ချစ်ခြင်းအရိပ်နှင့်ကင်းလွတ်သော
ချစ်ခြင်း ဟာ အနီရောင် ပန်းတွေသာဆို
မေမေ့ အတွက် ပန်းတစ်ခင်း တိတ်တိတ် ပျိုးပေးမယ်
နာရီ လက်တံတွေ လက်ဝဲ ဘက်တိမ်းတဲ့ တနေ့ပေါ့။
မေမေ့ ကို ချစ်တယ်
ဒီနေ့ထိ မပြောခဲ့ဘူး
သမီးလို့ လဲမေမေ တခွန်း မဟခဲ့ဘူး။
တကယ်ဆို…မေမေဟာ
ကျမ ရဲ့ ပထမဦးဆုံးသော
သူရဲကောင်း…..
ကျမ ကတော့ မေမေ့ ဆုတောင်းနဲ့ ထပ်တူမကျခဲ့တဲ့
နတ်ဆိုးရဲ့ ကျိန်စာ။
…..သံတမန်မရှိဘူး ဒီ လွဲချော်မှုမှာ
ဒူးထောက်လို့ မရအောင် ခိုင်ကျည်နေတဲ့
နတ်ဆိုးရဲ့ သွေးတွေ ငါ့ကိုယ်ထဲစီးဆင်း
အဖြူရောင်စီးချင်းတွေ ညံနေခဲ့တယ်။
ဘယ်အရာတွေကြောင့်များ
မေမေ့ လက်တွေ ကြမ်းရှခက်ထန်လွန်းခဲ့
အက်ဆစ် စကားလုံးမိုးတွေ
တဝုန်းဝုန်း ငါ့ တစ်ကိုယ်စာရွာချ..။
မာနချပ်ဝတ် တန်ဆာအထပ်ထပ်နဲ့
အဲဒီ ကောင်မလေး
ယောင်မှားပြီးတောင်
တစ်ချက်လေးခေါင်းမငုံ့ခဲ့ …။
မုန်တိုင်းကြား က ဆူူးရိုင်း နှင်းဆီ နှစ်ပွင့်ရဲ့ စီးချင်း
နေခြည်နွေးနွေး
တစ်ချက်ကလေး မ လက်ခဲ့ဘူး
မေမေ့ ရင်ထဲ က အနီရောင်ပန်းတွေ
မွှေးမြဖို့….။
22 comments
KZ
October 6, 2013 at 8:28 pm
တကယ်ဆို…မေမေဟာ
ကျမ ရဲ့ ပထမဦးဆုံးသော
သူရဲကောင်း…..
Miss my mom.. :hint:
lele kyi
October 7, 2013 at 5:20 pm
ဟုတ်တယ်ခိုင်ဇာ။ မေမေ့ က ကျမရဲ့ သူရဲကောင်း။ ဖေဖေ က ကျမရဲ့ အဘိဓာန်။ဝီကီ။ ဟဲဟဲ..ကလေးတိုင်းအဲ့လိုတွေးခဲ့ကြမယ်လို့ယုံကြည်ပါတယ်။ အချိန်ကတိုက်စားသွားပေမဲ့ အဲ့ဒီ အချိန်က အတွေးတွေကိုတစ်ခါတလေ သတိရနေတုန်း။
alinsett
October 7, 2013 at 7:58 am
ကျွန်တော့် ဘဝ မှာတော့
မေမေဆိုတာ
ဘယ်သူနဲ့မှ ဘာနဲ့မှ
အစားထိုးမရနိုင်တဲ့ လူသား
Crystalline
October 7, 2013 at 9:03 am
မလဲ့..စိတ်ထဲတစ်မျိုးကြီးခံစားရပေမယ့်.. ရေးတတ်လိုက်တာ 🙁
ဦးကြောင်ကြီး
October 7, 2013 at 9:17 am
ဆိတ်ထဲတမျိုး
လိပ်သဲခိုး
ကြိတ်ဆွဲဒဂိုး
အိမ့်ဖဲကိုး
လိမ့်လည်းမရိုး
ဇိမ့်ပဲဖြိုး
ရှိန့်ကဲပုဆိုး
ငြိမ့်ဝဲတိုး…
lele kyi
October 7, 2013 at 5:26 pm
အဲ့လိုပဲ ခရစ်ရဲ့ မေမေ က စစ်သေနာပတိချုပ်။ ကျူးကျော် ရန်စ သိမ်းပိုက်သူ (ကျမနိုင်ငံငယ်ကို)။ ကလေးအတွေးပါ။ 🙂
မဟာရာဇာ အံစာတုံး
October 7, 2013 at 9:18 am
များသောအားဖြင့်
သမီးနဲ့ အမေ ဆိုတာ
မတည့်တတ်ကြပါဘူးးးး
သားသမီးတိုင်းရဲ့ ရင်ထဲမှာ မိဘတွေအပေါ်မှာ
လေးစားမှု ဆိုတဲ့ ဝေါဟာရတွေ ရှိကြပါတယ် …
ဒါပေမယ့် … ထုတ်ဖော် မပြတတ်ကြဘူး …
ပြောရရင် ..
မေမေ့ရင်ထဲမှာ အနီရောင် ပန်းတွေ မဟုတ်ပါဘူး ..
သေချာ ကြည့်လိုက်ရင်
အဖြူရောင် ပန်းတွေ ဖြစ်ဖြစ်နေတတ်ပါတယ် …
lele kyi
October 7, 2013 at 5:30 pm
အံစာရဲ့..ကျမ ကမေမေရဲ့ အနီရောင်နှင်းဆီတွေကို မြင်ချင်ခဲ့တာ။ မေမေ့ ကို အချစ်နဲ့တွေ့စေချင်ခဲ့တာပါ။
sorrow weaver
October 7, 2013 at 9:22 am
အကြည် …သူ့ဟာသူနေတဲ့အမေကို ချွဲပြန်ပြီ ..ဟိုကရေလည်ကြွေတော့မှာပဲ …ဖတ်မိရင်စိတ်မကောင်းဖြစ်အုံးမယ်…
lele kyi
October 7, 2013 at 5:40 pm
မေမေ ငိုတာ တစ်ခါမှတွေ့ဖူးဘူး ငယ်ငယ်က.အဲ့လိုပဲ ကျမငိုရင် အသံထွက်ရင် ရိုက်ခံရတယ်။ မတိတ်မချင်းရိုက်တာ။ အင်းးးးမငိုရင်လဲရိုက်တာပဲ။ အကြောမာတယ်ဆိုပြီးတော့။ အဲ့လို ဥပဒေက ဖွင့်ဆိုသူလက်ထဲအမျိုးမျိုးပြောင်းလဲခွင့်ရှိတာ။ မေမေ့ ကို သိပ်ချွဲခဲ့တာပေါ့..ဒါပေမဲ့ကိုယ်ပဲအရူးဖြစ်ရတာ.သူက မိန်းကလေး မချစ်ဘူးလေ။ နောက်တော့လည်း နေသားကျသွားပါတယ်။
kyeemite
October 7, 2013 at 10:45 am
မေမေ့အကြောင်းရေးဖွဲ့ထာတာကြည့်ရတာ
သားမိနှစ်ယောက် နားလည်မှုလွဲနေတယ်ထင်ပါရဲ့
အဆင်ပြေကြပါစေဗျာ…
lele kyi
October 7, 2013 at 5:47 pm
ကျေးဇူးပါ.ဦးဦးမိုက်. ငယ်ငယ် က ကလေးအတွေးခေါင်းထဲရောက်လာလို့ မေမေ့ ကိုလည်းသတိရနေမိလို့ ရေးလိုက်တာ။ အဆင်ပြေပါတယ်..ကိုယ်ကအလျှော့ပေးထားတာကိုး။ ဟီးးးး။ နောင်တ ကင်းကင်းနဲ့ပဲဘဝ ကိုဖြတ်ကျော်ချင်တော့တယ်။
အရီးခင်
October 7, 2013 at 3:51 pm
တစ်နေ့ အမေ့နေရာ ရောက်လာချိန် ရှောင်ရန်၊ ဆောင်ရန် လေးတွေ ကို ကိုယ်တိုင် ခံစား သိနိုင်သွားတာမို့ ဘယ်လောက် အကျိုးအမြတ်ရှိလဲ။
ဒီတော့ အမေ့ ကို ကျေးဇူးတင်ပြီး အမေ့ကို ချစ်လိုက်တာ လို့ စပြောကြည့်လိုက်ပါလား။ 😉
lele kyi
October 7, 2013 at 5:15 pm
ကျေးဇူးအရီး။ ကလေးဘဝတုန်းကခံစားမှုကို ပြန်သတိရလို့ရေးလိုက်တာ။ မေမေ့ ကိုချစ်တယ်ဆိုတာမေမေ လူလည်သိတာပေါ့။ ဒါပေမဲ့ မေမေ က မနူးညံ့ဘူး။ အချစ်ကိုမခံစား ဖူးဘူး ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာ။ အဲ့ထဲ မှာမှ မြောက်လောင်းတွေကြားထဲက ဟိုမရောက်ဒီမရောက် ကျမ ကသူ့ရဲ့ပစ်မှတ်။ အခုတော့ ငြိမ်းငြိမ်းချမ်းချမ်းပါ။ မေမေ့ ကိုနားလည်ခွင့်လွှတ်ပေးနိုင်သွားပြီ။
ဖွတ်ပြောင်
October 7, 2013 at 5:36 pm
မိခင်မေတာဘွဲ့ တော့ မတိဘူး
ဖခင်မေတာဘွဲ့ ဖွဲ့လိုက်တာတော့ အဖတ်တင် သဗျ
ငှိ ငှိ
lele kyi
October 7, 2013 at 5:58 pm
အင်းးဟုတ်လား။ အဲ့တော့ ဗီဒို အာဏာတို့..သစ်တာ အာဏာတို့ တံခါးပိတ် အာဏာတို့ သုံးခွင့်ရတာပေါ့။ ကလေး အတွေးဟာမရင့်ကျက်သေးဘူးဆိုပေမဲ့ထိခိုက်အက်ရှလွယ်တယ်။ ကျမ ကို မေမေ အိမ်ပြင်ထုတ်ပြီး တံခါးပိတ်ထားတာ မှတ်မိနေသေးတယ်။ ပြောရင်း သူရဲကြောက်လိုက်တာ။ အိမ်နောက်ကနေလှမ်းကြည့်မယ် ဆိုရင် နာမည်ကြီး သင်ချိုင်းကုန်းနားက သူရဲချောက်တဲ့ သခွပ်ပင်ကြီး က ကိုယ့်ဆီပြေးလာနေသလို။ ဟီးးးးးးကြောက်စရာ။
လင်း ထက်
October 7, 2013 at 5:46 pm
သားသမီးကိုမချစ်တဲ့မိဘ ဆိုတာမရှိပါဘူးဗျာ…တစ်ကယ်တော့..Ma lele kyi ကို ပိုပြီးရင့်ကျက်စေခြင်လို.ပါဗျာ
lele kyi
October 7, 2013 at 5:50 pm
အင်းးးဟုတ်တယ် လင်းထက်.အဲ့ဒီ အတွက် မေမေ့ ကို အရမ်းကျေးဇူးတင်တယ်။
padonmar
October 7, 2013 at 10:25 pm
လီလီရေ
ငယ်ငယ်က အမေ့ အချစ်ကို မခံရလည်း ကြီးလာရင် အမေအားအကိုးရဆုံးသမီး ဖြစ်အောင် ပြောင်းယူလိုက်စမ်းပါ။
အမေ့ပေါ် မေတ္တာမိုးတွေ ရွာချလိုက်စမ်းပါ။
အမေ့ရင်ထဲ ပန်းခင်းကြီးဖြစ်သွားအောင်။
ကျော်စွာခေါင်
October 8, 2013 at 4:36 am
မလဲ့
သိပ်ကောင်းတဲ့ ခံစားချက်ကဗျာပါ.. တော်လိုက်တာ
မလဲ့မှာ ဒီလိုခံစားချက်မျိုး ရှိခဲ့ရတာ သိလိုက်ရတော့ စိတ်မကောင်းပါဘူး…
ဘဝ တူတွေလိုဘဲ…
ကျနော့် မာမီကတော့ ကျနော် ဘာရေးရေး…ခံစားမယ် မထင်ပါဘူး…
ဆရာဝန်က စိတ်ချမ်းသာအောင် အပန်းဖြေ ခရီးထွက်ခိုင်းတာတောင် အင်ဂျင်နီယာရှိတဲ့ မြို့က လေထုက သန် ့ရှင်းလတ်ဆတ်တယ်
လို ့…ယူဆတဲ့ အမေ မလဲ့ရဲ့…။
မနှင်းဖြူ မှန်မှန်ပြော
October 9, 2013 at 3:37 pm
ရေးမယ့်ရေးတော့လည်း လန်းလှပါလား…
ခုဖြင့် သားအမိနှစ်ယောက် ချစ်နေကြတာပါ ..
စိတ်ထဲကမဖော်ပြပေမယ့် မားသားကြီး မားသားကြီး ဆိုပြီး အမြဲပြောနေတာ
ကြားနေမိ .. ပါ .. သည် …
လုံမလေးမွန်မွန်
October 9, 2013 at 4:07 pm
မိဘတိုင်းက သားသမီးကို ချစ်တယ်ဆိုတာ တစ်ခါတစ်ခါ မှားတယ်နော်။ ပိုခံစားရအောင်လုပ်တာတော့ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ မြင်နေရတာကြောင့်ပါ။ ဒါပေမာ့် အစ်မမေမေက အစ်မဘဝမြင့်မားဖို့ လမ်းညွှန်ပေးခဲ့တယ်ဆိုရင်တော့ သူ အစ်မကို ချစ်တာ သေချာပါတယ်။