Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြောပြချင်လွန်းလို့ပါ . . .အန်တီသဲ ရယ်. . .

alinsettNovember 11, 20131min100029

 

ပြောပြချင်လွန်းလို့ပါ ….အန်တီသဲရယ် ။

_______________________________

 

ကိုယ့်ကို နားလည်ပေးနိုင်မယ့်သူ / ကိုယ်နဲ့ ခံစားချက်ချင်း ကူးလူးဆက်သွယ် ထပ်တူကျလို ့ရမယ့်သူ လို့

အန်တီသဲကို မြင်လို ့ တိုင်တည်ပြီးပြောပြမှာပါ ။

 

ဒါကြောင့် အန်တီသဲကို ကိုယ့်အန်တီလို သဘောထားပြီး ပြောပြချင်လွန်းလို့ ။

 

ဖဝါးနဲ့မနာ . . .နားနဲ့သာ နာပါနော်. . .အန်တီသဲ ။

 

:kwi:

 

*********************************

 

 

3333

 

ကျွန်တော့်ဘဝမှာလေ. . . . မိန်းမနှစ်ယောက် ရှိခဲ့ဖူးတယ် အန်တီသဲရဲ ့။

ဒါက . . . အခုခေတ်ယောက်ျားတစ်ယောက်အနေနဲ့ သိပ်တော့ မဆန်းဘူးထင်တာပဲ ။

 

အဲဒီ မိန်းမနှစ်ယောက်နဲ ့ကျွန်တော့်ရဲ့ အဖြစ်တွေက အခုခေတ်ဝတ္ထုတွေ ရုပ်ရှင်တွေ / သီချင်းတွေထဲက လိုပါပဲ ။

ဆန်းသလိုလို ရိုးသလိုလို အဖြစ်တွေပေါ့ ။

 

ကျွန်တော်မှာ. . .

သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးလို ့ ကျွန်တော် သတ်မှတ်ထားတဲ့ သိပ်လှတဲ့မိန်းမတစ်ယောက် ရယ် . . .

 

ဘာမှ လိမ်းမထားတဲ့ ပန်းတစ်ပွင့်ဖြစ်တဲ့ ကျွန်တော့်ကို ရင်ခုန်အောင် မစွမ်းနိုင်တဲ့ မိန်းမတစ်ယောက်ရယ် . . .

 

နှစ်ယောက် ရှိခဲ့တယ် ။

 

လောကကြီးဆီက ကျွန်တော် ရထားတဲ့ နှလုံးသား ရေးရာကြုံကြိုက်မှုတွေ ဟာ မျှတတယ်ပဲပြောရမလား . . . ရစ်သမ်မိနေတယ်ပဲ ပြောရမလားတော့ မသိ။

 

ကျွန်တော်ဟာ တစ်ချိန်ထဲမှာကို . . .လိုက်သူ ဖြစ်နေသလို . . .

ပြေးရသူလည်း ဖြစ်နေတယ်လေ ။

 

***********************************

 

# လိုက်သူ #

____________

 

သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးကို ကျွန်တော် သိပ်ချစ်ပါတယ် ။

 

သူ့ကိုချစ်တဲ့အကြောင်းလည်း စာတွေ ကဗျာတွေ ဒဂျိန်းဂျိန်း ရေးမိတယ်ပေါ့ဗျာ။

 

အဲဒီ သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးက်ို လေ . . .ကျွန်တော် ဘယ်လောက်ထိ ချစ်သလဲလို ့ အန်တီသဲ မေးမလား ။

 

အန်တီသဲ ထင်ထားတာထက်ပိုချစ်ပါတယ်။

ဟုတ်တယ် ။

သူ့ကို ပြောမပြတတ်အောင်ချစ်တယ်။

ထပ်ပြောရင်လည်း ဒီစကားပါပဲ ။

 

သနပ်ခါးလိမ်းထားတဲ့ပန်းကလေးဟာ. . . လှတယ်။

ထက်မြက်တယ် ။

သူ ယုံကြည်ထားတဲ့ အယူအဆတွေ ခံယူချက်တွေကလည်း သာမန်မိန်းမတစ်ယောက်လိ်ု မဟုတ်ဘူး ။

 

သာမန်မိန်းမတစ်ယောက်ရဲ ့ အားနွဲ့မှုမျိုး / မှီခိုစရာ မျှော်လင့်နေမှုမျိုး သူ ့ဆီမှာ မရှိဘူး။

 

သာမန် ပျော့တိပျော့ဖတ် မိန်းကလေးတွေကို သိပ်စိတ်မဝင်စားတဲ့ ကျွန်တော်က သူ ့လို ထူးခြားတဲ့မိန်းမကို ချစ်မိတယ် ပေါ့ဗျာ ။

 

ဒါပေမယ့် ကျွန်တော်က သူ ့ကို ချစ်သလောက် သူက ကျွန်တော့်ကို ပြန်မချစ်ခဲ့ဘူး ။

အဲ ပြန်တော့ ချစ်ခဲ့တယ် ။

ဒါပေမယ့် . . . . .

သူ လက်ခံနားလည်တဲ့အချစ်နဲ့ ကျွန်တော်ပေးအပ်ပြီး ပြန်လိုချင်တဲ့အချစ် က မတူဘူးပေါ့ ။

 

သူနဲ ့ကျွန်တော်ဟာ. . . . .

အယူအဆတွေ / အတွေးအခေါ်တွေ/ လောကကိုမြင်ပုံတွေ /စိတ်ခံစားချက်တွေကအစ ဆန့်ကျင်သွားတယ် ။

 

{{ သူက ဂျူးရဲ့ မရှိမဖြစ်မိုးထဲက “မိုး´´လို မိန်းမမျိုးဖြစ်နေပြီး … … …

ကျွန်တော်က . . . .

တာရာမင်းဝေရဲ့ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး ထဲက ဇာတ်ကောင် “ ထူးဝေ ´´ လို ယောကျာ်းမျိုးဖြစ်နေမလားပဲ ။ }}

 

သူက … … …

အချစ်ထက် သူ ့ဘဝကို

သူ ရည်မှန်းထားသလို ပုံစံမျိုး ပုံပေါ်လာအောင်  ထုဆစ်မယ့် မိန်းမ ။

 

သူ ့ရည်မှန်းချက်အတွက် အချစ်ဆိုတာ အဖုအထစ်ဖြစ်နေမယ်ဆိုရင် … အဲဒီအချစ်ကို ဖယ်ရှားသုတ်သင်သွားမယ့်မိန်းမ ။

 

အချစ်ကိစ္စထက် သူ ့လိုအပ်ချက်တွေ ပြည့်ဝဖို ့သာ ကြည့်တတ်တဲ့မိန်းမ ။

 

သူ ကျွန်တော့်ကို . . .မချစ်တတ်တာတော့လည်း မဟုတ်ဘူး။

 

သူ ကျွန်တော့်ကို ချစ်ပြခဲ့တယ် ။

ကျွန်တော့် ချွေးနံ ့ထွက်နေတဲ့ အကျီ င်္ကော်လာကလေးကိုက အစ ချစ်ပြခဲ့တယ်။

 

ကျွန်တော်နဲ့ ဆယ်ရက်လောက် ခွဲရမှာကို သေရမှာလောက်ကြောက်ပြီး မခွဲနိုင်မခွါရက် ဖြစ်ခဲ့ဖူးပါတယ် ။

 

သူ ဟာ ကျွန်တော် ဘီယာမူးနေချိန်မှာတောင် ကျွန်တော့်ဘေးမှာ အမြည်းခွံ ့ကျွေးရင်းး

” မောင်ကလေ ဘီယာ တန်ခိုးနဲ့ ရီဝေဝေလေးဖြစ်သွားရင် သိပ်ချစ်ဖို့ကောင်းတာပဲ ”

လို ့ပြောခဲ့ဖူးတယ် ။

သူ ကျွန်တော့်ကို ချစ်ခဲ့တယ် လို့ ့သက်သေပြလောက်စရာတွေထဲမှာ သူကိုယ်တိုင် သူ ့လက်နဲ ့ ချုပ်ပေးထားတဲ့ ကျွန်တော့် အတွက် ရှပ်အကျီ င်္ကလေးတွေပါတယ် ။

ကျွန်တော့် ပါးစပ်ထဲက စားနေတဲ့ သကြားလုံးကလေးတွေကိုမှ စားချင်တယ်လို ့ပူဆာတာ . . .ပါတယ် ။

ကျွန်တော့် ဘယ်ဘက်ရင်အုံကို နားလေးကပ်ပြီး ရင်ခုန်သံ နားထောင်ကြည့်ခဲ့တာတွေ ပါတယ် ။

ကျွန်တော် က ကလိထိုးရင် ယားတတ်မှန်းသိလို ့ ကျွန်တော့်ကို ကလိထိုးပြီး စနောက်ခဲ့တာတွေပါတယ် ။

 

ကျွန်တော် ထိန်းချုပ်ဖို ့ မေ့လျော့တဲ့အခါ သူ သတိပေးခဲ့ပြီး . . .

သူ ထိန်းချုပ်ဖို ့မေ့တဲ့အခါ

ကျွန်တော် သတိပေးခဲ့တယ် ။

 

ကျွန်တော် မကြိုက်တဲ့ အဝါရောင်ကို သူ လုံးဝ အသုံးမပြုတော့ဘူး ။

 

ကျွန်တော် ကြိုက်တဲ့ သီချင်းကို ခပ်တိုးတိုးညည်းတဲ့အခါ သူလည်း လိုက်ညည်းခဲ့တယ် ။

 

အဲဒီတုန်းက . . .သူ………….. ကျွန်တော့်ကို အရမ်းချစ်ခဲ့တာာာာာ

. . . . .

 

မထင်မှတ်ပဲ သူက အချစ်ကို ကိုးကွယ်နေရာကနေ ဗြုန်းခနဲ . . .

အပြောင်းလဲကြီးပြောင်းလဲသွားတာ. . .

 

သူ ့ကို ကျွန်တော် ရွေးချယ်စေခဲ့တယ် ။

ကျွန်တော်နဲ ့ . . . .

အချစ်ပါတဲ့ အိမ်ထောင်ရေးတစ်ခုကို ရွေးမလားးး

 

သူ ့ဘဝအတွက် အရေးကြီးလှပါတယ်ဆိုတဲ့အလုပ်ကို ရွေးပြီး. . .

ကျွန်တော်နဲ ့အဝေးးးဆုံးးးနေရာမှာ သွားးနေတော့မလားးးး

((အဲဒီ အလုပ်က အဝေးကြီးမှာ သွားလုပ်ရမှာ ။ ဘယ်တော့ ဘယ်လို ပြန်ဆုံရမယ်မသိတဲ့ အခြေအနေနဲ့ပေါ့ ။ ကျွန်တော်ကလည်း အဲဒီကို သူနဲ့အတူ လိုက်ခွင့်မရှိ ။))

 

အဲဒီ နှစ်လမ်းထဲက တစ်လမ်းကို သူရွေးပါတယ် ။

 

အံ့ဩ သွားမိတယ် ။

 

သူ ကျွန်တော့်ကို . . . .

Good Bye လို ့ပဲပြောသွားတယ် ။

 

ကျွန်တော့် ဘဝမှာ အစစအရာရာ အဆင်ပြေပါစေ ဆိုတဲ့ ဆုတောင်းစကားတစ်ခွန်းကို ပြောအပြီးမှာ. . . .

Good Bye တဲ ့။

 

ကျွန်တော် မထင်ဘူးဗျာ ။

သူ အဲဒီလို . . .

ကျွန်တော့်ကို စွန် ့လွှတ်နိုင်လိမ့်မယ်လို ့ ထင်ကိုမထင်ခဲ့တာ ။

 

ဒါပေမယ့်. . . .

အခုတော့ . . .

သူနဲ့ ကျွန်တော်ဟာ အဆက်အသွယ်ပြတ်တောက် . . .လို ့။

 

ကျွန်တော် လေ. . .

Good Bye လို ့သူပြောတဲ့ အချိန်မှာ

Thank you . ဆိုတဲ့စကားတစ်လုံးကို အားတင်း ပြုံးပြရင်း ပြောလိုက်ပါတယ်။

Thank you .

အဲဒါ ကျွန်တော် သိပ်ချစ်တဲ့ မိန်းမတစ်ယောက်ကို နောက်ဆုံးအနေနဲ့ပြောဖြစ်တဲ့စကားပါပဲ။

 

အခု အချိန်မှာ. . . .

ကျွန်တော် ပြန်တွေးမိတာက. . .

ကျွန်တော်. . .

မိန်းမတွေကို နားမလည်သေးပါဘူးးးး လို ့ ။

 

***********************************

 

” ပြေးသူ ”

_________

 

မိန်းမတွေကို နားမလည်သေးတဲ့ ကျွန်တော့် ဘဝထဲမှာ … … …

 

” နင့်ကို ငါနားမလည်ဘူး သူရ ရယ် ”

လို ့အမြဲပြောတတ်တဲ့ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်. . . အန်တီသဲရေ ။

 

ကျွန်တော် အဲဒီကောင်မလေးကို မချစ်ဘူး။

 

ဒါပေမယ့် . . . .

မချစ်ဘူးလို ့ သူ ့ကို ပြောပစ်လိုက်ဖို ့ မပြောရက်လောက်အောင် သူက ကျွန်တော့်အပေါ်ကောင်းနေတယ် ။

 

ဘယ်လိုလုပ်ရမလဲ ။

 

ကျွန်တော့်ကို မျှော်လင့်စောင့်စားနေတဲ့အကြည့်တွေနဲ ့

ကျွန်တော် ဘာလိုအပ်နေသလဲလို့ ့အမြဲစောင့်ကြည့်ဖြည့်ဆည်းပေးဖို ့ အသင့်ဖြစ်နေတာ. . .

 

သူ ့အပေါ်ကျွန်တော် သူငယ်ချင်းအဆင့်ထက် မပိုအောင် သတိကြီးကြီးထားပြီး ဆက်ဆံနေတာကို

အားမလိုအားမရတဲ့ ပုံလေးနဲ ့. . .

 

” နင့်ကိုမှ မရ ရင် ငါအပျိုကြီးပဲ လုပ်မှာ သူရရဲ့ ” လို ့ နောက်သလို ပြောင်သလို ပြောပြောနေတော့တာ . . .

 

သူက မလှဘူး။

သာမန် မိန်းမတစ်ယောက်ပါပဲ ။

ကျွန်တော် သူ ့ကို သူငယ်ချင်း အဆင့်ထက် ပိုလို့ကိုမရတာ ။

သူ ့ကို ရင်လည်း မခုန် ။

သူ ့အလိုကိုလည်း မလိုက်ချင်ခဲ ့ ။

 

ကျွန်တော် ဆိုးတဲ့ပေတဲ့ဒဏ်ကို ဓါးခုတ်ရာလက်ဝင်လျှိုသလို ဝင် ဝင်ခံတတ်တဲ့ သူ ့ကို လည်းးး

ကျွန်တော် နားမလည်ဘူး ။

 

သူ . . . .

ကျွန်တော့်ကို . . . . ဖြည့်ဆည်းပေးသမျှတွေအတွက် ကျွန်တော့်ဆီက သူငယ်ချင်းသံယောဇဉ်ထက် ပိုမလာတာကိုတောင်

ဘာလို ့စိတ်မပျက်သလဲ ။

 

ကျွန်တော် ဘာလိုအပ်မလဲ လို့ ့အမြဲစောင့်ကြည့်ပြီး ဘယ်လို ဖြည့်ဆည်းပေးရမလဲ လို့ပဲ အမြဲတွေးနေတာပဲ ။

 

ကျွန်တော် သူ ့ဆီက ဘာမှ မယူမိအောင်နေပါတယ် ။

 

တစ်ခုခု ယူမိရင် . . .

တစ်ခုခု ပြန်ပေးရမယ့်သက်ရောက်မှု အရဆိုရင် . .

သူ လိုချင်တာကို ကျွန်တော် မပေးနိုင်ဘူး ။

 

ကျွန်တော့်မှာ သူ ့အတွက်ပေးစရာ . . .

သူငယ်ချင်းသံယောဇဉ်တစ်ခုကလွဲရင် တခြားဘာမှ မရှိ ။

 

အဲဒီအတွက် သူ စိတ်ပျက်သွားမှာပါ လို့ ့ထင်ပေမယ့် အံ့ဩစရာကောင်းလောက်အောင်ပဲ . . .

သူဟာ ကျွန်တော့်ကို အရူးအမူးမျှော်လင့်နေခဲ့တယ် ။

 

မိန်းမတစ်ယောက်မှာ ရှိသင့်တဲ့မာနကို သူ မသုံးဘူး ။

 

ကျွန်တော် သူ ့ကို စိတ်ဆိုးမိချိန်တွေမှာ

သူ မနေတတ်မထိုင်တတ်နဲ ့ နာကျင်ခံစားနေတတ်တယ် ။

 

မျက်ရည်လည်ရွှဲနဲ ့ ”စိတ်ဆိုးပြေပါတော့ဟာ နင်စိတ်ဆိုးရင် ငါနေလို့မရလို ့ပါ သူရ ရယ် ” လို့. . . . . . . . ့ဒူးထောက်မတတ်တောင်းပန်စကား

ဆိုတတ်တယ် ။

 

သူ ့လောက် ကျွန်တော့်ကို အောက်ကျို့ဆက်ဆံတာမျိုး ကျွန်တော့်ဘဝမှာ တခြားဘယ်သူမှ မရှိဘူး ။

 

ခက်တာက သူ ့ကို ကျွန်တော် မချစ်ဘူး အန်တီသဲရယ် ။

 

သူ လိုချင်တာကို ကျွန်တော် မပေးနိုင်ဘူး။

 

***********************************

 

လူဆိုတာလည်းး ခက်တယ်နော် အန်တီသဲ. . . . .

ရတာ မလိုချင် လိုချင်တာကျတော့ မရ ။

 

အင်းးးး ဒီလိုနဲ ့ပဲ . . . .

အဲဒီ ကောင်မလေး လိုက်လွန်းလို ့

ကျွန်တော်က ပြေးသူ ဖြစ်ရပြန်ရောလေ ။

 

********************************

 

မိန်းမတွေကို နားလည်ဖို့ ကြိုးစားကြည့်ရင်းးးးးးးးး

နားမလည်နိုင်ရင်းးးးးးးးး

ဒီလိုနဲ ့ပဲ . . . . .

အလင်းဆက်လည်း

လူပြိုကြီး စာရင်းထဲ အော်တို ဝင်ရတော့မယ် ထင်ပါရဲ ့အန်တီသဲရယ်. . . .

 

 

🙂

 

🙂

 

************************************

 

လေးစားချစ်ခင်လျက်

 

အလင်းဆက်

 

(( တစ်ယောက်ယောက်ကို တိုင်တည်ပြောမှ ပြောရတာ အရသာရှိတာမို ့ အန်တီသဲကို တိုင်တည်ပြောလိုက်တယ်နော် ))

 

:kwi:

 

 

 

 

 

 

 

 

 

 

 

 

 

 

 

29 comments

  • TNA

    November 11, 2013 at 8:22 am

    ပထမဆုံး အလုံးကြီးကျသွားတယ်လို့ အရင်ပြောလိုက်အုံးမယ်။ နေရာဦးပြီးမှပြန်လာမယ်အေ။ ပြောစရာတွေ များသား။

    • alinsett

      November 11, 2013 at 9:14 am

      အဟိ

      ပထမ ရေးထားတုန်းက ကိုယ့်အကြောင်းကို
      အချစ် ဝတ္ထုလို လုပ်ရေးတာ။

      အခုတော့ အန်တီသဲကို ရင်ဖွင့်ပြတဲ့ပုံစံ လေး
      ပြောင်းရေးလိုက်တာပါ ။

      :kwi:

  • Foreign Resident

    November 11, 2013 at 8:56 am

    လွယ်လွယ်လေး ။
    မှတ်ထား ၊ အခုလို ဥသျှစ် တစ်တင်း နှမ်းတစ်တင်း ၊
    ခေတ်ကြီးမှာ ၊ ယောက်ျားလေး ဆိုတာ ၊
    ကိုယ်ချစ် ကို မရှာရဘူးကွယ့် ( ပင်ပန်းတယ် ) ။
    သူချစ် ရဲ့ လက်ထဲမှာပဲ ပျော်ပျော်ကြီး နေသွားလိုက်ပါ ။
    နောက်တော့လဲ အသားကျသွားပြီး ပျော်လာမှာပါ ။

    • alinsett

      November 11, 2013 at 9:30 am

      မနှစ်သက်ပေမယ့်
      သူငယ်ချင်းသံယောဇဉ်တော့ ရှိပါတယ်
      အဘဖောရေ။
      ဒါပေမယ့် အဲဒီ သူငယ်ချင်းထက် နည်းနည်းလေးမှ ပိုလို ့မရတာ ခက်တာ

      သူ ့ကို ချစ်သူတော်ကြည့်ဖို ့တွေးလိုက်တိုင်း
      ခေါင်းသာ ခါမိတယ်

      :kwi:

      • sorrow weaver

        November 11, 2013 at 10:47 am

        သူငယ်ချင်းထက် …နည်းနည်းလေး ပိုကြည့်ပါဟ…တစ်သက်လုံး မပူမပင် …သာသာယာယာနေသွားရမယ့်အရေးနော်….ဒါမျိုးက ရခဲတယ်ဟ…. ဟိုကဖူးဖူးမှုတ်ထားမှာ …
        လူမိုက်မလုပ်နဲ့….
        ကိုယ်ကအရမ်းချစ်တဲ့ကောင်မလေးဆိုရင် …အချစ်တွေနဲ့ မွန်းကြပ်ပြည့်သိပ်ပြီး ပူပန် သဝန်တိုပြီးနေသွားရမှာ .အနိုင်ကျင့်ခံရမှာ..ခင်ဗျားလေးကို ခြင်ထောင်ထဲကအော်မှာ ….ထမင်းချက်လိုက်အုံး ..ဟင်းချက်လိုက်အုံး…အဝတ်လျော်အုံး..ဆိုပြီး…….ဘဝဆိုတာရှည်ကြီးရယ်….ဘယ်လောက်ထိသည်းခံနိုင်မလဲ …အဟိဟိ ..စဉ်းစားနော်…

        • alinsett

          November 11, 2013 at 4:08 pm

          အင်းးးးးး

          ကဆောဂျီး ပြောတော့လည်း
          စဉ်းစားရဦးမယ် ။

          ဟုတ်တယ်ဗျို ့
          ကိုယ်က ချစ်ရတဲ့အခါ. . . .
          . . . . .
          . . . .
          🙂

  • ရွှေတိုက်စိုး

    November 11, 2013 at 9:20 am

    ကိုအလင်းစက်ရေ လဗျိုကြီးတော့ အဖြစ်မခံနဲ.ဗျာ…
    ရတာမလို လိုတာမရဖြစ်ရင် ရတာသာယူပလိုက်စမ်းဘာဗျာ…
    ကိုယ်ချစ်တဲ့သူကို ကိုယ်လိုက်လျောရတာ တစ်ခါတလေ လက်ခံတဲ့သူက လက်မခံတတ်ရင် ရင်နာရတယ်ဗျ…
    ကိုယ့်ကိုချစ်တဲ့သူက လိုက်လျောရင် ကိုယ်က ယူရတာ ပိုပြီး တန်ဖို.ရှိပါတယ်ဗျာ..

    ယောင်္ကျားတိုင်း ကိုယ့်ချစ်သူကို ပစ်မျိုးမှည့်မထင် စိတ်ကူးယဉ်ကြပေမယ့် သာမန် မိန်းကလေးတွေက ပို ပြီးကိုယ့်အပေါ်အလေးထား စိတ်ချယုံကြည့်ရမယ်ထင်တယ်ဗျို…. နောက်ပြီး သဝန်မတိုရတော့တာပေါ့..

    ကိုယ့်လူ လူပျိုကြီးတော့ အဖြစ်မခံနဲ.ဗျို.

    • alinsett

      November 11, 2013 at 9:37 am

      ကိုရွှေတိုက်ရေ

      အကြံပေးစကားလေးအတွက်ကျေးကျေးပါ

      လူပျိုကြီးတော့လည်း ဖြစ်ချင်ဘူး
      ရတာ မလို လိုတာမရဖြစ်နေတဲ့ ကိုယ့်ကို ကိုယ်
      ပြင်ကြည့်ဦးမယ်
      :kwi:

    • မဟာရာဇာ အံစာတုံး

      November 11, 2013 at 9:37 am

      ကျော်လည်း လဗျိုကြီး အဖြစ်မခံဂျင်ဘာဘူးး
      သို့ဂျောင့် …
      ရွှေတိုက်စိုး ဆိုတဲ့ ဥစ္စာပေါ ရုပ်ချော ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် အသင်လူသားအား ..
      ဒက်ဒီ တော်ဘာရစေလားငင်င်င် ……
      :mrgreen:

      • ရွှေတိုက်စိုး

        November 11, 2013 at 9:40 am

        ဟဲ့ ငအံ့ မြို.လယ်ခေါင်မှာ မြွေကိုက်ခံရတာ မမှတ်သေးဘူးလား…
        နာတမီးဂို လိုချင်ရင် နာနဲ. ဘီယာ ၁၂ခွက် တဒါဇင် ပြိုင်သောက်နိုင်ရမယ်.. ဒါဘဲ..
        ဘယ်နှယ့်အေ…….တန်းလန်းကြီးနဲ.ဟာကို နာတမီးလာကျန်နေဒယ်……..အံ့ပ…အံ့ပ မောင်အံရယ်..

        ဒါနဲ. ကလန်.လိုက်အုံးမယ်…. နာတမီးနဲ. ဟိုတောင်မငေးနဲ. ဘု.ပိုချစ်ယဲ……….ကျော..
        မကျောလို.ကဒေါ့ နင့် ကိုပွတ်မယ်…….ခြောက်ထောင်ကနေ အလုံးဖစ်အောင်……..ဟွင်းဟွင်း

  • TNA

    November 11, 2013 at 9:23 am

    လောကမှာစကားပုံတွေအများကြီးရှိတယ်အလင်းဆက်ရေ။
    “ရတာမလိုလိုတာမရတဲ့”
    ဒါပေမဲ့ကိုယ်ဘာလိုချင်လဲဆိုတာတော့သိဖို့လိုလိမ့်မယ်ထင်တယ်နော်

    ပထမပန်းကလေးကိုပြောမယ်အေ
    သူကငါနဲ့တူတယ်လို့ခံစားမိတယ်။ အဲဒါဘာလဲဆိုတော့ အချစ်နဲ့ဘဝကို ခွဲထားတာပဲ။ အချစ်ဆိုတာ ဘဝထဲဆွဲသွင်းစရာမလိုဘူးလို့ယူဆထားပုံရတယ်။ အချစ်ကအချစ် ဘဝကဘဝ သတ်သတ်စီပေါ့။ သူက မချစ်တတ်ဘူးမဟုတ်ဘူး ချစ်တတ်တယ်။ နင့်ကိုလဲချစ်တယ်။ ဒါပေမဲ့ ဘဝတခုလုံးပုံပေးရလောက်အောင် ချစ်ဖို့မထိုက်ဘူးလို့ယူဆပုံရတယ်။ စိတ်မဆိုးနဲ့နော်။ ပြောကြည့်တာ။ မှန်ချင်မှမှန်မှာပါ။ ငါ့ခံယူချက် ကိုပြောပြကြည့်တာ။ ဆိုလိုတာက သူ့တက်လမ်းအတွက် နင့်ကိုသူ့ဘဝပုံပေးရလောက်အောင်မတန် ဘူးလို့ယူဆိုလို့ သူ့ဘဝအတွက်သူသွားတာပဲ။ အသည်းမာတဲ့မိန်းကလေး နှလုံးသားနဲ့မဆုံးဖြတ်ပဲ ဦးဏှောက်နဲ့ဆုံးဖြတ်တတ်တဲ့မိန်းကလေးပေါ့။ ယောင်္ကျားလေးတွေအတွက်တော့ မကောင်းပေမဲ့ သူ့ဘဝအတွက်တော့အတော်ကောင်းတဲ့စိတ်ဓါတ်ပဲ။ ငါမှာသမီးရှိရင်လဲ ဒီလိုမျိုးပုံသွင်းမိမလားပဲ။ မတရားပြောတာတော့မဟုတ်ဘူးနော်။ နင့်ကိုနှိမ်တာလဲမဟုတ်ဘူး။ ငါကိုယ်တိုင်လဲဒီလိုဘဝရွေးချယ်ခဲ့ တာပဲ။ အမြင့်မှန်းတတ်တဲ့ ဦးဏှောက်ဦးစားပေးတဲ့သူကိုမှ နင်ကဘဝပေးဖို့ကြိုးစားတာ အဲမှာလွဲတာပဲ။ တကယ်တော့ နင်သူ့ကိုနားမလည်ဘူးဆိုတာအမှန်ပဲ။ သူဘာလိုလဲနင်မသိပေမဲ့ သူက သူဘာလိုချင် တယ်ဆိုတာသိတယ်။ နင်က နင့်ဟာနင်တောင်ဘာလိုချင်တယ်ဆိုတာမသိသေးဘူးအေ့။ ငါမြင်တာ။ နင်လိုချင်တာ အချစ်လား ဘဝတခုလားဆိုတာအရင်ကွဲပြားဖို့လိုလိမ့်မယ်။
    တကယ်တော့ အလင်းဆက်ရယ် အချစ်ဆိုတာ ရည်းစားဘဝမှာပဲကောင်းပါတယ်။ တကယ့်လက်တွေ့ဘဝ မှာအဲဒါကြီးက အသုံးမတည့်ဘူး အေ့။ ပန်းကလေးလိုချင်တာ တကယ့်လက်တွေ့ဘဝ နင်မပေးနိုင်ခဲ့ ဘူးလေ။ အဲတော့ငါသာဆိုရင် သူဘာလို့ထားခဲ့သလဲပြန်သုံးသပ်ပြီး မာနတခုနဲ့သူလိုချင်တဲ့ဘဝကို ကြိုးစားပြီး နောက်မိန်းကလေးနဲ့ ဘဝတခုထူထောင်မယ်အေ။ ဒါဟာ နင့်ကိုထားခဲ့တဲ့ နင့်ကိုမရွေးချယ်ခဲ့ တဲ့သူ့အပြစ်ကို အကောင်းဆုံးကလဲ့စားခြေတာပဲ။ ထားသွားတဲ့သူကိုတမ်းတလွမ်းဆွေးပြီး စိတ်ဓါတ်ကျ နေတာငါမကြိုက်ဘူး။ မေ့ပစ်လိုက်ပါအေ။ ပြန်မလာတော့မဲ့အတူတူ တခါအရှုံးပေးပြီးသား လူကိုကွယ်ရာမှာထပ်မရှုံးစေနဲ့။

    ဒုတိယတယောက်ကတော့ အချစ်ထက်နင့်ကိုကိုးကွယ်တာ။ နင့်လက်ရှိဘဝကိုမြတ်နိုးတာမို့ နင်ဘာပဲဖြစ်ဖြစ်သူက နင့်ဘေးနားမှာမမြဲရှိနေမယ့်သူပဲ။ နင်မြင့်ရင်လဲသူရှိပြီး နင်နိမ့်ရင်လဲ ခွဲမသွားမဲ့သူပဲ။ အချစ်ဆိုတာထက် သံယောဇဉ်ကပိုခိုင် တယ်ဆိုတာ ပထမတယောက်နဲ့ကတဲ့ ကနင်သဘောမပေါက်တာအံ့ဩပါရဲ့အေ။ တကယ်ဆိုရင် အပေါ်မှာငါပြောခဲ့သလို နင်ဘာလိုချင်လဲ ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီး မရနိုင်တာကိုမတမ်းတပဲ လက်ရှိထဲကနေ ကိုယ်လိုချင်တာကို ရွေးနှုတ်ယူ တတ်ရတယ်အေ့။ အချစ်ဆိုတာ ထက်လက်တွေ့ဘဝကိုပဲတွေးပါအေ။

    ကိုယ်ချစ်ထက် သူချစ်ကပိုကောင်းတယ်ဆိုတဲ့အချက်က လဲအရေးကြီးတယ်နော့။ ကိုယ့်လိုအပ်ချက်တွေကို အပြစ်ပြောနေမဲ့လူထက် ကိုယ့်လိုအပ်ချက်တွေကိုနားလည်ဖြည့်စီးပေးမဲ့သူ ဘယ်ဟာပိုကောင်းလဲကိုယ့်ဟာကိုယ်သာဆုံးဖြတ်ပါအေ။ အချစ်ဆိုတာ အတူနေတာကြာရင်ဖြစ်လာ တာပါပဲအေ။ အရေးကြီးတာ သံယောဇဉ်နဲ့ သစ်စာတရားပဲ။

    ရှည်သွားပြီအေ။ သူများမန့်တာတွေကြည့်လိုက်အုံးမယ်အေ။ လောလောဆယ်ဆယ်တော့ ငါဆရာကြီး လုပ်ပြီးသွားပြီ။ :mrgreen: မိန်းကလေးတွေဖက်ကခံစားပြောတာအေ့။ ယောကျင်္ားလေးတွေ ဘက်ကတော့ သိဘူးနော်။
    တော်သေးဘီ

    • alinsett

      November 11, 2013 at 9:33 am

      အဲဒီလို
      အန်တီသဲတို ့မိန်းကလေးတွေ ဘက်က အမြင်ကို
      သိချင်တာ။
      အခု အန်တီ သဲ အကြံပေးချက် လေးတွေ
      တွေးပြပုံလေးတွေကို ဖတ်ပြီး
      ကျွန်တော် အကျိုးရှိပါတယ်

      ကျေးကျေးပါ တီသဲ

  • ကပ္ပိယ သာဒင်​

    November 11, 2013 at 9:43 am

    စိတ်​မဆိုးဘူးဆိုရင်​ နဲနဲ​ပြောမယ်​ဗျာ
    အ​ပေါ်က ဆရာမကြီးTNA ​ပြောတာကိုလည်​း​ထောက်​ခံပါတယ်​ ။
    ခင်​ဗျားစိတ်​ကူးယဉ်​တာများသွားပြီထင်​တယ်​
    ကဗျာ​တွေစာ​တွေ​ရေးဖတ်​တဲ့အခါစိတ်​ကူးယဉ်​တာ​ကောင်​းတယ်​ဗျ။
    လက်​​တွေ့ဘဝမှာ အန်​ဒရယ်ပဲ။
    ဒီမိန်​းမက အဓိက ဟာအဓိက လို့သ​ဘောထားပြီးလုပ်​သွားမှ​တော့
    ခင်​ဗျားလည်​း အဓိကဟာ အဓိကလို့သ​​ဘောထားနိုင်​​အောင်​​နေ​ပေါ့ဗျာ။
    မြင်​မြင်​သမျှမိန်​းမ​တွေကိုချစ်​လို့ရသွားရင်​ ခင်​ဗျား​ရောဂါ​ပျောက်​သွားမှာ​သေချာတယ်​။

    • alinsett

      November 11, 2013 at 10:26 am

      အင်းးး
      မြင်မြင်သမျှ တော့ ချစ်လို့မရသေးဘူးဗျာ

      ကိုယ့်ကို လည်း ကိုယ်နားမလည်ပါဘူး
      :kwi:

      comment လေး ပေးတာ ကျေးဇူးပါဗျို ့

      • TNA

        November 11, 2013 at 10:38 am

        ပန်းကလေးကိုမေ့နိုင်ရင် ကျန်တာတွေအလိုလိုဖြစ်လာလိမ့်မယ်အေ့။

        • alinsett

          November 11, 2013 at 1:08 pm

          မေ့လိုက်ဖို ့
          ကြိုးစာားနေရင်းးး
          သူ ့အလိုလို မေ့သွားမယ့် အနည်ထိုင်ချိန်ကို ရောက်လာပါတော့မယ်

          🙂

  • Myo Thant

    November 11, 2013 at 10:53 am

    သားသားကတော့ အချစ်ဆိုတာ
    တစ်ခေတ်တစ်ခါမှာ ကျန်ခဲ့ပြီမို့ ဘာ မှ သိပ်မပြောတတ်တော့ပါဘူး ၊

    အင်းးးးးးး တစ်ခါမှ မကြုံခဲ့ဖူးတဲ့ သူချစ် ဆိုတာ ကိုယ်ချစ် ထက်တော့
    ကောင်းလေမလား ၊ အခုတော့ သူချစ်တွေ ကိုယ်ချစ်တွေထက် ဦးချစ်ကို
    လွမ်းသဗျာ ၊ လှည်းတန်းထိပ် ဦးချစ် ( စေတနာရှင် ) လဘက်ရည်ဆိုင်ကနေ
    သီရိဆောင် ဥပဒေကျောင်းသူလေးကိုမျှော်ငေးရတဲ့ အချိန်ကိုပေါ့ ၊
    ဪ အချစ် အချစ် ၊ အသစ်ဖြစ်မလာတော့ပါဘူးကွယ် ၊

    • alinsett

      November 11, 2013 at 1:11 pm

      သားသားကတော့
      နိုင်ငံခြား ရုပ်ရှင်မင်းသား မင်းတမီးတွေပြော ပြောနေသလို

      အချစ်စစ်နဲ့ အခုမှ တွေ ့တာ ဆိုတဲ့

      အချစ်သစ်နဲ့တွေ ့ချိန်ကို
      မျှော်နေပြီ

      🙂

  • KZ

    November 11, 2013 at 11:01 am

    သတိ အေ သတိ။

    ဘာပဲ ခံစားရခံစားရ
    ဘာပဲဖြစ်ဖြစ်
    သတိ ကပ်ပါအေ။

    ဟိဟိ!

    :kwi:

    • alinsett

      November 11, 2013 at 1:12 pm

      သတိထားလေ ပိုခံစားရလေပဲ မမဂျီးရဲ ့
      :kwi:

  • ခင် ခ

    November 11, 2013 at 1:43 pm

    သူမ ပါးပြင်လေးမှာ သနပ်ခါးပါးကွက်လေးလိမ်းထားတာကိုတွေ့တော့ အခုလိုမေးလိုက်တယ်
    ” အမိပါးပြင်မှာ လိမ်းထားတဲ့ သနပ်ခါးက ဘာသနပ်ခါးလဲ ” သူမပြန်ဖြေတယ်
    ” ရွှေဘိုသနပ်ခါးပါရှင့် ” တဲ့
    ဒါနဲ့ဘဲ သူမရဲ့ သနပ်ခါးပါးကွက်လေးနဲ့ မျက်နှာလေးကို ခဏငေးနေမိပြီး သူမရဲ့ ပါးပြင်ကို ဖွဖွလေးနမ်းလိုက် တယ်ဆိုရင်ဘဲ သူမက
    ” ဘာလို့ သူ့ပါးကိုနမ်းတာလဲ အဲဒီအတွက် လျှော်ကြေးရလိုမှု့နဲ့ တရားစွဲမယ် ” တဲ့
    ကျွန်တော်ပြန်ပြောမိတာက ” အမိပါးကိုနမ်းတာမဟုတ်ပါဘူး ပါးပြင်ပေါ်က ရွှေဘိုသနပ်ခါး ဘယ်လောက် မွှေးလည်းနမ်းကြည့်တာပါ ဒါကြောင့်ပါးနမ်းမှု့နဲ့ တရားစွဲရင် အကြုံးဝင်မယ်မထင်” လို့။
    ွှဒီတော့ သူမက ဆိုတယ် ” သူ့ပါပြင်းမှာ သနပ်တာမရှိဘူးဆိုရင်ကော နမ်းမှာလား ” တဲ့
    ကျွန်တော်ဖြေခဲ့မိတာ ” အမိသာ တရားမစွဲဘူးဆိုရင်တော့ဖြင့် ……………”
    မေ့ ပါး သ နပ် ခါး ပျက် လေ မှ တဲ့။

    • alinsett

      November 11, 2013 at 4:05 pm

      Good

      မတူတဲ့ အတွေးလေး

      လေးခ
      တွေးလည်း တွေးတတ် ရေးလည်း ရေးတတ်ပါ့

  • padonmar

    November 12, 2013 at 12:39 am

    သည်းနုအေးပြောတဲ့အတိုင်းပဲ။

  • kai

    November 12, 2013 at 3:01 pm

    အဖြေက..သူချစ်ပါပဲ..။
    အခုအပြောအရဆို.. သူချစ်က.. ကိုယ်ချစ်ဖြစ်အောင်လုပ်ပြလိုက်မှ… အသည်းအသန်တွေထလိုက်ရပြီး…
    ကိုယ်ချစ်သူချစ်…ချစ်ချစ်ချစ်တွေဖြစ်ကုန်ဦးမယ်..

    မြန်မြန်လေး… :mrgreen:

    • alinsett

      November 12, 2013 at 7:41 pm

      အင်း…
      အလင်းဆက်နှင့်.. ချစ်ချစ်ချစ် အဖြစ်များ.ဆိုပြီး…
      ပိုစ့်တစ်ပုဒ်လောက် ထပ်ရေးရင်ကောင်းမလား.။။

      🙂

      ———

      သူချစ် ရှိရာ…
      အပြေးကလေး..သွားကြည့်ပါဥိ်ီးမယ်..ဒဂျီးရေ..

  • ရဲစည်

    November 12, 2013 at 7:58 pm

    ဟမလေးဟဲ့ ….. အချစ်စော်တွေကို ထောင်းလမောင်းထ နံနေတာဗြဲ ….
    ဆြာဂျီးတယောက် ပြောတာ ဆွဲပြောမယ်
    ကိုယ့်ကိုကိုယ် ….. ချစ်တတ်ဖို့က အရေးအကြီးဆုံးတဲ့ …
    အဲ့ စဂါးဘာသဘောလဲတော့ မသိ …

    လောလောဆယ် မိန်းမလိုချင်တာတော့ အရမ်းဘဲ
    ဒါပေမဲ့
    သူချစ်လည်း မရှိဘူး
    ကိုယ်ချစ်လည်း မရှိဘူး
    လိုက်လည်း လိုက်ဖို့မရှိ
    ပြေးဖို့လဲ မရှိ

    ကန့်လန့်ကြီး …..

    • alinsett

      November 13, 2013 at 7:45 am

      ကိုယ့် ကိုယ် ကို အချစ်ဆုံးမို ့
      ကိုယ် ကို ကိုယ် ပြန်ပေးဖို ့ရီးဇားစာတစ်စောင်လောက်
      ရေးလိုက်ဦးမယ်ဂျာ

      🙂

Leave a Reply