Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖုန်းတော် ကြောင့်…….။

Kyi LwinAugust 30, 20131min5169

မင်္ဂလာပါ။

မန်းဂေဇက်ရွာ သူကြီးနဲ့ တကွ ရွာသူ ရွာသားအပေါင်း ကျန်းမာတော်မူကြပါစ။

မန်းဂေဇက် ရွာ ဆိုလို့ ခု ဒီဖက် အိုင်တီ ခေတ်ကြီးမှာ ပြော ပြော နေကြတဲ့ ကမ္ဘာဟာ ရွာကြီး တစ်ရွာ ဖြစ်သွားပြီ ဆိုတဲ့ စကားလေး ကို သတိရမိသေးတော့ ။ ကမ္ဘာ ပြားပြီလို ဆိုတဲ့ သူကလည်း ဆိုကြသကွဲ့။  နည်းပညာ နဲ့ ဆက်သွယ်ရေးတွေ အင်မတန် မြန်ဆန် တိုးတက်လာတာကို တင်စား ကြသပေါ့လေ။

မှန်သပေါ့။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် အထိ ရွှေတို့ရဲ့ နိုင်ငံမှာ လူ့မလိုင်တွေရဲ့ အဆင်တန်ဆာ တစ်ခု ၊ အဆောင်အယောင် တစ်ခု အနေနဲ့ ရပ်တည်ခဲ့တဲ့ လက်ကိုင်ဖုန်းတွေဆိုတာ ခု ဒီဖက် ၃/ ၄ နှစ်လောက်မျာ မြို့ပေါ်နေ လူတွေ လူတွေရဲ့ လက်ထဲတောင် ၁၀% လောက်ပဲ ကို်င်နိုင်တာကိုး။ ( တန်ဖိုးနည်း ဖုန်းတွေ ချပေးရာမှာလည်း အိမ်ထောင်စု ၂ စု မှာ ပျှမ်းမျှ ဖုန်း ၁ လုံး လောက်ရတာ။ ခွဲတန်းချပေး သည်မှာ  ဖုန်းအလုံးရေ   ( ၅၂.၀၀.၀၀၀) ၅၂ သိန်း မှာ အိမ်ထောင်စုပေါင်း ( ၈၇.၀၀.၀၀၀) ၈ရ သိန်း ကော် အချိုးချ တွက်ကြည့်ပါက အိမ်ထောင်စု ၁.ရ ( ၁ဒဿမ ရ )စု လျှင် မိုဘိုင်းဖုန်း ၁ လုံး သာ ရရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးက ဆိုပါသည်။မြန် မာနိုင်ငံ လူဦးရေ သန်းပေါင်း ၆ဝ နှင့် နှိုင်းယှဉ်ပါက လူဦးရေ ၏  ၈.ရ ရာခိုင်နှုန်း သာလျှင် ဖုန်းသုံးစွဲနိုင်ကြခြင်းဖြစ်သည်။ – 7 Day News, N0. 24)

ရွှေတို့တော့ နည်းပညာခေတ်ထဲကို ရောက်လာပြီ၊ နည်းပညာတွေနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပဟဲ့လို့ ကြွားလုံးထုတ်နိုင်တဲ့ ကာလဖြစ်မလားပဲ။ နိုင်ငံတော် သမ္မတ ကြီးကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်မကိုင်ကြပဲ  လက်တော့ပ် ပြောင်း ကိုင်ကြပါ။ သမ္မတရုံးမှာ လာတန်းစီရင်ပေးမယ်ဆိုလား။

တန်းစီတာ ဆိုလို့ တို့များနေတဲ့ ရပ်ကွက်မတော့ တစ်လ တစ်ခါ မဲနှိုက်ရာ၊ နှိုက်ပါသော်လည်း ပေါက်နိုင်ခဲရှင့်။

နိုင်ငံတော် သမ္မတစေတနာနဲ့တန်ဖိုးနည်း ဖုန်းကတ်များကို ရပ်ကွက်နေ ပြည်သူများအား ၂၀ဝး ၄ဝ ( သိုးမဟုတ်) စ ပေး တုန်းကတော့ ၁၀၀ဝး၁၀ဝ လောက်တော့ပေးထားသေးသပေါ့။

ခုများတော့ အချိုးတွေပြောင်း ကုန်ပြီ။ ရပ်ကွက်တွင်း မှီတင်းနေထိုင်ကြသူများကို  ကြည့်ရှု အုပ်ချုပ်သောရပ်ကွက်ရုံးမှ လူများတော့ မဲမနှိုက်ရ ၊ ခွဲတမ်းရ ၊ မရ မရှိစေရ။ အဲ သို့ပေတည့် အိမ်ထောင်စု တစ်စုလျှင် လျှောက်လွှာ တစ်စောင်ထည့်ခွင့်လား။ အိမ်ရှိ လူကုန်ထည့်ခွင့်လား မသိသော်လည်း လျှောက်လွှာတင်တိုင်း မဲထည့်နှိုက်သဖြင့် တစ်ခါမှ မပေါက်သော အိမ်ထောင်စုများရှိသလို ၊ပေါက်ပြီး ရပြီးသား အိမ်ထောင်စု တချို့ ၂ ခါ ပြန် ပေါက်သည်လည်းရှိ၏။ ( ကံကောင်းပေစွ။) တဖက်က ကြည့်ရင် ပေါက်ပြီးသား ရပြီးသား လျှောက်လွှာများ ပယ်၍ နှိုက်သော် မရသေး မပေါက်သေးသော သူများအတွက် အခွင့်အရေး များများရမည်ဖြစ်ကြောင်း။ သို့သော် မဲနှိုက်ပေးသော ရပ်ရွာလူကြီးများကား ထိုအသိ မသိ ၍ လား သိလျှက်လား ။မလုပ်တာလား။ မလုပ်ချင်တာလား။  လား ပေါင်းများစွာတည်း။

နှစ်ခေါက်ပါ ၊ နှစ်ခါပေါက်သူများကား စေတနာကြီးစွာဖြင့် တကယ်သုံးမည့် သူများကို ၁၅၀ဝကျပ်တန် / တန်ဖိုးနည်းဖုန်းကတ်အား မှောင်ခိုဈေးကွက်ထွင် ဈေးနှုန်းပြင်ပြီးသကာလ CDMA Card – ks.70,000- 80,000/ GSM card 140,000- 150,000/ ဖြင့် ပြန်ရောင်းကာ ကူညီလိုက်ကြလေသောကြောင့် လက်ကိုင်ဖုန်းတကယ်သုံးမည့် သူများအတွက် မုဒိတာပွါးမိပါတယ်။

မှောင်ခိုဈေး မဖြစ်စေဖို့ ဖုန်းကတ် အသုံးမပြုပဲ လက်ဝယ်သိမ်းကာ အမြတ်ကြီးစားမည့် ဘေးမှ ကာကွယ်ရန် ဖုန်းကတ် ပေါက်ပြီး ၂ လ အသုံးမပြုလျှင် ကတ်ကို အသုံးပြုခွင့် ဖျက်သိမ်းမည့်အရေးတွေးတာ လက်ဝယ် သိမ်းထားခြင်းမပြုပဲ စေတနာထား အမြတ်များဖြင့် ရောင်းချနေကြောင်း သိရသဖြင့်  ဆက်သွယ်ရေးဝန်ကြီး၏ ရွှေဉာဏ်တော် စူးရောက်မှုကို  အထူးအသိအမှတ်ပြုရပါကြောင်းရှင်။

သို့ကလိုကြောင့် .. ဝန်ကြီးကောင်းမှု အကြောင်းပြု ၊ ဖုန်း ကတ် ရောင်းဝယ်မှု။

မြောက်ဥက္ကလာပဆေးရုံမှာဆို ဝန်ထမ်းတိုင်း ( တံမျက်လှဲ၊ လူနာတင်လှည်းဆွဲ က စ) ဖုန်း ကတ်တွေ ချပေးလိုက်တာ ..။ လက်ကိုင်ဖုန်းကိုယ်စီနဲ့ တံမျက်လှဲ ၊ တွန်းလှည်း ဆွဲ ရင်း သီချင်း နားထောင်နေတာ အဆင်ကို ပြေလို့..။ လက်ထဲမလဲ ငွေ ၁၀၀.၀၀ဝ လောက်တောင် ပိုက် မိသေးသတဲ့။ ဒါလည်း မုဒိတာပွါးစရာပါပဲ။ မနာလို မရှိပါရှင့်။

သေရေး ရှင်ရေး ရှိလို့မှ ပြောစရာ ဖုန်း မရှိမဖြစ်မို့ မှောင်ခို အားပေး မလုပ်ချင်သော်လည်း ဒီတစ်လ လည်း မဲပေါက်ဖိုအရေး ရေးရေးမှ မမျှော်လင့်တာကြောင့် မဝယ်လျှင် ကိုယ်ပင် မသုံးရတာပဲ အဖတ်တင်မှာမို့  ခေါင်းမမာနိုင်တော့ပဲ လူမိုက်အားပေးလုပ်ရပါကြောင်းရှင်။

ဖုန်း တော်ကြောင့် အမျိုးတွေဆီ ဖုန်းခေါ်ပြီး နံပါတ်ပေးရသည် တမုံ့၊မိတ်ဆွေတွေဆီ ခေါ်ပြီး ဆက်သွယ်ရသည်တမျိုးနှင့် တပါတ် အတွင်း ဖုန်းခေါ်ခ ငွေ ၄၀၀ဝ ကျပ် ကျော်ကျော် ကုန်သွားပြီဖြစ်ပါကြောင်း……။

ဖုန်းတော်ကြောင့် …..ကြွယ်ဝ လွန်ဖီး ၊ဆက်သွယ်ရေး ဝန်ကြီး အဆက်ဆက်။

ဖုန်းတော်ကြောင့်….ဟန်းဆက်နှင့် သီချင်းနားထောင်နို်င်ကြသူများ…။

ဖုန်းတော်ကြောင့် ….အမြတ်ပေးဝယ်ယူ သုံးရသူများ…။

ဖုန်းတော်ကြောင့်….နှစ်ခေါက်ပါ နှစ်ခါပေါက်သူများ…။

ဖုန်းတော်ကြောင့်….မျက်နှာ ပွင့်ကြောင်း  ဆယ်အိမ်ခေါင်း…။

ဖုန်းတော်ကြောင့်…………..။

မန်းဂေဇက် ရွာသူ / ရွာသားများလည်း ဖုန်းတော်ကြောင့် ဆက်သွယ်မှုဧရိယာအတွင်း လူကြီးမင်းနှင့် မတွေ့စေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

စိတ်လက်ချမ်းသာရှိကြစေရာ။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်မြို့။

၃၀.၈.၂၀၁၃

 

 

9 comments

  • အရီးခင်

    August 31, 2013 at 2:03 am

    ဖုန်းတော်ကြောင့် ကြားလား၊ ကြားလား တွေ ကြားမှာ ခန္တီပါရမီ တွေ ပိုပြီး ပြည့်လာပါသေးတယ် မဟုတ်လား။
    😛

  • ဦးကျောက်ခဲ

    August 31, 2013 at 11:59 am

    ဖုန်းတော်ကြောင့်… ကြားလား… ကြားရလားနဲ့…
    အော်ရပါများလို့ လိပ်ထွက်သွားသူဦးရေ တိုးလာတာမို့…
    ဆေးဆြာများလည်း အလုပ်ဖြစ်ပါတယ် ဆိုတဲ့အကြောင်း…
    😀

  • ခင် ခ

    August 31, 2013 at 1:33 pm

    ဖုန်းတော်ကြောင့်
    ရုံးတော်ရောက်
    မြတ်ရင်ပြန်ရောင်း
    လစဉ်ပတ်တောင်း
    ဪ ကောင်းမှကောင်း။

  • အလင်းဆက်

    August 31, 2013 at 1:52 pm

    ဖုန်းတော်ကြောင့်
    ၁၅၀ဝတန် CDMA ဆင်းကဒ်လေးတစ်ကဒ်ကို
    ကိုးသောင်းကျော် ပေး ဝယ် လိုက်ရကြောင်းပါ

    🙁

  • TNA

    September 1, 2013 at 4:23 pm

    ဖုန်းတော်ကြောင့် အခုထိ ၁၅၀ဝ ကတ်မပေါက်သေးပါကြောင်း

  • Ma Ma

    September 1, 2013 at 9:26 pm

    ဘယ်ခေတ်က ထုတ်ပြီး ဘယ်နိုင်ငံတွေမှာ သုံးနေသလဲမသိတဲ့ W CDMA လို့ ခေါ်ကြတဲ့ CDMA 450 Mz ဆိုတဲ့ ဖုန်းတော်ကို GSM တွေ လိုင်းဝင်မကောင်းလို့ မဖြစ်မနေ ဝယ်သုံးပြီးသကာလ……….
    Android ခေတ်ရောက်တဲ့အချိန်မှာ Handset ဝယ်မရတဲ့ ပြဿနာကြောင့်
    တော်……. ဖုန်း 😈

  • Shwe Ei

    September 2, 2013 at 11:36 am

    ဂျီအက်စ်အမ်လေးတကဒ်လောက် ဈေးနှုန်းအမှန် (၁၅၀ဝကျပ်) နဲ့ ရပါစေကြောင်း နေ့တိုင်း ဆုတောင်းပါမီ။

    အိုက်ဂလိုမှမဟုတ်ရင်တော့လဲ လူမိုက်အားပေး ဈေးကြီးပေးရွေ့ ဆင်းကဒ်တခု တသိန်းခွဲနဲ့ဝယ်သုံးနိုင်အောင်
    မစားမသောက်ဘဲ စုပါတော့မီ

    သခင်မျိုးဟေ့ ဒို့ဘားမန်း …ေိေိ

  • kyeemite

    September 2, 2013 at 11:52 am

    ဖုန်းတော်ကြောင့် ငွေကုန်တော်မူပါဂျောင်းးး 😈

  • cobra

    September 2, 2013 at 3:36 pm

    ဖုန်းတော်ကြောင့်ရပ်ကွက်လူကြီးများ
    အတင်းပြောခံရပါကြောင်း
    ပေါ်တင်အပြောခံရပါကြောင်း
    အခန့်မသင့်ရင် အဆဲပါခံရပါကြောင်း

Leave a Reply