ဂျိုးအမြုတေ ရှာပုံတော် (Intro)
–
–
–
–
–
============================
တစ်နေ့သ၌ ကျွန်ုပ် မောင်တူးသည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးတွင် ဖွင့်လှစ်ထားသော ဘုရင် မည်သော လက်ဖက်ရည်ဆိုင်လေးတွင် အေးအေးလူလူ ထိုင်နေရင်းဖြင့် အားလပ်ခြင်း အရသာအား စီးကရက် အမြည်းဖြင့် ကောင်းကောင်းကြီး ခံစားလျက် ရှိနေလေ၏။ ဘုရင် လက်ဖက်ရည်ဆိုင်လေး ဖွင့်လှစ်ထားသည့် နေရာသည် ဆူညံ့လွန်းခြင်း၊ တိတ်ဆိတ်လွန်းခြင်း အစွန်းနှစ်ပါး လွတ်လျက် ရှိနေသည့်အတွက် အေးဆေးစွာ နေလိုသော ကျွန်ုပ်အတွက် သင့်လျော်သော နေရာတစ်ခု ဖြစ်သည်ဟု မှတ်ချက် ပြုမိသေး၏။
လက်ဖက်ရည်ဆိုင်လေး၏ အတွင်းနံရံများတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံကားများအား ချိတ်ဆွဲ၍ ထားသည်ကို တွေ့မြင်ရလေ၏။ ကျွန်ုပ်လည်း ထိုပုံကားများအား ငေးမော ကြည့်ရှုရင်းဖြင့် ကျွန်ုပ် မမှီလိုက်သော်လည်း စာတွေ့ဖြင့် ရင်းနှီးခဲ့ပြီး လွန်စွာ လေးစားရသော မြန်မာနိုင်ငံ၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ အကြောင်းအရာများအား စဉ်းစားမိလေ၏။ တစ်ဖန် လက်ဖက်ရည်ဆိုင် စားပွဲထိုးလေး တစ်ဦး၏ လည်တွင် ဆွဲထားသော အနက်ရောင် အဝိုင်းပြားလေးအား မြင်မိပြန်ရာ ကျွန်ုပ် ဖတ်ဖူးသော ဝတ္ထုတစ်ပုဒ်အတွင်းမှ ရတနာသိုက်အညွှန်း မြေပုံဆွဲပြားပေလော ဟူ၍ တောက်တီးတောက်တဲ့ တွေးမိပြန်သေးတော့၏။
ဤသို့ ကျွန်ုပ်သည် စီးကရက်သောက်ရင်း ဟိုတွေး၊ ဒီတွေး နေသည့်အခိုက်တွင် ဘုရင် လက်ဖက်ရည်ဆိုင်လေး၏ ရှေ့သို့ အနက်ရောင် ကားလေးတစ်စီး ထိုးရပ်လိုက်သည်ကို တွေ့လိုက်ရလေ၏။ ကားရပ်သွားသောအခါ ကားအတွင်းမှ လူကြီးတစ်ဦး ထွက်လာလေ၏။ ထိုလူကြီး၏ မျက်နှာတွင် အမွေးအမျှင်များ ထူထဲစွာ ပေါက်ရောက်နေသည်ကို တွေ့ရလေ၏။ အရပ်အမောင်း အားဖြင့်လည်း မနိမ့်လွန်း မနိမ့်လွန်း၊ ကိုယ်ခန္ဓာမှာလည်း အတန် တုတ်ခိုင်လှသူ ဖြစ်လေသည်။ ထိုလူကြီးကို မြင်မိပြန်သောအခါ ကျွန်ုပ်လည်း ဆရာကြီး မင်းသိင်္ခ၏ ဇာတ်ကောင် ဖြစ်သော ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား အား ပြေး၍ မြင်မိပြန်သေးတော့၏။ ထိုလူကြီးနှင့် ဒေါက်တာ ဆိတ်ဖွားသည် ထိပ်ပြောင်ခြင်း၊ မပြောင်ခြင်း သာလျှင် ကွာခြားလိမ့်မည်ဟု မှတ်ချက်ပြုမိပြန်သေးတော့၏။
ဒေါက်တာဆိတ်ဖွားနှင့် တူသော ထိုလူကြီးအား ကျွန်ုပ် ကြည့်ရှု၍ မှတ်ချက်ပြုနေသည့် အခိုက်တွင်ပင် ကျွန်ုပ်ထိုင်နေလျက် ရှိသော စားပွဲဝိုင်းတွင် ဝင်ရောက် ထိုင်လေ၏။ ပြီးနောက် ကျွန်ုပ်အား ပြုံးပြ နှုတ်ဆက်ကာ ….
“မောင်ရင် … ရောက်နေတာ ကြာပြီလား”
ဟူ၍ မေးလေ၏။ ထိုအခါ ကျွန်ုပ်မှလည်း တစ်ဖန် ပြန်လည် ပြုံးပြ၍ …
“သိပ်မကြာသေးပါဘူး ဦးသာ”
ဟူ၍ ပြောလိုက်ရလေ၏။ ထိုလူကြီးကား ကျွန်ုပ်၏ ချစ်ခင်ရပါသော မိတ်ဆွေကြီး ဦးသာ ဖြစ်လေသည်။ ဦးသာ သည် ထူးခြား ဆန်းကြယ်လှသော အဖြစ်အပျက်များအား ကျွန်ုပ်အား ပြောပြတတ်လေ၏။ အချို့ အကြောင်းအရာများမှာ သူ၏ ကိုယ်တွေ့ ဖြစ်လေသည်။ အထူးအဆန်း စိတ်ဝင်စားသော ကျွန်ုပ်အတွက်မူ ဦးသာ ပြောသမျှ တို့သည် စိတ်ဝင်စားဖွယ် အကြောင်းအရာများဖြင့် ပြည့်နှက်နေတတ်လေသည်။ ဦးသာနှင့် ကျွန်ုပ်တို့သည် တစ်လတွင် တစ်ကြိမ်ခန့် တွေ့ဆုံတတ်ပြီး စကားစမြည် ပြောတတ်ကြလေသည်။ ယခုလည်း ကျွန်ုပ်မှ ချိန်းဆိုထားသဖြင့် ဦးသာသည် ကျွန်ုပ် ရှိရာသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
ဦးသာ အတွက် မှာယူထားသော လက်ဖက်ရည် ကျစိမ့် တစ်ခွက်အား စားပွဲထိုးလေးမှ လာရောက် ချပေးသောအခါ ဦးသာသည် ဇွန်းလေးဖြင့် လက်ဖက်ရည်ခွက်အတွင်းမှ နို့ဆီများအား ဖယ်ရှားနေသည်ကို တွေ့ရလေသည်။ ယင်းအတွက်ကြောင့် ဦးသာ သည် လက်ဖက်ရည် ခပ်ကျကျ သောက်ရခြင်းကို နှစ်ခြိုက်သူ တစ်ဦး ဖြစ်မည်ဟု ထင်မှတ်မိလေ၏။ ကျွန်ုပ်လည်း ဦးသာ သောက်ရန်အတွက် စီးကရက် ကမ်းရလေ၏။ ဦးသာ သည် စီးကရက် ကြိုက်သူ တစ်ဦး ဖြစ်သည့်အတွက် စီးကရက် ကြိုက်သော ကျွန်ုပ်နှင့် အကျွမ်းဝင်လှခြင်း ဖြစ်ပေမည်ဟူ၍လည်း ထင်မှတ်မိပြန်သေး၏။
ဦးသာ သည် လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် စီးကရက်အား မီးညှိရှိုက်ဖွာလိုက်ပြီး စကားစလေ၏။
“မောင်ရင် … ဂျိုး အမြုတေ ဆိုတာ ကြားဖူးသလား”
“ကြားတော့ ကြားဖူးပါတယ် ဦးသာ၊ ငယ်ငယ်တုန်းက ကြားဖူးတာဗျ။”
“အင်း … ကြားဖူးတယ် ဆိုတော့ ပိုပြောလို့ ကောင်းတာပေါ့။ ဒီလို မောင်ရင်ရဲ့ …. ကျုပ်တို့ လူပျိုလောက် အရွယ်လောက်ကပေါ့။ ဂျိုး အမြုတေ ဆိုတာ အတော်နာမည်ကြီးခဲ့တာပေါ့။ ပြီးတော့ ဂျိုးအမြုတေ ကို စကားနဲ့ အခေါ်အရဆိုရင်တော့ ဂျိုးမတေဥ လို့ ခေါ်တာပေါ့ မောင်ရင်”
“ဟုတ် ဦးသာ၊ ကျွန်တော် ကြားဖူးသလောက်တော့ အမြုတေ၊ တစ်နည်းအားဖြင့် မတေဥ တွေဆို စွမ်းတယ်လို့တော့ ကြားဖူးတယ်ဗျ”
“ဟုတ်တယ် မောင်ရင်၊ ဒီ ဂျိုးမတေဥ ကလည်း သေနတ်ပြီးတယ်လို့ ဆိုတယ်။ သေနတ်နဲ့ သုံးချက် ပစ်လို့မှ ကျည်မထွက်ဘူးဆို စွမ်းပြီပဲ။ ဆောင်ထားပေတော့ပေါ့။ ပြောရရင် စစ်ဖြစ်နေတဲ့အချိန် ဒီမတေဥ ကိုသာ ရထားလို့ကတော့ သေနတ်မှန်မှာ ပူစရာ မလိုတော့ဘူးပေါ့ မောင်ရင်ရယ်။ မဟုတ်ဘူးလား အဟား ..”
ဦးသာ သည် ၎င်းပြောသည့် စကားအား သဘာကျသွားသည့် အားလျော်စွာ တစ်ချက် ရီမောလိုက်လေ၏။ ပြီးနောက် စီးကရက် တစ်ချက် ဖွာရှိုက်လိုက်ပြီး ၎င်း၏ စကားအား ဆက်လက် ပြောဆိုလေ၏။
“ဒီလို မောင်ရင်ရဲ့။ ဂျိုးအမြုတေ အကြောင်းကို ကျုပ် သိခဲ့ရတဲ့ အကြောင်း အစ ပြန်ကောက်ရရင်၊ ကျုပ် ဦးလေးရဲ့ မိတ်ဆွေ နယ်လှည့် ပရဆေး အရောင်းသမား ဦးသာနုလို့ ဆိုရမယ်။ သူက ရှားပါးပရဆေမြစ်တွေ ရှာဖွေရင်းနဲ့ ဂျိုးမတေဥ တစ်လုံး ရခဲ့ဖူးတယ် ဆိုပဲ။ အဲ့ဒီအချိန်တုန်းက ဒီမတေဥ တစ်လုံးရဲ့ တန်ဖိုးက ပေါ့သေးသေးတော့ မဟုတ်ဘူး။ မော်တော်ကား သုံးစီး ဝယ်လို့ ရတယ် မောင်ရင်။”
“မတေဥ တစ်လုံးကို မော်တော်ကား သုံးစီး တောင် ရသလားဗျ။ ရတဲ့လူကတော့ ကော်တာပဲ”
“အဟဲ။ မောင်ရင် စွပ်လည်း အထင်ကြီး မနေနဲ့ဦး။ မတေဥ ဆိုတိုင်း အစစ်ကြီးပဲ မထင်လိုက်နဲ့ဦး။ အတု တွေကို အကွက်ဆင်ပြီး လိမ်ရောင်းတာတွေလည်း အများကြီးပဲ”
========================
မှတ်ချက် ။ ။
ဦးသာ သည် လက်ဖက်ရည် တစ်ကျိုက်မော့ရင်း ပြောလိုက်၊ စီးကရက် တစ်ချက် ဖွာရှိုက်ရင်း ပြောလိုက်ဖြင့် ၎င်းကိုယ်တိုင် စွန့်စားခဲ့သော ဂျိုးအမြုတေ ရှာပုံတော် ခရီးအား ပြောပြခဲ့လေ၏။ ၎င်းပြောပြသော အကြောင်းအရာများမှာ လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ ထိတ်လန့်ဖွယ်လည်း ကောင်းလေ၏။ အဆိုပါ အကြောင်းအရာများအား ကျွန်ုပ်အနေဖြင့် အခန်းဆက် ဝတ္ထုအနေဖြင့် ရေးသားသွားရန် ရှိပေသည်။ ယင်းအတွက်ကြောင့် “ဦးသာ နှင့် ဂျိုးအမြုတေ” မည်သို့မည်ပုံ ဖြစ်သည်ကိုမူ စောင့်စား ဖတ်ရှုကြပါကုန်လော့။
========================
========================
By – မဟာရာဇာ အံစာတုံး
========================
35 comments
surmi
September 27, 2013 at 11:41 am
လုပ်ပြန်ပြီကွာ…
ကောင်းခန်းဆိုဖြတ်ပြီ …
နင့်ကောင်းခန်းကျမှ မီးမပျက်ပါစေနဲ့လို့ဆုတောင်း..
ဝဋ်တော့လည်ဦးမယ် 🙂
မဟာရာဇာ အံစာတုံး
September 27, 2013 at 2:33 pm
ဥဥဆာ ဂလည်း …
ကျုပ်ကောင်းခန်းကျ မီးပြတ်ပြတ်ပေါ့လို့ …
ပြတ်လေ ကောင်းလေဘဲကို …
အဲ … ဘာဒွေ ပြောနေဒါဒုံး .. ဟုတ်သေးဘူးး ဟီးးဟီးး
လုံမလေးမွန်မွန်
September 27, 2013 at 12:25 pm
ထင်နေတယ်လေ ဒီလိုလုပ်တော့မယ်ဆိုတာ
🙂
မဟာရာဇာ အံစာတုံး
September 27, 2013 at 2:35 pm
အော်ရယ် …
စိတ်ချင်း ဆက်နေသူတွေပဲကွယ်
ဒီလောက်တော့ ရှိမှာပေါ့လို့ …
ဟုတ်ဘူးလား …
kyeemite
September 27, 2013 at 1:21 pm
လူဇိုး…အင်ထရိုကတစ်ပုဒ်ဖြစ်ရော…သဂျီးပိုက်ဆံ လှည့်ချွေနေတာလားကွ 🙂
ဂျိုးအမြုတေ ဆိုတာ ကျုပ်လည်းကြားဖူးပါရဲ့..
တွေ့တော့မတွေဖူးဘူး…ဆက်ရေးပါလေ မောင်တူးရေ 😀
မဟာရာဇာ အံစာတုံး
September 27, 2013 at 2:39 pm
ဂလိုဗျဲ …
ဟိုလှည့် ဒီလှည့် လုပ်စားလာဒါ
တစ်သိန်းတောင် ပြည့်ဂါနီးနေဘီ … ဟီဟီ …
တစ်သိန်း ပြည့်လို့ဂဒေါ့ ရေးဒေါ့ဘူးးး ဒါဗျဲစ် …
ဗုံဗုံ
September 29, 2013 at 9:20 am
တစ်သိန်းပြည့်ခါနီးပြီ..ဟွင်း ဟွင်း
နင့်ဂတိအတိုင်းဘဲနော်…ဟွင်း..ဟွင်း..
Wow
September 27, 2013 at 2:47 pm
ချိုးဥနဲ့ ဘဲဥဘယ်ဟာ ပိုကြီးလဲဟင်င်င်.. :hee:
မဟာရာဇာ အံစာတုံး
September 27, 2013 at 2:55 pm
ဒီအပိုဂျီးဒွေနဲ့တော့ ခက်ဒလယ် …
နဂိုကမှ ချက်ဘာဒယ် ဆိုနေမှ
ဘယ်ဥ ပိုကြီးဒုန်း လာမေးနေဒယ် ..
ဖြေဘူးးးး
Ma Ma
September 27, 2013 at 3:31 pm
ဂျိုးအမြုတေဥနဲ့ ပတ်သက်ပြီး ကြုံဖူးတာလေးရှိတယ်။
ဟိုးတုန်းက လေသေနတ်ကိုင်ခွင့်ရှိတော့ တောကအမျိုးတစ်ယောက်စီက လေသေနတ်ဝယ်ပြီး ရန်ကုန်မှာ ဘာပစ်ရမှန်းမသိဖြစ်နေတာ။
အစ်ကိုတွေ မောင်တွေနဲ့ရောပြီး သူများအိမ်ခေါင်မိုးပေါ်မှာ ငှက်နားတာမြင်ရင် လိုက်ပစ်တာ။
တစ်ခါမှတော့ မထိဘူးပါဘူး။ :harr:
အဲဒီအချိန်မှာပဲ အစ်ကို့သူငယ်ချင်းက ဂျိုးအမြုတေဥယူလာပြီး သေနတ်နဲ့ပစ်တောင် ဘာမှမဖြစ်ဘူးလို့ ဆိုတာနဲ့ လက်တည့်စမ်းချင်နေတဲ့ အစ်ကိုက သေနတ်ပြောင်းနဲ့တေ့ပြီး ပစ်ချလိုက်တာ တစ်စစီကွဲသွားလို့ သူ့သူငယ်ချင်းက ငါ့ဦးလေးဆီက ယူလာတာ သွားပါပြီဆိုပြီး ငိုချင်းရတဲ့အဖြစ်။ :loll:
၈၈ အရေးအခင်းလည်းဖြစ်ရော အိမ်ကလူကြီးသူမတွေက ဆူလို့ အဲဒီလေသေနတ်လည်း တစ်စစီဖြုတ်ပြီး မြေမြှုပ်လိုက်ရတယ်။ 😀
မဟာရာဇာ အံစာတုံး
September 28, 2013 at 9:14 am
အိုက်ဒါ အတုဂျီးနဲ့ ညားလာဒါ …
စကားမစပ် …
တီတီမမ ငယ်ငယ်က တော်တော် ဆော့ဂဲ့ဒါဘဲနော် …
မောင်ဒွေနဲ့ ဖက်ပီး ဆော့ခဲ့ဒါဆိုဒေါ့ ..
ဟိုဒင်းရှုံးလောက်အောင်များ ဆော့ခဲ့လေဒလား တိပု .. 🙄
Ma Ma
September 29, 2013 at 4:05 pm
သိပ်မဆော့ပါဘူး။
သစ်ပင်တက်ရုံ၊ သေနတ်ပစ်ရုံလောက်ပါ။ :loll:
Mr. MarGa
September 27, 2013 at 9:48 pm
တိန်
အစပျိုးတာနဲ့တင် တစ်ပုဒ် ဖြစ်သွားပြီ
နောက်ထပ်
ခရီးထွက်ဖို့ ပြင်တာ တစ်ပုဒ်
တကယ် ထွက်တာ တစ်ပုဒ်
အဲလိုများ လာမလား မသိ
မဟာရာဇာ အံစာတုံး
September 28, 2013 at 9:15 am
ဟိုမောင်ကာဠုရဲ့ စကား
ခဏ ငှားပြောရရင်ဖြင့် …
ဒီထက်တောင် ပိုသေးပေါ့ကွယ် … ဟီဟိ
ရာမည
September 27, 2013 at 10:48 pm
မစောင့်နိုင်အောင်ပါဘဲခင်ဗျာ
မြန်မြန်ရေးပြီးတင်ပေးပါ ကိုအံစာတုန်းခင်ဗျာ
ဦးသာဆိုတာအပြင်မှာရှိပါသလား
မဟာရာဇာ အံစာတုံး
September 28, 2013 at 9:23 am
အဟမ်းးး
ဦးသာ ဆိုတာ …
အင်းး ဦးသာ ပေါ့နော် ….
ခညားက ရဲကိုကိုဂျီးဘဲ .. ဦးသာ ဘူလဲ ဖော်ထုတ်ပေးဘာလားလို့ … ဟီးးဟီးးး
ဦးဦးပါလေရာ
September 28, 2013 at 4:37 am
ဒီတစ်ခါတော့ တကယ် အတည်ပြောမယ်
ထူးဆန်းထွေလာတွေ ရေးနေကျ မောင်ရင့်ကို တစ်နေ့ကြုံတဲ့အခါ
သေနတ်ပြီးတယ်လို့ စမ်းသပ်ယုံကြည်ပြီး စစ်ဗိုလ်တစ်ယောက်ဆောင်ထားခဲ့ဘူးတဲ့ အခေါင်းပိတ်အစွယ်တစ်စုံပြဦးမယ်
(ကျုပ် မစွန့်ပစ်ခင် အချိန်မီရင်ပေါ့လေ)
မယုံနိုင်စရာကောင်းတဲ့ ပုံပြင်တစ်ပုဒ်လဲ ပြောပြမယ်
ဂဇက်မှာ လာဖေါက်သည်ချနိုင်အောင်ပေါ့….
မဟာရာဇာ အံစာတုံး
September 28, 2013 at 9:09 am
တစ်နေ့ မကြုံဘူး
နက်ဖြန် ဆုံဒဲ့အခါ ပြဘာ … ပြောဘာ …
ဒါဘာဗျဲစ် ..
kai
September 28, 2013 at 4:41 pm
ကျုပ်သိတာတခုက.. အဲဒီကျောက်စရစ်လိုလိုအလုံးကို.. ဂျိုအမတေဆိုပြီး.. သေနတ်နဲ့ပစ်ကြည့်တာ.. ဒိုင်းဆို… ဘယ်ရောက်သွားမှန်းတောင်မသိရတာပဲ..
ကြည့်ရတာ.. မိုးပေါ်ပျံထွက်သွားတယ်နဲ့တူတယ်..။
ပိုင်ရှင်ခမြာငိုမဲ့နေရတာပေါ့…
ကွိ…
မဟာရာဇာ အံစာတုံး
September 29, 2013 at 5:32 am
အန်တီမမ က တစ်ခါ …
အခု သဂျီး က တစ်ခါ …
ဒီထဲမှာတောင် နှစ်ခါ ဖြစ်နေရင် ..
အပြင်လောကမှာ ဘယ်လောက် ရှိခဲ့ပါလိမ့်မလဲ … 🙄
အလင်းဆက်
September 28, 2013 at 5:47 pm
တနေ့သ၌ ကျွန်မ သည် လို ့ စ ရေးပါလားဟာ
🙂
မဟာရာဇာ အံစာတုံး
September 29, 2013 at 5:34 am
အေး .. ရေးမယ် …
ရေးမယ် .. ရေးမယ် …
….
…….
အခုတော့ မဟုတ်သေးဘူး ….
San Hla Gyi
September 28, 2013 at 8:56 pm
ဆရာ မင်းသိင်္ခလာပြီး စာရေးနေတဲ့ အတိုင်းပဲနော်။ ကိုအံစာတုံးရေ အဲဒီ ချိုးအမြုတေတို့ ဝက်စွယ်ကင်းပိတ်တို့က မြန်မာတွေ ပြောလေ့ ပြောထ ရှိကြတာပါပဲ။ တခါမှတော့ မမြင်ဖူးဘူး။ ဖတ်ဖူးတာတော့ အဲဒါတွေက အစစ်ရဖို့ သိပ်ခက်တယ်လို့ ပြောတာပဲ။ ရပြီ ဆိုရင်လည်း သိပ်မကောင်းဘူးတဲ့။ ကာယသိဒ္ဓိတို့ ဘာတို့ ပေါက်မြောက်ပေမယ့် အရမ်း လာဘ်တိတ် သွားတတ်တယ်လို့ ပြောကြတယ်။
မဟာရာဇာ အံစာတုံး
September 29, 2013 at 5:38 am
အမလေး … ဦးစံလှကြီးရယ် … ဆရာတွေနဲ့ မနှိုင်းပါနဲ့ဗျာ ….
ကျနော်က ခြေဖျား မပြောနဲ့ …
သူတို့ ခြေဖဝါးအောက်က ခြေမှုံလောက်တောင် မရှိပါဘူး
ဟို .. ဂျိုးအမြုတေ ကတော့ ငယ်ငယ်က ကျုပ်တို့ရွာဘက်မှာ ကြားတော့ ကြားခဲ့ဖူးတယ်ဗျ ..
ကလေးဆိုတော့ ကိုယ်နဲ့ မဆိုင်တာမို့ စိတ်မဝင်စားခဲ့ဘူး
ဦးသာ ဆိုတဲ့ လူကြီး ပြောကာမှပဲ သေချာ သိသွားခဲ့ရတယ် …
============
ကွန်မန့်ပေးသွားကြသူအပေါင်းကို
ကျေးဇူး အထူး တင်ရှိပါတယ် ခင်ဗျာ …..
နောက်များလည်း လာပြီး အားပေးလှည့်ကြပါဦးလို့ ….
ဦးကြောင်ကြီး
September 29, 2013 at 8:21 am
ဂျိုးအမြုတေတော့ အပြောဒက်.. လအုအမြုတေတော့ သိချရင်လာခဲ့။ သူများသားသမီးဂို ဒွတ်ခမပေးဂင် နင့်ဂိုအရင် ပုံစံသွင်းမယ်… 👿
မဟာရာဇာ အံစာတုံး
September 29, 2013 at 8:47 am
ဟေ့လူ ကြောင်ကြီး
ဒီမှာ ညစ်နေလို့ ရွာပတ်ပြီး ပျော်အောင်နေနေဒါဂို
လာပီး မမိုက်ယိုင်းနဲ့
ခင်ဗျားမှာမှ ပါတာ မဟုတ်ဘူး …
ဦးကြောင်ကြီး
September 29, 2013 at 9:06 am
အောင်မာ ဖားတုလို့ ခရုခုန် အိုင်ပျက်ယုံသာ ရှိဒေါ့မပေါ့…။ ကွမ်တတီဂျင်းသာ တူဂေါင်းတူမယ် ကွာလတီတော့ လာမယှဉ်နေ့… ၂၄/ရ ကွ…..
ကျော်စွာခေါင်
September 29, 2013 at 3:40 pm
အံဇာမိုးဝင်း…
အစလေးဘဲ ဖော်မထားနဲ ့…. ဆက်ရေးတော့ …
စိတ်ဝင်စားတယ်…
အကိုလတ်က အဲဒါရဘူးတယ်…မီးလောင်ထားတဲ့ ရှားတောထဲက ..တပင်တည်း ကျန်နေတာ အသိုက်လေးနဲ ့..။
သူကရပြီး ဘာမှန်းမသိဘူး…. ရထားလမ်းမှာ ထုလည်းမကွဲတော့ အံ့ဩနေတုန်း လူကြီးတစ်ယောက်က မုန် ့ဘိုးလေးပေးပြီး တောင်းယူသွားတယ်…။
….
စိတ်ဝင်စားတယ် ..ဆက်ရေးပါ
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:11 am
ဟိုလူကြီးကတော့ ထောဘီ (အထင်) ပေါ့ဂျာ …
ဒါမျိုးကလည်း လိုချင်လို့ ရှာပြီဆို
တွေ့ဖို့ အတော်ခဲတယ်
မလို မသိတတ်တဲ့ လူတွေလက်ထဲမှာပဲ ရှိနေတတ်ကြပြန်တယ် …
ဆက်ရေးဘာ့မယ် ခညာ …
ရေးလို့မှ ခညား မမန့်ရင် တွေ့မယ် …
KZ
September 29, 2013 at 4:00 pm
အဲဂလာ စန်းပွင့်သလားဟင်!
ရန်သူတွေကရော ကြည်ဖြူလာတဲ့ ဟာမိုးလားးးး
😀
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:14 am
အိုက်ဒါ ဆောင်ထားလို့ဂဒေါ့
စန်းပွင့်ဒလား မမေးနဲ့ …
ရေရေလည်လည် စန်းပွင့်ဒါ …
နတ်သမီး တစ်ဖက်ငါးရာ ရဖို့ နတ်ပြည်တွားစရာ လိုဗူးးးးး
(တိုးတိုးလေး ပေါလိုက်အုံးမယ် … အိုက်ဒါ ကျုပ်ဆီမျာ ချိဒယ် … ဝယ်မားးး)
TNA
September 29, 2013 at 6:32 pm
တကယ်ပဲတန်းလန်းလုပ်ပြန်ဘီအေ။ ကောင်းခန်းရောက်မှ။ ညီးကိုရီးယားကားအားကျလို့လားအေ။ 😥
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:16 am
ဝါဒနာအရ ဂုလို ဖစ်တွားဒါဘာ ..
ဗဲရီးချော်ဒီးးးဘာ တိုရီးသဲရာ ..
ဂုဟာကို ဆုံးအောင် ရေးဘာ့မယ် …
sorrow weaver
September 30, 2013 at 11:02 am
…အခန်းဆက်ရေးအုံးဟ …ကြာနေပြီ…စိတ်ကရှည်လာပြီ…အငွင်းငွင်း
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:08 am
တောက်စ်ကွာ …
မေ့တွားအောင်လို့မို့ ရီပလိုင်းတောင် မပြန်ဘဲ ထားထားဒါ
သူဂ အစ လာပြန်ဖော်ဒယ် …
ထူးဒေါ့ဘာဘူးးးး
နက်ဖြန်ခါက စလို့ အခန်းဆက် အနေနဲ့ တင်ပေးတွားဘာ့မယ်လို့ …