တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း)
ဒါနဲ့ ကျွန်တော်လည်း အမြင့်ပိုင်း ကနေ ကြည့်လို့ ရအောင် တဲပေါ်ကို တက်ပြီး တဲေ.ရှ ကပြင် ကနေကြည့်တယ်။ ထုံကြီးလည်း ကျွန်တော့ နောက်က အပြေး လိုက်တက် လာတယ်။ အသံ လာရာကို ကြည့်ပေမဲ့ မြင်ကွင်းက သစ်ပင်တွေ ကလွဲလို့ ဘာမှ ထူးထူးခြားခြား မမြင်ရဘူး။ ထုံကြီး က ကျွန်တော့ နားကပ်ပြီး အီနေတာက ကျွန်တော့ အတွက် ပိုပြီး ချောက်ချား စေတယ်။ လာကွာ ထုံကြီး အောက်ဆင်းမယ် ဆိုပြီး အောက်ရောက်တော့ သွေးရဲလာအောင် အကြောက်ပြေအောင် ခပ်မြန်မြန်လေး သောက်မိတယ်။ ငါးကြော် ကို ခေါင်းပိုင်းတွေ ဖဲ့ပြီး ထုံကြီး ကို ကျွေးတယ်။ ပြီးတော့ ထုံကြီး ကို ထမင်းကျွေး နေရင်း အသံ တွေ ပျောက်သွားတာကို သတိထား လိုက်မိတယ်။ စားပြီးရင် ငါ့ နားမှာပဲနေ ဘယ်မှ မသွားရဘူး ကြားလား လို့ ပြောပြီး ဆက်သောက်နေမိတယ်။ ပြန်လာမဲ့ သူတွေကိုလည်း မျှော်လင့် ကြီးစွာ စောင့်နေမိသေးတယ်။ ဒါပေမဲ့ တစ်ယောက်မှ ပေါ်မလာဘူး။ ဒီလိုနဲ့ ကျွန်တော် တဲအောက်မှာ အိပ်ပျော် သွားတယ်။
မနက်လင်း အိပ်ရာနိုးတဲ့ နေရာက တဲပေါ် က ကျွန်တော့ အိပ်ရာမှာ ဖြစ်နေတယ်။ ည က တစ်ယောက်တည်း စွတ်သောက်တာ တော်တော်မူး သွားတယ်။ လွင်မိုး တို့ ဦးညိုမောင် တို့ ပြန်ရောက်လာပြီး နေရာေ.ရွှ သိပ်တယ် အထင်နဲ့ တဲ အောက်နဲ့ တဲပါတ်ဝန်းကျင် မှာ ရှာကြည့်တယ်။ မတွေ.ဘူး ။ ညက တစ်ယောက်မှ ပြန်ရောက် မလာကြဘူး။ ညက အကြောင်းတွေ တခုချင်း ပြန်စဉ်းစားတယ် ။ တဲအောက်မှာ အိပ်ပျော်ခဲ့တာပဲ စဉ်းစားလို့ ရတယ်။ ဒါနဲ့ တစီတတန်းကြီး တွေးနေမိပြန်တယ်။ အဲဒီ အတွေး တွေ ထဲမှာ ညည ဦးညိုမောင် ရဲ့ မစ်တာပို့ အမျှဝေတဲ့ ညအချိန် ၌ ကျင်လည်ကျက်စားကြကုန်သော ဆိုတဲ့ဟာလည်း ပါတယ်။ ဒီတခါတော့ ဦးညိုမောင် ကို သေသေချာချာ မေးရမယ်လို့ စိတ်ထဲမှာ တေးထားလိုက်တော့တယ် ။
—” ဦးညိုမောင် ၏ ကိုယ်တွေ. အဖြစ် အပျက်များ”
ဒါကြောင့် ဒီတောကို ရောက်လာတဲ့ သူတိုင်း ကို ထူးထဲဆင်း ရေချိုးရင် ဒေါက်စလင်း ( ကိုယ်တုံးလုံးချွတ်) မချိုးကြပါနဲ့လို့ ပြောနေရတာ ။ ဒီတောထဲမှာ မိန်းမတွေ အများကြီး ရှိတယ် ။ငါ ဒီတောထဲမှာ နေလာတာ (၁၃) နှစ် ရှိပြီ ။ ပြောရရင် တော့ အများကြီး ။ ဟိုတုန်းက ငါဒီတောကို ရောက်ချိန်က အရက်လုံးဝ မသောက်ဘူးကွ ။ ခုလို သူများ အသက် တွေလည်း မသတ်ဘူး။ ဒါပေမဲ့ ခု ရွာမှာရှိတဲ့ ငါ့အဖေက ” အဖေ က ဟင်းကောင်းကြိုက် – သားက ဘုရား သမား ” လို့ ပြောလာတာနဲ့ ငါစပြီး တောပစ် ထွက်ခဲ့တာ ။ အရက် ပြန်သောက်ခဲ့တာ ။ အဲဒါတွေ မလုပ်ခင် ကပေါ့ကွာ — တရက် ဒီတောမှာ ငါတစ်ယောက်တည်း နေမကောင်းဖြစ်နေခဲ့တယ် ။ ညရောက်တော့ ငါအိပ်ပျော်နေချိန် ငါ့နား နားကို ကပ်ပြီး မိန်းမ တစ်ယောက်က “အိပ်ဖို့ လာတာ” လို့ပြောတယ်။ ငါလည်း မျက်လုံး အတင်း ဖွင့်ကြည့်ရတယ်။ ခပ်တောင့်တောင့်ထဲကပဲကွ။ မှောင်နေတော့ မျက်နှာတော့ ကောင်းကောင်းမြင်ရဘူး။ ငါလည်း မထချင်တော့ လှဲနေရင်းကပဲ အိပ်မှာဆို ဟိုထောင့်မှာ စောင်ခေါင်းအုံးတွေ ရှိတယ်အိပ်လို့ပြောလိုက်တယ်။ သူလည်း ဘာမှပြန်မပြောပဲ အိပ်တယ်။ မိုးလင်းခါနီးတော့ ငါတဲအောက်ကို အပေါ့စွန့်ဖို့ ဆင်းတယ်။ သူက အိပ်တုန်းဗျာ ။ အဲ ငါလည်း တဲပေါ် ပြန်တက်လာတော့ မရှိတော့ဘူးဟေ —- ။ ဆင်းစရာက လှေကားပဲရှိတာ။ ငါမသိ လိုက်တာပဲထားဦး ငါ့ကိုတော့ နှုတ်ဆက်ရမှာပေါ့။ တဲကခွေးတွေကလည်း ည-မနက် လုံးဝမဟောင်ဘူး။ လူ မဟုတ်ဘူး။ ငါ့လည်း ကြောက်အောင်လန့်အောင် မလုပ်ဘူး ဆိုပြီးတွေးလိုက်တာ တနေကုန် အတွေး မပြတ်ဘူး။
နောက်တကြိမ် ကြုံရတာက ငါတစ်ယောက်တည်း ခါးအရမ်းနာနေတဲ့အချိန် ။ တဲပေါ်မှာ နေ့ခင်းဘက် အိပ်ပျော်နေတုန်း အိပ်မက် ထဲမှာ ၁၆-၁ရ နှစ် အရွယ်ချောချောလှလှ ခလေးမနှစ်ယောက် တဲပေါ်ရောက်လာပြီး ခါးနာနေတာကိုပျောက်အောင်နင်း ပေးဖို့ လာတာ။ အဝတ်တွေ အားလုံးချွတ်ပါလို့ ပြောတယ်။ ဟာ ဖြစ်ဘူး ။အကုန်လုံးတော့ ချွတ်နိုင်ဘူးလို့ ပြောတော့ ခလေးမနှစ်ယောက်က အတင်းဆွဲ ချွတ်တယ်။ ပြီးတော့ ငါ့ကို ဆွဲမှောက် လိုက်ပြီး နှစ် ယောက်လုံးတက်နင်းတယ် ။ ငါက နာမယ် လို့စိတ်ကထင်လိုက်ပေမဲ့ မနာတဲ့အပြင်အနင်း ခံလို့ကောင်းလိုက်တာကွာ။ အိပ်မက်ထဲမှာ အနင်းခံနေတုန်း အိပ်ချင်လာပြီး အိပ်မက်ထဲမှာ ထပ်အိပ်ပျော်သွားတယ် ။ အိပ်ယာကနိုးတော့ နေတောင် အတော်စောင်းနေပြီ ။ ခါးနာတာလည်း သက်သာလာတယ် ။ထမင်းလည်း ကောင်းကောင်းစားဝင်တယ် ။ နောက်နေ့ မနက် လူကောင်းအတိုင်းဖြစ်လာပြီး ခါးနာပျောက်သွားတယ်ကွာ။
နောက်တကြိမ် ငါတစ်ယောက်တည်း မဟုတ်ဘူးဟေ့ ။ ချင်း (နာမည်မေ့) နဲ့ငါ ညနေဝင်ရီတရောအချိန် တဲေ.ရှ ကပြင်မှာ ထိုင်နေတုန်း ဟိုေ.ရှ က နေရာမှာ မိန်းမတွေ သွားလာနေတယ်ဟေ—- ချင်း က ညိုမောင် ဘာတွေလဲ လို့ ကြောက်ပြီး ငါ့ကို မေးတော့ မကြောက်နဲ့ အဲဒါ အကောင်းတွေလို့ငါပြောတယ်။သူ လာတဲ့ အချိန်ကျရင် မေးသာကြည့်။ နောက်တခု က ငါ့တဲမှာ မဟုတ်ဘူး။ ဟိုတောင်ဘက်က အင်ဂလိပ်တောင်မှာ ။ တောင်ရဲ့ အနောက်ဘက်မှာ လေယဉ်ကွင်းဟောင်းလည်းရှိတယ်။ ဟိုနေ့ က ငါ ရှားသား သွားခုတ်တဲ့ နေရာက လေယဉ်ကွင်းဟောင်းပေါ့ကွာ။ ဒို့ အဖွဲ့တွေ အင်ဂလိပ်တောင်မှာ ညဘက် စခန်းချပြီး အိပ်နေတုန်းမှာ အနားနား ကပ်ပစ်လိုက်သလိုမျိုး သေနတ်သံက ဒိုင်း ကနဲ ကွာ။ လူကုန် လန့်နိုးတယ်။ ဘာမှတော့ မတွေရဘူး။ ဦးတင်မြင့် ကျွန်းတော နားက ဟင်းငုပ်ပွင့်ပင် သိတယ်မလား ? အဲဒီနား က ငါရတဲ့ ကျည်ခွံကြီးတွေဆို အကြီးကြီး တွေကွ။ အဲဒီနားမှာ တောင်ဘက်မြောက်ဘက် ကုန်းတွေပေါ်ကနေ နောက်က လိုက်လာတဲ့ ဂျပန်တပ်ကို ညပ်တွယ်တယ်ပြောတယ်။
ဒီနေရာမှာ အတိတ်က ဆက်စပ်မှုတွေ ဘယ်လိုရှိတယ်တော့မသိဘူး။ ကိုယ်တုန်းလုံးချွတ်ရေချိုးတာရယ် အရက်သောက်တာရယ် မကြိုက်ဘူးကွ။ ငါ ဦးတင်မြင့် နဲ့ အရက် သောက်နေတုန်း ဟေး ညိုမောင် ဟေး ညိုမောင် လို့ နှစ်ခွန်း အော်ခေါ်တာ ငါကော ဦးတင်မြင့်ကော ကြားတယ်။ အဲဒီ နောက်ပိုင်း က စပြီး ငါတော့ မကြုံရ မကြား ရတော့ဘူး။ ပြောရရင် တော့ တခြားလူတွေ တွေ.တာ ကြုံတာတွေက ပြောမကုန်ဘူးဟေ့။ ကြောက်စရာတော့ မဟုတ်ပါဘူး — သူတို့က အကောင်းတွေပါလို့ ပြောပြီး ဦးညိုမောင် လည်း သူလုပ်စရာ ရှိတာတွေကို စလုပ်ပါတော့တယ်။ ကျွန်တော့ အတွေး ထဲမှာတော့ အိပ်မက်ထဲ က ညီအမ နှစ်ယောက်မျက်နှာကို မြင်ယောင်နေမိပါတော့တယ်။
ဖတ်ရှုအားပေးကြသူများနဲ့ မန့် ပေးသူ ၊ အနီရောင် ချစ်သူများကို ကျေးဇူးပါ။( အကိုခင်ခ ရဲ့ လက်ဆောင် လိုချင်လို့ ကြိုဖားထားတာ။)
ရဲရင့်လှိုင်
23 comments
ဦးကျောက်ခဲ
September 3, 2013 at 9:45 pm
ပြီးသွားပြီဆိုတော့ မန့်မယ်ဗျာ… နီကြစေသတည်း…
ဒါမျိုးက တောထဲမှာ နေဖူးကြသူများမှ ကြုံဖူးကြ လက်ခံကြတာခင်ဗျ…
သူ့အရပ်နဲ့သူ့ဇာတ်မို့ ရောက်လေရာအရပ်မှာ ဓလေ့ထုံးစံအတိုင်း…
လိုက်နာရတာပဲလေ… မယုံလို့ကလည်းမရ…
🙂
YE YINT HLAING
September 3, 2013 at 10:04 pm
ပထမဆုံး မန့်ပေးတဲ့ ဦးကျောက် နဲ့ အနီရောင် ချစ်သူ လေးကို ကျေးဇူးပါ။ “ဒါမျိုးက တောထဲမှာ နေဖူးကြသူများမှ ကြုံဖူးကြ လက်ခံကြတာခင်ဗျ…”အဲဒါ အမှန်ပါပဲခင်ဗျ!
ခင် ခ
September 3, 2013 at 11:24 pm
အဲဒီတောက အရှက်ကြီးပုံဘဲ ကိုလုံးတီးရေချိုးရင်မကြိုက်လို့လေ
ဟဲ့ ပလုပ်တုတ် အနီများမျှော်ရတယ်လို့
ကျုပ်ဖြင့်မီးပွိုင့်နီတာမိရင်တောင်စိတ်တိုချင်မိပါရဲ့
YE YINT HLAING
September 4, 2013 at 7:45 am
အနီများမျှော်ရတာ ၂၁ ရက်အတွင်း အနီရောင် ဖက်ရှင် ပြိုင်ပွဲကြောင့်လေ။
KZ
September 4, 2013 at 8:11 am
အဲဒီတောမျိုး ရွာက အမျိုးကောင်းသားများကို စုပြီး လွှတ်။
ပြန်လာရင် ကြုံလာတဲ့ အတွေ့အကြုံကို သိချင်သားဗျ။
ဖတ်လို့ကောင်းလိုက်တာ။
စိတ်ဝင်စားတယ်။
ကိုယ့်ကြုံဖို့ ဝေးတဲ့ အတွေ့အကြုံမျိုးမို့။
😀
YE YINT HLAING
September 4, 2013 at 6:42 pm
“ဖတ်လို့ကောင်းလိုက်တာ။
စိတ်ဝင်စားတယ်။”
ဂလိုလေး မြင်လိုက်ရတော့ ပျော်သွားတယ်။ အားပေးတဲ့ စကားလေး အတွက် ရီးရဲလီး ကျေးဇူးပါဗျာ။
အဘ ဖားသက်ပြင်း
September 4, 2013 at 8:14 am
မှန်ရာပြော ယုစ်သန်ဒါတင်နဲ့ညားရပါဇီရဲ့
နီချင်နီ စိမ်းဂျင်စိမ်း အဘတို့ကတော့ သယဲမကြောက်ဝူးရယ်
(မကြုံဖူးသေးလို့လားတော့မသိပါ)
YE YINT HLAING
September 4, 2013 at 6:57 pm
“မှန်ရာပြော ယုစ်သန်ဒါတင်နဲ့ညားရပါဇီရဲ့”
ရန်သူတွေ ဖြစ်ကုန်မယ်နော — ဟင်း ဟင်း
kyeemite
September 4, 2013 at 8:56 am
စိတ်ဝင်စားစရာပဲဗျ..ဖတ်လို့ကောင်းပါတယ်
ကျုပ်တော့မကြုံဖူးဘူးဗျာ…ယုံဖို့လည်းခပ်ခက်ခက်ပဲ 🙁
YE YINT HLAING
September 4, 2013 at 7:04 pm
ကျေးဇူးပါ ဦးကြီးမိုက်။ ဟုတ်ပါတယ် ယုံဖို့လည်းခပ်ခက်ခက်ပါပဲ ။
kai
September 4, 2013 at 1:58 pm
ဂျပန်ရယ်.. ကိုယ်တုံးလုံးချွတ်ရယ်ဖတ်မိတော့.. ဆရာကြီးမောင်ထင်ရဲ့.. ” ငဘ” ဝတ္ထုထဲက. နို့ကလေး၂စုံ( ၁စုံလားမသေချာ)ကို သတိရမိတယ်..
ဂျပန်တွေ သံဖြူဇရပ်မှာချွေးတပ်ဆွဲလမ်းဖေါက်ခိုင်းနေတုံး.. ဂျပန်စစ်ဘိုတချို့နဲ့.. ပျော်ပါးနေထိုင်တဲ့.. ဂျပန်မ (နို့ကလေး၂စုံ)ဆိုတော့.. ၂ယောက်ကို.. ချွေးတပ်သား ငဘက ချောင်းတဲ့အကြောင်းလေးပေါ့…။
ဂျပန်တွေ ကိုယ်တုံးလုံးချွတ်ရေချိုးတာရယ်ကို.. အဲဒီမှာစရေးတယ်ထင်မိတာပဲ…
ဂျပန်ရောက်လို့.. ဂျပန်တွေအကြောင်းနည်းနည်းဖတ်မိ.. တီးခေါက်မိမှ… မြန်မာပြည်စစ်မျက်နှာတောထဲ.. စစ်နဲ့အတူခေါ်လာတာ.. ဂျပန်မတွေမဟုတ်(မဖြစ်နိုင်) ပဲ.. ကိုရီးယားနဲ့စိနပြည်က (အရပ်သား)မိန်းမတွေဖြစ်နိုင်မှန်း.. သိမိတယ်..။
သူတို့တွေကို.. အတင်းအဓမ္မဖမ်းပြီး.. ရှေ့တန်းရောက်ဂျပန်စစ်သားတွေကိုဖြေဖျော်ခိုင်းတာလေ…။
အင်မတန်ကြောက်စရာ.. အဖြစ်ဆိုးကြီးပေါ့…။
အဲဒါလေး.. သမိုင်းလှန်.. အမှန်တည့်လိုတာဖြစ်ပါကြောင်းနဲ့.. နောက်ဆို.. တော်နက်ထဲမိန်းမလှတွေ့ရင်.. မြို့ခေါ်လာနိုင်ပါက.. ဆုတော်ငွေရမည်ဖြစ်ပါကြောင်း..
ဘဆွေ
September 4, 2013 at 6:24 pm
သဂျီး…. တောနက်တဲ့မိန်းမတွေ ဖမ်းလာပေးရင်ကော ဆုရမှာလား…း)
YE YINT HLAING
September 4, 2013 at 7:15 pm
ဆရာကြီးမောင်ထင် ကလည်း နှစ်ယောက်ဆို နှစ်ယောက်ပေါ့ ။ မြို့ခေါ်လာ ပြီးမှတော့ ဆုတော်ငွေ လိုချင်တော့ပါဘူး ။
အလင်းဆက်
September 4, 2013 at 6:05 pm
အစ လည်း ဖတ်ပြီးပြီ
အဆုံးလည်း ဖတ်ပြီးပြီ။
စိတ်ဝင်စားအောင် ဆွဲခေါ် လာနိုင်တဲ့အရေးအသားကိုပဲ ချီးကျူးအားကျမိပါကြောင်းးး
အကြောင်းအရာကိုတော့ ဖတ်ရုံသက်သက် သာ
🙂
ဒါနဲ ့ ကျနော့်ကွန်မန့်ဆို နီဖို့များတယ်ဗျ
အဟိ
🙂
YE YINT HLAING
September 4, 2013 at 7:18 pm
ချီးပဲ ကျူးနော် — ရဲရဲတောက် လေးတွေ တွေ.ရသေးဘူးဗျ !
Crystalline
September 5, 2013 at 9:12 am
ဦးကျောက်စ်တစ်ယောက်ကလွဲရင်အကုန်နီနေတယ်.. တစ်ခုခုတော့တစ်ခုခုပဲ 🙂
ကိုရဲရင့်လှိုင်ကတော့ အမူးလွန်တော့ မသိစိတ်ကလုပ်တာကို မမှတ်မိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ကိုယ်လည်းဖြစ်ဘူးတယ်.. ကိုယ့်အိမ်ဧည့်ခန်းကနေဘယ်လို အိပ်ရာပေါ်ရောက်လာမှန်းကိုမသိတာ.. သင်ခန်းစာရပြီးတစ်ခါတည်းကိုမှတ်သွားတယ်..
ဦးကျောက်ခဲ
September 5, 2013 at 4:09 pm
ဟမ်မယေး… ခါတိုင်း အမြဲလာ အနီပေးကြတာ…
ဟင်းချက်ပို့စ်၊ အလှုပို့စ်တောင် မချန်ဘူး…
ကျောက်စ်ကို ရွဲ့ သွားကြတယ်နဲ့ တူပါရဲ့… အား ဟိ
😀
YE YINT HLAING
September 5, 2013 at 9:07 pm
“အမူးလွန်တော့ မသိစိတ်ကလုပ်တာကို မမှတ်မိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ” တစ်ယောက်ထဲ စွတ်သောက်ခဲ့ တာဆိုတော့ ဒါလည်း ဖြစ်နိုင်ပါတယ်။
ခင် ခ
September 5, 2013 at 3:46 pm
5.9.13 – 3:44 PM မှတ်တမ်းထား (၁၂) ခု။
YE YINT HLAING
September 5, 2013 at 9:09 pm
ဒါဆို အနီရောင်ချစ်သူများ ဆုလက်ဆောင် ရနိုင်တာပေါ့နော —
ခင် ခ
September 5, 2013 at 10:39 pm
ရနိုင်တဲ့ အခွင့်အရေးလမ်းပေါ်မှာတော့ ရောက်နေပါတယ်။ ဒါပေသိ ရက်ကကျန်နေသေးတော့ ပထမ ဘယ်သူလည်းလို့ ပြောလို့မရသေးပါဘူး။ ကိုရဲရင့်လှိုင် ကျန်နေသေးတဲ့ ပိုမိုရှင်းရက်အတွင်း ဆက်ရေးတင်လို့ အခုလိုမျိုးထပ်တွေ့ရင် ဒီပိုစ့်မှတ်ထားတဲ့ အရေတွက်ကို ဆက်ပေါင်းသွားမှာပါ။ ဒါကြာင့် ဒီ ၂၁ ရက်အတွင်းမှာ ပိုစ့်များများရေးတင်ကြဖို့ လိုပါတယ် ဒါတောင် အနီကရအုံးမှနော်။ မနက်ဖြန်တော့ ပိုစ့်တင်ပြီထပ်ရှင်းပြပါအုံးမယ်ဗျ။
โทรศัพท์มือถือ
September 6, 2013 at 12:44 am
Zသိန်း ဆိုဒေါ့ အစအပိုင်းတွေရှိအုံးမယ်ထင်….
ခေါင်းဇင်လေး ကြည့်ပြီး စိတ်ဝင်စားလို့ ဝင်ဖတ်တာ ဘာရယ်တော့ ဇာပ်ရေလည်ပါဘူးဗျာ…
ဒီပို့စ်ထဲမှာပြောထားတဲ့ ကောင်မလေးတွေနဲ့တွေ့တယ်ဆိုတဲ့ တောထဲကိုတော့ သွားချင်သားဗျာ…..
YE YINT HLAING
September 6, 2013 at 7:50 am
ဇတ်ရည်လည်အောင် အစကနေ ပြန်ဖတ်လေဗျာ ။ သွားချင်ရင်တော့ လမ်းညွန်လိုက်မယ်လေ။ ဂွီ