ဗီးနပ်စ်၏ ကျိန်စာ….ဒဏ္ဍာရီထဲက သစ္စာ
ကြယ်ပြောင်တစ်စင်းကြွေသည်
ဝင်းကနဲ……ဖိန့်ဖိန့်တုန်တိုင်းပြည်တခုလုံးမှ ပန်းများ.အချိန်အခါမဟုတ်.ပင်လုံးကျွတ်မျှပွင့်သည်…..
ဓါးလှံလက်နက်များ အလျှံတပြောင်ပြောင် အရောင်ထွက်သည်…
ပန်းရနံ့များ တစ်တိုင်းပြည်လုံး သင်းပျံ့နေသည် နိမိတ်လက္ခဏာများ ကအံ့ဩကုန်နိုင်ဖွယ်…
အိုလံပတ် တောင်ထိပ် နတ်ဘုရားများ ပွက်ပွက်ထနေသည်…
” ဟင်..ချောမောလှပခြင်း.ရဲရင့် တည်ကြည်ခြင်း.လက်ရုံးအစွမ်းသတ္တိကို အစိုးရသော လူသား..တပါး..ပေါ်ထွန်းမည်..ဟုတ်စ ”
” ထိုသူငယ်အရွယ်ရောက်လျှင် ဗီးနပ်၏အသဲနှလုံးကို သိမ်းယူသောအစွမ်းရှိလတံ့ ဟုတ်စ ” အံ့ဩမှုဖြင့်…ပြူးကျယ်သော မျက်လုံးအစုံတို့ဖြင့်. အလှတရားနှင့် .ချစ်ခြင်း ကိုအစိုးရသော နတ်သမီး ဗီးနပ်က ရေရွတ်သည်…
တဆက်တည်းပင် အလှမာနကိုထိပါးလာသော နိမိတ်အတွက် တဆက်တည်း ကျိန်ဆိုလိုက်သည်….
” သူ့ကိုအကယ်လို့သူမအား .ပြန်မချစ်ပါက ထိုသူ၏ဘက်ဘက်ရင်အုံ .လေတိုက်ယုံနှင့်နာကျင်ပြီ .ထိရုံနဲ့…ဇိကုန်ပါစေ.”
——————-။——————–
လူပြည်တွင်လည်း အုံးအုံးကျွတ်ကျွတ်နှင့် ပြောဆိုနေရာမှ မင်းနားသို့ပေါက်ကြားသည့်သကာလ ဖိန့်ဖိန့်တုန်.ပြည့်ရှင်မင်းမြတ်မှာ.
.သွေးပျက်စိုးရိမ်ထိတ်လန့်ပြီး. ယဇ်ပရောဟိတ်များနှင့်တိုင်ပင်လေတော့သည်
” မစိုးရိမ်ပါနှင့်…ဘုရား .ရွှေနန်းကိုထိပါးမည့်သူမဟုတ်ပါဘုရား ”
” တိုင်းပြည်ကိုအရေးကြုံလျှင် ကယ်တင်မည့်…လူစွမ်းကောင်းတပါးသာလျှင်ဖြစ်ပါသည်..ဘုရား….” ဟု ဟူးရားညိုတပါးကလျှောက်တင်သည်
.ပြည့်ရှင်မင်းမြတ်က….
” ဟေ…သို့ဆိုလျှင် ဓါးလှံလက်နက်များ.အဘယ်ကြောင့်..အလျှံတပြောင်ပြောင်…အရောင်ထွက်သနည်း ” ဟူသောအမေးကို.
“‘ လက်နက်ပေါင်း…တစ်ရာတစ်ဆယ့်နှစ်ပါးကို ..အစိုးရသောသူဖြစ်ပါလိမ့်မည်..”‘ ဟုလျှောက်တင်လေသည်….
————————–။———————–
နှစ်ပေါင်း 20 နှစ်ကြာသော်……..
“” လာပြန်ပလား..ခုနပဲ အပရိုဒိုက် လာညောင်နေလို့ ဆဲပေးထားတယ်… “”
“‘ အေသီနာကလဲ စပီကင်သင်ပေးမယ်..ဇွတ်လုပ်နေလို့စိတ်ညစ်ရတဲ့အထဲ “”
” အာ…မချစ်နိုင်ဘူးသွား အချွန်တွေအတက်တွေနဲ့…နတ်သမီး..စိတ်မဝင်စားဘူး မျက်နှာကလဲ လေယဉ်မယ်ကျနေတာပဲ ..ပြောင်ပြောင်..ပြောင်ပြောင်နဲ့ ”
smoky ရိုက်မပျက်ပြန်အပြောတွင်……ဗီးနပ်နတ်သမီး…ဆွေ့ဆွေ့ခုန်သွားသည်….
” သယ်..စစ်မှန်သောချစ်ခြင်းကို..မတွေ့မချင်း…သင့်အပေါ်ထားရှိသော…ကျိန်စာတည်နေပါစေ ” ဟု နာနာကျင်ကျင်..ရေရွှတ်ရင်း…
ပျောက်ကွယ်သွားသည်…..
————————–။————————
ငယ်ရွယ်သလောက် ချောမောခန့်ညားပြီး…….လက်စွမ်းလက်နထက်မြတ်လှသော….အနှီလူသားငယ်မှာ…..ဖိန့်ဖိန့်တုန်တိုင်းပြည်၏တပ်မတော်တွင်…
ရာထူးအဆင့်ဆင့်ကို…နှစ်နှစ်လီလေးဖြင့်…ရရှိပြီးသကာလ ယခုဆိုလျှင်….
.စစ်သေနာပတိချုပ်အဖြစ်…တာဝန်ထမ်းဆောင်နေသည့်.ထိုအချိန်တွင် ဖိန့်ဖိန့်တုန်မင်းမြတ်နတ်ရွာစံသဖြင့်…
ဘုရင်မ ဝင့် အရိုက်အရာဆက်ခံလေသည် အလှအပအရာ၏ အထွတ်အခေါင်..
..အရပ်ရပ်နေပြည်တော်ကျော်ချင်တိုင်းကျော် နေသော
ချောမောလှပလွန်းသော .ပြည့်ရှင်ဘုရင်မ.ဝင့်..၏ ဂုဏ်သတင်းကြောင့် 12 ပြည်ထောင်မင်းများ…စုစည်းထားသော..
.ဘူးထွား လူမျိုးစု တပ်မတော်ကြီးသည် ဖိန့်ဖိန့်တုန်တိုင်းပြည် ကိုဝန်းရံထားသည်
” စစ်သော်လည်းထိုးမည်လော. အရှင်မသော်လည်း .နှင်းမည်လော .” ဟုရာဇသံကို ပေးပို့လာသည်….
အရေးတော်ပုံကြုံပါပြီ.
—————————–။————————
တိုက်မောင်းသံတို့ဆူညံနေသည်……စနစ်တကျစီတန်းထားသော..စစ်သူရဲတို့က…..စစ်သေနာပတိကြီး…ဆောရိုး….
ကိုအထင်ကြီးအားကိုးသောအကြည့်ဖြင့်ကြည့်နေသည်…….
ခေါင်းကိုမော့လိုက်သည် အံကိုကြိတ်လိုက်သည် .ဆောင်ဓါးကိုဘယ်လက်မှကိုင်ပြိး..
..ချပ်ဝတ်ဆင်ထားသော…လက်စွဲတော်မြင်းပေါ်သို့..ခုန်တက်ပြီး..မာန်သွင်းလိုက်သည်…..မြင်းနက်ကြီးသည်…ရန်သူ့စစ်တပ်အတွင်း…
ညို့မှလွတ်သော…မြားသဖွယ်
အရင်းမှရိတ်လှဲခံရသော ကောက်ပင်များသဖွယ် ရန်သူစစ်သည်များ..အတုန်းအရုန်း
”…အာ….အား…တေပါပြီဂျ…” ……”’ မသာ.သောက်ရမ်းလုပ်တာပဲ.” နာနာကျင်ကျင်..အော်ဟစ်သံများက …စစ်မြေပြင်အနှံ့….မှထွက်ပေါ်လာသည် ရဲရင့်သော…ဘူးထွားလူမျိုးစု သူရဲကောင်းများ..မြေပြင်အနှံ့…လဲကျသေဆုံးသည်မှာ မြင်မျှမကောင်း
.ဘုရင်များ၏ဆယ်တစ်လုံးမြောက် ဦးခေါင်းကို .ဖြတ်ယူပြီး အမျိုးသမီးအိမ်သာကျွင်းအဟောင်းထဲသို့ ပစ်သွင်းပြီးသကာလ….
ဘူးထွား.စစ်သည်များ…ဝါးအစည်းပြေသလို.ပွက်ဆိပ်တွင်း ရေဝင်သလို .သွေးပျက်ထိတ်လန့်နေသည်
စစ်တလင်းတခုလုံး တစ်ဦးတည်း…ဝင်ဖဲ့ပစ်သော စစ်သေနာပတိကြီး…ဆောရိုး.ကိုရေလည်လန့်ဖျပ်နေသည်….
တစ်ဦးထဲကျန်သော ဘုရင်တစ်ပါးမှာ. .ခြောက်အိပ်မက်ဖြင့် .နိုးတဝက်အိပ်တဝက်ဖြစ်နေစဉ်တွင် လျှပ်ပြတ်သလို..
..မြန်ဆန်ပြင်းထန်သော. .ပါဝါ…ဓါးချက်တွင်…ဦးခေါင်း…လွင့်စဉ်ထွက်သွားသည် သို့သော်…သွေးရူးသွေးတန်း…ဖြစ်နေသာ..
.လက်တစ်ဖက်က .စစ်သေနာပတိကြီး ဆောရိုး ၏ ဘယ်ဘက်ရင်အုံကို. လက်ညိုးကလေးဖြင့်…ရှပ်ထိသွားသည်.
တစ်ကိုယ်လုံးမှာသံမဏိကဲ့သို့ ဓါးလှံတိုးမပေါက်သော်လည်း.နူးညံ့သိမ်မွေ့လွန်းသော အချစ်တည်ရှိရာ လက်ဝဲဘက်ရင်အုံသည်..
…ထိရုံမျှဖြင့်….စစ်သေနာပတိကြီး.ဆောရိုး..ဇိကုန်လေသည်။
———————————။——————————-
စစ်သွေးစစ်မာန်တက်ကြွနေသလောက် သူရဲကောင်းကိုတန်ဖိုးထားတတ်သော….ဘူးထွား..စစ်သည်များကလည်း….ကျန်ရစ်သော ကိုယ် ကို .ကောင်းမွန်စွာသယ်ဆောင်ပြီးဖိန့်ဖိန့်တုန်တိုင်းပြည်၏ဧကရီ…ဘုရင်မဝင့်ရှေ့တော်မှောက်အရောက်.ပို့ဆောင်ပြီး
အရှုံးပေး…နှုတ်ဆက်…ထွက်ခွာသွားကြသည်
ထိုတွင်….ချောမောခန့်ညားလွန်းသော….စစ်သူကြီး..ဆောရိုးကို ….အနှစ်နှစ်အလလ တစ်ဖတ်သက်…တိုးတိုးတိတ်တိတ်ချစ်ခင်နှစ်သက်ခဲ့သော…ဧကရီဝင့် ..ရေလည်ကြေကွဲသည်..
..မျက်ရည်တောက်တောက်ယိုသည် …( ဤနေရာတွင် မွေထိုင်း နောက်ခံတီးလုံးထည့်မည်..အာဟိ.)
ရင်ဘတ်ကိုထုထုပြီး..ငိုကြွေးရင်းက..ခိုင်မြဲတည်ကြည်သော သစ္စာစကားကိုဆိုလိုက်သည်
” ကျွန်တော်မျိုးမသည် အရွယ်ရောက်ပြီးကတဲက စစ်သူကြီး.ဆောရိုးကိုသာ…တစ်ဖတ်သတ်ရေလည် စွဲလန်းချစ်ခင်မိပါသည်
.သူ့အပြုံးတွင်..ရင်တခုလုံးကျဆုံးယုံမျှမက သူမရှိလျှင် မနေနိုင်ပါ. သူ့ကိုသာ အသက်နှင့်ရင်းပြီး..
တစ်ဖတ်သတ်..ချစ်မိပါသည်…ပြန်လည်နိုးထလာပါက..အရင်လိုမနိုင်စားတော့ပါ..ပိကျိပိကျိမလုပ်တော့ပါ..ရှော့ပင်မကြာမကြာမထွက်တော့ပါ
.မစွာတော့ပါ ဂျီမတိုက်တော့ပါ ဆရာလည်းမလုပ်တော့ပါ .ကော်ဖီမှန်မှန်ဖျော်တိုက်ပါမည်…မိုင်းဆဲဗင်း တစ်ပါတ်နှစ် ဗူးတိုက်ပါမည်…ဤမှန်ကန်သောသစ္စာစကားကြောင့် စစ်သူကြီး.ဆောရိုး…ပြန်လည်နိုးထလာပါစေ ”
သစ္စာစကားအဆုံးတွင်. လျှပ်စီးလက်သည် တစ်လောကလုံး…လင်းထိန်သွားသည်….လမင်းဆယ်စင်း…ပြိုင်တူလင်းပြီး…
ချစ်ခြင်းတစ်ခုကို ဂုဏ်ပြုသည်
ထို့အပြင်…..
ပျိုတိုင်းကြိုက်သော…..နှင်းဆီခိုင်…စစ်သူကြီးဆောရိုး …ဘယ်ဘက်မျက်လုံး…ရှန်တိန်လေး…ပွင့်လာသည်
———-
———–
————
(ငါ့ဟာငါရေးတဲ့ဇတ်..ငါမင်းသား အာဟိ )
————————–ပြီးပါပြီ….
10 comments
KZ
September 16, 2013 at 12:24 pm
ကတောက်။
ဘီးနတ် က ကျိန်ကတည်းက ဘယ် သစ္စာစကားနဲ့မှ ကျိန်စာမပြယ်အောင် လုပ်ပစ်ခဲ့ အေးရော။
😀
sorrow weaver
September 16, 2013 at 12:28 pm
ပုံတွေအယ်ဘမ်လိုက်ပို့ပြီး ကြွားမှာနော်…အဟီး …
Wow
September 16, 2013 at 1:16 pm
ကိုယ်ထင် ကုတင် မပုတင်ဂျီးပေါ့ကွီ
ဗုံဗုံ
September 16, 2013 at 3:29 pm
(ပျိုတိုင်းကြိုက်သော…..နှင်းဆီခိုင်…စစ်သူကြီးဆောရိုး …ဘယ်ဘက်မျက်လုံး…ရှန်တိန်လေး…ပွင့်လာသည်) တွင်… ဧကရီဝင့်မှ ကိုင်ထားသော ဓားမြှောင်နှင့် အားကုန်..ထိုးစိုက်လိုက်လေတော့သည်…ဒန်..တန်..တန်
sorrow weaver
September 16, 2013 at 4:11 pm
လုပ်မနေဘူး…လုပ်မနေဘူး ဆိုမှ လုပ်မနေဘူး ….ကိုကိုရယ်…ကြွေတယ်..ဆိုပြီး ..တိုးခွေ့ဝင်လာတာ..ဘာမှလဲမသိပဲနဲ့ … အာဟိ….
အလင်းဆက်
September 17, 2013 at 8:13 pm
လူတိုင်းဟာ..
ကိုယ့်ဘဝ ဇာတ်ထုပ်ထဲမှာတော့…
မင်းသားပါပဲ..ကွယ်..။
အဟိ ။
ကျွန်တော်ဆို…ကိုယ့်မျက်နှာ ကို မှန်ထဲ ပြန်မြင်တိုင်း…
အောင်ရဲလင်းလေးလို.ချောလိုက်တာ….လို ့ပဲ..ထင်နေတုန်း…
:kwi:
ခင် ခ
September 18, 2013 at 9:47 pm
ကိုယ်ရေးတဲ့ဇာတ်လမ်းမှာ ကိုယ်ဘုရင်ဘဲပေါ့နော်
sorrow weaver
September 19, 2013 at 11:41 am
ဦးခ..ဟုတ်ပါ့ဂျာ..ဘုရင်က တစ်ပြားမှ မလျော့ဘူး….အာဟိ….
lele kyi
September 19, 2013 at 9:24 pm
ကျနော်မျိုးမသည်…..ဘလာဘလာာာ…သည်။ ပြန်လည်နိုးထလာပါက အရင်လို မနိုင်စားတော့ပါ။ မြောက်ပင့်ပြီးသာခိုင်းစားပါမည်။ ပိကျိပိကျိမလုပ်တော့ပါ။ ဝူးဝူးဝါးဝါး ပဲအော်ငေါက်ပါတော့မည်။ ရှေ့ပင်မကြာမကြာ မထွက်တော့ပါ။ အလုပ်ဆင်းတိုင်း မောလ် ဝင်ပါတော့မည်။အထုတ်ထမ်းဖို့လူလိုသည်။ မစွာတော့ပါ။ရန်ပဲတွေ့တော့မည်။ ဂျီမကျတော့ပါ။ ဂျစ်တိုက်စိတ်ကောက်ပါမည်။ ဆြာမလုပ်တော့ပါ ကျောင်းအုပ်ကြီးပဲလုပ်ပါတော့မည်။
ကော်ဖီမှန်မှန်ဖျော်တိုက်ခိုင်းပါမည်။ ကြမ်းတစ်ပတ်နှစ်ခါတိုက်ခိုင်းပါမည်။အိမ်သာရေချိုးခန်းပြောင်လက်အောင်ဆေးခိုင်းပါမည်။
အီမှန်ကန်သော သစ်စာစကားကြောင့်…ဟဲဟဲ။။ ဘယ်နှယ့် တာယာဝီဝါ ပြန်လည်နိုးထချင်သေးလားဟင်င်… 🙂
sorrow weaver
September 20, 2013 at 9:47 am
နတ်သမီးတစ်သန်းနဲ့ တမလွန်မှာ လက်များတောင်မအား….တနားလို့ ပြန်လာတာကို …အဲ့မျိုးဈေးကိုင်လို့ကတော့ …ကိုကိုရယ်ဆိုပြီး ..အာပြဲကြီးနဲ့ငိုလဲ အဖက်မျှပင်တစိမှလုပ်မည်မဟုတ်…အာဟိ