အချုပ်ခန်းမှာလေ တစ်ညတာ
ကမာရွတ် အချုပ်ခန်း၏ ကြမ်းပြင်တွင် လူခြောက်ယောက် ကိုယ့်အမှုအကြောင်း ကိုယ်မိတ်ဆက်နေကြသည်။ အားလုံးက ရယ်ရယ်မောမောပင်။
အချုပ်ကျနေသည်ကို မေ့ထားဟန်တူသည်။
ထိပ်ဆုံးတွင် ထိုင်နေသူ နှစ်ဦးကတော့ ရဲပြေးဖြစ်သည်။ သူတို့သည် ဒီစခန်းမှာပင် နေပြီး ဒီစခန်းမှပင် ပြေးခဲ့သူတွေဖြစ်ကြသည်။
“ရဲမလုပ်ချင်တော့လို့ပြေးတာပေါ့ဗျာ။ အကြောင်းပြချက်သိပ်မရှိပါဘူး။ အရာရှိတွေက အမှုသည်တွေဆီက၊ ချဲဒိုင်၊ နှစ်လုံးဒိုင်တွေဆီက ဝင်ငွေပုံမှန်ရတယ်။ ကျုပ်တို့လို အခြားအဆင့်နဲ့ တပ်သားတွေကြတော့
ဘာမဟုတ်တဲ့ လခလေးနဲ့ ၂၄ နာရီအလုပ်လုပ်နေရတာ” သူ ရဲပြေးဖြင့် အချုပ်ကျနေသည့် အသက် ၃ဝ အရွယ် လူကပြောသည်။
နောက်ထပ် ရဲပြေးတပ်သားကတော့ ရဲဘဝသည် ညည်းငွေ့စရာကောင်းသဖြင့် ပြေးခြင်းဟုဆိုပါသည်။ သူတို့ ရဲပြေးနှစ်ယောက်ကတော့ စခန်းတွင် နေခဲ့သူပီပီ စခန်းရှိ ရဲဘော်များနှင့် အကြွမ်းဝင်ကာ
ဆေးလိပ်ကွမ်းကော်ဖီ၊ လိုသလို ရနိုင်လေသည်။
အခြားတစ်ဦးကတော့ လွန်ခဲ့သည့် နှစ်ရက်က လမ်းပေါ်ရှိကားများကို ဖျက်စီးမှုဖြင့် အချုပ်ကျနေသူဖြစ်သည်။ သူသည် လာမည့် အင်္ဂါနေ့ရုံးချိန်းတွင် အချုပ်မှလွတ်မည့်သူဖြစ်သည်။ သူ့ကို ဖမ်းသည့်ညက ကျနော့် အိမ်နားတွင်ပင်ဖြစ်ပြီး
လက်ထိပ်တန်းလန်းနှင့် ကျနော့်ရှေ့မှပင် ခေါ်သွားခြင်းဖြစ်သည်။ အဲ့တုန်းကတော့ ဘာအမှုမှန်းမသိလိုက်။
“အေးအေးဆေးဆေးမနေတော့ ငွေတသိန်းခွဲနဲ့ အချုပ်မှာ ငါးညလောက် အိပ်လိုက်ရတာပေါ့” ဟု သူကခပ်ပြုံးပြုံးဆိုသည်။ တရားလိုကားပိုင်ရှင်ကို ငွေတသိန်းခွဲ လျှော်ပေးပြီး ဖြစ်သဖြင့် အမှုမှ ကြေအေးတော့မည်
ဖြစ်သည်။
အခြားတစ်ဦးကတော့ လက်နက်ကိုင်ဆောင်မှုဖြင့် အဖမ်းခံရသူဖြစ်သည်။ တနင်္လာနေ့ ရုံးချိန်းတွင် အချုပ်မှလွတ်ရန် ညိုနှိုင်းထားပြီးဖြစ်သဖြင့် သူလည်း အေးဆေးပင်ဖြစ်သည်။ ကော်ဖီသောက်မည်ဟု ဆိုကာ
အချုပ်ခန်းအပြင်ဘက်ရှိ ရဲသားကို ပိုက်ဆံတစ်ထောင်ပေးပြီး ကော်ဖီဝယ်ခိုင်းလိုက်သည်။ အပြင်မှ စောင့်နေသူများကို ပြန်ရန်နှင့် ကျနော့်ကို စိတ်မပူရန် ထိုရဲသားနှင့်ပင်မှာလိုက်လေသည်။
နောက်တစ်ဦးကတော့ အသက်ခြောက်ဆယ်ကျော်အရွယ် အဘိုးအိုဖြစ်သည်။ သူ့အကြောင်းကို မေးကြည့်တော့ သူက မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။
အခြားတစ်ဦးကသူ့ကိုယ်စားဝင်ပြောသည်။ “မတရားစွပ်စွဲခံရတာပါကွာ။ မေးမနေပါနဲ့” ဟု ပြောတော့ ကျွန်တော်လည်း အဘိုးအိုကို မမေးတော့ပေ။ အချုပ်ခန်းအပြင်ဘက်ရှိ အချုပ်သားစာရင်း
ကို ကြည့်လိုက်တော့ အဘိုးအို၏ အမှုက
၃၇၆ ဖြစ်သည်။ ကျနော်လည်း ဘာမှ မမေးခြင်တော့။ မကြာမီ အဖိုးအိုလည်း ဘုရားရှိခိုးပြီး အိပ်သွားလေသည်။
မှာထားသော ကော်ဖီများရောက်လာသည်။ အဘိုးအိုမှလွဲ၍ ကျန်သူများခွက်တစ်ခွက်အတွင်းထဲ့ကာ တလှည့်စီသောက်ကြသည်။ ရဲပြေးတစ်ဦးက သူ့ဆေးပေါ့လိပ်အတိုကို ကျနော့်အားစွန့်ကျဲသည်။ အရမ်းကျေးဇူးတင်ပါသည်။
ကျွန်တော့်အမှုကို သူတို့ကမေးတော့ “ဘာပုဒ်မနဲ့ တပ်မလဲတော့ မသိသေးပါဘူးဗျာ။ ဧည့်စာရင်းလာစစ်တဲ့ လူတွေနဲ့ ပြဿနာတတ်တာပဲ” ဟု ဖြေပေးလိုက်သည်။ အမှန်လည်း ဧည့်စာရင်းလာစစ်သူများနှင့်
ပြဿနာတတ်ခြင်းပင်။ (မနက်ကျတော့ ပုဒ်မ ၂၉၄၊ ၃၅၃၊ ၃၃၂ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်)။
အချိန်က ည ၁ နာရီကျော်နေပြီဖြစ်သော်လည်း
အမှု့ကိုတော့ ဘာပုဒ်မမှ မတပ်ရသေးပါ။ အပြင်ဘက်ရှိ အချုပ်ခန်းစောင့်ရဲက အိပ်တော့ဟု ပြောတော့ ကျနော်တို့ တတွေလည်း ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ကြသည်။
အချုပ်းခန်း၏ ကြမ်းခင်းကို ခပ်ကျဲကျဲ ခင်းထားသဖြင့် ကြမ်းပိုးတော့ မကိုက်။ ကြမ်းခင်းအောက်တွင်တော့ ဗွက်ပုပ်ရေများရှိနေသဖြင့် အနံအသက်ကတော့ သိပ်မကောင်း။ အခြားအချုပ်သားတစ်ယောက်က
ခေါင်းအုံးလုပ်ကာ အိပ်ရန် သူ့အကျီအဟောင်းကို ကျနော့်အားပေးသည်။
မကြာမီအချုပ်ခန်းအပြင်မှ ဆူဆူညံညံအသံများကိုကြားရသည်။ အင်းလျားကန်ဘောင်မှ လူ ၁၆ ယောက်ကို ဖမ်းလာခြင်းကြောင်းသူတို့ ပြောစကားများအရသိရသည်။ မြန်မာနိုင်ငံကြီးသည် ဘယ်နေရာသွားသွား
လွတ်လပ်မှု မရှိသည့် နိုင်ငံကြီးဖြစ်နေတော့သည်။ ကိုယ့်အိမ်တွင်နေတော့လည်း ဧည့်စာရင်းမတိုင်သဖြင့် အဖမ်းခံရနိုင်သလို အင်းလျားကန်ဘောင်သွားထိုင်တော့လည်း အဖမ်းခံရနိုင်သည်။
အင်းလျားကန်ဘောင်မှ ဖမ်းသာသူများကို အချုပ်ထဲ ထည့်မည်လားဟု ကျနော်တို့ အားလုံးစိုးရိမ်သွားကြသည်။ ယခု လူ ခြောက်ယောက်အိပ်စာလောက်သာရှိသည့် အချုပ်ခန်းအတွင်းသို့ နောက်ထပ် ၁၆ ယောက်ထဲ့ပါက မတ်တပ်ရပ်နေမှသာဖြစ်တော့မည်။
တော်သေးသည်။ မကြာမီ ရဲစခန်းမှ ဖုန်းမည်သံကြားရပြီး တာဝန်ကျရဲက “ဟုတ်ကဲ့ အဘ.. ဟုတ်ကဲ့ အဘ ကျနော်တို့ အဆင်ပြေအောင်လုပ်ပေးလိုက်ပါမယ်” ဟု ပြောသံကြားရသည်။ မကြာမီ အင်းလျားမှ ဖမ်းလာသူ
၁ဝ ဦးကို ပြန်လွတ်လိုက်သည်။ ကျန် ၆ ဦးကိုတော့ အမျိုးမျိုးခြိမ်းခြောက်ကာ မိုးလင်းခါနီးတွင် ပြန်လွှတ်လိုက်သည်။
ကျနော်တို့ နေထိုင်ရာ အချုပ်ခန်းအတွင်းသို့နောက်ထပ်မည်သည့်အချုပ်သားမှ ရောက်မလာတော့။ သို့သော်လည်း အိပ်မပျော်ပါ။ အပြင်တွင်ရှိနေသူများအတွက်လည်း စိတ်ပူသည်။ ကိုယ့်ကိုကိုယ်လည်း စိတ်ပူသည်။
အခန်းစောင့်ရဲ့ အချုပ်ခန်းလျှောက်လမ်းတံခါးကို မကြာခဏက အဖွင့်အပိတ်လုပ်ကာ ဝင်ထွက်သည်။ ထိုတံခါးဖွင့်သံကြားတိုင်း ငါ့ကိုလာကြည့်တဲ့သူများ လာသလားဟု ထထ မျှော်တတ်သည်။ နောက်တော့
ထိုတံခါး အဖွင့်အပိတ်လုပ်တိုင်း စိတ်တိုလာတော့သည်။
မနက် ၆ နာရီထိုးလောက်တွင် ချစ်သူရောက်လာသည်။ သူကလည်း အေးအေးဆေးဆေးပင်။ ဘာလိုလဲ၊ ဘာစားချင်လဲ မေးသည်။ ကျနော့်မှာ ဆေးလိပ်သာ သောက်ချင်နေသည့်အတွက် ဆေးလိပ်သာမှာသည်။
အချုပ်ခန်းစောင့်ရဲသားကြီးက ပိုက်ဆံပေးထားခဲ့လျှင် ထမင်းစားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်းပြောသည်။ ကျနော်ချစ်သူက ပိုက်ဆံပေးမည်လုပ်တော့ အခြားအချုပ်သားများက ကျနော့်ကို “ပိုက်ဆံပေးလိုက်ရင်
အဲ့ရဲ ဘတ်သွားလိမ်မယ်။ ပိုက်ဆံမပေးစေနဲ့ ” ဟု ဆိုသဖြင့် ချစ်သူကို ထမင်းမမှာခိုင်းတော့။ တကယ်တော့ ကျနော်လည်း ထမင်းတင်မဟုတ် ပေါင်မုန့်ကိုပင် မစားနိုင်လောက်အောင် ပါးစပ်က နာနေသည်။ နှုတ်ခမ်းကလည်း
ဖူးယောင်ပေါက်ပြဲနေသည်။ ချစ်သူပြန်သွားပြီးနောက် မင်းထက်စံအသံကို ကြားရသည်။ သူ့ကိုတော့ တွေ့ခွင့်မပေး။ ဘာဖြစ်လီု့မှန်းမသိ။
ညကလည်း တစ်ညလုံး အိပ်မပျော်သဖြင့် မနက်ခင်းတွင် အချုပ်းသားအားလုံး မှန်းနေကြသည်။ အိမ်သာတတ်ချင်သော်လည်း ဟာလာဟင်းလင်းကြီးဖြစ်သဖြင့် မတတ်နိုင်။ အဘိုးအိုတစ်ဦးသာ အိမ်သာတတ်သည်ကို တွေ့ရသည်။
ထမင်းစားတော့လည်း ဒီနေရာ၊ အိမ်သာတတ်တော့လည်း ဒီနေရာ။ ကြမ်းပိုးမကိုက်၍သာ တော်သေးသည်။ ပိုးဟတ်များကတော့ အိပ်နေတုန်းမျက်နှာပေါ် တတ်လာတတ်သည်။
“၂၀၁ဝ လောက်တုန်းက မင်းသမီးတစ်ယောက် ဒီအချုပ်ခန်းကို ဆေးမှုနဲ့ ရောက်လာဖူးတယ်။” ဟု ရဲပြေးတစ်ဦးကဆိုသည်။ “စခန်းမှုးနဲ့ ဘာလိုလိုညာလိုလိုဖြစ်ပြီး စခန်းမှူးကို သိန်း ၂ဝ ပေးလိုက်ရပြီး
လွတ်သွားတယ်။ ကျနော်တို့ ရဲဘော်တွေက သိပေမဲ့ တပြားမှ မရဘူး။ ခင်ဗျားက သတင်းထောက်ဆိုတော့ အဲ့ဒါလေး ပြောပြတာ” ဟု ယင်းရဲပြေးမှုဖြင့် ရောက်နေသူက ပြောသည်။
နောက်ပြီး မနှစ်က ၂၀၁၂ တုန်းကပေါ့။ ဘုရင့်နောင် တာဝါရှေ့နားလောက်မှာ ပါးဂျဲရိုးကားပေါ်မှာ ဆေးပြားတွေ အများကြီးနဲ့ အမျိုးသမီးတစ်ယောက်ကို မိဖူးတယ်။ ဒါပေမဲ့ သူရဦးရွှေမန်းသမီးဆိုတာနဲ့ လွှတ်လိုက်တယ်။
သူ့နာမည်တော့ သေချာမမှတ်မိဘူး။ ရွှေမန်းမောင်မောင်ဆိုလား ဘာလားပဲ။ ဟိုမင်းသမီးနာမည်ကိုတော့ မှတ်မိတယ်။ ”
ရဲပြေးက ဆိုသည်။ အခန်းထဲတွင် သူ့ကို ဒီထက်ပိုပေးခဲ့ဖို့တော့ကောင်းပါသည်။ သို့သော်လည်း ကျနော်မှာလည်း ကျနော့်အပူနှင့် ဖြစ်သဖြင့် စိတ်ဝင်စားသော်လည်း နောက်ထပ်မေးခွန်းများ မထုတ်နိုင်။
အချုပ်ခန်းထဲတွင် နေရသည့် အရသာက သိပ်တော့ မကောင်း။ သွားချင်တွင်းသွားလို့ မရပါလား။ တွေ့ချင်တဲ့လူနဲ့ တွေ့လို့မရပါလား။ ဖေ့ဘုတ်သုံးလို့ မရပါလား။ ဟုတွေးမိခါ စိတ်ညစ်နွမ်းသည်။
ထောင်ထဲတွင်ရော ဘယ်လိုနေမလဲဟုလည်း တွေးမိသည်။ ပိုဆိုးနိုင်သည်။
မနက်ကိုးနာရီလောက်တွင် အချုပ်သားတစ်ယောက် ရောက်လာသည်။ အမူးလွန်ကာ ရောက်လာခြင်းဖြစ်သည်။ ဘာမှ မေးမရ။ ငိုပဲ ငိုနေသည် အချုပ်ခန်းထဲ ထဲ့ထားလိုက်တော့ မကြာမီအိပ်ပျော်သွားသည်။
အိပ်ပေါ်လျက်နှင့်ပင် သေးတွေ ပေါက်ချတော့ ကျနော်တို့လို မူလလက်ဟောင်းအချုပ်သားတွေနှင့် ပြဿနာတက်သည်။ ထို့ကြောင့် သူ့ကို အပြင်ဘက်သို့ ထုတ်ထားလိုက်တော့သည်။
နေ့လည် ၁၂ နာရီကျော်လောက်တွင် အမေလည်းရောက်နေပြီဖြစ်ရာ အာမခံနှင့် ထုတ်သွားနိုင်ကြောင်းတာဝန်ကျရဲကပြောသည်။ နှစ်ယောက်အာမခံရမည်ဖြစ်သည်။
အမေတစ်ယောက်သာရှိသဖြင့် အခြားအာမခံပေးမည့်သူကို ရဲက ခေါ်ပေးသည်။
ထိုသူ့အတွက် ၂၅၀၀ဝ ပေးရသည်။ သူက တရားရုံးအာမခံလည်းလိုက်ပေးနိုင်ကြောင်း၊ ၃၅၀၀ဝ ပေးရမည်ဖြစ်ကြောင်းပြောသည်။ တရားရုံးအာမခံက အိမ်ပိုင်ဆိုင်မှု၊ သန်းခေါင်းစာရင်းဖြင့် လူနှစ်ယောက်က အာမခံရ
မည်ဖြစ်သည့်အတွက် တရားရုံးထုတ်လျှင်တော့ အာမခံနှစ်ယောက်စာ ၇၀၀၀ဝ သောင်းလောက်ကုန်ဦးမည်ဟုလည်း တွေးလိုက်မိသည်။
အချုပ်ခန်းအတွင်းရှိ တစ်ညတာ အတူအိပ်စက်ခဲ့ရသည့် ရဲဘော်ရဲဘက်များကို နှုတ်ဆက်လိုက်သည်။ ကံမကုန်လျှင် ပြန်တွေ့ဦးမည်ဖြစ်ကြောင်း ပြောလိုက်သည်။
သို့နှင့် ကျနော်လွတ်လာခဲ့သည်။ အချုပ်ခန်းတွင်း ကျနော်မစားရသေးသော ပူးတင်းပေါင်မုန့် တစ်ထုတ်ကျန်ခဲ့သည်။
စိုပြေ
နိုဝင်ဘာ ၃ ရက်
16 comments
အဘ ဘုတ်ကလုံ
November 6, 2013 at 7:23 pm
သားလေးတို့ သမီးလေးတို့ အဘဘုတ်တို့ နိုင်ငံမှာက အောက်ခြေမှာဆို စစ်သား၊ရဲသား ကအစ
အလုပ်သမားတွေ အားလုံး ချောင်ပိတ်မိနေကြတာပါပဲကွယ်။
အဘဘုတ်တော့လေ ဒီပို့စ်လေးဖတ်ပြီး လူတွေမြင်တာက အချုပ်ကျထောင်ကျမှ လွတ်လပ်မှုကုန်သွားတယ်
ထင်နေကြတာပါ နှစ် ၆ဝ ကျော်လုံး အဘဘုတ်တို့ တနိုင်ငံလုံးက ပြည်သူတွေ နိုင်ငံတစ်ကာနဲ့ယှဉ်ရင်
အချုပ်ကျခဲ့ ထောင်ကျခဲ့မိမှန်း ကိုယ့်ကိုယ်မသိရအောင် ကြီးပြင်းလာရတဲ့ ဖားသူငယ်လေးတွေ ဖြစ်ခဲ့ကြတယ်ကွယ်။
သားလေးတို့ သမီးလေးတို့လဲ ဝိုင်းဝန်းပြီး သိသမျှလေးတွေ ဆွေးနွေးပေးကြပါဦးကွဲ့။။
ဒီပို့စ်လေးနဲ့ ပတ်သက်ပြီးပေါ့လေကွယ်။
alinsett
November 6, 2013 at 9:58 pm
ဟိုမင်းသမီးက..ဘူပါလိမ့်…
:kwi:
ဗုံဗုံ
November 7, 2013 at 9:32 am
သိချင်ရင်…နင်လည်း..
တစ်ညလောက် ..အဲ့ထဲသွားပါလား…ဝက်..
အဘ ဘုတ်ကလုံ
November 7, 2013 at 3:04 pm
တယ်လေ.. ဒီသားလေးနဲ့ သမီးလေး သမီးရည်းစားကတော့
တိုင်းရေပြည်ရေး အရေးကြီးနေပါတယ်ဆိုမှ.. လာကလူကျီစယ်နေကြတယ်.. ဒဂထဲ..။
ဆက်လုပ်လို့… အဘဘုတ်တို့က အဲ့ဒါမျိုး သိပ်ဝါသနာပါတယ်။ 🙂
alinsett
November 7, 2013 at 7:09 pm
တိန်
ဗုံဂျီးနဲ့ အောင်ရဲလင်းထက်ချောတဲ့ အလင်းဆက် က
တမီးရီးဇားးးးဒဲ့
ဘိုလိုဖျစ်ပီး အိုက်လို ဒဒင်းဒွေ ထွက်ကုန်ပါလိမ့်
အေကန်နတော့
ဒေါ်ဖွားမေကို အူးမာဃ ယူလိုက်တယ်ဆိုတဲ့ ဒဒင်းအပြီးမှာ
ဒီ ဒဒင်း ထွက်လာပုံထောက်ရင်
အင်းးးးး
:kwi:
အဘ ဘုတ်ကလုံ
November 7, 2013 at 11:14 pm
အင်း မသိပါဘူး သာလေးအလင်းဆက် (အောင်ရဲလင်းဆိုလား)နဲ့ သမီးလေးဗုံရယ်။
စကားလုံးလေးတွေငေါ့နေတာကြည့်ရင်လေ…
သမီးလေးဘုံက ဘဲနဲ့ပြတ်၊ သားလေးအလင်းဆက်က ရည်စားနဲ့ပြတ်လို့
အထီးကျန်သမားချင်း ကလူကျီစယ်နေသလားလို့..
ငယ်ငယ်က အဘဘုတ်လည်း ရွာမှာ အောင်သွယ်လုပ်နေတော့ အဲ့လိုမြင်ရင်
ကောက်ရိုးပုံကိုစောင့်ချင်နေတော့တာပါပဲကွယ်။
မှားသွားလေ အိုကြီးအိုမနဲ့ ထင်ရာပြောနေတဲ့ အဘိုးမို့ ခွင့်လွှတ်ကြပါလေကွယ်။
ဦးကြောင်ကြီး
November 7, 2013 at 9:57 am
တလောဂေ ဂျာနယ်တခုမှာ အခမဲ့ ရှေ့နေလိုက်ပေးမည့် ဗော်လံတီယာအဖွဲ့ ပေါ်နေပီဆိုလား၊ အဲလို ကိုယ့်ထမင်းကိုယ်စား ရဲကိုပြသနာရှာမည့် လူမိုက်ရှေ့နေတွေ အမားဂျီး လိုအပ်တယ်။ နို့မို့ဆို အမှုသည်နဲ့ ကျန်မိသားစုခများ မကုန်သင့်တာကုန်၊ မလိုအပ်ဘဲ ဆိတ်ပန်း လူပမ်းဖြစ် အားဂျီး ဆိတ်ညစ်ရဒယ်။
အဘ ဘုတ်ကလုံ
November 7, 2013 at 3:07 pm
အောင်ကြူးလေး … သားလေးစေတနာနဲ့ အကြံကောင်းပေးမဲ့…
ခုအခြေအနေက အဲ့လိုအဖွဲ့ထောင်ရင် တစ်ဖွဲ့လုံး ရဲကို ပြသနာမရှာရပဲ
တစ်ဖွဲ့လို့ ထောင်ထဲတန်းရောက်သွားမယ့်အခြေအနေကွဲ့။
တိုင်းပြည်တစ်ပြည်မှာ ဥပဒေပြုရေးမဏ္ဍိုင်သိပ်အရေးကြီးတယ်။
အဘဘုတ်လေး သနားတဲ့ထဲမှာ ပြည်တန်ဆာမလေးတွေ ဦးရဲကြီးကို ကျွေးလည်းကျွေးရသေး
ထောင်လည်းကျ ကတုံးလည်းတုံးရသေးဆိုတော့.. အင်းအင်း
မြန်မာတွေ ကံအပေါ် သိပ်ယုံလာကြတာလည်း သူရို့အပြစ်မဟုတ်လောက်ပါဘူးကွယ်။ 🙁
KZ
November 7, 2013 at 10:23 am
တရား ဥပဒေ စိုးမိုးရေးးး တို့ အရေးးးး
ကူညီပါရစေ။ ကူညီပါရစေရှင့်။
တရား ဥပဒေ စိုးမိုးပြီး ငြိမ်းချမ်းသာယာသော ခေတ်မီနိုင်ငံတော်သစ်ကြီး ဆီသို့။
အဘ ဘုတ်ကလုံ
November 7, 2013 at 3:12 pm
သမီးလေးဆွိစ် ကော ငြိမ်းချမ်းနေတဲ့ နိုင်ငံတော်သစ်ကြီးဆီ ပြန်လာပြီး မင်္ဂလာမဆောင်တော့ဘူးလား။
အဘဘုတ် သမီးလေးဆွိစ် မင်္ဂလာဆောင်ရင် ဘယ်ပုဒ်မနဲ့မှ စွဲလို့မရတဲ့ ထောင်မကျ အချုပ်မကျတဲ့
တစ်သက်လုံး အထူးကင်းလွတ်ခွင့် အိုင်ဒီကတ်ပြား လက်ဖွဲ့ပေးချင်နေတာကွဲ့။ သမီးလေးတို့
လင်မယားယူမယ်ဆိုရင်ပေါ့လေ။ 🙄
•*¨နန်းတော်ရာသူ •*¨
November 7, 2013 at 7:55 pm
သာမီးတို့ဦးလေးရဲ့အချုပ်ခန်းကတော့ သန့်ပြီးတောက်ပြောင်နေတာများ
ဝင်နေချင်စရာ အိမ်သာကလဲအိမ်သာကျင်းနဲ့သီးသန့်တော့်
ခက်တာက သွားလည်တဲ့တစ်လအတွင်း အချုပ်သားလည်းတစ်ယောက်မှမတွေ့ခဲ့ဘူး
😀
အဘ ဘုတ်ကလုံ
November 7, 2013 at 11:07 pm
ဒါဆို သမီးလေး နန်းရာသူရဲ့ ဦးလေးက တော်တော်စွန်တာပဲနော်။ အဘဘုတ်တောင်
အဲ့လို အချုပ်ခန်းထဲ အားရပါးရ ပြန်ထိုင်ချင်လာပြီ သမီးလေး နန်းပြောပုံများရယ်။
ကွန်မန့်လေးတွေမှာ နီနီလေးတွေကော စိမ်းစိမ်းလေးတွေကောမြင်ရတယ်။
အဘဘုတ်က ကာလာဘလိုင်းဆိုတော့ အမဲကလွဲရင် ကျန်တာသိပ်မကွဲဘူးကွဲ့
ဟုတ်ကရဲ့လား။ အနီတွေအစိမ်းတွေဆိုတော့ အဘဘုတ်ကိုလေ
ရောင်စုံအားပေးနေကြတာလား။ မသိလို့ပါကွဲ့။ လူက အိုနေပီဆိုတော့ စိတ်သာရှိနေတာပါ။ မှားသွားလဲဗွေမယူကြပါနဲ့။
လုံမလေးမွန်မွန်
November 8, 2013 at 10:08 am
အချုပ်ထဲရောက်ဖူးတဲ့ သက်တော်ရှည် ဘိုးဘိုးဘုတ်ကို ဂင်းနစ်စံချိန်တင်ရင် ကောင်းမလားလို့ …
မဟာရာဇာ အံစာတုံး
November 8, 2013 at 11:18 am
သိဘာဘူးးးး
ကျုပ်က အချုပ်ထဲ ရောက်ပီးရင်
ထောင်ထဲ တန်းရောက်တယ် မှတ်နေဒါ …
အချုပ်က ပျံလွတ်တတ်တာဘဲနော် ..
ဟီးးးးး
ဗုံဗုံ
November 8, 2013 at 12:11 pm
အင်….ဘယ်ဘဲနဲ့ ပြတ်လို့တုန်း……..
အဘအသက်ကြီးပြီး မှတ်ဉာဏ်တွေလည်း
မကောင်းတော့ဘူးထင်ပါရဲ့……
ဖျာခင်းဖို့များ ချောင်းနေတာလား.အဘရယ်….
ထောင်ထဲ..အဲ..ရိပ်သာထဲနေတာဘဲ..အဘဘဝက အေးဆေးပါတယ်…
လုံမလေးမွန်မွန်
November 8, 2013 at 12:39 pm
ွှဲအဲ…
တစ်ရွာလုံးက လူတွေကို သားတွေသမီးတွေ ခေါ်တယ်ဆိုတော့.. ဧကန်န…. တရုတ်သိုင်းကားတွေထဲကလို နှစ်ထောင်ချီ ဘိုးဘိုးများလားမတိဝူး..
ဆိုတော့.. တောထဲမှာ သိုင်းသွားကျင့်တာက ပိုအေးဆေးမယ်ထင်တယ်..