Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကာလာကာလ မရဏပဥှာ´´

ခင္ခAugust 27, 20131min57324

“ကာလာကာလ မရဏပဥှာ´´  

 

ခရီးသွားခြင်းများတွင် အခန့်မသင့်မှုနဲ့ကြုံရတဲ့အခါ အသက်တိုခြင်းဆိုတဲ့ ကံကြမ္မာကိုတွေ့ကြုံရတဲ့ သတင်းတွေ ဖတ်နေရတဲ့အခါ စိတ်မကောင်းဖြစ်မိတယ် ဒါကတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်နဲ့ ကြုံရတာမို့ ကံ ကို တာရိုးမယ်ဖွဲ့ရမယ်ထင်ပါတယ်။  အဲဒီမှာကမ္ဘာသုတေသီတွေလေ့လာချက်က အံ့ဩစရာဖတ်ရတယ်။ ခရီးသွား ရင်းထိခိုက်ဒဏ်ရာနှင့် အသက် အန္တရာယ်ဖြစ်ခဲ့မှုတွေမှာ ကားဖြင့်သွားခြင်းကြောင့်ဖြစ်ရတာ အများဆုံးပါတဲ့။ ဒုတိယအများဆုံးက ရထားဖြစ် နေပြီး အများသူဌာစီးရန်ကြောက်ကြတဲ့ လေယာဉ်ပျံကြောင့် သေဆုံးမှုက အနည်းဆုံးလို့ဆိုထားပါတယ်။ အနောက်တိုင်းနိုင်ငံလေဆိပ်တွေမှာဆို လေယာဉ်ကြီးများ ငါးမိနစ်တိုင်း ဝင်ထွက်မှုရှိနေကြပြီး တစ်ပတ်အတွင်း ခရီးစဉ်ထောင်ချီပြီးရှိနေပါတယ် ဒါပေမယ့် တစ်နှစ် အတွင်းလေယာဉ် ပျက်ကျမှုနှုန်းဟာ တစ်ကမ္ဘာလုံး စီးနင်းနေ တဲ့ ခရီးသည်ဦးရေနဲ့ယှဉ်ရင် အလွန်နည်းပါးပြီး ပျက်ကျမှုအကြိမ် အရေဟာလည်း အလွန်နည်းတာကို လေ့လာ တွေ့ကြပါတယ်။ အဲဒီတော့ ကား ရထား ထက်စာရင် ဝေဟင်မှာ ပျံတဲ့လေယာဉ်က ထိခိုက်မှုအန္တရာယ် အနည်း ဆုံးဖြစ်နေပါတယ်။ အဲဒီလို အခန့်မသင့်လို့ မတော်တဆမှု တွေနဲ့ကြုံကြကာ အသက်ဆုံးရတဲ့အခါ သွားလေသူကို သူ့ကံဘဲပေါ့ သူကံကိုက ဒီလောက်ဘဲသက်တန်း ပါရှာတာပေါ့လို့ ဂရုဏာစကားဖြင့် ဖြေသိမ့်တတ်ကြပါတယ်။

ဒါပေမယ့် အခုတလော မြန်မာပြည်မှာ တစ်ချို့မြို့တွေမှာ ပဋိပက္ခဖြစ်ကြလို့ တစ်ဖက်နှင့်တစ်ဖက် အခြေ အနေတင်းမာပြီး အိမ်ရာအဆောက်အအုံတွေမီးရှို့ကြ သတ်ဖြတ်ကြလို့ သေကြရတဲ့သတင်းတွေ ကြားရဖတ်ရ တယ်လေ။

အဲဒီလို သေခြင်းနဲ့ပက်သက်ပြီး ရှင်နာဂသိန်နှင့် မိလိန္ဒမင်းကြီးတို့ရဲ့ အမေးအဖြေပြုခဲ့တဲ့ထဲမှာ အချိန်ကျ၍ သေခြင်း၊ အချိန်မကျ၍သေခြင်း “ကာလာကာလ မရဏပဥှာ´´ အကြောင်းအရာမှာ ခုလိုဆိုထားပါတယ်။

“အရှင်ဘုရား သတ္တဝါတို့သည် သေကုန်၏ သေချိန်ကာလရောက်မှ သေကုန်သလော ထိုသို့မဟုတ်မူကား သေချိန်ကာလ မဟုတ်မူဘဲ သေကုန်သလော´´ ဟု မင်းကြီးကလျှောက်ထားမေးသောအခါ ရှင်နာဂသိန်က

“မင်းကြီး …သင်မင်းကြီးသည် အသီးရှိသော သရက်ပင် သပြေပင် စသော သစ်ပင်တို့၌ အသီးတို့သည် အစိမ်းသော်လည်းကောင်း အမှည့်သော်လည်းကောင်း ကြွေကျသည်ကို မြင်ဖူးပါသလော ထိုအသီးတို့သည် အချိန်အခါရောက်မှ ကြွေသလော အချိန်အခါမရောက်ဘဲလျက်ကြွေသလော´´

“အရှင်ဘုရား အကြင်အသီးတို့သည် မှည့်မှကြွေကုန်၏ အချိန်အခါရောက်မှ ကြွေသည်မည်ကုန်၏၊ တစ်ချို့ အသီးတို့ကား ပိုးထိုး၍ကြွေကုန်၏၊ တစ်ချို့သောအသီးတို့ကား လှံတံဖြင့် ခတ်မိ၍ကြွေကုန်၏၊ တစ်ချို့သော အသီးများကား လေပြင်းခ၍ ကြွေကျကုန်၏´´

“မင်းကြီး… အကြင်သတ္တဝါတို့သည် ဇရာအချိန်ရောက်မှ သေကုန်သည် အချိန်အခါရောက်၍ သေသည် မည်၏၊ တစ်ချို့သောသတ္တဝါတို့သည် ကံနှိပ်စက်၍ သေကုန်၏ ဂတိနှိပ်စက်၍ သေကုန်၏ အမူအရာ နှိပ်စက်၍ သေကုန်၏ ဇရာအိုခြင်းတရားနှိပ်စက်၍ သေကုန်၏ တစ်ချို့က အမိဝမ်းဝ၌ပင် သေခဲ့၏ တစ်ချို့က မွေးကင်းစ၌ သေကုန်သည်၊ အကြင်သူသည် ကာလတိုနှင့်သေသည်မည်၏၊ အကြင်သူသည် နှစ်တစ်ရာရှိ၍သေ၏၊ ထိုသူ အား အခါရောက်၍ သေသည်မည်၏၊

မင်းကြီး … အသက်သည် ထို့ထက်ကာလလွန်စွာရှိသေးလျက် အကာလအချိန်အခါမဟုတ်ဘဲလျက် သေရကုန် သည်ကား ခုနှစ်ပါးသော အကြောင်းကြောင့်သေကုန်၏။

၁။ အစာအဟာရကို မရ ဆာလောင်ငတ်မွတ်၍ သေရခြင်းသည် အသက်ကြွင်းသေးလျက် အခါမဟုတ်သော သေခြင်း(အကာလသေခြင်း)မည်၏။

၂။ သောက်ရေကို မရ၊ နှလုံးခြောက်ကပ်သေခြင်းသည် အသက်အကြွင်းရှိလျက်သေးခြင်းကြောင့် အကာလ သေခြင်းမည်၏။

၃။ မြွေခဲအပ်သည်ဖြစ်၍ အဆိပ်ဖြင့်မွှန်းသောသူသည် ဆေးသမားကိုမရ၍ အသက်ကြွင်းရှိသေးလျက်သေသော် ဤကား အကာလသေခြင်းမည်၏။

၄။ အဆိပ်ကိုစားမိသောသူသည်ကား အင်္ဂ ါကြီးငယ်တို့သည် လောလောပူသော်လည်း ဆေးကိုမရ၍ အသက် ကြွင်းလျက်သေခြင်းကြောင့် အကာလသေခြင်းမည်၏။

၅။ မီးလောင်းသောသူသည် ငြိမ်းစေတတ်သောဆေးကိုမရ၍ အသက်ကြွင်းသေးလျက်သေ၏။ ဤကား အကာလသေခြင်းမည်၏။

၆။ ရေနှစ်သောသူသည် ကိုးကွယ်ဆောက်တည်ရာမရ၍ အသက်ကြွင်းသေးလျက်သေ၏၊ ထိုသေခြင်းလည်း အကာလသေခြင်းဖြစ်၏။

၇။ ဓားလှံထိုးမိသူ ထိခိုက်အနာတရဖြစ်သူတို့ ဆေးသမားကိုမရ၍ အသက်ကြွင်းရှိသေးလျက်သေခြင်း သည်လည်း အကာလသေခြင်းမည်၏။

မင်းကြီး ဤခုနှစ်ပါးသောအကြောင်းတို့ဖြင့် သတ္တဝါတို့၏ သေခြင်းသည် အသက်ကြွင်းကျန်သေးလျက် သေခြင်းဖြစ်သဖြင့် အကာလသေခြင်းဖြစ်သည်´´

တကယ်တော့ အမိဝမ်းတွင်းကကျွတ်လွတ်မွေးဖွားပြီး လူလောကထဲရောက်လာကာ ကြီးပြင်းအသက်ရှင်နေ ကြသူတွေရာနှုန်းပြည့်နီးပါး အသက်ရှည်ရှည်နေချင်ကြပါတယ်။ ကိုယ်တိုင်ပြန်မေးမိရင်လည်း အသက်ရှည်ရှည် နေချင်ကြမှာပါဘဲ။ ဘယ်သူမှဖော်ပြပါခုနှစ်ပါးနဲ့အညီ အကာလသေခြင်းမျိုးနဲ့  မသေချင်ကြတာအမှန်ပါ။ ဒါဆို ရင် မိမိကိုယ်တိုင် အကာလဆိုတဲ့ အချိန်မကျ၍သေခြင်းမျိုး မဖြစ်ချင်မှ သူများကိုလည်း အကာလသေခြင်းမျိုး မကြုံစေဘဲ ကိုယ်နဲ့နှိုင်းယှဉ်တဲ့အတွေးနဲ့ ကိုယ်ချင်းလေးများထားကြရင် ငြိမ်းချမ်းသာရာဖွယ်လူ့ဘောင် လောက တစ်ခုကို ဖန်တီးနိုင်တဲ့သူတွေ ဖြစ်ကြလိမ့်မယ်လို့ ထင်မိပါတယ်။

ဒီနေရာမှာ ဘာသာရေးအယူအဆ လူမျိုးရေးအယူအဆတွေထက် လူတစ်ယောက် လူ့ဘဝကိုရောက်လာတဲ့ စပယ်ယာပတ်မပါသော လူအသက်တစ်ချောင်းကို အသက်ရှည်ရှည် လူ့ဘဝသက်တမ်းစေ့နေသွား ကြစေချင် တဲ့ သဘောလေးဖြင့်တွေးကာရေးတာပါ။

 

 

 

ခင်ခ။

(အတွေးတစ်ခုအတွက် အရေးတစ်ပုဒ်ဖြစ်တည်မှု)

24 comments

  • garfield

    August 27, 2013 at 11:44 am

    ဘယ်နေရာ ဘယ်အချိန် ဘယ်လိုသေချင်တယ်ဆိုတာ ရွေးလို့မရစကောင်းပေမဲ့…..
    ရပ်တည်ရာမရ ရေထဲတော့ လေထဲတော့ သေမှာတော့ လန့်သဗျ။

    သေခြင်းတရားကို ကြောက်တယ်ဆိုတာထက် ……
    ချစ်တဲ့သူတွေနဲ့ ခွဲခွါရမှာ …..
    ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး ….. ဆိုတဲ့ ခံစားချက်နဲ့တော့ ကြောက်မိတယ်။

    သက်ဆိုးရှည်ပြီး အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။

    • ခင် ခ

      August 27, 2013 at 12:02 pm

      “သက်ဆိုးရှည်ပြီး အသက်ရှင်ရတာ ငြီးငွေ့နေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။´´
      အဲလိုမျိုးအချိန်မို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါသေလိုက်တော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်မလား ကိုယ့်ကိုအဲဒီချိန်ကျ ပြန်မေးကြည့် ကျုပ်တော့လုပ်ရဲဖူးနော်။ သတ္တိခဲမလေးကတော့ ပြောတတ်ဖူးလေ။
      ကနဦးကွန်မန့်အတွက်ကျေးဇူးဗျို့။

      • garfield

        August 27, 2013 at 12:23 pm

        အမငိ!!!
        အဲလို တော့ ဘယ်လုပ်ရဲမတုန်းးးးး
        အဲလို အချိန်မျိုးဆို သေရမှာ ကြောက်တော့မယ် မထင်ဘူးလို့ ပြောတာ။ 😀

        • ခင် ခ

          August 27, 2013 at 1:00 pm

          ဪ ဒီလိုလားဗျ။

  • Min Zarni

    August 27, 2013 at 12:09 pm

    ဒီလိုကြီးတော့ မသေချင်ဘူးဗျာ..
    2013: Ma Ailun, a 23-year-old stewardess and bride-to-be from China, was allegedly electrocuted while answering a call using her charging iPhone 4.

    • ဦးကျောက်ခဲ

      August 27, 2013 at 12:27 pm

      ကိုဂီ…
      အဲ့ စီလုတ်မလေးက… အိုင်ဖုန်းအော်ရီဂျင်နယ် ချာဂျာပျောက်သွားလို့…
      လမ်းဘေးက ပေါပေါပဲပဲ စိနတိုင်းထွက် မာလ်တီချာဂျာနဲ့ အားသွင်းနေရင်း…
      ဘက်ထရီ ထပေါက်တာပါတဲ့ခီညာ၊ လျော်ကြေးတောင်မရဘူး…
      🙂

      • Min Zarni

        August 27, 2013 at 12:32 pm

        ဒေါ်ဇာယိတို့ ဒေါ်လီလီကျဲ့တို့ လည်း အိုင်ဖုန်းဖိုးပဲဗျ.. ဒင်းတို့ကျမဖြစ်ဝူး
        လေယာဉ်မယ် ငယ်ငယ်ချောချောလေးမှ ဖြစ်ရတယ်လို့ဗျာ …
        အတော် အကောင်းကြိုက်တဲ့သေမင်းဇုတ်..

        • garfield

          August 27, 2013 at 12:44 pm

          ကိုယ်တို့က ဘုန်းနဲ့ ကံနဲ့ ကွဲ့။
          နောက်ပြီး အားရင် ဖုန်းနဲ့ကြူနေတဲ့ အမျိုးအစားလည်း မဟုတ်တော့ အဲ့လို အန်ဒရယ်တွေ ကင်းတယ်ပေါ့ကွယ်။
          ဖုန်းနဲ့ ကြူကြူတွေပဲ သတိထားကြပါ။

          😀

  • ဦးကျောက်ခဲ

    August 27, 2013 at 12:21 pm

    ဆရာခရေ… ရှင်နာဂသိန်သာ အခုလို ဖွဘုတ်ခေတ်ကိုသာမြင်ရရင်တော့…
    မိလိန္ဒပပဥှာမှာ ” ကောလဟာလ မရဏပဥှာ ” တစ်ပါး ထပ်တိုးလေမလားမသိဘူး…
    🙁

    • ခင် ခ

      August 27, 2013 at 12:56 pm

      ကိုကျောက်ကတော့ လုပ်တော့မယ်ဗျ ကြံကြံဖန်ဖန် အဟုတ်ကို။

  • kyeemite

    August 27, 2013 at 2:22 pm

    ကောင်းပါလေ့..ကောင်းပါလေ့ ကိုခရေ..
    မရနိုင်တဲ့ဆုတောင်းလိုက်အုံးမယ်ဗျို့…
    ဘယ်သူမှ အကာလသေခြင်းဖြင့် မသေကြပါဇီနဲ့ဗျာ… 🙁

    • ခင် ခ

      August 27, 2013 at 2:45 pm

      လူဆိုတဲ့အမျိုးကလည်း အတ္တဝါဒီရှိတတ်ကြတာဆိုတော့ မဖြစ်နိုင်မှန်းသိပေမယ့်လည်း ဖြစ်ပင်ဖြစ်သော်ကြား လိုချင်ဆန္ဒတွေ ဆုတောင်းတွေက ရှိတတ်ကြတာဘဲမဟုတ်လား ကိုကြီးမိုက်ရေ။

  • အလင်းဆက်

    August 27, 2013 at 2:43 pm

    အသက်ရှည်ရှည်….
    အတွေးအခေါ် ရှည်ရှည်နဲ ့…
    နေခဲ့ချင်ပါတယ် ။

  • ခင် ခ

    August 27, 2013 at 2:55 pm

    နေခဲ့ရမှာပါ မောင်အလင်းဆက်ရေ အသက်၁၂ဝကျော်ရှည်စေသော်ဝ်(ဇာတာရေးရင်အဲလိုဘဲရေးတတ် တာဖတ်ဖူးတယ်)

  • အရီးခင်

    August 27, 2013 at 3:04 pm

    ကိုခ ရဲ့ စေတနာအတွေး အရေး လေးတွေကို တကယ်ဘဲ လေးစားပါတယ်။
    လောကကြီးထဲ အသက်ဉာဏ်စောင့် မို့ အရာရာမှာ အများကြီး သတိ နဲ့ နေထိုင် ပြုမူ ကျင့်ကြံ စားသောက် သင့်တာပါ။
    တစ်ချို့ အပိုင်းတွေ က တော့ ကိုယ့်ချုပ်ထိန်းမှု အောက်မှာ မရှိတာတော့ လဲ မတတ်နိုင်ဘူးပေါ့။
    ဒါကတော့ ကံ ကို ပုံချရုံပေါ့။

    ဘာသာရေး အရှုပ်အထွေး တွေ ကတော့ ကိုယ့် ဘာသာ အပေါ် ပညာ မပါဘဲ သဒ္ဒါလွန် နေသူများ (ခွက်ဒစ် တူ ဆြာဇော်သန့်) ကို အသုံးချ ပြီး နိုင်ငံရေး၊ လူမှုရေး အမြတ်ထုတ်နေမှု လို့ သာ မြင်ပါတယ်။

    • ခင် ခ

      August 27, 2013 at 3:35 pm

      အခုကမ္ဘာအရပ်ရပ်က ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေကိုလေ့လာကြည့်ရင် အများဆုံးက ဘာသာရေးနဲ့ လူမျိုးရေးကြောင့်ဖြစ်နေကြတာများတယ်၊ ဒါကလည်း ပဋိပက္ခကိုဖြစ်အောင်ဖန်းတီးနိုးဆွလို့ အလွယ် ဆုံး နိုင်ငံရေးဗျုဟာဘဲလေ။ အဲဒီထဲနစ်မျောဝင်သွားကြတဲ့တိုင်းပြည်တွေဟာ တည်ငြိမ်မှု တိုးတက်မှု ဆိုတာမျိုးတွေ ဖြစ်လာဖို့ဆိုတာထက် ဆုတ်ယုတ်မှုဘဲဖြစ်စေတာကို လေ့လာကြည့်ရင် သိပါလိမ့်မယ်။
      လက်ရှိစီးပွားရေးတိုးတက်နေတဲ့ မြန်မာနိုင်ငံပတ်ဝန်းကျင်က တရုတ် ကိုရီးယား စင်္ကာပူ ဂျပန် စတဲ့နိုင်ငံတွေကိုလေ့လာကြည့်ရင် လူမျိုးရေးဘာသာရေး အစွန်းရောက်ပဋိပက္ခတွေ သိပ်မတွေ့ရဘူးဗျ။ ဒါကြောင့်လည်း တိုးတက်တာဖြစ်မယ်လို့ထင်တယ်။ ဒါတွေကို မြန်မာ ပြည်သူလူထုတွေ နားလည်ကြ ဖို့မြင်တတ်ဖို့တော့လိုနေတဲ့အချိန်ကို ရောက်နေပြီအရီးရေ။ အဲလိုမှမဟုတ်ရင်တော့ မကြာမှီ လာမည် “မျှော်´´

      • kai

        August 27, 2013 at 3:47 pm

        တရုတ် ကိုရီးယား စင်္ကာပူ ဂျပန်တွေက.. ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့… နိုင်ငံတွေဆိုတာလည်း.. ထည့်ပြောသွားပါဦး.. ဦးကြီးခရဲ့..
        ထေရတို့ရဲ့ဝါဒမဟုတ်… ဗုဒ္ဓရဲ့ဝါဒလေးစားလိုက်နာသူများတို့ရဲ့ နိုင်ငံတွေပေါ့… …

        ထေရတို့ရဲ့ဝါဒကိုကိုးကွယ်သူတွေအများစုနေတဲ့နိုင်ငံတွေက..
        သီရိလင်္ကာ၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ယိုးဒယားတို့ပါတဲ့..။
        အဲ.. ယိုးဒယားက.. ထေရာအပေါ်..ဒါမှမဟုတ်..ဘေးယှဉ်ရက်… ဘုရင်ရှိတယ်..။
        ဆိုတော့.. နဲနဲ..ပိုတည်ငြိမ်တယ်..တိုးတက်တယ်.. :mrgreen:

        • ခင် ခ

          August 27, 2013 at 3:56 pm

          အဲဒီမှာ စတွေ့တာဘဲ သဂျီးရေ ထေရဝါဒဗုဒ္ဓဘာသာအယူအဆဆိုပြီး မိမိကိုယ်တိုင် ကိုးကွယ်ကာစည်းကပ်ကြည်ညိုတာထက် သူများအယူအဆကို ပုတ်ခတ်ပြောဆို ဘာသာမတူဒို့ရန်သူဆိုပြီး စိတ်တွေ စိတ်တွေ ဖြစ်လာကြတော့ သဂျီးပြော တဲ့ “ထေရတို့ရဲ့ဝါဒကိုကိုးကွယ်သူတွေအများစုနေတဲ့နိုင်ငံတွေက..
          သီရိလင်္ကာ၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ယိုးဒယားတို့ပါတဲ့..။ ´´
          တွေမှာဘဲ နိုင်ငံရေးဇာတ်လမ်းတွေ ပတ်ရှုပ်နေကြတာလေဗျ။

  • kai

    August 27, 2013 at 3:29 pm

    ကံစိ်တ်ဥတုအဟာရတဲ့…
    အဓိကကတော့.. လူလုပ်လို့ဖြစ်တာတွေဖြစ်ပါကြောင်း….
    ကမ္ဘာတန်းအသက်အရှည်ဆုံးလူတွေနေတာက.. ဂျပန်တဲ့..
    ပျမ်းမျှ ၈၃နှစ်နေတယ်..

    မြန်မာကလူတွေက.. ၆၅နှစ်နေတယ်…

    :mrgreen:
    ===

    List by the World Health Organisation (2011)
    Overall
    rank [4] Country Overall life
    expectancy Male life
    expectancy Male
    rank Female life
    expectancy Female
    rank
    1 Japan 83 79 12 86 1
    1 Switzerland 83 80 4 85 2
    1 San Marino 83 82 2 83 20
    4 Italy 82 80 4 85 2
    4 Singapore 82 80 4 85 2
    4 Iceland 82 81 3 84 9
    4 Andorra 82 79 12 85 2
    4 Australia 82 80 4 84 9
    4 Spain 82 79 12 85 2
    4 Qatar 82 83 1 81 35
    4 Israel 82 80 4 84 9
    4 Monaco 82 79 12 85 2
    4 France 82 78 24 85 2
    4 Sweden 82 80 4 84 9
    4 Canada 82 80 4 84 9
    4 Luxembourg 82 79 12 84 9
    17 Cyprus 81 79 12 84 9
    ..
    138 Myanmar 65 63 144 67 138

    http://en.wikipedia.org/wiki/List_of_countries_by_life_expectancy

    • ခင် ခ

      August 27, 2013 at 3:47 pm

      မှန်တာပေါ့ သဂျီးရေ လူလုပ်လို့ဖြစ်တာတွေဘဲလေ။ ဆိုရိုးစကားတောင်ရှိသေးတယ်မဟုတ်လား
      “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်တဲ့လေ´´။

  • Wow

    August 28, 2013 at 9:18 am

    “ကာလာကာလ မရဏပဥှာ´´ က ဘယ်လို အကုသိုလ်ကြောင့်ဖစ်တာလဲဟင်င်င်….
    ဗေဒင်တွေမေးရင်တော့ ဥပစ်ဒေဒကံပါရင် ရှောင်မရဝူးတဲ့ အဲဒါ လက္ခဏာ၊ ဗေဒင်မှာပေါ်သတဲ့

    • ခင် ခ

      August 28, 2013 at 10:20 am

      Wow ရဲ့အမေးလေးက အတွေးဖြစ်စေပါ၏။ အတိတ်ဘဝက အကုသိုလ်ကံပါလာရင် အခုဘဝမှာ ခံရတတ်တယ်လို့တော့ လူကြီးတွေပြောတာကြားဖူးပါတယ်။ အသေချာတော့လေ့လာစဲမို့ ပြောတတ်ဘူးဗျ။

  • မဟာရာဇာ အံစာတုံး

    August 28, 2013 at 9:54 am

    ဒီသက်တမ်းမှာ …
    အကာလ နဲ့ မသေချင်တာတော့ အမှန်ပဲ …
    ဒေါသတွေနဲ့ ပူလောင်နေရတာကိုလည်း မနှစ်သက်ဘူးရယ် …
    သက်တမ်းစေ့ မေတ္တာ တရားတွေနဲ့သာ ထုံမွှမ်းလို့ နေချင်ပါရဲ့ …
    ကမ္ဘာမှာ မေတ္တာသည်သာ အကောင်းဆုံးသော အရာပါပဲ …။

    ဆိုင်လား .. ဆိုင်ဝူးလားဒေါ့ သိဝူးး
    ပေါဂျင်ရာ ပေါတွားဒယ် ဥဥခင်ခဂျီးရေ့ ….. ဂေ့ ..
    :mrgreen:

    • ခင် ခ

      August 28, 2013 at 10:31 am

      မောင်အံစာတုံး ဘယ်မေတ္တာကိုပြောတာလဲ သတ္တဝါတွေအပေါ် သနားကြင်နာတဲ့မေတ္တာကိုလား
      ကောင်မလေးတွေအပေါ်ထားတဲ့ မေတ္တာကိုလား လို့မေးချင်တဲ့စိတ်ပေါက်မိတယ်။
      ကျုပ်လည်း ပေါဂျင်ရာ ပေါတွားဒယ်။

Leave a Reply