အရှေ့တောင်အာရှရဲ့ အချစ်တတ်/အချက်တတ်ဆုံးသော ယောင်္ကျားတစ်ယောက် စီမံ ခန့်ခွဲသည့် ဒီ တစ်ပတ် KZ’s ထမင်းဆိုင်
ကဲလေ။
ဒီတစ်ပတ်က အများအကြိုက် ချက်နိုင်၊ ဟင်းစပ်နိုင်မဲ့ ရွာရဲ့ နာမည်ကျော် စားဖိုမှူးတစ်ယောက်ကို ခေါ်ထားပါတယ်။
သူ က အရှေ့တောင်အာရှရဲ့ အချစ်တတ်ဆုံး အမျိုးသားတစ်ယောက်လည်းဖြစ်ပါသေးတယ်။။
ဒီ စားဖိုမှူးရဲ့ အားသာချက်ကတော့ စားသုံးသူတွေ နားထောင်လိုက်ရုံနဲ့ စားချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ချက်နည်း စားနည်းလေးက အစ ပြောပြနိုင်မဲ့
စားဖိုမှူး ဟောင်ကောင် ကျောက် ဖြစ်ပါတယ်။
ဖေကျောက်နဲ့ ဆို အနော် ဧည့်ခံရ သက်သာတယ်။
သူ က စကားပါ ပြောနိုင်လို့။
😀
ဟိဟိ။
ချက်နည်းတွေ ပါ ပြောထားတဲ့ အတွက် လာတဲ့ သူများ အကြိုက်တွေ့နိုင်မှာပါ။ ဝက် ချစ်သူများ အတွက်လည်း ရည်ရွယ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီ တနင်္လာ ကတော့……
ငါးခူကြော်နှပ် ခင်ဗျ၊
အဟဲ ငါးခူကြော်တယ်ဆိုလို့ လွယ်လွယ်မမှတ်နဲ့ အခပ်မသင့်ရင် ဆီပူပေါက်လို့ လူလုံးမလှဖြစ်သွားမယ်။ ငါးခူကို မကျည်းရည်နဲ့အချွဲဆေး သင့်ရုံတုံးပြီး ဆားနံနွင်းအရသာမှုန့်နယ် ခဏတော့နှပ်ရသေးတာဗျ။
ကြော်ခါနီး ငါးခူအရည်ခွံတင်းအောင် နေလေးပြနိုင်ရင်တော့ မွမွလေးစားရမယ်ဗျို့။
ငါးခူကြော်နည်းက ဒယ်အိုးနဲ့မဟုတ်ပဲ ဒန်အိုးစောက်စောက်ကို ဇကာအုပ်ပြီးကြော်ပါလေ။
ကြွတ်ရွသွားရင် ကြက်သွန်နီ/ဖြူ/ငရုပ်သီးခြောက် လေးစိတ်ကွဲထောင်းထားတာကို ဆီသတ်၊ အနံ့မွှေးလာမှ ငါးခူကြော်ကိုရောမွှေလိုက်ရင် ……
ငါးခူခေါင်းခပ်ထားတဲ့ကန်စွန်းရွက်ချဉ်ရည်ဟင်း နဲ့ လိုက်မှလိုက်…….
ပြီးရင် ဂေါ်ဖီထုတ်သုပ်လေး နဲ့ တွဲစားကြတာပေါ့ နော့။
~~~~~~~~~~~~~~~~~
အင်္ဂါ လားးးးး.. လာမယ်မိတ်ဆွေ၊
ကြက်သားအာလူး ဗျ။
ရိုးတယ်မထင်ပါနဲ့ဗျာ…. ကျုပ်က အရသာရှိအောင် စီမံထားပါတယ်။
အာလူးကို အခွံသင် လေးခြမ်းစိတ် ဆားသင့်ရုံနယ်ပြီး ဆီပူပူမှာ တင်းသွားအောင်ကြော်ပလိုက်တယ်ဗျ။
ပြီးမှ ကြက်အရိုးအသားကို ကြက်သွန်ဖြူ/နီ/ဂျင်း/ငရုပ်သီးမှုန့်ရောထောင်းထားတာနဲ့ ဆား အရသာမှုန့်ရောနယ် ဆီနဲနဲထည့်ပြီး လုံးချက်လိုက်တယ်ဗျ။
ရေခမ်းရင် အာလူးလေးခြမ်းခွဲကြော်ထားတာထည့် ဆုံရည်လေးအနေတော်ထည့် အရာသာမြည်းပြီးအနေတော်ရင် မဆလာလေးအုပ်၊ ဆီလည်ရေကျန် ကြက်သားအာလူးရမယ်ဗျို့။
တွဲစားဖို့လား… ??
ပဲနီလေးဟင်းချိုကို ပျဉ်းတော်သိန်ရွက်အုပ် လိုက်ဗျာ၊
ခရမ်းချဉ်သီးသုပ်လေး နဲ့ဆို ခင်ဗျား လျှာလည်သွားမယ်။
~~~~~~~~~~~~~~~~~~~~
ဒီ ဗုဒ္ဓဟူး အတွက် ??
ဒီနေ့လား ဝက်သား ကို ထူထူတုံးပြီး ကြာညို့ သကြားနဲနဲ ပဲငံပြာရည်အကြည် ဟင်းချက်ဝိုင် ဂျင်း ကြက်သွန်နီလေးစိတ်ကွဲ၊ အရောင်လှအောင်ငရုပ်သီးခြောက် တစ်တောင့်လောက်ထည့်ပြီး အိနေအောင် ဝက်သား အချိုနှပ် မယ်ဗျ။
အအီပြေ ငရုပ်သီးစိမ်းထည့်ထားတဲ့ သရက်ချဉ်သုပ် ရယ်၊
ဝက်ရိုးနဲ့ ကျောက်ဖရုံသီးဟင်းခါး ကို ငရုပ်ကောင်းခပ်ထားတာလေးနဲ့ဆို ရှယ်ပဲဗျို့။
~~~~~~~~~~~~~~~~~~
ဘာ… အသားဟင်းတွေများနေပြီ… ဟုတ်စ၊ ရမယ်ဆရာ၊
ကြာသပတေး မှာ အသီးအရွက်။ ကြက်မြစ်ကြက်သဲနဲ့ အစိမ်းကြော် ဆိုရင်ဖြစ်မလား။
ဒီလိုဆရာရဲ့ ကြက်မြစ်ကြက်သဲကိုသန့်ရှင်းရေးလုပ် ကြက်ရိုးနဲ့ကြက်မြစ်ကိုဆားနာနာနယ်ပြီးရေဆေး ပြီးရင်စစ်ထား။ ရေနွေးဆူအောင် ဟင်းချိုအိုးနဲ့တည်လိုက်ပါ၊
ရေဆူရင် ဂျင်းလက်တစ်ဆစ်လောက် အခွံနွှာထားတာထည့် နံနံပင်အမြစ်ကိုရေဆေးထားတာထည့် ပြီးရင် ကြက်ရိုးကြက်မြစ်ထည့် ၂မိနစ်နေရင် ကြက်သဲထဲ့၊ နောက်ထပ် ၂မိနစ်နေရင် ကြက်သဲကြက်မြစ်ကိုဆယ်လိုက်ပြီး တောင့်တောင့်လေးဖြစ်သွားအောင် ရေခဲရေထဲ ခဏထားလိုက်။
ပြီးရင် ခပ်ပါးပါးတုံးထားပေါ့ဗျာ။
မုန်ညှင်းဖြူ ဥနီ ပန်းဂေါ်ဖီ ပြောင်းဖူးအသေးတွေကို အရွယ်တော်တုံး ရေစစ်ထား၊
ပြီးရင်ဇလုံထဲထည့် အပေါ်ကခရုဆီဆမ်း အရသာမှုန့်နဲ့ ဂျင်းချောင်းပါးပါးလေးတွေဖြူး၊ ရေအချိုပန်းကန်တစ်လုံးကို အရသာမှုန့်ထည့်မွှေ ပျော်သွားရင် ကော်မှုန့်စားပွဲတင်ဇွန်းဝက်ထည့်မွှေ အသင့်ပြင်ထား။
ဒယ်အိုးထဲမှာဆီအနေတော်ကို မီးပြင်းတိုက်၊ အရမ်းပူလာရင် ကြက်သွန်ဖြူ ၃ဥ ဓားပြားရိုက်ထားတာထည့်၊ နှမ်းဆီနည်းနည်းထည့်၊ အသီးအရွက်တွေထည့်၊ ကြက်မြစ်ကြက်သဲထည့် ကြိုက်တတ်ရင် ငုံးဥထည့် ဖွဖွလေးမွှေပေးဗျ။
အဖုံးမအုပ်နဲ့ဆရာ နွမ်းကုန်မယ်… အနေတော်ရင် ဖျော်ထားတဲ့ ကော်ရည်လေးဆမ်း ကြက်သွန်မိတ်/တရုတ်နံနံအုပ်လိုက်ရင် ရပြီဆရာ။
အရည်သောက်လား… ကြက်ရိုးပြုတ်ရည်ကို ငရုပ်သီးစိမ်း ကြက်သွန်ဖြူ အရသာမှုန့်နဲ့ စွန်တန်ခပ် လိုက်ရင် ရပြီလေဗျာ။
ငါးကလေးခြောက် ကို ငပိနဲ့ ကြော် ထားတာလေးနဲ့ တွဲစားလိုက်။
~~~~~~~~~~~~
ဒီ သောကြာ ဘာကျွေးရင်ကောင်းမလဲဆိုတော့ ဥ ဟင်း ပေါ့ဗျာ။ ဟေ့လူ… စာတွေး တွေးပါဗျ၊ ကျုပ်ပြောတာ ကြက်ဥ ဘဲဥ။ လမ်းကြုံလို့ပြောရဦးမယ် ကြက်ဥ ဘဲဥ လတ်ဆတ်ရင် အကာသားက ပိုချွဲပြီး အနှစ်ကပျော့တယ်ဗျ၊ ကြာသွားရင် အနှစ်က ပိုမာပြီး အကာက ကျဲသွားတယ် အခွံခွါရတာတော့ ပိုလွယ်တာပေါ့။
တိန်… !! လတ်မလတ် ဘယ်လိုသိလဲ… ဟုတ်စ။ ဈေးဝယ်နေကြဆိုရင် သိတာပေါ့၊ မလတ်ရင် ဥက ပေါ့နေတယ်လေ။ နောက်ပြီး ရေထဲထည့်လိုက်ရင် ပေါ်နေတာပေါ့ဗျ။
ကျုပ်ကတော့ ဟင်းချက်ဖို့ ကြက်ဥ ဘဲဥ ပြုတ်ရင် ရှာလကာရည် ၁ဇွန်းလောက်ထည့်တယ်၊ အခွံသင်ရတာပိုလွယ်ပြီး ကျစ်သွားလို့ အလုံးလှတယ်လေ။
မန်ကျည်းနှစ်နဲ့ ကြက်ဥ ဘဲဥချဉ်ရည်ဟင်း ချက်တာ လူတိုင်းသိတဲ့ကိစ္စမို့ မပြောတော့ဘူး။
မွှေကြော် ခေါက်ကြော် ကြော်ရင်တော့ ပွချင်ဆိမ့်ချင်ရင် နို့စိမ်း နဲနဲထည့်၊ ဆူးပုတ်တို့ ကြက်ဟင်းခါးသီးတို့နဲ့ အချပ်လိုက်လေး ကြော်ချင်ရင် သံပုရာရည် ၃စက်လောက်ထည့် ကျစ်ကျစ်လေးရမယ် ဆရာ။
ဘာ… ခါးတယ် ဟုတ်လား… ဒီလူတော့ ခက်ပြီ။ ကြက်ဟင်းခါးသီးကို လှီးပြီးရင် ဆားနဲ့ခပ်ဖွဖွနယ် ရေဆေး၊ ပြီးရင် ရေနွေးထဲခဏစိမ် ရေပြန်စစ်ပြီး ရေခဲတုံးလေးတွေနဲ့နှပ်ထားလိုက်လေ။ ရေခဲတွေ အရည်ပျော်သွားရင် ရေစစ်ထားလိုက် ပြီးရင် ကြက်ဥနဲ့ပဲကြော်ကြော်၊ ဝက်သားနဲ့ပဲကြော်ကြော်၊ ရှယ်ပဲဗျ။
ကဲ ကဲ ခင်ဗျား တို့ကို ဝက်သုံးထပ်သား အတုံးသေးသေးတုံးထားတာနဲ့ ကြက်ဟင်းခါးသီးအစပ်ကြော်၊
ဥ ချဉ်ရည်ဟင်း…
ဒီလောက်ဆို ဖြစ်တယ်မဟုတ်လား။ လေစာတွေစားပြီး အီးတော့ မပေါက်နဲ့ဗျာ။ 😀
~~~~~~~~~~~~~~~~~~~~~~~~~
စနေ ဆိုတော့ အပျင်းပြေ ယိုးဒယားဟင်းတွေ ချက်စားရအောင်ဗျာ။
ပုဇွန် တုံယမ်းချို၊
ဝက်ခေါက်နဲ့ ကိုက်လန်ကြော်၊
ဝက်သားအဆာသွတ် ကြက်ဥကြော်၊ ဒီလောက်ဆို ဖြစ်တယ်မဟုတ်လား။
တုံယမ်းချက်ရင် အဓိက က ပဒဲကော နဲ့ ရှောက်ရွက်ဗျ။ ကျုပ်ကတော့ ဟင်းရည်အရသာရှိအောင် ကြက်ရိုးကို နံနံပင် အမြစ်နဲ့ ပြုတ်လိုက်တယ်ဗျ။
ရေဆူလာရင် အပေါ်တက်လာတဲ့ အမြှုတ်တွေ ဆီတွေကို ခပ်ထုတ်လိုက်တာပဲ၊ မဟုတ်ရင် နံလည်းနံ အရသာလည်း ပျက်တယ်။ ပြီးရင် နံနံမြစ်တွေကို ဖယ်ထုတ်၊ ပဒဲကောနဲ့ ထုထားတဲ့ စပါးလင် ၂ချောင်းကိုထည့်၊ ခဏနေရင် မီးကင်ထားတဲ့ ကြက်သွန်ဥသေး ငရုပ်သီးစိမ်းတွေထည့်၊ အရသာပြင်၊ အခွံခွါ ကျောခွဲပြီး သံပုရာရည်နဲ့ နယ်ထားတဲ့ ပုဇွန် ဒါမှမဟုတ် ပြည်ကြီးငါးကိုထည့် ရေဆူရင် ၂မိနစ်လောက်ထား သံပုရာရည်ညှစ်ထဲ့ မီးချပြီး ရှောက်ရွက်ထည့်၊ ပြီးမှ နို့စိမ်း ၁ဇွန်းလောက်ထည့်လိုက်ရင် ကွက်တိပဲ။
ကျုပ်ရဲ့နည်းက ဝက်သုံးထပ်သားကို အမြှောင်းလိုက်ဆားနယ်၊ ရေပွက်ပွက်ဆူနေတဲ့အထဲ ထည့်ပြီးပြုတ် အခေါက်နဲနဲ နူးလာရင် ဆယ်ပြီး အအေးခံလိုက်တယ်၊ ပြီးရင် အခေါက်ဘက်ကနေ ခက်ရင်း ချွန်ချွန်နဲ့ နေရာမလပ် မွစာတက်အောင်ထိုးပြီး ဆီပူပူမှာ ဝက်ခေါက်ကို အောက်မှာထား ဆီများများနဲ့ ကြော်လိုက်ရင် ကျွတ်ကျွတ်ရွရွ သုံးထပ်သားကြော် ရတာပေါ့။
ပြီးရင် လက်ညှိုးအရွယ်လောက်ပြန်တုံး၊ ကိုက်လန် ခရုဆီ ကြက်သွန်ဖြူဓားပြားရိုက်ကလေးနဲ့ ကြော်လိုက်ရင် ရှယ်ပေါ့ဗျာ။ ဝက်စဉ်းကောအစာသွတ် ကြက်ဥကြော်ကတော့ ရိုးလို့မပြောတော့ဘူးဗျာ။ ကိုင်း… ပူတုန်းလေး စားလိုက်ဦး…..။
~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေ ဆိုတော့ဗျာ အေးရာအေးကြောင်း အားရပါးရနှပ်ပြီး မနက်စာ မုန့်ဟင်းခါးကို အိုးဘဲဥ၊ ပဲကြော်နဲ့ တမုန်းဆွဲပြီးဈေးပြေးရတာပေါ့။
ဟုတ်တယ်လေဗျာ… အားတာဆိုလို့ တစ်ပတ်မှာ ဒီတစ်ရက်ရှိတာ…။ မယ်ဆွိတို့ နှိပ်စက်လို့ မီးဖိုချောင်ဝင်ပေးရဦးမယ်။
ငါးရံ့ အကွင်းလိုက်ကို ဆား ဆနွင်းနယ်၊ ဘူးသီးစိတ်လေးရော၊ ကိုင်းခရမ်းချဉ်သီးနဲ့ အရည်ကျဲလေး ချက်မယ်ဗျာ…. ကျုပ်က ဆီပြန်ဟင်း သိပ်မကြိုက်ဘူးဗျ။
နောက်ပြီး ဝက်စဉ်းကောနဲ့ ခရမ်းသီးအချိုနှပ် မယ်၊
ပဲဇောင်းလျားသီး သုပ် မယ်ဗျာ။
ခရမ်းသီးနှပ်ဆိုလို့ ပြောရဦးမယ် ဒီ ဟောင်ကောင်မှာ ဝက်သားကို ငါးပုတ်ခြောက်နဲ့ရောပြီး စဉ်းတာဗျ။ ပြီးတော့မှ ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်း ပဲငါးပိအချို နဲ့ အသားစဉ်းကောကို ဆီသတ်၊ ခရမ်းသီး အရွယ်တော် တုံးထားတာထည့်ပြီး မီးအေးအေးနဲ့ နှပ်တာဆိုတော့ စားလို့ အရသာတစ်မျိုးပေါ့ဗျာ။
နောက်တခေါက်တော့ ပုဇွန်ဆိက်နဲ့ တောချက် ချက်ကျွေးမယ်၊ အခု ပဲဇောင်းလျားသီးကို ရေနွေးဖြောပြီး ပဲမှုန့်အကျက်နဲ့သုပ်ပေးရမလား၊ ဒါမှမဟုတ် ကျုပ်စားသလို အစိမ်းပဲ သုပ်မလား…. ကဲ… ပြော..
~~~~~~~~~~~~~~~~~~
ဤတွင် အရှေ့တောင်အာရှမှ အချစ်တတ်ဆုံး ယောင်္ကျားအဖြစ်မှ
အချက်တတ်ဆုံး ယောင်္ကျား အဖြစ် ကူးပြောင်းတော့မဲ့ ကျောက် ရဲ့ ဟင်းချက် ရက်သတ္တပတ် ပြီးဆုံးပါပြီ။
ကြိုက်ရာ Day ကိုသာလာစားကြပါ။ 🙂
64 comments
Crystalline
September 30, 2013 at 9:30 am
ဒီဆိုင်မှာတစ်ပတ်လုံးစားပါမည်.. ပိုက်ဆံတော့ နောင်လကုန်မှယူနော်..
ငါးခူကြော်နှပ်က ကျမအရမ်းကြိုက်တယ်.. ကျမချက်ရင်လည်းအရမ်းကြိုက်ကြတဲ့ ဟင်းအနည်းငယ်ထဲကတစ်ခုပေါ့.. :)) မသိသောနည်းနာများကိုလည်းမှတ်သားသွားပါသည်..
နောက်တစ်ခုက အစားတွေဘယ်လောက်စားစား ဝိတ်မတက်စေတဲ့နည်းလေးတွေရှိရင်လည်း ဝေမျှပါအုန်းလို့ :))
ဦးကြောင်ကြီး
September 30, 2013 at 10:22 am
ခရစ်စတယ်သခင်မအတွက် ကြောင်ကြီးကိုယ်ဂို ဆက်သပါဒယ်… ပျားရည်သုတ် ဒိန်ချဉ်နှပ် ကြက်ဥအုပ်ပီး ဖီးကြမ်းငှက်ပျောသီးတို့လျက် လျှာဂျီးဖြင့် စားတော်မူပါ…။ 😳 အိုး….. အား…. လျက်စ်…..ဗဲထီးဂွတ်
ဦးကျောက်ခဲ
September 30, 2013 at 11:31 am
စားချင်တာစား… စားပြီးရင် ဝမ်းနှုတ်၊ ဗိုက်ထဲမှာအစာရှိရင် မအိပ်နဲ့…
ညစာကို စောစောစား… ဖြစ်နိုင်ရင် ချဉ်ရည်ဟင်းတစ်ခွက်နဲ့ တွဲစား…
😀
Wow
September 30, 2013 at 9:38 am
ဖေကျောက်စ် လက်ရာ အားလုံးကြိုက်…
ဟားနီးမူးထွက်ရင် သာမီးဝါးကိုပါခေါ်နော် ဖေကျောက်စ်
sorrow weaver
September 30, 2013 at 10:51 am
ဟားနီးမူးမှာ ဘာကပ်တီးမူးလဲ လုပ်ချင်ရတတုန်း…ကိုယ်ဂျင်းစာစိတ်မွေးပါ..ဘယ့်နှယ့်ဂျာ..အဟီး
KZ
September 30, 2013 at 11:11 am
ဟယ်။
အကြံဇိုးချင်း တူနေဗျန်ဘီ။
နာ အရင် ဦးတာ ဝါးးးးးး
နိ က ဘရန်းတွေနဲ့ နေခဲ့။
ဦးကျောက်ခဲ
September 30, 2013 at 11:38 am
တိန်… ချက်လည်းကျွေးရဦးမယ်… ဟားနီးမူးလည်းခေါ်ရဦးမယ်…
တော်သေးတာပေါ့ ဇက်ကြောအဆစ်မဆွဲခိုင်းလို့…
😀
Wow
September 30, 2013 at 12:01 pm
ဆွိပေးတဲ့ ဘရန်းဒွေယူပီး… ဖေကျောက်စ်တို့ ဟားနီးမူး ခိုးလိုက်အူးမာ…
မဟာရာဇာ အံစာတုံး
September 30, 2013 at 9:48 am
ဘုတ်ခ်မတ် လုပ်ထားလိုက်တယ် ..

တွေ့ယင် ..
လမ်းညွှန်းလေး ပေးလိုက်ဦးမယ် ..
KZ
September 30, 2013 at 11:12 am
နာ့ ညလေး တနားပါဒယ်။
နိ က ကျောက် နည်းလမ်းကောင်းယူရမှာဟဲ့!
😀
Ma Ei
September 30, 2013 at 9:59 am
ကြိုက်ရာ Day ကိုသာလာစားကြပါ… ဆိုတော့ ရွေးလို့မရနိုင်၊
ဝက်မစားတော့တဲ့သူတောင် စားချင်စိတ်ပေါက်လာတယ်…ဒီလက်ရာတွေနဲ့ဆိုတော့
ဒီ တစ်ပတ် KZ’s ထမင်းဆိုင် လဲ စားသုံးသူများနဲ့ စည်ကားနေမှာ မြင်ပါရဲ့နော်…
🙂
KZ
September 30, 2013 at 11:13 am
မွအိရေ။
အဲလာ က ကျောက်ရဲ့ အရည်အချင်းကြောင့်ပါဗျ။
🙂
Mahar Myanmar
September 30, 2013 at 10:20 am
စီးပွား ရေး က တော့ အတော် ကောင်း နေပါ လား
ဂျီးတော် ရေ့…
ရောင်း ကောင်း ပါရဲ့ လား ဗျ..
ကျုပ် လည်း အား ပေး သပေါ့ ဗျာ…
လာစား ဖို့ ခရီးစရိ်တ် မရှိ လို့
အွန်လိုင်း က နေ ဂျိုင့်ဆွဲ လေး
ပို့ ပေး စေ လို ကြောင်း..
ပိုက် ဆံ ကို တော့ နောက် လကုန်
ခရိုင်း စတောလင်း က .ပေး မယ် ဆိုတော့
အဲဒီ စာရင်း ထဲ ..
တစ်ဆိတ် လောက် ..တို့ ထား မှတ် ထား ပေးစေလို ပါကြောင်း
ခင်ဗျာ…
KZ
September 30, 2013 at 11:16 am
အွန်လိုင်းကနေ ပို့မယ်။
ပိုက်ပိုက်ကိုတော့ ကိုယ်တိုင်လာပေးနော်။
ခရစ် နဲ့ ပေါင်းမှတ်ဖို့ပြောရဲသေးတယ်။
ကြောင်ကုတ်ခံရမယ်
😀
black chaw
September 30, 2013 at 11:57 am
တစ်ပက် သောက်ဖူး သူ့ကျေးဇူး တဲ့…။ ဟေးဟေး…။

မခိုင်ဇာ တိုက်တယ် ဆိုတဲ့ ဒါဗယ်ဘလက် လေးပက်လောက်အတွက်
ကျေးဇူးစကား ဆိုပါရစေဗျာ…။
ကရင်စည်အတွက် ရည်ရွယ်တယ်ဆိုတဲ့
ဒါဗယ်ဘလက် ပုလင်းထဲက
ဦးဦးဖျားဖျား လေးပက် လောက်ကို
ကျွန်တော်မျိုးကြီး ဦးဘလက်မှ
လက်ခံ သောက်မျိုရကြောင်း…
ကျေးဇူးအထူးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း…။
KZ
September 30, 2013 at 12:00 pm
အမငီးးးး
လာပြန်ပြီ နောက်တစ်ယောက်။
ဒီလိုပါဗျာ။
လူစုံတိုင်း ပေးနေကြမို့ ဒီတစ်ခါ ကိုရင်စည် အလာနဲ့ ကြုံလို့ပါ။
အရင်အခေါက်တွေတုန်းကလည်း ကိုဘလက်ပါပါတယ်။ သတိမထားမိလို့နေမှာပါ။
TNA
September 30, 2013 at 12:35 pm
ဟိုလူရီးကိုတယ်ပီးကြည့်မရလှပေမယ့်သူ့ဟင်းတွေစိတ်ဝင်စားလို့ ထမင်းဆိုင်လာသွားတယ်ကေဇီရေ။ 😀 ဝက်လွတ်တဲ့နေ့တွေအကုန်စားပါမယ့်အကြောင်းနဲ့ ကြက်ဥကြော်နည်းကို ပေါင်းစုံကိုစိတ်အဝင်စားဆုံးပဲ။ စဖိုမူးကိုသွားမပြောနဲ့အုံး။ မတော်ခေါင်မိုးနဲ့ခေါင်းစောင့်သွားအုံးမယ် :-DD ပိုက်ပိုက်ကိုတော့ နှင်းကလေး ရှင်းလိမ့်မယ်လို့တော့ပြောလိုက်ပါအုံး :hint:
KZ
September 30, 2013 at 12:49 pm
ဟိဟိ။
မစ်တာထားတယ်လားးးးးးးး
ဒါတောင်ပညာကုန်မထုတ်ပေးသေးဘူးးးးး သူက။
😀
ဦးကျောက်ခဲ
October 1, 2013 at 1:13 pm
ဟီ ဟိ ကြက်ဥ ပညာက အတော်ကျန်သေးတယ် မွသဲရဲ့…
ကြော်တာ ပြုတ်တာ မုန့်လုပ်တာအပြင် ကြက်ဥဟင်းချိုတောင် ရှိသေး…
စကားအတင်းစပ်… ကြက်ဥကို ဟင်းချိုမှုန့် အသားမှုန့်နဲ့ မကြော်ပါနှင့်…
ယိုးဒယား ငံပြာရည် အကောင်းစားနဲ့ သမအောင်ခလောက်ပြီး ကြော်ကြည့်ပါ…
🙂
TNA
October 1, 2013 at 1:21 pm
အီးဟီး အိုက်နည်းနဲ့ကျော်လိုက်တာ မျက်နှာမယ် ဝက်ခြံတွေ အုပ်စုလိုက်ထွက်လာဒဂေါ 😥
ဦးကျောက်ခဲ
October 1, 2013 at 1:31 pm
အဲသာကြောင့် ငံပြာရည် အခိုးမရိုက်အောင်…
နို့စိမ်း သို့ သံပုရာရည် သင့်ရုံညှစ်ပါလို့ ပြောတာ…
😀
ခင် ခ
September 30, 2013 at 1:52 pm
“အရှေ့တောင်အာရှရဲ့ အချစ်တတ်/အချက်တတ်ဆုံးသော ယောင်္ကျားတစ်ယောက် စီမံ ခန့်ခွဲသည့်´´
ဟင်းလျာတွေနဲ့ စားဖွယ်ဆိုလို့ အုန်းသီးကိုချစ်ပြီး ချက်ထားတဲ့ အုန်းထမင်းနဲ့ ဘယ်လိုစားကောင်းဖွယ် ဟင်းလျာနဲ့ တွဲလေမလဲ၊ သင်္ဘောသီးကိုချစ်ပြီး သင်္ဘောသီးထောင်းစတိုင်လေးများ ဘယ်လိုချက် မလဲ တွေးကဖတ်ကြည့်လိုက်တာ ရက်သတ္တ(၁)ပတ်တာပြီးသွားတယ် ချစ်တာမပါတဲ့ ချက်နည်းတွေဘဲမို့ အရှေ့တောင်အာရှရဲ့ အချစ်တတ်/အချက်တတ်ဆုံး ဆိုတာ ဘာကိုများပြောတာပါလိမ့် လို့သာတွေးနေ မိတော့တယ်ဗျာ။
KZ
September 30, 2013 at 1:57 pm
ဒီလိုလေ။
အချစ်တတ်ဆုံးဆိုတာ သူတို့ဟာသူတို့ ပေးထားတဲ့ နာမည်တွေမို့ ယူသုံးလိုက်တာ။ (ကျောက်/ဂီ/အံ)
အချက်တတ်ဆုံးဆိုတာက သူချက်တာတွေကြည့်ပြီး ကွကို သူ့ကို ပေးလိုက်တဲ့ နာမည်ပါ။
အဲတော့ ၂ ခုလုံးပြည့်စုံမှ ကျောက် ကို ဖော်ညွှန်းရကျ၊မှာမို့ ဒီ ခေါင်းစဉ်ကို သုံးလိုက်ရခြင်းပါ။
😀
လုံမလေးမွန်မွန်
September 30, 2013 at 2:34 pm
အစက မှတ်မို့။ ခုစိတ်ပြောင်းသွားဘီ။ စားချင်ရင် ပရင့်ထုတ်ပီး လာပေးလို့ ပြောလိုက်မယ်။ မကောင်းဝူးလား
KZ
September 30, 2013 at 2:37 pm
ကောင်းတယ်။
နောက်မှ ပညာလေးတွေ ထပ်သင်ပေးဦးမယ်။
😀
မဟာရာဇာ အံစာတုံး
September 30, 2013 at 4:03 pm
အဟမ်းး ဟမ်းး

အပိုဂျီးဒွေ ငြိမ်ငြိမ်နေဂျဘာ …
သည်းလေးအတွက် ဘာပညာမှ လိုဝူးးးး
သင်နဲ့ ….
u kyein
September 30, 2013 at 2:48 pm
ဆက်သွယ်ရမဲ့လိပ်စာပြောဗျ ာ ပြန်လာရင်…တနှစ်စာချူ ိင့်ဆွဲပေးစားချင်လို့ပါ……။
KZ
September 30, 2013 at 2:49 pm
ကျောက်ရေ။
ကျောက်ရေ။
ဒီမှာပြောနေတယ်။
ဦးကျောက်ခဲ
October 1, 2013 at 12:40 pm
တော်ပြီဗျာ… ဟောင်ကောင်မှာ မြေကြွက်စ်လုပ်ရတာ အာရုံများတယ်…
ရွာပြန်ပြီး ထမင်းဆိုင်ပဲ ဖွင့်စားတော့မယ်… ဦးကြိမ်ကို မှတ်ထားလိုက်ပြီ…
😀
ဝင့်ပြုံးမြင့်
September 30, 2013 at 2:54 pm
ခပ်ရိုးရိုးလေး တွဲစပ် ဟင်းချက်ထားတာတွေကြည့်လိုက်တော့မှ ကိုယ်ဘာမှ မတတ်မှန်း ပိုသိသာသွားတယ်။
တောက် !!!! ဒီလိုမှန်းသိရင် ဒီလူရီးကို စောစောစီးစီး အမိဖမ်းထားပါတယ်။
KZ
September 30, 2013 at 3:12 pm
ကျန်းးးးးးး
ကျောက် တို့ စန်းပွင့်နေတာ။
😀
ဝင့်ရေ။
ဟင်းစပ်ရော ဟင်းချက်ရော ရတဲ့ အမျိုးသား က ရှာရခက်သတော့!!!
🙂
ဦးကျောက်ခဲ
October 1, 2013 at 12:36 pm
အခုတော့ ညလေးပြုံး နောက်ကျသွားပြီကွီ…
ထမင်းဆိုင်ဖွင့်ရင် လာအားပေးနော်… ဟီ ဟိ
😀
Ma Ma
September 30, 2013 at 3:55 pm
ငါးပိဖုတ်တာတောင် ဆရာမပြရင် နည်းမကျဘူးလို့ ပြောတာကို လွန်တယ်ထင်နေတာ……….
ခုဆရာသမားရေးလိုက်တော့မှပဲ သူ့နေရာနဲ့သူ နည်းပညာတွေ ရှိတယ်ဆိုတာ သိရတော့တယ်။ 🙂
KZ
September 30, 2013 at 3:59 pm
ဆရာ ကျောက် ပါဆို ချစ်မရယ်။
🙂
ဦးကျောက်ခဲ
October 1, 2013 at 12:43 pm
ဆိုက်ကားဆရာလည်း ဆရာပဲလေ… အန်တီမာမားရဲ့ 😀
Mon Kit
September 30, 2013 at 4:02 pm
ဦးကျောက်စ်ရေ.. နောက်ဆို ဝက် ကို အသားပေး မချက်နဲ့.. ဘဲ တို့ ကြက်တို့ ငါး တို့ ဖားတို့ အဲလာလေးတွေ ချက်ပြအူး… ခုတော့ အဂါင်္နေ့ နဲ့ တနင်္ဂနွေနေ့ KZ ထမင်းဆိုင်မှာ ချိုင့်ဆွဲ စားတော့မယ်..
🙂
KZ
September 30, 2013 at 4:17 pm
အရင်တစ်ပတ်က ဝက်မပါဘူးလား မေးကြလို့
ဒီတစ်ပတ် ဝက်များများစီစဉ်မိလို့။
😀
ဦးကျောက်ခဲ
October 1, 2013 at 12:48 pm
လာမယ်လေ ခြေလေးချောင်းလွတ်နဲ့ သက်သတ်လွတ် ဟင်းချက်နည်း…
စောင့်မျှော်ကြပါကုန်… ဟီ ဟိ 😀
Mr. MarGa
September 30, 2013 at 4:12 pm
တစ်ပတ်လုံးစာ တိုကင်ယူပါသည်။

ချိုင်ဆွဲ စားပါမည်
KZ
September 30, 2013 at 4:18 pm
ပိုက်ဆံအရေးပေးးးးး
အာဂ
September 30, 2013 at 4:12 pm
အဲဒီ ကဏ္ဍလေး မဂ္ဂဇင်းအတွက်ခိုးခြလိုက်ရင်ကောင်းမလားမသိ
စလယ်ဘလစ်တီတွေကို ဒါမျိုးရေးခိုင်းမယ်..ဟွန့် ပေါ်တင်ခိုးခြမယ်..။
KZ
September 30, 2013 at 4:19 pm
ဂဂ။
တစ်ရက်လောက် စားဖိုမှူး အဖြစ်မလာချင်ဘူးလားးးး
🙂
sorrow weaver
September 30, 2013 at 4:24 pm
ဗုဒ္ဓဟူး နဲ့ စနေ …ကျော်တို့ကချင်တွေက ဝက်သားမှ ဟင်းလို့ ထင်တာ ..အဟိ
ဦးကျောက်ခဲ
October 1, 2013 at 12:50 pm
ဝက်တစ်ကောင်လုံးကို ဟင်းချက်နည်းတင်ပေးရမလား ဟီ ဟိ… 😀
အရီးခင်
September 30, 2013 at 6:33 pm
ကကျောက်
ခရီးကပြန်ရောက်တာနဲ့ အိမ်စာလုပ်တယ်ပေါ့လေ။
ဟင်စပ်လေးတွေအတွက် ကျေးဇူးပါရှင်။
ကျေးဇူးစပ်တဲ့ အနေ နဲ့ သတိစကားလေး ပါး ပါရစေ။
တစ်ကိုယ်တည်းလူပိုကြီး ဘွ မှာတော့ ဒယ်အိုးအပါး ဖြစ်ဖြစ် ၊ အစောက် ဖြစ်ဖြစ် ဈာန်ရွေး တာ ချက်နေတာ အကြောင်းမဟုတ်။
လူပိုကြီးဘွ ကို လက်လွှတ်လိုက်ချိန်မတော့ အကျင်ြ့ပင်ပေတော့။
ရှိတဲ့ အိုးနဲ့ အကောင်းဆုံးချက်ကျွေး ဖို့ စဉ်းစားပါလေ။
ချက်ခါနီး အိုးရှာ နေရင်တော့
(ကျုပ်စိတ်နဲ့ ဆိုရင်ပေါ့) စိတ်မရှည်ဘူး။ ကွန့် ကို ကွန့်တယ် ပြောမှာမို့။ အဟိ။
နှင်းကရော စိတ်လက်တဆစ်လား။ 😉
ကေဇီလေး ကိုလဲ အာဘွား။
😛
KZ
October 1, 2013 at 8:48 am
အရီးရေ။
ဖေကျောက်တို့က ဒီထက်လိမ်မာပါတယ်ဗျာ
ခရီးမသွားခင်ကတည်းကပေးထားတာကို ကျနော် သူအားတဲ့ရက်ကို စောင့်ပြီးမှ တင်တာပါ။
:chit:
ဦးကျောက်ခဲ
October 1, 2013 at 12:57 pm
ဂလိုရှိတယ် အရီးရဲ့…
ဟင်းချက် ကြော်လှော် မီးကင် အရည်သောက် အသားငါးပေါင်းတာ…
သူ့အိုးသူ့ခွက်နဲ့မှ အထာကျတာ… တရုပ်စာဆိုရင် ဒယ်တစ်မျိုး… ဟီ ဟိ
လှီးဖြတ်တာတောင် ဓားရွေးသေးတာဆိုတော့ စဉ်းတုံး ၂မျိုးရှိတာ လွန်သလားဟင်
😀
padonmar
September 30, 2013 at 8:51 pm
ဒါဖတ်မိမှ ကိုယ်အသုံးမကျတာ ကွကိုယ်သိပြီ။
တမျိုးမှ ချက်ဖူးဘူး။
ရှက်ထှာ။
KZ
October 1, 2013 at 8:49 am
ဟိဟိ။
အာတီဒုံပြောမှ အနော်လည်း ရှက်ထာ။
:hint:
ဦးကျောက်ခဲ
October 1, 2013 at 1:01 pm
ဪ… အန်တီဒုံတို့က ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်…
ဘီးဇီးနက် ပရော်ဖက်ရှင်နယ် လေဒီတွေကိုး…
ကျောက်စ်က ငါ့ဝမ်းပူဆာမနေသာ ချက်ရတာကိုး ခင်ဗျ
😀
padonmar
October 9, 2013 at 10:10 pm
သူများဖတ်မိရင် အဟုတ်ထင်နေမှာ စိုးလို့ ကျောက်ကွန်မန့်ကို အပြေးအလွှားရှာပြီးပြန်မန့်ရတယ်။
ကျုပ်တို့က ခြေမွေးမီးမလောင် ဟုတ်ပါဘူးတော်။
ထမင်းဟင်းလည်းချက် ကြမ်းလည်းတိုက် အဝတ်လျှော်အကုန်လုပ်ရပါတယ်။
အခုသာ ယောင်းမနဲ့ ကပ်နေလို့ အချောင်ခိုနေတာပါ။
ဒါပေမယ့် လုပ်ခဲ့တုံးကလည်း စားကောင်းအောင်တော့
ကြိုးစားချက်ပေမယ့် ဦးကျောက်ရဲ့ လျျှို့ဝှက်နည်းတွေတော့ ခုမှ သိရလို့ ပြောမိတာပါ။
ဥပမာ ငါးကို မွစေချင် နေပြပေးတို့။ကြက်ဥကို နို့စိမ်းထည့်၊သံပုရာရည်ထည့်တို့ မသိခဲ့ရိုးအမှန်ပါ။
ဆိုတော့ ..နှင်းကလေး ကံကောင်းပါကြောင်း။
(မင်ဂါချောင်ကျရင် မန်းဂဇက်ဝိုင်းကို ရှယ်ကျွေးအောင် ဖားထားတာ)
amatmin
September 30, 2013 at 9:07 pm
ညစာမစားနိုင်တဲ့ ခုချိန်မှဒီပို့စ်ကို ဖတ်မိရတယ်လို့..။
အကြိုက်ဆုံးတရက်ကို မှတ်ထားမယ်ဆိုတဲ့ စိတ်နဲ့ဖတ်မိတာ..
နောက်ဆုံးဆန်းဒေးမှာ ဂိတ်ဆုံးသွားတယ်..။ 😛
ဝက်စင်းကော နဲ့ ပဲစောင်းလျားသီးပါလို့ကို ကြိုက်ထှာ..။
ငါးရံ့ဟင်းအရည်ကျဲကတော့..
ဦးကျောက်သာချက်ရင် တကယ်စားကောင်းမှာ.။
ကျန်တဲ့ရက်တွေကိုလည်း မှတ်သွားတယ်ဗျာ..
အားကျမခံ..တစုံတယောက်အတွက်ပေါ့..
:kwi:
KZ
October 1, 2013 at 8:50 am
အဲဒီ တစ်စုံတစ်ယောက် ကို ချက်ကျွေးမို့ မှတ်တာလားးးး
ချက်ခိုင်းမို့ မှတ်သွားတာလား ကိုဂျီးမတ်
😀
ဦးကျောက်ခဲ
October 1, 2013 at 1:06 pm
ပဲစောင်းလျားသီး ရုံးပတီသီးတွေကို ပုဇွန်ဆိက်နဲ့ တောချက်ကလေးဆို ရှယ်ပဲ
ငါးရန့်နဲ့ ကိုင်းခရမ်းချဉ်သီး၊ ငါးကြင်းပေါင်း ၊ ငါးပြေမချဉ်ရည်တွေကတော့…
ဖေးဗရိတ်ပေါ့ ကိုရင်မတ်ရယ်…
😀
weiwei
October 2, 2013 at 10:02 am
တစ်ပါတ်စာ ဟင်းစပ်ထားတာရှိတယ်။
kz ဆီကို ဘယ်လို ပို့လိုက်ရမလဲ
KZ
October 2, 2013 at 10:08 am
ဟိဟိ။
ခွိခွိ
ချစ်ရပါသော ဝေ ရေ။
khaingzw@gmail.com ကို ပို့ပေးပါကွယ်။
Thank you so much.
:chit:
weiwei
October 2, 2013 at 10:18 am
အိုကေ
ညဘက်လိုင်းကောင်းတဲ့အချိန် ပို့လိုက်မယ်
kyeemite
October 2, 2013 at 1:18 pm
အင်း..ဒီနေ့ ဗုဒ္ဓဟီး ဆိုတော့
အိနေအောင် နှပ်ထားတဲ့ ဝက်သား အချိုနှပ် ရယ်
အအီပြေ ငရုပ်သီးစိမ်းထည့်ထားတဲ့ သရက်ချဉ်သုပ် ရယ်၊
ဝက်ရိုးနဲ့ ကျောက်ဖရုံသီးဟင်းခါး ရယ်နဲ့ ရှယ်ဆွဲပစ်လိုက်မယ်…
ဆြာကျောက်စ် လက်ရာကောင်းသားကလားဗျ 😀
KZ
October 2, 2013 at 1:34 pm
အာဟင့်။
စဉ်းစားကြည့်ပါ မိုက်မိုက်ရယ်။
ကိုယ်တိုင်က ဒိုင်းယက်ပလန်နဲ့ ဒီဟာတွေ ရေးနေဖတ်နေရတာ။
တနား စရာ ကေဇီပါတကားးးး
😥
Foreign Resident
October 2, 2013 at 5:50 pm
ဟီ ဟိ ။
အဘ သာ မိန်းခလေး ဆိုလို့ကတော့ ၊ ဦးကျောက်စ် ကို ယူမိမှာပဲ ။
အလုပ်လုပ်ပြီးလဲရှာကျွေးတယ် ။ ဟင်းလည်း ချက်ကျွေးမယ် ။
( သူ့ညီမလေး အကြောင်း Post မှာဆို ဩဇီ အထိသွားပြီး ခလေးသွားထိန်းပေးသေးတယ် )
( နဲနဲသာ ချွဲနွဲ့လိုက်ရင် ၊ အဝတ်လျှော် မီးပူတိုက် အိမ်ရှင်း ပါထပ်လုပ်ပေးမယ်ပုံပဲ )
ဒါမျိုး အိမ်ထောင်ဖက် ယောက်ျား ဘယ်နား သွားရှာမလဲ ။ ဟီ ဟိ ။
Crystalline
October 3, 2013 at 10:48 am
သူလည်း တော်လေးဝဝင် ထဲပါတယ်
ဦးကျောက်ခဲ
October 3, 2013 at 11:28 am
ဟီး ဟီး… အဘဖောတို့ ခရစ်လေးတို့ကို BC ပေးချင်လိုက်တာ…
အဝတ်လျှော် အိမ်သန့်ရှင်းရေးလည်းလုပ် ဈေးဝယ်တာလည်း ဖြစ်သေးတယ်…
ချွင်းချက်…မီးပူတော့မတိုက်တတ်ဘူး…
အဲဒါလည်း ဒယ်ဒီပါပါးချစ်ဖေဖေကို ပြောခဲ့တယ်ခင်ဗျ…
အား ဟိ… အခုတော့ ထိုက်တန်သူလက်ထဲ ဘဝကို အပ်ရတော့မယ်…
😀
KZ
October 3, 2013 at 11:47 am
ဘီစီပေးလိုက်ပြီ။
အဟိဟိ
😀
ဦးကြောင်ကြီး
October 10, 2013 at 9:34 am
ကြောင်ကြီးဂတော့ လျှာပဲကျွေးဓာတ်တယ်… 😳