ဘိုးလေး ဖိုးခွေး
ဘိုးလေးဖိုးခွေးဆိုတာ အဘွားရဲ ့ မောင် ၂ဝမ်းကွဲလားတော်ပါတယ်…..။
နာမည်ရင်းက ဦးဖိုးခွေးပါ….ဘိုးလေးတော်တယ်ဆိုတော့လည်း ကျနော်တို ့တစ်တွေက ဘိုးလေး ဖိုးခွေး လို ့ဘဲ ခေါ်ကြတာပါ….
ကျနော်က အဘွားနဲ ့အတူတူနေတာဆိုတော့ ဘိုးလေးဖိုးခွေးကို ခဏခဏ မြင်ဘူးပါတယ်..။
ဘိုးလေးက တစ်ကိုယ်ရေသမားကြီးဆိုတာတော့ သိတယ်..။ ဘိုးလေးက ခပ်ပေပေ၊ ခပ်ဆိုးဆိုးပါ….။
ဘိုးလေးစတိုင်က အမြဲတမ်း ကတုံးနဲ ့၊အကျီင်္ င်္ဘယ်တော့မှ မဝတ်ဘူး၊ ပုဆိုးဝတ်ရင် ဒူးခေါင်းလောက်၊ ပုဆိုး ခါးပုံစကြီးကတော့ အကြီးကြီး။
အိမ်ကိုလာရင်တော့ အဘွားကို အစ်မတင်၊ အစ်မတင်နဲ ့ တော်တော် ချစ်ပုံ ရပါတယ်..အဘွားကလည်း သံယောဇဉ်ကြီး
ပါတယ်..
အဘွားမှာကလည်း မောင်”ဆိုလို ့မောင်အရင်း တစ်ယောက်နဲ ့ ဒီမောင်ဝမ်းကွဲ ဘဲ ရှိတာကိုး…။
ဘိုးလေးက အလုပ်ဆို အကုန်လုပ်တယ်…ရေတွင်းတူးတယ်၊ခြံကာတယ်၊အုန်းပင်တက်တယ်၊အိမ်မိုးတယ်၊
ဒါပေမယ့် ဘာလုပ်လုပ် ပိုက်ဆံက ဘယ်တော့မှ မလောက်ဘူး၊ ဘယ်လောက်မလဲ….
အဘွားပြောပြတာက…ဘိုးလေးက ဘိန်းစားတဲ ့၊ ဘိန်းစွဲနေတာတဲ ့၊ ဒါကြောင့် ရှာသမျှကုန်နေတာပေါ့တဲ ့..။
ဘိန်းစားဖြစ်လာတော့ ဘိုးလေး အကျင့်ပျက်လာတယ်….ခိုးတတ်လာတယ်။
ခိုးတယ်သာပြောရတာ မမိတဲ ့အခါလို ့တစ်ခါမှ မကြားမိဘူး….။ ခဏခဏမိတာ။
တန်ဘိုးကြီးတာတော့ ဘိုးလေးက မခိုးဘူး၊ ကြောက်လည်း ကြောက်တတ်တယ်၊ပြသနာဖြစ်ရင်လည်း အဘွားကဘဲ ခဏခဏရှင်းပေးရတာ…။
အဘွားသမီး( အဒေါ်) တို ့ကတော့ သိပ်မကြိုက်ဘူး။ ဒါပေမယ့် ခင်တော့ ခင်ကြတယ်၊
အိမ်မှာ အမှိုက်တွေ ရှင်းဘို ့တို ့ သစ်ပင်စိုက်ဘို ့ကျင်းတူးဖို ့ဆိုရင် ဘို းလေးကို ဘဲ ခေါ်ခိုင်းနေရတာကို း။
ဘိုးလေးလာပြီဆို ကျနော် မကစားရတော့ဘူး၊
အဒေါ်တွေလေ“ ဟဲ ့ကောင်လေး နင့်ဘိုးလေးကို တစ်ချက်ကြည့်ထားဟဲ ့” တဲ ့..။
ကျနော်ကလည်း အမြဲကြီး ကြည့်ရမှာ အားနာတယ်..ကိုယ့်ဘိုးလေးဥစ္စာ။
ဘိုးလေးကလည်း ဘိုးလေး…တစ်ခါလာရင် တစ်ခါဆိုစမှတ်ပြုရတယ်……လာရင် အသံပေးပြီး လာတယ်….
အဲ……….
ပြန်ပြီဆို ဘယ်အချိန်ပြန်သွားမှန်းတောင်မသိရဘူး…သတိယမှ လိုက်ရှာပြီးရင်တော့ အဒေါ့် အသံကိုကြားရပြီ..
“ အမေ…အိမ်နောက်က ထမိန်တစ်ထည်တော့ ပါသွားပြန်ပြီ…စိတ်ညစ်ပါ့တော် ၊ အဟုတ် အမေ ့မောင်ကလည်း…”
ပြောသာပြောတာ အဒေါ့်မျက်နှာကလဲ ပြုံးပြုံး..။ တစ်ခေါက်လာ တစ်ထည်ဆိုတော့လည်း ရိုးနေပြီ..
နင်ဘဲ ငဆ ဒေါသဖြစ်ပြီးပြောရင်လည်း ငရဲက ကြီးဦးမှာ..ဦးလေးကိုး….၊။
အဘိုးလေး အကျင် ့မကောင်းတာ မရှိလို ့ဆိုတာ သိတော့ အဒေါ်ကြီးကတော့ နားလည်ပေးပါတယ်..။
ဖြောင်းဖျ ပြောဆိုပေးတယ်..ဦးလေး ဘိန်းကိုဖြတ်တော့ ခိုးတဲ ့အလုပ်မလုပ်နဲ ့၊ထမင်းလည်းညမနက်ဒီမှာဘဲ လာစား။
ပြောလည်း ဘိုးလေးကအေးဆေးဘဲ ၊ လက်နှစ်ဖက်ကိုဒူးကြားထည့်ပြီး မျက်လုံးလေး ကလယ်ကလယ်နဲ ့၊ ပြောသမျှခံတာဘဲ..။
ထမင်းထည့်ကျွေးရင်စားလိုက်တာဘဲ…အဲ စားပြီးရင် ဘို းလေးဘယ်အချိန် ပြန်သွားမှန်း သတိမထားမိလိုက်ကြဘူး…။
ဘိုးလေးက စားပြီးလို ့ ပြန်ရင် ထမင်းထည့်ကျွေးတဲ ့ဇလုံကိုပါ ခါးပိုက်ထဲ ထည့်ပြီး သုတ်ခြေတင်တာကိုး..။
ကြာတော့ ဘိုးလေး အကုန်ခိုးတတ်လာတယ်ထင်ပါရဲ ့ ..ဘိုးလေး သတင်းကခဏခဏ ကြားနေရတာကို း..။
ကျောင်းနေဘက်သူငယ်ချင်းတွေဆို တွေ ့ပြီ ဆိုတာနဲ ့ “ မင်းတို ့ဘို းလေး ညက အုန်းခြစ်ခိုးသွားတယ်ကွ”
“ တို ့အိမ်ဘေးအိမ်က ကြက်ဖကြီး ခိုးသွားတယ်ကွ” အို…ကွ ပေါင်းကို စုံနေတာဘဲ….၊
ကျနော်လည်းအစကရှက်ပြီး မျက်နှာပူပေမယ့် နောက်တော့
သူတို ့ကနှိမ်ပြီးပြောတာ မဟုတ်ဘဲ ၊သတင်းပေးတဲ ့ပုံစံမျိုးပြောတာဆိုတော့ ကျနော်လည်း မရှက်နိုင်တော့ပါဘူး…။
သူတို ့ပြောပြီဆို ကျနော်ကလည်း ပြန်မေးတာပေါ့ “ လူမိသွားတာဘဲ မဟုတ်လား” လို ့။
တစ်ခါသားတော့ အဘိုးလေး ခိုးတာ မြို ့တစ်ခြမ်းလောက် ၊အုတ်အော်သောင်းနင်းဖြစ်သွားတာ….အမှုကလည်းကြီးတယ်။
ဖြစ်ပုံက ဒီလိုဗျ၊ တောင်ရွာ( သီရိ) ရပ်ကွက်ထဲမှာ အသုဘတစ်ခုဖြစ်ရော….
ဆိုတော့ ………..ထုံးစံအတိုင်း ဘိုးလေးက လက်တိုလက်တောင်း ဝိုင်းလုပ်တာပေါ့…..
ညဘက်လိုကျ ဘိုးလေး ဘာစိတ်ကူးပေါက်သွားလဲ မသိဘူး….အသုဘအိမ်က မီးအိမ်( အောက်လင်းဓါတ်မီး)ကို
ခိုးပြီး ပြေးပါလေရော…။ လူမသိဘဲနေမလား ..အသုဘမှာ ဒီလောက်လူများတဲ ့ဟာ…။
သိတာနဲ ့အော်ဟစ်ပြီး လိုက်ကြတာပေါ့…အသုဘမှာ ဖဲရိုက်တဲ ့လူတွေရော၊ ရပ်ကွက်လူကြီးတွေ ရောပေါ့…ညံစီနေတာဘဲ…။
ဆွေမျိုး နီးစပ်တစ်ယောက်က အဘွားကို သတင်းလာပေးတော့ အဘွားရော အဖေရော..အဒေါ်တွေပါ လိုက်ကြရတာပေါ့….။
ကျနော်လည်း အဘွားလက်ဆွဲပြီး လိုက်တာဘဲ…။
ဟိုရောက်တော့ ဘိုးလေးအိမ်ထဲမှာ လူကိုပြည့်နေတာဘဲ….မီးအိမ်ကြီးကလည်း လင်းထိန်နေတာဘဲ…၊ အဘိုးလေးလည်း
ဘယ်လိုမှ မငြင်းနိုင်ပါဘူး…လက်ပူးလက်ကြပ်ကြီးမိတာကိုး…….။
ရပ်ကွက်လူကြီးတွေကလည်း အဘွားကို အကျိုးအကြောင်း ပြောပြကြတယ်…၊
ခိုးသွားမှန်းသိတာနဲ ့လိုက်ကြတာဘဲတဲ ့ ဒီရောက်တော့ ဝင်ရှာရှာချင်းမတွေ ့ဘူးတဲ ့….
နောက်မှ စောင်ကြီးအုပ်ထားတဲ ့လုံးလုံးကြီးထဲကတရွှီရွှီ မြည်နေလို ့ မသင်္ကာတာနဲ ့ဖွင့်ကြည့်တော့ အောက်လင်းဓါတ်မီးကို ထွန်းရက်သားကြီးတွေ ့တာတဲ ့…။ဘိုးလေးက မီးအိမ်ကို ထန်းခေါက်တောင်းနဲ ့မှောက်အုပ်ပြီး အပေါ်က စောင်နဲ ့အုပ်ထားတာကိုး။
အဘွားလည်း ရပ်ကွက်လူကြီးစကားကြားတော့ ရှက်လည်းရှက် စိတ်လည်းတိုသွားတယ်နဲ ့တူပါတယ်…..သူ ့မောင်ဖြစ်တဲ့ ဘိုးလေးကို ဆူလိုက်တာဆိုတော့…။
နောက်မှ အဘွားက မေးပါလေရော….“ မောင်ခွေးရယ် နင့်မလည်း ခိုးတော့ ခိုးပြီး မီးထွန်းထားမှတော့
လူမမိဘဲနေမလားဟဲ့” ဆိုတော့….ဘိုးလေးကတော့ လူမိမယ်၊ လူသိမယ်ဆိုတာကို အစကတည်းက သေချာပေါက်သိပြီးသားမို ့ထင်ပါရဲ ့၊
မျက်လုံးလေး ကလယ်ကလယ်နဲ ့ကတုံးလေးကိုလက်နဲ ့ပွတ်ပြီး အဘွားကို ပြန်ပြောတယ်…
“ အစ်မတင်ကလည်း ကျုပ်မှ မီးမငြိမ်းတတ်တာ” တဲ့…။
ကျနော်လည်း ဘိုးလေးဖြစ်နေတာ ကြည့်ပြီး သနားသွားသေးတယ်…..။
အမျိုးထဲမှာ ရှားရှားပါးပါး ပါလာပြီး…ခိုးသမျှလည်း တစ်ခါမှ လူမမိတာမရှိ၊ လူမသိတာလဲ မရှိ၊ ရှေ ့ကခို း နောက်ကပေါ်ဘဲ။
ဘိုးလေး ပြောပါတယ်….ခုတော့ မရှိတော့ပါဘူး….သူများအိမ်ကို ရေနံချေး(ဂျီး) သုတ်ပေးပြီး အပြန် ရေချိုးလိုက်တာ အပူရှပ်ပြီးဆုံးသွားတာ…။
ကြာပါပြီ….တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်လို ့ပြန်သတိရမိတာပါ….သတိရတဲ ့အခါဆို မဆီမဆိုင် တွေးမိသေးတယ်…
“ ဪ…ဘိုးလေးဖိုးခွေး ဘိုးလေးဖိုးခွေး…..သူခိုးတာဖြစ်တာ အ ” ချက်က လွန်နေတာဘဲ” လို ့..။ ။
ကြည့်ရတာ ဘိုးလေးက သူခိုး အတုလားမသိပါဘူး
ဟုတ်တယ်လေ….ခိုးပြီးတော့
ငွေမဲလည်း ငွေဖြူမလုပ်တတ်…
ခိုးပြီးတော့လည်း… လက်စ မဖျောက်တတ်.. .နောက်ဆုံး ခိုးသမျှ ရသမျှ
နိုင်ငံခြားဘဏ်မှာလဲ အကောင့်ဖွင်ပြီး မအပ်တတ်…။
အ……ချက်က…ကမ်းကုန်။ ဒါနဲ ့များ သူခိုးတဲ့…။
ဘိုးလေး…ရောက်ရာဘဝက နားလည်ခွင့်လွှတ်နိုင်ပါစေ
ဘိုးလေးရဲ ့မြေး
ကျော်စွာခေါင်
33 comments
surmi
September 30, 2013 at 12:19 am
အင် …. ?
အော် ..သိပြီ 🙂
ဒါကိုဆိုလိုချင်တာကိုးး..
ဟုတ်တယ်.
တချို့က ခိုးတယ်လို့မယူဆကြဘူးဗျ ။ရပိုင်ခွင့်လို့ထင်နေကြတာ..
အခုလည်း သေချာမရှာသေးလို့ပါ
ရှာရင် ခိုးထုတ်ခိုးထည်နဲ့ကိုမိမှာ…
ကျော်စွာခေါင်
October 1, 2013 at 2:51 am
ရှာချင်ပါသော်လည်း…ကဖိုးစိန်ကာထားတယ်…။
KZ
September 30, 2013 at 5:58 am
သူခိုုးကြီးတော့ ဓါးမြ
ဓါးမြကြီးတော့ သူပုုန်
သူပုုန်ကြီးတော့ န.အ (အဲ…အဲ)
ဘာဆိုုလားးးးးးးးးးး
😀
ကျော်စွာခေါင်
October 1, 2013 at 2:53 am
ဘာဆိုလားးးးးညာဆိုလားးးးး
ဟိုဟာဆိုလားးးးးးးးးးးး
ပျဉ်းမနားဘက်မှာနေသည်..
အလယ်ကလူ
စကားဝဲ၏
Ma Ma
September 30, 2013 at 6:40 am
ချက်ဆို နားခွက်က တောက်ပြီးသား
တစ်ထွာပြရင် တစ်တောင်မြင်တတ်တာမို့…..
စာရေးဆရာရဲ့ဆိုလိုရင်းကို နောက်ဆုံးမှာ ရေးပြမှပဲ သိတော့တယ်။ 😀
Crystalline
September 30, 2013 at 8:58 am
အန်တီမမလိုပဲ.. :))
ကျော်စွာခေါင်
October 1, 2013 at 2:54 am
တော်ပါသေးရဲ ့…မမနဲ ့လှိုင်း ရိပ်မိသွားလို ့…။
အလင်းဆက်
September 30, 2013 at 7:56 am
ဦးခေါင်ရည်
ဝတ္ထုရေးတော့လည်း ဂွတ်တာပါပဲလား။
ကျွန်တော်ကတော့
ဦးခေါင် ရေးတဲ့
ကဗျာကို ပိုစိတ်ဝင်စားတယ်
ကျော်စွာခေါင်
October 1, 2013 at 2:55 am
အလင်းဆက်ကြီးရေ..
ပို့မှာပါ မပူပါနဲ ့…ရေးနေတုန်း..
sorrow weaver
September 30, 2013 at 10:20 am
အဟီး ..အနုပညာ မှော်အောင်ထားတဲ့ မြေးလေးရှိမှန်းသိရင် ..ဘိုးလေးက အဲ့လိုလုပ်မယ်မထင်ဘူး..အာဟိ ခုတော့ ..
ကျော်စွာခေါင်
October 1, 2013 at 2:57 am
ခုတော့…တစ်မျိုးလုံးဖုံးထားတာတွေ ပေါ်ကုန်ပြီပေါ့…
မဟာရာဇာ အံစာတုံး
September 30, 2013 at 11:04 am
အော် ..
ဘိုးလေးဖိုးခွေး ခိုးဒါဟာ
ဝါဒနာဗီဇ အရ ခိုးဒါနေမှာ …
ဒါမယ့် … ခိုးမိဂျီး ဖစ်နေဗျန်ရော …
ဒါ့ထက် ခညားဂ ဘိုးလေးရဲ့ မြေးဆိုဒေါ့ဂါ …
ဂလိုလေး နံမယ် တပ်ချင်ဘူးလား ..
ဘိုးလေးဖိုးခွေးခေါင် …….
ကျော်စွာခေါင်
October 1, 2013 at 3:00 am
နီပေးတဲ့နာမယ်ကို စဉ်းစားပြီး…နာ..ရင်လေးလိုက်တာ..
နီ တောင် စကားတောင်စားဖြစ်နေတာ…နီ ့သားသမီးတွေ မွေးလာမှ
စကားက မပီကလာ ပီကလာနဲ ့… နာ့ကိုတွေ ့ရင်
ဟိုမှာဟိုမှာ…
ပန်းချီဆရာ ဘိုးလေးခွေးကောင်ဂျီး ဆို…. နာတော့ သေပြီဆရာဘဲ။
လုံမလေးမွန်မွန်
September 30, 2013 at 11:53 am
အနော်လည်း စာဆုံးတော့မှ သဘောပေါက်တယ်။ ဒါပေမယ့် ပစ္စည်းခိုးတောင် အပြစ်မဆိုညဲ အသိပေးရုံလောက်ပဲပြောတဲ့ ရွာစရိုက်ကတော့ ချစ်စရာကောင်းသလားလို့။ ဒါမယ့် ဘိန်းစားနာမည်ခံပြီး တန်ဖိုးသိပ်မရှိတာကို အမိခံခိုးတဲ့ ဘိုးလေးကတော့ ဟိုနာမည်တွေခံပြီး အဖိုးမဖြတနိုင်တာတွေကို ပေါ်တင်ခိုးနေသူတွေထက် ပိုရိုးသားပါတယ်
ကျော်စွာခေါင်
October 1, 2013 at 3:03 am
အဲလို…ပြောချင်တာ..ဘိုးလေးဖိုးခွေးလို နာမည်ကြီး ထမင်းငတ်သူခိုးတွေက ဖွဲဘဲ ခိုးကြတာ..။
black chaw
September 30, 2013 at 12:11 pm
ဖတ်သွားပါတယ် ဆိုတာလေး ကွန်းမန့်ရေးသွားတဲ့ သဘောပါဗျာ…။
ကျော်စွာခေါင်
October 1, 2013 at 3:04 am
ကျေးဇူးပါ…အားပေးဖတ်ရှုပေးတာ
kyeemite
September 30, 2013 at 1:13 pm
ကိုကျော်စွာခေါင်ရဲ့ ဘိုးလေးဖိုးခွေး အကြောင်းက ရီရမလို ငိုရမလိုဆိုသလိုပဲဗျို့
ကျော်စွာခေါင်
October 1, 2013 at 3:05 am
ဟုတ်ပ ကိုမိုက်ရေ…
ဝင့်ပြုံးမြင့်
September 30, 2013 at 3:36 pm
ကိုခေါင်ရေ အဲဒီထဲက အောက်လင်းဓာတ်မီး ဆိုတာ အခု ရှေးဟောင်းပစ္စည်းဈေးနဲ့ သိန်း၁၀ဝ လောက်ရှိနေပြီလို့ ကြားတယ်။
ကျော်စွာခေါင်
October 1, 2013 at 3:06 am
ဘိုးလေးသာကြားရင်တော့ ရင်ကျိုးပြီပေါ့…မပြုံးရေ
Wow
September 30, 2013 at 4:09 pm
အိုက် ဘိုးလေးဖိုးခွေးမြေးတွေကကော ပရီးမီးယားလိ ဘောလုံးတစ်သင်းလောက် ဝယ်ဖို့လုပ်ဖူးလားဟင်င်င်…
ကျော်စွာခေါင်
October 1, 2013 at 3:10 am
ပြောလို ့တော့ ရဘူးဗျ..
ကျနော်က ဘောကန်တာ အရမ်းတော်တာ…
ရပ်ကွက်ထဲ ဘောလုံးကန်ရင် ကျနော့်ကို အဝင်မခံကြဘူးဗျ…ကျနော်ဝင်ကန်ရင်..
ဘယ့်နှယ့် …ပွဲသာပြီးသွားတာ…ဘောလုံးကို တစ်ချက်လေးမှတောင် မထိလိုက်ဘူးလေ…အဲလို တော်တာ..ခုခွိ ခုခွိ
KZ
October 1, 2013 at 7:45 am
သများရဲ့ ကဂျာ ဆန်ဆန် ရီ နည်းလေးလေး ပြန်ပေးပါ။
ခုခွိ ခုခွိ
nozomi
September 30, 2013 at 5:51 pm
ဘက်စုံထူးချွန်တဲ့ ခေါင့် သတင်းတွေ ကြားနေရတယ်
ပန်းချီတွေကို သဘောကျသလို
စာလေးတွေကလဲ လွှတ်ကောင်းပဲ
အားပေးနေပါတယ် ခင်ဗျ
နောက်ဆုံး ဆွဲယူသွားတာလေးကြောင့် ပို့စ် လေးက ရသ ပိုစုံသွားတယ်
ကျော်စွာခေါင်
October 1, 2013 at 3:11 am
အားပေးတာတော့ ကျေးဇူးပါ..
အဲလောက်ကြီးလဲ မဟုတ်ဘူးဗျ….
padonmar
September 30, 2013 at 9:05 pm
ဒီလိုမျိုး အဆုံးသတ်ကျမှ လိုရာလေးထုတ်ပြတဲ့ ရေးပုံမျိုး
ကိုမျိုးသန့်ရဲ့ ရေဆန်လမ်းက ပန်းတပွင့်မှာ တွှေ့ခဲ့ဖူးပါတယ်။
အော် အနုပညာ ပရိုလက်ရာတွေဆိုတာ ဒီလိုမျိုးတွေကိုး။
ကျမတော့ ဆြာမျိုးတို့ ဆြာခေါင်တို့လို ဒီတသက် ရေးတတ်တော့မယ်မထင်။
ကျော်စွာခေါင်
October 1, 2013 at 3:13 am
မမကြာပန်းလေး
အဲ့လောက်ကြီး မဟုတ်သေးဘူးနော်…
အမ ရေးရင်လည်း ဖြစ်နိုင်တာဘဲ…
ဘာမုန် ့စားမလဲ….ပြော..။
amatmin
September 30, 2013 at 10:05 pm
နောက်ဆုံးအချုပ်မှာ..ဆိုလိုရင်းမချပြခဲ့ရင်.
ဘိုးလေး ခိုးလို့လူမိတာကို သနားတာနဲ့
ဟာသလို့ မြင်နေအုန်းမှာရယ်..။
သူခိုးကြီးဒွေ အကြောင်းပါမှ ပိုပြည့်စုံသွားတယ် ။
ဖတ်ရတာ အရသာရှိတယ် ဆရာခေါင်..။
ကျော်စွာခေါင်
October 1, 2013 at 3:15 am
ကျေးဇူးပါ အမတ်မင်းရယ်..
သူတို ့ကို ပြောဘို ့အရေး…ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရတာလေ..။
အရီးခင်
October 1, 2013 at 5:14 am
ခိုးသမျှ ရသမျှ နိုင်ငံခြားဘဏ်မှာ အကောင့်ဖွင့် တာ ပိုပြီး “အ” ချက်များဖြစ်နေမလားလို့ ပန်းချီဆရာ။
ဒါကိုမှ အမိမဖမ်းနိုင်ရင် တော့လဲ သူတို့ မ “အ” ဘူး ပြောရမလားဘဲ။
ဒီပွဲမှာ ဘယ်သူ ပို “အ” မယ်ထင်လဲ။ လောင်းမလား။
ကျုပ်က သူတို့ဘက်က နေမယ်။ 😉
နောက်ဆုံး ဘိုးလေး ကိုလဲ သိသိကြီး နဲ့ လွှတ်ပေးလိုက်တာဘဲ မဟုတ်လား။
ဂလိုဘဲနေမှာပေါ့။ နော။ 😛
ကျော်စွာခေါင်
October 1, 2013 at 5:56 am
့အီခရီး နီးသလား
မီးရထားစီးလာပါ…
ကုလားထိုင်ပေါ်ကလူ….
စကားဝဲ၏
Mr. MarGa
October 1, 2013 at 3:23 pm
အင်း……
ကိုကြီးကျော် အရေးအသား ဆွဲဆောင်ချက်ကတော့
ဘိုးလေးပုံစံကို မျက်စိထဲ မြင်ယောင်လာတဲ့အထိ
ဒီလို ယှဉ်ပြတော့လည်း
အဲဒီ ဘဘကြီးတွေကို ပြန် သတိရတယ်ဗျာ
တစ်ခါတစ်ခါကျရင်လဲ
မမြင်တာကြာရင် လွမ်းမိတယ် ဆိုလား…