မနှင်းဖြူမှန်မှန်ပြော … ဖြစ်ပေါ်လာပုံ
မနှင်းဖြူမှန်မှန်ဖော ..အဲလေ.. မနှင်းညို မှန်မှန်ရှော .. မနှင်းညို …အာ ..မနှင်းဖြူမှန်မှန်ပြော …ဖြစ်ပုံလာပုံလေးပြောချင်လို့ပါ ..
ကျုပ်ကို စရောက်ကထဲက နာမည်ဖျက်ကြလို့ နာမည်ရေးတာတောင် မှားကုန်ကြပြီ …
ဂျူနီယာဆိုပြီး ဝိုင်းဖဲ့ကြတာဗျာ ..သူများနာမည်အလှအပလေးကို …
ဟို ..အရှေ့တောင်အာရှမှာ အကျူဆုံးဘွဲ့ရထားတဲ့ ဖားသက်ပြင်း ဆိုလား ဘာ ဇာဂီဆိုလား နာမည်ပေါင်း ၁၀၈မျိုးနဲ့သူက
မနှင်းဖြူမှန်မှန်ရှော တဲ့ …… ဟို သိကြားမင်းရဲ့ နတ်သမီးတစ်ဖက် ငါးရာရှိတာကို အားကျပြီးသကာလ သံတူကြောင်းကွဲ နာမည်နဲ့
မာဂိန်ဆိုတဲ့ သိကြားမကျ ထန်းလျက်မကျ လူသားက မနှင်းဖြူမှန်မှန်ရှောတဲ့ ……….
ဟို ငါးပေကိုးနဲ့ ပါခန့်စော်ကြည်ဆိုတဲ့ … ပါလေရာ .. ခန့်ငြားချင်ယောင်ဆောင်သော ၊ ခဏခဏ ဆော်ခံရသော .. ကြည်တောက်ကြွား
မောင် ဆိုင်းထမ်း ..အဲလေ.. စိုင်းခမ်း ..ကလည်း ကျုပ်ရဲ့ မန်းလေးသူအသားအရေကိုလာပြီး နာမည်နဲ့မလိုက်လို့တဲ့ ..မနှင်းညိုဆိုတာက
တမျိုး ……..
ဒီ မန်းလေးဂဇက်က နဂိုက သိဖို့နေနေသာသာ ကြားတောင်မကြားဖူးတာ အမှန်ပါဗျာ. (ဟိဟိ)
နဂိုက ဆိုဒ်လေးတွေတချို့မှာ ရေးထားသမျှ ပေါက်တတ်ကရ လေးတွေ တင်တယ် ၊ ဖေ့ဘုတ်မှာ လူအော်ကြော့လန်အောင်
ရှိသမျှအကုန်တင်တာကလွဲလို့ ဒီလို စာနဲ့ပေနဲ့ ဟုတ်တိပတ်တိ မရေးဖူးခဲ့ပါဘူးဗျာ။
ဒီဆိုဒ်ကို မလဲ့ က မိတ်ဆက်ပေးလို့သိခဲ့ရတာ. သူက မန်းလေးဂေဇက်မှာ စာသွားရေးပါလားတဲ့ … ဖေ့ဘုတ်မှာရေးနေတဲ့အတူတူ..
(မျက်စိနောက်လာလို့ ဖြစ်မယ် :hee: ) အဲမှာ မန်းလေးက လူတွေအများကြီးတဲ့ …….ပထမတော့ ကိုယ်က စိတ်မပါဘူးဗျာ..
သွားတော့ကြည့်လိုက်ဦးမယ်ဆိုပြီး ပထမပိုင်းတော့ စာသွားဖတ်တယ် ..ကွန်မန့်တွေပါတွေလည်းမပေးဖြစ်ဘူး..
အကောင့်တစ်ခုဖွင့်ရမှာကို မဖွင့်ချင်တာနဲ့ပဲ … စာပဲသွားဖတ်နေတာနည်းနည်းကြာပါလေရော..
ဒါနဲ့ မလဲ့က ထပ်ပြောပြန်ရော..သွားမရေးဘူးလားဆိုတော့ .. သူများရေးထားတာတွေဖတ်ပြီး အားကျ … ကိုယ်လည်း ဝင်ပါလာချင်
တိုက်တွန်းသူကလဲရှိဆိုတော့.. ကဲ …ဘယ်သူမှ မဖတ်လဲ ငါ့မှာ အမာခံပရိတ်သတ် .. မလဲ့တစ်ယောက်လုံးရှိတယ်ဟ ဆိုပြီး
စ မိုက်လိုက်တော့တာပဲ .. ဟိဟိ … အဲမှာ စပြီးတွေ့တာက ..နာမည် ပေးဖို့ ……… ခေါင်းထဲမှာ ဘာ နစ် နိမ်း မှလည်းစဉ်းစားလို့မရ
ဒါနဲ့ နာမည် အရင်းနဲ့ အကောင့်လုပ်ပြီးသကာလ … ကိုယ့်နာမည် အစ ပိုင်းလေး နှင်း လို့ ပေးလိုက်ပါလေရော..
အဲမှာ ပထမ ပို့စ်မှာတင် လာပြီးအားပေးသူများက မိတ်ဟောင်းဆွေဟောင်းလို ၊ နောက် ..မမနှင်း ဘာညာဆိုတော့ ..
သွားပြီဟ .လူတော့မှားပြီဆိုတော့ သွားကြည့်လိုက်တဲ့သကာလ …….အားလားလား..ရှေ့မှာ စီနီယာကြီးတစ်ယောက်နဲ့ နာမည်အတူ
ကြီးဖြစ်နေပါလေရော …. ဒါနဲ့ ..ဟိုက်..ငါတော့မဖြစ်ဘူး..နာမည်တော့ပြောင်းမှဆိုပြီး စဉ်းစားရင်းစဉ်းစားရင်းနဲ့ ဘာပေးရမှန်းမသိတဲ့
အတူတူ ရက်ပိုင်းလေးတင် ပြောဖြစ်ထားတဲ့ မင်းကွန်းအကြောင်း ခေါင်းထဲမှာ ပေါ်လာတာနဲ့ ခေါင်းလောင်းကြီးသွားသတိရပြီး
ငါ့ နာမည် အရင်းလည်း ပါတယ်ဟ..ဆိုပြီး ကျွန်တော် ..ခေါင်းလောင်းဖြစ်..အဲလေ..မနှင်းဖြူမှန်မှန်ပြောဖြစ်သွားတာပါပဲ…..
နာမည်လေးပြောင်းလို့မှ ငါးမိနစ်မကြာ……….. ကျုပ်ရဲ့ စေတန်တွေက မနေနိုင်ဖြစ်ပြီး နာမည်ဖျက်လိုက်ကြတာ ..ခုတော့
မနှင်းဖြူလေး ……မှန်မှန်မပြောနိုင်ဖြစ်သွားတော့တာပါပဲ ..
ဘာမှတော့မဆိုင်ဘူး ..အမြင်ကတ်ပေါက်နဲ့ တရားခံရှာတာပါ… ဟိဟိ
16 comments
lele kyi
October 1, 2013 at 10:12 am
ဦးဦးကျောက်စ်ကို မီးမီးကြောက်လို့ နာမည်အမြန်ပြောင်းလိုက်တာပါလို့။ ဟီးး
ဦးကျောက်ခဲ
October 1, 2013 at 12:32 pm
ဟီ ဟိ အစပိုင်းက ကျောက်စ်လည်း မျက်စေ့လည်သွားဖူးတယ်…
ငှက်ကထကြီး ဆြာမိုက်တောင် နာမည်ပြောင်းထားတာဆိုတော့…
😀
မနှင်းဖြူ မှန်မှန်ပြော
October 1, 2013 at 12:34 pm
ဟုတ်ပါတယ်..အမှန်တော့ ဦးဦးကျောက်စ် ကို ကြောက်ထှာပါ..
ဒါနဲ့ အမြန်ပြောင်းလိုက်ရတာ
တော်ကြာရေခဲကို နှင်းစက်ဖြန်းတယ်တွေဘာတွေ ကြောက်လာလို့
sorrow weaver
October 1, 2013 at 10:37 am
ဪ ညိုရယ်…ထိခိုက်ကွဲရှလွယ်သလားကွယ်…အာဟိ
manawphyulay
October 1, 2013 at 10:57 am
အင်း ဒီလိုပါပဲ။ စရောက်လာတဲ့သူတွေ တချို့ဆို နာမည်ပြောင်းသင့် မပြောင်းသင့်တောင် ပိုစ့်တစ်ခုနေနဲ့ တင်ခဲ့ကြပါသေးတယ်။ ဟုတ်တယ်မလား ဦးဦးစာမိ အဟိ။ နောက်တော့လည်း မပြောင်းတော့ပဲ ဒီတိုင်း ဆက်ရေးသွားကြတယ်။ နာမည်ပြောင်းလိုက်တော့လည်း နာမည်တူမရှိတော့ သံတူကြောင်ကွဲဘဝက လွတ်သွားတာပေါ့လေ…. ကောင်းပါ့ရှင်။ မှန်မှန်ပြော မှန်မှန်ရေးဖို့တော့ လိုတယ်နော် မနှင်းဖြူ…… 😛
TNA
October 1, 2013 at 1:05 pm
သများလဲပြောင်းကြည့်သေးတယ်။ နောက်တစ်ယောက်လို့အောင်းမေ့သွားတာနဲ့ အထုလို ရွာထဲမယ်နာမည်ပြောင်းမရဘဲဒုံရင်း ဒင်းယုံဖြစ်နေရသကော။ 😥
Ma Ei
October 1, 2013 at 1:24 pm
လူမှားမှာ ကြောက်တာနဲ့ မှန်မှန်ပြောလိုက်ရတဲ့
မနှင်းဖြူလေးဖြစ်သွားတယ်ပေါ့နော်…
🙂
KZ
October 1, 2013 at 1:32 pm
ခု ပုလဲတစ်လုံးနဲ့ပတ်သက်ပြီး နောက်ထပ် နာမည်ပေးမယ်။
မနှင်းဖြူ မြန်မြန်ပြော…
😀
Mr. MarGa
October 1, 2013 at 1:37 pm
ဟီဟိ
ပြောတော့ပါဘူးလေ
တကယ် ဖျက်ထားတာ ဒီထက် ဆိုးတယ်
ဒါနဲ့
ကျုပ်နဲ့ ကိုဂီ ဖျက်တာ တူဝူးနော့
စာကူးတာ လွဲပြီထင့်
ပြင်လိုက်ပါဦး ဒေါ်ပျင်းထူ
နာမည်တစ်လုံး ထပ် တိုးသွားအောင်လို့ :kwi:
no non negative
October 1, 2013 at 2:03 pm
hehe nice name ‘မပျင်းထူ မှန်မှန်ရှော’
Wow
October 1, 2013 at 3:24 pm
ကျိမ်းကျေသွားမာစိုးလို့ အညန်ပြောင်းလိုက်ရတဲ့ နာမယ်ဆိုပါတော့…. :kwi:
ခင် ခ
October 1, 2013 at 9:23 pm
ဪ ရာဇဝင် အတ္ထုပ္ပတိလည်းရှိရမယ် ဆိုသလိုတော့ ဖြစ်နေပြီပေါ့နော်။ စာရေးတာလေးကို မရပ်ပါနဲ့အုံးဗျ မနှင်းဖြူ မြန်မြန်ရေးလို့ ပိုစ့်လေးဆယ်အလွန်ဆိုရင်တော် ဘဝတစ်ခု စမလားတော့ မပြောတတ်သမို့ ရေးဖို့တိုက်တွန်းပါရစေ။
kyeemite
October 2, 2013 at 11:41 am
ဦးကျောက်ခဲ says:
ဟီ ဟိ အစပိုင်းက ကျောက်စ်လည်း မျက်စေ့လည်သွားဖူးတယ်…
ငှက်ကထကြီး ဆြာမိုက်တောင် နာမည်ပြောင်းထားတာဆိုတော့…
ဟုတ်ပ..ကျုပ်လည်းရွာထဲဝင်စက “မြန်ပြည်သား”လို့ဝင်တာ
အဲတုန်းက ရွာထဲ “မြန်မာပြည်သား”ဆိုပြီးရှိနေတာသိတော့မှ
ကိုယ့်ကိုယ်ကိုဖေါ် မသူတော်လုပ်ပြီး“ကြီးမိုက်” ဖြစ်သွားတာ… 😀
လုံမလေးမွန်မွန်
October 2, 2013 at 11:48 am
မှန်တာပြောရင် အစ်မစာတွေကို ဝင်ဖတ်ပြီး မမန့်နိုင်ဘူး ဖြစ်နေတာ.. အရှည်ကြီးပွားချင်တာဆိုတော့ မမန့်ဖြစ်တော့ဝူး.. ဟီး…
မှန်တာပြောရရင်တော့ နှင်း ဆိုကတည်းက ချောတဲ့သူ ဖြစ်ရမယ်.. ဟုတ်တယ်ဟုတ်… 🙂
မနှင်းဖြူ မှန်မှန်ပြော
October 2, 2013 at 1:52 pm
ချောတာတော့ ပြော မနေနဲ့တော့
ငါးရှဉ့်နဲ့ကင်းလိပ်လျော စပ်ထားတဲ့အပြင် ဆီပါလူးထားသေးတာ
ချောချက်.. ၉.၉လောက်ရှိတယ်..
sorrow weaver
October 2, 2013 at 2:24 pm
ရိုးသားခြင်းသည် လာဟ်တပါး ….ဖခင်ဂိုဏ်းဝင် ပုရိသပရိတ်သတ်ကို အင်ထုခြင်းသည် အဝီစိထိုက်သော ကံဖြစ်သည် …..ဘာ 9.9 လဲ……ပုံ ..အူးပဇင်း ဆောရိုး ( မေတ္တာရှင် ) အာဟိ …