ယဉ်ကျေးမှုရွှေမြို့တော်မှ လူရိုင်းများ
မြန်မာနိုင်ငံကြီးရဲ့ ဒုတိယမြို့တော် …(ခုတော့ တတိယမြို့တော်ပေါ့)
နန်းတော်ဟောင်းတည်ရှိရာ ကျုပ်တို့ရဲ့ မန်းတလေး ရွှေမြို့တော်ကြီးဟာ ဆိုရင်ဖြင့် ပြောရမယ်ဆိုရင်တော့
ဟိုးရှေးခေတ်ကထဲနေ ခုချိန်ထိ .. မန်းလေးသားတွေ ယဉ်ကျေးကြောင်း ၊ ဖော်ရွေကြောင်း စသည့် ကောင်းသတင်းများနဲ့
ထင်ပေါ်ကျော်ကြားခဲ့တာပေါ့ဗျာ …… ကြားဖူးထားတာလေးက မန်းသူများ ဘယ်လောက်များယဉ်ကျေးသလဲဆိုရင်
ဈေးချိုတော်ကြီးကို လာဈေးဝယ်လို့ ဈေးများဆစ်ကြရင် ရွှေမန်းသူညိုချောများက ..
“ကျားကိုက်ပါစေ မောင်ကြီးရယ် နှမတို့ ဈေးကို မတင်ထားပါဘူး” လို့ ချစ်စဖွယ်ပြောတတ်ကြသတဲ့ဗျို့
ကိုယ်အမူအရာနှုတ်အမူအယာ ယဉ်ကျေးမှုမှာ ရွှေမြို့သူရွှေမြို့သားကို ဘယ်သူမှ မမှီနိုင်ဘူး .တဲ့ဗျို့ ……..
ဒီလိုနဲ့ နှစ်ကာလများ ကြာညောင်းလာတဲ့အခါမှာတော့ …….. ကျုပ်တို့ရဲ့ နန်းရွှေမြို့ကြီးနဲ့ကျုံးရေကတော့ အရင်လိုပါပဲ
ပြောင်းလဲလာတာတော့ လူတွေခင်ဗျ …ရွှေမြို့သူ ရွှေမြို့သားတွေပေါ့ခင်ဗျာ
အရင်ခေတ်က ထမှီကို ခြေမျက်စိဖုံးလို့ .. ရွှေခြေကျင်းနဲ့ နာမည်ကြီးခဲ့တဲ့ အသားညိုညို မန်းလေးသူ အချောအလှ
လေးတွေဟာဖြင့် မန်းတလေးရဲ့ ပြယုဒ်တစ်ခုပေါ့ဗျာ..
ခုဆိုရင်ဖြင့် ဆိုင်ကယ်နောက်မှာ ကားယားခွလို့ ပေါင်ရင်းထိတို တဲ့ေ ဘာင်းဘီတို ဝတ်ထားတဲ့ ဖြူဖတ်ဖတ်
အသားအရေတွေနဲ့ ခေတ်ရှေ့ပြေးတဲ့ အမျိုးသမီးတွေကြောင့် ပိုနာမည်ကြီးနေတာပေါ့ဗျာ။
အရင်က ညနေခင်းဆို လမ်းလျှောက်လို့ လေညင်းခံပြီး ကျုံးအလှအပနဲ့ နန်းတော်ကြီးကို ရှု့စားနေကြတဲ့ လူတွေ
အစား ကျုံးဘေးမှာ လမ်းသရဲဆန်ဆန် အဝတ်အစားများနဲ့ စီးတော်ယဉ်များကို မည်သူ့မှ ဂရုမစိုက် တရကြမ်းမောင်း
နှင်နေတဲ့ ကိုယ်တော်ချောများကို တွေ့ရမှာပါ .. အဲလိုလူများအပြင် ….. ကျုံးဘေးမှာ ရပ်ရပ်နေတဲ့ ဆေးဆိုးပန်းရိုက်
မျက်နှာများကြောင့် တစ်ခါတစ်ခါ ကျုံးဘေးမှာ အပန်းဖြေ သွားထိုင်ကြတဲ့ အမျိုးကောင်းသမီးများအတွက်ပါ
ဘယ်လောက်လဲလို့ မေးခံကြရတဲ့အတွက် တော်ရုံတန်ရုံ ဘယ်သူမှ သွားမထိုင်ရဲကြတော့ပါဘူး ..
ဒါတွေအပြင် ..လှပခဲ့တဲ့ ကျုံးပတ်လည်ဟာ .. ညနေခင်း မိုးချုပ်ချုပ်အလုပ်ပြန် မိန်းကလေးများအတွက် အန္တရာယ်
တောကြီးလည်း ဖြစ်နေပါသေးတယ်။ စက်ဘီးနင်းလို့ ပြန်လာတဲ့ မိန်းကလေးများကို အနောက်ကနေ ဆိုင်ကယ်နဲ့
တင်ပါးကို လိုက်ရိုက်တဲ့ အဖြစ်အပျက်တွေကလည်း ကျုံးကို ပိုရုပ်ဆိုးနေစေပါသေးတယ်။
မန်းလေးသင်္ကြန်ဆိုတာ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့တဲ့ ပျော်ပွဲတစ်ခုပေါ့ ..
အခြား မြို့နယ်တွေပါ မန်းလေးသင်္ကြန်ကို ဆင်နွှဲချင်လွန်းလို့ တကူးတက လာရောက်ပါဝင်ကြတာ အရင်ကထဲကပေါ့။
သို့သော်လည်း …… တီးလွှတ်လိုက်တယ်ဟေ့ ဆော်လွှတ်လိုက်တယ်ဟေ့ ..ဘယ်နှစ်ယောက်သေတယ် …
ဘယ်နှစ်ချက်ချုပ်လိုက်ရတယ်ဆိုတဲ့ သတင်းတွေကြားမှာ မန်းလေးသင်္ကြန် အသက်မဲ့ခဲ့တာလည်း ဆယ်စုနှစ်တစ်နှစ်
မကတော့ပါဘူး။ ထစ်ကနဲဆို ဓါးနဲ့ခုတ် ချိန်းကြိုးနဲ့ရိုက်ဆိုတာတွေကလည်း ခုဆို ဆန်းတော့တဲ့ သတင်းမဟုတ်တော့ဘူး။
ကျုပ်တို့ရဲ့ ရွှေမြို့တော်ကြီး မန်းတလေးဟာ အရင်လိုပဲ သာယာနေဆဲလှပနေဆဲပဲ။
ဒါပေမယ့် အရောင်ဆိုးခံထားရတော့ မွှဲခြောက်ခြောက်နဲ့ မှောင်မိုက်နေပါပြီဗျာ …
ဘယ်လိုပဲနေနေ ကျုပ်လည်း မန်းကိုချစ်တဲ့ မန်းသားတစ်ယောက်ဆိုတော့လည်း
ဒီ မြို့ကြီးကိုပဲ မခွဲနိုင်မခွာရက် … သံယောဇဉ်မကုန်နိုင်တာ ..အခုထိပါပဲ ..
13 comments
KZ
September 20, 2013 at 2:22 pm
အွန်။
မန်းလေးသူ လားးးးးးး
မန်းလေးကို ချစ်လိုက်ချက်ကတော့ မပြောပါနဲ့တော့။
ပူတာချင်းတူရင် မန်းလေးရဲ့ အပူဒဏ်ကိုပဲ သည်းခံနိုင်တယ်။
အေးတာချင်းတူရင်လည်း မန်းလေး အေးတာကိုပဲ ချစ်တယ်။
နောက်ဆုံး ရှူရတဲ့လေတောင် မန်းလေးလေက မွှေးတယ်မှတ်တာပဲ။ 🙂
Mr. MarGa
September 21, 2013 at 3:47 pm
ဟတ်တယ် ဟတ်တယ်
အီးနံ့ချင်း တူရင်တောင် မန်းလေးက အီးက ပို မွှေးတယ်မလား ဟင်
sorrow weaver
September 20, 2013 at 2:31 pm
မန်းလေးသူဆိုရင် မေမြို့သားတွေပိုင်တဲ့ပစ္စည်း…အဟီးဟီး …မန်းလေးသားများဆဲစေတတီး …အဟီးဟီး
KZ
September 20, 2013 at 2:38 pm
မန်းလေးသားတွေ မဆဲခင် မန်းလေးသူ ဆဲတာခံချင်သလားဟမ်?
မေမြို့သားဟူသည် မန်းလေးသူတို့ နိုင်ဖတ်ဖြစ်၏။
ဘယ်တုန်း ကမ မနိုင်တာ။ မပိုင်တာ။
:kwi:
မနှင်းဖြူ မှန်မှန်ပြော
September 20, 2013 at 3:17 pm
မေမြို့ကလူတွေတော့ မန်းလေးက လူတွေကို ပါမွှားလောက်မှတ်တာ
နိုင်စရာမရှိ မေမြို့ တက်တက်နိုင်နေကြတာ..ဟဲဟဲ
ဇောရိုးကြီး မေမြို့သားဆိုရင်တော့ နာပြီသာမှတ်တော့ …
မှတ်မိလား .. ကန်တော်ကြီးမျှော်စင်မှာ ပထမဦးဆုံးကျင်းပတဲ့ ပွဲကို
ရန်ဖြစ်လိုက်ကြတာ သောက်သောက်လဲ မန်းလေးသားနဲ့မေမြို့သားတွေနဲ့
မေမြို့သားတွေ ပေါက်ပြဲကုန်ကြတာ.. ဟိဟိ
KZ
September 20, 2013 at 3:23 pm
အို။
အဲလာကြောင့် နောက် ဘယ် စတိတ်ရှိုးမှာမှ မလာနိုင်တော့ဘူးလေ။
မေမြို့ မှာလုပ်တဲ့ စတိတ်ရှိုးတိုင်းကို ကြည့် ၊ မန်းလေးက ချည်းပဲ။
ရာဇဝင်နဲ့ကို နိုင်တာပါဆို။
မေမြို့သားတွေ စိတ်နုတတ်တာမှ မန်းလေးသူ စကားတတ်နဲ့တွေ့ရင် မျက်ရည် ဖရဲသီးလုံးလောက် ကျသွားကြတာ။
ဟိ။
😀
Ma Ma
September 20, 2013 at 3:12 pm
မန်းလေးသင်္ကြန်ကို တစ်ခါပဲကြုံဖူးတယ်။
ကျုံးပတ်လမ်းမှာ တစ်နေ့ကုန်ခဲ့ရတာ မှတ်မှတ်ရရပဲ။ 🙂
မနှင်းဖြူ မှန်မှန်ပြော
September 20, 2013 at 3:19 pm
ဟုတ်တယ်မမ ရေ
ကျွန်တော်တို့ မန်းလေးသူသာဖြစ်တာ ကျုံးကို တစ်ရက်ထဲနဲ့ တစ်ပါတ်ပြည့်အောင် ကားနဲ့
တစ်ခါမှ မလည်ဖူးဘူး..တိုးမရလို့လေ..
နေ့တိုင်း ကျုံးတစ်ဖက်နဲ့ ကျေနပ်ပြန်ခဲ့ရတာချည့်ပဲ
ဆိုင်ကယ်နဲ့လည်မှပဲ ရောက်ဖူးတော့တာဗျို့ ..
နေပူလှန်းပြီးသား ငါးခြောက်ဖြစ်သွားမယ် ကားနဲ့ဆိုရင် 😛
Wow
September 20, 2013 at 4:24 pm
မန်းလေးအပူလေးခဏမေ့ထားရင် ရန်ကုန်ထက်ပျော်တယ်…
မုန့်တီ… အမဲလုံးခေါက်ဆွဲ.. ကျုံး… မန်းလေးတောင် .. ဦးပိန်တံတားအောက်က ငါးကြော်နဲ့ ထရေ… မေ့ရက်စယာမရှိ… လွမ်းထှာ 😥
အလင်းဆက်
September 20, 2013 at 5:20 pm
ရွှေမန်းးးးးသူလေးးးး
🙂
ကိုပေါက်(မန္တလေး)
September 21, 2013 at 2:25 pm
ခက်သပါ့
ခင်ဗျားက အရုပ်ဆိုးတဲ့နေရာတွေဘဲရောက်ခဲ့တာကိုးဗျ
မန်းလေးရဲ့ တကယ့်အလှတရားတွေရှိတဲ့နေရာကိုမှ မသွားတာ
သိချင်လား ဒီတစ်ခါမန်းလေးလာရင်ဖုန်းဆက်လိုက်
လိုက်ပို့ပေးမယ်
မပြန်ချင်အောင်လှတဲ့နေရာတွေရှိပါ့။
Mr. MarGa
September 21, 2013 at 3:50 pm
လေးပေါက်
ဖုန်းဆက် ခိုင်း မနေနဲ့
ဒီဘွားတော်က မန်းလေးသူ ရယ်
ဒီပို့စ်မှာ တမင် လူရိုင်းတွေ အကြောင်း ရေးတာနေမှာ ဟီဟိ
တကယ်တော့ ကျွန်တော်တို့၊လေးပေါက်တို့လို လူတွေနဲ့လဲ မတွေ့သေးလို့ နေမှာပါဗျာ နော့
Mr. MarGa
September 21, 2013 at 3:57 pm
သူများ ပို့စ် မှာ ဝင် ပြောချင်တာ ပြောပြီးပြီမို့
အတည် မန့်ပါတော့မယ် ဒေါ်ပျင်းထူ….
မန်းဟာ ယဉ်ကျေးမှု မြို့တော် ဆိုတော့
ခုနောက်ပိုင်း ယဉ်ကျေးမှု တွေ ပေါင်းစုလာတယ်လို့ ကျုပ်ကတော့ ဆိုချင်သဗျ
မန်းသူ၊ မန်းသားတွေကတော့ လုံးဝ(လုံးဝ) ယဉ်ကျေးကြသူတွေပါဗျာ။
တဖြည်းဖြည်း ပိုလို့ ပိုလို့ ဆိုးလာရတဲ့ အကြောင်းရင်းကတော့
ဟိုမရောက်၊ ဒီမရောက် မန်းသားတွေ၊
ဟိုက ဒီက ထွက်လာကြတဲ့ ဟိုလိုလို ဒီလိုလိုလူတွေ
ရေကြည်ရာ မြက်နုရာ ဆိုပြီးတော့ ပေါက်ဖော်ကြီးတို့ ဘက်ကနေ ရောက်ရှိလာတဲ့ ရောင်းရင်းတွေ
ဒီလို ဒီလို လူတွေ များလာတဲ့ အခါမတော့
ကျုပ်တို့ မန်းဟာ
ယဉ်ကျေးမှု မြို့တော် ကနေ
ယဉ်ကျေးမှု ပေါင်းစုံရာ မြို့ ဖြစ်သွားတာကိုး
ဒါတွေ ဒါတွေကြောင့်
ဒီလိုတွေ၊ ဒီလိုတွေ ထွက်လာတယ် လို့ ကျုပ်တော့ မြင်မိတယ် ဒေါ်ပျင်းထူ…