အင်းယားလိတ်က ဓာတ်ပုံပြပွဲ
ဒီ Link က သတင်းအရ . . . .
http://www.thithtoolwin.info/2013/09/blog-post_4081.html#.Ukh0gn-qbDc
အမေရိကန်ဓါတ်ပုံဆရာ Richard K. Diran က ၁၉၈ဝ ကျော်ကနေ ၂ဝဝဝ ခုနှစ်အတွင်း မြန်မာတရုတ် နယ်စပ်ဒေသတွေအထိ သွားရောက်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
စက်တင်ဘာ 30 ကျော်ရင် အမျိုးသား ပြတိုက် ကို လှူဒါန်းပါမယ် ဆိုတော့ . . အကုန်ကြည့်ချင်ရင် အဲ့ဒီ့မှာသာ သွားကြည့်ကြပါတော့ ဗျို ့ . . .။
အဲ့ဒီ့ ပုံပေါင်း ၇ဝ မှာ ငြင်းလို့ ကောင်းတဲ့ တနည်း ငြင်းစရာ ကောင်းတဲ့ ပုံလေးတွေ ပါတယ်။ ဆိုတော့ . . အမျိုးသားပြတိုက် ရောက်မှ ဆက်ကြည့်ရမှာပဲ ဗျို ့ . . .။ နှစ် ၂ဝ ကျော်ကြာ စားဖို့ လုံလောက်တဲ့ နောက်ခံ ရှိရင် ကျုပ်လဲ အဲ့လို ထွက်ရိုက်ချင်မိသား . . . ဘာပဲ ပြောပြော ကျုပ်ကြိုက်တဲ့ Facial Expression လေးတွေ တော်တော် ခံစားလို့ ကောင်းခဲ့ပါတယ်။ အဲ့ဒီ့ ပြပွဲ ထဲမှာ ဟိုပြေး ဒီလွှား အသားကုန် ပြေးလွှားကစားနေတဲ့ . . ကလေး တွေကတော့ တော်တော် စိတ်အနှောက်အယှက် ပေးပါတယ်။
Mလုလင်
14 comments
Ko chogyi
September 30, 2013 at 2:53 am
ဗဟုသုတရလို့ ကျေးဇူးပါ။
Ma Ma
September 30, 2013 at 6:31 am
ဓာတ်ပုံအရည်အသွေးကောင်းလိုက်တာလို့ ပြောချင်သလို………..
ပုံတွေက စကားတွေလည်း အများကြီးပြောသွားသလိုပဲ။
ဟိုပြေးဒီလွှားလုပ်နေတဲ့ကလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာ
နောင်ကို ပြခန်းတာဝန်ခံတွေ ထည့်စဉ်းစားရမယ့် အချက်တစ်ခုပဲ။
အလင်းဆက်
September 30, 2013 at 7:49 am
ပုံရိပ်တွေက ပြောနေတဲ့စကားကို
နားထောာင်ကြည့်လိုက်တယ်
မျက်စိနဲ့ကြည့်ပြီး နှလုံးသားနဲ့ နားထောင်တယ်
:kwi:
KZ
September 30, 2013 at 8:07 am
ကိုလု ရေ။
ကျနော် ပန်းချီပြပွဲကိုသာ ရောက်ဖူးတာ။
ဓာတ်ပုံ ပြပွဲတို့ ပြိုင်ပွဲတို့ ရောက်ဖူးဘူးဗျ။
ကျနော်ဟာ ဓာတ်ပုံ/ပန်းချီတို့ထဲက ပါဝင် အကြောင်းအရာကိုသာခံစားတတ်ပြီး
ဖန်တီးသူရဲ့ အယူအဆ/အရည်အချင်းကို မြင်နိုင်စွမ်းမရှိတဲ့သူဖြစ်နေတယ်ဗျ။ ဟီးဟီး။။။
🙂
ခု။ ကိုလု က မျက်နှာ Expression လို့ပြောမှ ဒီ လို အနေအထားရအောင်
ဖန်တီးရသူရဲ့ နေရာကို ခံစားပေးဖို့ မမေ့ဖြစ်တာပါ။
ကျေးဇူးတင်ပါတယ်။
koyinmaung
September 30, 2013 at 8:59 am
မူရင်ဓါတ်ပုံမျ ားကြည့်လို့ရယင်ကြည့်ခြင်လိုက်ပါဘိ…
ဓါတ်ပုံကိုပြန်ရိုက်ပြထားတာတောင် အတော်စိတ်ဝင်စားဘို့ကောင်းနေပြီ…
တကယ်ကိုဂန္တဝင်ဓါတ်ပုံတွေပါဘဲဗျ ာ
ဇော်ဂျီ ဖောင်ဘာပြင်ထားလဲမသိ ရေးချရိုက်ယင်လဲပူးနေ(ချာ ချာချာ) ချေ ာင်းကိုင်အရှည်ရိုက်ရင်လဲ
ပူးနေတယ် စာရိုက်ရတာ အယင်လိုရိုက်လို့မကောင်းဘူး(ချို ချို ချို )
manawphyulay
September 30, 2013 at 9:01 am
တကယ့်အနှစ်သာရရှိတဲ့ ဓာတ်ပုံတွေပါပဲ။ သူတို့ကို ကြည့်ရတာ စကားတွေ ပြောနေသလို ခံစားမိတယ်။
မဟာရာဇာ အံစာတုံး
September 30, 2013 at 9:27 am
ကျန်ဒါထက်
လီဆူးမလေး ဂလေ ..
ချစ်ချာရေးးးး
TNA
September 30, 2013 at 1:04 pm
ထူးဆန်းလိုက်တဲ့ပုံတွေ။ တခါမှမမြင်ဖူးဘူး။ ခြေထောက်ချုပ်ထားတဲ့ပန်းသေးအဘွားအိုဆိုတာ တော်တော်ကို သနားစရာပဲနော်။ ကျွန်မတို့ငယ်ငယ်ကတော့ တရုတ်မခြေသေးတော့တွေ့ဖူးတယ်။ နယ်စပ်မှာ။ အိမ်ကနေထွက်ပြေးမှာဆိုးလို့ ခြေထောက်ကြီးမလာအောင်အဝတ်ဖိနပ်သေးသေးလေးစီးပေးထားတာ။ ကြီးတော့လူပဲကြီးပြီးခြေထောက်ကလေးသေးကျန်ခဲ့တာတော့ ငယ်ငယ်ကထိတွေ့ဖူးတယ်။ ခုခေတ်တော့ မရှိတော့ဘူးထင်တယ်။
kyeemite
September 30, 2013 at 1:07 pm
ဓါတ်ပုံတွေကြည့်ရလို့ ကျေးကျေးပါကိုလုရေ
လုံမလေးမွန်မွန်
September 30, 2013 at 3:36 pm
သဂျီးကိုု သတိရသွားတယ်။ နားတောင်းလာကြည့်ပါလားလို့။ ပို့စ်အတွက် ကျေးဇူးပါ ကိုလုရေ။ ခုမှမြင်ဖူးတာ။
Mr. MarGa
September 30, 2013 at 4:35 pm
ဒီလို ရိုက်ဖို့ဆို
ဘယ်လောက် အားထုတ်ရမယ် ဆိုတာ တွေးရုံနဲ့ တင် သိနိုင်ပါတယ်။
ကြည့်ရင်းနဲ့ ရိုက်တဲ့သူကို လေးစားမိပါတယ်
Shwe Ei
September 30, 2013 at 4:38 pm
အွန်း နှစ်၂ဝ အချိန်ပေးထားတဲ့အထဲက အကောင်းဆုံး ၇ဝ ကိုရွေးထုတ်လှူဒါန်းတာဘဲ ဖစ်ဖစ်
အကြိုက်ဆုံး ၇ဝ ကို ရွေးထုတ်လှူဒါန်းတာဘဲ ဖစ်ဖစ် အတော်လေး အားကျဖို့ကောင်းတယ်
အိုက်ဂလို ပွဲမျိုးတပွဲလောက် ကြုံဖူးချင်လိုက်တာ 🙂
padonmar
September 30, 2013 at 7:46 pm
ကောင်းလိုက်တဲ့ လက်ရာလို့ပြောရင် မြင်းထိန်းငတာများဖြစ်သွားမလား။
u k
October 2, 2013 at 4:43 am
ကိုယ့်နိူင်ငံထဲမှာဒီလိုထူးဆန်တာတွေ ၊အလှတရားတွေရှိနေတာခုမှပဲဂဂဏဏသိတော့တယ်
နောက်ထပ်တွေ့ ရင်တင်ပေးပါအုံးMလုလင်ရေ….
လေးစားလျက်ပါ…။