ကျွန်

ဦး ၾကိမ္October 2, 20131min1972

ကော့မှာလည်းနံပါတ် တွေရှိသေးတယ်…….မှတ်မိတာက B6.N7 တို့ပါ…ဒီနံပါတ်တွေကပိုပြီး အာနိသင်ကောင်းတယ်၊ပိုပြီးထိတယ်၊ပိုပြီးတက်တယ်၊ပိုပြီးလာတယ်ပေါ့….အရက်စကားနဲ့ပြောရင်ပစ္စည်းကောင်းတယ်

ကြာကြာမူးတယ်ပေါ့……။ဆေးခြောက်နဲ့ နှစ်ပင်လိမ်တာရှိသေးတယ်…ကော့ နဲ့ ဖန် တစ်ခုခုချ ပြီးဆေးခြောက်ရှုတာပါ…ကြိုက်တဲ့သူတွေကတော့ ရှယ်ပေါ့ဗျာ…ကျနော်ကျ မှဘာဖြစ်လည်းမသိဘူး

ကော့ဖြစ်ဖြစ် ဖန်ဖြစ်ဖြစ်ချပြီး ဆေးခြောက်ရှု ရင်အရင်ချထားတဲ့ဖီးလ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး…..ဒါကြောင့်နှစ်ခါ သုံးခါ စမ်းပြီးကထဲကနောက်ဘယ်တော့မှဖန်နဲ့ဆေးခြောက် ကော့နဲ့ဆေးခြောက်

ကိုတွဲမချဖြစ်တော့ဘူး……။ရန်ကုန်ကျောင်းသွားတက်တဲ့သူငယ်ချင်းတွေပြန်လာရင် BPI ကခိုးရောင်းခိုးဝယ်လာတဲ့ ကော့(ပေါင်ပုလင်း) တွေနဲ့ကိုသယ်လာတာ

အဲ့ဒီရက်တွေဆိုရင်တော့အကြိုက်ပေါ့….အဝပေါ့ ။အစိုးရဆေးဆိုင်ကနေလည်း ကော့တွေကိုထုတ်ပေးတယ်..ထုတ်ဈေးနဲ့ပေါ့..ထုတ်ပြီးပြန်ရောင်းတဲ့သူတွေဆီကနေ၁၂ကျပ် ၁၃ကျပ်အထိချ

လိုက်ရသေးတယ်….နောင်တော့မရတော့ပါဘူး..သုံးစွဲသူတွေများလာတော့ အရောင်းသွက်ကုန်ပစ္စည်းတစ်ခုလို စီးပွားရေးသမားတွေကအစိုးရဆေးဆိုင်တွေနဲ့ ပေါင်းပြီးဆော်ကုန်တာပေါ့

ဒီမှာအထိနာတာကဆေးသမားတွေလေ….မချ ရမနေနိူင် ဆိုတော့ သူတို့ပါးစပ်ကပြောသမျှ ဆိုသမျှ ဈေးနဲ့ တန်သည် မတန်သည်မစဉ်းစားနိူင် ဝယ်ကြရ

ကိုယ့်ပိုက်ဆံနဲ့ကိုယ်အောက်ကျခံရ ….ရောင်းပေးတာပဲသူတို့ကိုကျေးဇူးတင်ရ…တစ်ခါတစ်ခါဆို သိက္ခာတွေပါအပိုပေးခဲ့ရတဲ့ နေ့တွေတောင်ရှိလာခဲ့ ရတယ်….။နောက်ပိုင်း့အဖမ်းအဆီးတွေ

ရှိလာတော့….ပိုပိုဆိုးလာတော့တယ်..ပစ္စည်းတွေရော နှောပြီး(အင်)ထုတော့တာပါပဲ…ဆေးသမားတွေကတော့မခွဲခြားနိူင်တော့ဘူး….ရရာပဲချရတာပေါ့….လေပစ်ကလည်းတရိပ်ရိပ်တက်ဆိုတော့

အရင်တစ်မတ်ဆို အခုငါးမူး၊အရင်ငါးမူးဆိုအခုသုံးမတ်၊ တစ်ကျပ်တွေဖြစ်ကုန်ရော…ပိုက်ဆံတတ်နိူင်သူတွေကတော့လေပစ်ကိုစွတ်တက်ပြစ်တာ….ပိုက်ဆံကိုဘုန်းဘောလအောမသုံးနိူင်

သူတွေကလေပစ်ကိုသူများတက်တိုင်းလိုက်တက်လို့မဖြစ်ဖူးလေ…လေပစ်ကတက်ပြီးရင်ချမရတော့ဘူး….အရက်ကို တစ်ရာဖိုးသောက်သူကငါးဆယ်ဖိုးပဲသောက်ရင်မမူးတော့သလိုဖြစ်ရော…။

ရီစရာပြောရအုံးမယ်..တစ်နေ့သူငယ်ချင်းတစ်ယောက်နဲ့ ကော့ဝယ်မရလို့ မထူးဘူးဆိူပြီး ခလေးသောက်တဲ့ချောင်းဆိုးပျောက်ဆေးတစ်လုံးဝယ်ပြီး တစ်ဝက်ဆီသောက်ကြည့်မိတယ်

ချဉ်စုတ်စုတ်အရသာပါ…ချမ်းလိုက်တာမပြောပါနဲ့…နွေခေါင်ခေါင် ပုဆိုးခြုံပြီးပုနေရတယ်…….နောင်ဘယ်တော့မှမသောက်ဖြစ်တော့ပါဘူး….

အဲ့ဒီအချိန်မှာပဲ….အရင်ကရှားရှားပါးပါး ဝင်တဲ့ ဖန်စီဒိုင်းတွေကထန်းလျက်ပိုတွေနဲ့ ထည့်ပြီးပခုက္ကူ  ရေစကြို ကထန်းလျက်လာချတဲ့ အညာမော်တော်တွေနဲ့ဝင်လာပါတော့တယ်……..

ကော့တွေရှားနေချိန်မို့ ဖန်ကိုအရောင်းအဝယ်လေးလုပ်ရင်းဖေါဖေါသီသီ ချလိုက်ရသေးတယ်…ဒါပေမဲ့ သိပ်မကြာပါဘူး တင်းကျပ်တဲ့ အဖမ်းအဆီးတွေကြောင့်

ကြက်ပျောက်ငှက်ပျောက်…..ပျေ ာက်ကုန်တော့တာပါပဲ….ရက်တွေ လတွေ နှစ်တွေကြာလာတော့ နေ့တဓူဝချ ဖို့ ရှာရတဲ့ပိုက်ဆံကမလွယ်ကူတော့ဘူးလေ…မချ ရ ရင်လည်းယင်းကထ…

ကော့တို့ဖန်တို့ ယင်းကသန်းတာ..အိပ်ချင်လို့သန်းတဲ့ပုံစံ တဝါးဝါးနဲ့ ပါးစပ်အရမ်းညောင်းတယ်..ကိုယ်တွေလက်တွေကကိုက်ခဲ၊ နဲ့နေမထိထိုင်မသာတော်တော်ဆိုးတဲ့ဒုက္ခ ပေါ့

နောင်ဒီ့ထက်ဆိုးတာတွေကြုံ ရအုံးမှာသိမှမသိသေးပဲကိုး……။ပစ္စည်းမရတဲ့နေ့ဆို တစ်ချူ ိ ့ကအရက်နဲ့ ဖြေတယ်…ကျနော်ကအရက်ကိုမကြိုက်တဲ့သူဆိုတော့မသောက်ဖြစ်ဘူး(မသောက်ဖြစ်တာက)

မျက်နှာကြီးနီပြီးလူသိလို့…လူသိရင်ရှက်တာရယ် အိမ်ကသိမှာစိုးတာရယ်ကြောင့်ပါ…….ဒါကြောင်ပဲ ဆေးချ ပြီးမသေပဲ အရက်နဲ့မှ ဆုံးပါးခဲ့တဲ့ သူငယ်ချင်းတွေကြားထဲမှာကျနော်ကံကောင်းထောက်မစွာ

ကျန်ရစ်ခဲ့တယ်….။

 

2 comments

  • ဦးကျောက်ခဲ

    October 2, 2013 at 3:37 pm

    အဟဲ… ဟိုခေတ်က ဆေးဘဲများရဲ့ ဝေါဟာရကို ဘာသာပြန်ပေးရမယ်ထင်ရဲ့…
    ကော့(ကွန်)/ဖန်တွေချပြီး ဝက်ဆီဖတ်စား၊ ရေနွေးကြမ်းသောက်…
    လေထဲမှာလွင့်နေတာပဲ… ဆံပင်ကိုလေတိုးရင်တောင် အရသာရှိတာ…
    😀

    • alinsett

      October 2, 2013 at 5:54 pm

      နယ်ပယ်တစ်ခုု ကို
      လေ့လာခွင့် ရလိုက်သလိုပါပဲ

Leave a Reply