Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

** ငွေဟာ မေတ္တာ တရားထက် ပိုပြီးအရေးကြီးလို့လာ? **

ငှက် ငယ်November 7, 20131min66017

 

 

မလေးမှာ အဆင်မပြေဖြစ်တုန်းက   ကျွန်တော် ရေးထားတဲ့ ပို့စ် တစ်ပုဒ်ပါ..။

 

 

အခုတလော မလေးရှားမှာ ဖမ်းနေတယ် ဆိုတဲ့ သတင်းကြားရတော့ လုံးဝစိတ်မကောင်း ဘူးဗျာ..။

အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း နိုင်ငံခြားမှာ နေရတာ မပျော်ဘူးဗျာ………..

တစ်ချို့က ပြောတယ် ” ဘာလို့လဲ ဒီလောက်အဆင်ပြေနေတာကို” တဲ့..။ ကျွန်တော် ပြန်ပြောလိုက်တယ်..။

” မတူဘူးလေ မြန်မာ မှာက အဖေ အမေရှိတယ်။ မောင်နှမ ရှိတယ်။ ကိုယ့်အသိုင်းအဝိုင်း ရှိတယ်။
ဒီမှာက ငွေက လွဲပြီး ကျန်တာ ဘာမှမရှိဘူး။ အစတုန်းကတော့ ငွေအတွက် အလုပ်လာလုပ်တာ ။ ငွေကို အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာ..။
ငွေထက်အရေးကြီးတဲ့ အရာတွေ ရှိမှန်းအခုမှ တွေးမိတယ်..။မြန်မာပြည်ကို လွမ်းတယ်..။” လို့…..

နိုင်ငံခြားရောက်သူတိုင်း စဉ်းစားကြည့်ပါ..။
သူများနိုင်ငံမှာ အလုပ် လာလုပ်တယ်ဆိုတာ ဘဝအတွက် လုံခြုံမှုတွေ ၊ စာရိတ္တလုံခြုံမှုတွေ ၊ ကျန်းမာရေး လုံခြုံမှုတွေ မရှိဘူး..။
အမှန်ပြောရရင် ငွေက လွဲပြီးဘာမှ မရှိဘူး..။အချိန်မရွှေးပျက်စီးနိုင်တယ်..။ ကိုယ်တန်ဖိုးထားတဲ့ ..ဘာသာတရားတွေ ပျောက်ပျက်သွားနိုင်တယ်..။
တတ်နိုင်ရင် ကိုယ့်နိုင်ငံမှာပဲ ကိုယ့်မိသားစုနဲ့ စုပေါင်းပြီး ညီညီညွတ်ညွတ်ကြိုးစားရင် ပိုကောင်းပါတယ်..။

နိုင်ငံခြားရောက်မှ စာရိတ္တပျက်သူတွေ အများကြီးပဲ..။ဘဝပျက်သူတွေလည်း အများကြီးပဲ..။ ဒါကြောင်း စိတ်ဓာတ်မခိုင်မာတဲ့သူတွေ
နို်င်ငံခြားကိုထွက်ပြီး အလုပ်မလုပ်သင့်ဘူး ထင်ပါတယ်..။

” ပိုက်ဆံမရှိပေမယ့် ပျော်ပျော်နေတတ်တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးစိတ်ဓာတ်ပဲ..”
မဟုတ်လား…?

ငွေ ရှိမှ ပျော်တတ်တာ မထူးဆန်းပါဘူး…။
တကယ်ဆို ငွေဆိုတာ ကြောက်စရာ ကောင်းပါတယ်..။
ပထမ ကျွန်တော်တို့က ငွေနောက်ကို လိုက်တယ်.။ ငွေတွေရတော့ ပျော်တယ်။ ပျော်တော့ ဝယ်ချင်ရာ ဝယ်တယ်..
အရာရာကို ငွေနဲ့ ဖန်တီးတယ်..။ တစ်ဖြည်းဖြည်းနဲ့ ငွေဟာ လူထက်အရေးကြီးသလို ဖြစ်နေတယ်.။

သေချာ စဉ်းစားကြည့်ပါ..။

“ငွေဟာ မေတ္တာ တရားထက် ပိုပြီးအရေးကြီးလို့လာ..။  “

အခုတော့…
ငွေဟာ မေတ္တာတရားထက် ပိုအရေးကြီးသလို ဖြစ်လာတယ်..။

ငွေနဲ့အရာရာကို ဝယ်လို့ရတယ်ဆိုတာ အများအားဖြင့် မှန်ပါတယ်..။
အဆိုးဆုံးက ကျွန်တော်တို့ကိုယ်တိုင် ငွေရှာရင်းနဲ့ ငွေက ကျွန်တော်တို့ကို ဝယ်သွားတာ သတိမပြုမိခြင်းပါပဲ..။

ဒီနေရာမှာ ကျွန်တော်ဖတ်ဖူးတဲ့….စာတစ်ပိုဒ် သတိရမိတယ်..။

” လူကို ငွေက ဝယ်သွားရင် ဘဝရှုံးပြီ..။
စာရိတ္တကို ငွေက ဝယ်သွားးရင် သိက္ခာရှုံးပြီ..။
ဘာသာတရားကို ငွေက ဝယ်သွားရင် လူဖြစ်ရရှုးပြီ..။” တဲ့..။

မှတ်သားစရာကောင်းတဲ့ စကားပဲဗျာ…။

အခု မလေးရှားက မြန်မာတွေ တော်တော် အခက်အခဲ တွေ့နေကြမှာပဲ… ကျွန်တော် ကိုယ်ချင်းစာ မိတယ်…။
မလေးရှား ကမြန်မာများ အဆင်ပြေကြပါစေ…
မြန်မာပြည်ကို ချောချော မောမောနဲ့ ပြန်ရောက်မိုင်ပါစေ..လို့ ဆုတောင်းရင်း..

ဒီစာကို ရေးလိုက်ပါတယ်…………..။

  ငှက်ငယ်

 

 

17 comments

  • Ko chogyi

    November 8, 2013 at 8:23 am

    ငွေက မေတ္တာထက်ပိုအရေးကြီးတာကအမှန်ပဲဗျ
    ကျွန်တော်မနက်ရုံးသွားတော့မယ်လို့ သားကိုနုတ်ဆက်ရင်
    ခြင်ထောင်ထဲက လက်တစ်ဖက်ပဲ ထွက်လာတယ်
    အဲဒီလက်သေးသေးလေးထဲကို မုန့်ဖိုးမရောက်ရင်
    အဲဒီနေ့အတွက်တော့ ဖေကြီးကိုမချစ်တော့ဘူးဆိုတဲ့ အသံပဲကြားရတော့တယ်။
    အမှန်တော့ ငွေရေးကြေးရေးအဆင်မပြေရင်
    စစ်မှန်တယ်မေတ္တာကို ဖော်ပြခွင့်မရအောင် ပင်ပန်းတဲ့လောကကြီးပါဗျာ။
    အားလုံးသော သတ္တလောကသားအပေါင်း လိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေလို့
    ဆုတောင်းပေးပါတယ်။

  • kyeemite

    November 8, 2013 at 9:18 am

    “ ပိုက်ဆံမရှိပေမယ့် ပျော်ပျော်နေတတ်တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးစိတ်ဓာတ်ပဲ..”
    ဟုတ်တယ်..အဲဒီစိတ်ဓါတ်ကိုပဲ ပြင်ယူရမှာ…
    ကျုပ်ပါတ်ဝန်းကျင်မှာလည်းတွေ့နေတာပဲ…ငွေကသိပ်(လောက်လောက်ငင) မရှိ
    ဒါပေမဲ့ အလုပ် တစ်ခုနဲ့မရရင်နှစ်ခု..အဲလိုမကြိုးစားဘူး..သူ့ဟာသူနှစ်သိမ့်ပြီး ပျော်နေတာပဲ
    အဲဒါကြောင့်ပဲ တိုးတက်မှုတွေနှေးနေတာပေါ့…တဖြည်းဖြည်းဆုတ်ယုတ်လာတာပေါ့ဗျာ.. :loll:

    • alinsett

      November 8, 2013 at 4:27 pm

      ကျွန်တော်လည်း
      ဦးကြီး ပြောသလိုပဲ ပြောချင်နေတာ။
      မြန်မာတွေက အဲဒိ လို နေလို ့ဒီလို ဖြစ်နေတာ။

      တိုင်းတပါးသားတွေက စည်းစိမ်ကြွယ်ဝလို ့စည်းစိမ် ယစ်နေချိန်မှာ
      ဗမာတွေက စည်းစိမ်မဲ့ နေလျက်က အပျော်ကျူးနေတာက များတယ် ။

      စည်းစိမ် ရှိသူတချို့ကျတော့လည်း ရှိနေတာကို
      ကောင်းကောင်း အသုံးမချတတ်ဘူး

      ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိပြန်ပြီ ။
      :kwi:

      မေတ္တာတရားနဲ့ ငွေ ဘယ်ဟာ ပို အရေးကြီးလဲတော့ မပြောတော့ပါဘူး။

      မေတ္တာတရားကို ငွေနဲ့ ဝယ်လို ့မရတာတော့
      ကျိန်းသေတယ် ။

      • TNA

        November 8, 2013 at 8:01 pm

        ဘာဒဲ့ တရုတ်လိုရှာ ကုလားလိုစု ဗမာလိုမဖြုန်းနဲ့တဲ့ စကားပုံအလကားရှိတာမဟုတ်ဘူးနဲ့တူဘာရဲ့။

  • KZ

    November 8, 2013 at 9:35 am

    ရော် ။
    ခက်ပြီ။
    လူ ဆိုတာ ရတာမလို။
    လိုတာမရတွေပါဟာ။
    ငွေရှိတဲ့နေရာရောက်ရင် အချစ်ငတ်ကြမယ်။
    မိသားစုနဲ့ နေပြီး ငတ်ပြီဆိုရင် ငွေရတဲ့နေရာသွားချင်မယ်။
    လောကမှာ ဘယ်ဟာက အရေးအကြီးဆုံးးး ဘယ်ဟာက အရေးမကြီးဘူးလို့မရှိဘူးထင်တယ်။
    ကိုယ့်စိတ်ကို မျှမျှတတ ထားနိုင်ဖို့သင့်တာပါ။
    ကျနော်တော့ ကိုယ့်စိတ်ကို ကြိုးစားပြီး ပြင်ပြင်သွားတယ်။
    ရောက်ရာ အရပ် ကျရာ အခြေအနေမှာ အကောင်းဆုံး စဉ်းစားပြီး ကြိုးစားတာသာ အကောင်းဆုံးလို့မှတ်ပြီး နေတာပဲ။
    ခုနေရာမှာ ငွေပေါတယ်။ မိသားစုနဲ့ ဝေးနေတယ်။ ဒါကြောင့် ငွေသုံးပြီး မိသားစုကို အဝေးကအဆင်ပြေအောင် စောင့်ရှောက်မယ်ပေါ့။
    မိသားစုနဲ့ နေရရင်လည်း ရှိတာလေးနဲ့ မျှတပြီး သာတူညီမျှနေနိုင်ရင် ပိုက်ဆံကို တအားမမက်ပဲနေနိုင်မယ်ထင်တာပဲ။
    🙂

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 10:17 am

    ငွေ ဟာ မေတ္တာ တရားထက်
    ပိုပြီး အရေးကြီးသလား၊ မကြီးသလား ဆိုတော့ကာ …
    ဗုဒ္ဓ ဟော တရားနဲ့ စပ်လျဉ်းပြီး ဖြေရရင် …
    ငွေ ဟာ မေတ္တာ ထက် အရေးမကြီးဘူး …
    ငွေ မကိုင်ဖို့ ပညတ်တော် မူတယ် …
    မေတ္တာ ပွားဖို့ တိုက်တွန်းတော် မူတယ် …
    ဂလောက်ဘဲ သိဒယ်ဂျာ ..

  • တိမ်မည်း

    November 8, 2013 at 12:08 pm

    သင့်တင့်မျှတသော ငွေနဲ ့ သင့်တင့်မျှတသော မေတ္တာ လိုပါတယ်….
    ဘာတဲ့ စကားပုံတောင်ရှိသေး….

    ချစ်ခြင်းမေတ္တာသည် ဆန်အိုးထဲတွင် ဆန်မရှိသောအခါ နောက်ဖေးပြတင်းတံခါးမှ တိတ်တိတ်လေးထွက်သွားသည်တဲ့………

  • San Hla Gyi

    November 8, 2013 at 7:53 pm

    ငွေဟာ မေတ္တာတရားထက် ပိုအရေးကြီးသလား ဆိုရင်တော့ ဘယ်နေရာမဆို တန်ဆေး လွန်ဘေးလို့ပဲ ဆိုပါရစေ။
    ဒါပေမယ့် ငွေဟာ လူ့အသက်လောက်တော့ တန်ဖိုး မရှိတာ သေချာပါတယ်။
    ဒါကြောင့် မိမိအတွက် လုံခြုံမှု အသက် အန္တရာယ်ရှိတဲ့ နေရာ ဆိုရင်တော့ ငွေကြောင့် ဆက်နေတာမျိုး လုံးဝ လုံးဝ မဖြစ်သင့်ပါ။
    ငွေဆိုတာက တကယ်တော့ အိမ်ရိုက်သံကလေးပဲ။ မေတ္တာတွေမိုး ဂရုဏာတွေကာ အကြင်နာတွေ ခင်းထားတဲ့ အိမ်လည်း ငွေဆိုတဲ့ အိမ်ရိုက်သံလေးနဲ့ တွဲမထားရင် ရေရှည် ခိုင်ဖို့ မလွယ်ဘူး။
    မြန်မာလူမျိုးတွေ ပိုက်ဆံမရှိပဲ ပျော်ပျော်နေတတ်တယ် ဆိုတာ အခုခေတ်တော့ ဟုတ်မှ ဟုတ်ပါ့မလားတောင် မသိတော့ဘူး။ သူတို့ခမျာမှာ မပျော်နိုင်ခဲ့တာ ကြာပါပြီ။ လွတ်လပ်ရေး မရခင် စစ်ကြိုခေတ်လောက်နဲ့ လွတ်လပ်ရေး ရပြီးကာစက မြန်မာတွေက တော်တော် ပျော်ခဲ့ကြတယ်လို့ ပြောလို့ရတယ်။ ကျနော့် အမြင်ကတော့ မြန်မာတွေ ပိုက်ဆံ လိုချင်ကြပါတယ်။ မလိုချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ရဖို့ သိပ်ခက်နေတာပါ။
    ဆိုပါတော့ ကျနော်နဲ့သိတဲ့ ဘွဲရပြီးကာစ လူငယ်လေး တယောက်ဆိုရင် သူ့ခမျာ လူရိုသေ ရှင်ရိုသေ အလုပ်လေး ရချင်လိုက်တာ။ ဒါပေမယ့် အလုပ်အကိုင် အခွင့်အလမ်းက မရဘူး။ အဲဒါ နောက်ဆုံးတော့ နိုင်ငံခြား ထွက်သွားမှပဲ အဆင်ပြေသွားတယ်။ သူများဆီမှာ သွားအလုပ်လုပ်ရတာတော့ ကိုယ့်အိမ်ကိုယ့်ရာမှာ လုပ်ရတာနဲ့တော့ လုံခြုံမှုချင်း ဘယ်လိုမှ မယှဉ်နိုင်တော့ဘူးပေါ့။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုင်းသူပြည်သားတွေကို မဖန်တီးပေးနိုင်တာတော့ အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ်။
    ဆိုချင်တာက မြန်မာတွေ မကြိုးစားချင်တာချည်းပဲ မဟုတ် အခွင့်အလမ်း သိပ်ရှားပါးလွန်းတာလည်း ပါပါတယ်။ လူက ဝင်ချင်နေပေမယ့် တံခါးက မပွင့်ဘူးလေ။ အမှန်တော့ ထိုက်သင့်တဲ့ ငွေကြေးနဲ့ မေတ္တာတရားသည် တချိန်တည်းမှာ ရရင် အကောင်းဆုံးပါပဲ။
    ကိုယ်တန်ဖိုးထားတဲ့ ဘာသာတရားကတော့ ငွေကြေးကြောင့် ပျက်ဖို့ ခက်ပါတယ်။ မဖြစ်နိုင်လောက်ပါဘူး။ ပျက်သွားတယ် ဆိုရင်လည်း အစကတည်းက တန်ဖိုးမထားခဲ့ဘူးဆိုတာ သေချာပါတယ်။
    တကယ်တော့ ကျနော် ကိုယ်တိုင်လည်း အလွန်ပျော်ချင်သူ ဖြစ်ပါတယ်။ ကျနော့်ရဲ့ အကြီးမားဆုံး အာသီသက ကိုယ့်အမိနိုင်ငံကြီး ချမ်းချမ်းသာသာနဲ့ တိုင်းသူပြည်သားတွေကလည်း တဦးချင်းဝင်ငွေတွေ မြင့်မြင့်မားမားနဲ့ အချိန်အခါမျိုးမှာ “သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင်” ဆိုတဲ့ သီချင်းကို ညည်းပြီး ပျော်ချင်တာပဲ။

  • အူမတောင့်မှသီလစောင့်နိုင်မယ်ဆိုတဲ့စကားလည်းအရှိသား
    ငွေကို ငွေလို၊မေတ္တာတရားကို မေတ္တာတရားလို တန်ဖိုးသိ၊ဝေဖန်ပိုင်းခြား
    ချင့်ချိန်သုံးစွဲတတ်ဖို့လိုပါတယ်။
    အမှန်တော့ လူ့ဘောင်လောကမှာ ငွေကအရေးအကြီးဆုံးလို့ပြောလို့ရနိုင်ပါတယ်။

  • ငှက် ငယ်

    November 8, 2013 at 9:27 pm

    ငွေနဲ့ မေတ္တာ တရားကို
    ကောမန့်တွေ ရေးပြီး
    ဝေဖန်ပေးတာ အရမ်း ဝမ်းသာပါတယ်…………ဗျာ။

  • ခင် ခ

    November 8, 2013 at 11:14 pm

    လောကီလူဘုံအလည်မှာနေဖြစ်အုံးမယ်ဆိုရင်တော့ ငွေသည် အရေးပါ အရေးကြီး ရှိသင့်သည်ဟု ယူဆပါတယ်။ ဘာလို့လဲဆိုတော့ မေတ္တာဖြင့်ဆိုတာ လောကနေရာတိုင်းမှာမရှိလို့ပါ။
    လောကုတ္တရာတရားသာရှိသောနေရာဝန်းကျင် လူသားများအတွက်တော့ မေတ္တာသည် အရေးပါပေလိမ့်မည်။
    ဒါကြောင့် ဒူးနေရာဒူး တော်နေရာတော် ဖြစ်ဖို့လိုတာပါဘဲဗျာ။

  • kai

    November 9, 2013 at 12:18 am

    ငွေရဲ့အဓိပ္ပါယ်ကို နားမလည်ဖြစ်နေတယ်ထင်မိတယ်..
    သိပ်တော့လည်းအဆန်းမဟုတ်…
    မြန်မာပြည်မှာ အတန်းပညာကျောင်းတွေမှာမှ မသင်ရပဲလေ..။
    မြန်မာအများစုရဲ့.. ဘာသာတရားထဲမလည်း.. ငွေအကြောင်းမသိ..နားမလည်သူတွေက.. ဝိနည်းဖေါက်ပြီးကိုယ်တိုင်ငွေကိုင်နေကြရတော့.. အပြစ်ရှိရက်အပြစ်လွတ်နည်းနဲ့.. Conflict of interest နဲ့သင်ကြားပြောကြရတာကိုး..

    တကယ်တော့.. ငွေဆိုတာကိုက.. မေတ္တာတရား..သစ္စာတရားတွေနဲ့တည်ဆောက်ရတာဖြစ်ပါကြောင်း..

    မြန်မာပြည်အတွက်…. ငွေအကြောင်း..ကလေးတန်းတွေမှာသင်ကြားပေးဖို့လိုနေတယ်ထင်ကြောင်း..
    အနည်းဆုံးတော့..
    ကလေးတွေကို.. ငွေရဖို့.. ငွေတန်ဖိုး..ငွေအကြောင်းသိဖို့.. ကိုယ်တိုင်… ဖန်ရေ့စ်လုပ်ခိုင်းသင့်ကြောင်း…
    ယူအက်စ်မှာ.. KG သူငယ်တန်းဆို.. ကလေးတွေကိုယ်တိုင်fundraising လုပ်ကြရပြီဖြစ်ကြောင်း…

    • မောင်ဘလိူင်

      November 11, 2013 at 1:28 pm

      အဲ..”တကယ်တော့.. ငွေဆိုတာကိုက.. မေတ္တာတရား..သစ္စာတရားတွေနဲ့
      တည်ဆောက်ရတာဖြစ်ပါကြောင်း..” သဂျီး ရေ အဲဒါလေးလည်း ပြောပြပါဦး။
      ကျောင်းသားဘဝတုန်းကတော့ ဦးဟန်ထွန်း ဘာသာပြန်တဲ့ ကမာ္ဘ့ငွေကြေး
      ကစားကွက်များတော့ ဖတ်ဖူးတယ်။

  • ကျော်စွာခေါင်

    November 9, 2013 at 3:37 am

    နယ်ပယ် တစ်ခုချင်းစီမှာ..၂ခုလုံးက သူ ့ဟာနဲ ့သူ တန်ဘိုးရှိပါတယ်..။

  • Ma Ma

    November 11, 2013 at 4:40 pm

    တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ …. ဆိုတဲ့ မဆလ ခေတ်သီချင်းကို သွားသတိရမိတယ်။

    ဟိုးတုန်းက ကျမတို့ဇာတိမှာ ချမ်းသာတဲ့ မိသားစုက (ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေရတဲ့) မိန်းကလေးက မိဂုဏ်ဖဂုဏ်ငွေဂုဏ်မရှိတဲ့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်သွားတာ သူ့မိဘတွေက ဘယ်လိုမှ ပြန်ခေါ်လို့မရဘူး။

    အမေက မပြတ်နိုင်ပေမယ့် အဖေက မိသားစုမှာ ဩဇာရှိသူပီပီ အဆက်အသွယ်ဖြတ်လိုက်တယ်။

    ဒါပေမယ့် ကလေးတစ်ယောက်ရပြီး ကလေးအသက်တစ်နှစ်လောက်မှာ ……..
    သူ့အိမ်ကကြောင်ကိုကျွေးတဲ့ အစာလောက်မှ ကောင်းကောင်းဝဝလင်လင် မစားရတဲ့ ဆင်းရဲတဲ့ဒါဏ်ကို မခံနိုင်လို့ ကလေးကို ထားခဲ့ပြီး ထွက်ပြေးသွားတယ်။

    လင်မယားချင်းအဆင်မပြေလို့လည်း မဟုတ်။
    သမီးယောင်းမ အဆင်မပြေလို့လည်း မဟုတ်။

    သူ့ခင်ပွန်းက ပြန်ခေါ်ဖို့ လိုက်ရှာတယ်။
    မတွေ့တဲ့အဆုံး အရက်သောက် မူးရူးပြီး သက်ဆိုးမရှည်ပဲ ဘဝဇာတ်သိမ်းသွားတယ်။

    ခင်ပွန်းရဲ့ အမ အပျိ ု ကြိးတွေက ကလေးကို စောင့်ရှောက်တယ်။

    အဲဒီအမျိ ုးသမီးကတော့ ဘယ်ရောက်လို့ ရောက်မှန်းမသိရတော့ဘူး။
    အဲဒါ ကြုံ ဖူးတဲ့ တကယ့်ဖြစ်ရပ်မှန်။ 😥

  • lele kyi

    November 11, 2013 at 5:13 pm

    အဖေ့ ကိုချစ်လား အမေ့ကို ချစ်လား မေးနေသလိုပါပဲ။ နှစ်ခုစလုံးအရေးကြီးပါတယ်။ ချစ်ခြင်းမစ်တာ ဆိုတာကိုတော့ မစိုးရိမ်လွန်ပြီး ပူပန်အနောက် ကတကောက်ကောက်လိုက် ပွစိ ပွစိ ပြောနေတာကိုတော့ အဓိတ်ပါယ်မကောက်စေချင်ဘူး။ ဟီးး 🙂

  • sorrow weaver

    November 11, 2013 at 5:18 pm

    http://www.imdb.com/title/tt0389860/ ……Clickဆိုတဲ့ … အဲ့ဒီဇတ်ကားလေး ကြည့်ချမ်းပါ…ကယ်ပြောတာ …ကောင်းကောင်းတိတွားမယ်…ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ခြင်းမေတ္တာတွေနဲ့နေသွားဖို့က ရေးကြီးဆုံး….နော့်…လေယဉ်မယ်ကြီး နော့်…

Leave a Reply