ကကြီးအကြောင်း တတို့နှစ်တို့(၄)-ဆယ့်နှစ်မျိုးဂျင်းသုတ်
ဒီတခါတော့ သူတို့ဆီမှာလည်း မကောင်းတာတွေ တွေ့ပေမယ့်
(မူးလဲနေတာ၊လမ်းပေါ်တံတွေးထွေးသွားတာ၊လမ်းဘေးဈေးဆိုင်တွေပိတ်တာ၊ဈေးတင်ရောင်းတာ…စတာတွေတွေ့မိပေမယ့် အနည်းစုဖြစ်တော့ ကိုယ့်ဆီမှာက အများစုဖြစ်တာလေ)ကောင်းတာ အားကျမိတာလေးတွေပဲ ပြောပြချင်ပါတယ်။
(၁)လေ့လာရေးနဲ့ မျိုးချစ်စိတ်
သူတို့နန်းတော်ကို သွားကြည့်တော့ ကျောင်းသားလေးတွေ အဖွဲ့လိုက်လာလေ့လာကြတယ်။ကျမတို့သွားတာ သောကြာဆိုတော့ ကျောင်းပိတ်ရက်မဟုတ်၊ကျောင်းတွေက စီစဉ်ပြီးလွှတ်တာဖြစ်မယ်။မူကြိုအရွယ်၊မူလတန်းအရွယ်၊အလယ်တန်းအရွယ်၊အထက်တန်းအရွယ် အစုံပါပဲ။အဲဒီကျောင်းသားတွေကို ဝင်ကြေးသက်သက်သာသာခွင့်ပြုသတဲ့။
ကျမတို့ရဲ့ ကျောင်းတွေကကော ကျောင်းသားလေးတွေကို နန်းတော်၊(မန္တလေးဆိုရင်ပေါ့)အမျိုးသားပြတိုက်၊သမိုင်းဝင်ခံတပ်စသည်တွေကို လိုက်ပြပြီး အမျိုးသားရေးစိတ်ဓာတ်တက်ကြွအောင် လုပ်ဖူးကြပါသလား။လုပ်ဖူးခဲ့ရင်လည်း မလုပ်တာ ဘယ်လောက်များကြာကြပါလိမ့်၊နောင်ကိုရော လုပ်သင့်တယ်လို့များမထင်ကြဘူးလား။
သူတို့ဆီမှာ သူတို့ထွက်ကုန်တွေပဲ အများဆုံးသုံးတာတွေ့မိတယ်။ကားဆို ကိုရီးယားထုတ်တွေပဲများတယ်။ဂျပန်ကားဆိုတာအရည်အတွက်နည်းနည်းပဲ တွေ့မိတယ်။
သူတို့ တရုတ်နဲ့ ဂျပန်ကို မုန်းလို့ တရုတ်ပစ္စည်း၊ဂျပန်ပစ္စည်း မသုံးချင်ဘူးထားတော့၊အမေရိကန်ကို အထင်ကြီးကြပေမယ့် မိုဘိုင်းဖုန်းဆိုင်တွေထဲလည်း Apple ကို သွားမိသမျှလမ်းတွေမှာ ရှားရှားပါးပါး ၁ဆိုင်ပဲမြင်မိတယ်။
မိတ်ကပ်ဆိုလည်း သူတို့မိတ်ကပ်က အရည်အသွေးကောင်းပြီး ဈေးချိုပါတယ်လို့ တွင်တွင်ကြော်ငြာတာပဲ။ကိုရီးယားမလေးတွေက သူတို့ကိုရီးယားမိတ်ကပ်ပဲ သုံးကြတယ်လို့ ပြောပါတယ်။
Seoulမြို့ပြင်ထွက်တဲ့လမ်းမှာ US ပိုင်မြေဆိုပြီး မြေတော်တော်ကျယ်ကျယ် အုတ်တံတိုင်းပေါ်စာတပ်ထားတာတွေ့မိတယ်။
မြေပေါ်နေရာပေးထားပေမယ့်၊ ကိုယ်လိုတဲ့ အကူအညီတွေလည်း တဲ့အောင်ပေါင်းပြီးယူပေမယ့် အသည်းနှလုံးထဲတော့ နေရာပေးကြပုံမပေါ်ပါဘူး။
အဖြူနဲ့(သို့)အမည်းနဲ့ စပ်တဲ့ ရုပ်ကလေးတွေ မတွေ့မိလို့ပါ။
သူတို့ဆီမှာ ရိုးရာအဝတ်အစားဝတ်တဲ့သူဆိုတာ သက်သက် အလှဝတ်ပြတာပဲ တွေ့တော့တယ်။တောဖက်တွေမှာတော့ ရှိချင်ရှိမှာပေါ့။
ဒါပေမယ့် အပေါ်ယံ အဆင်အပြင်ထက် အသည်းထဲမှာ ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကို ချစ်အောင် ကလေးငယ်ငယ်ကတည်းက သင်ပေးကြဖို့ စဉ်းစားသင့်ပါပြီ။
(၂)အမှိုက်ရှိတာ ရှက်စရာ
(၃)Customer စားသုံးသူပေါ် တာဝန်ကျေ
(၄)ကင်းထောက် သို့မဟုတ် ကူညီပါရစေ နဲ့ ဘာသာစကားလေ့ကျင့်ရေး
(၅)ခံတွင်းကျန်းမာရေး အလေးပေးသင်ထားပါသလား
ကျမတို့သွားတဲ့ သင်တန်းရုံးမှာ နေ့လည်စာစားပြီးချိန်တိုင်း အမျိုးသမီးအိမ်သာခန်းထဲက လက်ဆေးကြွေခွက်မှာ သွားတိုက်နေကြတဲ့ ကိုရီးယားမလေးတွေ တွေ့ခဲ့ရတယ်။
မျက်နှာလေးလှရုံသာမက သွားနဲ့ ခံတွင်းပါ သန့်ရှင်းကျန်းမာမှ အလှစစ်ဆိုတာကို သူတို့လေးတွေ ကောင်းကောင်း နားလည်ပုံပေါ်ပါတယ်။
ကျောင်းတွေက လေ့ကျင့်သင်ကြားပေးလိုက်တာလို့ ထင်ပါတယ်။(ဓာတ်ပုံတော့ ရိုက်ရမှာ အားနာလို့ မရိုက်ခဲ့ရဘူး)
(၆)ပလက်ဖောင်း ဆိုတာ
(၇)အာတီဒုံဆို မျဉ်းကျားမပါမပြီး
လူတွေကလည်း မျဉ်းကြားမှာ လူကူးမီးလေး စိမ်းမှ ဖြတ်ကူးကြပါတယ်။
မျဉ်းကြားတွေကလည်း တခုတခု မဝေးဘဲ လမ်းထိပ်တိုင်းမှာလည်းရှိနေတော့ မျဉ်းကြားရောက်အောင် သွားဖို့ ဝန်မလေးတော့ဘူးပေါ့။
ကားတွေကလည်း ဖြည်းဖြည်းပဲ မောင်းကြတာဖြစ်ပြီး မျဉ်းကြားမှာ ရပ်ပေးဖို့ ဝန်မလေးကြသလို အထူးတလည် အရှိန်လျှော့မနေရပါဘူး။
(၈)မြို့တော် စည်ပင်လှပရေး
(၉) အန္တရာယ်ကိုကြိုတင်ကာကွယ်ထားတဲ့ ဆောက်လုပ်ရေး(Safety First)
(၁၀)ဟိုင်းဝေး(အဝေးပြေးလမ်း)ဆိုတာ
(၁၁)ဒို့လည်း မော်တော်ဆိုင်ကယ်စီးချင်တယ်(သဘောင်္သီးလေး အီးတီကို သတိရမိသေးတယ်)
မော်တော်ဆိုင်ကယ်ဟာ မြန်ကောင်းသက်သာလေးပါ။
ရန်ကုန်မှာ ဘာကြောင့်များ ခုထိ ပေးမစီးပါလိမ့်။
(၁၂)ဆန္ဒပြ
ကဲ…ခရီးလေး တခေါက်ထွက်ပါတယ်။မျက်စိနောက်အောင် မလှမပပုံတွေပဲ ရိုက်လာတယ်။
နားညည်းအောင်လည်း ဗျစ်တောက် ဗျစ်တောက်ပြောတယ်။
နည်းနည်းသိတာကို တတ်ယောင်ကားလုပ်ပြီး များများပြောတတ်တယ်။
ဒီအဖွားကြီး နောက်ထပ် ဘယ်ကိုမှ မသွားမိပါစေနဲ့လို့သာ ဆုတောင်းကြပေတော့။
20 comments
KZ
November 12, 2013 at 10:29 am
မိုက်တယ်ကွာ။
ခွဲခွဲ ရေးပြသွားတာ၊။
ကျန်တာတွေ မပြင်နိုင်ခင် စိတ်ဓာတ်လေးတွေ အရင်ပြင်ရရင်ကောင်းမယ်၊.
ကိုယ့်စိတ်ဓာတ်ကို ပြင်ဖို့တော့ အစိုးရကို အားကိုးစရာမလိုဘူးလေနော့။
😀
TNA
November 12, 2013 at 10:43 am
အင်းဒါတွေကတော့ အားကျနေရတာပါပဲအန်တီဒုံရေ။ ဒီမှာတော့ ပြင်ရမှာတွေအများကြီး မူလတန်းကျောင်းတွေကကလေးတွေစိတ်ဓါတ်ကနေစပြင်မှ နောင်မျိုးဆက်တခုနှစ်ခုကျမှ အသားကျတော့ မယ်ထင်ပါ့။
padonmar
November 13, 2013 at 6:36 am
ကေဇီ နဲ့ မွသဲရေ
အတူခရီးသွားတဲ့ မြန်မာတွေနဲ့ လိုက်ပို့တဲ့ ကိုရီးယားကတော့ ထင်မယ်။
ဒီအဖွားကြီး ဓာတ်ပုံရိုက်တာ ဘာတွေ လျှောက်ရိုက်နေမှန်းမသိဘူးလို့။
တောသားမြို့ရောက် ကျီးကန်းတောင်းမှောက် ဖြစ်နေတယ်ထင်ပါရဲ့။
အဲဒီ ကလေးလေးတွေ ပုံတွေမှ အများကြီးရိုက်လာတာ၊
သဘောကျလွန်းလို့။
kyeemite
November 12, 2013 at 11:19 am
ကကြီး မရောက်ဖူးလို့ ကကြီးအကြောင်းပုံလေးတွေနဲ့တကွဖတ်ရတာ အာတီဒုံကိုကျေးဇူးတင်ပါ၏
…ဓါတ်ပုံတွေလည်းကြည်ပြီးရှင်းနေတာပဲ….
…“မော်တော်ဆိုင်ကယ်ဟာ မြန်ကောင်းသက်သာလေးပါ။
ရန်ကုန်မှာ ဘာကြောင့်များ ခုထိ ပေးမစီးပါလိမ့်။”
…အောင်မြတ်လေး..အာတီဒုံရေ.. မော်တော်ဆိုင်ကယ် ပေးမစီးတာတောင် လမ်းတွေဒီလောက်ပိတ်နေတာ.. စည်းကမ်းကလည်းမရှိကြတာနဲ့…ဆိုင်ကယ်များခွင့်ပြုရင်..ဒွတ်ခပဲ
..မန်းလေးသွားကြည့်ပါလားအာတီဒုံ…ဆောင်းတွင်းကြီးမှာကားမောင်းရင်း ချွေးပါပြန်တယ်..
.. 😀
KZ
November 12, 2013 at 11:24 am
ဘာပေါဒါရဲ မိုက်မိုက်။
အနော်တို့မှာ ကားမဝယ်နိုင်လို့ ဆိုင်ကယ်လေး စီးရတာကို မြို့ဂျီးသားတွေကနှိမ်တာလားးး
ရန်ကုန်မှာ ဆိုင်ကယ်တွေ ပေါများလာပါဇီတော်!!!
padonmar
November 13, 2013 at 6:51 am
ဦးမိုက်
သူများနိုင်ငံတွေမှာလည်း ကားကျပ်တဲ့ Traffic ဆိုတာ ရှိတာပဲ။
ဒါပေမယ့် သူတို့ traffic က ကားများလွန်းလို့ အလှည့်စောင့် ဖြည်းဖြည်းသွားရတာ။
ဒီမှာလို ခေါင်းချင်းဆိုင် လှုပ်မရလို့ လုံးဝမရွေ့တော့တာ မဟုတ်။
ကားကြပ်လို့ အချိန်တွက်ပြီး စောသွားတာမျိုးက လုပ်လို့ရတယ်။
လှုပ်မရအောင် ကားချင်းချိတ်နေတာမျိုးက ဘယ်လိုမှ မျှော်မှန်း အချိန်ပိုယူလို့မရဘူး။
ဒါ စည်းကမ်းမရှိတာ၊လောဘကြီးကြတာ၊ကိုယ့်တဘို့တည်းကြည့်ကြတာ၊
အဲဒါတွေကို ပျောက်အောင် ဥပဒေနဲ့ထိန်း၊အသိစိတ်ဝင်အောင် ပညာပေးမလုပ်ပဲ
မဆီမဆိုင် မော်တော်ဆိုင်ကယ်မစီးရ လုပ်တာဟာ
ဖိနပ်ဆိုက်သေးနေတာကို တော်အောင် ဖနောင့်ဖြတ်သလိုပဲ။
အရင်က ကျမတို့ ရုံးမှာ ဝန်ထမ်းတွေကို ဆိုင်ကယ် တစီးစီပေးထားတယ်။
သူအိမ်က ရုံးလာတက်လည်း အဆင်ပြေတယ်။
ရုံးကိစ္စတွေသွားလုပ်လည်း အဆင်ပြေတယ်။
အိမ်မှာ ရုံးမှာရောက်ရင် အခန်းထဲ မသွင်းထားလို့လည်း လွယ်တယ်။
လမ်းပေါ်ရှုပ်မနေဘူး။
လူ ၁ယောက် ၂ယောက်တည်းသွားချင်တဲ့ ခရီးတွက် အကောင်းဆုံးယာဉ်ပဲ။
အခုတော့ ကားလည်း မပေးထားနိုင်ဘူး။
ပေးထားလည်း ကားကြပ်တာနဲ့၊ကားထားဖို့ ခက်တာနဲ့ ပိုဆိုးတယ်။
တက်စီခကလည်း မသက်သာဘူး။
ဘတ်စကားစီးလည်း အချိန်ဖင့်တယ်။
စဉ်းစားကြစေလိုပါတယ်။
kai
November 12, 2013 at 1:07 pm
အဲဒီအကာဟာ.. အမှတ်မမှားရင်.. အသံကိုစုပ်ယူဖြေဖျောက်တာတွေလည်းလုပ်တဲ့.. စပယ်ရှယ်အကာတွေပါ..။
ဟိုင်းဝေးလမ်းဟာ.. ကားတွေတောက်လျှောက်ဖြတ်မောင်းနေသမို့.. အနီးအနားက လူနေအိ်မ်တွေအတွက်…အင်မတန်ဆူစေ..အနှောက်အယှက်ဖြစ်စေတာမို့ဖြစ်ပါတယ်….။
အဲဒါကြောင့်.. အဲလိုလုပ်တယ်လို့.. မှတ်ဖူးတယ်..
ဂျပန်မှာဆို.. ကားမီးခိုး.. မကောင်းတဲ့ဓါတ်တွေ..စုပ်ယူမယ့်အပင်မျိုးတွေလည်း.. ကားလမ်းဘေးတွေမှာ..တန်းစီစိုက်လေ့ရှိတယ်..။
ယူအက်စ်လည်း ဒီအတိုင်းပါပဲ..။
ယူအက်စ်ဖရီးဝေးလမ်းဘေးက..အသံကာတံတိုင်းကြီးတွေဆို တော်တော်မြင့်သေး..။
အဲဒီအတွက်…အစိုးရက..ဘီလီယန်ချီအကုန်ခံတာပဲ…။
မြန်မာပြည်အတွက်.. သတိထားမိစရာဖြစ်အောင်ပြောတာပါ..။
တိုင်းပြည်တိုးတက်လာရင်… ရထားလမ်း..ကားလမ်းဘေးကပ်ရက်ကအိမ်တွေ.. ဈေးကျရလိ်မ့်မယ်…။
San Hla Gyi
November 12, 2013 at 9:39 pm
ဒီတခါတော့ ဒေါက်တာပဒုမ္မာရဲ့ ပို့စ်ကို အတည်မန့်ရရင် မျိုးချစ်စိတ်ဟာ ငယ်ငယ်ကတည်းက ရိုက်သွင်းထားတာ အကောင်းဆုံးပဲ ဆိုတာ သိပ်မှန်တယ်လို့ ပြောချင်တယ်။ မျိုးချစ်စိတ်တင် မဟုတ်ဘူး။ ဘာသာရေးလည်း ဒီအတိုင်းပဲ။ အဲဒီလိုသာ တကယ် လုပ်နိုင်ရင် အမျိုးစောင့် ဥပဒေတို့ ဘာတို့ဆိုတာ လုံးဝကို မလိုဘူး။ နည်းနည်းကြီးမှ ဆိုရင်တော့ မစဉ်းစားနဲ့တော့။ သိပ်အရိုးရင့်သွားပြီ။ မရတော့ဘူး။
အခု ကိုရီးယားလုပ်ပုံမျိုး လေ့လာရေးတွေ ဘာတွေ လွှတ်ဖို့ ဆိုတာတော့ မြန်မာကျောင်းတွေရဲ့ ပညာရေး ဘတ်ဂျက်ရယ် ဆရာကျောင်းသား အချိုးရယ်ကြောင့် လုပ်နိုင်မှာ မဟုတ်သေးဘူး။ အမှန်တော့ ကျနော့် အကြိုက်ဆိုရင် ကလေးဘဝမှာ သင်မှန်းမသိ သင်ပေးတဲ့နည်းက အကောင်းဆုံးပဲ။ ဘယ်လိုနည်းလည်း ဆိုတော့ ကလေးရဲ့ လက်ဦးဆရာတွေက ပုံပြင်ပြောတဲ့နည်းပဲ။ ဒါပေမယ့် အဲဒီနည်းလည်း လက်ရှိမိဘနေရာ ရောက်နေတဲ့ အသက် ၃ဝ နဲ့ ၄ဝ ပတ်ဝန်းကျင်တွေက လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ မိဘတွေ ကိုယ်တိုင်က စီကာပတ်ကုံး ပြောပြဖို့ နေနေသာသာ ကိုယ်တိုင်တောင် သေသေချာချာ မသိဘူး။ ဒီတော့ သူများဘာသာနဲ့ ယှဉ်လိုက်ရင် ခံပေဦးတော့ပေါ့။ အခြေခံလောက် ဆိုရင်ပဲ တော်တော် ဟုတ်နေပါပြီ။
ငယ်ငယ်ကတည်းက အသည်းထဲဝင်အောင် လုပ်ထားတာက သိပ်ခိုင်တယ်။ နောက်ပြီး ဖွဲမီးလို တငွေ့ငွေ့ လောင်နေတတ်တာမျိုး။ ဟုတ်ကနဲ ထတောက်တာမျိုး မဟုတ်ဘူး။ ပြီးတော့ သိပ်ပြီး အစွန်းတဘက်ကို ရောက်မသွားအောင်လည်း အလိုလို ထိန်းပြီးသားဖြစ်တယ်။
padonmar
November 13, 2013 at 11:14 pm
ကိုစံလှကြီးရေ
တန်ဖိုးရှိတဲ့ ကွန်မန့်လေးတွက် ကျေးဇူးပါ။
အိုးမဖုတ်ခင်၊အိုးလုပ်စဉ်ဝယ်၊
အိုးတွင်ခတ်နှိပ်၊မှတ်တံဆိပ်ကား၊
မပြတ်မစဲ၊အိုးပင်ကွဲလည်း၊
အမြဲတစေ၊တည်ရှိနေသို့၊
ထွေထွေသွေးသား၊ကလေးများ၌၊
ဘုရားတံဆိပ်၊ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊သက်ဆုံးကျအောင်၊
ဗုဒ္ဓဝါဒီ၊စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်စေသတည်း။
ဒါက ဘာသာရေးနဲ့ပတ်သက်လို့ ရေးထားတဲ့ကဗျာ၊
လူ့ကျင့်ဝတ်နဲ့ပတ်သက်လို့လည်း ဒီတိုင်းပါပဲ။
တနေ့ ပြည်လမ်းပေါ် မကြီးကြီးလမ်းထိပ်နားဖြတ်သွားတုံး လမ်းလယ်မှာ စိုက်ထားတဲ့ ပန်းတင်ခုံတွေကြားထဲ လူဖြတ်မှာစိုးလို့ ကာထားတဲ့ ၁ပေခွဲလောက် အမြင့်ပန်းအိုးနဲ့ စက္ကူပန်းပင်ကို မူကြိုကလေးလေး လက်ဆွဲပြီး အတင်းကျော်ခိုင်းနေတဲ့ အမျိုးသမီးကြည့်ပြီး ကားပေါ်ကတောင် ဆင်းရိုက်ချင်မိတော့တယ်။
……….
ကလေးငယ်တွေ လေ့လာရေးထွက်တာ ကျမတို့ အကိုတွေခေတ်က လုပ်ခဲ့ကြပါတယ်။ဘတ်ဂျက်မလိုပါဘူး။
စေတနာနဲ့ တာဝန်ယူပေးမယ့် ဆရာဆရာမပဲလိုပါတယ်။
မိဘတွေက ဘက်စုံထူးချွန်ပြိုင်ပွဲတွေတောင် ငွေအကုန်ခံလိုက်တတ်ကြပါတယ်။
ပုဂ္ဂလိကကျောင်းတွေကတော့ စင်္ကာပူတောင် လေ့လာရေးလိုက်ပို့တာကြားမိတယ်။
ကျမ ကိုထွန်းဝင်းလတ်ရဲ့ ပညာရေးအလှူပို့စ်လေးမှာ ဆရာချစ်ဦးညိုရေးတဲ့ သူတို့ဆရာမကြီးကျောင်းအကြောင်းထဲ ဆရာမကြီးက ဥပုသ်နေ့ကျောင်းပိတ်တိုင်း ကလေးတွေကို မန္တလေး ပတ်လည် လေ့လာရေးထွက်ပေးတဲ့ အကြောင်းပါပါတယ်။ပြန်မရှာတတ်တော့လို့။
တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ပါတယ်။
ိ
San Hla Gyi
November 14, 2013 at 8:09 pm
အမှန်ပဲ ဒေါက်တာကြီးရေ ကလေးတွေကို ငယ်ငယ်ကတည်းက လေ့ကျင့်ဖို့ လိုတယ်ဆိုတာ ကျနော့်ကိုယ်တွေ့ပဲ။ ခရစ်ယာန်တွေနဲ့ ဗုဒ္ဓဘာသာတွေ ကွာသွားတာ အဲဒီလေ့ကျင့်ပေးပုံချင်း ကွာသွားတာ။ ကျောင်းမှာသင်တာလည်း ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါက သင်မှန်း သိသိသာသာကြီး ဖြစ်နေတယ်။ အမှန်တော့ ကလေးအရွယ်ဆိုတာ သင်မှန်းမသိ သင်ရတာ။
ဘာလို့လည်းဆိုတော့ ကျနော်ကိုယ်တိုင် ဘာသာရေးနဲ့ ပက်သက်ရင် အဲဒီလို သင်ကြား လေ့ကျင့်ပေးမှုမျိုး ရခဲ့တယ်လို့ ထင်မိတယ်။ တခါတလေတော့ တွေးမိသား ငါဒီလို အတွေးအခေါ်ရှိတာ ငယ်ငယ်တုန်းက ထရိန်နင်လား မသိဘူး ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အခုကျတော့ ကိုယ်တိုင်က မြတ်မြတ်နိုးနိုးနဲ့ ကြိုက်တာ ဖြစ်သွားပြီ။ မကျင့်ကြံနိုင်သေးရင်တောင် အတော် ကြည်ညိုမိတယ်။
ကျနော်ဆို ငယ်ငယ်တုန်းက အများဆုံး ထိန်းခဲ့တာက အဘိုးဗျ။ အမေ့ရဲ့ အဖေပေါ့။ ကျနော့်အဘိုးက အတော်လေး စကားပြောကောင်းတယ်။ ဟိုတုန်းက လူကြီးဆိုတော့ ဘုရားကျောင်းကန်နဲ့ နီးတော့ ဘာသာရေး ဗဟုသုတလည်း တော်တော်လေး ရှိတယ် ဆိုပါတော့။ အဲဒါ သူက ကျနော့်ကို ညအိပ်ရာဝင် ပုံပြင်အနေနဲ့ အောင်ခြင်းရှစ်ပါးတို့ ထင်းခွေသမား သားအဖအကြောင်းတို့ သုစိလောမ ခရလောမဘီလူးတွေကို မြတ်စွာဘုရားက ချွတ်တော်မူပုံတို့ကို ပြောပြပြီး ဟန်ပါပါနဲ့ အိုက်တင်ပါ လုပ်ပြသေးတာ။ ကျနော်ဆို ဒီနေ့အထိ ပြန်တွေးလိုက်ရင် မျက်စိထဲမှာ ရုပ်ရှင်ပြသလို ပြန်မြင်နေသေးတာ။ အဲဒီလောက် ငယ်တုန်းက အကြောင်းကို မှတ်မိသလားဆိုရင် ကောင်းကောင်း မှတ်မိတယ်လို့ပဲ ပြောနိုင်တယ် ဆရာမရေ။
ဘယ်လောက်အထိ စိတ်ထဲမှာ အဲဒီတုန်းက စွဲလမ်းခဲ့သလည်းဆို အဘိုးက အာဠာဝကဘီလူးကြီးကို ချွတ်ခန်း ပြောပြရင် ကျနော့်မှာ ငေးပြီး နားထောင်နေရတာ။ အမယ် သူကလည်း ဟန်ပါပါနဲ့ ဘီလူးကြီးက ဒေါသထွက်ပြီး ငါဟဲ့ အာဠာဝကလို့ အော်ပြီး ဒီလို တောင်ပေါ်ကို ခုန်ချပြီး မြတ်စွာဘုရားကို လက်နက်ကြီးတွေနဲ့ တိုက်တာပဲလို့ ပြောရင် ကျနော့်မှာ ဘီလူးကြီးပုံစံကို စဉ်းစားပြီး သဘောတွေ ကျလိုက်ရတာ။ ကလေးမို့ မကြောက်ဘူးလားလို့ မေးရင် ပြောတဲ့အဘိုးက စပြောကတည်းက မြတ်စွာဘုရားရှင်ဟာ အာဠာဝကကို ချွတ်ဖို့ ဗိမာန်ထဲမှာ ထိုင်နေတာ ကြောက်စရာ မလိုတော့ဘူးဆိုပြီး စပြောထားတာ။ အဲဒီတုန်းက အောင်ခြင်းရှစ်ပါးကို ဘယ်လောက်တောင် စွဲလမ်းခဲ့သလည်းဆိုရင် အဘိုးက ကျနော့်ကို ဘာကစားစရာ လိုချင်သလည်းဆိုတော့ ကျနော်က ဘီလူးရုပ် လိုချင်တယ်လို့ ပြောခဲ့တာ။ ကျန်တဲ့ မောင်နှမတွေက ကားတို့ သေနတ်တို့ တောင်းတဲ့အချိန် ကိုယ်က ဘီလူးလိုချင်တယ် တောင်းလို့ အဘက ခက်ခက်ခဲခဲနဲ့ ရွှေတိဂုံဘုရားစောင်းတန်းက ဘီလူးခေါင်းရုပ်ကို ကိုယ့်အတွက် လိုက်ရှာပြီး ဝယ်လာခဲ့တာ။ ဘီလူးရုပ်က ကျနော် သေသေချာချာ မှတ်မိတယ်။ သစ်ကနက်သားနဲ့ ထုထားပြီး နှစ်လက်မလောက်ရှိတဲ့ စာရွက်တွေ ဘာတွေ ဖိရအောင်သုံးတဲ့ ဟာမျိုး အစွယ်ကို ပြူးနေတာပဲ။ အဲဒါကို ကိုယ့်မှာ မှန်ဘီရိုထဲ ထည့်ထားပြီး သဘောတွေ ကျနေတာ။
နောက်တော့ ဘွားအေက ကြောက်လို့ဆိုပြီး ကိုယ့်အလစ်မှာ ပွဲနဲ့ သွားစွန့်လိုက်တယ်လို့ ပြောတယ်။ နောက် အရွယ်ရောက်လာတော့ ဘာသာရေးနဲ့ ပက်သက်လို့ စာဖတ်လိုက်တာနဲ့ သူများထက် ပိုနားလည်တယ်လို့ ခံစားမိတယ်။ ကြည်ညိုစိတ်လည်း ချက်ချင်း ဖြစ်လာတယ်။ အခြေခံနည်းနည်း ရှိထားခဲ့လို့ပေါ့။
Ma Ma
November 13, 2013 at 8:11 am
တောသားမြို့ရောက်ဆိုတာထက်ကို လူ့ပြည်နဲ့ နတ်ပြည် ကွာသလိုပဲ။
ပုုံတွေကြည့်ပြီး အားငယ်စိတ်တောင်ဝင်မိတယ်။
ဘယ်တော့များမှ……… 🙁
padonmar
November 13, 2013 at 11:18 pm
ချစ်မရေ
ရောမမြို့ကြီးကိုရောက်ဖို့ ခြေတလှမ်းကစရမယ်တဲ့။
သူများကို ပြင်စေချင် ကိုယ့်ကိုကိုယ် အရင်ပြင်တဲ့။
ကိုယ်တိုင် စည်းကမ်းရှိသော ပြည်သူဖြစ်အောင် နေကြရအောင်။
အရီးခင်
November 13, 2013 at 5:21 pm
တို့အစ်မ ကကြီး ရောက်နေပြီလား။
အပြင်က လူငယ်လေး တွေကရော ဇာတ်လမ်းတွေထဲက မင်းသား မင်းသမီး တွေ လိုဘဲလား သိချင်သား။
လမ်းတွေက ရှင်းသန့်နေတာဘဲ။
ကားကျပ်တဲ့ Traffic ကတော့ ဒီမှာလဲ ဆိုးပါ့။
ဒါပေမဲ့ စည်းကမ်း နဲ့ တဖြေးဖြေး ရွေ့တော့ သွားပျော်သေးတာပါ့။
padonmar
November 13, 2013 at 11:22 pm
ချစ်သောမလတ်
ကကြီးရောက်တာ ၅ရက်ထဲ၊ပြန်ရောက်နေတာကြာပေါ့။
ရေးလိုက်တာ ၅ပုဒ်ပြည့်တော့မယ်။
မနည်းဘရိတ်အုပ်နေရတယ်။
နည်းနည်းသိ များများပြောတဲ့လူမျိုး ဝေးဝေးရှောင်ကြပါဗျို့။
လူငယ်လေးတွေက ကိုရီးယားကားတွေထဲကလိုလား မေးရင် ဟုတ်သလိုပဲလို့ပြောရမှာပဲ။
ကကြီးမလေးတွေက အလုပ်လုပ် ပိုက်ဆံစုပြီး ပလပ်စတစ်ဆာဂျရီလုပ်ကြတယ်တဲ့၊ဒါကြောင့် ပညာတတ် အလုပ်ရှိရင် နှာခေါင်းလေးတွေ ချွန်မြပြီး လှနေကြတာပဲ။
သိပ်ပိုက်ဆံမတတ်နိုင်ကြသေးတဲ့သူတွေကတော့ နှာခေါင်းပြားလေး မျက်စိမှေးလေးတွေ၊ဒါလည်းချစ်ဖို့ကောင်းပါတယ်။
အသားအရေလှကြတာကိုး။ဖြူနှစ်နေတာပဲ။
မိတ်ကပ်လည်း လိမ်းကြတယ်။
အတွဲတွေတွေ့ပေမယ့် ဣန္ဒြေပျက်တာမတွေ့ဘူး။
alinsett
November 14, 2013 at 10:25 pm
ဒီ အပိုင်းလေးလည်း ဖတ်ပြီးတာနဲ ့
သူငယ်ချင်းကို ပြဖို ့ကော်ပီယူလိုက်တယ်
🙂
နုနုရည် ဆိုတဲ့ဆရာမလား သေချာမမှတ်မိ
သူစိမ်းတွေကြားမှာ ဆိုတဲ့နာမည်နဲ့
ကကြီးတွေ အကြောင်းး
ရွှေအမြုတေမှာ အခန်းဆက် ရေးပြတုန်းကလိုပဲ
စိတ်ဝင်တစား စောင့်ဖတ်နေမိတယ် အန်တီရေ
ဝင့်ပြုံးမြင့်
November 15, 2013 at 7:46 pm
မြင်လည်း မြင်တတ်ပါပေ့ အန်တီမာရေ။ နည်းနည်းသိ များများပြောတဲ့လူ မဟုတ်ပါဘူးနော်။ အမြင်စူးရှတာ အံ့ဩစရာတောင်ကောင်းတယ်။ အထပ်မြင့်လှေကားမှာ ပိုက်ခံထားတာတောင် မြင်တတ်တယ်။
ဦးဦးပါလေရာ
November 16, 2013 at 11:26 am
ဆိုင်ကယ်စီးခွင့်မပြုခင်တော့
တရားဥပဒေစိုးမိုးဘို့လေး အရင်လုပ်စေချင်ပါတယ် အာတီဒုံရေ
ဒီလောက် လုယက်ခိုးဆိုး လုပ်ချင်ရာလုပ်နေတဲ့ မြို့ကြီးမှာ
သူခိုး ဂျပိုး ဓမြ လူမိုက်တွေ ဆိုင်ကယ်အုပ်စုကြီးတွေနဲ့ သောင်းကျန်းမှာကိုဖြင့်
မမြင်ဝံ့ မတွေးဝံ့ပါကြောင်း…….
((ကျုပ်ကိုယ်တိုင် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်နီးပါး ဆိုင်ကယ်စီးခွင့်ရှိတုန်းက လူဆိုး လူမိုက်တွေ ဆိုင်ကယ်အုပ်စုနဲ့ လိုက်နှောက်ယှက် အနိုင်ကျင့် ပြသနာရှာတာ သုံးလေးကြိမ်မက ခံရဘူးပါတယ်။ အခုရန်ကုန်အခြေအနေဟာ ၁၉၉၇-၁၉၉၈ တုန်းကထက် လေးငါးဆ ပိုဆိုးနေပါပြီ..))
Swal Taw Ywet
November 21, 2013 at 2:01 pm
ကကြီးပို့တွေ အားလုံး ကူးထားလိုက်ပါတယ်ခင်ဗျာ။
စည်းကမ်းရှိဘို့ က အဓိကပါဘဲ။
လက်ရှိ မြန်မာနိုင်ငံအနေနဲ့တော့……..အ ဝေးးးးးးးကြီး။
BTW, Let’s try our best for our mother land.
With respect,
Swal Taw Ywet.
Mr. MarGa
November 21, 2013 at 3:00 pm
ရွာထဲမှာ
လော့အင်မဝင်ဘဲ တိတ်တိတ်လေးပဲ ဝင်ဖတ်နေတာ
ဒေါ်လေးပို့စ်ကို ဖတ်ပြီးတော့ မမန့်ရ မနေနိုင် ဖြစ်သွားတာမို့ ဝင်ပြောပါရစေ။
မန်းသား ကျွန်တော် အခုထိ နန်းတော်ထဲကို ရောက်တဲ့ အခေါက်ရေက လက်ချိုးရေလို့ ရပါတယ်။
ငယ်ငယ်က လေ့လာရေးခရီး ထွက်ပေးတယ် ဆိုတာကို ကြားခဲ့ မှတ်ခဲ့ဖူးပါတယ်။
ကိုယ်တွေ့တော့ မတွေ့ခဲ့ရတာ အမှန်ပါ။
နန်းတော်ထဲကို ဝင်မယ် ဆိုရင်
လုံ ခြုံ ရေး အရ
တစ်ခုခု ထားခဲ့ရတယ်ဗျ။
လိုင်စင်၊ မှတ်ပုံတင်၊ ကျောင်းသားကဒ် ပေါ့။
ချွင်းချက်အနေနဲ့ အမှတ်(၁၈) ကျောင်းသားများတော့ ဒီအတိုင်း ဝင်နိုင်ပါတယ် (ကျောင်းတက်ရတာမို့)
အဲ….ကျောင်းက တကူးတက စီစဉ်မပေးလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားမယ် ဆိုပြန်ရင်လည်း
ဝင်ကြေးကောက်ရင်သာ ပေးပြီး ဝင်ကြဖို့ ဝန်မလေးတာ၊ တစ်ခုခု ထားခဲ့ရမယ် ဆိုပြန်တော့ မထားချင်တဲ့သူက အများသားကိုး
ဒိလို နဲ့ ဒီလို နဲ့
မျိုးချစ်စိတ် ထက်သန်ရေး ဝေးခဲ့ရသပေါ့
(ပြောရရင်လည်း မကောင်းဘူး စစ်ဆေးရေးတွေက လည်ရင်တစ်မျိုး မလည်ရင်တစ်မျိုးတွေရယ်)
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ် ဖြစ်ပါတယ်။
ဒါပေမင့် ကြားမှာ ကဖျက် ယဖျက်တွေကိုတော့ လှည့်လို့ ပတ်လို့ ရှောင်ရလိမ့်မယ်။
တစ်ချိန်မှာ နိုင်ငံကို ခေါင်းဆောင်မယ့် နောက်လာမယ့် မျိုးဆက်သစ်တွေအတွက်
အောက်ခြေ ပညာရေးစနစ်ကနေ စမှ ရမယ်ဗျာ
ကျွန်တော်တို့ လက်ထက်ကနေ စ လုပ်မှ
နောင်မျိုးဆက်တွေ ကို လက်ဆင့်ကမ်းနိုင်မှာမို့
လုပ်နိုင်မယ့် နေရာကနေ အခု စကြစို့လားဗျာ
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 7:58 pm
ဆန်ကာတင်ပို့စ်အားလုံးတညတည်းထိုင်ဖတ်ပြီး နောက်ဆုံးမှဖတ်ဖြစ်တဲ့ပို့စ်ပဲ
ကိုယ်သဘောကျတဲ့ကကြီးတွေမို့ လက်မှလည်းထောင်သွားပါတယ်။
ဘယ်သူတွေဘာကဲ့ရဲ့ ကဲ့ရဲ့ ကိုယ်ကြိုက်ချင်ရာကြိုက်မှာပဲ
😀
၁၂၃ ကိုလည်းဝင်ဖတ်လိုက်ဦးမယ်အန်တီရေ…နိုင်ငံရပ်ခြားသွားလည်နိုင်သူတိုင်းကို အားကျမဆုံးပါဘူး(စိတ်ရင်းနဲ့ပြောတာပါ..ကိုယ်မှမသွားနိုင်တာ 😀 )