မနှင်းဖြူ၏ပြည်တော်ပြန်ခရီးစဉ်မှ ဘောင်ခတ်ထားသောခြံကလေးကိုကျော်ဖြတ်ခြင်း

နေ မသာ တသာနေ့ တစ်ရက်မှာ

မနှင်းဖြူတစ်ယောက် ကျားစီးလို့ ဆင့်ကာပူနေရတဲ့ဆီမှ ရန်အစုံ ကုန်လင်သောရန်ကုန်မြို့တော်ကြီးကို ရောက်ရှိလာပါတော့တယ်။ ကီလို ၈ဝကို တစ်ယောက်ထဲ သယ်လာတာတောင်မှ ပိုနေတဲ့ ၂ကီလိုအတွက် ၃ဝဒေါ်လာပေးခဲ့ရတော့ မျက်နှာတော်က ညိုတဲ့ဘက်ကျော်လို့ နည်းနည်းတောင် ပုတ်နေတယ်။

အနီရောင် စာအုပ်လေးကို သူများထက် ပိုပြီးမျက်နှာငယ်စွာ ကိုင်ထားပြီးသကာလ (သက်တမ်းကုန်လွန်ရန် ရက်ပေါင်း ၂ဝကျော်သာလိုတော့သဖြင့်) ခတ်ထားတဲ့ ခြံလေးတွေရှေ့မှာ ရပ်စောင့်နေရပါတော့တယ်။

ဒီလိုနဲ့ နာရီဝက်လောက် စောင့်ဆိုင်းပြီးသကာလ ကိုယ့်အလှည့်ကို ကျရောက်လာပါတော့တယ်။

အပေါ်အောက် ဆင်တူဝတ်ထားတဲ့ ခြံခတ်ထားတဲ့အထဲက လူကြီးက အနီရောင်စာအုပ်လေးကို အပြန်အလှန်ကြည့်ပြီးသကာလ …

“အလုပ်လုပ်တာလား ..ကျောင်းတက်တာလား”
“အလုပ်လုပ်တာ ..ခုတော့ အလုပ်ထွက်ပြီး ပြန်လာတာ”

“စာအုပ်က ကုန်တော့မယ်နော်..”

“ကျန်ပါသေးတယ်”

“အေးလေ .. ကုန် ကုန်တော့မှာပဲကို”

“ဟိုမှာ ဘယ်လောက်ကြာသလဲ”

“နောက်ဆုံးထွက်သွားတာ ပြီးခဲ့တဲ့ နိုဝင်ဘာကမှ”

စိတ်ထဲကတော့ ကြိတ်ပြီး မနှင်းဖြူ ကျိန်ဆဲမိတယ်.. ငါဟာငါ ဘယ်လောက်ကြာကြာ ..ရှည်လိုက်တာ …

“စာအုပ်ကအဟောင်းကြီးနော် ..”

“ဟုတ်တယ် .. တစ်ခါ တိုးထားပြီးသား.. အခု အပြီးပြန်လာတာ.. ဒီမှာတိုးမှာ”

“အေး .. ရသမျှ တစ်လစာ မကတော ့ကုန်တော့မှာပဲ”

“ဟုတ်” ..(စိတ်ထဲကတော့ ..ရှည်လိုက်တာနော်.. တစ်လစာမကကုန်မှာကြောက်လို့မှ ဒီပြန်လာပါတယ်ဆိုမှပဲ)

နောက်ဆုံးတော့ ..ကိုယ်က မေးသမျှဖြေနေရင်းကနေ အထာမပေါက်တော့သည့်ကာလ ..

အပေါ်အောက်ဆင်တူလူကြီးမှ ပေါ်တင်မေးပါတော့တယ်။

(မေးလည်း မေးမှပဲ .. သူစာအုပ်ကို ဟိုလှန်ဒီလှန်နဲ့တင် အချိန်ဆွဲနေတာက မိနစ် ၂ဝလောက်ရှိနေပြီ)

“လက်ဆောင်လေး ဘာလေးမပါဘူးလား”

“ဘာမှ မပါဘူး ..ဘာမှမဝယ်ခဲ့ဘူး.. လိုချင်ရင်တော့ ချန်ထားတဲ့ ၁ဝရှိတယ် အဲဒါယူချင်ယူလိုက်”

(အဲဒါကလည်း ဒါမျိုးတွေ ကြုံမှာကို သိလို့ အရေးပေါ်ဆိုပြီး ဘောင်းဘီအိတ်အနောက်ထဲ ထည့်ထားပြီးသား၊ စိတ်ထဲမတော့ သိပ်မသထှာလှ)

“ဒါဆို ပေးချင်တယ်ဆို ဒီကြားထဲ ညှပ်လိုက်” (စာအုပ်ကိုထိုးပြတယ် ၊ လိုချင်လို့ တောင်းတာများ ပေးချင်ရင်လုပ်နေသေးတယ်)

မသိချင်ယောင်ဆောင်ပြီးမေးလိုက်တယ် .. “ဘယ်ပေါ်တင်ရမှာလဲ ..စားပွဲပေါ်တင်ရမလား”

“မဟုတ်ဘူးလေ .. ဒီ စာအုပ်အနီကြားထဲ”

ဒါနဲ့ပဲ ..မနှင်းဖြူတစ်ယောက် ဆောင့်ဆောင့်အောင့်အောင် စူပုတ်ပုတ် မသထာလှစွာနဲ့ပဲ …

ရန်ကုန်မြို့တော်ကြီးရဲ့ အဝင် ခြံခတ်ထားတဲ့ ဝင်းလေးတွေကို အောင်မြင်စွာနဲ့ ၁ဝပေးပြီး ကျော်ဖြတ်လာနိုင်ပါတော့တယ်။

7 comments

  • lele kyi

    November 27, 2013 at 8:07 pm

    မီးမီး ပြောသလိုပြောပါလို့မှာလိုက်တာ မရဘူး ဒီမနှင်းဖြူကလည်း။ ချောကလက်တွေပါတယ် ယူမလားလို့မေးလိုက်ရတယ်။ ပြီးရင် ၂ဝဆင့်တွေရေပြီးပေးလိုက်။အတင်းငြင်းတာ မယူဘူးရယ်။ ဒါပေမဲ့ အမြင်ကပ်ပုဒ်မနဲ့ သူတို့ရုံးထဲသွားထိုင်နေရတယ်ပိုက်ပိုက်မပေးနိုင်တော့မျက်နှာငယ်ရတယ်။ မနက်လေယာဉ်စီးတာ ညနေလေယာဉ်စီးတဲ့သူတွေနဲ့မှ မပြင်ထွက်ရတယ်။ ဪ ဘဝ ဘဝ။

  • ခင် ခ

    November 27, 2013 at 11:38 pm

    ကတွတ်ပေါက်က ဗျိုင်းကောင်တွေဆိုတာ သူတို့တွေပေါ့ဗျာ။
    အပေါ်အောက် အဖြူဆင်တူနဲ့လေ။
    အဲဒါ မြန်မာပြည်ကွ ဘာမှတ်လဲ။

  • KZ

    November 28, 2013 at 8:28 am

    ခွိ။
    နာ့ တော့ ဘယ်တော့မှ တောင်းခံရဘူးဘူးးးး
    ပေးနိုင်တဲ့ လူ လို့ အထင်မခံရတဲ့ ရုပ်ရည်မို့ နေမှာ။
    😀

    ၁ဝ နဲ့ ဖြတ်ကျော်လာနိုင်တာတော်သေးးးး
    သူများတွေ ဆို စီးကလက်ရော ပိုက်ဆံရော ပေးရတာ။
    🙁

  • TNA

    November 28, 2013 at 12:59 pm

    ဒမယ်အမိ စိုက်ကျိရင် အလိုက်သိတဲ့ ( ခွဒစ်တူ Wow )။ ဒီမယ်က အလိုက်သိဖို့နေရာတွေအပြည့်နော် အပြည့်။ စိုက်မကျိရစေနဲ့ :mrgreen:

  • sorrow weaver

    November 28, 2013 at 1:09 pm

    ရစ်မှာပေါ့ …အဲ့ရာ..အသားညိုလို့ ..အဲ့ရာအသားညိုလို့ …အဟိဟိ

  • Mr. MarGa

    November 28, 2013 at 6:48 pm

    လူနဲ့ ဂေါ်ရီလာနဲ့တောင် မှားလောက်ပါတယ်ဆိုမှတော့
    ဒီလောက်ရစ်တာတောင် တော်သေးတယ် ပြောရမယ်…. :mrgreenn:

Leave a Reply