ယိန်ဒေယ ……….
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အခေါ်အဝေါ်တွေ ကွဲပြားတတ်ကြပါတယ်။
ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဟုတ်နေကြတော့ ထူးတယ်လို့ကို မထင်ဘူး။
တစ်မြို့တစ်ရွာရောက်မှ ကိုယ့်အခေါ်အဝေါ်တွေဟာ သူတို့နဲ့မတူပဲ တမူထူးဆန်းနေတာတွေ ဖြစ်တတ်တယ်။
တစ်ခါတုန်းက ………….
နွေကျောင်းပိတ်ရက်မှာ မိတ်ဆွေတွေရဲ့ မြို့ကို သွားလည်ဖြစ်တယ်။
အဝတ်အစားတွေထည့်တုန်းက ခြုံထည်ပုဝါ မေ့ပြီးထည့်မလာခဲ့မိတာကို ရေချိုးခါနီးမှ သိတော့ ………..
အိမ်ရှင်ကို ဖူးစောင် ရှိလားလို့ မေးတော့ အိမ်ရှင်က ကြောင်တက်တက်ဖြစ်သွားတယ်။
ဖူးစောင် ဆိုတာ ဘာကို ခေါ်တယ်ဆိုတာကို အိမ်ရှင်က နားမလည်တာ။
“ဘာလုပ်ဖို့လဲ” လို ့ ပြန်မေးတော့ ကိုယ်လည်းကြောင်သွားတာပေ့ါ။
မေးမိတာမှားပြီ။ မပေးချင်လို့လား၊ မရှိလို့များလားလို့ အတွေးရောက်သွားတယ်။
နောက်မှပြောရင်းဆိုရင်း လိပ်ပတ်လည်ပြီး နောင်ကြုံတိုင်းပြန်ပြောဖြစ်တဲ့ ရီစရာဟာသတစ်ခုဖြစ်သွားတယ်။ 🙂
နောက်ပိုင်း ရန်ကုန်မှာ ကျောင်းလာတက်တော့ ကိုယ့်စီမှာတုန်းက မစားဖူးတဲ့ ကန်တော့ချွန်ပုံ ပေါင်းထားတဲ့ မြန်မာမုန့်မဲမဲ ကို ကြိုက်သွားတယ်။
ဘာမုန့်ခေါ်မှန်းမသိပဲ ရန်ကုန်ထုံးစံ ချွဲချွဲနွဲ့နွဲ့ အော်တတ်တဲ့ မုန့်သည်အသံကို ကဗလေအီးဒီမုန့် လို့ ကိုယ့်ဘာသာ မှတ်ထားလိုက်တယ်။
မုန့်နာမည် ဘယ်လိုခေါ်တယ်ဆိုတာမသိတော့ စားချင်ရင် အဲဒီမုန့်သည်ကို စောင့်ပြီး စားရတယ်။
ခုနောက်ပိုင်း ကြီးလာမှပဲ အဲဒါဟာ ကောက်လှိုင်းဒီမုန့် ဆိုတာသိသွားတော့တယ်။ :kwi:
ငယ်ငယ်က ကိုယ့်အရပ်မှာတော့
ယိန်ဒေယ ငါးးးးးးးးးးးးးး
ဆိုပြီး အော်သံကြားရင် ငါးစိမ်းဗန်းကို ခေါင်းပေါ်ရွက်ပြီး ရပ်ထဲရွာထဲလှည့်ရောင်းတဲ့ ငါးသည်လာပြီဆိုတာကို သိလိုက်တယ်။
ငါးရောင်းဖို့ ငါးသည်လာပြီလို့ အသံပေးတယ်ဆိုတာကို နားရည်ဝလို့ သိနေပေမယ့် ဘာအဓိပ္ပါယ်လဲ၊ ဘာကိုအော်တဲ့အသံလဲဆိုတာကို သတိမထားမိဘူး။
အဖေ့မိတ်ဆွေရဲ့ သားသမီးတွေ ကိုယ့်မြို့ကို အလည်လာတဲ့အခါ ငါးသည်အော်သံကြားတော့ အထူးအဆန်းဖြစ်ပြီး အဲဒါ ဘာအော်တာလဲလို့ မေးတယ်။
အဲဒီတော့မှ လူကြီးတွေက
ဒီအိမ်တွေက ငါးးးးးးး
လို့ ငါးသည်က အော်တာလို့ ပြောမှ ကိုယ်လည်း ငါးသည်ဘာအော်တယ်ဆိုတာ သိတော့တယ်။ 😀
ဘာရယ်မဟုတ်ပါဘူး။
အမှန်က ကြိမ်စင်္ကြာကြောင့်ပေါ်လာတဲ့ ရမ်းသမ်းကွတ် ပို့စ်မှာ ဆွမ်းမွှေးပင် ကို မသိကြဘူးဆိုလို့ လမ်းမှာတွေ့တဲ့ဆွမ်းမွှေးပင်ကို ရိုက်လာတာ ပြချင်လို့။ 🙂
အဲဒီပိုစ့်မှာ သွားထည့်ရင်လည်း မတွေ့ကြမှာစိုးတယ်။
ဓာတ်ပုံလေးတစ်ပုံနဲ့ တင်ရမှာလည်း အားနာတယ်။
အဲဒါကြောင့်……….
ဟာသလေးနဲ့ အရင် ဧည့်ခံလိုက်တာ။
ယိန်ဒယ ဆွမ်းမွှေးရွက်……………. :loll:
37 comments
sorrow weaver
October 10, 2013 at 4:49 pm
အိမ်နားက ကြက်သားကင်အော်တာတော့ဆန်းသဗျ…အန်တီမမရယ်…ရန်ကုန်ရောက်စက
ဟော့ဒီကကြက်သားကင် ဆိုတာကို တားတားတော့ ခြံစည်းရိုးပင် လို့ကြားတာ..အဟိဟိ …ရန်ကုန်ကလူတွေခြံစည်းရိုးပင်လဲစားသလားလို့ …အဟိဟိဟိ
alinsett
October 10, 2013 at 5:25 pm
ကျွန်တော်လည်း အဲဒီ ယိန်ဒေယ ကို သိချင်လို ့ ဘာပြောတာလဲ ခန့်မှန်းကျိဖူးတယ်။
ဒီအိမ်တွေ က . . . လို ့ ပြောတာဖြစ်မယ်လို ့တွေးကျိပေမယ့် မသေချာလို ့ဇဝေဇဝါပဲ နေခဲ့တာလေ
🙂
ကျွန်တော်တို ့ဘက်က မုန့်စိမ်းပေါင်းသည်ကတော့
မုန့်စိမ်းပေါင်းကို အော်တာ တမျိုး
မုန့်စိမ်းးးးးးးးးးးးးးးးးမှောင်းးး
တဲ့ ။
စိမ်း နေရာမှာ သံရှည်ဆွဲပြီး ပေါင်း နေရာမှာ
မှောင်းး တဲ့။
🙂
nozomi
October 10, 2013 at 6:11 pm
ဧရာဝတီမှာနေတုန်းက အညာသားကျောကုန်း ဆိုတဲ့ မုန့် စားဘူးတယ်
အရောင်က ညိုမဲမဲ အထုတ်က ဖောင်းဖောင်းလေး ကောက်ညှင်းထုတ်နဲ့ တူတယ်
အညာသားတွေကတော့ အောက်သူဗိုက်ပူ မုန့်တဲ့
အညာလေသံနဲ့ ပြောတဲ့ မနက်ကြီး တို့ ခွံ တို့ ကလဲ စ ကြားဖူးတဲ့ သူ အတွက် ဆို ရီ စရာပဲ
လုံမလေးမွန်မွန်
October 10, 2013 at 8:09 pm
ငယ်ငယ်က နယ်မှာ ဈေးသည်တွေအော်ရင် အဲဒယား. . . ငါး လို့ပဲကြားတယ်။ ကိုယ်တွေလည်း ဈေးရောင်းတမိးဆော့ရင် အဲဒယားလို့ပဲ အော်တာ။ နောက်မှသိတယ်။ ဟောဒီက လို့ အော်တာတဲ့။ ရန်ကုန်စကားတော့ လုံးဝနားမလည်ဘူး။ အခေါ်မတူတာကတော့ အခုချိန်ထိ ရန်ကုန်သူ သူငယ်ချင်းတွေနဲ့ ငြင်းနေရတုန်း 🙂
TNA
October 10, 2013 at 8:14 pm
ဈေးသည်တွေအော်တာကို ဘယ်လိုမှနားမလည်ဘူး။ ဘာအော်မှန်းကိုမသိတာ။ အိမ်နားမှာ လာလာအော် တဲ့ ကြာဇံဟင်းခါးရှောက်သီးသုတ်ဆိုရင် နားထဲမှာ ဒီနေ့ထိဘာအော်မှန်းကိုမသိသေးဘူး။ သူ့လှည်းကြည့် လို့သာသိရတာရယ်။ နောက်ရှိသေး ပဲပြုတ်သည် သူအော်တာက ဟောဒဂ———–ဗျုတ် ဆိုပဲကြားလိုက်တယ်။ ဒါ့ထက် မမ ဆွမ်းမွှေးရွက်တွေက ထွားတာနော် အိမ်နားမယ် ကသေးသေးလေး။
padonmar
October 10, 2013 at 8:21 pm
ယိန်ဒေယ….ဆွမ်းမွှေးရွက်….
လာဘာအုံး။
padonmar
October 10, 2013 at 8:39 pm
ငယ်ငယ်တုံးကလေ
တောကနေရန်ကုန်ရောက်ခါစ တကယ့်ကို မြို့ကအော်သံတွေ နားမလည်ခဲ့ဘူး။
(အမွှာညီအမလို့ မပြောရဘူး)
လမ်းပေါ်က အော်တာ ခပ်ပြတ်ပြတ်အသံနဲ့ ဥုံဇိ..ဥုံဇိ တဲ့။
ထမ်းသွားတာလည်း သတ္ထုပုံးလေးတခု။
ဒါနဲ့ အဲဒီလမ်းထဲကလူတွေ မေးကြည့်မှ အုန်းဆီတဲ့။
တရုတ်တန်းထဲနေရတော့ တရုတ်မုန့်တွေ ရောင်းတာရှိသေးတယ်။
နီယောက်ကေ့ ကီယောက်ဖန်….ပန်းကန်မုန့်လေ ပန်းကန်မုန့်တဲ့။
(ကြွေပန်းကန်ထဲမှာ မုန့်သားကြည်ကြည်လေး စားလို့ကောင်း)
နောက်တခုက မွာကျိ..မွာကျိဆို ဘာလဲခေါ်ဝယ်စားကြည့်တော့
မုန့်လုံးရေပေါ် အစာမပါကို မြေပဲ၊နှမ်း၊သကြားတွေ ရောထောင်းထားတာနဲ့ နယ်ထားတာ။အဲဒီတရုတ်မကြီးရောင်းတဲ့မုန့်တော့ သိပ်ကြိုက်။
နောက်ပြီး ညနေဆို ဆိုက်ကားပေါ် သတ္ထုပုံးနဲ့ရေခဲတွေအုံပြီး ကူလ်……..ဖီး ဆိုပြီး လာရောင်းရင် အသေကြိုက်.
နောက်တော့ အိမ်သာသုံးစက္ကူတွေ ထည့်တတ်တယ်ပြောကြလို့ ဝယ်မစားရဲတော့ဘူး။
အဲဒီကုလားကြီး ခုထိ ရောင်းသေးတယ်။
ခုတလော မနက် ၁ဝနာရီ ၁၁ နာရီလောက် လှိုင်သာယာရောက်ရင် ထပ်တလဲလဲ အော်နေတဲ့ အသံတခုကြားရတယ်။ဘာအော်မှန်းလဲမသိ။
ဒါနဲ့ တပည့်တွေ စပ်စုလိုက်တော့ သင်္ဘောသီးထောင်းသည်က ရကောဒင်းလုပ်ထားပြီး စက်နဲ့ အော်ခိုင်းတာတဲ့။
မိုက်ချက်..
အဲသလို သူများနဲ့ မတူအောင်အော်တတ်တာကိုက မားကက်တင်းပညာထင်ပါရဲ့။
(ဟို တရှီးရှီးနေတဲ့ ဖားမြွေဖွတ်လေး ခေါ်မေးအုံးမှ)
Foreign Resident
October 11, 2013 at 5:32 am
padonmar says:
” မုန့်လုံးရေပေါ် အစာမပါကို မြေပဲ၊နှမ်း၊သကြားတွေ ရောထောင်းထားတာ ”
အဲဒါကို အုန်းနို့ + ထညက်ရည် ရောထားတာ ရှိသေးတယ်ဗျ ။
မုန့်လုံးရေပေါ် သေးသေးလေး အနီရောင်လေးတွေပါပါတယ် ။
မစားရတာတောင် ကြာပေါ့ ။ ကြိုက်တယ် ။
Crystalline
October 11, 2013 at 8:57 am
သများတို့ရပ်ကွက်ထဲ ပန်းလိုက်ရောင်းသူအော်တာက “တန်လိုက်တာ.. တန်လိုက်တာ” ခုတော့ တမျိုးပြောင်း အော်နေလေရဲ့ “လှတယ်.. ဟေ့… လှတယ်.. ဟေ့… ” သူ့အသံကတော့ ငယ်ငယ်ကတည်းက ကြားဖူးနေခဲ့တော့ ဘယ်လိုပြောင်းပြီးအော်အော် သူ့မှန်းသိတယ်.. :))
ဦးကြောင်ကြီး
October 11, 2013 at 9:18 am
ခြစ်တယ်ဟေ့ ခြစ်တယ်ဟေ့… အဲသာ ဘာလဲတိရား…. …………… ————- ———— ———————— —————– ————————– – – ——————- ———————————- – – – ——— – ———————
အောက်မှာ အဖြေရှိဒယ်… ဖက်ကြည့်
—- ——————- ————— ———-
———– ————- ——————- —————-
ခရစ်စတယ်လေး ခရစ်စတယ်လေး
မှန်လား… မှန်ရင် လျှာကျွေးမယ်… ရှလွတ်…. အမယ်မင်း ကောင်းမှကောင်း 😳
Ma Ma
October 11, 2013 at 2:48 pm
ခရစ်စ်လေးရေ-
အဲဒီဈေးသည်ကတော့ မာကက်တင်းသင်တန်းဆင်းထားတာဖြစ်မယ်။
သူရောင်းတဲ့ကုန်နဲ့ သူအော်သံနဲ့ ကြော်ငြာပြီးသားပဲ။ 🙂
Ma Ma
October 11, 2013 at 2:56 pm
အရွက်ချွန်ပင် ဝိုး ရေ။
သူ့အရွက်က အမှတ်တမဲ့ကြည့်ရင် (လေးနာရီပန်းခေါ်သလား) ပန်းပင်အရွက်နဲ့တူတယ်။
ကွာခြားတာက ဆွမ်းမွှေးရွက်မှာ အုန်းလက်လို အကြောစင်းလေးတွေပါတယ်။ 🙂
black chaw
October 11, 2013 at 9:25 am
မားရေ…မားရေ…မိုင်းချိလား
ဆိုတဲ့အသံနဲ့ အော်တဲ့ အမှိုက်သိမ်းတဲ့
အမျိုးသမီးငယ်တစ်ယောက်လည်း ရှိတယ်လို့
ကြားဖူးပါတယ်ဗျာ…။
အစ်မရေ…အစ်မရေ…အမှိုက်ရှိလား
ပေါ့ဗျာ…။
ဖတ်သွားပြီနော် … မမရေ..။
kai
October 11, 2013 at 9:26 am
“ပဲပင်ပေါက်၊ပဲပြား၊ဘဲသွေး၊ဝက်သွေး၊ခေါက်ဆွဲ”…. တဲ့..။
မှတ်မိတာလေးရေးပြတာ…
ဆွမ်းမွေးပင်အတွက်…ကျေးကျေး…
kyeemite
October 11, 2013 at 10:51 am
ဟုတ်တယ် မမ ရေ…ရန်ကုန်ကတော့ဈေးသည် အော်သံတွေတော်တော်ထူးတယ်
ကိုယ်နဲ့ ဒဲ့ လာပါတ်သက်တာရှိသေးတယ်
“ကိုကြီးမိုက်”….ဆိုပြီးအိမ်ရှေ့က အကျယ်ကြီးအော်သံကြားလို့
လန့်သွားပြီး ရွာသားတစ်ယောက်ယောက်များလာနောက်သလားလို့ထွက်ကြည့်တော့မှ
ကုလားကြီးတစ်ယောက်…ကူဖီးမလိုင် ရောင်းနေတာတွေ့ရတယ်
“ကူဖီးမလိုင်” ဆိုတာကိုအသံလေးလေးကြီးနဲ့အော်တာ
ကျုပ်နားထဲ“ကိုကြီးမိုက်” လို့ပဲကြားတယ်…အိမ်ကကလေးတွေတောင်ရီကြတယ်
😀
ကျန်တဲ့ဈေးသယ်တွေအသံတွေတော့ ရေးပြရခက်တယ်ဗျာ
တွေ့ဆုံပွဲကျမှ အော်ပြတော့မယ်..ဟီဟိ
Ma Ma
October 11, 2013 at 2:50 pm
တတိယအကြိမ် တွေ့ဆုံပွဲအတွက် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်ကောင်းတစ်ခုရပြီ။ :loll:
e tone
October 11, 2013 at 11:08 am
ဆွမ်းမွှေး ပေါင်မှုန်တွေ ပူတင်းပေါင်မုန့်လိုပဲ ဈေးကွက် ထွက်လာတော့ ဆွမ်းမွှေးဆိုတာ ဘယ်လိုဟာကနေ ထုတ်တဲ့ ယိုပါလိမ့်လို့ ထင်နေတာ … ဟီးဟီး … စားလျှင် မွှေးတာပဲ သိတယ် ။ အများကြီးစားလျှင်တော့ အီသလိုလို …. ။ လ္ဘက်ခြောက်မှာလည်း ဆွမ်းမွှေး လ္ဘက်ခြောက်လို့ရှိတာ သောက်ဖူးတယ် … သူလည်းမွှေးတာပဲ … ။ အပင်ကတော့ စုတ်ချွန်းချွန်းနဲ့ နာနတ်ပင်နဲ့ တူတယ်နော် .. ခုမှ မြင်ဖူးတာ 😆
Ma Ei
October 11, 2013 at 12:18 pm
လမ်းထဲလာတဲ့ ဈေးသည်အော်တာ…
နှစ်ဆန်း…ပါးဖောင်း…တစ်ထုပ်မှ တစ်ရာပါ…တဲ့
အမှန်က ဒင်းဆမ်း၊အသားပေါင်း..ဖြစ်ပါတယ်…
အိုက်အသယ် လာတိုင်းရီရတယ်…
အိမ်က တူမနာမည်က
နှစ်ဆန်းလေ…
🙂
Wow
October 11, 2013 at 12:48 pm
ဆွမ်းမွေးပင်က ချွန်ချွန်လား ဝိုင်းဝိုင်းလားဟင် …
နှစ်ပင်တွေ့လို့…
Ma Ma
October 11, 2013 at 3:03 pm
ဝိုး ကို ပြန်တဲ့ ကွန်မန့် အပေါ်ရောက်သွားတယ်။
ဘယ်လို ဘယ်လိုဖြစ်သွားသလဲ မသိဘူး။ 🙁
sorrow weaver
October 11, 2013 at 3:25 pm
အဲ့ဆွမ်းမွှေးပင်လေ အန်တီမမ..အိမ်နားမှာပေါက်သဗျ…အဲ့ရာနဲ့ ..ခူး အခြောက်လှန်းပြီး ..လက်ဖက်ခြောက်ထဲ ခတ်သောက်တယ်ဂျာ…တနေ့သား…ဟိုအံဂျာတုံးကလေး စာတမ်းပြုစုတဲ့ ကျမ်းထဲက သတ္တဝါတစ်ကောင်က လားးးးးလားးးးး..ဘာလုပ်တယ်မှတ်သတုန်း….ပေါင်ကားလျှာထုတ်ပြီး …စိမ်ပြေနပြေသမသွားကတဲ့ က အဲ့ပင်ကအရွက်တွေ မသောက်ဖြစ်တော့တာ …အဟီးဟီး
လုံမလေးမွန်မွန်
October 11, 2013 at 3:44 pm
@မအိတုန်
အဲ. . . အစ်မပြောမှ ဆွမ်းမွှေးပေါင်မုန့်ဆိုတာ သတိရတော့တယ်။ ဒီဆွမ်းမွှေးကို ပြောတာလား။ လုံးဝသတိမရဘူး။ အနော်အရမ်းကြိုက်တာ။
lele kyi
October 11, 2013 at 9:34 pm
ကျမ တို့ရွာမှာရှိတယ်။ ဆူးမွှေးရွက်လို့ခေါ်ကြတာ။ မေမေ့ ကိုတောင် အထွန့်တက်လိုက်သေးတယ်။ ဆူးမွှေးရွက် က ဆူးလည်းမရှိဘူးလို့။ မုန့်လက်ဆောင်းလုပ်ရင်ထည့်ကြိတ်တာ။ အရောင်စိမ်းစိမ်းလေးရပြီးမွှေးတယ်။ ပြီးရင် ထမင်းအိုးကျက်သွားရင် အဖုံးဖွင့်ပြီးအပေါ်ကတင်လိုက်တယ်။ ဒီမှာတော့ ပန်းဒန်းရွက်လို့ခေါ်ကြတာပဲ။
ကိုပေါက်(မန္တလေး)
October 11, 2013 at 10:15 pm
ငယ်ငယ်က အဖွားနဲ့နေတုန်းက ထမင်းအိုးနှပ်ပြီးရင် ဆွမ်းမွှေးရွက် တစ်ရွက်နှစ်ရွက်ခူးပြီး စိုက်ထားလိုက်တာဘဲ။
ထမင်းတွေကိုမွှေးလို့ အခုပေါ်ဆန်းမွှေး အနံ့အတိုင်းဘဲ။
kai
October 12, 2013 at 12:12 am
ဂျပန်မှာတော့.. ထမင်းချက်ရင်.. မီးသွေးထည့်ချက်ကြတာရှိတယ်…။ မြန်မာတွေလည်းထည့်ချက်သင့်တယ်..။ ဆွမ်းမွေးရွက်လည်းထည့်ချင်ထည့်ပေါ့..။ အပေါ်ယံထက်စာရင်..အနှစ်လိုကြောင်း…. (ဘာမှမဆိုင်)
=
Revelation: cooking rice with bamboo charcoal | The Cat Dish
http://www.thecatdish.com/food/revelation-cooking-rice-with-bamboo-charcoal/
May 20, 2012 – But one of the more common uses of bamboo charcoal is for cooking rice. It absorbs chlorine, bad odor and toxic substances from water, thusly …
lele kyi
October 12, 2013 at 4:32 am
ဟဟဟ..မီးသွေးထည့်ချက်တာ ကျမတို့လဲလုပ်ဖူးတယ်။ ဘယ်လိုအခါလည်းဆိုတော့..ထမင်းတွေ ဟင်းတွေတူးကုန်တဲ့ အခါ မီးသွေးခဲကိုရေဆေးပြီးထည့်လိုက်တယ်။ မီးသွေးခဲက အနံ ့ စုပ်သွားတယ်ဆိုလို့။ ဘမ်ဘူးချားကိုးလ်တော့ ဟုတ်ဘူး။တွေတဲ့ ချားကိုးလ်ပဲ ပစ်ထည့်ပလိုက်တယ်။
TNA
October 13, 2013 at 10:13 am
ဟုတ်တယ် ဟုတ်တယ် ငယ်ငယ်က ဟင်းချက်ထမင်းချက်ရင်း ဂိမ်းကစားနေတော့ဟင်းအိုး တူးထမင်းအိုးတူးခဏခဏဖြစ်တယ်။ အမေဆူမှာစိုးလို့ တူးသွားရင် မီးသွေးခဲထည့်အဖုံးအုပ်ထားလိုက်တာ။ အနံ့ပျောက်ကရော အဲတော့အဆူခံမထိတော့ဘူးရယ်။ 😀
Ma Ma
October 13, 2013 at 5:10 pm
ဟင်းတွေ ထမင်းတွေတူးရင် မီးသွေးခဲထည့်ရတယ်ဆိုတာ ခုမှပဲ သိတော့တယ်။ မှတ်ထားရမယ်။ 🙂
Ma Ma
October 12, 2013 at 6:06 am
အကင်တွေစားရင် ကင်ဆာဖြစ်တယ်ဆိုတာက ကင်တဲ့အခါ တူးသွားတဲ့ အသားအစတွေ (မီးသွေးဖြစ်သွားတာတွေ) ကို စားမိတာကြောင့်လို့ ပြောကြတယ်။
အဲဒါကြောင့် ထမင်းထဲ မီးသွေးထည့်ချက်တာ ဘာ့ကြောင့်လဲ မသိဘူး။ 💡
kai
October 13, 2013 at 5:20 pm
မီးသွေးကိုရေဆေးပြီးမှထမင်းအိုးထဲထည့်ရတာပါ..
အမှုန်မထွက်ပါဘူး..
ဆိုတော့.. ကာဗွန်မှုန်က..ဗိုက်ထဲမရောက်ပါဘူး..
မီးသွေးကာဗွန်ကရေဆူမှတ်ထဲမှာလည်း.. ရေထဲ မပျော်ဝင်ပါဘူး..။
ဒါပေမယ့်.. မကောင်းတဲ့ဓါတ်တချို့တော့.. ကာဗွန်ကဓါတ်ပြုဖျက်ဆီးပေးလိုက်ပုံရပါတယ်..
ထမင်းကပိုပြီးဖြူဖွေးလာပါတယ်..။
ထမင်းချက်ရင်..စမ်းကြည့်နိုင်ပါကြောင်း…
kyeemite
October 12, 2013 at 9:49 am
အဲဒါကြောင့် ထမင်းထဲ မီးသွေးထည့်ချက်တာ ဘာ့ကြောင့်လဲ မသိဘူး။ 💡
အပေါ်မှာ သဂျီးရေးထားတယ်လေ မမ ရဲ့
It absorbs chlorine, bad odor and toxic substances from water, thusly …
ကလိုရင်း၊အနံ့အသက်ဆိုးနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေကို စုတ်ယူလို့တဲ့… 🙂
Mr. MarGa
October 12, 2013 at 10:01 am
ဟီဟိ
ဝင်ပြီး ဆရာကြီး လေသံနဲ့ ပြောရရင်
အဲဒါ
ဒေသိယ စကား မတူသောကြောင့် တစ်ချက်
မားကတ်တင်း ဆင်းခြင်း တစ်ချက်
အော်ရင်းအော်ရင်း အပျင်းထူခြင်း တစ်ချက်
ထို အချက် အချက်တွေကြောင့်
သူ့စကားကိုယ်မလည် ကိုယ့်စကား သူမလည် ဖြစ်ခြင်း ဖြစ်ပါကြောင်း
(ရန်ကုန်ရောက်တုန်း မုန့်တီမှာတာ အာပူလျှာပူ ရောက်လာတာမျိုး)
KZ
October 12, 2013 at 2:36 pm
ဪ။
ကျနော်တို့ အခေါ် ဆူးမွှေးရွက်။
ဒီမှာတော့ Pandan leaves လို့ ခေါ်တာ ချစ်မ။
အဲဒါကို မီးဖိုချောင်မှာထားရင် ပိုးဟပ်ပြေးတယ်လို့ ပြောတယ်။
ဒီမှာ ဝယ် သုံးရတယ်။
🙂
Ma Ma
October 12, 2013 at 3:05 pm
သိကြားမင်းရေ-
ရန်ကုန်မှာ တိုရှည် လုပ်ရောင်းတဲ့ ဈေးသည်ကို (ကိုယ့်မြို့မှာတုန်းက အာပုံလို့ ခေါ်လို့) အာပုံ ဆိုပြီး သွားငြင်းနေလို့ ဈေးသည်က စိတ်ဆိုးပြီး “ငါကဘာလို့ညာပြောရမှာလဲ” လို့ ပြောရတဲ့အထိ ဖြစ်ဖူးတယ်။ 😀
ခိုင်ဇာရေ-
ဆူးမွှေးရွက်လို့ခေါ်တာ အမှန်ဖြစ်မလား မသိဘူး။
အပေါ်မှာ လီလီ လည်း ပြောထားတယ်။
ဒါပေမယ့် အီတုံးပြောတဲ့ ပေါင်မုန့်မှာတော့ ဆွမ်းမွှေးပေါင်မုန့်လို့ ရေးတာပဲ။
အိမ်မှာတော့ ဆွမ်းမွှေးရွက်လို့ပဲ ခေါ်သံကြားလို့ ထင်တဲ့အတိုင်း ရေးလိုက်တာ။ :kwi:
မဟာရာဇာ အံစာတုံး
October 13, 2013 at 10:32 am
ထူးဘာဘေ့ ချာမ ရယ် …
ဒါနဲ့ စကားမစပ် တီခုလောက် မေးခွင့်ပုစေချင်ဘာဒယ် …
ဟိုလေ .. ဟို ..
ရဲဇားစကား အပေါခံရတုန်းကရော …
အိုက်ဂလို နားဂျားလေးများ မလွဲမိဝူးလားငင်င်င် ….
ဥမပါ … ချစ်တယ် … ကို .. ညှစ်မယ် … ဆိုပီး ဒေါ့ပေါ့ …
ဟီးးးးဟီးးးး
ဝင့်ပြုံးမြင့်
October 14, 2013 at 12:43 am
ဆွမ်းမွှေးရွက် ဒီတစ်ကြိမ်ပဲ မြင်ဖူးတယ်။ ဒီပို့စ်တစ်ခုလုံးဖတ်ပြီး ကိုယ့်မှာ ဗဟုသုတ အတော်ခေါင်းပါးတာ သိသွားပါလေရော။
Ma Ma
October 15, 2013 at 3:05 pm
မဟာရာဇာကြီးတစ်ယောက် ရဲဇားစကားပြောတုန်းက သဲထိတ်ရင်ဖိုနဲ့မို့ နားကြားမှားခဲ့ဖူးတယ်ထင်တယ်။
ဥမပါ …ဂျစ်တယ် … ကို .. ချစ်မယ် … ဆိုပီး ဒေါ့ပေါ့ … 😀
ပြုံးရေ-
အစားသမားဆိုတာ မရှက်မကြောက် ဝန်ခံထားပါတယ်။ :kwi: