တောလည်တောင်လည်

တောလည် တောင်လည်
ပြီးခဲ့တဲ့ဥပုဒ်နေ့မှာ ဓါတ်ပုံဝါသနာရှင် ဘော်ဘော်က ဘယ်နားသွားပြီးဓါတ်ပုံရိုက်ရင်ကောင်းမလဲ ကိုပေါက်လဲ လိုက်ခဲ့ပါလို့ခေါ်ပါတယ်။
အဲဒါနဲ့ တစ်ခါဘဲရောက်ဘူးတဲ့ မန်းလေးမြို့အရှေ့ဘက် ရဲရွာသွားတဲ့လမ်းကို သွားဘို့ စိတ်ကူးပေါက်သွားပါတယ်။
ပြင်ဦးလွင်သွားတဲ့ကားလမ်းအတိုင်းလာလိုက်တာ 16မိုင်တိုးဂိတ်အလွန် တံတိုင်းရှည်ရွာအဝင်လမ်းကနေ
ကွန်ကရစ်လမ်းအတိုင်းသွားလိုက်ရင် အင်မတန်လှပတဲ့မြင်ကွင်းများရှိတဲ့နေရာကိုရောက်ပါတယ်။
လမ်းဘေးတစ်ဘက်တစ်ချက်မှာ တောင်တန်းများကဝန်းရံလို့နေပါတယ်။
လမ်းအနောက်ဘက်ခြမ်းမှာတော့ တောင်တန်းအောက်မှာ ဒုဌဝတီမြစ်က စီးဆင်းလို့နေပါတယ်။
အနောက်ဘက်ကတော့မြင့်မားတဲ့တောင်တန်းတွေ တောင်ခါးဖြတ်တွေကိုမြင်ရတာ နိုင်ငံခြားကားထဲက အတိုင်းပါဘဲ။
ကျနော်တို့လဲ သွားနေရင်းက လှတယ်ထင်ရတဲ့နေရာတွေမှာဆင်းပြီး ဓါတ်ပုံတွေရိုက်ကြပါတယ်။
အတူသွားတဲ့သူနှစ်ယောက် တစ်ယောက်က ကင်နွန်ဘိုးအေကင်မရာ
နောက်တစ်ယောက်ကတော့ နီကွန် ဧရာမ
ကျနော်ကတော့ထုံးစံအတိုင်းအိမ်သုံးပေါက်စနလေးနဲ့။
ဒါပေမယ့် ပုံကောင်းတွေရတော့ပျော်ခဲ့ပါတယ်။
ဟိုခြုံတိုး ဒီခြုံတိုး နဲ့ရိုက် ပုရွက်ဆိတ်လဲကိုက်
ဝါးရွက်တွေရှ
ပုံလေးတွေပြန်ကြည့်မိတော့အမောပြေပါတယ်။
ကဲ ခံစားကြည့်ကြရအောင်
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
14*10*2013











24 comments
ကိုပေါက်(မန္တလေး)
October 15, 2013 at 9:04 am
ရွာသားကြီး ကိုဆောရိုးက ဖေစ်ဘုတ်မှာတင်တဲ့ နံပါတ်တစ်ပုံလေးကို ရွာထဲမှာ ပြန်တင်ပေးပါဆိုတာနဲ့ တင်ပေးလိုက်တဲ့ ပိုစ်ပါ
kyeemite
October 15, 2013 at 9:26 am
ကိုပေါက်ရေ ဒီနေ့ရုံးမှာအင်တာနက်ပျက်နေလို့ဖုံးနဲ့စမ်းသုံးကြည့်တာပါ ပုံတွေအားလုံးကြည့်ပြီးလွမ်းသွားတယ်ဗျာ
kyeemite
October 15, 2013 at 9:29 am
🙂
ကိုပေါက်(မန္တလေး)
October 15, 2013 at 9:55 am
ကိုမိုက်ရေ နောက်လဲဒီလို လွမ်းစရာကောင်းသောပုံလေးတွေမြင်ရမှာပါ။
ကင်မရာပေါက်စလေးထဲက ထွက်လာတဲ့ပုံလေးတွေကို
Myo Thant
October 15, 2013 at 10:09 am
ကိုပေါက်ရေ
နံပါတ် ၈ နဲ့ ၁ဝ ကြိုက်တယ်ဗျာ ၊
ကိုပေါက်(မန္တလေး)
October 15, 2013 at 12:54 pm
ဆရာမျိုးရေ ကျေးကျေးပါ
sorrow weaver
October 15, 2013 at 10:23 am
နံပါတ်တစ်ကတော့ အမိုက်ဆုံးပေါ့ဗျာ …အမတ်ကြီးရာဇသကြ်န်ရဲ့ ဆရာ့မျိုးနွယ်ပုံ 😛
ဦးပေါက်ရေ…အဲ့တာပြောတာပေါ့ ..ဦးပေါက်ရဲ့ဓါတ်ပုံပို့စ်တွေက စေတနာပါတယ် လို့
ကိုပေါက်(မန္တလေး)
October 15, 2013 at 12:59 pm
ကိုဆောရိုးရေးလိုက်တဲ့” ကဝေ” ကိုဖတ်လိုက်မှ
ကိုယ်ကသာ အားပေးသူမရှိဘူး ထင်လို့ မတင်ပေမယ့်
သတိရနေသူတွေ ရှိတယ်ဆိုတာကို သိလိုက်လို့
ဓါတ်ပုံပိုစ်တွေပြန်တင်ဘို့ ဆုံးဖြတ်လိုက်တာပါ။
ကျေးကျေးပါခင်ဗျာ
TNA
October 15, 2013 at 11:56 am
ပုံတွေအားလုံးကြိုက်တယ်လေးပေါက်ရေ။ ဒီးဒုတ်အဝင်လမ်းကိုတော့ အကြိုက်ဆုံးပဲ
ကိုပေါက်(မန္တလေး)
October 15, 2013 at 1:08 pm
မနုရေ
ဒီးဒုတ်ရေတံခွန်က မန်းလေးနဲ့ဆို 29မိုင်ဝေးပါတယ်။
ပြင်ဦးလွင်သွားတဲ့ကားလမ်း 16မိုင်တိုးဂိတ်အလွန်မှာ
ရဲရွာရေအားလျပ်စစ်ကို သွားတဲ့လမ်းအတိုင်း 13မိုင်တိတိဝင်သွားမယ်ဆိုရင် ဒီးဒုတ်ရေတံခွန်အဝင်လမ်းကို
ရောက်ပါမယ်။
လွန်ခဲ့2013 မတ်လတုံးကထက်စာရင် အခုတစ်ခေါက်ရောက်တာ ပိုစည်ကားလို့ နေပါတယ်။
အဝင်လမ်းကတော့ ကျောက်တုံးတွေကိုကျော်ခွပြီး ရေလည်ခေါင်ကသွားရိုက်လာတာပါ။
အဲဒိကိုရောက်ဘို့ ဆိုင်ကယ်ဆိုရင် နှစ်နာရီနီးပါးမောင်းရပြိး
ကားနဲ့ဆိုရင် တစ်နာရီကျော်ကျော်လောက်မောင်းရပါတယ်။
ကွန်ကရစ်လမ်းဖြစ်လို့လမ်းကောင်းပါတယ်.
သာလဲသာယာပါတယ်။
အခုတစ်ခေါက်ကတော့ မိတ်ဆွေက ကားနဲ့လိုက်ပို့လို့ သက်တောင့်သက်သာပါဘဲ
ပထမတစ်ခေါက်ကတော့ ရွာသားတွေဖြစ်တဲ့ ကိုစိန်သော ကိုထွန်းဝင်းလတ် ဘဘဖရဲသီးတို့နဲ့သွားခဲ့ကြတာပါ။
ဆိုင်ကယ်နဲ့။
ပင်ပန်းပေမယ် ပျော်စရာခရီးဖြစ်ခဲ့ပါတယ်။
Mr. MarGa
October 15, 2013 at 12:13 pm
တစ်ခါတစ်ခါမှာ
မြို့ပြရဲ့ မွန်းကျပ်မှုကနေ ပြေးထွက်ချင်ရင်
အရမ်း ကောင်းတဲ့ နေရာလေးပါဗျာ
ပတ်းဝန်းကျင်တစ်ခွင်လုံးက စိမ်းစိမ်းစိုစိုနဲ့
တောရိပ်တောင်ရိပ်ကြား
ပြောရင်းဆိုရင်း အခုတောင် သွားချင်လာပြီ
တစ်ပုံ မသွားမယ်ဗျာ
ကာဗာ တင်ဖို့
ကိုပေါက်(မန္တလေး)
October 15, 2013 at 1:32 pm
မွန်းကျပ်စူးယှ
မြို့ပြကိုခွာ
အေးချမ်းသောနေရာကို
ူသွားကြရအောင်ပါ။
လာပါလိုက်ပါ
အခါခါ
ခေါ်သာ ခေါ် ပေါ်မလာ
မောင်မာဃ
အမြဲမအားပါ။
တာ့ တာ့
Mr. MarGa
October 15, 2013 at 2:28 pm
ဥပုဒ်နဲ့ တနင်္ဂနွေ ဆုံရင် လှမ်းခေါ်ဗျာ
ပြောရင်း လိုက်ချင်လာပြီ ဟီးဟီး
KZ
October 15, 2013 at 3:24 pm
အရင် ရဲရွာလမ်းက ဂလောက် မစိမ်းစိုဘူး လေးပေါက်ရေ။
ခု ပုံလေးတွေက စိမ်းစိမ်းလေးတွေနဲ့ မျက်စိအေးလိုက်တာ။
🙂
ကိုပေါက်(မန္တလေး)
October 15, 2013 at 10:19 pm
ဟုတ်တယ် ကေဇက်ရေ
အရမ်းသာယာလာတယ်
ကျော်စွာခေါင်
October 15, 2013 at 11:48 pm
ကိုပေါက်ရေ..
ပုံတွေအားလုံကို သဘောကျပါတယ်..ဒါပေမယ့်
အကြိုက်ဆုံးက …..
တောငွေ ့ တောင်ငွေ ့
နားနားနေနေ
အိမ်ပြန်ချိန်….ဆိုတဲ့ ကားလေးတွေဘဲဗျ..။
ညွှတ်ပြောင်းခြင်း ကြတော့ …
အနုပညာဆန်လွန်းလှတယ်..တစ်ဆက်တည်းတွေးမိတာက အဲဒီနွယ်လေးတွေကို ကနုတ်ပန်းလေးတွေ အဖြစ် ရေးဆွဲထွင်းထုထားခဲ့ကြတဲ့…ရှေးအနုပညာရှင်များရဲ ့အနုပညာဉာဏ်ကိုပါ လေးစားမိသွားတာ…။
ကိုပေါက်(မန္တလေး)
October 16, 2013 at 9:40 am
ကိုကျော်စွာရေ
ညွတ်ပြောင်းခြင်းကတော့ ကျနော်ကိုယ်တိုင်လဲနှစ်သက်တဲ့ ပုံလေးဖြစ်ပါတယ်။
ရှေးမြန်မာ လက်မူ့ပညာရှင်များကတော့ လေးစားစရာကောင်းလှပါတယ်။
တမုတ်ရွှေအင်ပင် သုံးဆင့်ဘုရားနံရံကအုတ် ကနုတ်ပန်းတွေဆို ညွှတ်ပြောင်းသွယ်လျ
တကယ်ကိုလှတာပါ
မန်းလေးလာရင် လိုက်ပို့ပါမည်
Ma Ma
October 16, 2013 at 12:38 pm
သဘာဝတရားကြီးက လူတိုင်းကို သာတူညီမျှပေးပေမယ့် မြင်တတ်တဲ့ ကိုပေါက်ရဲ့ အနုပညာမျက်စေ့ကြောင့် လှပတဲ့ မှတ်တမ်းလေးတွေ ဖြစ်သွားတယ်။
ညွှတ်ပြောင်းခြင်းလည်း ကြိုက်တယ်။
စမ်းချောင်းလေးရဲ့ ရေချိုးဆိပ်လည်း ကြိုက်တယ်။
တောငွေ့တောင်ငွေ့ကို ကြည့်ပြီး မီးခိုးငွေ့ပိုင်တဲ့ ဆရာခေါင့်လက်ရာနဲ့ဆို အံကိုက်ပဲလို့လည်း တွေးမိသွားတယ်။ 🙂
ကိုပေါက်(မန္တလေး)
October 16, 2013 at 12:53 pm
မမရေ
ကိုကျော်ခေါင် ရယ် နောက် ဖေစ်ဘုတ်က မိတ်ဆွေပန်းချီဆရာတစ်ယောက်ရယ်က
ကျနော်ဓါတ်ပုံကို ပန်းချီဆွဲမယ်လို့ ပြောထားဘူးပါတယ်။
မြင်ချင်လှပါ၏
Ma Ma
October 16, 2013 at 5:07 pm
ကျမလည်း မြင်ချင်ပါတယ် ကိုပေါက်ရေ။
ပန်းချီကား ဖြစ်ရင် ပြအုံးနော်။ 🙂
အိမ်လွမ်းသူ
October 16, 2013 at 1:34 pm
တော်တော်ကို သာယာ လွမ်းမောဖွယ် ကောင်းတဲ့ တောတောင် သဘာဝတွေပဲ ကိုပေါက်ရေ။ လွမ်းစရ မြန်မာပြည် !!!
ကိုပေါက်(မန္တလေး)
October 16, 2013 at 1:53 pm
ဟုတ်ပ
မြန်မာပြည်မှာ ဒီလိုတောင်တောင်သဘာဝတွေ မကျန်မှာကိုတော့ တွေးပူမိကြောင်းပါခင်ဗျာ
•*¨နန်းတော်ရာသူ •*¨
October 16, 2013 at 6:32 pm
ကာလာတွေကအံ့မခန်းပဲဖေပေါက်ရေ
ဓာတ်ပုံပညာကိုနားမလည်ပေမယ့် ဖေပေါက်လက်ရာတွေက တနေ့တခြားတိုးတက်လာတာမြန်ထှာ
တချို့ပုံတွေဆို တော်တော်လေး အံ့ဩရလောက်အောင် လက်ရာမြောက်တယ်။
ဖွဘုတ်မှာတော့အလွယ်သိမ်းပိုက်လို့ရနေတာပေါ့
😀
ကိုပေါက်(မန္တလေး)
October 17, 2013 at 9:01 am
သော်သော်ရေ
ပုံလေးတွေကောင်းလာတာ လူတော်လို့ မဟုတ်
ကံကောင်းခြင်းလက်ဆောင်တွေရတယ် လို့ထင်ပါ၏