ပြောပြချင်လွန်းလို ့ပါ. . .အံဇာဒုံးရယ်. . .
ညီလေးးး ။ အံဇာဒုံး ရေ. . .။
မင်းဖတ်ဖူးမလားတော့မသိဘူး ။
ဆရာ တာရာမင်းဝေ ရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ် ရှိတယ် ။
အဲဒီ ဝတ္ထုတိုထဲမှာ . . .
ဗန်ဂိုးရဲ ့အားလူးစားသူများ ပန်းချီကားထဲက ဆာလောင်နေတဲ့ မျက်လုံးတွေ
ကိုယ်တို ့ ပတ်ဝန်းကျင်က လူတချို ့ဆီမှာ
ရောက်နေပုံလေး ရေးပြထားတယ်လေ ။
သူ ့ဝတ္ထုထဲက တည်နေရာကတော့ ဘတ်စ်ကားတစ်စီးပေါ်မှာ ပေါ့ ။
(မော်ဒန်ဆန်ဆန် ရေးထားတော့ ကိုယ့်ရင်ထဲမှာ အခုထိရှိနေသေးတဲ့ စာပေလက်ရာ တစ်ခုပေါ့ကွာ ။ )
ဝတ္ထုတိုလေးရဲ ့အမည်က “အားလူးကောက်သူများ ”တဲ့ ။
( ဖတ်ချင်တဲ့သူများ….တာရာမင်းဝေ / မြင်းစီးထွက်သော အိပ်မက်များ ဝတ္ထုတိုစုစည်းမှု စာအုပ်/ စာမျက်နှာ – 117 မှ 125 ထိ / ဖတ်နိုင်ပါတယ် ။
စာအုပ်ရှာ ရခက်ရင်.. ကျွန်တော့်ဆီမှာ. လာဖတ်နိုင်ပါတယ်.. ။ လာဖတ်မယ်ဆိုရင်. မုန့်တွေ ဝယ်လာခဲ့ပါ )
:kwi:
အဲဒီ ဝတ္ထုလေးကို ပြန် သတိရသွားစေတဲ့
အဖြစ်အပျက်တွေကို . . .
ဟိုတနေ့က . . .
ကိုယ် ကြုံခဲ့ရတယ် ။
အဲဒါလေး. . . .
ပြောပြချင်လွန်းလို့ပါ အံဇာဒုံးရယ် . . .
________________________________
အဲဒီနေ့က . . .
ကျောက်တန်း – ကျိုက်မှော်ဝန်း ရေလယ်ဘုရားကို သွားတာ . . .။
ဘုရားနားမှာ ကြုံရသမျှက စိတ်ရှုပ်စရာပါပဲ အံဇာရယ် ။
ဘုရားပန်းတွေ . . .ငါးစာတွေ . . .
ဖယောင်းတိုင် အမွှေးတိုင်တွေ . . .
ဒဂွန်တွေ ကုတ်ကားတွေ . . .
ရောင်းတဲ့ ဈေးသည်တွေ ကြောင့်လည်း ပါတယ် ။
ငါးစာ ဝယ်တာ. . .
ဘုရားပန်းတွေရော
အမွှေးတိုင်တွေ ဖယောက်းတိုင်တွေ ဒဂွန်တွေပါ လက်ထဲကို အတင်း
လာ ထိုးထည့်ကြတာ . . .
မဝယ်သေးပါဘူး ဆိုတဲ့ ကိုယ့်စကားကိုတောင် တောက်ဂရု မစိုက်ပဲ . . .
အတင်းအဓမ္မကို လက်ထဲ ဝိုင်းထိုးထည့်နေကြတာဟ ။
တစ်ယောက်ချင်း လာရောင်းတာလည်း မဟုတ်ဘူး ။ လေးငါးခြောက်ယောက်လောက်က ဝိုင်းအုံပြီး . . . .
အလုအယက် နဲ ့တကောက်ကောက် လိုက်ရောင်းတာ ။
သူတို ့ကို ဘယ်လိုမှ ရှောင်လို ့မရဘူး။
သူတို့အချင်းချင်းလည်း သူ ့ထက်ငါ ဦးအောင် လုယက်ရောင်းနေတော့ ဘုရားဖူးလာသူတွေ အနေနဲ ့ ဓါးပြပဲ အတိုက်ခံရသလိုလို . . . .
အနုကြမ်းပဲ အစီးခံရသလိုလိုကို ဖြစ်ရော ။
တကယ်တမ်းလည်း သူတို ့က ဘုရားဖူးလာသူတစ်ယောက်လာတာ
တွေ ့တာနဲ ့အမဲဖျက်တော့မလို ပုံစံတွေနဲ့
့လွှားခနဲ လွှားခနဲ ရောက်လာပြီး ဝိုင်းအုံလိုက်ကြတာ ဟ ။
သူတို ့ရောင်းတဲ့ပစ္စည်းတွေကို ကိုယ့်လက်ထဲ ဆက်ခနဲ လာထိုးထည့်တာကို . . .
ကိုယ်က ယောင်ပြီး ကိုင်လိုက်မိတာနဲ့ သူတို ့က ဖျက်ခနဲ နောက်ဆုတ်လိုက်တာနော် ။
သူတို ့လက်ထဲ ပြန်ပေးဖို ့ကိုယ်က သူတို့နောက် တကောက်ကောက်
ပြန် လိုက်ရတဲ့အဖြစ် ။
သူတို့ကတော့ က်ိုယ့် ပိုက်ဆံအိတ်ကို နှိုက်ယူမတတ် ဟန်တွေ တပြင်ပြင်နဲ ့။
ခက်တယ် ။
ဝယ်ချင်ရင် ဝယ်မှာပေါ့ ။
ဝယ်ချင်စိတ်ရှိမှ ဝယ်မှာပေါ့ နော့ ။
ဒါကို ထည့်မတွေးပဲ . . .သူတို ့ရောင်းရဖို ့/ပိုက်ဆံရဖို ့တစ်ခုပဲ ဦးတည်ချက်ထားပြီး အတင်းရော အဓမ္မရော . . .
လိုက်ထိုးထည့်နေတော့ . . .
ဘုရားဖူး လာသူတွေ စိတ် အနှောက်အယှက်ဖြစ်တာပေါ့ ။
အဲဒါ အင်မတန် စိတ်ရှုပ်စရာကောင်းတယ်။
သူတို ့မျက်လုံးတွေကို ကြည့်လိုက်တော့လည်းး . . . .
ဘုရားလာ ဖူးသူတွေ ဆီက
ပိုက်ဆံရဖို ့ဆိုတဲ့ မျှော်လင့်ချက်တွေပဲ တွေ ့ရတယ် ။
ဆာလောင်နေတဲ့ မျက်လုံးတွေ. . . .
_________________________________
နောက်ပြီးး …………..
ကိုယ် . . . ဟိုတစ်လောကတောင် ဓါတ်ပုံတွေနဲ ့ပိုစ့် ထဲ မစို့မပို့လေး ထည့်ရေးခဲ့သေးတဲ့ အဖြစ်အပျက်လေ . . .။
အဲဒါလေးလည်း . . .
အခု ပြောပြချင်လွန်းလို ့ပါ အံဇာဒုံးရယ်. . .
ထမင်းအဝစား ငါးရာ ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားတဲ့ ထမင်းဆိုင်တွေအကြောင်း ပြောမလို့ပါ။
အံမယ်. . .ထမင်းအဝစား ငါးရာ ကိုမှ ကြိုက်တဲ့ဟင်းနဲ့စား ဆိုတာပါထည့်ရေးထားသေးတာဟ ။
အဲဒီ ဘုရားနားမှာ ရှိတဲ့ ထမင်းဆိုင်တွေ အကုန်လုံးလိုလိုက အဲဒီလိုပဲ ရေးထားပြီး ခပ်တည်တည်ရောင်းနေကြတာနော် ။
ဆိုင်ဝန်ထမ်းတွေကလည်း တစ်ဆိုင်နဲ့တစ်ဆိုင် ဘေးချင်းကပ် အပြိုင်အဆိုင်ပေါ့ ။
လာပါ ။ ဝင်ထိုင်ပါ ။ ဝင်စားပါ ။ ထမင်းအဝစား ငါးရာထဲပါ ။
ဘာဟင်းနဲ့ စားစားပါ . . .ဆိုပြီးး
ဘုရားလာဖူးသူတွေကို လိုက်ဆွဲမတတ် ဖြစ်နေကြတာ . . .
တအုန်းအုန်းပဲ ။
ဘယ်သူပဲ ဖြစ်ဖြစ်
( အကြောင်းမသိရင်တော့ ) ထမင်းအဝစား ငါးရာ ဆိုတဲ့စကားကို ထမင်းရော ဟင်းပါ အဝစား ငါးရာ လို့ပဲ မှတ်ပြီး စားချင်တဲ့သူက ဝင်စားမှာပဲလေ ။
ဆိုင်ထဲ ဝင်ပြီး ကိုယ်စားချင်တဲ့ ဟင်းတွေမှာ /
ရောက်လာလို ့စားတော့မယ် ဆိုပြီး ဇွန်တွေ ကိုင်တော့မှ ဟင်းကတစ်ပွဲတစ်ထောင် . . .
ထမင်းက ကြိုက်သလောက်စား ငါးရာ ။
ထမင်းနဲ ့ဟင်းတစ်ပွဲကို ထောင့်ငါးရာ ကျပါတယ် လို ့ လာတွက်ပြရော . . .။
မခက်ဘူးလားကွာ ။
အစကတည်းက . . .
ဟင်းတစ်ပွဲနဲ ့ထမင်းအဝစား ထောင့်ငါးရာ’
လို ့ပြောရောင်းရင် ရိုးသားရာ ရောက်မှာ။
အခုတော့ ရှုပ်တတ်တဲ့ မြန်မာစကားကို ခုတုံးလုပ်ပြီး . . .
မလှိမ့်တစ်ပတ်လုပ်တာလေ ။
တကယ်လို ့သာ . . .
ထမင်းတစ်နပ်စားဖို ့အတွက်
ငါးရာ လောက်ပဲ တတ်နိုင်တဲ့သူတွေ / ပိုက်ဆံအပိုမပါသူတွေ ဆိုရင် မှာချင်တာမှာပြီး စားတော့မယ်ပြင်မှ အရှက်ကွဲ ကိုယ်ကျိုးနည်းပြီပဲပေါ့ ။
ခက်တယ်ကွာာာ ။
အဲဒီ ထမင်းဆိုင်ရှင်တွေနဲ့ ့ဆိုင်ဝန်ထမ်းတွေရဲ ့ မျက်လုံးတွေထဲမှာလည်း . . .
ဆာလောင်မှုတွေ . . .
တွေ ့နေတယ် ။
အာလူး စားချင်နေတဲ့ မျက်လုံးတွေ. . .
__________________________________
အံဇာဒုံးရေ . . .
ကိုယ် အဲဒီ ဘုရားက အပြန်မှာ . . .
လမ်းတလျှောက်မြင်ရသမျှ
လူတွေရဲ ့မျက်လုံး တွေကို . . .သတိထားပြီး လိုက်ကြည့်မိသေးတယ် ။
တွေ ့တယ် ။
တွေ ့တယ် အံဇာဒုံးရေ. . . .
အများကြီးပဲ . . .။
ဆာလောင်နေတဲ့ မျက်လုံးတွေ . . .
အဟက်
ကိုယ့် ဆာလောင်မှုကိုပဲ ရှေ့တန်းတင်ထားတဲ့ အကြည့်တွေ. . .။
ဘတ်စ်ကားစပယ်ယာတွေဆီမှာ. . .
လမ်းဘေးဈေးသည်တွေဆီမှာ. . .
တချို ့ ဆိုင်ကြီးကနားကြီးတွေဆီမှာ . . .
တောင်းရမ်းစားသောက်သူတွေဆီမှာ . . .
တချို ့ လူကြီးလူကောင်းဆိုသူတွေဆီမှာ. . .
တချို ့အဖွဲ့အစည်းတွေဆီမှာ. . .
အို. . . .
အများကြီးပဲ ။
အများကြီးပါပဲလားကွယ် ။
ဆာလောင်နေတဲ့မျက်လုံးတွေ ။
ဆာလောင်နေတဲ့ မျက်လုံးတွေ . . .
ပိုပြီးတော့ ဆာလောင်နေတဲ့မျက်လုံးတွေ
အိုးးးး ဟိုမှာ. . .
အဆာလောင်ဆုံး မျက်လုံးတွေ. . . . .
_________________________________
အံဇာဒုံးရေ . . .
ဒီနေ့ ့ ….
အိမ်ပြန်ရောက်တဲ့အခါ. . .
ကိုယ်လည်း ကိုယ့်မျက်လုံးတွေကို ….
မှန်ထဲမှာ ပြန်ကြည့်လိုက်ပါဦးမယ် …. ။
__________________________________
(( အဲဒါလေး . . . ပြောပြချင်လွန်းလို့ပါ အံဇာဒုံးရယ်. . .))
*******
ခင်မင်လျက်
alinsett
20 comments
surmi
November 13, 2013 at 8:16 am
ဝမ်းစာ .. တဲ့ …
အသက်ရှင်သန်မုှတဲ့ ….
အဲဒါတွေပေါင်းလိုက်တော့ ….
ဆာလောင်မှုတွေပိုဖြစ်လာတာပေါ့…
အင်း…
နောက်မှပြန်လာပါဦးမယ်
alinsett
November 13, 2013 at 5:52 pm
ဆာလောင်မှုတွေကို
ဆာလောင်မှုတွေနဲ ့ ဖြေသိမ့်ပေးရင်
ဆာလောင်မှုနယ်ပယ်ကြီး
ဒီနေ့ထိ ကျဉ်းမသွားသေးဘူး
အင်းးး ဝမ်းစာ ဝမ်စာ
🙂
Ko chogyi
November 13, 2013 at 9:45 am
ဒေါ်ဖွာမေရဲ့ ဆာလောင်နေတဲ့မျက်လုံးတွေရော မင်းမြင်နိုင်ရဲ့လား ညီလေးရယ်။
alinsett
November 13, 2013 at 5:46 pm
တိန်
ဒေါ်ဖွားမေ ရဲ ့မျက်လုံးတွေထဲတော့
မကြည့်ရဲခဲ့ဘူး
🙂
sorrow weaver
November 13, 2013 at 9:48 am
မာနတွေချခင်း…သိက္ခာတွေချခင်း…အရှက်တွေချခင်း…
ချို့တဲ့ ..တဲ့ဘဝတွေက ..ဈေးပွဲခင်းလိုပဲ…တဲ့
ပုံ..အဘဆော…အဟိဟိ
alinsett
November 13, 2013 at 5:44 pm
အဘဆော ရဲ့ စကားလုံးတွေကိုတော့
ခိုက်သွားဘီဗျာ
🙂
kyeemite
November 13, 2013 at 11:37 am
.♪ ♫ ♮ ♯ ♪ ♬ ♭ ♮ ♯….မြင်နေတယ်…မျက်လုံးများ
…*•♫✿*•♫ မမြင်အောင်ပိတ်ထားလည်းမရ
☺♪♫♀♫☼♫☺…မျက်လုံးများးးးးးးးးးးးးးးးးးငါတားဆီးမရ
alinsett
November 13, 2013 at 5:43 pm
ဦးမိုက် ဆိုတဲ့ သချင်းနဲ့
ပိုစ့်နဲ့တော့ ကွက်တိပဲ
::kwi:
မဟာရာဇာ အံစာတုံး
November 13, 2013 at 12:47 pm
ဘာ !!!!!
ညီငေးး အံချာဒုံး ….
….
………
ဟက်လား ………..
ရွာ တွေ့ဆုံပွဲခွေ …
ပျောက်တွားဘီ …
နာ့ဆီ ရှိဒေါ့ဘူးးးး
…….
ဆရာဂျီး အံချာဒုံး လို့ ခေါ်မှ …
.. ပြန်ရှာတွေ့မယ် ထင်ဒယ် …
ဒါဘဲဗျစ်
alinsett
November 13, 2013 at 5:42 pm
တွေ ့ဆုံပွဲမှတ်တမ်းခွေလေးကို
သူ ့ လူကြုံ ယူ ခဲ့ဖို ့ အမှာတော်ပါးမိတာ
ငါးပါးမှောက်တာပဲ ။
နာ ့ဒေါ်ဖွားမေကို ယူခိုင်းလိုက်ရကောင်းသား
:kwi:
အေးလေ ဘာပဲဖျစ်ဖျစ်
အခွေက တူ ့လက်ထဲမှာကိုးး
ဒီတော့
ဆရာဂျီး အံဇာ ဒုံးးး
🙂
မဟာရာဇာ အံစာတုံး
November 15, 2013 at 7:41 am
တဘဲ့ဂျီး အောင်မဲလင်းး
လာဂဲ့စမ်း …
ဆရာဂျီး ခြေသလုံးကို လာနှိပ်ပေးလှည့်ချမ်းး
တယ် … ငါ နဘန်ကျင်းလိုက်ရ … ငိငိ
alinsett
November 15, 2013 at 5:59 pm
ဘာဆရာကြီးလဲ
မြွေအလန်မယ် ဆရာဂျီးလား
ဆိုက်ကားဆရာဂျီးလားးး
ခွိခွိ
🙂
ခြေသလုံး အဲ ပိန်ပိန်သေးသေးလေးဆိုတော့
ပေါင်နဲ့လည်းတစ်ဆက်တည် း
ဆိုတော့
ပေါင်သလုံး ညောင်းနေပုံ ထောက် ရင်. . .
ဆိုက်ကားဆရာပဲ ဖျစ်နိုင်ဒယ်
:kwi:
KZ
November 13, 2013 at 1:17 pm
ဒက်ဒီကြောင် ဓာတ်ပုံကို ခွင့်မပြုပဲ ယူသုံးရလားလို့။
လောဘကို သတိနဲ့သတ်မှပဲရမယ်။ ဟိဟိ။
😀
တွေ့သလား အလက်ဆင်းးးး
လူတွေ ဝမ်းရေးခက်နေကြတယ်။
နိ လွမ်းရေးသိပ်မခက်နဲ့တော့။
:kwi:
alinsett
November 13, 2013 at 5:38 pm
ဝမ်းရေး ထက် လွမ်းရေးက ပို ခက်ပါတယ်
အဲ
ပြန်ပြောင်းကြီးဖြစ်သွားဒယ်
လွမ်းရေးထက် ဝမ်းရေး ပို ခက်နေကြတာ အမှန်ပါပဲခညာ
:kwi:
TNA
November 13, 2013 at 1:26 pm
ကျောက်တန်းကဈေးသည်တွေကတော့ ဆိုးသမှဆိုးပါ။ ဘုရားတော်တော်များများရောက်ဖူးပါတယ်။ ဒလိုဒလို ဒမြတိုက်သလိုရောင်းတာမျိုးတခါမှမကြုံဖူးဘူး။ ကလေးပါရင်ပိုဆိုးသေး။ ကလေးလက်ထဲအကုန်ထိုးထည့် ထားတာ။ ကလေးကဘာမှန်းမသိတော့ ယူတာပေါ့။ ပြီးမှ သားကဘယ်လောက် သမီးကဘယ်လောက် ဆို တောင်းတာ။ ဟဲ့မယူဘူး ပြန်ပေးလိုက်သားဆိုတော့ အန်တီကလဲ ညီလေးက လှုချင်တာကို ကျွေးချင်တာ ကိုနဲ့ ငါ့ကိုပဲ ပိတ်တာဖြစ်အောင်လုပ်တယ်အေ့။ ငါ့သားဆိုတဲ့ကောင်ကလဲငါ့သွေးတစက်မှမပါဘူး အားနာနေတာ သူက ပေးလိုက်ပါမေမေရယ်။ သားကျွေးမလို့ပါ ဘုရားကပ်မလို့ပါနဲ့။ ငါးစာနဲ့ ဘုရားပန်းတင် ၅၀၀ဝ ဖိုးလောက်ကျသွားတယ်။ စိတ်နာချက်
alinsett
November 13, 2013 at 5:35 pm
ဟုတ်ပါ့ အန်တီသဲရယ်
သူတို ့က အားနာတတ်တဲ့သူဆို ပိုသိတယ်
လက်ထဲ အတင်းထိုးထည့်တော့တာ
ကျွန်တော့်လက်ထဲ ဒဂွန်တိုင်တွေ လာထည့်ရောင်းလို ့
ကျွန်တော် အဲဒါတွေ မဝယ်ဘူးလို ့ခပ်တင်းတင်းပြန်ပြောပြီး ပေးလိုက်တော့
သူတို ့က ချုပ်တယ်ဗျ
ဒဂွန်တွေ ကုတ်ကားတွေက မိဘဘိုးဘွားင်္တေ အတွက် လှုူရတယ်လေ တဲ့
ဆိုင်လည်းမဆိုင်ပဲနဲ ့
မိဘတွေ သက်ရှိထင်ရှားရှိနေသေးတဲ့ကျွန်တော့်အတွက်
ရသမျှ လစာ အပ်ပြီး ကိုယ်အားနဲ့ ရှာဖွေကျွေးမွေးနေတာပဲ
ဒဂွန်တွေ မလိုပါဘူး
:kwi:
TNA
November 14, 2013 at 12:54 pm
ဟုတ်တယ်အေ့ သူတို့ကဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းဆွဲစိတော့တာပဲ စိတ်ကုန်ချက်
alinsett
November 15, 2013 at 7:27 am
:kwi:
:kwi:
Tristan
November 15, 2013 at 6:19 pm
အေးဗျာ..ကျုပ်လည်း ပြောပြချင်လွန်းလို့ ပါဒညင်းဝက်ရယ် ဆိုပီး မနေ့ညကအကြောင်းလေး ရေးဘာ့မယ်…
ငိငိ
alinsett
November 15, 2013 at 6:39 pm
အမငီးးး
အတော် အနောက်သန်တဲ့လူ
🙂