Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရုပ်ရှင်ကြည့်တဲ့သမီးရီးစား

WowOctober 8, 20131min125339

“ရွေ့… နိပ်ဟ…”

ဖွတ်ပြောင်တို့ ဇာတာစမ်းလဒ်များတက်လာတော့ ပူနေတဲ့နေမင်းဂျီးကိုပဲ ကျေးဇူးတင်ရမလို… အို အသင်လောက ပူရင် မိန်းမများ ဂယောင်၆ခြား ဖစ်တတ်တာ ကျွန်ုပ်ကောင်းကောင်းဂျီးသိပါဘီ… လို့ထအော် ရတော့မလို…..

“မောင်ရေ… ရုံးပိတ်ရက် နေကအရမ်းပူတော့ လျှောက်မသွားချင်ဘူး ဂျန်းရှင်းစကွဲမှာ ကားသစ်တင်တယ် ကြားတယ်… လက်မှတ်ရရင် သွားကြည့်ရအောင်နော်….”

မကြာခင်ကမှ အတော်ဂျီး ညက်နှာငယ်လေးဖြင့် ပိုးပန်းယူထားရသော ချစ်သူလေးက ဖုန်းဆက်ပြောလာတော့ ဖြူဖြူကျော်သိန်းစတိုင်ဖြင့် အိမ်ရှေ့ပြေးထွက် ဒူးထောက် ရဟူးးးးး အားရဝမ်းသာ အအော်…

“ဟယ်… နာ့ကားသွားမဲ့လမ်း အတင်းပြေးဝင်ထိုင်ချ… ဘယ့်နှာဂျီးလဲ…. နိသေတာအရေးမကြီးဘူး… နာ့မှာ ယုစ် ရှိသေးတယ်”
ကားသမား အော်ဆဲသွားတာ ခံလိုက်ရ၏…

ရှိစေ… အချစ်ကို နားမလည်သူများ… အချစ်၏ရူးသွပ်မှုကို မခံစားတတ်သူများ ကို အဖက်မလုပ်ချင်တော့… နုတ်ခမ်းစူ ခြေဆောင့် ဖင်ကောက်ပီး အိမ်ထဲပြန်ဝင်လာသည်….

ဖွတ်ပြောင် ချစ်သူနှင့် ရုပ်ရှင်သွားကြည့်ရန် ပြင်ဆင် နေပုံ….

guy

ရဲတိုက်လို မက်လုံးလေးမိုးနဲ့ ဖွတ်ပြောင်….

guy 3

ဂျန်းရှင်းစကွဲ သို့ ဖွတ်ပြောင်တို့ သမီးရီးစား ချီတက်လာဂျဘီ…

လက်မှတ်ဝယ်ပြီး ချစ်သူလေးကို မထိတထိ အာ……ဘွားးးးးးးး

ဟင်း…. နေနှင့်ဦး…… ရုံထဲရောက်မှ…… နေကြာစိ ခွာကျွေးမာ လို့…. :mrgreen:

guy2

ချစ်သူလေးက သရဲကားမှ ကြည့်ချင်သတဲ့… ရွေ့… ပိုနိပ်ပြန်ပဟ… 3D သရဲကားဆိုတော့ သရဲအကောင်လိုက် ကိုယ့်နားလာသလိုနဲ့ Sound System ကလဲ ကောင်းမှကောင်း… ဆိုတော့…. ဟိ….

ချစ်ရယ်… ဒီရင်ခွင်ကျယ်ကြီးက မင်းလေးတွက်ပါ… ကိုယ့်အတွေးနဲ့ကိုယ် ရောင်ရမ်းထုလိုက်တာ ရင်ဘတ်တောင် အတော်အောင့်သွားသီ… :harr:

ရုံထဲဝင်တော့လဲ… ဝမ်းသာလုံးတွေဆို့ပြီး လှေကားထစ်တွေတောင် ကောင်းကောင်းမမြင်ချင်…..

ခုံမှာထိုင်မိတော့ ရုံထဲက အဲယားကွန်းကလဲ အတော်လေးအေးတော့ ချစ်သူလေးက လက်မောင်းလေး ဖက်ပြီး ပါးလေးကပ်ထားတော့… ဖွတ်ပြောင်ရင်တွေ တဒိန်းဒိန်း….
ကတောက်စ် နိုင်ငံဒေါ်အလံကပေါ်လာဗီ… ရှုပ်ထှာ…. :buu:

ရုပ်ရှင်စပြတော့ သရဲကားစိတ်ဝင်စားနေတဲ့ချစ်သူလေးကို ကိုယ့်ဘက်အာရုံစိုက်အောင်… အဟမ်း… အဟမ်း… ချောင်းမကြာခဏဟန့်တော့ … တောက်ကောင်မလေးကတော့ အာရုံရောက်မလာ … ဘေးသူတွေ ဖွတ်ပြောင်ကို မျက်စောင်းထိုးကုန်သည်…..

အင်းလေ… အစပိုင်းမို့ပါ…. ခဏစောင့်လိုက်.. သရဲက ဒိန်းကနဲပေါ်လာ… ဒီက ရင်ဖွင့်ကြိုပြီးသား… ပြန်လွှတ်တော့ဝူး…. အတွေးနဲ့…. တဏှာချောင်းကို ခဏရပ်လိုက်သီ… :mrgreen:

လာပါဘီ…. သရဲ… အားးးးးးးးးး

3D သရဲဆိုတော့ အတော်ကြောက်စရာကောင်းသည်…. ဖွတ်ပြောင်ပင် သတိလက်လွတ်…..

ဦးခေါင်းစပ်က တင်းကနဲဖစ်သွားသည်…. ဟင်… ကြောက်လွန်းလို့ ခေါင်းမွေးတောင်ထောင်ကုန်ဘီ…. အော်ရင်းတွေးမိသည်… သတိရလို့ကြည့်လိုက်တော့… ဘေးက ဘိုင်းတာမလေးက (အူထဲ၊ အသဲထဲ၊ ဘိုက်ထဲ နာနေအောင် ချစ်ရသော ကောင်မလေးဟု ဆိုလိုသည်….) :byee:

ဖွတ်ပြောင် အူးစွန်းဖုတ်ကို ပယ်ပယ်နယ်နယ် ဆွဲခါပြီး အားရပါးရအော်နေဒါဘဲ….. ကျိဇမ်း တေနာမ… (သေတပန်သက်တဆုံး နာဖျားသော်လည်းမကွဲ ချစ်ရသီ့ ကောင်မလေးဟု ဆိုလိုသည်)….

ဟဲ့…. သရဲပျောက်လို့ … နောက်တခန်းရောက်ပါဘီဟဲ့… မနဲပြောပြီး သူ့လက်အောက်က ကိုယ့်အူးစွန်းဖုတ်ကို ကွကိုယ်မနဲ ဆွဲထုတ်ရသည်။

သူဆွဲဆောင့်ထားတဲ့ အူးစွန်းဖုတ်ကို မနဲပြန်သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်… ကွကိုယ်.. သပ်သပ်ရပ်ရပ် အခြေတကျဖြစ်တော့…..

အားးးးးးးးးးး

ရင်ဘတ်မှာ ပူကနဲ….. လည်ပင်းအစ်ပီး… အသက်ရှုမရတော့….

ဟင်… နာဘာဖြစ်သွားပါလိမ့်…. မနဲ သတိကပ်ပြီး ကျိတော့….

ကိုယ့်ရင်ဘတ်ကို ဆွဲဆောင့် အင်းကျီကို အတင်းဆွဲပီး အားရပါးရအော်နေသည့်… မကြာသေးခင်ကမှ အရမ်းပစ်မှားချင်နေသည့် ကောင်မလေး….

ရှီးးးးး … မှပဲ….. ချစ်လေး… သတိထားအူးလေ… မောင်…ဘွဆုံးတော့မယ်… :mrgreen:

ဆောရီးပါမောင်ရယ်…… ချစ်လေး အရမ်းစိတ်ဝင်စားသွားလို့….

ဆက်ကျိလိုက်အူးမယ်…..

ဖွတ်ပြောင်တို့စာတတ်သွားဘီ…. ရုပ်ရှင် စကင်ကို မျက်နှာမလွှဲရဲ … သရဲပေါ်လာသီနှင့် …. ကိုယ်ပါ အားကနဲအော်ပြီး….
သူ့လက်ကလွတ်အောင် ဘေးအတင်းတိုးတော့… ဘေးကစုံတွဲကလဲ သိပ်မကြည်…..

ဒီလိုနှင့်… လွတ်တာလဲရှိ… ခံရတာလဲရှိနှင့် သာယာလှသော ဖွတ်ပြောင်တို့သမီးရီးစား ရုပ်ရှင်ကျိချိန်အပြီး… အပြင်ထွက်လာတော့….

ချစ်လေးဆွဲဆောင့်လို့ပါလာတဲ့ မောင့် ဆံပင်လေးတွေရယ်…. ဆွဲဆောင့်လို့ပြုတ်ထွက်လာတဲ့ အင်းကျီကျယ်သီးတွေရယ် အမှတ်တရ သိမ်းထားမယ်နော်… မောင်….
တူညားသမီးရီးစားတွေ သာသာယာယာရှိတဲ့အချိန်မှာ မဟားဒယားအလုပ်ခံထားရလို့ ကွကိုယ် သပ်ရပ်အောင်မနဲ ပြန်လုပ်နေရတဲ့ဖွတ်ပြောင်… မချိသွားဖြဲလေးးးး

နောက်တစ်ပတ်လဲ ရုပ်ရှင်ကျိဂျမယ်နော်…. မောင်…

ဂျာာာာာာာာ…..

images၇

39 comments

  • KZ

    October 8, 2013 at 11:13 am

    ဟီးဟီးဟီးးးးးးးး
    ရီ လိုက်ရတာအေ။
    သူ ဇ နဲ့ ဟို က ဗလကို မြင်ယောင်ပြီးးးးးး
    မောင်ဂလေး အစား ရင်လေး တယ်။
    ရင်လေးတယ်။
    အဟေးဟေးးးး

    :mrgreen:

    • Wow

      October 8, 2013 at 11:20 am

      ဗလရှိသူနဲ့ ဇရှိသူ တွေ့ဆုံခန်းမှာ အနေအထိုင်မတတ်ရင် နစ်နာဘီကွယ်…. :mrgreen:

    • ဖွတ်ပြောင်

      October 8, 2013 at 12:52 pm

      ပြောပါတယ် အထူကြီးတွေ မဝတ်ပါနဲ့လို့

      ခုတော့ လေးသလေး ဘာလေးနဲ့

      ငိငိ

      • KZ

        October 8, 2013 at 1:05 pm

        ဝါးရေ
        ဒမာ နိ မောင် နာ့လို ပစ်စီးရှိလူတန်းစားကို လာပေါနေတယ်။

        ဒါမဲ့ ရှီး ကို အမှီဘူးးးး ခွိခွိ။
        လေးတယ်
        လေးတယ်။

        😀

      • Wow

        October 8, 2013 at 1:14 pm

        ဒူးရင်းသီးစားသူများ…. :mrgreen:

  • TNA

    October 8, 2013 at 11:15 am

    ဖွတ်ပြောင်နဲ့ ပတ်ကညောတို့ စုံတွဲကို မျက်စိထဲကွက်ကွက်ကွင်းကွင်း မြင်ယောင်ကြည့်ပြီး အားရပါးရ အူလှိုက်သည်းလှိုက် မျက်ရည်များပင်ထွက်အောင်ရီသွားပါကြောင်း :bvee: ရီလိုက်ရတာအေ မျက်စိ ထဲကထွက်ကိုမထွက်ဘူး။ :mrgreen:
    နောက်တပါတ်ကျရင် သွေးစုတ်ဖုတ်ကောင်ကားပေးကြည့်လိုက်ဘာအေ ဒီအတွဲကို 😀

    • Wow

      October 8, 2013 at 11:28 am

      လက်ဆောင်ပေးဖို့ သရဲကား အတွဲလိုက်ရှာထားဒယ် မွသဲရေ…. :mrgreen:

  • Ma Ei

    October 8, 2013 at 11:38 am

    နောက်တစ်ပတ် ဇာတ်လမ်းလေးလဲ ရေးပေးဦးနော်…
    :mrgreen:

    • Wow

      October 8, 2013 at 1:16 pm

      စိတ်ချ… မွအိ… နောက်တစ်ပတ်ဆို ပိုနစ်နာမယ်… :mrgreen:

  • ဟိဟိ မမဝေါင်းကိုယ်တွေ့လားလို့
    ထုဒေါ့ အာကိုဂျီးတို့ စုံတွဲကိုး
    နောက်ခါဆိုရင်တော့ သေချာပြင်ဆင်ပီးမှ လာကြည့်မယါထင်တယ် :mrgreen:

    • Wow

      October 8, 2013 at 12:42 pm

      လုံမလေးတို့ အတွဲကကော ဘီလိုလဲ… :kwi:

  • Mr. MarGa

    October 8, 2013 at 12:00 pm

    ဟိ
    နောက်ဆို သရဲကား ကြည့်တော့ဝူး တဲ့
    ဟာသကားပဲ ကြည့်မတဲ့ ဆိုလားးးး

  • alinsett

    October 8, 2013 at 12:15 pm

    အဟိ…အဟိ…

    ဖွတ်ပြောင် ရုပ်ရှင် သွားကြည့်မလို ့.ပြင်ဆင်တာလည်း..
    ဒေါက်ဖိနပ်ကြိးနဲ ့…

    အဟိ..

    • Wow

      October 8, 2013 at 1:18 pm

      တဂျားနဲ့ အလင်းsex ဒေါက်ဖိနပ်စီးချင်နေဂျဘီလား… :kwi:

  • Novy

    October 8, 2013 at 12:20 pm

    ရေးတက်ပါပေ့ညီမရေ..
    ရုံးမှာ ကြိတ်ပြီးရယ်ရတာ ဗိုက်တွေတောင်အောင့်လာတယ်
    ဟာာာာာာာာာာာာာာာာာားးးးးးးးးးးးးးးး

    • Wow

      October 8, 2013 at 1:19 pm

      ဒီဂျေနိုဗီ… နောက်ခံတီးလုံးလေးလုပ်ပါအူး… :kwi:

  • Shee

    October 8, 2013 at 12:25 pm

    ရီလို့မပြီးနိုင်တော့ဖူး……..ဟဟဟဟဟဟဟဟဟ……………တော်ပါပေတယ်…မမရယ်…….အဟားးဟားးးးးးးးးး:D

    • Wow

      October 8, 2013 at 12:30 pm

      နိ.. နာ့မောင်ဂလေးဂို… ဗလအားကိုးနဲ့ အနိုင်မကျင့်ရဘူးနော်… ဂါး… :mrgreen:

  • Nyein Nyein

    October 8, 2013 at 12:42 pm

    မမဝိုးရေ…….. ရယ်ရတာ ဗိုက်တွေတောင်အောင့်တယ်။ မျက်စိထဲကို မြင်မြင်ပြီးရယ်နေရတယ်။ တစ်မနက်လုံး မလန်းမဆန်းဖြစ်နေတာ အခုမှပဲ ရယ်လိုက်ရတော့ လန်းဆန်းသွားတော့တယ်။ ကျေးကျေးပါ….. 🙂

    • Wow

      October 8, 2013 at 12:44 pm

      ငြိမ်းလေး… ပျော်တယ်ဆိုလို့ ရေးရကျိုးနပ်ပါတယ်နော်… 🙂

  • ဖွတ်ပြောင်

    October 8, 2013 at 12:45 pm

    တိန်

    ဪ ဒါကြောင့်နေမယ်

    ညကဧည့်အိမ်မက်တွေမကောင်းတာ

    ဟင့်

  • Crystalline

    October 8, 2013 at 12:53 pm

    😆 ရယ်လိုက်ရတာ အူတောင်နာတယ်.. :mrgreen:
    နာ်ရှီးလေး.. ဟိုဆြာဖား ဇပြလာလို့ကတော့ ကျဲကျဲဝေါင်းပြောသလိုသာလုပ်နော်.. :loll:

  • sorrow weaver

    October 8, 2013 at 12:59 pm

    အဟီးဟီး …မမနဲ့တားတားနဲ့ ပိစ်နော်…အဟီးဟီး …စာရေးကောင်းတဲ့လူတွေကို ဖားထားတာ ပိုကောင်းတယ်…မဟုတ်ရင် မင်းတားဖြစ်နေမယ်..အဟီးဟီး

    • Wow

      October 8, 2013 at 1:21 pm

      မကြောက်ပါနဲ့ တားတားရယ်.. မမဂျီး.. ဂါဝန်ချွတ်တာ… အပေါင်ဆိုင် ပို့မလို့… အဲလေ.. ဟုတ်ပါဝူး… တားကလှဲ့ ပိုကောင်းအောင် ရေးပေးမာပေါ့.. :mrgreen:

      • sorrow weaver

        October 8, 2013 at 1:33 pm

        ဂျာာာာာာာာာာာာ

  • kai

    October 8, 2013 at 3:11 pm

    အဲလိုဂျီးလား..
    သရီးဒီသရဲကားပြောတာပါ.. :mrgreen:

    • Wow

      October 8, 2013 at 3:15 pm

      ဒဂျီးလက်တွေ့မှ ယုံချင်တာလား… :mrgreen:

  • Shee

    October 8, 2013 at 3:16 pm

    စမ်းကြည့်ဦးမှပဲ……မမဝေါင်ပြောသလို…………………….အာဟိဟိ….

  • Green Rose

    October 8, 2013 at 5:20 pm

    3 D ပဲလား Wow ရေ..
    ဟား.. ဟား.. သူများ ဒုက္ခရောက်တာကို မရီချင်ပါဘူး.. ဒါပေမယ့် ရီချင်တယ်…
    နောက်ဆို သူများအတွဲတွေကို ချောက်တွန်းချင်ရင် 3 D သရဲကား သွားကြည့်ခိုင်းရမယ်..
    ကိုယ်တိုင်တော့ ရှောင်မှ…

    :mrgreen:

    • Wow

      October 9, 2013 at 8:46 am

      နှင်းဆီစိမ်းလေး ကျိရတာ စိတ်ခိုင်မဲ့ပုံပါ… ကြောက်နဲ့ သွားကျိ…. :mrgreen:

  • kyeemite

    October 9, 2013 at 9:02 am

    ဟား ဟား ဟား ဟား ဟား ဟား ဟား
    😀 😀 😀 😀 😀 😀 😀

  • ဦးကြောင်ကြီး

    October 9, 2013 at 9:38 am

    အဲလို မဖြစ်အောင် နောက်တခါ ဘီလူးကားကြည့်.. ဘဲထီးရော ဘဲမှပါ ဂွတ်ဒ်သွားမယ်။ အာမခံသည်.. မဂွတ်ဒ် ဆယ်စ ပျံရော်မည်…။ ဂွတ်ဒ်လျင် တဝက်ပေးမည်လော… 🙄

    • Wow

      October 9, 2013 at 10:00 am

      ဖွတ်ပြောင်ရေ ဒမာ ကြောင်ရီး ဝေစုခွဲနေဘီ… :mrgreen:

  • Mahar Myanmar

    October 9, 2013 at 11:11 am

    ကိုယ့် ကိုယ် ကို ပဲ စောင်း ရေးထား သလို ခံစား ရတယ် ဗျာ..
    တကယ် ပါ..အဲဒီ ကတည်း က သရဲ ကား မကြည့် တော့ဘူး လေ..
    အရေး အသား ကောင်းလေစွ တကား…

    • Wow

      October 9, 2013 at 12:32 pm

      မဟာတို့ လက်တွေ့ ဂယ်ခံခဲ့ရတာပေါ့… :kwi:

    • ဖွတ်ပြောင်

      October 9, 2013 at 11:38 am

      မကြည့်ရသေးဘူးဗျ

      ကောင်းမဲ့ပုံပဲ ရီဗျူးဖတ်ကျိနေတာ

      ကျေးကျေးပါဗျို့

      ရှာကြည့်လိုက်ဦးမယ်

  • padonmar

    October 9, 2013 at 7:19 pm

    ဟင် မသေသွားဘူးပေါ့နော်။

    • Wow

      October 10, 2013 at 8:30 am

      အန်ကယ်ဒုံ သေတွားရင် ဘယ်ခိုင်းစားလို့ ရတော့မလဲလို့… အဆုံးထိတွေးဒယ်… လူဇိုး :mrgreen:

Leave a Reply