အဆက်အစပ်မရှိ
–
–
–
–
–
========================
မြေကြီးက ငိုပြတဲ့အခါ
ကောင်းကင်ကြီးက မိုးတွေ ရွာချတယ်
“__ ငါကွ __”
လို့တောင်မှ ကြုံးဝါးလိုက်သေးရဲ့ ………..။
ပန်း မပွင့်တဲ့ ညနေခင်းဟာ
ဆည်းဆာရဲ့
ကဗျာဆန်တဲ့ အလှကို ငေးတယ်
ပြီးတော့ ပြောလိုက်တယ်
“မင်းက ရုပ်ဆိုးလိုက်တာကွာ” … တဲ့ …။
ဖဲဝိုင်းတစ်ခုမှာ ရန်ပွဲဖြစ်တယ်
ဓါးထိုးမှု ဖြစ်တယ်
လူသတ်မှုနဲ့ ထောင်ထဲကို ရောက်လာတယ်
နောက်တစ်ရက်မှာ …
အမှုက ကွင်းလုံးကျွတ်
လွတ်လို့ လာခဲ့ပြန်တယ် …..။
“_ ဟော … ဟိုမှာ … ဟိုမှာ _”
လက်ညှိုးညွှန်ရာ
အလန့်တကြား ကြည့်လိုက်မိပါတယ်
ကိုယ့်မျက်လုံးကို မယုံနိုင်လောက်အောင်ပါပဲ
တကယ့်ကိုပဲ ထူးဆန်းအံ့ဖွယ်
လက်ညှိုးညွှန်ရာ
ဗလာနတ္ထိပါပဲကွယ် ……။
အတင်းပြောနေတဲ့
မင်းသား ဘောစိဟာ
“ဟောဒီမှာ ကြည့်ပါဗျာ”
ဆိုပြီး …..
သူ့လက်စွပ်ကြီး လာပြီးပြတယ်
“ဒါကြီး ဘယ်က ကောက်ရလာတယ်”
လို့ မေးလိုက်မိပါတယ်
“ခင်ဗျား သိပ်မိုက်မဲတယ်” … တဲ့ …။
အရူးတစ်ယောက်က
ခါးကို တအားထောက်ပြီး
လာသမျှလူ မဟူရာ မှန်သမျှကို
မာထန်မျက်နှာထားနဲ့ ရန်တွေ့တယ်
ဒီအချိန်မျာ
ဆန်ဈေးသည် တစ်ယောက်
ရောက်လို့ လာတယ်
အရူးကို ရှလူး ရှလူး ဆို
တအား နမ်းပစ်လိုက်တာ
တစ်ခါတည်း အသက်ပါ ပါသွားတော့တယ် … တဲ့ ……..။
=======================
By – မဟာရာဇာ အံစာတုံး
=======================
23 comments
အလင်းဆက်
September 30, 2013 at 7:29 am
ညက အရှိန်နဲ့ မူးနေ သေးတဲ့ ရီဝေဝေအဖြစ်ကနေ
ဒေါင်ချာစိုင်းအောင်မူးတဲ့အဆင့် ပြန်ရောက်သွားတယ်။
နာဂ ဉာဏ် တိန်တော့
နီ့ကဗျာ ဘာကိုဆိုလိုထားမှန်း တွေးမရသေးဘူး
စဉ်းစားလိုက်ဦးမယ်တွာ
ကဗျာက ခေါင်းစဉ်နဲ့တော့ ကိုက်ညီနေသလားလို ့
🙂
မဟာရာဇာ အံစာတုံး
September 30, 2013 at 9:56 am
အေးကွ …
တစ်ခါတစ်ခါ လူဆိုတာ
သိပ်မလိုအပ်တာတွေ မစဉ်းစားဘဲနဲ့
ကိုယ့်ဘွတွက် ပြဋ္ဌာန်းထားတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီသင့်တယ်ကွ ..
မှ – မဟာရာဇာ ဆုံးမစာ
Ko chogyi
September 30, 2013 at 8:10 am
အလင်းဆက်ရေ အံဇာက အစပ်မရှိလို့ ငရုပ်သီးမှုန့်တောင်းနေတာ။
ဒါကြောင့်မို့ အဆက်(အလင်းဆက်) အစပ်(ငရုပ်သီးမှုန့်) မရှိလို့ ရေးထားတာပေါ့။
သိပြီလား၊ လွယ်လွယ်လေးပါ။
မဟာရာဇာ အံစာတုံး
September 30, 2013 at 9:59 am
အွမ် …
ဘယ့်နှယ်ဂျာ ..
သူနဲ့တွေ့မှ ငရုပ်သီးမှုန့်တောင်းတဲ့ အဖြစ် ရောက်ရတယ် ..
အင်းးးး
လူဂျီးမို့ ပေါဒေါ့ဘာဝူးလေ …
KZ
September 30, 2013 at 10:20 am
ဟိ။ နာ့မှာလည်း ဂလို ရေးထားတာမျိုးရှိတယ်။
နားမလည်ဘူးတို့၊
ဘာတွေရေးထားတာတုန်းလို့ ပြောမစိုးလို့ မတင်ဘူးးးး
ခွိခွိ
😀
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:05 am
အောင်မာ …
ကျုပ်ကဗျာက အဒိတ်ဘယ် ချိဒယ်ဂျ …
ရေးချင်တိုင်း လျှောက်ရေးထားဒါ မဟုတ်ဘူးးး
ထိုင်ရေးထားဒါ …
ဦးကြောင်ကြီး
September 30, 2013 at 10:27 am
အဆက်အစပ်
မဖတ်တတ်
ဇရပ်ပျက်
ခါးပတ်နက်
သမက်ရှက်
ငါးဘတ်ချက်
ထညက်မှတ်
စမတ်ကတ်..။
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:08 am
စမတ်ကတ် ဆို ကိစန မချိဘူး
စကတ်မတ် ဆိုရင်ဒေါ့ …
အင်းးးး
sorrow weaver
September 30, 2013 at 10:35 am
ခြောက်မျက်နှာကောင်လေး ..အဆင်ပြေဘူးရား…နင် ..အဟီး
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:12 am
အဆင်လား … ပြေဘူးးး
လောလောဆယ် ဗိုက်ဆာနေဒယ် … ဂွီ …
Crystalline
September 30, 2013 at 10:45 am
အွန်… စကားပြေပြန်ပြပါ.. ညဏ်မမှီဘူး.. :))
မဟာရာဇာ အံစာတုံး
September 30, 2013 at 1:04 pm
ဒီကဗျာကို စကားပြန်ပြရရင်
သိပ်ကို သိမ်မွေ့နက်နဲလှတဲ့ သဘောတရားတွေ ပါနေတယ် ညီမလေး …။
ဘယ်လောက်ထိ သိမ်မွေ့နက်နဲလဲဆိုရင်
ကိုယ်ကိုယ်တိုင်တောင်မှ အဓိပ္ပါယ် မဖော်တတ်လောက်အောင်ပါပဲ ညီမလေးရေ …။
လုံမလေးမွန်မွန်
September 30, 2013 at 11:33 am
နာလည်း အဲ့လိုရေးဦးမယ်
မဟာရာဇာ အံစာတုံး
September 30, 2013 at 1:06 pm
ရေးဒဲ့အခါ
ကိုကိုအံ ကို ခရစ်ဒစ် ပေးဘာနော် …
မပေးလည်း ကိစန ချိဘူးးး
ဘာဖစ်ဖစ် သည်းလေး ရေးသမျှ ကောင်းဘီးဒါး ..
black chaw
September 30, 2013 at 11:40 am
သိတ်ကောင်းတဲ့ ကဗျာလေးပဲနော်…။
မြှောက်ပြောသွားတာပါ…။
အတည်ပြောတယ်ထင်ရင်လည်း အတည်ပေါ့…။
ဒါပေမယ့်…
တကယ်ကောင်းတဲ့ ကဗျာလေးပဲနော်…။
အာဟီး…။
မဟာရာဇာ အံစာတုံး
September 30, 2013 at 1:09 pm
ကျန်ဒါ မြင်ဘူးးး
ကောင်းကွက်တွေပဲ ကြည့်ဖတ်ပီး
ပီတိတွေ ဖြာတွားဒယ် …
ဖလန်းးး ဖလန်းးး
TNA
September 30, 2013 at 1:16 pm
မောင်အံကဒညင်းဝက်ဖြစ် ဒညင်းဝက်က တဂျားဖြစ် တဂျားက စည်ပိုင်းဖြစ်။ အိုက်လိုလားအေ။ တကယ့်မော်ဒန်လား မန်ဒေါ်လားတိဝူးအေ။ 😥
မဟာရာဇာ အံစာတုံး
September 30, 2013 at 1:42 pm
အဟမ်းး ဟမ်းး
ဘာမွှ အားငယ်နဲ့ တိုရီးသဲ …
မတိယင် ပြောပြမယ် .. သေချာ နားထောင် …
အခု ကဗျာကို ဘာကဗျာမျိုးဒုန်းလို့ ခေါ်မဒုန်းဆိုဒေါ့ …
meaningless မော်ဒန်ပူအမ်လို့ ခေါ်ဒယ် ….
(မဟာရာဂျာ ကိုယ်ဒိုင် သတ်မှတ်တီ)
TNA
October 1, 2013 at 4:02 pm
အေးပါအေ မင်ဂါချောင်ဖိတ်စာရိုက်ရင်အိုက်လိုလေးရိုက်အေ။ ဘူမှလာမှာမဟုတ်ဘူး။ ဘာပြောမှန်းနားမလည်လို့
amatmin
September 30, 2013 at 9:35 pm
ဟတ်လူ..
နောက်ဆုံးပုဒ်မှာ ရှလူးတာနဲ့တင် အသက်ပါတယ်ဆိုတော့..
ခင်ညားစုံတွဲကအသက်ရှိသေးတော့ကာ…
ခင်ညားခုထိ.မရှလူးရသေးဘူးထင်ဒယ်..။
:kwi:
TNA
October 1, 2013 at 4:04 pm
👿
ကျော်စွာခေါင်
October 1, 2013 at 6:15 am
“__ ငါကွ __”
မင်းက ရုပ်ဆိုးလိုက်တာကွာ
ဟော … ဟိုမှာ … ဟိုမှာ
ဟောဒီမှာ ကြည့်ပါဗျာ
ဒါကြီး ဘယ်က ကောက်ရလာတယ်
ခင်ဗျား သိပ်မိုက်မဲတယ်
မဟာရာဇာ အံစာတုံး…….။ ။
ဟိုတုန်းကတော့ ဖျာလိုလိပ် ထိပ်ပေါ်တင်မယ်ဆိုပြီး…..ခုတော့
ဒီလေသံထွက်လာပြီပေါ့လေ….။
……
……ဟဲဟဲ… နာ..ဆက်စပ်မိသွားပြီ..။
Wow
October 1, 2013 at 4:54 pm
အဟီး… ၆မက်နာ ရူးသွားချာဘီ…. လုံမရေ လက်သံနဲနဲလျှော့ပါကွီ…