .. ဗုဒ္ဓအယူဝါဒ ဟာ တခြားဘာသာတွေရဲ့ ဖန်ဆင်းရှင် အယူအဆ၊ ထာဝရဘုရား (God) အယူအဆ တို့ နဲ့ မတူတာတော့ အမှန်ပဲ.. တခြားဘာသာတွေမှာ ဖန်ဆင်းရှင် God ကို ကိုးကွယ်တာ၊ ဆုတောင်းတာ၊ ယုံကြည်တာနဲ့ ဗုဒ္ဓဘာသာတွေ ရဲ့ ရတနာသုံးပါးကို ယုံကြည်တာလဲ အဓိပါယ်ချင်း မတူဘူးဆိုတော့ သူတို့ဘာသာတရားတွေကို Religion လို့သတ်မှတ်မယ် ဆိုရင် ဗုဒ္ဓဘာသာကိုလည်း Religion လို့သတ်မှတ်ရခက်ပြန်ရော..

      .. ဒါပေမယ့် တခြားဘာသာတရားတွေကို Religion လို့သတ်မှတ် ပြီး ဗုဒ္ဓဘာသာကို Philosophy တစ်ခု၊ ဘဝနေနည်းတစ်ခု၊ လက်ခံကျင်သုံးရမယ့် အဆုံးအမ တစ်ခု (ကွန်ဖြူးရှပ် လို) လို့သာသတ်မှတ်ရမယ် ဆိုရင်လဲ မဟုတ်သေးဘူး.. ဗုဒ္ဓဘာသာရအယူအဆထဲမှာ ဒါတွေထက်ပိုတဲ့ သံသရာလွတ်ကြောင်းတရား၊ နိဗ္ဗန်၊ ဘုံဘဝ၊ စတာတွေ၊ အတွေးအခေါ်သက်သက်ထက်ပိုတာတွေလည်းပါတာကြောင့် ဘာသာတရား တစ်ခု (Religion) အနေနဲ့သတ်မှတ်ချင်ပါဂျောင်း.. 🙂

      • San Hla Gyi

        August 14, 2013 at 5:52 pm

        ဒီတချက် သိပ်ဟုတ်တယ်။ ဒီကွန်မန့် ရေးတဲ့ ကို Zaw Thant ကို ကျနော် လူချင်း မသိပေမယ့် ရေးထားတာ သိပ်ကောင်းတယ်။ အပေါ်က ကွန်မန့်လည်း တော်တော်ကောင်းတယ်။ နိုင်ငံခြားသားတွေက ဗုဒ္ဓကို Philosopher အနေနဲ့ ပြောကြတာက အတွေးအခေါ်ပိုင်းလောက်ပဲ ဖတ်ကြည့်ပြီး သူတို့မှာ သဒ္ဓါတရား လုံးဝမရှိလို့ပဲ။
        တကယ်တော့ ဗုဒ္ဓဘာသာကို လက်ခံရာမှာ သဒ္ဓါနဲ့ ပညာမျှတရမှာ ဖြစ်ပြီး တကယ့် အလုပ်စခန်းကျတော့ သမာဓိရယ် ဝိရီယရယ် သတိရယ် မျှတရမှာ ဖြစ်တယ်။ အားလုံးထဲမှာ ဗိုလ်ကတော့ သတိပဲ။
        အမှန်တော့ အားကိုးရာ Religion ဆိုရင်လည်း ဟုတ်တယ်။ ဘဝနေနည်း အတွေးအခေါ် သဘောတရား ဆိုရင်လည်း ဟုတ်တယ်။

        • Zaw Thant

          August 15, 2013 at 9:08 am

          .. ဟုတ်ကဲ့ ကို San Hla Gyi ရေ.. ကျွန်တော်လဲ ကြားဖူးတာ ဝင်ပြောတာပါ.. အားကိုးမှု အခြေခံတဲ့ ဘာသာတွေကြားမှာ ဗုဒ္ဓဘာသာက အတွေးအခေါ်ပိုင်း၊ လက်တွေ့အကျင့်အကြံပိုင်း အလေးထားတဲ့ ဘာသာဖြစ်နေတော့ Religion လို့အတူတူသတ်မှတ်မလား Philosophy လို့သတ်မှတ်မလား စဉ်းစားစရာလေးဖြစ်နေတာပေါ့..

          .. အလုပ်စခန်းမှာ အရေးကြီးတာလေးတွေပြောသွားတာလည်း မှတ်သားသွားပါတယ်.. 🙂

  • garfield

    August 14, 2013 at 11:09 am

    ချင့် ယုံ
    ချင့် ယုံ

    :mrgreen:

  • kyeemite

    August 14, 2013 at 11:14 am

    စင်စစ်အားဖြင့် ဗုဒ္ဓဘာသာ သည် ဖန်ဆင်းသူရှိသည်ဟူ၍လည်းမယုံကြည်
    မိမိတို့၏အကောင်းဆုံးအတွက် ဘယ်သူ့ကိုမျျှအားမကိုးပဲ ကိုယ့်ဟာကိုယ်လုပ်ယူရမည်
    ဆိုသောဘာသာဖြစ်သောကြောင်း “ရီလီးဂျင်း”Religionမဟုတ်၊ “အဘိဓမ္မာ” Philosophy
    တစ်ခုမျှသာဖြစ်လေသည်လို့..
    ဆရာကြီးရွှေဥဒေါင်း ရေးထားတာဖတ်ဖူးပါတယ်…
    (ဆရာကြီးရွှေဥဒေါင်းရဲ့ “ဗုဒ္ဓဝါဒနှင့် တွေးခေါ်မျှော်မြင်ရေး” စာအုပ်မှ)

  • Mr. MarGa

    August 14, 2013 at 12:42 pm

    ခေါင်းစဉ်အတိုင်းပေါ့
    Use Your Brain son! :mrgreen:

  • မင်းခန့်ကျော်

    August 14, 2013 at 1:54 pm

    အင်း

    ဦးကြောင်ရေ

    ဘာသာတွေကို

    ခုံရုံး တင်နေသလား

    အောင့်မေ့ရတယ်။

    :mrgreen:

  • ရွှေမိုးတိမ်

    August 14, 2013 at 2:07 pm

    နောက်ဆုံးအားဖြင့် ညဏ်ကောင်းသူများ အိမ်ထောင်ပြု နှောင်းတတ်သော်လည်း…………..

    ဒီပုံတိုင်းဆို အိမ်ထောင်ပြုနှောင်းမယ့်ကိန်းချိဒယ် ….ငိငိ 😀

  • အရီးခင်

    August 14, 2013 at 2:07 pm

    ဒါကြောင့်ပြောတာ မြန်မာပြည်မှာ ဘာသာရေး အကြောင်း ကာကွယ်ဖို့သာ အော်နေကြတာ။
    ဘာသာ ရဲ့ အနှစ် ကို ထုတ်ပြီး စမ်းစစ် တွေး ဖို့တောင် တော်ရုံမလုပ် ကြဘူး။
    အစပြု တဲ့ စဉ်းစားခြင်း မပါဘဲ လက်တွေ့ကျင့်ကြံ ဖို့ ဘယ်လိုမှ မရနိုင်သေးဘူး။
    မြန်မာတွေ ကိုယ် လမ်းလွဲ ရောက်နေတာ သိဖို့ ကောင်းတဲ့ အချိန်တန်ပြီ။
    ဒီ ကြောင် ပြောသလို ဂေါင်းသုံး ကြပါ။
    😛

    • မင်းခန့်ကျော်

      August 14, 2013 at 2:44 pm

      အရီးရေ ဘာသာရေးက ခေါင်းသုံးရမှာလား ?

      နှလုံးသားနဲ့ ခံစားနားလည်ရမှာလား ?

      ခေါင်းသုံပြီး ဘာသာတရားရှာလို့ကတော့ ပညာ / ဉာဏ်ရည်

      မြင့်လေလေ ဆင်ခြေ များလေလေပါပဲ။

      ယုံကြည်သက်ဝင်မူ့ဆိုတာ နှလုံးသားနဲ့ဆိုင်တယ်။

      ခေါင်းနဲ့မဆိုင်ဘူး။

      အသိဉာဏ်မြင့်မားလေလေ မာနတရား (ဘဝင်မြင့်)များလေလေ

      ရှိသမျှ တရားကို မဖြစ်မညစ် ဉာဏ်ပညာလေးနဲ့ ပုန်ကန်ချင်လေလေ

      မို့ ။

      Use your heart လို့ပဲ ဆိုပါရစေ။

      • ဖြူစိုင်း လူ

        August 15, 2013 at 6:29 am

        ဒီနေရာမှာ ကန့်လန့်တိုက်တယ်လို့လဲ မထင်ပါနဲ့လို့ ဦးစွာပြောပါရစေ
        ကိုယ်ယုံကြည်ကိုးကွယ်တော့မယ့် ဘာသာရပ်တစ်ခုဆိုတာ ဦးဏှောက်နဲ့ပဲ ယုံယုံ၊ နှလုံးသားနဲ့ပဲ ယုံယုံ၊ ယုံမိပြီဆိုရင် သူတို့ချမှတ်ထားတဲ့အတိုင်း အကုန်လိုက်နာရတော့တာပါပဲ.. ပြောရရင် ကိုယ်ပိုင်စဉ်းစား ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းကို ကန့်သတ်လိုက်သလိုပေါ့.. ယေဘူယျအားဖြင့်ဆိုရင် ဒီဘာသာတရားတစ်ခုက အရာရာ သူ့အလိုအတိုင်းပဲ၊ သူပြောထားတာ အမှန်ချည်းပဲ၊ မှန်လားမမှန်လား လိုက်မစီစစ်နဲ့ ဆိုတာနဲ့ အဲဒီဘာသာကို ယုံကြည်ကိုးကွယ်သူတိုင်း ခေါင်းမရှိတော့သလို ဖြစ်သွားတယ်၊ ပြောရရင် ကိုယ်ပိုင်စဉ်းစား ဆင်ခြင် သုံးသပ် ဝေဖန်နိုင်စွမ်းမရှိတော့ဘူးပေါ့၊ တစ်ချို့ဘာသာတွေများတော့ ယုံကြည်ခြင်း၊ ကြောက်လန့်ခြင်းဟာ အသိဉာဏ်ပညာရဲ့ အစဖြစ်တယ်ဆိုတော့ လူတိုင်း အဲလိုလုပ်လို့ ဘာအသိဉာဏ်မှ မတိုးလာပဲ ဘုရားအတွက် စစ်တိုက်တယ်ဆိုပြီး ကိုယ့်မယား သူများဆွဲစားတာတွေခံလိုက်ရမှ ပြောင်းလဲတိုးတက်လာတဲ့ အသိဉာဏ်တွေနဲ့ အင်အားအကြီးမားဆုံးတွေ ဖြစ်လာဖူးတယ်၊ တစ်ချို့တွေများကျတော့ ဘာမှလိုချင်တပ်မက်စိတ်မရှိတာ၊ သည်းခံခြင်းဟာ မြင့်မြတ်တယ်လို့ဆိုကြပြီး ဘာမှ မလိုချင်ကြ၊ သူများလုပ်သမျှ သည်းခံကြနဲ့ လူမျိုးပျောက်၊ နိုင်ငံပျောက်၊ ကိုးကွယ်ရာ ပျောက်တွေ ဖြစ်ကြပြန်သေးတယ်..

        ဆိုတော့ကာ… ကိုယ်မြင်တာ ကိုယ်ပြောရရင်ပေါ့.. တစ်စုံတစ်ခုကို ယုံကြည်သက်ဝင်လိုက်ခြင်းဟာ အဲဒီတစ်စုံတစ်ခု ခိုင်းသမျှ မျက်စိပိတ်၊ နားပိတ်ပြီး ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်မရှိပဲ ဟုတ်လေမလားလို့တစ်မျိုး၊ ဒါကြီးပဲ အမှန်ပါလေလို့ တစ်ထစ်ချမှတ်ယူပြီးတစ်ဖုံ၊ ဒါကလွဲပြီး ဘယ်အရာမှ မမှန်ပါဘူးလေလို့ တစ်ခါ အဲလိုတွေတွေးပြီးတော့ မျက်စိတွေ၊ နားတွေ စုံလုံးပိတ်ပြီး လျှောက်လှမ်းနေကြတယ်လို့ မြင်မိပါကြောင်း…

        တော်သေးဘီ
        (မြို့မေတ္တာခံယူမယ့် ငမိုက်သား)

        • Ma Ma

          August 16, 2013 at 8:48 am

          တခါတလေမှာ ကိုယ်ပိုင်ဉာဏ်နဲ့ လိုက်မမီတာတွေ အများကြီးပဲ။

          ကမာ္ဘကြီးဟာ အလုံးလို့ သိပ္ပံပညာရှင်တွေက သက်သေပြလိုက်ရင် (ကိုယ်တိုင်ရှာဖွေတွေ့ရှိတာ မဟုတ်ပဲ) ကျန်တဲ့လူတွေအားလုံး လိုက်ယုံကြရသလို ကိုယ့်ထက်ဉာဏ်ကြီးသူရဲ့ အတွေးအခေါ်အယူအဆကို ယုံကြည်ကြရတယ်။

          နေရာတိုင်းမှာ ကိုယ့်ဉာဏ်နဲ့မမီနိုင်ဘူး။

          အဲဒါကြောင့် ဗုဒ္ဓဘာသာဆိုတာကလည်း မြတ်စွာဘုရားက သဗ္ဗညုတဉာဏ်တော်နဲ့ သိမြင်ထားတာကို လူတွေကို ပြန်ဟောပြောပြသ ဆိုဆုံးမထားတာလို့ ယုံကြည်ပြီး လိုက်နာကျင့်သုံးကြတာ ဖြစ်ပါတယ်။

          သိပ္ပံပညာမှာ ရှာဖွေတွေ့ရှိနေတဲ့ ဂြိုလ်တွေ နက္ခတ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀ဝလောက်ကတည်းက မြတ်စွာဘုရားက အနန္တစကြာဝဠာ ဆိုပြီး ဟောခဲ့တာကို ထောက်ရှု့ပြီး ….
          လမ်းမှန်ကို ဟောပြောညွှန်ပြတယ်လို့ ယုံကြည်ပြီး အဲဒီလမ်းကို လျှောက်ပါတယ်။

          ကိုယ်ကိုးကွယ်မယ့်ဘာသာတရားရဲ့ ဟောပြောဆုံးမမှုတွေကို လေ့လာစဉ်းစားချင့်ချိန်ပြီးမှ လိုက်နာကိုးကွယ်ဖို့ လိုပါတယ်။

          ဘာသာတရားက ခိုင်းသမျှ မျက်စိပိတ်၊ နားပိတ်ပြီး ကိုယ်ပိုင်စဉ်းစားဆင်ခြင်ဉာဏ်မရှိပဲ မလိုက်နာသင့်ဘူး။

  • မောင် ပေ

    August 14, 2013 at 7:36 pm

    ဒီပို ့စ်ဖတ်ပြီး ပြောစရာစကားမရှိလို ့
    ကိုကျောက်ခဲ ကွန်မင့်ကိုပဲ 1+ ပေးသွားပါတယ်

  • အရီးခင်

    August 16, 2013 at 2:23 pm

    ကိုစံလှကြီး နဲ့ ကိုဇော်သန့် တို့ ကို ဝင်ပြီး ကန့်လန့်တိုက် ပွဲဝင်ဆူကြည့်ဦးမယ်။ 😉

    စိတ်ထဲမှာ တွေးနေမိတာ မှားနေခဲ့ရင်လဲ အမှန်အဖြေလေး ရမလားလို့ပါ။
    ကိုဇော်သန့်ပြောတဲ့
    { ဗုဒ္ဓဘာသာရအယူအဆထဲမှာ ဒါတွေထက်ပိုတဲ့ သံသရာလွတ်ကြောင်းတရား၊ နိဗ္ဗန်၊ ဘုံဘဝ }
    အဲဒါ ကို အလင်းဆက် မှာလားမသိ။
    သူကြီးပေးခဲ့တဲ့ မှတ်ချက် ကျမ်းစာထဲစကား “Set Free” ဆိုတာ နဲ့ ယှဉ်ပြီး တွေးလိုက်မိတယ်။
    ဗုဒ္ဓဘာသာ မှာလဲ သံသရာကလွတ်သွားအောင် ကျင့်ကြံနိုင်လိုက်တယ် ဆိုတာ နောင်ဘဝ မကူးဘဲ လက်ရှိ ဘဝ မှာဘဲ set free ဖြစ်နိုင်သွားတာ လို့ တွေးလိုက်မိတာပါ။
    ဗုဒ္ဓဘာသာ မှာက အသိတင်မက အသိ ရဲ့ နောက် က ကျင့်ကြံမှု ပါလာရပါမယ် မဟုတ်လား။
    ကျင့်ကြံမှု ဆိုကထဲ က ဥုံဖွမန်းပြီး ချက်ခြင်းရလိုက်တာ မဟုတ်ဘဲ တဖြေးဖြေးချင်း အလေ့အကျင့် ယူ ကျင့်ရမှာ အားလုံးသိပါတယ်။

    ဒီတော့ ဗုဒ္ဓဘာသာဝင်တွေဟာ တကယ် ဘဲ ဗုဒ္ဓစကားနားထောင်ပြီး set free ဖြစ်အောင် ကျင့်နေကြသလား ဆိုတာပါဘဲ။
    အလွယ်လူပြိန်း တွေးတွေးမိတဲ့ ဘာတွေနဲ့ set free ဖြစ်အောင် နေရမှာလဲ ဆိုတော့ အဓိက “လောဘ၊ မောဟ၊ဒေါသ” ဒီ အကြောင်းကြီး ၃ခု လို့ ထင်မိပါတယ်။
    လူ့လောက ထဲ နေနေတဲ့ လူသားတွေ မို့ ဒီ ၃ခု က အချိန်တိုင်း တွေ့နေရတာ ပါ။
    ဒါကို အသိ လေးနဲ့ ဖြုတ်နေ ရင်း လုံးဝပြုတ် သွားအောင် ကြိုးစားဖို့ မဟုတ်လား။

    ကိုစံလှကြီးပြော တဲ့ အလုပ်စခန်းမှာ ကျင့်ကြံနေတာ ကို လက်တွေ့နေ့စဉ်ဘဝ ထဲ ကို ကျွန်မတို့အများစု တကယ်ဘဲ အသိမှန် နဲ့ယူသုံးနေနိုင်ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကို စမ်းစစ်နိုင်ပါတယ်။
    အလုပ်စခန်းမှာဆိုတာက အပြင်လောက နဲ့ မတူဘူး။
    အသိတစ်ယောက် ဘုန်းကြီးကို လျှောက်တာကြားဖူးတယ်။
    အိမ်မှာတရားထိုင်ရတာ အရမ်းဆူတာမို့ သတိကပ်မရဘူး ဆိုတာလေး။
    ဒီတော့ ဆရာတော်က အဲလို ဆူနေတာမှာ အသိနဲ့ တရားထိုင်နိုင်မှ တကယ်အသိကပ်နိုင်တဲ့ အကျင့်ရတယ် ဆိုလား။
    စကားအတိအကျတော့ မဟုတ်ပါဘူး။

    အဲဒီကနေပြီး ဆက်တွေးမိတာ တစ်ချို့ ဘုန်းကြီးတွေ၊ လူတွေ လူသူမနီး တဲ့ နေရာမှာ ကို နေပြီး တရားကျင့်ကြတယ်။
    ပြီးတော့ အဲဒီ မှာဘဲ အရိုးထုတ် ကြတယ်။
    လူ့ဘောင် နဲ့ မနီးတော့ “လောဘ၊ မောဟ၊ဒေါသ” တွေ ဖြစ်လာဖို့ ခက်မယ်၊ ကိုယ့်စိတ် နဲ့ ကိုယ်မှာဘဲ ငါစွဲ ကို ပိုပြီး ဖြုတ်နိုင်မယ် လားမသိ။
    တွေးမိတာ။

    ဒါကို ဆက်ပြီး ဆန့်တွေး လိုက်တော့ ကျွန်မတို့ ရဲ့ နေ့စဉ်ကြုံနေရတဲ့ တွေ က ကျွန်မတို့ ရဲ့ သံသရာပြတ်ကြောင်း set free ကို အနှောက်အယှက် ပေးနေတာမြင်ရမှာပါ။
    Set Free ဆို ရာကနေ ကျွန်မသိတဲ့ နွားခြေရာခွက် ၂ ခွက် ရဲ့ Life Style ကို ထပ်ပြီး ယှဉ်ကြည့် မိတယ်။
    နွားခြေရာခွက် လို့ ပြောထားတာ မို့ ကျွန်မ သိသလောက် ပါတ်ဝန်းကျင် ကို ညွန်းတာပါ။ အားလုံး ကို မခြုံငုံပါဘူး။

    အရင်တုန်း က အနောက်တိုင်း က လူတွေ ဟာ ရုပ်ဝါဒီ သမား တွေ ဥစ္စာပစ္စည်း ကိုသာ ရှေ့တန်းတင်သူတွေ လို့ သိခဲ့ဘူး တယ်။
    အခုလက်တွေ့ နေနေရတဲ့ နွားခြေရာခွက် ထဲ မှာတော့ ဒီက လူတွေ ဟာ ကျွန်မ တို့ မြန်မာပြည်က လူတွေ လောက် ဥစ္စာပစ္စည်း နောက် မလိုက်ကြတာဘဲ။
    ကျွန်မတို့ ကျင်လည်ရတာ ပညာ အသင့်အတင့် တတ်ကြတဲ့ အလယ်အလတ်တန်းစား လူ အသိုင်းအဝိုင်း ကြားမှာပါ။
    ဒီ လူတွေ ရဲ့ စကား တွေမှာ အချင်းချင်း ဥစ္စာပစ္စည်းအတွက် အသားလွတ် ကြွားနေတာ မကြားရဘူး။
    ဘယ်သူမှ စိန် ရွှေ လက်ဝတ်ရတနာ တွေ ဝယ်မနေကြဘူး။
    မြန်မာပြည်က အသိတစ်ယောက် ဒီကိုလာလည် ချိန် သူ့ရဲ့ စိန်နားကပ်အကြီးကြီး ၊ စိန်လော့ကက် အကြီးကြီး နဲ့။
    ဒီမှာ အဲဒါ ကို အစစ် လို့ တောင် သိနိုင်ကြရဲ့လားမသိ။ ဘယ်သူမှလဲ သူ့ဟာတွေ ကိုအရေးလုပ် ကြည့်တာမတွေ့ဘူး။
    အိမ်အကောင်းစား၊ ကားအကောင်းစား ကြီး တွေ ကို အကြွေးပြန်ဆပ် နိုင်ရင်ဝယ်ပေါ့။ ဒီမှာက လက်ငင်း ပေးစရာမှ မလိုတာ။
    ဒီတော့ တော်ရုံလဲ ဒီအပေါ်မှာ ထူးဆန်း မနေဘူး။
    ရတဲ့ လခ အပြင်အပိုဝင်ငွေလဲ ဝင်မနေ နိုင်ဘူးကိုး။
    အပို ဝင် ဝင်ငွေမရှိတော့ အပို အလုပ်တွေ က လဲ ကိုယ့်ကို လာပြီး မဆွဲဆောင်နိုင်တော့ ဘူး ဆိုတဲ့ သဘောလဲ ပါနိုင်မလားဘဲ။
    ဝင်ငွေ ထဲ က အိမ်ကြွေး၊ ကားကြွေး ဆပ် ပြီးရင် မိသားစု နှစ်စဉ် အမြဲ ခရီးထွက် မယ်။
    ပြန်လာရင် အဲဒီ ခရီး အတွေ့အကြုံ တွေ ကို ဘဲ ဇိမ်ခံ ပြောပြကြတယ်။
    မိဘ တွေ ဆီသွားလည်တယ်။ နေရာ နီးတဲ့ မိဘ တွေ က သူတို့ သားသမီး တွေ ရဲ့ ကလေး တွေ ကို ကျောင်းပိတ်ရက် တွေ မှာ ကူထိန်းတယ်။
    မိသားစု ဆိုတာ ကို ရှေ့တန်းတင်တာ များတယ်။
    အားချိန် အပေါင်းအသင်း တွေ အိမ်တွေမှာ စုံ ကြတယ်။ အစားတွေ လုပ်စားမယ်။
    ကရာအိုကေတွေ၊ ကလပ်တွေ၊ အငယ်အနှောင်း တွေ စိတ်မဝင်စားနိုင်ဘူး။
    သူတို့ မှာ သူတို့ အိုချိန် ကျန်းမာရေး အတွက်လဲ ပူစရာမလိုဘူး။
    ကလေးကျောင်း ထားဖို့လဲ မပူရဘူး။
    ဒါတွေ အတွက် အစိုးရ ကို အခွန်ဆောင်ရတာလဲ မနဲပါဘူး။
    ကလေး တွေ ကို အမွေချန်ထားဖို့လဲ စိတ်မကူးဘူး။
    ရှိတဲ့ ပိုက်ဆံ၊ အိမ် စတာတွေ ကို ပေးချင်တဲ့ နေရာ ပေးဖို့ သေတမ်းစာ ချန် ထားရုံဘဲ။
    သူများ ဥစ္စာပစ္စည်း ကိုလဲ စိတ်မဝင်စားဘူး။
    ဒီတော့ အချင်းချင်း မနာလိုစိတ် ဆိုတာ သူတို့ နဲ့ နဲနဲ ဝေး နေနိုင်မယ် ထင်ရတယ်။
    လောဘ နဲ လာတာရဲ့ နောက်မှာ မောဟ နဲလာမယ်။ အဲဒီနောက် ဒေါသ နဲ လာမယ်။
    ဒီတော့ သူတို့ စိတ်မှာ အမြဲ set free ဖြစ်မနေပေဘူးလား။
    သေခြင်းတရား ကို ဘယ်လိုရင်ဆိုင်ကြလဲ ဆိုတာ အသုဘအခမ်းအနား တွေမှာ တွေ့ရပါတယ်။
    အပူလုံးကြွပြီး ဘယ်သူမှ လူးလိမ့် ငို မနေတာဘဲ။
    အရမ်းကို အေးချမ်း ပြီး သွားနှင့်သူ ကို ဆုတောင်းပေးတယ်။

    မြန်မာပြည် မှာ ဘယ်လို Life Style နဲ့ လူအများစု နေနေ ရတယ် ဆိုတာ မပြောတော့ပါဘူး။
    အားလုံးသိတာဘဲ။
    ဒီတော့ အသိ ရှိပြီး အကျင့် ပါမလာနိုင်လို့ ကတော့ ဘယ်လိုမှ Set Free မဖြစ်နိုင်ပါဘူး။
    Set Free ဖြစ်ဖို့ အကျင့် ကလဲ လူတွေ ကြားမှာ နေပြီး ကျင့်နေရမဲ့ အကျင့် ဖြစ်နေတာပါဘဲ။
    တိုင်းပြည် က လူတွေ ရဲ့ Life Style ဟာ အရေးကြီးပါတယ်။
    ဒါဟာ တိုင်းပြည်အစိုး ရ ရဲ့ တာဝန် ပါဘဲ။
    ဘာသာရေး ထက် လူတွေ ရဲ့ Life Style က လူတွေစိတ် ကို ပိုပြီး Set Free ဖြစ်နေစေသလားလို့ တွေး မိတာလေးပါ။

    လေရှည်သွားတာ စောဒီးပါရှင့်။
    မှားပြောနေတာ အမြင်မတော်ရင်လဲ ဝင် ဆုံးမ ကြပါ။
    😛

    • kai

      August 16, 2013 at 2:51 pm

      သာဓု..သာဓု..သာဓုပါအရီးလတ်ရေ…
      တခုပါပဲ..
      အရှုပ်ထဲမှာရှင်းအောင်နေ…. တဲ့…။
      တောထွက်…. ရှောင်ပြေးတာဟာ.. ဘုရားဟောနဲ့ညီတဲ့.. သဘောတရားမဟုတ်ဖူးလို့ပဲ.. :mrgreen:

      • အရီးခင်

        August 16, 2013 at 2:59 pm

        ဒါကြောင့် ဒီမှာ အချည်း ပြော ခဲ့တာလေ သူကြီးမင်း ရဲ့။
        {
        အသိတစ်ယောက် ဘုန်းကြီးကို လျှောက်တာကြားဖူးတယ်။
        အိမ်မှာတရားထိုင်ရတာ အရမ်းဆူတာမို့ သတိကပ်မရဘူး ဆိုတာလေး။
        ဒီတော့ ဆရာတော်က အဲလို ဆူနေတာမှာ အသိနဲ့ တရားထိုင်နိုင်မှ တကယ်အသိကပ်နိုင်တဲ့ အကျင့်ရတယ် ဆိုလား။
        စကားအတိအကျတော့ မဟုတ်ပါဘူး။
        }
        သာဓုပါ။ 😛

    • San Hla Gyi

      August 16, 2013 at 11:41 pm

      အင်း အမကြီး ရေးထားတာတွေက အများကြီးပဲ။ ကျနော်က လောလောဆယ် အများကြီး မရေးချင်ပြန်ဘူး။ ကျနော်က သူများကွန်မန့် ကောင်းလွန်းလို့ ဝင်လာတာ။
      မှားတာတော့ မရှိဘူး။ တခုတော့ ရှိတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ တရားတော်ဟာ မြတ်စွာဘုရား ဟောထားတဲ့ တရားတော်တွေဟာ သူ့အကန့်နဲ့သူ နားလည်ရမှာ။ မိုးပြာ ဆရာတော်တွေဟာ အဲဒီလို နားမလည်လို့ သူတို့ အမြဲတမ်း ရောထွေးပြီး ရှေ့နဲ့နောက် ဘယ်တော့မှ မညီပဲ ဖြစ်နေတာ။
      ဟုတ်တယ်။ ဘုရားလက်ထက်တုန်းကလည်း ထေရိကာဆိုတဲ့ အမျိုးသမီးလေးဟာ ဟင်းချက်နေရင်းနဲ့ ရဟန္တာ ဖြစ်သွားတာ။ ဟာ အဲဒါဆို ပြောမယ် လောကီနယ်ထဲမှာပဲ နေပြီးလုပ်ပေါ့။ လုပ်လို့ ရတဲ့လူလည်း ရှိမယ်။ မရတဲ့လူလည်း ရှိမယ်။ ဒီတယောက် ဒီလို ရတာနဲ့ နောက်တယောက် ဒီလို ရချင်မှရမယ်။ ပုံသေ ပြောလို့ မရဘူး။
      ဒါဆို သိဒ္ဓတ္တမင်းသားကျတော့ ဗုဒ္ဓ အဖြစ်ကိုရောက်ဖို့ ဘာလို့ တောထွက်ရတာလဲ။ အရှုပ်ထဲမှာ ရှင်းအောင်နေဆိုရင် နန်းတော်ထဲမှာကို ဗုဒ္ဓ ဖြစ်အောင် လုပ်ရတော့မလို ဖြစ်နေတာ။ ကျနော်တို့ မြတ်စွာဘုရားတင် မကဘူး။ ရှေ့က နောင်တော်ဘုရားတွေရော နောင်ပွင့်မယ့် ဘုရားတွေရော တောထွက်ရမှာ။ ဘုရားဖြစ်ဖို့ ပါရမီဆယ်ပါးမှာကို နိက္ခမပါရမီဆိုတဲ့ တောထွက်ခြင်းက ပါရမီတခု အနေနဲ့ ပါသေးတယ်။
      ကဲ အခု ကျနော် မိုးပြာဆရာတော် ပြောတဲ့လေမျိုး ပြောကြည့်မယ်။ “ဘုရားလက်ထက်တော်က တောထွက်တာတို့ တရားစခန်း ဝင်တာတို့ မလုပ်ပဲနဲ့ တရားရတယ်ဆိုတော့ တောထွက် ရှောင်ပြေးတာဟာ ဘုရားဟောနဲ့ ညီတဲ့ သဘောတရား မဟုတ်ဘူး တူနယ် တူနယ် ဒချပ် ဒချပ်” ပေါ့ဗျာ။
      အဲဒါဆို ပြန်မေးမယ်။ “ဟာ ဒါဆို ဘာလို့ ဗုဒ္ဓကျတော့ တောထွက်ပြီး တရားကျင့် ရတာလဲ။ ပါရမီဆယ်ပါးမှာ နိက္ခမပါရမီတောင် ပါသေးတယ် မဟုတ်လား။” အဲဒီမှာတင် “ဒန်တန်တန် ကွိ ကွိ” ဆိုပြီး ဖြစ်ပြီ။
      ဆိုလိုချင်တာက အမကြီးရေ။ အဲဒီလို သူ့အကန့်နဲ့သူ နားမလည်နိုင်ရင် ဒုက္ခဖြစ်မယ် ပြောတာပါ။ မိုးပြာတဖွဲ့လုံး အဲဒီမှာ မှားကြတာပဲ။ သူတို့ ဖြစ်နေတာက “မြန်မာလူမျိုး အားလုံးသည် အာရှတိုက်သားများ ဖြစ်သည် ဆိုတာနဲ့ အာရှတိုက်သား အားလုံးသည် မြန်မာလူမျိုးများ ဖြစ်သည်ဆိုပြီး တူနယ် တူနယ် ဒချပ် ဒချပ်” လုပ်လိုက်တာ သူတို့တရားတွေ အကုန်လုံး မှားကုန်တော့တာပဲ။
      Life Style အကြောင်းတော့ နောက်မှ ပြောကြတာပေါ့။

    • ဦးကြောင်ကြီး

      August 17, 2013 at 9:09 am

      ရုပ်ဝတ္ထု ပြည့်စုံတာနဲ့ လွတ်မြောက်တာနဲ့ မဆိုင်ဘူးလေ… ဟိုဟာက ကုသိုလ်ကောင်းမှု ကံအကျိုးပေး ခံစားနေတာ။ ဒါနဲ့ပဲ အချိန်တန်တော့သေ နောင်ဘဝကူး ကုသိုလ်အကျိုးပေး ကျန်ရင် ဆက်စံစား၊ မကျန်တော့ အပါယ်လေးဘုံဆင်းခံ သံသရာလည်တာ…။
      အရီးလတ်ပေါဒါ နားလည်ပါတယ်.. အတော်များများက တခုခုကို အရှိမှတ် အဟုတ်ထင် ဖက်တွယ်ထားတော့ အဲဒီဟာနဲ့တွေ့စဉ် ရပါရဲ့ အဲ….ဆန့်ကျင်ဖက်လည်းတွေ့ရော တရားသဘောသွင်းဖို့ အတော်ခက်သွားတယ်။။ ဒါနဲ့ပဲ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ပျက် ရိပ်သာမှာ ကျန်ခဲ့ရော..။
      တရားရဖို့ဆိုတာ ရုပ်ဝတ္ထု ချမ်းသာဆင်းရဲနဲ့ မဆိုင် ပြောရပေမဲ့ သာမန်အဖို့တော့ စည်းစိမ် မခံစားမှ ဖြစ်တယ်။ ဒါကြောင့်ပဲ ဘုရားက ကိလေသာ ခေါင်းပါးစေတဲ့ ဓူတင်အကျင့်ဆယ်ပါး ထားခဲ့တာ…။ မလိုရင် ဘယ်ထားပါ့မလဲ… ပါရမီနည်းပြီး မြန်မြန် သံသရာပြတ်ချင်သူများအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုကျင့်စဉ်တွေပါ… အဲဒါကို မိမိကိုယ်မိမိ ဆင်းရဲစေတဲ့အကျင့်မှားလို့ မပြောနိုင်ဘူး.. လူတောထဲနေလုပ် ရပါတယ် အစွန်းရောက်သွားရင် အယူမှားသွားနိုင်လို့ပါ။ ရှုဒေါင့်တခုအနေနဲ့ သုံးသပ်တာမျိုးဆိုရင် မမှားဘူး သို့ပေမဲ့ သေချာပေါက် အမှန်လို့ ယူဆရင် မှားပြီ။
      ဓမ္မကိုသွားဆင်ခြင်ဖို့ မကြိုးစားပါနဲ့… မရှိတဲ့အရာကို အရှိလုပ်လို့ ဘယ်တော့မှ မရဘူး… ရလည်း အတုသာဖြစ်လိမ့်မယ်…။ ကြုံလို့ ပြောရရင် သဘာဝဆရာတော် ဦးဥတ္တမသာရကို မယုံသူ လူဝတ်ကြောင်အချို့က အစောပိုင်းမှာ ဝိုင်းစစ်တယ်။။ အဲဒီ အသံဖိုင်လည်း အင်တာနက်မှာရှိတယ်။
      အဲဒီမှာ ဆရာတော့် တရားအချို့ကို အသံဖမ်းပြီး အတိအကျ ချောင်ပိတ်မေးတယ်တော့ ဆရာတော်က သူပြောခဲ့တာ မှတ်မထား ဆုပ်ကိုင်မထားဘူး… အခုပြောပီးလည်း နောင်တချိန် အသစ်ထပ်ပြောအုံးမှာပဲ.. ဘာလဲဆိုတာ ပြန်မေးတယ်… မေးသူက ဒေါကန်သွားတယ်… ဆရာတော်ကို တာဝန်မဲ့သူ စွပ်စွဲတယ်… မေးသူတွေက ပရိယတ် ကျွမ်းကျင်သူတွေ၊ တရားဓမ္မ ဖြန့်ဖြူးနေသူ လူပုဂ္ဂိုလ်တွေ….. သူတို့ဖြစ်နေတာ ကျနော် နားထောင်ရင်း သံဝေဂ ရတယ်။။ တတ်ထားတဲ့ စာတွေ ဖက်တွယ်ထားတော့ ဆရာတော် ဆိုလိုရင်း သဘောကို နားမလည် ပြစ်မှားမိတယ်။ အခုလည်း ဒီလိုပဲ ဘာ၊ညာရယ်လို့ ဆုပ်ကိုင်ထားမယ်ဆို မည်ကာမတ္တ သတ်မှတ်ချက်တွေက လွန်မြောက်ရာ ဓမ္မနဲ့ လွဲချော်သွားလိမ့်မယ်…။ မဟုတ်ခြင်းသာ တကယ်ရှိတယ်… ကျနော် အခုပြောနေတာလည်း တကယ်မဟုတ်ဘူး၊ အရီးလတ်ပြောတာလည်း မဟုတ်ဘူး၊ ကိုစံလှဂျီးပြောတာလည်း မဟုတ်ဘူး.. သဂျီးပြောတာဆို ဝေလာဝေး…. ဘဝဂ်နဲ့ အဝီဇိ အဲလောက်ကွာတယ်… 😆

    • San Hla Gyi

      August 17, 2013 at 12:02 pm

      ဒီတခါတော့ အမကြီး မခင်လတ် ပြောတဲ့အထဲက လူတွေရဲ့ Life Style ဆိုတာလေးနဲ့ အဲဒါလေးဟာ အရေးကြီးကြောင်း အဲဒီအတွက် တိုင်းပြည်အစိုးရမှာ တာဝန်ရှိတယ် ဆိုတာလေး ထပ်ဖြည့်ချင်တယ်။ အဲဒါလည်း ဘုရားဟောထဲမှာ ပါပြီးသားပါ။ အဲဒါ သမ္ပတ္တိတရားလေးပါးထဲက ကာလသမ္ပတ္တိပါ။ ကာလသမ္ပတ္တိ ဆိုတာက အုပ်စိုးသူမင်း ကောင်းတဲ့အချိန် မကောင်းတဲ့အချိန်ကို ပြောတာ အမကြီးရေ။ ဘယ်လောက် အင်အားကြီးသလဲ ဆိုရင် တော်တော့် ကုသိုလ်ကံ အကုသိုလ်ကံကို မဖြစ်အောင် တားနိုင်တယ်။ ကာလသမ္ပတ္တိ အခါကောင်းနဲ့ ကြုံတဲ့လူမှာ တော်ရုံ အကုသိုလ်ကံက ထင်သလောက် အကျိုးမပးနိုင်တော့ဘူး။ ပေးလည်း နည်းနည်းပဲ ပေးနိုင်တော့တယ်။ အချိန်က တားထားလိုက်တာလို့ ပြောရင်ရတယ်။ အဲဒီလိုပဲ တော်ရုံ အကျိုးပးရမယ့် ကုသိုလ်ကံကိုလည်း မကောင်းတဲ့ ကာလသမ္ပတ္တိက အကျိုးမပေးနိုင်အောင် တားထားလို့ရတယ်။ ပေးလည်း နည်းနည်းပဲ ပေးအောင်လုပ်လို့ရတယ်။ အချိန်က တားထားလိုက်တာပဲ။
      အဲဒီတော့ အဲဒီလို အခါကောင်းနဲ့ ကြုံလို့ စားဝတ်နေရေး အဆင်ပြေတော့ ဖြစ်ရမယ့် လောဘ ဒေါသ မောဟက နည်းသွားတယ်။ မဖြစ်တာ မဟုတ်ဘူး။ ငုပ်သွားတာ။ ဘာပဲဖြစ်ဖြစ် အကုသိုလ်ကင်းလို့ စိတ်ကျေနပ်စရာပဲ။
      ကိုကြောင်ကြီး ပြောတဲ့ စကားဆက်ရရင် ကျနော် ဆိုလိုချင်တာက အရာရာကို လှေနံဓားထစ် ယူလို့မရဘူးဗျ။ တခါ တခါကျရင် ရှိတယ်။ လူဆိုတာက သူများသာ ဝေဖန်ပါ သုံးသပ်ပါပြောတာ ပြောတဲ့လူကိုယ်တိုင်က ကိုယ်ကြိုက်တာလေးကို ပုံသေကားချပ် မှတ်ထားတယ်။ ပြီးရင် အဲဒီလို လူမျိုးဟာ သူများကို အမြင်ကျဉ်းတယ် ပြောတာ ရှိသေးတယ်။ အမှန်တော့ သူ့လောက် အမြင်ကျဉ်းတာ သူ့အပြင် နှစ်ယောက် မရှိဘူး။ တကယ်တော့ မိုးပြား ဂိုဏ်းဆရာတွေ အဲဒီလို ဖြစ်ကုန်ကြတာချည်းပဲ။
      သူတို့ ဖြစ်တာက တနေရာမှာ သူတို့ စရိုက်နဲ့ ကိုက်တာလေး တွေ့လိုက်တာနဲ့ အဲဒါမှ ဘုရားဟော ကျန်တာတွေက အမှားတွေ နောက်မှထည့်ထားတာတွေ ဆိုပြီး ဖြစ်လာတော့တာပဲ။ ဖြစ်ပုံက သူတို့ပဲ အဲဒီတုန်းက ဗီဒီယို ရိုက်ထားသလိုလို ဘာလိုလိုပေါ့။
      အမှန်က သူတို့ နားမလည် ရှာတာပါ။
      ဟိုတလောတုန်းကလည်း ဒီဆိုက်ဒ်ထဲမှာပဲ ဘယ်သူ့ပို့စ်မှန်းတော့ မမှတ်မိတော့ဘူး။ မိုးပြာဂိုဏ်းက ဆရာကြီး တယောက်လို့ ထင်တာပဲ။ လူလည်း သိပ်မမှတ်မိတော့ဘူး။ သူက ကွန်မန့်ရေးတယ်။ သူရေးတဲ့ ကွန်မန့်က “အခု အထောက်အထားတွေအရ ရှေ့ဘဝ နောက်ဘဝ ရှိတယ်ဆိုတာ ဖြစ်လည်း ဖြစ်နိုင်တယ်။ တော်တော်လေးကို လက်ခံနိုင်တယ်။ ဖြစ်ဖို့လည်း များတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာ စင်စစ်ကတော့ အဲဒါတွေ မပါဘူး ဗုဒ္ဓလည်း မဟောဘူး” ဆိုပြီး လုပ်လိုက်တယ်။ စကားလုံး အတိအကျတော့ မဟုတ်ဘူး။ အဲဒီသဘောမျိုးပဲ။ ကျနော်တော့ ဖတ်ပြီး ဘုရားတောင် တမိတယ်။ အမယ်လေး သူပြောနေပုံက ဘုရားဟောတာပဲ မှားနေသလိုလို။ တကယ်တော့ သူနားမလည်တာပါ။
      အော်နောက်တော့ သူ့ခမျာ နားမလည်ရှာဘူးနဲ့ တူပါတယ်လို့ မှတ်ချက်ပေးမိတယ်။ ဝင်ရှင်းပြဖို့ကျတော့ ရေးရမှာက အများကြီး သူကလည်း အလွယ်တကူ လက်ခံမှာမဟုတ်။ ပြီးရင် လင့်ခ်တွေ အများကြီး ထုတ်ပြီး ကိုယ့်ကို ပြန်ပြနေရင် ရေးရတာ ပင်ပန်းဦးမယ်။ ရန်ဖြစ်ရဦးမယ်။ ဒီတော့ ဒီလိုလူမျိုး မိစ္ဆာအယူစွဲပြီး သေလို့ ငရဲရောက်သွားလည်း ကောင်းတာပါပဲလေ ဆိုပြီး လွှတ်ပေးလိုက်တယ်။

      • kai

        August 17, 2013 at 4:53 pm

        ကိုရင်စံလှကြီးကြည့်ရတာ…
        “န ခေါအဟံ” “ထိုအယူ ငါမယူဘူး”ဆိုတဲ့.. ဗုဒ္ဓစကား(တရား)ကို… သဘောကိုမပေါက်သေးဖူးလို့သေချာမိတယ်..

        ဆိုတော့… စာတွေအကြိမ်တထောင်ဖတ်လည်း.. “လည်”နေမယ့်သဘောပါပဲ…။
        တခြားပြောစရာမရှိတော့…။ :mrgreen:

        • San Hla Gyi

          August 17, 2013 at 8:33 pm

          ဟုတ်တယ် ကျနော်လည်း သဂျီးကို ပြောစရာ စကားမရှိတော့ဘူး။ တကယ်တော့ လည်နေတာ ကျနော် မဟုတ်ဘူး။ သဂျီးလည်နေတာ။ ဘာလို့ လည်နေတာလည်းဆိုရင် နားလည်နိုင်လောက်တဲ့ သဒ္ဓါတရား မရှိလို့ ဗုဒ္ဓစကားကို သဘောကို မပေါက်သေးပဲ “လည်” နေတာ။ ကျနော်လည်း သဂျီး”လည်”နေတယ် ဆိုတာ တော်တော့်ကို သေချာနေတယ်။ အမှန်တော့ ကျနော် ရောက်လာပြီး မကြာခင်မှာပဲ သဂျီး အဲဒီစကားကို နားမလည်ရှာပဲ “လည်” နေတယ် ဆိုတာ သိတော့တာပဲ။
          တခုတော့ အရိပ်အမြွက် ပြောမယ်။ မာလုကျပုတ္တသုတ်ကို ကျနော် မသိဘူးလို့တော့ မထင်နဲ့။ ကောင်းကောင်းသိတယ်။ အဲဒီလို မေးခွန်းမျိုးကို အဲဒီမထေရ် မေးတော့ ဘုရား အဲဒီလိုဖြေတာ အကြောင်းရှိလို့။ ဒီပြင်တယောက်က အလားတူ မေးခွန်းမျိုးမေးတာ့ ဖြေတယ်။ အဲဒါကို သဂျီး နားမလည်လို့ မာလုကျပုတ္တသုတ်ကို နားမလည်တော့ပဲ မိစ္ဆာဒိဌိ ဖြစ်သွားတာ။
          တကယ်တော့ ကျနော် ရှင်းပြချင်ရင် အစကတည်းက ရှင်းပြလို့ ရနိုင်တယ်လို့ ထင်တယ်။ ကျနော့်ကိုယ် ကျနော် အဲဒီလိုပဲ ယုံတယ်။ မရှင်းပြချင်လို့ကို လုံးလုံး စကားမစခဲ့တာပဲ။
          သဂျီး စာတွေ အကြိမ်တထောင်ဖတ်လည်း မထူးဘူး။ ကျနော်ထင်တယ်။ သဂျီး ဒီနေရာမှာပဲ လည်နေဦးမှာပဲ။ သဂျီးရဲ့ ဂိုဏ်းတူညီအကိုတွေလည်း သဂျီးလိုပဲ ဒီနေရာမှာ လည်နေကြမှာပဲ။
          ကျန်တဲ့ လူတွေအတွက်တော့ သဂျီး ဗုဒ္ဓဘာသာနဲ့ ပက်သက်တဲ့ စကားတွေ ပြောနေရင် ဖတ်ကြည့်တာကလွဲပြီး သိပ်အလေးအနက် မယုံကြနဲ့။ တကယ်တော့ သူက မာလုကျပုတ္တသုတ်ကို နားမလည်လို့ မိစ္ဆာဒိဌိ ဖြစ်သွားရှာတာ။

        • ဦးကြောင်ကြီး

          August 17, 2013 at 11:12 pm

          ဒင်းနဲ့ ဖက်ပြိုင်ပြောနေလို့ အပိုပဲ ကိုစံလှဂျီးရ…..

        • San Hla Gyi

          August 17, 2013 at 11:50 pm

          ကိုကြောင်ကြီးရေ
          ကျနော်က သူနဲ့ ဖက်ပြိုင်ပြောချင်လို့ မဟုတ်ဘူး။ တခြားလူတွေကို သတိပေးချင်လို့။ သူ့လို လမ်းမှား ရောက်သွားမှာစိုးလို့ပါ။ အဲဒီစကားလေးကို သူ ခဏ ခဏ မကိုးကားရင် ကောင်းမယ်လို့ ကျနော်ထင်တယ်။ ကျနော် အစကတည်းက သိတယ်။ သူ အဲဒီ စကားလေးကို နားမလည်ရှာတာနဲ့ အဓိပ္ပါယ် တလွဲကောက်ပြီး မိစ္ဆာအယူ စွဲသွားရှာတာ။
          အဲဒီမှာ မျက်ကန်း တစ္ဆေမကြောက် ဆိုသလို ဖြစ်ပြီး ဘုရားဟော တရားကပဲ မှားနေသလိုလို ပြောဆိုပြီး အကုသိုလ်ကံတွေကို ကျူးလွန်နေရှာတယ်။
          တကယ်တော့ အဓိပ္ပါယ် နားမလည်တာနဲ့ ဥစ္ဆေဒတိတ္ထိ ဘဝပြတ်အယူ အစွန်းကို ရောက်သွားတဲ့ မိစ္ဆာဒိဌိ ဖြစ်သွားရှာတယ်။ သူ့ကိုယ်သူတော့ မသိရှာဘူးဗျာ။
          အဲဒီလို ဒိဌိအယူ စွဲသွားရင်တော့ တရားစာအုပ်တွေပဲ အကြိမ်တထောင်လောက် ဖတ်ဖတ် တရားစခန်းပဲ အကြိမ်တရာလောက် ဝင်ဝင် မလွယ်ဘူးပဲ။ တရားတော် အရတော့ နိယတမိစ္ဆာဒိဌိ အယူနဲ့ ဆိုရင်တော့ နောက်ဘဝတော့ အဝီစိငရဲတော့ ကျိန်းသေတယ်ဗျို့။
          အင်း သနားတော့ သနားစရာပါဗျာ။

        • ဦးကြောင်ကြီး

          August 18, 2013 at 12:12 am

          ဟုတ်ပါ့ဗျာ ကိုစံလှဂျီး… အဝီစိငရဲကျရင် ကမာ္ဘပျက်တဲ့အခါ လွတ်ခွင့်ရှိသေးတယ်. အယူမှားသူကတော့ ဖိုခနောက်ဆိုင် စတြာဝဠာ သုံးခုအကြားက ဘာငရဲဆိုလည်း အဲဒီမှာ ပြောင်းခံရဆိုပဲ… နှောင်းလူတွေ အတွက်တော့ နားအေးပါးအေး ဖြစ်လို့ကောင်းတာပေါ့ဗျာ… ကျုပ်တို့မှာသာ ဝဋ်ရှိလို့ မမြင်ချင်လည်းမြင်နေ သိနေရဒါနေမှာ…. သဂျီး…အမြင်မှန်ရတော့ဗျာ.. ဒါမှမဟုတ်လည်း သွားဒေါ့… နယဲပြည်ဂို…

        • San Hla Gyi

          August 18, 2013 at 8:12 am

          ဟုတ်တယ် ကိုကြောင်ကြီးရေ။ အဲဒါက လောကန္တရိတ် ငရဲတွေပဲ။ မိစ္ဆာဒိဌိ အယူကို စွဲမြဲ ဖြန့်ဖြူးသူဟာ အကုသိုလ်ကံထဲမှာ အကြီးလေးဆုံး ကံတွေကို ကျူးလွန်တာတဲ့။ ဒီလိုပြောလည်း သူက သူ့ကို လှန့်တယ်လို့ ထင်နေမှာ။
          ဘာလို့ အဲဒီလို ကြီးမားတဲ့ အကုသိုလ် ဖြစ်တာလည်း ဆိုရင် အဲဒီလိုလူဟာ လူ့မြှုံးကြီးနဲ့ တူတယ်တဲ့။ ကိုယ့်ကိုကိုယ် “မြှုံး” သဖွယ် လုပ်ပြီး တခြားလူတွေကိုလည်း လိုက်ဖမ်းတတ်လို့တဲ့။ အယူမှားအောင် လိုက်စည်းရုံးတာပေါ့လေ။ အခု သဂျီးလည်း တခြားလူတွေကို လိုက်ပြီး အယူမှားအောင် စည်းရုံးနေတာ ခဏ ခဏပဲလေ။ ဗုဒ္ဓက အာရုံငါးပါးတွေကို တတ်နိုင်သလောက် မစွဲလန်းအောင်နေ တတ်နိုင်ရင် အပြီးဖြတ်လို့ ဟောတာကို သူက အာရုံငါးပါး ကာမဂုဏ်တရားတွေကို အမှန်တရားတွေ ဒါတွေကို အချိန်ရှိတုန်း ခံစားကြ စံစားကြဆိုပြီး လိုက်ရေးနေ ပြောနေတာ တွေ့တယ် မဟုတ်လား။
          နောက်ပြီး သူ့မှာက အပိုဆုကလေးတွေ ရှိသေးတယ်။ ဥပမာ ဗုဒ္ဓဟောတဲ့ တရားတွေကပဲ မှားသလိုလို ပြောတာမျိုး ဘုရားနာမည်ကို သူ့သူငယ်ချင်းလိုလို ဘာလိုလိုနဲ့ မလေးမစား ခေါ်တာမျိုး သံဃာတွေကို အကုန်သိမ်းကျုံးပြီး ပွဲစားတွေလို့ ပြောခဲ့တာမျိုး အမယ်လေး ကြောက်စရာကြီးပဲဗျာ။
          ကဲ အကျုဉ်းချုပ်ရင် ရွာသူရွာသားတွေ အနေနဲ့ သဂျီးကို တွေ့ရင် “မြှုံး” ကြီးကိုတွေ့ပြီလို့ သဘောထား။ သူပြောတာတွေကို ယုံပြီး အဲဒီနောက် လိုက်မသွားနဲ့။ မြှုံးထဲ ဝင်မိတဲ့ ငါးလို မထွက်နိုင် ဖြစ်လိမ့်မယ်။
          သဂျီးခိုင်မ်=လူ့မြှုံးကြီး။

        • kai

          August 18, 2013 at 2:36 pm

          အမ်… ငရဲပွဲစားလုပ်နေကြပြန်ပြီ….
          ဆိုတော့…
          ဘယ်လောက်ပေးရ…အဲအဲ.. လုပ်ရမလဲဟင်…
          လောကန္တရိတ် ငရဲေရောက်အောင်..

          သွားချင်ထှာ… :mrgreen:

        • San Hla Gyi

          August 18, 2013 at 4:08 pm

          ဟာ သဂျီးကလဲဗျာ မလောစမ်းပါနဲ့ အချိန်တန်ရင် သဂျီးသွားကို သွားရမှာပါ။ ဒါမျိုးက ပဲကြီးရေစိမ် အချိန်တန်ပွ ဆိုသလို သူ့အချိန်ရောက်မှ ဖြစ်တာမျိုးဗျ။ မထင်နဲ့နော် သဂျီး။ သွားရရုံတင် မဟုတ်ဘူး။ တော်ကြာ မဟာအဝီစိငရဲမှာက သဂျီးအတွက် citizenship နဲ့ လောကန္တရိတ်ငရဲမှာက ဗီဇာမဲ့ ဝင်ရောက်ခွင့်နဲ့ အမြဲတမ်း နေထိုင်ခွင့် ကျနေပြီနဲ့ တူတယ်။

        • kai

          August 19, 2013 at 2:21 pm

          ငရဲပြည်ရဲ့.. citizenship တွေ.. ဗီဇာအကြောင်းတွေတော်တော်သိတယ်နော..
          လေဖမ်းရွှီးတာလားဟင်.. ဒါမှမဟုတ်.. သွားဖို့အတွက်ကြိုလေ့လာထားတာလား…
          ဒါမှမဟုတ်..
          ကိုရင်ကိုယ်တိုင်က.. ကျနေပြီးသားငရဲသား.. လားလို့..။

          လုပ်ဦးဗျာ.. ငရဲမီးတတို့လောက်… :kwi:

        • Wow

          August 19, 2013 at 4:52 pm

          ဘယ်ပေါင်ချီးပေပေ… ဟိုင်းရား ဟိုင်းရား :mrgreen:

        • San Hla Gyi

          August 19, 2013 at 9:27 pm

          ဟောဗျာ ဒီသဂျီးဟာ အခု ဘယ်လိုဖြစ်နေရတာလည်း။ အဲဒီလို မေးနိုင်တယ်လို့ ထင်လို့ အဲဒီစာကြောင်းနောက်ဆုံးမှာ “တူတယ်” ဆိုတဲ့ စကားလုံးကို သေသေချာချာ ထည့်ပေးထားတာလေ။ မြန်မာလူမျိုးတိုင်း အဲဒီစာကြောင်းကို အစအဆုံး ဖတ်လိုက်တာနဲ့ ဒီစာလုံးဟာ ကျနော့်ရဲ့ အပြောင်အပြက် ပြောတာပဲ ဖြစ်ဖြစ် ထင်မြင်ချက် ပေးတာပဲဖြစ်ဖြစ် ပြောလို့ရမှန်း သိသာပါတယ်ဗျာ။
          ထင်မြင်ချက် ဆိုမှတော့ ဒါက သိပ်အရေးမကြီးပါဘူးလေ။
          ငရဲမီးတတို့ကတော့ ကျနော့်ဆီမှာ တောင်းလို့ မရနိုင်ဘူး။ သဂျီးရဲ့ ဂိုဏ်းတူညီအကိုတွေ ဆီကို သွားတောင်းပေတော့။

        • kai

          August 19, 2013 at 11:09 pm

          ရန်စနေတာဟေ့.. ငြင်းစရာကုန်ကြမ်းရအောင်..

          ဟိုအူကြောင်ကြောင်.. ကိုကိုကြောင်ဘယ်လစ်သွားသလဲမသိ.. :kwi:

        • အရီးခင်

          August 20, 2013 at 4:57 am

          ဒီ ကြီး၂ကြီး ကတော့
          အတိတ် ဘွ တုန်း က အလွန်ချစ်ခဲ့ ဖူး သူ များ ဖြစ် ကိုဖြစ်မှာ။
          အသေအချာဘဲ။
          ပိုပြီး ချစ်ခဲ့ သူ က ဘူလဲ။
          ဆက်ငြင်း ဟေ့။ 😉

        • ဦးကြောင်ကြီး

          August 20, 2013 at 8:34 am

          သဂျီးက အမှောင့်ပယောဂ ပူးကပ်နေရဒါဗျ… အလိမ္မာသုံး ပြောလို့မရဘူး၊ နည်းနည်းကြမ်းပေးမှ ဖြစ်မယ်။ ထားဝယ်ကြိမ်လုံးကို ညလုံးပေါက် ရေစိမ်ပြီး ကိုစံလှဂျီး ရိုက်မှ ရတော့မယ်..။ လောက်ရွှမ်း….. မှတ်ပလားကွ.. လောက်ရွှမ်း… မနာသေးဘူး ထပ်ရိုက်ပါအုံး… 😆

        • San Hla Gyi

          August 20, 2013 at 5:59 pm

          မဟုတ်သေးဘူး ကိုကြောင်ကြီးရ။ အဲဒီလို သွားလုပ်ရင် ရန်လိုနေသူဟာ ပိုပြီး ဆိုးလာတော့မှာပေါ့။ ဘာမှလည်း အကျိုးထူး မလာနိုင်ဘူး။ သူပြောနေတာပဲ ကြည့်လေ။ ရန်စမလို့ပါလို့ဆို။ အစကတည်းက သူ ရှုံးရင် မဲတတ်တယ် ဆိုတာ သိပြီးသားပဲဟာ။
          ဒီလိုလူကို ငြင်းမယ်ဆိုရင် ငြင်းတဲ့လူ မိုက်ရာကျမှာပေါ့။ ကျနော်တော့ မလုပ်နိုင်ပါဘူး။ သူနဲ့ ပြေပြေလည်လည် ဆွေးနွေးဖို့လည်း ဒီပုံစံနဲ့ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး။ လွှတ်ထားလိုက်ပါဗျာ။
          ဗုဒ္ဓက အင်္ဂုတ္ထိုရ် ပါဠိတော်မှာ ထင်တယ်။ ဟောခဲ့တာက ဆွေးနွေးတဲ့အခါ ရန်လိုငြူစူခြင်း မရှိတဲ့လူနဲ့မှ ဆွေးနွေးသင့်တယ်။ စိတ်ဆိုး အမျက်ထွက်ပြီး မနှစ်သက်ဖွယ် အမူအရာကို ပြတဲ့လူတွေနဲ့ မဆွေးနွေးသင့်ဘူးတဲ့ဗျ။ အကျိုးမရှိပဲ အပြစ်ဖြစ်ဖို့များတယ်။ အခု ဒီမှာကတော့ စိတ်ဆိုးတဲ့ အမူအရာကို စာနဲ့ပဲ ပြနိုင်တာပေါ့။ ပြလည်း ပြနေပါတယ်။
          သူ့ဟာသူ သူ့စိတ်ဓတ်ကို အထုပ်ဖြေပြနေတာ ရွာသူရွာသားတွေ ကြည့်ပါစေဗျာ။

    • Zaw Thant

      August 17, 2013 at 12:34 pm

      အရီးပြောထားတဲ့ Set Free ကို နှစ်ပိုင်းခွဲပြောချင်တယ်.. ပထမ တပိုင်းကတော့ လက်ရှိဘဝထဲမှာတင် Set Free ဖြစ်ဖို့ပါ.. အဲ့ဒါနဲ့ပါတ်သတ်လို့ကတော့ အရီးပြောတာတွေကို ကန့်ကွက်စရာမရှိပါဘူး.. ဘာသာရေးဆိုတာအပြင် ဘဝနေနည်း Life Style နဲ့လည်းဆိုင်ပါတယ်.. လောဘ၊ ဒေါသ၊ မောဟ လျော့တာဟာ ဘယ်ဘာသာဝင်ဖြစ်ဖြစ်လုပ်လို့ရပါတယ်.. ကိုယ်ဘုရားဟောတာ၊ သူ့ဘုရားဟောတာ၊ ဘယ်ဘာသာဝင် တွေဆိုတာထက် လူတစ်ဦးခြင်းအနေနဲ့ ကိုယ်ဘာသာကို လောဘ၊ဒေါသ၊မောဟ လျော့နိုင်ရင် လွတ်ငြိမ်းစွာနေလို့ရပါတယ်.. ကျွန်တော်တို့ဆီမှာ ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် ဒီလိုမျိုး (Set Free) လွတ်ငြိမ်းစွာနေတဲ့ Life style မျိုးခပ်ရှားရှားဖြစ်နေပါတယ်.. ဘုရားဟောတရားက သက်သက် (ဘုန်းကြီးကျောင်း၊ တရားစခန်းမှာချန်ခဲ့) လက်တွေ့ဘဝနေထိုင်မှုကသက်သက်ဖြစ်နေပါတယ်.. ကောင်းမွန်တဲ့ life style ရဖို့ အတွက် ဘာသာရေးအပြင် တိုင်းပြည်ရဲ့အစိုးရ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခံယူချက်၊ ဓလေ့…. စတာတွေအများကြီးပေါ်မူတည်ပါလိမ်မယ်..

      ဒုတိယတပိုင်းအနေနဲ့ Set Free ကို သံသရာကလွတ်ကြောင်းထိဆိုလိုတယ် ဆိုရင်တော့ ဘာသာရေးနဲ့နွယ်သွားပါပြီ.. လောဘ၊ ဒေါသ၊ မောဟ ကိုဖြည်းဖြည်းချင်းလျော့ပြီး လက်ရှိဘဝမှာ လွတ်ငြိမ်းစွာနေနိုင်ရုံတင် မရတော့ပါဘူး.. ကိုစံလှကြီးပြောတဲ့ အလုပ်စခန်း တရားလဲပါလာပါပြီ.. ကိုယ်တိုင်တရားအားထုတ်ပြီး သောတပန် အဆင့်လောက်ရောက်နေတဲ့လူမဟုတ်တော့ ကျွန်တော်လည်းပြောအားတော့သိပ်မရှိပါဘူး.. ကိုယ်တိုင် လေ့လာ စမ်းကြည့်ကြတာ အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်..

      အလုပ်စခန်းက တရားကို နေစဉ်ဘဝထဲယူဖို့က အတော်ခက်မယ်ထင်ပါတယ်.. စက်ဘီးစီးသင်တဲ့လူ ဆို လူရှင်းတဲ့လမ်းမှာ စသင်၊ ကျွမ်းကျင်မှ ရှုပ်တဲ့လမ်းပေါ်သွားသင့်တာပါ.. ရှုပ်တဲ့လမ်းပေါ်စီးရမှာမို့ စကတည်းက ရှုပ်တဲ့လမ်းပေါ်သင်မယ်ဆိုရင် ခက်မယ်ထင်ပါတယ်.. အသိ၊သတိ နဲ့ တရားသဘော နှလုံးသွင်းရတာက စက်ဘီးစီးတာထက်ပို ခက်သလို အာရုံငါးပါးကလည်း လမ်းထက်ပိုရှုပ်ပါတယ်.. ဆိုတော့ ဆိပ်ငြိမ်ရာမှာ ကျင့်ရင်းနဲ့ လက်ရှိဘဝထဲမှာ လက်တွေ့အသုံးချဖို့ ဖြည်းဖြည်းချင်းကြိုးစားကြည့်ရင် မဆိုးလောက်ဘူးထင်ပါတယ်.. လက်ရှိဘဝ ကို စွဲလမ်းစရာမရှိတဲ့ ဆရာတော်တွေ ဆိုရင်တော့ တောထွက်သွားလည်းရတာပါပဲ..

      တခါတလေ ကိုယ်ဘာသာရဲ့ အဆုံးအမတွေကြောင့် ကိုယ်ဘာသာဝင်တွေ တလွဲဆံပင်ကောင်းဖြစ်နေတာတွေရှိပါတယ်.. သေချာသဘောမပေါက်တာတို့၊ ကိုယ်လိုရာစွဲယူတာတို့ ကြောင့်လည်းပါပါတယ်..

      ရေးစရာတွေတော့ ရှိသေးတယ် အရီးရေ.. အခုတော့ ဒီလောက်နဲ့ ရပ်လိုက်ဦးမယ်.. 🙂

  • အရီးခင်

    August 16, 2013 at 2:40 pm

    အဲဒီ A ဆိုတာ အေးသီးရစ်စ် ဖြစ်နေတာလားမသိ …. 😉

    • မဟာရာဇာ အံစာတုံး

      August 16, 2013 at 3:17 pm

      သိဝူးးး
      တားလည်း အိုက်ဒါဂျီး သဘောကျဒါနဲ့
      ဆွဲထည့်လိုက်ဒါ .. ဟီးးး
      :mrgreen:

Leave a Reply