Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟိရဩတ္တပတရား ရှိစေသော်ဝ်

mr.dark bloodAugust 5, 20101min56413

ရှေးလူတို့ ဆိုခဲ့သည်မှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် ဆံထုံးဖျက်က ကြည့်မကောင်းဟု ဆိုကြသည်။

ထပ်တိုးလာသည့် နောက်တိုးအမှန်တရားတစ်ခုမှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် အကျင့်ဖျက်က

မိန်းမပျက်် ဖြစ်တတ်သည်ကို သတိမူရမည်။ ကိုယ့်ကား ကိုယ်မောင်း ပဲခူးရောက်ရောက်၊ကိုယ့်ဂီယာကိုယ်ထိုး

စစ်ကိုင်းရောက်ရောက် လုပ်လို့ မရပေ။ပဲခူး၊စစ်ကိုင်းမရောက်ဘဲ စခန်း၊ဆေးရုံရောက်တတ်သည်ကိုလည်း

သတိမူရမည်။ခေတ်ကာလတိုးတက်နေသည်မှာ မှန်သည်။ခေတ်နဲ့အညီတိုးတက်အောင် နေထိုင်ရင်း တိုးတက်လာသော

ပေါင်တိုစကတ်များသည်ကား ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ အမြင်မတော်သည်ကို ဆင်ခြင်ရမည်။လူမျိုးတစ်မျိုးအဖြစ်

အခိုင်အမာအထောက်အထားပြနိုင်သည့်အချက်တစ်ခုမှာ ယဉ်ကျေးမှုရှိခြင်းပင်ဖြစ်သည်။ကျွန်တော်တို့

ကိုယ်ပိုင်ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင် မဖောက်ဖျက်စေဖို့ တိုက်တွန်းချင်သည်။နို့မဟုတ်ပါက

ကိုယ်ဂုဏ်ကိုယ်ဖော်သည့် မသူတော်(၇)ပါးထဲ စာရင်းဝင်သွားလိမ့်မည်။ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါးအကြောင်း

စာပေဗဟုသုတနှင့်ရင်းနှီးသူတိုင်း ကြားဖူးကြသည်။ယင်းတို့မှာ အချိန်ကာလတိုက်စားသွားခဲ့သဖြင့် အောက်ပါအတိုင်း

ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲသွားခဲ့သည်။

ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါး

၁။ဒူးဖော်

၂။ပေါင်ဖော်

၃။ချက်ဖော်

၄။ရင်ဖော်

၅။ခါးဖော်

၆။တင်ဖော်

၇။ကျောဖော်

တို့ ဖြစ်ကြပေသည်။

မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာအမျိုးသားဝတ်စုံကို ဆင်မြန်းရသည်မှာ ရှက်စရာ၊ခေတ်နောက်ကျစရာဟု

မြင်ထားသည်မှာ အောက်တန်းစားအတွေးအခေါ်ပိုင်ဆိုင်ထားသည့် လူများပင် ဖြစ်သည်။မိန်းမတို့၏

အစောင့်အရှောက်တရားနှစ်ပါးမှာ အရှက်အကြောက်ဆိုသည့် ဟိရ၊ဩတ္တပတရားပင် ဖြစ်သည်။ယင်းနှစ်ပါးနှင့် ကင်းလွတ်

သွားပါက ပျိုကညာ ချောချင်လျက်နဲ့ လူတကာ ပြောချင်တဲ့ မိန်းမပျက် ဖြစ်သွားပေလိမ့်မည်။

ဟိရိနှင့်ဩတ္တပ

ဟိရိဆိုသည်မှာ မကောင်းမှုအား စက်ဆုပ်ရွံရှာခြင်းကို ခေါ်သည်။

ဩတ္တပဆိုသည်မှာ မကောင်းမှုအား ပြုလုပ်ရန် ကြောက်ရွံတုန်လှုပ်ခြင်းကို ဆိုလိုသည်။

ဟိရိမှာ (၈)ပါးရှိပြီး ဩတ္တပမှာ (၄)ပါးရှိသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

ဟိရိ(၈)ပါး

၁။မိမိ၏ မြင့်မြတ်သော ညဏ်ကိုငဲ့ရ် မကောင်းမှု ပြုရမည်ကို ရှက်ခြင်း။

၂။မိမိ၏အရွယ်ကို ကြည့်ပြီး မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

၃။မိမိ၏ သူရသတိ္တနှင့် ရဲရင့်သောဂုဏ်ကိုငဲ့ပြီး မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

၅။မိမိ၏ မျိုးရိုးကို ငဲ့ရ် မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

၆။မိမိ၏ ဆရာသမားဂုဏ်ကိုငဲ့ရ် ဆရာကောင်းတပည့်ပီပီ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

၇။မိမိ၏ အပေါင်းအသင်းကို ငဲ့ရ် မကောင်းမှုပြုရမည်ကို ရှက်ခြင်း။

၈။မိမိ၏ မကောင်းသောအမှုတို့ကို ရှောင်ရှားမှသာ မြင့်မြတ်သော အမွေခံဖြစ်မည့် အရေးကိုငဲ့ရ် မကောင်းမှုပြုရမည်ကို ရှက် ခြင်း စသည်ဖြင့် ဟိရိ (၈)ပါးရှိသည်။

ဩတ္တပ(၄)ပါး

၁။မိမိ၏ သဏ္ဍာန်တွင် လူသတ်မိသော ပြစ်မှုကြီး၊ဓားပြတိုက်မိသော ပြစ်မှုကြီး၊အရက်သေစာသောက်စားမိသော ပြစ်မှုကြီး၊ သူတစ်ပါးသားမယားကို ပြစ်မှားကျူးလွန်မိသဖြင့် မိမိကိုယ်ကို မိမိ မယုံကြည်၊မကြည်ညို၊ငါသည် လူမိုက်ကြီး၊လူယုတ်မာဟု စိတ်နုလုံးငြိုးငယ်စွာနှင့် မိမိကိုယ်ကိုမိမိနှိပ်စက်တတ်သော “အတ္တာနုဝါဒ” ဘေးကို တွေးပြီး လန့်ခြင်း။

၂။ယင်းကဲ့သို့ ပြစ်မှုကြီးများ ကျုးလွန်မိသဖြင့် သူတစ်ပါးတို့၏ ပြောဆိုပြစ်တင်မည့် “ပရနုဝါဒ”ကို တွေးပြီး လန့်ခြင်း။

၃။(၁၀)ပါးသော ဘေးအန္တရယ်တို့ ဖြစ်မည်ကို တရေးရေးတွေးပြီး လန့်ခြင်း။

၄။မကောင်းမှုကို ပြစ်မှားမိသဖြင့် အပါယ်သို့ ကျရောက်မည့်ဘေးကို တွေးလျက် လန့်ခြင်း

ဟူရ် ဩတ္တပ တရား(၄)ပါးရှိသည်။

စာရှု့သူအနေဖြင့် ကျွန်တော်၏ စာသည် ရွှေနားတော် အဝင်မချော် သံရည်ပူနှင့်လှော်သကဲ့သို့ ဖြစ်ချင်လည်း ဖြစ်မည်။

ခေတ်နောက်ပြန်ဆွဲနေသည့် အဘိုးကြီးဟုလည်း သမုတ်ချင် သမုတ်မည်။ကျွန်တော်ကား ဂရုစိုက်မည်ကား အလျှင်း

မဟုတ်ချေ။ ခေတ်၏ တိုးတက်ခြင်းကို ကြိုဆိုပါသည်။မတော်တရောဝတ်စားပြီး မတော်တရောနေရာသွားလို့ကတော့

ကျွန်တော်တို့အမျိုးသမီးများ မတော်တရောဖြစ်မည်ကိုးကား နှမရင်းမရှိငြား နှမခြင်းကိုယ်ချင်းစာစိတ်ဖြင့် ရေးသားလိုက်ရ

ခြင်းသာဖြစ်သည်။နဖူးပေါ် လက်တင်ရ် မျက်မှောင်ကိုကြုပ်၊အတွေးလက်တံကို ဆန့်ထုတ်ကာ ရွှေညဏ်တော်ကို ပြန်လည်

ဆင်ခြင်ကြပါလို့သာ ဆိုလိုက်ရပါသည်။

13 comments

  • True Faith

    August 5, 2010 at 7:31 am

    ကိုသွေးနက်ပြောတာကို လုံးဝ ထောက်ခံပါတယ်။ တိုးတက်လာတဲ့ ခောတ်အလျှောက် ဆိုပြီး စကတ်တွေ အင်္ကျ ီ တွေ တိုသွားတာကတော့ လက်ခံနိုင်စရာ မရှိပါ။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင်က မထိန်းသိမ်းရင် ဘယ်သူကမှ လာပြီး ထိန်းသိမ်းပေးမည် မဟုတ်ပါ။ ကိုယ့် မြန်မာမိန်းကလေးများကို လုံလုံခြုံခြုံ ယဉ်ယဉ်ကျေးကျေး လှလှပပ အဝတ်အစားများနှင့်ပဲ တွေ့မြင်လိုပါတယ်။ အသိတရား မခေါင်းပါးကြပါနဲ့။

  • apulay

    August 5, 2010 at 9:13 am

    ဒီခောတ်ကြီးထဲမှာ ဒီလိုအတွေးအခေါ်မျိုုးတွေးခေါ်တတ်တဲ့သူရှိသေးတာသိရတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်
    ကိုသွေးနက်ရေ မြန်မာမလေးတွေပါလို့ကျိန်ပြောရင်တောင်မယုံရတော့ဘူးလေ တချို့ကပြောကြသေးတယ်
    ကိုယ့်ရဲ့အလှအပကို တခြားသူတွေပါ ခံစားနိုင်စေရမယ်တဲ့ ရွံစရာကောင်းတယ်နော် အခုလိုစာမျိုးတွေ များများတင်နိုင်ပါစေ

  • Moe Sat

    August 5, 2010 at 9:20 am

    ကိုသွေးနက် ,

    ပို့စ်လေးကိုတော့ အရမ်းသဘောကျမိပါတယ်။ မိုးစက်တို.လို မိန်းကလေးတွေအတွက် မှတ်သား နာယူစရာပါပဲ။ နောက်ထပ်လဲ ဒီလို ပို့စ်လေးတွေ မိုးစက်တို့ အတွက် မှတ်သားစရာလေးတွေ တင်ပေးပါဦးနော်။ ပျိုမေတို့ရေ ဟိရဩတ္တပတရားဆိုတဲ့ အရှက်အကြောက် တရားနှစ်ပါး ကိုလက်ကိုင်ထားလို့ လုံခြုံ ယဉ်ကျေး တဲ့ အဝတ်အစားများ ကိုဝတ်ဆင်ပြီး ယဉ်ကျေးသူ မြန်မာမိန်းကလေးများ ဖြစ်အောင်ကြိုးစားပါစို့နော်။

    အစဉ်လေးစားအားပေးလျက်
    မိုးစက်ပွင့်

  • winne

    August 5, 2010 at 9:21 am

    ဒီခေတ်ကတော့ မရတော့ဘူး နာမည် ကျော်ကြားသူတွေက စပြီး လမ်းပြနေတာ နောက်က ကလေးတွေက လိုက်လုပ်နေတာ အကုန် ရောထွေးကုန်ပြီ ကိုရီးယားခေတ်ကလည်း ဖြစ်နေပြီလေ

  • aungthu07

    August 5, 2010 at 10:28 am

    ခေတ်နောက်ပြန်ဆွဲတဲ.အတွေးပါ အပေါ်ယံကြည့်လို.မရဘူး တကယ်အရေးကြီးတာက ရိုးသားမှုပါ

    • zuugyi

      August 9, 2010 at 3:45 am

      ဘယ်လောက်ပဲရိုးသားပါစေ…. Sexy ကျတဲ့ဝတ်စုံကိုဝတ်ပြီး.. Hot… နေတယ်ဆိုရင်တော့….
      ဘယ်သူကမှ လေးစား တန်ဖိုးထားမှာမဟုတ်ပါဘူး… ရိုးသားကြောင်းကို လည်ပင်းမှာ စာချိတ်ပြမှရလိမ့်မယ်….

  • intro

    August 5, 2010 at 10:51 am

    ကိုသွေးနက်ပြောတဲ့အတိုင်းဆိုရင် မသူတော်တွေတော့ များလာပြီပေါ့နော်…. 😛

  • mr.dark blood

    August 5, 2010 at 11:18 am

    အကောင်း၊အဆိုးအမြင်အားလုံးကို ကြိုဆိုပါသည်။

  • chitsayar

    August 8, 2010 at 5:58 am

    အရာရာ ထိန်းသိမ်းရ မှာ သားသား တို့ အမျိုုးသားတွေပါနော်….

  • Yin Nyine Nway

    August 8, 2010 at 6:35 am

    ဟုတ်ပါတယ်… ဖော်တိုင်းလည်းလှတယ်လို့ ထင်နေကြတာက ဆိုးပါတယ်
    လုံလုံခြုံခြုံလေးက ရုပ်မလှပေမဲ့
    ဖော်ပြီး ရုပ်လှတဲ့ လူထက်ပိုပြီးကြည့်ကောင်းပါတယ် လို့ ထင်ပါတယ်

  • Smile

    August 12, 2010 at 7:13 am

    ကောင်းပါတယ် ကိုသွေးနက် ကိုသွေးနက် ဒီ့ထက်မက သိနိုင် တတ်နိုင် မီးမောင်းထိုးပြနိုင်တဲ့ ပညာတွေအများကြီး ထပ်ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ အမြဲတမ်း အားပေးနေပါတယ် 🙂
    ဒီလို ပို့စ်မျိုးက တင်လည်းတင်သင့်ပါတယ်။ နိုင်ငံခြားသားတွေက မြန်မာလူမျိုး အထူးသဖြင့် မြန်မာအမျိုးသမီးတွေကို သဘောကျကျပါတယ် တခြားကြောင့်မဟုတ်ဘူး မြန်မာဆန်တဲ့ ပုံစံ ဟန်ပန်တွေနဲ့ ယဉ်ကျေးမှု့တွေကြောင့်ပါ ။ မြန်မာတွေ မင်္ဂလာဆောင်တဲ့ ထိမ်းမြားမင်္ဂလာပွဲဆိုရင် နိုင်ငံခြားသားတိုင်း စိတ်ဝင်စား သဘောကျကျပါတယ် ။ အခုတော့ မြန်မာဆိုတာ လက်ညှိုးထိုးပြလို့ ဘုရားစူးမြန်မာဆိုပြီး ရှက်စရာကောင်းနေပါပြီ။
    မြန်မာပြည်ကို မြန်မာပီသတဲ့ မြန်မာတွေနဲ့ မြန်မာရယ်လို့ အခြားတိုင်းပြည်တွေသိအောင် ပြောချင်ပါတယ်။ လူတိုင်းမှာလည်း တာဝန်ရှိပါတယ်။ မြန်မာတွေမှန်ရင်ပေါ့ ။
    ကိုသွေးနက်လည်း ဒီ့ထက်မက ရေးပြနိုင်ပါစေ 🙂

  • ရွှေထား

    September 5, 2010 at 9:21 am

    ဟုတ်တယ်.. ထောက်ခံပါတယ် .. ဒီပို့စ်လေးက တကယ်ကောင်းပါတယ် .. ကိုယ့်ကိုယ်ကို အမျိုးကောင်းသားသမီးလို့ ခံယူရင် ဒီလိုအခြေခံလူ့ယဉ်ကျေးမှုလေးတော့ နားလည်သင့်တယ် .. ဖော်တိုင်း လှတယ်ထင်နေကြတဲ့ မြန်မာမိန်းကလေးတွေ တော်တော်များတယ် … စိတ်ပျက်စရာတွေပဲ..

Leave a Reply