အချစ်တခုသေဆုံးခြင်း ( ငယ်ငယ်တုန်းက ရေးတဲ့ကဗျာ )
”ဘယ်ကပြန်လာတာလဲ ”
”ချစ်ခြင်းရဲ့မြစ်တစင်းကပါ ”
”ဘာတွေ့ခဲ့လဲ”
”သေလောက်အောင်ကြည်တောက်နေတဲ့ မျက်ဝန်းရဲ့ ကျိန်စာ ”
”မင်းလက်ထဲက နတ်သမီးထောင်ချောက်လား ”
”ဟင့်အင်း….ကိုယ့်ကိုကိုယ် ပြန်ခတ်မိတဲ့ ..သံခြေကျင်းတစ်ခုပါ ”
”မင်းရှေ့မှာကြွေတဲ့..ကြယ်စင်တွေရော ”
”ကျွန်တော်လိုချင်တာ…လမင်းပါ ”
”နိုင်ငံခြားက ပြန်လာတဲ့ ..ကြယ်တံခွန်ရော ..”
”အင်း…သူကကြယ်သေပါ …”
”ဘယ်သွားအုံးမလဲ ”
” နက်ရှိုင်းလျို့ဝှက်တဲ့ …ပင်လယ်ဆီကိုပါ ”
” ဘာလုပ်မလို့လဲ ”
” တိတ်ဆိတ်ခြင်းကိုသွားသင်မလို့ ”
” မင်းဘေးက စေ့စပ်ညှိနှိုင်းသူလား..”
” ဟင့်အင်း…သေမင်းတမန်ပါ ”
” ဒါဆို…မင်းက ”
” သေပြီလေ …”
12 comments
အလင်းဆက်
September 16, 2013 at 1:22 pm
မြင်တွေ ့နေကျ ကဗျာ ပုံစံထဲက ခွဲထွက်ထားတဲ့
ဒီကဗျာလေးကို
တော်တော် ကြိုက်မိတယ်ဗျာ
ဆယ်ရီရယ်လစ် ဆန်တဲ့ ကဗျာတွေကို ကြိုက်တယ်
ဒီကဗျာလိုမျိုး စကားပြော / နိမိတ်ပုံပါးပါးလေးနဲ့ ရေးထားတာကိုမြင်တိုင်းး
ကျွန်တော်လည်း ကဗျာ ရေးချင်လာတယ်
ရေးချင်တယ်
ဒါပေမယ့် မရေးတတ်ဘူး
ဒီတော့ ဖတ်ပဲ ဖတ်တယ်
sorrow weaver
September 16, 2013 at 1:36 pm
ငယ်ငယ်တုန်းက အားကျခဲ့တဲ့ ကဗျာကဝေတစ်ပါးရဲ့ ရေးဟန်တွေ လွမ်းမိုးနေခဲ့တယ်ဆိုတာတော့ ဝန်ခံပါရစေ …..လူဆိုတာ ခံရကာမှ..ဖွင့်ဟထုတ်ဖော်တတ်လာတာကလား …အဟီး
ဗုံဗုံ
September 16, 2013 at 3:36 pm
”ဘယ်ကပြန်လာတာလဲ ”
ဈေးကပါ
”ဘာတွေ့ခဲ့လဲ”
သေလောက်အောင်ဈေးကြီးတဲ့ ကန်စွန်းရွက်
”မင်းလက်ထဲက နတ်သမီးထောင်ချောက်လား ”
ဟင့်အင်း ကြွက်ထောင်ချောက်
”မင်းရှေ့မှာကြွေတဲ့..ကြယ်စင်တွေရော ”
သိဘူးလေ..ကြယ်ကတစ်ကယ်ကြွေလို့လား
”နိုင်ငံခြားက ပြန်လာတဲ့ ..ကြယ်တံခွန်ရော ..”
သူ့အိမ်မှာ ရှိမှာပေါ့
ဘယ်သွားအုံးမလဲ ”
ရုပ်ရှင်သွားကြည့်မလို့
ဘာလုပ်မလို့လဲ ”
ဇာတ်ကားကောင်းတယ်ဆိုလို့ပါ
မင်းဘေးက စေ့စပ်ညှိနှိုင်းသူလား..”
ဟင့်အင်း ငါကြောက်ရတဲ့ ငါ့အဖေ
” ဒါဆို…မင်းက ”
ငါက နတ်သမီး
sorrow weaver
September 16, 2013 at 4:04 pm
ဘေးကလုံ …ရေးတာပိုမိုက်၏ 🙂
lele kyi
September 17, 2013 at 11:18 am
”ဘယ်ကပြန်လာတာလဲ ”
“မြောက်ဖျားရဲ့ ဂန်တဝင် ခါကာဘိုရာဇီ တောင်ထိပ်က”
”ဘာတွေ့ခဲ့လဲ”
“မျက်ဝန်း အစုံမှိတ်လိုက်တာတောင်မှ..ငါ့နှုတ်ခမ်းထောင့်စွန်းတွေကို
ကွေးညွတ်စေလောက်တဲ့..စိမ်းလန်းလွတ်ပျံ ့ခြင်းတွေ”
”မင်းလက်ထဲက နတ်သမီးထောင်ချောက်လား ”
“သောကတွေနဲ့ ရက်လုပ်ထားတဲ့ ..အဖြူရောင် နတ်သမီးခြုံလွှာ
နှင်းဆီ တစ်ပွင့်ပါ”
”မင်းရှေ့မှာကြွေတဲ့..ကြယ်စင်တွေရော ”
“ငါ ကောင်းဆီကို ပြန်ပစ်ပေးမှာပါ”
”နိုင်ငံခြားက ပြန်လာတဲ့ ..ကြယ်တံခွန်ရော ..”
“ငါ အခု နာဆာကို ဖုန်းခေါ်နေတယ်.. အလည်လွန်နေတဲ့ ကြယ်တံခွန် တွေ့ပြီလို့”
“ဘယ်သွားအုံးမလဲ”
“တိတ်ဆိတ်ခြင်းတွေ အလုအယက်ထွက်ပြေး..နှင်းဆီတွေ အစီအရီပွင့်မဲ့
ချောက်ကမ်းပါးရံ အစွန်းတစ်ဖက်ဆီကို”
“ဘာလုပ်မလို့လဲ”
“နတ်သမီးရှေ့ ဒူးထောက်..ကဗျာတစ်ပုဒ် ခပ်ဖွဖွ ရွတ်ဖို့”
“မင်းဘေးက စေ့စပ်ညှိနှိုင်းသူလား..”
“ဟင့်အင်း….နာဆာ က လွှတ်လိုက်တဲ့..ဗိုယေဂျာပါ….”
” ဒါဆို…မင်းက ”
“ကျနော်လား………
နာဆာမှ နံပါတ်ဝမ်း နတ်သမီး မုဆိုးပေါ့..”
lele kyi
September 17, 2013 at 4:24 pm
🙁
ပြန်ဖတ်တော့ ” ကောင်းကင်” မှာ “ကင်” ပျောက်နေရော။
sorrow weaver
September 18, 2013 at 11:12 am
လူများတွေရေးတာလေးဖတ်ရတော့ ..ကိုယ့်လက်ကိုယ်ဖြတ်ပစ်ချင်တီ …အဟင့်
ခင် ခ
September 18, 2013 at 9:38 pm
ကလောင်ကိုင်သောလက်ကိုမသတ်ကောင်းပါတဲ့
sorrow weaver
September 19, 2013 at 11:39 am
ဦးခရေ..တားကို အားငယ်အောင် ဝိုင်းလုပ်တာဂျ 🙁
kyeemite
September 17, 2013 at 11:49 am
စူ့ ထက် စူ လူစွမ်းကောင်းတွေချည်းပါလားဟေ့.. :))
ဦးကြောင်ကြီး
September 18, 2013 at 9:08 am
ခြစ်တခုသေဆုံး
မျှစ်အတုခြေမှုန်း
သစ်ခရုခွေပုန်း
ဗျစ်စပြုနေလုံး..
sorrow weaver
September 19, 2013 at 11:54 am
ဦးကြောင်ကြီးရဲ့ ကော်မန့်ကဗျာလေးတွေ အလွန်ကြိုက်ပါတီ 🙂