ဒါ ဖတ်ပြီးမှ .. ကဗျာပြခန်းသို့ ဝင်ပါ
ကဗျာကို ကျွန်တော်နားမလည်ပါ ။ အထူးအားဖြင့်ဆိုရသော် မော်ဒန်ကဗျာများကို ပို၍နားလည်ခြင်းမရှိပါ ။ ဤသို့ဆိုလျှင် ကာရန် နဘေထပ် ကဗျာများအား နားလည်ပါသလား ဟုဆိုလျှင်လည်း နားမလည်ဟုသာဖြေရပါလိမ့်မည် ။
သို့ပါသော်လည်း ….. ကျွန်တော်သည် ဂဇက်ရွာ ကဗျာပြခန်းသို့ရောက်ခဲ့ပြန်သည် ။
ကျွန်တော်နားမလည်သော မော်ဒန်ကဗျာများ၏ ဆုံဆည်းရာ ပြခန်းဝသို့ ဝင်လျှင် ဝင်ခြင်း စံပယ်ရနံ့လေး သင်း လာ၏ ။
စံပယ် တော့ ကျွန်တော့ကိုချော့ပြီထင်သည် ။
နံရံပေါ်၌ နှစ်ရာကျပ်တန် စံပယ်ပန်းလေးကိုတွေ့ရသည် ။
စံပယ်သည် ကျွန်တော့ကို ညိုှ ့သည်။
ကဗျာနာမည်က စပယ်မျှားခြင်းဖြစ်သော်လည်း အမှန်စင်စစ်အားဖြင့် ကျွန်တော် အမျှားခံလိုက်ရခြင်းပင် ။
စံပယ်ချိတ်တွင်ကျွန်တော်ငြိသွားလေသည် ။ လမ်းမပေါ်တွင်ဖြတ်လျောက်သော ၁၁ ယောက်မြောက်လူသားသည် ကျွန်တော်ဖြစ်ပြီး စာကလေးလှောင်အိမ်ပေါ်ကချသောကြိုးတွင် စံပယ်နှင့်အတူ ပါသွားခဲ့လေသည် ။
ချစ်သူကိုဦးစွာနမ်းခွင့်ရသည့် လေပြေညှင်းကို အားကျမိသော သူတစ်ယောက်ကိုတွေ့ရပြန်သည်။
အားကျသည်ဟု ဆိုသော်လည်း အချစ်၏နောက်ကွယ်၌ မှိန်ဖျော့နေသော မေစ္ဆရိယစိတ်ကို ချစ်စဖွယ်တွေ့ရပြန်သေးသည် ။
ကြည်နူးဆွပ်ပျံ ့ဖွယ် ခံစားမိရင်း ပြုံးမိသည် ။
သံယောဇဉ်အထိအတွေ့ကို ရုန်းထွက်မရသူ၏ ကျေနပ်နှစ်သိမ့်မှုကို ခံစားရင်း ကျွန်တော်လမ်းဆက်လျောက်မိလေသည် ။
ကလေးငယ်တစ်ယောက်၏ လွတ်လပ်မှုကို ပြန်တွေးမိစေခဲ့သည် ။
ပြောင်းပြန်စီးစေသော မြစ်တစ်ခုကိုတောင့်တခြင်းနှင့်အတူ ကကြီး ခခွေး ပြန်ရေးချင်နေသောသူတစ်ယောက် ….။
======================================
ဟုတ်တယ်အဖွား … ကျွန်တော် တက္ကသိုလ်တက်တော့ အိမ်ကပေးတာ ၃၅ဝ ကျပ်ပါ။
အဆောင်ဖိုး ထမင်းဖိုး .. ကျောင်းလခ..
ဂိုးရှိုးစတိုးကိုသွား ..
လှည်းတန်းက ညလုံးပေါက်လက်ဘက်ရည်ဆိုင်မှာထိုင် ..
တောင်ငူဆောင်ကန်တီးမှာ ကျောက်ချ …
အပိုအလိုမရှိ လောက်ငှ တယ်အဖွားရေ …
၈၈ နောက်ပိုင်း
ခေတ်တွေလည်းပြောင်း
ကောင်းလာသလားဆိုတော့
ကျွန်တော့် လခ တစ်သိန်းခြောက်သောင်း
မိန်းမလည်းဈေးဖိုးမရ
ကလေးလည်း ကျောင်းထားမရ …
လူမှုရေးစားရိတ်လည်းမက
ကျွန်တော် စိတ်ညစ်တယ်အဖွား ရေ ….
အဖွား ၏ တချိန်က ကုန်ဈေးနှုံးကိုဖတ်ပြီး ကျွန်တော် လွမ်းမိသည် ။
တိုးတက်လာသည့်ကုန်ဈေးနှုံးသည် လိုက်မမီအောင်အရှိန်ပြင်းလွန်းနေသည် ။
ကျွန်တော်တို့ကရော ဘာတွေများတိုးတက်ခဲ့ပါသနည်း ။
လောင်ကျွမ်း ပြာကျ နိဂုံးချုပ် ချင်သူတစ်ဦးကို ကျွန်တော် အားမပေးတတ်တော့ပါ ။ကျွန်တော်လည်း ထို့နည်းတူ လောင်ကျွမ်းခဲ့ဖူး၏ ။
အသံမဲ့တိုက်ခတ်လာသော လေပြေရိုင်းတို့တွင် အဆိပ်ရနံ ့ပါလေဦးတော့ ကျွန်တော် ရှူရှိုက်မိမှာမလွဲ ။
ကျွန်တော်စိတ်ကူးယဉ်မိသည် ။ ခါးသောလေတို့ကို ဝါးမြိုသောက်သုံးရင်း
ချိုသောအတွေးများ ဖြစ်လာမလား ….။
အော်သံတွေကြားရသည် ။ မပီမသအသံများနောက်၌ လှုပ်ရှားရုန်းကန်မှုတချို့ …။
ကျွန်တော့် ရင်ဘတ်ထဲ လှိုင်းတံဘိုးများထလာသည် ။ပြင်းပြသောအသက်ရှူသံ၏နောက်ကွယ်တွင် နာနာကျည်းကျည်း ညည်းညူသံများ….
နင့်နင့်သီးသီး ရှိုက်ငင်သံများ …..
ထားခဲ့ ….ထားခဲ့… ထားခဲ့တော့ ….
အဝေးဆုံးကို ပြေးထွက်….
ငါ .. ဒီည ခေါင်းကိုက်နေတယ် ….
=====================================
ချစ်သူ ရှိသောသူတို့ အတွက် အရာရာသည် လှပနေပါလိမ့်မည် ။
မိုးပြိုသည်ဖြစ်ဖြစ် …. ကမ္ဘာပျက်သည်ဖြစ်ဖြစ် …
ချစ်သူသည်သာ ဖန်ဆင်းရှင်ဖြစ်ပေလိမ့်မည် ။
အရာရာပြီးပြည့်စုံနေလိမ့်မည် ။
ကြွားသည်ဟုမမြင် … ကြည်နူးစိတ်ပင်ဖြစ်မိသေးသည် ။
အိမ်မက်ရွာတွင်တစ်ထောက်နားမိသည် ။
ဘာသာစကားမတူသော်လည်း ရင်ထဲကိုရောက်အောင်ပို့နိုင်သော ဖွဲ့စည်းပုံ အသုံးအနှုးံ စကားလုံးတို့ကိုအံဩငေးမောရင်း…..
ထိူသူနှင့်အတူ အိမ်မက်သံစဉ်များကြား လွင့်မျောမိနေသေးသည် ။
Dream … Dream.. go away …
ကြိုးစားပါဦးမည်
ရာမည
23 comments
လုံမလေးမွန်မွန်
September 20, 2013 at 12:11 pm
ဲကဗျာချစ်သူအပေါင်းတို့..ဒီကိုလာကြည့်ကြပါ…
ရာမည
September 20, 2013 at 12:12 pm
ကိုရင်ဒညင်းဝက်က ကဗျာတွေအကြောင်း ကွန်မန့်ပေးပါဆိုလို့ …
ပို့စ်ပါ တင်လိုက်မိတယ်
ကဗျာဆရာများ စိတ်မရှိပါနဲ့ခင်ဗျ ..
အလင်းဆက်
September 20, 2013 at 12:14 pm
ပြခန်း ၉ ထဲက ကဗျာ တွေနဲ့ ပက်သက်ပြီး
ဒီလိုလေး ရေးလိုက်တော့လည်း
တမျိုးဆန်းတဲ့ ရသမြောက် အက်ဆေးလေးလိုပါပဲလားဗျ
ကဗျာပြခန်းထဲက ကဗျာ ရေးသူတွေတော့
ဒီပိုစ့်လေးဖတ်ပြီး ကြည်နူးမိမယ်ထင်တယ်။
ကျွန်တော်တောင် ကျွန်တော့်ကဗျာထဲက စကားလုံးလေးတွေထည့်ပြီး ဝါကျ တစ်ကြောင်းဖွဲ့ထားတာလေးမြင်ရတာ
ကျေနပ်မိတယ်ဗျို့ ။
ကဲ ကျွန်တော့်ကဗျာက
ဘယ်ကဗျာလဲ ?????
:kwi:
Mahar Myanmar
September 20, 2013 at 1:28 pm
ကိုဒညင်း ဝက် ..
ခေါင်း ကိုက် နေသလား လို့ ပါ ဗျာ..
ကျွန်တော့ အကြိုက် ထဲမှာ ရှေ့ဆုံး ကပဲ ..
စံပါယ် မျှား တာ လည်း ဝင် မျှား လိုက် ချင် ရဲက ဗျာ…
ပြုံးပြုံး ကလေး နဲ့ ပေါ့…
အားပေးတယ် ဗျာ…
ကဗျာ ဆရာ ေ ဖါ်တာ
လေးယောက် ပဲ ရတယ် လေ
ဒညင်းဝက် ထိပ်ဆုံး ကပေါ့
အလင်းဆက်
September 20, 2013 at 4:36 pm
ကျွန်တော်
ခေါင်းမကိုက်ပါဘူး ။
🙂
ဒါပေမယ့်
လောကကြီးထဲမှာ
အခုတလော
နေလို ့ထိုင်လို ့မကောင်းဘူး
KZ
September 20, 2013 at 12:20 pm
ပြခန်း ကို စိတ်ဝင်တစား တဖက်တလမ်းက ဒီလိုကူညီတဲ့ အတွက် ကျေးဇူးပါ။
🙂
Mr. MarGa
September 20, 2013 at 12:31 pm
ကိုရင်ရာမညရေ
ကဗျာပြခန်းကို ဒီလို တဖက်တစ်လမ်းကနေကူညီလို့
ကဗျာချစ်သူ တစ်ဖွဲ့လုံး (အဲ ပြောသာပြောတာ အကုန်လုံးနီးပါး မန့်ပြီးပဟ ) ကနေ ကျေးဇူး အထူး တင်ပါတယ်ဗျ။
တစ်လက်စတည်း ပြောရမယ်ဆိုရင်
ကဗျာပြခန်းကို ကဗျာ ပို့ဦးဗျာ
တစ်ပုဒ်ထဲနဲ့ ရပ်မနေနဲ့
ရာမည
September 20, 2013 at 12:42 pm
ကျေးဇူးပါ ကဗျာအဖွဲ့သားများခင်ဗျာ
ကဗျာတချို့ ကျန်ခဲ့တာစိတ်မကောင်းပါ
ကျွန်တော်မျက်စိရှန်းသွားတာခွင့်လွှတ်ပါ။
ကျွန်တော့် အဆင့်က အက်ဒစ်ပြန်လုပ်လို့မရပါသဖြင့် နောင်များ ြြပြခန်းတွင် မှ ……
Mahar Myanmar
September 20, 2013 at 1:17 pm
ကဗျာ ပြခန်း တစ်ခု ပြီး တိုင်း ပို့စ် တစ်ခု အနေ နဲ့
ကဗျာ တိုင်း ကို ..ခံစား ဝေဖန် ပေး တာ.သင့်ပါတယ်
..ကောင်းကောင်း
ဆိုးဆိုး ဝေဖန် ထောက်ပြစေချင် ပါတယ် ..
အများ ကလည်း လက်ခံ ကြမှာ ပါ….
နောက်ပြခန်း တိုင်း အတွက် လည်း ဆက်လက် ရေးဖို့
တောင်း ဆို ပါ တယ် …
ကဗျာ ပြခန် း ကို ကို အရောင် တင်ပေးသူ အဖြစ်
အသိအမှတ် ပြု ချီးကျူး ပါတယ် ဗျာ…
ခင်တဲ့
မဟာမြန်မာ
အလင်းဆက်
September 20, 2013 at 1:23 pm
ဟုတ်ပါတယ်။
ဒီလို ကဗျာပြခန်းနဲ့ပက်သက်ပြီး
ဝေဖန်တာပဲဖြစ်ဖြစ်
ခံစားတာပဲဖြစ်ဖြစ်
ရေးသားတင်ပြပေးတာကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်
နောင်လည်း ရေးပါဦး နော့
kyeemite
September 20, 2013 at 1:37 pm
ဒါမဖတ်ခင်ထဲက ပြခန်းထဲဝင်ပြီးဗုတ်ခဲ့ပြီ
ဒါပေမဲ့လည်း ကိုရာမည ကဗျာညွှန်းလေးကိုလည်း ဝင်ဖတ်သွားပါဂျောင်း…
Mahar Myanmar
September 20, 2013 at 1:38 pm
ကျွန်တော် လည်း ရေးချင် ပါတယ် ဗျာ..
ကဗျာ တွေ ဖတ် ပြီး ကိုယ်တိုင် ခံစား မိတဲ့ ခံစား ချက် ကလေး ကို
အဂတိ ကင်းကင်း နဲ့ ပေ့ါ.. အခု တော့ မအား ဘူး ဗျာ..
ဂျီးတော် ကေဇီ…ထမင်း ဆိုင် က တစ်ပါတ် စာ ချက် ေ နတာ
အခု ထိ မပြီး သေး ဘူး…လစာ က ဘယ် လောက် ရမယ် မသိဘူး..
အလုပ် ကတော့ ချွေးပြန် နေရော ပဲ…
အော်… ကေဇီကေဇီ …..ခရေဇီ ခရေဇီ…
KZ
September 20, 2013 at 1:44 pm
ဟယ်။
ချက်နေတုန်း လားးးး
ဟိဟိ.။
ရေးပြီးရင် ပို့လိုက်နော်။
အသောက်သမားတွေ အတွက်ရောနော်။
ဟွန့်။
နာ ကေဇီ က နေ ခရေဇီ ဖြစ်ရင်တော့ လစာ မပေးတော့ဘူးးး
:kwi:
Mahar Myanmar
September 20, 2013 at 2:21 pm
အကြမ်း ချက် ပြီး ပြီ…
ဆား မဆလာ ဖြူး ရဦး မယ် လေ..
ဂျီးတော် ခရေဇီ လည်း ..
လိုသလို ကြိုက်သ လို ..
ဆား ပဲ ပုံထည့် ထည့် ..အသားမှုန့် ပဲ ပုံထည့်ထည့်
ကြိုက်သ လို လုပ် နော်…
မဟာ လက်ရာ က…
ဘယ်သူ ပြင်ပြင်..
မက်ဂျစ် နဲ့ ချက်ထား လို့ ..
အကောင်း ပဲ ထွက်မှာ ပါ..
ကြိုက်သ လို ပြင် ….
နက်ဖြန် စနေတော့ ပို့ နိုင် လိမ့် မယ်..
လိုင်း ကျ မှ ကျွန်တော် က ဟင်း ချက် ရတာ လေ..
လိုင်း ကျ ပါ စေ ဆုတောင်း ရင် မြန်မြန် ပြီး မယ်
Mahar Myanmar
September 20, 2013 at 2:24 pm
ဪ မေ့ လို့..
အကြမ်း ချက် တာ ..
အေဖိုး ရ မျက်နှာ …
ရရဲ့ လား…
KZ
September 20, 2013 at 2:26 pm
ရတာပေါ့အေ။
လေးချင်းလေး တဂျီး ဆာဗာ လေးမဲ့ ကိစ္စပဲ။
အဟိ။
ကျေးဇူး အင် အက်ဗန့်(စ)။
:chit:
လုံမလေးမွန်မွန်
September 20, 2013 at 2:26 pm
ဦးဦးရဲကြီးလည်း ဝင်ဖြေမယ်ပေါ့… အများဆုံးမှန်အောင်ဖြေနိုင်မယ့်သူ ဘူဖြစ်မလဲ… မဟာ နဲ့ ရာရာ… တွေ့ကြပီကွ..
ရာမည
September 20, 2013 at 2:34 pm
ပွိုင့် တိုးအောင် ပို့စ်တင်ပီးဖြေမယ်ဗျာ …
ရွာသူကြီး ကိုမွဲဆေးဖော်ပေးမလို့
Ma Ma
September 20, 2013 at 2:46 pm
ရေးတော့ စုံထောက်ဇာတ်လမ်း။
အဗာတာက စွန်မျက်လုံး။
လိုက်လည်း လိုက်ဖက်ပါရဲ့။
ဒါနဲ့တောင် ကဗျာဆရာကို မဖော်နိုင်ရင် ရှက်ဖွယ်လိလိ ဖြစ်ချေတော့မှာပါတကားးးးးးးးးးးး
(စာရေးဆရာကို ကြပ်ပေးခြင်း) :loll:
ရာမည
September 20, 2013 at 3:15 pm
ဒေါ်ကြီး မမကတော့ အေဥတ်နေပါပြီ 🙂
ဒီည ြကြိုးစားကြည့်ပါမယ်ခင်ဗျာ
Mahar Myanmar
September 20, 2013 at 4:07 pm
ကျွန်တော် က လူ တွေ မကျက် နာမည် တွေ မကျက် သေး လို့
ခွင့်လွှတ် နော်…လေး ယောက် တော့ ရပါပြီ…ကျန်တာ မရသေး ဘူး..
အဲဒီလေးယောက် က မမှား ပါဘူး..
လူ တွေ နာမည် တွေ ကျက် အောင် မီး ပြင်း နဲ့
ဖုတ် တော် မူဦး မယ် ဗျာ….
ဘယ်နေ့ နောက် ဆုံး လဲ ပြောဦး ဗျ…
အဲဒီ နေ့ အပီ ဇြီး ထည့် လိုက် မယ်
ခင် ခ
September 20, 2013 at 4:21 pm
( ဟုတ်တယ်အဖွား … ကျွန်တော် တက္ကသိုလ်တက်တော့ အိမ်ကပေးတာ ၃၅ဝ ကျပ်ပါ။
အဆောင်ဖိုး ထမင်းဖိုး .. ကျောင်းလခ..
ဂိုးရှိုးစတိုးကိုသွား ..
လှည်းတန်းက ညလုံးပေါက်လက်ဘက်ရည်ဆိုင်မှာထိုင် ..
တောင်ငူဆောင်ကန်တီးမှာ ကျောက်ချ …
အပိုအလိုမရှိ လောက်ငှ တယ်အဖွားရေ …) ဒါက ကိုရာမည အဆိုပေါ့။ ကျုပ်ကို အိမ်ကပေးတာ ၃၅ဝ ဆိုရင်ဗျာ —-
အဆောင်ဖဲရိုက် ရှုံးခဲ့ရတာနှစ်ရာကျော်ပါ
ကျောင်းလခသွင်း အဆောင်ခရှင်း
ဟိုလယူအကြွေး ပြန်ကာပေးတော့
လက်ထဲကျန်လှ ငွေငါးဆယ်ပေါ့
အကြံထုတ်ခါ အမေ့ကိုချွဲတယ်
ဒီလစာအုပ်ဖိုး သုံးရာကျမယ်
စာအုပ်ယူလာပြ အမေကဆိုသဗျ
စာကြည့်တိုက်ကဌား စာအုပ်အထူကြီးများ
အမေ့ပြတော့ ကျေနပ်သပေါ့
ပြန်ကာတွေးမိ အားနားမိတယ်
မိဘတွေရယ်။
ထိုထိုဆိုးကြွေး ကြေစေဖို့အရေး
သားမောင်တဖန် လုပ်ကျွေးမယ်။
ကိုပေါက်(မန္တလေး)
September 21, 2013 at 2:13 pm
ကျနော်ညက အဆောင်မှာဖဲရှုံး
အိမ်ကိုလုံးလုံးမပြန်ရဲ။
အရေးထဲဖဲကြွေးကဇွတ်တောင်း။
ထွက်စမ်းဟဲ့ အကြံကောင်းတွေ
ရှေးထုံးလဲမပယ်နဲ့ဆိုစကား
အလကားထားတာမဟုတ်
အဲတော့
ကမ္ဘာမီးလောင်သားကောင်ချနင်းတဲ့
“အမေရေ လက်တွေ့ခန်းထဲမှာလော်ဂရစ်သမ်ကြီး သားကြောင့်ကျကွဲ
အဲဒါလျော်ပေးရမတဲ့အမေရေ
ပေးလိုက်ပါငွေသုံးရာ ”
အဲလိုရက်ပေါင်းများစွာနဲ့
တက္ကသိုလ်ဆိုသဟာကြီးရဲ့ရင်နို့
သောက်စို့ခဲ့တာ
ခြောက်နှစ်ကြီးများတောင်ကြာခဲ့ပါတယ်။
ကိုခ နောက်ကလိုက်ကြည့်တာပါ