========================

မန်းဂဇက်မှ မြန်းဂဇက်သို့ ပြောင်းလဲခြင်းနှင့်အတူ ရွာမှ မြို့သို့ ပြောင်းလဲအပြီး ယခင် သူကြီးဟု သမုတ်ခံရသူ ဦးခိုင် ဆိုသူမှာ မြို့ပိုင်မင်းကြီး ဟူသော အခေါ်အဝေါ်ကြောင့် မြှောက်ပေးမှန်းမသိ မြှောက်သွားပြီးနောက် နှုတ်ခမ်းမွေးကြီး တကားကားနှင့် ဖင်လှန်၍ ချီးပါစဉ်အခိုက် ၎င်း၏ ဖင်မဲကြီးအား ချီးတွင်းထဲက မြွေမှ ကိုက်လိုက်သည် ဟူသတတ်။

========================

ရွာ့နှာဗူးကြီး သို့မဟုတ် မြို့နှာဗူးကြီး အဖြစ် ကင်ပွန်းတပ်ခံထားရသူ ဦးကြောင်ကြီး ဆိုသူမှာ လိင်တူချစ်သူကြီး ဟု သတင်းကြီးလှသူ မိုက်ကယ်ဂျော်လကီအောင်ပု အား လမ်းခုလတ်၌ မတော်မတရားကြံရာမှ လဥထုသတ်မှု ဖြစ်ပွားခဲ့ကြောင်း …။

========================

ချော ချော မချော ချော ၎င်းကိုယ်ကို ဘလက်ချော ဟု မှည့်တွင်ထားသူ သည်လည်း အသည်းကွဲဒိုင်ယာရီ ဟူသော ပို့စ်အား တင်ပြီးသည့်နောက် ၎င်း၏ လေဒီဖြစ်သူမှ အောက်ပါအတိုင်း ကြိမ်းမောင်းကာ နားရွက်ဆွဲ ခေါ်ဆောင်သွားသည့်နောက် ပျောက်သော် မူသွားသတတ်။

လေဒီဘလက် စကားသံ = “အော် .. ရှင်က ပြောတော့ ဘုရား သွားတယ်။ သွားတယ်နဲ့ အခုတော့ အရက်ဆိုင်ရောက်ပြီး ကောင်မတွေအကြောင်း ပြောနေတယ်ပေါ့လေ။ လာဂဲ့”

========================

အဘ ဘွဲ့ခံ ဦးဖော ဆိုသူမှာလည်း ၁၈ နှစ်အောက် အမည်တပ်၍ ဆေးအညွှန်း ပေးပြီးသကာလ ၎င်း၏ ပိုင်ရှင်ဖြစ်သူ လစ်သည့်အခိုက် ဆေးထွက်ပြီးနောက် ငါကွ အဘ ဟူ၍ ကြုံးဝါးလိုက်ကာ ဆေးတစ်ဘူးလုံး ကုန်အောင် သောက်လိုက်ပြီးနောက်တွင်ကား ဩဇီတစ်လွှား လမ်းမများပေါ်တွင် လူရှင်းသွားသည်ဟု ဆိုသတတ်။

========================

 

ကျန်သတင်းများ ဆက်ရန် ….

အပေါ်ကပါဒဲ့လူများ ခွေးလွှတ်ဂျဘာလို့ …

ဒါဘာဗျဲစ် …

About မဟာရာဇာ အံစာတံုး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။