Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၆ဝ ) ( အခွန် ဋ္ဌာန )

Foreign ResidentOctober 7, 20132min102635

စဉ်းစားကြစေလိုပါတယ် ( ၆ဝ )
( အခွန် ဋ္ဌာန )

အ ဟီး ဟီး ဟီး ။
ကို Black ကြီးလိုဘဲ ၊
ခုတစ်လော ၊
Popular ဖြစ်နေတဲ့ ၊
ဝိုင်လေး ကိစ္စ ကို ဖတ်ပြီး ၊
အဘ လဲ နဲနဲ ပွားချင်လာလို့ ။

တက္ကသိုလ်များ ချန်ပီယံ လိဂ် ဆိုတဲ့ ဘော ဖွင့်ပွဲကြီးမှာ ပေါ့ ၊
ဝိုင်လေးက လဘော်ဂီနီး ကားကြီးကိုစီးပြီး ဘောကွင်းကို တပါတ်ပါတ်ပြဒါယ် ပေါ့လေ ။
တက္ကသိုလ်များ ချန်ပီယံ လိဂ် ဥက္ကဋ္ဌ ဦး နေရွှေသွေးအောင် ကလဲ ကားဘေးနားထိ ဆင်း ကြိုဆိုပေါ့လေ ။

စင်ပေါ်က ဂုဏ်သရေရှိ ဝန်ကြီးဂျုပ်တွေ နှင့် ကွင်းထဲက ကျောင်းသားတွေ ကတော့ ၊
လဘော်ဂီနီး ကားကြီး ကိုရော ၊ ဝိုင်လေး ကိုရော ၊ ဦး နေရွှေသွေးအောင် ကိုရော ငေးမေါကြတာပေါ့လေ ။ ဟဲ ဟဲ ။

 

MG

၁ ။
မိုးစက်ဝိုင် ကိစ္စ ကတော့ ဘာမှသိပ်ပြောစရာ မရှိပါဘူး ။

သူ့ ပစ္စည်း နှင့် သူ ၊ လူ လူ ချင်း ၊ ဘယ်သူ့ကို ကျွေးကျွေး / ဘယ်သူ့ကို စားစား ပေါ့ ။
ဒါ သူ့ Personal ပါ ၊ ဘာမှ ပြောနေစရာ မရှိပါဘူး ။
( အဲ ၊ လူ လူ ချင်း မဟုတ်ပဲ ၊ တိရိစာ္ဆန် တွေ ၊ ကလေးငယ်တွေ ဆိုရင်တော့ မရဘူးပေါ့လေ )

အဲ ၊ တခုတော့ရှိတယ် ၊ နေရွှေသွေးအောင် ဆိုတဲ့ ၊ တစ်တိုင်းပြည်လုံးမှာ ၊
လူမုန်းအများဆုံး မိသားစုဝင် တစ်ယောက် နှင့် သွားပါတ်သက်မိပြီ ဆိုရင်တော့ ၊
ပြည်သူ ရဲ့ မေတ္တာ ကို ရတော့မှာ မဟုတ်ဘဲ ၊ အနုပညာ သေသွားတတ်ပါတယ် ။
ဒါလဲ ၊ သူမ ရဲ့ စိတ်ကြိုက် ရွေးချယ်မှုပါ ။ ဘာမှသိပ်ပြောစရာ မရှိပါဘူး ။

၂ ။
နေရွှေသွေးအောင် နှင့် ပါတ်သက်လို့ ကတော့ ။

ပထမ အဆင့် ၊ တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ က ရှိသင့်တဲ့ အရာပါ ။
ဒီလို ပြိုင်ပွဲ ကို သေချာ လုပ်ခွင့်မရအောင် ပိတ်ခဲ့တဲ့ ၊ အရင် စစ်အစိုးရ ကိုတော့ ရှုံ့ချရမှာဖြစ်ပြီး ။

အခုလို ခမ်းခမ်းနားနား ပြန်ကျင်းပ နိုင်အောင် လုပ်ပေးနေတဲ့ ၊
နေရွှေသွေးအောင် ဆိုတာလဲ ၊ ဒီ စစ်အာဏာရှင် အသိုင်း အဝိုင်းထဲကပဲ ဖြစ်လို့ ၊
ဒီ ပြိုင်ပွဲ လုပ်ခွင့်ရလို့ဆိုပြီး နေရွှေသွေးအောင် ကိုတော့ ဘာမှ ထူးပြီးကျေးဇူးတင်နေစရာ မလိုပါဘူး ။
နို့ ၊ အရင်ကလဲ သူတို့ပဲ ပိတ်ခဲ့တာ မဟုတ်လား ။ အခု ပြန်ဖွင့်ပေးတာကို ကျေးဇူးတင်နေရအုံးမှာလား ။

ဟဲ ဟဲ ၊ လူငယ်တို့ ဘာသာ ဘာဝ ပေါ်ပြူလာ ဖြစ်ချင်တော့ ၊
လဘော်ဂီနီး ကား ( Lamborghini ) ကို ကွင်း တစ်ပါတ် ပါတ်ခိုင်းတဲ့ ကိစ္စ ကတော့ ၊
လူငယ် တို့ ဘာဝ ဆိုပြီး နားလည်ပေးလို့ရပါတယ် ။

အင်းးးး ။ ဒါမေယ့်ပေါ့လေ ။ တစ်တိုင်းပြည်လုံးမှာ လူမုန်းအများဆုံး မိသားစုဝင် ဆိုတော့လည်း ၊
စိတ်ထဲမှာ သွင်းထားဖို့ကတော့ ၊ အခုလို အချိန်မျိုးမှာ အနေအထိုင် မတတ်ရင် ၊
နောက်ပိုင်း မျိုးကန်းရဖို့ရှိတယ်ဆိုတာရယ် ၊ ဖင်ယားတဲ့ အမူတွေမှာ အာမခံ မရှိဘူး ဆိုတာရယ် ၊
အရင် ဦးနေဝင်း မြေးတွေ ဘယ်လိုဖြစ်သွားသလဲ ဆိုတာရယ် ပါ ။

၃ ။
ဟဲ ဟဲ ၊ အခုမှဘဲ ၊ အဓိက ကို ရောက်တော့တယ် ။

ကားလေးက လဘော်ဂီနီး ( Lamborghini ) တဲ့ ( ဒေါ်လှ သိန်းပေါင်း များစွာ တန်တယ်ပေါ့နော် ) ။
အဲဒီ လဘော်ဂီနီး လို ကားကို ဒီလို တရားဝင်ပွဲမျိုးမှာ ကွင်းတစ်ပါတ် ပါတ်ပြပြီ ဆိုတော့ကာ ၊
အဲဒီ ကား ရဲ့ ပိုင်ရှင်ဟာ သူ့မှာ ငွေကြေး ဥစ္စာ ပေါကြွယ်ဝတယ် ဆိုတာကို ပြလိုက်တာပါပဲ ။

ဟဲ ဟဲ ။ ရပါတယ် ။ ပြပါ ၊ ပြပါ ။ ဟဲ ဟဲ ။
( ရိုးရိုးသားသား သန့်သန့်စင်စင် ရှာဖွေထားတဲ့ ငွေဖြူလေးတွေ ဆိုရင်တော့ ဘာမှပြောစရာ မရှိပါ ခမျ )
အဲလို ပြလိုက်ခြင်းဟာ တနည်းအားဖြင့် မြန်မာပြည် ရဲ့ အခွန် ဋ္ဌာန ကို Challenge လုပ် လိုက်တာပါပဲ ။
အဲဒီတော့ကာ ၊ ဒီ လဘော်ဂီနီး ကား ရဲ့ ကား ပိုင်ရှင်ဟာလည်း ပြည်တွင်းအခွန် ရဲ့ ၊
စေ့စေ့စပ်စပ် စစ်ဆေးခြင်းကိုလဲ ခံ ဖို့သာ ပြင်ထားပေတော့ပေါ့လေ ။
( ဖင်ယားတဲ့ အမူတွေမှာ အာမခံ မရှိဘူး ဆိုတာ အဲဒါဘဲ လေ )

ဟဲ ဟဲ ။ တိုင်းပြည် အကျိုး ၊ ပြည်သူ လူထု အကျိုး ကို ထမ်းဆောင်နေပါတယ် ဆိုတဲ့ ၊
လွှတ်တော် ကိုယ်စားလှယ် လူဂျီးမင်းများကလည်း ၊ ဒီလို ကိစ္စမျိုးတွေမှာ နှာစီး မ နေဂျနှင့် နော် ။
ဟဲ ဟဲ ။

တော် သေးဘီ ။

အဘ ဖေါ ( F R ) ။

 

 

 

သတိပြုမိတဲ့ တကယ် ထူးခြားတဲ့ အချက်ကတော့ ။
ဖိုးလပြည့် ၊ သူ့ အဖိုး နှင့် စစ်တပ် ကို မုန်းနေတဲ့ အမုန်း ထုထည်ကြီးပဲ ။

မီဒီယာ အားလုံးလောက် နီးနီးက ၊ အားတက်သရော ၊
မသိ မသာ နှင့် သိသိ သာသာ ဘဲ ကွာတယ် ။
ဝိုင်းသမလိုက်ကြတာ ၊ တကယ့်ကို ဝက်ဝက် ကွဲဘဲ ။

Face Book သုံးစွဲသူ အပေါင်းကလည်း ဝိုင်းပြီး အဆင်း ဘီးတွန်း ပေးကြတယ် ။
ပက်ပက် စက်စက် ဝိုင်းဆဲသူများလဲ မနည်းမနောပေါ့ ။
( မသိမသာ ဟား ပြီး ၊ အဆင်း ဘီးတွန်း ပေးတဲ့ အထဲ အဘ တောင် ပါမိမယ် ထင်ပါရဲ့ )

ကလေးမလေး ၊ သနားပါတယ် ။
အမှန်က သူ့ ခမျာ အဘ တို့လိုပဲ တရုတ် စပ် မလေး ပါပဲ ။
အရင်တုန်းက အဘတို့နှင့် တရပ်ကွက်တည်း တောင် နေခဲ့ဘူးပါရဲ့ ။
ကလေးမလေး ၊ သနားပါတယ် ။

အခုလည်းကြည့်ပါအုန်း Mg Satan Page မှာ တင်ထားတာ ။

နန်းခင်ဇေယျာ နှင့် ခင်ဝင့်ဝါ ၊
နာရေးကူညီမှုအသင်း ( ရန်ကုန် ) ရဲ့ ၊
တစ်သောင်းပြည့် (၂၀၁၃ ) အစီအစဉ် ၌ ၊
ဝိုင်းဝန်း ကူညီ နေကြစဉ် ။ တဲ့ ။
( သေပြီ ဆရာ ဘဲ )

1381350_727759640572826_2104864165_n

 

35 comments

  • kai

    October 7, 2013 at 10:01 am

    Gallardo Lamborghini’s V10 sports car $181,900 – $280,400
    Aventador Lamborghini’s new supercar $376,000

    ဈေးလေးအင်တာနက်က ရှာတင်ပေးလိုက်ပါတယ်…။
    အခွန်ဆောင်စေ.. အခွန်ရှောင်ပါရင်.. ဒဏ်ဆောင်စေသတည်း… :hee:

    • DEPARKO DEPARKO

      October 7, 2013 at 3:10 pm

      အဲဒီကားဟာ ဆေးကျောင်းသားလေးတစ်ယောက်ပိုင်တဲ့ကားပါ ဖိုးလပြည့်ပိုင်တာ လုံးဝမဟုတ်ကြောင်း သတင်းတွေမှာလည်း တက်လာပါပြီ ရပ်နေသူဟာလည်း ဖိုးလပြည့် လုံးဝမဟုတ်ကြောင်း သတင်းမှန်တွေတက်နေပါပြီ ဖွဘုတ်ပေါ် ကကိုကိုတွေနဲ့ မီဒီယာ ကျင့်ဝတ်နဲ့မညီ သတင်းဖြစ်ရင်ပြီးရော အပုတ်ချ သတင်းကို မိတ်ရည်ရှက်ရည်ထုတ်တတ်တဲ့သူတွေကြောင့် ကာယကံရှင် မိန်းကလေးနစ်နာရပါတယ်မိုးစက်ဝိုင်နဲ့ ခင်မင်မှုပင် မရှိကြောင်း နေရွှေသွေးအောင် စာထုတ်ရှင်း ****************************************** မိုးစက်ဝိုင်နဲ့ ပတ်သက်ပြီး နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံ လိဂ်( Universities Champions League) ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ရှင်းထားပါတယ်။ ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဘေးမှာ ရပ်နေသူ နေရွှေသွေးအောင်၊ ဓာတ်ပုံ- Universities Champions League,Ko SaiSai နေရွှေသွေးအောင်က သူနဲ့ မိုးစက်ဝို်င်ဟာ ခင်မင်ယုံသာဖြစ်ပြီး မပတ်သက်ကြောင်း၊ မိုးစက်ဝိုင်အပေါ် အင်တာနက်မှာ ဖွနေကြတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ သူဟာ ဘောလုံးကို ငယ်ငယ်ကတည်းက ဝါသနာပါသူဖြစ်လို့ တက္ကသိုလ်ကျောင်းသားတွေကို အားကစား အတွေ့အကြုံ ရစေလိုတဲ့အတွက် ဒီ ဘောလုံးပွဲကို စီစဉ်ပေးခဲ့တာဖြစ်ကြောင်း စသဖြင့် စသဖြင့် စာတစောင်ကို ရေးပို့ထား တာ ဖတ်ရပါတယ်။ သူ့စာ အပြည့်အစုံကိုတော့ တက္ကသိုလ်များ ချံပီယံ လိဂ်( Universities Champions League)စာမျက်နှာ က နေ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ “Admin team ခင်ဗျား – ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ် ပါတယ်။ ဒါကြောင့်လဲကျွန်တော်ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန် ရည်ရွယ် သော် လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့် သည် အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက်တစ်ကြိမ်မှ ပါဝင်ပေးပါရန် မေတာ္တရပ် ခံ ခဲ့ရပါတယ်။ ဒီနေရာမှာ ကျေးဇူးအထူးတင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာ စိတ်ပါဝင်စားစွာ ဆွေးနွေး တုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊နယ်မှကစားသမားများ ရန်ကုန်တွင် နေထိုင်နိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကို အဘက်ဘက်ကပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမြဲတမ်း ကိုယ့် အသင်းအတွက်အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှ ပါချုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အားတက်သရော ကိုယ့်တက္ကသိုလ်ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ် တဲ့ ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေးလာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။ – ကျွန်တော့်အနေနဲ့ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာရည်ရွယ်ပြု လုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့် မည်သည့်အကျိုးကိုမျှ မမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနား ယှဉ်ပြိုင် ရုံ ကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့်အကျိုးအမြတ်မှမရပါ။ ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှု အပေါ် အမြင်မစောင်းစေလိုပါ။ ကျွန်တော်တို့ ကော်မတီဝင်များ(ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်) အနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။ – ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆို ချစ်ကြည်လေးစား ရင်းနှီးစွာ ဆက်ဆံ၊ ခင်မင်တတ်ပြီး တက္ကသိုလ် များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင် ဆက်ဆံ၊နှုတ်ဆက်လေ့ရှိပါတယ်။ (ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ ဆရာမများ၊ ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသားများနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသား ထားသော သတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ) – နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။ သူဟာ ကျွန်တော်နဲ့ သိယုံသာသိပြီး လူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှ တစ်ကျော့ပြန် ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့ပြိုင်ပွဲမှာလည်း နှစ် အတော်အတန်ကြာမှပြန်လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီး ပိုမိုစည်ကားသိုက်မြိုက်စေရန် ရည်ရွယ်၍၊ သူ့ကို ဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင် လေးလေးစား စား ဖိတ် ကြား ခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊ တစ်ချပ်မျှမယူပဲ) တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများကို လေးစားဂုဏ်ပြုသောအားဖြင့် ပါဝင်ပေး ခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်း ပို့ပေးခြင်းလဲ မဟုတ် ပါ။ ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များ၊ကျောင်းသားများပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့် အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။ – နောက်ဆုံးတစ်ခု မိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံး ကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီး အိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန် စဉ်းစား လျက်ရှိပါသည်။ ပရိသတ်ကြီး၏အကြံဉာဏ်သဘောထားကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ် အကြံပြုစေလိုပါသည်။ – ကျေးဇူးအထူးတင်ရှိပါသည်။ ” အိမ့်သံစဉ် ~ http://blog.irrawaddy.org/2013/10/blog-post_7.htmlမိုးစက်ဝိုင်ကိုယ်စားရှေ့နေလိုက်ပေးတာ မဟုတ်ပါဘူး..ဟယ်လိုမဒမ်က စိုးယုဝေရဲ့ တရားသဖြင့်ဖြေရှင်းချက်လေးကို ဖတ်ကြည့်ဖို့ရှယ်ပေးလိုက်ပါတယ်..Our event is under instruction by sport ministry. And this opening event is University Champion league. This is one kind of sport.We cannot do this league last 30 year ago and this is first time.That’s why we support and warmly welcome for this event.This is our main reason.
      Also attend chief Minister of Yangon Division and deputy Minister of sport Ministry.
      Why don’t they think in a positive way?…… ခင်ဝင့်ဝါ Vs မိုးစက်ဝိုင် *** =================== ဒီနေ့ ချမ်းသာကြီးဘုန်းတော်ကြီးကျောင်း မှာ နေ့ဆွမ်း နဲံ့ဝတ္ထုငွေ ဆပ်ကပ်လှူဒါန်းပြီး နာရေးကူညီမှူအသင်းနဲ့ ‘ ဆည်းဆာရိပ် ‘ ဂီလာနဘိုးဘွားရိပ်သာ တို့ကိုသွားရောက်လှူဒါန်းလေ့လာခဲ့ တဲ့ ခင်ဝင့်ဝါ… ——————————————————— * မယ်စကြ်ာဝဠာ ပူပူနွေးနွေးလေး မိုးစက်ဝိုင် * ========================== မယ်စကြ်ာဝဠာ ပူပူနွေးနွေးလေး မိုးစက်ဝိုင် ကိုလည်း ကိုယ့် မိဘအသိုင်းအဝိုင်း ကောင်းလို့ ချမ်းသာတာ ဆင်းရဲတာထက် တကယ့် Miss Universe Myanmar 2013 တစ်ယောက်အနေနဲ့အမိမြန်မာ နိုင်ငံကို ကိုယ်စားပြုနေတာမို့လို့ထူးဖောင်ဒေးရှင်း တို့ အမျိုးသမီးရေးရာတို့လိုနေရာမှာလူမှူ့ရေးလုပ်ငန်းတွေကိုသွားလေ့လာချင်တာထက်စာရင် အမှန်တကယ် ပြည်သူတွေကို ပိုပြီးထိထိ ရောက်ရောက် ကူညီဆောင်ရွက်ပေးနေကြတဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှူ့အသင်းတို့လို နေရာတွေ မြန်မာပြည်မှာ တပုံကြီးရှိပါတယ် လို့အကြံပေးချင်ပါတယ် ။ ဖေ့ဘုတ် မိတ်ဆွေသူငယ်ချင်း များအနေနဲ့လည်း ထစ်ခနဲရှိ အပြစ်တင် မစောကြဘဲ နှမသားချင်း စာနာပြီး ဆက်လက် နားလည်အားပေးကြဖို့ တိုက်တွန်း တောင်းဆိုပါရစေ ။တကယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အနှစ် ငါးဆယ်ကျော်ကြာခဲ့ပြီး အခုမှပြန်လည် ရွေးချယ်တင်မြှောက်ခွင့် ရခဲ့တာပါ ။ မိမိတို့ ရဲ့မယ်စကြ်ာဝဠာလောင်း လေးတစ်ယောက်ကို မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတို့အပေါ်အကောင်းဆုံးကိုယ်စားပြုပေးနိုင်ဖို့မြန်မာနိုင်ငံသားတိုင်း မျှော်လင့်မိ ကြသလိုပဲတစ်ချိန်တည်းမှာပဲ မိမိတို့ အနေနှင့်လည်း ကိုယ့်နှမသားချင်း တစ်ယောတ်လို စေတနာ မေတ္တာထားပြီး အားပေးနိုင်ကြဖို့ ရိုးသားစွာ မျှော်လင့်မိပါတယ် ။ရိုင်းစိုင်းစွာ ကွန်းမန့်မပေး မိကြဖို့ ၊ စိတ်ရှည်သည်းခံပြီး အားပေးကြဖို့ @[120021936131:274:MyanmarDaily.net] ကတိုက်တွန်းရေးသားလိုက်ရပါတယ် ။ Admin
      Like · · Share · 35 minutes ago ·တ်ကြည့်ကြပါ … အောင်ခန် ့ရဲ့ ကော်မန် ့ပါ …. ပွဲကို ကိုယ်တိုင်သွားကြည့်သူ တစ်ယောက်ရဲ့ အမြင်ဆိုပါတော့ဗျာ ..။။ ကျွန်တော်လည်း အဲဒီပွဲကိုသွားကြည့်ပါတယ်။ ကျွန်တော်လည်း စစ်အစိုးရကိုလုံးဝ အလိုမရှိတဲ့ ပြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ဒီရက်ပိုင်းမှာ မိုးစက်ဝိုင်နဲ့ပက်သတ်လို့ MyanmarDaily မှာ တင်နေတဲ့သတင်းတွေက လုံးဝကို အဖြစ်မှန်နဲ့ တခြားစီဖြစ်နေတယ်။ တင်တဲ့ Admin တွေက မသိလို့ပဲတင်နေတာလား။ ဒါမှမဟုတ် တမင်ပဲ လုပ်နေတာလားဆိုတာတောင် သိပ်နားမလည်တော့ဘူး။ ကျွန်တော်အဲဒီပွဲကို အစအဆုံးကြည့်ပါတယ်။ (၁) မိုးစက်ဝိုင်သည် အဲဒီပွဲကို သူ့အိမ်ကကားနဲ့လာတာပါ။ သူ့မိသားစုပါပါတယ်။ ပြန်တော့လည်း သူ့မိသားစုနဲ့ပဲ သူ့ကားနဲ့သူ ပြန်သွားပါတယ်။ (ကျွန်တော်တို့ကလည်း ဘောလုံးပွဲမစခင် Miss Universe ကိုပဲစိတ်ဝင်စားလို့ လိုက်ချောင်းနေတဲ့လူတွေလေ :D) (၂) အခုပုံမှာပါတဲ့ကားကို မောင်းတာရော၊ ကားဘေးမှာရပ်နေတာပါ ဖိုးလပြည့်မဟုတ်ပါဘူး။ ကားဆရာပါ။ ဖိုးလပြည့်အစစ်ကရော လူရှေ့သူရှေ့မှာ မော်ဒယ်တစ်ယောက်ဆင်းလာဖို့ ကားတံခါးဖွင့်ပေပြီး လက်နောက်ပစ်ပြီး ရပ်နေမလားဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ ကားကတော့ ဘယ်သူ့ကားလဲ သေချာမသိဘူး။ ပွဲမစခင်ကတည်းက ကွင်းထဲကိုဝင်တဲ့ ဝင်ပေါက်နားမှာရပ်ထားတာတွေ့ရတယ်။ (၃) အဲဒီပွဲက Universities Champion League ပါ။ ပွဲစီစဉ်သူနဲ့ Main Sponsor ကတော့ ဖိုးလပြည့်ပါ။ အဲဒီအတွက် ဖွင့်ပွဲမှာသူက စင်ပေါ်ကနေစောင့်နေပါတယ်။ အဲဒီစင်ပေါ်မှာပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရော၊ အားကစားဝန်ကြီးဌာနက လူကြီးတွေရော၊ အကုန်လာဖွင့်တာတွေ့ပါတယ်။ (၄) မိုးစက်ဝိုင်ကို ဒီ ဆုဖလားကွင်းထဲကို ပြိုင်ကားနဲ့ ကွင်းတစ်ပတ်ပတ်ပြီး မောင်းသယ်လာခိုင်းဖို့ စီစဉ်သူကတော့ ဖိုးလပြည့်လို့ သိရပါတယ်။ ကျွန်တော်တို့လည်း ပွဲထဲမှာ တုန်းက သမန်ကာရှန်ကာပဲ ကြည့်လိုက်တာပဲ။ အထူးအဆန်းအနေနဲ့။ ဖိုးလပြည့်ကလည်း သူ့ပွဲကိုပဲ လူတွေစိတ်ဝင်စားအောင်လုပ်တာလား။ ပြိုင်ကားကိုပဲ ကြွားတာလားတော့ မသိဘူပေါ့ဗျာ။ ရူးကြောင်ကြောင် Idea တွေထဲက တစ်ခုပေါ့။ ဒါပေမယ့်လည်း ခက်တာက သူ့ကို ဘယ်သူက မလုပ်သင့်ပါဘူးလို့ သွားပြောရဲလို့လဲ။ မိုးစက်ဝိုင်မှမဟုတ်ဘူး။ ဘယ်မော်ဒယ်ကရော ကွင်းထဲရောက်မှ ကျွန်မကတော့ ပြိုင်ကားကြီးနဲ့ မဝင်နိုင်ဘူး အတင်းပဲ လမ်းလျှောက်ဝင်မယ်လို့ လုပ်လို့ရမလဲ။ တခြား တကယ်ပဲအပြင်မှာ ဘာဖြစ်လား၊ ညာဖြစ်လားတော့ ကျွန်တော်မသိဘူးပေါ့ဗျာ။ ဒါပေမယ့် တကယ်တမ်းပွဲသွားကြည့်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့တော့ အခုဒီမှာ ပြောနေတာတွေက ဘာမှကို မသိဘဲ။ တစ်ယောက်ယောက်က တမင် မီရှို့ပေးနေတာကို ဝိုင်းပြောနေကြသလိုဖြစ်နေတယ်။ သေချာစဉ်းစားကြစေလိုပါတယ်။ ဟိုဖိုးလပြည့်ကတော့ နဂိုကတည်းက အပြောခံနေကြဆိုပေမယ့် ဘာမှမဆိုင်တဲ့ အမျိုးသမီးတစ်ယောက်ကို အခုလိုမျိုး အကွက်ကျကျ လုပ်နေတာကတော့ မီဒီယာကျင့်ဝတ်နဲ့တောတော်လေးကို လွဲနေပြီထင်ပါတယ်။ PS : ကျွန်တော်ဘယ်သူနဲ့မှ အမျိုုး မတော်ပါဘူး။ ဒါပေမယ့် ကြားနေရတာတွေက တောတော်လွဲလာတော့ Credit : (Aung Khant ၏ Comment)

  • Myo Thant

    October 7, 2013 at 10:50 am

    ( ဒါက ဖလပ ဆီကစာ တဲ့ ၊ )
    UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ Admin Team သို့ပေးပို့စာ
    “Admin team ခင်ဗျား
    – ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒါကြောင့်လဲကျွန်တော်ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန်ရည်ရွယ်သော်လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့်သည်အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက်တစ်ကြိမ်မှပါဝင်ပေးပါရန် မေတာ္တရပ်ခံခဲ့ရပါတယ်။ဒီနေရာမှာ ကျေးဇူးအထူးတင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာစိတ်ပါဝင်စားစွာဆွေးနွေးတုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊နယ်မှကစားသမားများရန်ကုန်တွင် နေထိုင်နိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကိုအဘက်ဘက်ကပံ့ပိုးကူညီပေးခဲ့တဲ့
    ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမြဲတမ်းကိုယ့်အသင်းအတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှပါချုပ်ကြီးများ၊ဆရာ၊ဆရာမများ၊အားတက်သရော ကိုယ့်တက္ကသိုလ်ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ်တဲ့ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေးလာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။
    – ကျွန်တော့်အနေနဲ့ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့်မည်သည့်အကျိုးကိုမျှမမျှော်လင့်ပါ။ ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများအနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနားယှဉ်ပြိုင်ရုံကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့်အကျိုးအမြတ်မှမရပါ။ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှုအပေါ် အမြင်မစောင်းစေလိုပါ။ကျွန်တော်တို့ ကော်မတီဝင်များ(ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်)အနေဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့်ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။
    – ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆိုချစ်ကြည်လေးစားရင်းနှီးစွာဆက်ဆံ၊ခင်မင်တတ်ပြီး တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင်ဆက်ဆံ၊နှုတ်ဆက်လေ့ရှိပါတယ်။(ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ဆရာမများ၊ကျောင်းသားများအသိဖြစ်ပါသည်၊ ကျွန်တော်တို့အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသားများနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသားထားသောသတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ)
    – နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။သူဟာကျွန်တော်နဲ့သိယုံသာသိပြီးလူခြင်းမခင်ပါ။ သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှတစ်ကျော့ပြန်ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့တို့ပြိုင်ပွဲမှာလည်း နှစ်အတော်အတန်ကြာမှပြန်လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီးပိုမိုစည်ကားသိုက်မြိုက်စေရန်ရည်ရွယ်၍၊ သူ့ကိုဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင်လေးလေးစားစားဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊တစ်ချပ်မျှမယူပဲ) တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကို လေးစားဂုဏ်ပြုသောအားဖြင့် ပါဝင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ Internet တွင်ဖွနေသလို ပြိုင်ကားမှာကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်းပို့ပေးခြင်းလဲမဟုတ်ပါ။ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့်အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။
    – နောက်ဆုံးတစ်ခုမိမိအကြံရထားသည်ကို တင်ပြလိုပါသည်။ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံးကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီးအိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန်စဉ်းစားလျက်ရှိပါသည်။ ပရိသတ်ကြီး၏အကြံဉာဏ်သဘောထားကိုလည်းရယူလိုပါသည်။
    Admin team မှတဆင့်ဆက်သွယ်အကြံပြုစေလိုပါသည်။
    – ကျေးဇူးအထူးတင်ရှိပါသည်။ ”
    credit- Universities Champions League
    http://www.myanmarnewsnow.org/2013/10/ucl-admin-team.html#.UlIxNqWb044.facebook

    • KZ

      October 7, 2013 at 10:59 am

      လျှာ အရိုးမရှိတိုင်း လာပြီး ညာဖြီးနေတော့ လွန်တာပေါ့။

      သီချင်း ဆိုချင်လာလို့ ဆိုတာပါ။

      😀

      သူကိုယ်တိုင် အင်အင်း စား ပြောတောင် သူတို့ နှုတ်ထွက်စကားကို မယုံ ရေးချ မယုံ!!!!

      :hint:

      • Wow

        October 7, 2013 at 11:41 am

        ဘာပဲပြောပြော ၁၁ မီးငြိမ်းအောင် ၁၁ သန်းဘဏ်မှာ အပ်ထားတဲ့ကိစ္စကို အာရုံပြောင်းချင်တော့ ဟိုတိုင်းရင်းသားဒွေခညာ ပြတနာတက်ရဗြန်ဘီ… ဒီလို ဘဘဂျီးကြိုးစားပမ်းစားလုပ်ထားတဲ့ ကိစ္စကို မြေးလေးက လန်ဘော်ဂနီ တစ်ပတ်စီးပြပြီး ဟေးးးးးးး :kwi:

      • Foreign Resident

        October 7, 2013 at 12:22 pm

        Wow says:
        ” ဘာပဲပြောပြော ၁၁ မီးငြိမ်းအောင် ၁၁ သန်းဘဏ်မှာ အပ်ထားတဲ့ကိစ္စ ”

        ဒေါ်လှ ၁၁ သန်း ၊ မဟုတ်ရပါဘူးကွယ် ။
        ဒေါ်လှ ၁၁ ဘီလျှံ ( ၁၁ ဝ၀ဝ သန်း ) ပါကွယ် ။

        သူတို့ ကြားသွားရင် Wow ကို ရန်လာလုပ်နေပါဦးမယ် ။

        ငါတို့ကိုများ ဒေါ်လှ ၁၁ သန်း လောက် နှင့် ၊
        နံမည် အပျက်ခံမယ့်အစား မှတ်နေလား ဆိုပြီး ။

        • Wow

          October 7, 2013 at 12:55 pm

          အိုက်လောက်ပိုက်ဆံ တစ်ခါမှ မပိုင်ဘူးလို့ အိုက်လောက် ငွေတောင်မရေတတ်ပါဝူး အဘဖောရယ် :mrgreen:

  • black chaw

    October 7, 2013 at 11:54 am

    တစ်တိုင်းပြည်လုံးမှာ ၊
    လူမုန်းအများဆုံး မိသားစုဝင် တစ်ယောက် နှင့် သွားပါတ်သက်မိပြီ ဆိုရင်တော့ ၊
    ပြည်သူ ရဲ့ မေတ္တာ ကို ရတော့မှာ မဟုတ်ဘဲ ၊ အနုပညာ သေသွားတတ်ပါတယ် ။

    သိတ်သေချာတဲ့ အချက်ပဲပေါ့ အိုင်ပီအဘဖေါရယ်…။
    အခုကိုပဲ သူ့ကို သံယောဇဉ်တွေ ပုံအပ်ဖို့ ကြံစည်လိုက်တဲ့
    ဘလက်ချော ကြီးရဲ့ မေတ္တာကို မရနိုင်ဘူးဆိုတာသေချာသွားပြီဗျာ…။
    😀
    ဟယ်…နင့်ထိုက်နဲ့နင့်ကံ နင်ပျော်ရာမှာနေချေတော့ မိုးစက်ဝိုင်ရေ…။
    ( Lamborghini ) စီးတာလည်း ကြည့်စီးပါ…။
    အခန့်မသင့်ရင် အလတ်ဂျစ်ဖြစ်ပြီး ဖင်ယားတတ်တယ်ဗျ…။
    ဟေးဟေး…။

  • sorrow weaver

    October 7, 2013 at 12:02 pm

    အဟိဟိ …မုန်းဆေးဖော်မှာများ…မွေးနေ့လက်ဆောင် ဟယ်လီကော့ပတာလေးနဲ့ ပါပတ်ပြလိုက် ပြီးရော….အဟိဟိ

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 7, 2013 at 12:09 pm

    ခင်ဗျားတို့က ကျူ ပ်ရဲ့မိသားစုနဲ့ မြေးကို ဘါညာကွိကွဆိုတော့
    ဘါလဲ
    နားကားခြင်လို့လား ဖင်ယားတာလား
    ဘယ်ကောင်က အာမခံပေးမယ်လို့ထင်နေလို့လဲ
    ဒီကားလေး ဒေါ်လာ နှစ်သိန်းသုံးသိန်းဝန်းကျင်ဆိုတာ
    ဘါတန်ဘိုးရှိလို့ဒုံး
    သများပြောဒါဟုတ်ဘူးနော် ဘိုဂျူ ပ်ဂျီးဂ အဲ့သလိုများပြောမလါးးးးးးးလို့ 😆

  • Mလုလင်

    October 7, 2013 at 12:41 pm

    အခွန် ဋ္ဌာန ဆိုလို့ . . . 28 သိန်း တန်ဖိနပ် ဝယ်စီးတာကို ဂျာနယ် မှာ တက်အော်တဲ့ . . ဂျွန်လွင် ကိုလဲ . . ပစ်မထား ကြပါနဲ့ ဗျို ့ . . . . . . ဝွင်ငွေ ခွန် ကောက်သင့်ပါပြီ။

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 12:43 pm

    ဘဖော ..
    လူသတ်မှုတောင် တန်းလန်းဂျီးးးး

  • kyeemite

    October 7, 2013 at 1:43 pm

    စီးနိုင်သူတွေ
    စီးကြပါ စီးကြပါ
    စီးပိုင်ခွင့်မရှိတော့
    ငေးသွားတယ်
    တွေးသွားတယ်ဗျို့
    😀
    ကားက အဝါရောင်တောက်တောက်နော်

    • ကထူးဆန်း

      October 7, 2013 at 2:57 pm

      အဲ့ဒီကားကြီး က အဝါရောင်တောက်ဆို ကားပိုင်ရှင်ရဲ့ ဒက်ဒီက ကားတွေထဲထည့်တဲ့ အဝါရောင်ဒီဇယ်တို့ လောင်စာဆီ ဖြန့်ဖြူးသူ ဆိုဘဲ .. အဲ သိတဲ့ အတိုင်းအဲ့ဒီ့ အရည်တွေ က တရားဝင်တင်သွင်းတာနဲ့ တကယ်ပြည်တွင်းသုံးတာ နဲ့ ဘယ်လောက်ဟနေတယ် ဆိုတာ တော့ သိတဲ့ အတိုင်းပေါ့ ..
      ဦးဦးတေဇ။ကိုကိုရွှေ တို့ ကားဟုတ်ဝူးတဲ့ .. ကြားမိတာလေးရှယ်တာပါဗျာ…

  • ဖွတ်ပြောင်

    October 7, 2013 at 2:55 pm

    Respect ၅ခါပစ် ပေးလိုက်တယ်

    တန်ဖိုးကြီးမိန်းမလှ အသည်း ။

    တောက်ရမ်းဂျီးကို မုန်း

    ခံနိုင်ရေကုန်ဆုံး

    အချစ်ကိုကိုးကွယ်ရင်းနဲ့ရသမျှဒဂယ်ကိုရှုံး

    ယောကျားတကာနဲ့ ဖီးလ်လာတယ်

    နင့် တောက်ကျင့်တွေလဲ တိလာတယ်

    ပေါက်ထွက် နေတဲ့ငနှခမ်းများလဲ

    သွေးစိမ်းရှင်စီးကာရယ်

    လက်သီးမိုးတွေကြီးလာခဲ့

    ဒေါသယမ်းပုံမီးထစွဲ

    ……………….

    ……………….

    ……………….

    တီချင်းရှိုဒါဘာ

    ဒချိဒချိ

    • Foreign Resident

      October 7, 2013 at 3:56 pm

      ဖွတ်ပြောင် says:
      ” ယောက်ျားတကာ နဲ့ ဖီးလ်လာတယ် ၊
      နင့် တောက်ကျင့်တွေလဲ တိလာတယ် ”

      ဟယ် ။ ပြောရက်လိုက်တာ ။ ပြောတတ်လိုက်တာ ဂီဂီ ရယ် ။
      အဘ တောင် ၊ မိန်းမ တကာ နဲ့ ဖီးလ် မ လာပါဘူးကွယ် ။

      ယောက်ျားတကာ နဲ့ ဖီးလ်လာတယ် ။ ယောက်ျားတကာ နဲ့ ဖီးလ်လာတယ် ။

      အင်းးးး ။ သေချာ စဉ်းစားကြည့်လိုက်တော့လည်း ။
      အဲဒါ ။ အားနည်းချက်ကော ဟုတ်ရဲ့လား ။
      သုံးတတ်ရင် ၊ အားသာချက်လည်း ဖြစ်သွားနိုင်တာပဲ ။

  • TNA

    October 7, 2013 at 4:12 pm

    ကောင်းပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်နေရင်တောင် အစဆွဲထုပ်ရခက်နေအုံးမှာ။ အခုလို ပွအောင်-င်ယား ပေးလုိုက်တော့ ကိုယ့်သေတွင်းကိုယ်တူးတာတောင်ဖြစ်သွားနိုင်တယ်။ ဦးနေဝင်း ဆိုအေး အေးဆေးဆေးနေနေပြီဟာကို တွင်းထဲရောက်ချိန်တန်တော့ သူ့မြေးတွေထကြွပေးလိုက်တာမယ် ပွဲသိမ်းသွားတာပဲ။ ဖြေရှင်းတယ်ဆိုတာ စကားတတ်တဲ့တယောက်ကိုမင်းရေးလိုက် ကွာဆိုဖြစ်တာပဲ ရင်ထဲပါမပါဘယ်သူသိတာလိုက်လို့။ မယုံတာမှ လုံးဝ ( လုံးဝ ) ဖြေရှင်းချက်တွေမယုံ။ ဒီကား မျောက်လောင်းလေးမပိုင်ဘူးဆိုရင်တောင် ပိုင်ရှင်က အထက်ပိုင်းကလွဲလို့မဖြစ်နိုင်။ အိုက်ဒေါ့ကား အဘပြောသလိုပဲ အခွန်ဦးစီးကို ဒုတ်နဲ့ထိုးပေးဖို့ပဲကျန်တော့တာပေါ့။

  • Foreign Resident

    October 7, 2013 at 5:03 pm

    အမှန်ကတော့ ။
    အခုဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာ ၊

    ၁ ။
    မိုးစက်ဝိုင်လေးလဲ သိပ် မမှားလှပါဘူး ။

    ” သူဟာ Ve Ve ပိုင်ရှင် ရဲ့ သမီး မို့လို့ ချမ်းသာပြီးသား Sponsor ရှာစရာ မလိုဘူး ”
    ဆိုတဲ့သဘောလေး ပြန်ဖြေခဲ့တယ် ။
    မှန်ပေမယ့်လဲ ၊ ဖြေတာ သိပ်မပါးနပ်တော့ ၊ မေတ္တာ သိပ်မရလိုက်ဘူး ။

    ဖိုးလပြည့် ဆိုတာ တစ်တိုင်းပြည်လုံးရဲ့ ၊
    လူမုန်းအများဆုံး မိသားစုဝင် တစ်ယောက် ဆိုတာကို ၊
    သတိ မထားမိလိုက်ဘူး ။ လျှော့တွက်လိုက်မိတယ် ။
    ဒီတော့ ၊ ခံ လိုက်ရတယ်ပေါ့ ။

    ၂ ။
    နေရွှေသွေးအောင် ( ဖိုးလပြည့် ) ကတော့ ၊
    သူ့ အဖိုး ကို ပြည်သူက ရေရေ လည်လည် ရွံရှာ မုန်းတီးနေတော့ကာ ၊
    သူ ကတော့ လောလောဆယ် အချိန်မှာ ဘာလုပ်လုပ် အဆဲခံရမှာပါပဲ ။
    မထူးဆန်းပါဘူး ။

    ၃ ။
    လဘော်ဂီနီး ( Lamborghini ) ကား ။
    အမှန်ကတော့လဲ ၊ ဒီကားဟာ ဒေါ်လှ ၅ သိန်း မကျော်ပါဘူး ။
    ( ကား က lamborghini gallardo လို့ကြားတယ် ဒေါ်လှ ၃ သိန်း ပါတ်ချာ ဖြစ်မပေါ့ )
    မှန်တာပြောရရင် သူဋ္ဌေးစီးကား ဖြစ်ပေမယ့် ၊ သိပ်ဈေး အကြီးကြီးထဲ မပါပါဘူး ။
    လူလတ်တန်းစား တောင် ၊ တကယ် Crazy ဖြစ်ရင် ဝယ်စီးနိုင်လောက်တဲ့ ဈေးပါ ။

    ၄ ။
    သတိပြုမိတဲ့ တကယ် ထူးခြားတဲ့ အချက်ကတော့ ။
    ဖိုးလပြည့် ၊ သူ့ အဖိုး နှင့် စစ်တပ် ကို မုန်းနေတဲ့ အမုန်း ထုထည်ကြီးပဲ ။

    မီဒီယာ အားလုံးလောက် နီးနီးက ၊ အားတက်သရော ၊
    မသိ မသာ နှင့် သိသိ သာသာ ဘဲ ကွာတယ် ။
    ဝိုင်းသမလိုက်ကြတာ ၊ တကယ့်ကို ဝက်ဝက် ကွဲဘဲ ။

    Face Book သုံးစွဲသူ အပေါင်းကလည်း ဝိုင်းပြီး အဆင်း ဘီးတွန်း ပေးကြတယ် ။
    ပက်ပက် စက်စက် ဝိုင်းဆဲသူများလဲ မနည်းမနောပေါ့ ။
    ( မသိမသာ ဟား ပြီး ၊ အဆင်း ဘီးတွန်း ပေးတဲ့ အထဲ အဘ တောင် ပါမိမယ် ထင်ပါရဲ့ )

    ကလေးမလေး ၊ သနားပါတယ် ။
    အမှန်က သူ့ ခမျာ အဘ တို့လိုပဲ တရုတ် စပ် မလေး ပါပဲ ။
    အရင်တုန်းက အဘတို့နှင့် တရပ်ကွက်တည်း တောင် နေခဲ့ဘူးပါရဲ့ ။
    ကလေးမလေး ၊ သနားပါတယ် ။

    အခုလည်းကြည့်ပါအုန်း Mg Satan Page မှာ တင်ထားတာ ။

    နန်းခင်ဇေယျာ နှင့် ခင်ဝင့်ဝါ ၊
    နာရေးကူညီမှုအသင်း ( ရန်ကုန် ) ရဲ့ ၊
    တစ်သောင်းပြည့် (၂၀၁၃ ) အစီအစဉ် ၌ ၊
    ဝိုင်းဝန်း ကူညီ နေကြစဉ် ။ တဲ့ ။
    ( သေပြီ ဆရာ ဘဲ )

    • Foreign Resident

      October 7, 2013 at 5:55 pm

      တစ်ခု ကျန်ခဲ့လို့ ။
      မိုးစက်ဝိုင်လေး မှား သွားတာတွေလဲ ရှိခဲ့တယ် ။

      သူက ” တပ်တော်သားတွေလို နိုင်ငံ့ ဂုဏ်ဆောင်မယ် ” လို့ ဖြေလိုက်မိတယ် ။
      ခက်တာက တပ်တော်သားတွေဟာ နိုင်ငံ့ ဂုဏ်ဆောင် နေတယ်လို့ ပြည်သူကမှ မယူဆတာ ။

      နောက် တစ်ခု က ထူး ဖေါင်ဒေးရှင်း နှင့်ပေါင်းပြီး ပရဟိတ လုပ်မယ်လို့ ပြောပြန်ရော ။
      အဲဒီမှာလည်း လွဲပြန်ရော ။ ခရိုနီ ဦးတေဇ နှင့် ပြည်သူက တွဲမြင်လိုက်ပြန်ရော ။

      အခုလည်း ၊ ဒီ ကလေးမ တိတ်တိတ်လေးပဲ ဆက်နေသင့်တယ် ။
      အပြောမတတ်ရင် ဘာမဆိုင် ညာမဆိုင် သူ့ မိဘ ရဲ့ Ve Ve ပါ ထိခိုက်သွားမယ် ။

  • KZ

    October 7, 2013 at 6:51 pm

    ပြည်သူတွေကို နှိပ်စက်ခဲ့တဲ့ သူတွေဘက်က

    ကာကွယ်ပြောဆိုပေး..ဖုံးပေး ဖါပေးကြတဲ့ သူတွေကိုလဲ.

    ပြည်သူတွေကို နှိပ်စက်တာကို လက်ခံနှစ်သက်တဲ့သူ..
    ပြည်သူတွေကို နှိပ်စက်ချင်တဲ့သူ..
    ပြည်သူတွေကိုနှိပ်စက်ဖူးတဲ့သူ…
    ပြည်သူတွေကို နှိပ်စက် ချင်စိတ်မကုန်သေးတဲ့ သူ..တွေလို့..

    .သတ်မှတ်ပါတယ်ခင်ဗျား…၊
    Credit to Shwe Pa Yit
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဟိ
    ရွှေပုရစ် ဝေါပေါ်က တွေ့လို့ ကူးလာတာ ဘဖောရယ်။
    သွားရေးချင်တဲ့ ပို့(စ) က တစ်ခု။
    မရေးရဲလို့ ဘဖောဆီမှာပဲ ရေးပါရစေ။

    ခုချိန်ထိကို အထိမခံနိုင်တဲ့သူတွေချည်းပဲ နော်။

    😀

  • Ma Ma

    October 7, 2013 at 7:15 pm

    အခွန်ကိစ္စနဲ့ပတ်သက်ပြီး ညစ်နေတာ။

    ကိုယ့်မှာ သူများတကာလို လဘော်ဂီနီး ( Lamborghini ) ကားလည်း မစီးနိုင်။
    ဖိနပ် ၂၈သိန်းတန်လည်း မစီးနိုင်။

    လူတိုင်းသာတူညီမျှ မဖြစ်ကြပဲ ……….
    နဖူးကချွေးခြေမကျအောင် လုပ်နေရတဲ့ လုပ်ငန်းကလေးတွေကိုတော့ အမျိုးမျိုးရစ်ပြီး တက်လို်က်တဲ့အခွန် တစ်နှစ်ပြီးတစ်နှစ်။
    :'(

    • Foreign Resident

      October 8, 2013 at 6:13 am

      Ma Ma says:
      ” အခွန်ကိစ္စနဲ့ပတ်သက်ပြီး ညစ်နေတာ ။
      လူတိုင်း သာတူညီမျှ မဖြစ်ကြပဲ ၊
      တက်လို်က်တဲ့အခွန် တစ်နှစ်ပြီးတစ်နှစ် ။
      :’( ”

      Ma Ma ရေ ။
      လူတိုင်း သာတူ ညီမျှ မဖြစ် တဲ့ ကိစ္စ ကသာ ပြဿနာ ရှိနေတာပါ ။
      ဒါပေမယ့် ၊ မြန်မာပြည်မှာ ကောက်နေတဲ့ အခွန်နှုန်း တွေက နဲနဲ လေး ( နဲနဲ လေး ) ပါဗျာ ။

      ကျနော်တို့ ၊ ဩဇီ မှာကောက်နေတဲ့ အခွန်နှုန်းတွေက ပိုတောင် ရက်စက်သေး ။
      ပြီးခဲ့တဲ့ နှစ် ၊ ၂၀၁၂ အတွက် ကျနော့် မိန်းမ ကို ကောက်တဲ့ ၊
      ဝင်ငွေခွန် က ၊ ဒေါ်လှ ၁၄ဝ ဝ၀ဝ တဲ့ဗျာ ။
      ( တစ်နှစ်စာ ဝင်ငွေခွန် တစ်မျိုးတည်း ကို ဒေါ်လှ တစ်သိန်း လေးသောင်း တိတိ တဲ့ဗျာ )
      ( တခြား အိမ်ခွန် ၊ မြေခွန် ၊ ကောင်စီကြေး ၊ ရေ ခ ၊ မီး ခ ဒါတွေ မပါသေးဘူး )

      ရက်စက်ချက် ကတော့ ကမ်းကုန် ပဲ ။ မိန်းမ ဆိုတာ မျက်ရည် နှင့် မျက်ခွက် ။
      သူ့ခမျာ ( လင်ကျွေးမှု သားကျွေးမှု အတွက် ဟီ ဟိ ) နေ့မအား ညမအား အလုပ်လုပ်ပြီး ၊
      မ စားရက် မ သောက်ရက် ၊ ကျစ်ကျစ်ပါ အောင် စုထားရရှာတာ ။

      သာမန် လက်လုပ် လက်စား ဆရာဝန်မ တစ်ယောက် ရဲ့ ၊
      သမာ အာဇီဝ နှင့် ကြိုးစား ရှာထားရတဲ့ ပိုက်ပိုက်လေးတွေကို ၊
      ဒင်း တို့မို့ ယူ ရက် တယ် ။

  • Mr. MarGa

    October 7, 2013 at 7:27 pm

    ဟာဟ
    တကယ်ကတော့ ပြာဖုံးနေတဲ့ မီးခဲကလေးတွေ ပန်ကာလေနဲ့ တွေ့သွားတာပါဗျာ
    သူ့ဟာသူ နေရင်လဲ ဘာမှ ဖြစ်မှာမဟုတ်
    အခုတော့ လူအများ ကောင်းကောင်း သတိထား စောင့်ကြည့်နေတဲ့သူနှစ်ယောက် တွေ့သွားတာလေဗျ
    ပိုဆိုးတာက အဲဒီနှစ်ယောက်ကို ဆန့်ကျင်ဘက် မြင်ထားကြတာကိုး
    ဒီထက် ဒီထက် ပိုဆိုးသွားတာက
    ပြန်လည်ဖြေရှင်းတဲ့ ပုံစံတွေ အနည်းငယ်(တကယ့်ကို အနည်းငယ်) မာဆတ်ဆတ်လေးပါ ဖြစ်သွားတော့
    မာ့ခ် ဇူကာဘတ်ရဲ့ ဝက်ဘ်ဆိုက်ပါ data traffic ပိုများသွားသပေါ့။
    တွေးမိတာလေးတွေ ဆက်စပ်ပြီး ပြောကြည့်တာပါဗျာ
    ဦးမာဃ ဘာမှ သိပ်မသိပါဘု
    အခွန်ကိစ္စကိုတော့ စိတ်ဝင်စားမိပါဘိ
    ဒီ အခွန်တွေ မှန်မှန်ကန်ကန်ရမှာ ဦးမာဃတို့လည်း ဟိုပူဒီပူ ပူစရာတွေ လျော့မှာမို့ပါ….. :mrgreen:

  • ဦးကြောင်ကြီး

    October 8, 2013 at 9:00 am

    မြန်တျန့်ပြည်မှာ မတရားနင်းကန် ချမ်းသာလာဂျင်း အဓိကအချက်က အခွန်ရှောင်ဂျလို့ဗဲ..။ ရိုးရိုးလေးဗဲ တွက်ဗျာ.. နယ်စပ်က ပြည်ပက ကုန်တွေ အကောက်ခွန်လွတ် သွင်းလာဒယ်၊ (တခါမြတ်ပီ) ပြည်ဒွင်းရောက်တော့ အရောင်းခွန် ကုန်သွယ်ခွန် မဆောင်ဘူး၊ (နှစ်ခါမြတ်ပီ)၊ နှစ်ကုန်ဒေါ့ ဝင်ငွေခွန်လွတ် အရှုံးပြဒယ် (သို့) နဲနဲဗဲဆောင်ဒယ် (သုံးခါမြတ်ပီ)။ အခြားခြားသော တိမ်းရှောင် လှည့်ဖျားထားတဲ့ အခွန်အခ လိုင်စင်ဂျေးတွေ ရှိပါအုံးမယ် (လေးငါးခြောက်ခါ မြတ်ပျံဗီ)။ အဲဒါတွေအတွက် ထိုးတဲ့ လာဘ်ငွေက ထိုက်သင့်ဒဲ့ အခွန်အခရဲ့ ဆယ်ပုံတပုံတောင် ရှိမည်မထင်။ အဲဒီဂျားဒဲ ဆိုင်ရာအာဏာပိုင်၊ရဲ၊ထောက်လှမ်းရေးနဲ့ ပေါင်းပီး မူးယစ်ဆေးဝါး၊ သစ်၊ ကျောက်စိမ်း၊ ဆီမှောင်ခိုလို အချီဂျီး အပွကြံနိုင်ရင် အဆပေါင်းများစွာ စားဗေဒါ့။ ဟိုတခါ လူပြောများဒဲ့ ရုပ်ရှင်မင်းသမီး ပန်းဖြူရဲ့ ရည်းစားဟောင်းဆို ဒီကောင် သန်းထောင်ချီ ကျိကျိတက် ချမ်းသာသွားတာ ဆယ်နှစ်အတွင်းလောက်မှာ ဖြစ်တာ… သာမန် စီးပွားလုပ်ရင် ဖြစ်ပါ့မလား။ မြင်သာဒဲ့ ဥပမာ ပေးဒါပါ။ ပုဂ္ဂိုလ်ရေး မပါဘူး။ အဲလို လူတွေ ရာထောင်ချီ ရှိပါမယ်။
    ယူအက်စ်မှာလည်း လူတွေ နည်းမျိုးစုံသုံး အခွန်ရှောင်ဂျဒါဗဲ…။ အဆန်းမဟုတ်ဘူး၊ သို့ပေသိ လူအများစု စည်းကမ်းလိုက်နာဒေါ့ ခံသာဒယ်။ ကော်ပိုရေးရှင်းဂျီးဒွေလည်း အခွန်ရှောင်ဖို့ ကြိုးစားဒါဗဲ။ ယူအက်စ်က အကြီးဆုံး ဂျီအီး ကုမ္မဏီဂျီးဆို တနှစ်က ဝင်ငွေခွန် ဆောင်စရာမလို လုပ်ပြသွားလို့ မီဒီယာ ပွက်လောရိုက်သွားတယ်။ ရလာတဲ့ အမြတ်တွေကို နည်းပညာ သုတေသန ပရောဂျက်၊ ရေရှည်ရင်းနှီးမြှုပ်နှံမှု၊ အယင်နှစ် အရှုံးစာရင်းနဲ့ ဘဲစားဘဲချေလုပ် ကစားသွားတာ။ အခွန်ဌာန ဘာမှ မတတ်နိင်ဘူး။ အက်ပဲလ်ဆိုရင်လည်း စာရင်းသိပ်မြတ်ပေမဲ့ ပင်လယ်ရပ်ခြား အရောင်းရငွေတွေကို ယူအက်စ်ပြည်ဒွင်း ပြန်မသယ်ဘဲ နိုင်ငံဂျား ဘဏ်တွေမှာ နှပ်ထားတယ်။ ပြန်သယ်လာရန် အခွန်ချမှာစိုးလို့… လိုရင် ငွေချေးစာချုပ် ထုတ်ရောင်းမယ်၊ ဘဏ်ကနေ ငွေချေးမယ်၊ အဲဒီ အပ်ငွေတွေကို မထိဘူး။ တိုင်းပြည်ပြင်ပ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်တွေမှာ၊ လိုင်စင်ပေးလုပ်ခိုင်းတဲ့ ဖက်စပ်လုပ်ငန်းတွေမှာ ပြန်မြှုပ်နှံတယ်။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလိုပဲ မြတ်လာသမျှ အိတ်ထဲမထည့်ဘဲ လုပ်ငန်းထဲပြန် အထည့်ပြတယ်။ လုပ်ငန်းကြီးပွားလာလေလေ တနည်းအားဖြင့် မိမိ ကြွယ်ဝမှု တိုးလာလေပဲလေ။
    မြန်မာပြည်မှာလည်း နအဖလက်ထက် သူဌေးတွေကို ရေနက်စပါး စိုက်ကွင်းတွေပေး လုပ်ခိုင်းတာရှိဒယ်။ ရှုံးမှန်းသိလျက်နဲ့ တဖက်ကပေးမည့် မော်တော်ကားပါမစ်၊ စားအုံးဆီပါမစ်တွေ မက်ပြီးလုပ်ကြတာလေ။
    ဝင်ငွေသိပ်များနေရင် စီးပွာရေးလုပ်ငန်းတခု ထောင်တာ၊ လုပ်ငန်းတိုးချဲ့တာ အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ မြတ်လာ ပြန်ထည့်၊ လုပ်ငန်း ရင်းနှီးလည်ပတ်မှုအဖြစ်ပြ၊ ဒါဆို အခွန်ဆောင်ရဒါ သက်သာမယ်။

  • ဝင့်ပြုံးမြင့်

    October 8, 2013 at 9:17 pm

    လူတစ်ယောက်ရဲ့ စန်းကို ပြောလို့ရဘူးနော်။ အစပိုင်း အဆင်မချောတတ်တဲ့လူတွေ သရဖူရတတ်တယ်။ ဝိုင်လေး သရဖူ ရချင်ရနိုင်တယ်။ မရရင်တောင် တခြားဆုကြီးကြီး ချိတ်နိုင်တယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုတဲ့ မြန်မာစကားရှိပေမယ့် စန်းကိစ္စ၊ ကံကြမ္မာကိစ္စမှာတော့ တစ်မျိုး။

    • Foreign Resident

      October 9, 2013 at 7:17 am

      အမှန်ကတော့ ၊ ဝိုင် လေးက ၊ တခြား မယ်တွေလို စပွန်ဆာ ရှာနေစရာမလိုတော့ ၊
      အပြော အလုပ်မှာ ၊ ကီးနဲနဲ မြင့်နေတာကလွဲပြီး ၊ သိပ်မမှားရှာပါဘူး ။
      ( သနားပါတယ် ၊ အဘ တို့ တရုတ် လူမျိုး ပဲ ၊ တစ် ရပ်ကွက်ထဲ နေဖူးတယ် )

      ဟို လူ့မေတ္တာတုံး အော်ကျော့လန်လေး နှင့် တွဲမိရှာလို့သာ ၊
      ပြည်သူတွေ ရဲ့ ဝိုင်း သမ / မေတ္တာ ပို့ ခံလိုက်ရရှာတာပါ ။

      အခုနေသာ ဝိုင် လေး က အဲဒီ့ လူ့မေတ္တာတုံး အော်ကျော့လန်လေး ကို ၊
      ပြည်သူ လူထုကြီး လိုဘဲ သူမ လည်း သောက်မြင်ကပ်ပါတယ် လို့ ပြောကြည့်ပါလား ။
      တပြည်လုံး ဝိုင် လေး မှ ဝိုင် လေး ပြန်ဖြစ်သွားမှာ ။

  • ကိုရင်စည်သူ

    October 8, 2013 at 11:49 pm

    ကိုရင်က ငယ်ငယ်လေးကတည်းက ဘီဘီမန်းကျည်းဖျော်ရည်ကို အီးအီးပန်းအောင် သောက်ပီး
    အားပေးခဲ့ရဒဲ့ ကာစတန်မာ စစ်စစ်ပါ အဘရာ.. အဲ့လို့ ကာစတန်မာစစ်စစ်က ရှန်ဟိုင်းသွားပီး
    တရုတ်သာမီးလေးတွေကို မြေအောက်တော်လှန်းရေဆင်းနေတုန်း.. အဲ့ ဖိုးလမင်းက လာပီး
    လဘော်နီးကားကြီးနဲ့ အချောင်နှိုက်သွားတာပါ။ ဂယ်ဆို ကိုရင် ခု သွင်းလာတော့မယ်..
    ချယ်ရီဝါဂွန်ကို အမိုးဖြုတ်ထားတဲ့ ကားလေးနဲ့ ဝိုင်လေး အမောဖြေခရီးထွက်ဖို့ ကျိုးစားလာခဲ့ဘီးသားပါ။ 😥
    အခုဒေါ့ မျှော်လင့်ချက်ဒွေ မြက်ထဲရေသွန်သလို ဖစ်သွားပီမို့… ဝင့်ခ်လေးနဲ့ပဲ အခေါင်းလိုက်ထမ်းပါဒေါ့မယ်ဗျာ..
    အဘ.. တားတားလေ… ဘုရားဟောတရားတွေကို တိုက်ကြီးသုံးတိုက်ကို တိတိပပ ပတ်ပီးနောက် နည်းနည်းတော့
    နားလည်လာပါပီ…။ ဒီတစ်ခေါက် ၁၄လ ဖင်ချွေးထွက်အောင် ဆားငန်ရေထဲ အသက်ပေးလုပ်ပီး နှစ်ကျော် ၂လစာ အခွန်ဆောင်ခဲ့ရတဲ့
    တားတားတို့ အခွန်ထမ်း သင်္ဘောသီးတွေကျတော့ အခွန်ရုံးက သာမီးလေးတွေက သိပ်ကိုအနိုင်ကျင့်တာပဲ… 😥
    ဖြစ်လေရာ ဘဝတိုင်း ဆင်းရဲတဲ့တိုင်းပြည်မှာ ဖိုးလမင်းလောက် အဆင့်လေးဖြစ်ရင် တော်ပါပီဗျာ.. 😥

    • Foreign Resident

      October 9, 2013 at 1:48 am

      ကိုရင်စည်သူ says:
      ” ဒီတစ်ခေါက် ၁၄လ ဖင်ချွေးထွက်အောင် ဆားငန်ရေထဲ အသက်ပေးလုပ်ပီး
      နှစ်ကျော် ၂လစာ အခွန်ဆောင်ခဲ့ရတဲ့ တားတားတို့ အခွန်ထမ်း သင်္ဘောသီးတွေကျတော့
      အခွန်ရုံးက သာမီးလေးတွေက သိပ်ကိုအနိုင်ကျင့်တာပဲ… 😥

      ကိုရင် စည်သူ ရဲ့ ၊
      သင်္ဘောသားတွေ အခွန် မဆောင်ရတော့ဘူး မဟုတ်လား ။
      ဘယ်လို ဖြစ်ရပြန် သဒုံး ။

  • ဦးဦးပါလေရာ

    October 9, 2013 at 12:59 pm

    တော်တော်တောင် နောက်ကျသွားပြီ…

    ဒီမှာ ဝင်ပြောချင်တာက အဲဒီ လင်ဘော်ဂနီ ဆိုတဲ့ ကား …. ပါ

    အဲဒါ သူ့ ဈေးရင်းအရ မြန်မာငွေ သိန်း နှစ်ထောင့်ငါးရာလောက်ပဲ တန်မယ် ထင်ပါတယ်။
    အခွန်ပါ တွက်ရင်တော့ ဘယ်လောက်ကျမလဲ မသိဘူးပေါ့။

    ပြောချင်တာက အဲဒီကားတန်ဘိုးလောက်ကတော့ မြန်မာပြည်မှာ လူလတ်တန်းစားအထက်လွှာထဲက မည်သူမဆို ခွေးရော ပွေးရောစီးနိုင်လောက်ပါတယ်။
    နှိုင်းယှဉ်ပြီးပြောရရင် လောလောဆယ် မြို့စွန်မြို့ဖျားက အိမ်သာတစ်လုံးဆောက်သာရုံ မြေကွက်တန်ဖိုးလောက်ပဲရှိပါတယ်။
    တနည်းအားဖြင့်- အခုလို ကားဈေးတွေမကျခင် လွန်ခဲ့တဲ့သုံးနှစ်ကဆို ပရာဒိုကားဟောင်းသန့်သန့်တစ်စီးဖိုးလောက်ပဲရှိပါတယ်။
    အဲဒီတုန်းကဆို အဲဒီပိုက်ဆံလောက်နဲ့ လင်ခရူဆာ ကားဟောင်းတောင် သန့်သန့် မရနိုင်ပါဘူး။

    အဲဒီကားလောက်စီးလို့ ဘာမှ ကြွားရာမရောက်ပါဘူး….

    မေတ္တာတုံးလွန်းလို့ ပုံကြီးချဲ့တာ လို့ပဲ ထင်မြင်မိပါသဗျာ…..

    • Foreign Resident

      October 9, 2013 at 2:00 pm

      ဦးဦးပါလေရာ says:
      ” အဲဒီကားလောက်စီးလို့ ဘာမှ ကြွားရာမရောက်ပါဘူး….
      မေတ္တာတုံးလွန်းလို့ ပုံကြီးချဲ့တာ လို့ပဲ ထင်မြင်မိပါသဗျာ ”

      မှန်ပါတယ် ။ ဦးဦးပါလေရာ ရေ ။
      ဒီကား တန်ဖိုးလောက်က ၊ ဗမာပြည်မှာ သေးသေးလေးပါ ။

      ဟို လူ့မေတ္တာတုံး အော်ကျော့လန်လေး နှင့် တွဲမိရှာလို့သာ ၊
      ပြည်သူတွေ ရဲ့ ဝိုင်း သမ / မေတ္တာ ပို့ ခံလိုက်ရရှာတာပါ ။

      ဝိုင်လေး ၊ သနားပါတယ်ဗျာ ။
      အဘ တို့လို တရုတ် လူမျိုး ပဲ ၊ တစ် ရပ်ကွက်ထဲတောင် နေဖူးပါတယ်ဗျာ ။
      သူလေး ဘယ်လောက်တောင် စိတ်ဆင်းရဲ ရှာမလဲ ။
      အပြစ် သိပ် မရှိရှာပါဘူး ဗျာ ။ ရက်စက်လိုက်ကြတာ ။

      • thaw dar

        October 9, 2013 at 5:07 pm

        အခု တရုတ်လူမျိုူးဖြစ်နေလို့ ဟိုမှာသွားပြိုင်ဖို့ ကန့်ကွက်ကြမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပြန်ပြီ အဘရေ

  • padonmar

    October 9, 2013 at 8:02 pm

    လူမျိုုးရေးရှေ့တန်းတင်ပြီး အရည်အချင်းရှိလူတော်ကို ပစ်ပယ်ခဲ့တာ မဆလ တခေတ်လုံးနဲ့ နဝတ တခေတ်လုံးပါပဲ ။
    ခုလည်း ဒီဇာတ်ပြန်ကနေကြတာပဲ။
    သူများတိုင်းပြည်က head hunting လုပ်ပြီး ဘယ်လူမျိုးမဆို တော်တာတွေ ရွေးခေါ်နေတယ်။
    ဒို့တိုင်းပြည်က လူတော်တွေ ကိုခါထုတ်နေတယ်။
    ဒီလိုပြောကြကြေးဆို ဦးဂိုအင်ကာရဲ့ အဖိုးအဖွားအဖေအမေလည်း အိန္ဒိယက ဟိန္ဒူကုလားတွေလေ။
    ကမာ္ဘပေါ်မှာ ဝိပဿနာနဲ့ မြန်မာကို ကမာ္ဘသိအောင်လုပ်ပေးသွားတဲ့ မြန်မာပြည်ပေါက် ကုလားစစ်စစ်ကြီးပဲ။
    မြန်မာပြည်ကို ချစ်လို့ သူ့ပြာတောင် ဒီမှာ ရေမျှောပေးခိုင်းတယ်။
    HTC CEO ဆို ဘယ်လိုလုပ်မလဲ။
    မြန်မာပြည်မှာမွေးပြီး မြန်မာပြည်ကို ချစ်၊မြန်မာပြည်တိုးတက်ရာတိုးတက်ကြောင်းလုပ်မယ်ဆိုတဲ့လူတော်တွေကို မွေးယူရမှာပါ။
    တိုင်းပြည်တိုးတက်စေချင်ရင် တိုင်းပြည်ကြီးတခုလုံးကို ခြုံကြည့်ကြစေချင်ပါတယ်။
    (ပြိုင်ကားနဲ့ ပြည်သူ့အချစ်တော်ကိစ္စ အနေမတတ်အပြောမတတ်ခဲ့မိတာကို သင်ခန်းစာယူပြီး နောင်ဆိုအပြောအဆို အနေအထိုင်ဆင်ခြင်သင့်ပါတယ်)

  • padonmar

    October 9, 2013 at 8:32 pm

    ပြောလို့သာပြောရ၊အဲဒီကလေးမမျက်နှာက မာနရှိသလိုပဲ။
    အဝတ်အစားကလည်း မြန်မာမဆန်ဘူး။
    မီဒီယာတွေကလည်း စကဒ်ကွဲကို ပိုပိုသာသာပေါ်အောင်ပြကြတယ်။
    သူတို့လိုရင် လှတာတွေ ရွေးတင်ပြီး မလိုရင် မလှတာပေါ်အောင်ပြကြတယ်။
    ခင်ဝင့်ဝါလေးကတော့ မျက်နှာလေးကိုက ကလေးဆန်ပြီး ဝတ်တာလည်း မြန်မာဆန်တယ်။
    ခုချိန်မှာ မိုးစက်ဝိုင်လည်း မြန်မာအဝတ်အစားရိုးရိုးလေးဝတ်ပြီး (ဒါဇင်ပလပ်စ်ကို အလှူထည့် )ဘကကျောင်းတွေ သီလရှင်သင်မိဘမဲ့ကျောင်းတွေ လိုက်လှူ
    လုပ်ပြသင့်နေပြီ။

  • thaw dar

    October 9, 2013 at 8:36 pm

    သော်တာလည်းအဲဒါကိုပဲ ပြောချင်တာပါ…လူတွေတော်တော်များများဟာ မျက်ကန်းမျိုးချစ်တွေဖြစ်နေကြတယ်…

Leave a Reply