Facial expressions of Human
မင်္ဂလာပါ ရွာသူရွာသားတို့ရယ်…။
ရွာနဲ ဝေးနေတာ အတော်ကြာပေမဲ့ အားလုံးကို တဒိယ နေပါတယ်။ ရွာထဲကို အမြဲတမ်းလာမလည် ဖြစ်ပေမဲ့ ခနတဖြုတ်တော့ ရောက်ဖြစ်ပါတယ်..။ လွန်ခဲ့တဲ့ ခြောက်လ လောက်က ရွာထဲ အလည်ကောင်းလွန်းလို့ ဂျာအုပ်က ဖိုင်းအကြီးကြီး ကောက်သွားတာလည်း ပါတာပေါ့လေ.။ တစ်ခေါက်တည်းနဲ မှတ်သွားတဲ့ သဘော..။ 😀
အခုတော့ ကျွန်မ လက်တည့်စမ်းထားတဲ့ ပုံလေး တစ်ချိုတင်ချင်ပါတယ်..။ အလှအပ ကို ဦးစားပေးထားတာ မဟုတ်တဲ့အတွက် လှပတဲ့ ပုံတွေတော့ မဟုတ်ပါဘူး..။ ရွာထဲကဆရာ သမားတို့ကို ဝေဖန် အကြံပြုပေးဖို့ တောင်းဆိုပါရစေ..။








we R one
9 comments
kyeemite
November 6, 2013 at 1:21 pm
ပုံလေးတွေအားလုံး သဘာဝကျပါတယ်ဗျာ..ရခိုင်သူ ရခိုင်သားတွေပေါ့ 🙂
အပေါ်ဆုံးကမိန်းမကြီးကတော့ ခပ်တင်းတင်းနော..စိန်ခေါ်နေတဲ့ပုံမျိုး
အပေါ်မှာတဗျဲဗျဲ ငိုနေတဲ့တစ်ယောက် အောက်ဆုံးပုံကျတော့တိတ်လို့…
အလယ်ပုံမှာ ရီနေတဲ့တစ်ယောက်က အင်းကျီအသစ်လေးစွတ်ပေးလိုက်တော့ တည်သွားပြန်ရော..
ဘာလဲမသိ ဆိုတဲ့တစ်ယောက်ကလည်း အောက်ဆုံးပုံမှာ သေချာအောင်ပြန်ကြည့်နေတယ်…ဂွတ်
😀
we R one
November 6, 2013 at 2:14 pm
၂ ၊ ၄၊ ၆၊ ၈ ပုံတွေက ရခို်င်က ပုံတွေမဟုတ် ဘူး ရှင့်.. လှော်ကားနားမှာ ရှိတဲ့ အုတ်ဖုတ်တဲ့ ရွာက ကလေးတွေ..။
၁ ၃ ၅ ရ ကတော့ ပြီးခဲ့တဲ့ သင်္ကြန် ကျွန်မ ရခို်င်ပြန်တုန်းက ရိုက်လာတာ..။ ကျွန်မ အမျိုးတွေ..။ ဟီး
အားပေးတာကျေးဇူးပါ..။
KZ
November 6, 2013 at 3:51 pm
ဟိ၊.။

ကလေး မျက်နှာပေးလေးတွေ ဆိုတော့ ဘာအဓိပ္ပာယ်လည်း အတိအကျ မမှန်းနိုင်ဘူးးးး
ဓာတ်ပုံ ဆရာ ပြောတဲ့တိုင်းနဲ့လိုက်ကြည့်လိုက်တယ်။
ကိုယ်တိုင်တော့ အဲလို ကလေးလေးတွေ မြင်ရင် ရေချိုး/လက်ဆေးပေးချင်တယ်။
kyeemite
November 6, 2013 at 3:56 pm
😀
လုံမလေးမွန်မွန်
November 6, 2013 at 4:15 pm
ပြောချင်တာကတော့ ပုံလေးတွေနဲ့ စာလေးတွေနဲ့ အရမ်းလိုက်ပါကြောင်း…
မဲသလူးကလေးလေးတွေကို ပိုချစ်တယ်…
alinsett
November 6, 2013 at 5:42 pm
ဟာာာာာာာာ
အပေါ်ဆဆုံးက အဒေါ်ဂျီးပုံက
ဒေါ်ဖွားမေနဲ့ တူလိုက်တာ
စွပ်ချွတ် ပဲ
🙂
ဒဂျားမဲရေ
သေချာ လာကျိဦးးဟ
padonmar
November 7, 2013 at 1:00 am
ဘာပြောပြော စာနဲ့ပုံနဲ့ လိုက်ပါ့၊
ချစ်စရာ့အရွယ်ဓာတ်ပုံပြပွဲပြီးခါစက တင်တဲ့ သနားခါးဘဲကျားနဲ့ တူကလေးပုံတွေတောင် သတိရမိသေး။
kai
November 7, 2013 at 1:15 am
မျက်နှာတွန့်ကျေနေတဲ့ သက်ကြီးတွေပုံအနီးကပ်ရယ်..။
မျက်နှာတင်းရင်းဖောင်းကားနေတဲ့ ကလေးပုံအနီးကပ်ရယ်..
အဲဒီမှာကို သံဝေဂအနုပညာရှိတယ်ထင်မိတယ်..
ပြောလို့တာပြောသာ.. ပါးကွက်ကျားက.. မြန်မာ့မူစစ်စစ်..
ဗုံဗုံ
November 7, 2013 at 10:07 am
ကလေးတွေဘဲ ဖြူစင်ကြတယ်……..
ကလေးတွေအားလုံးက မဲမဲလေးတွေချည်းဘဲနော်….
ကျန်းမာရေးလည်းကောင်းကြတယ်နဲ့တူတယ်..
ဝ ပြီး ဖောင်းနေကြတာဘဲ…..