Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒါဇင်ပလပ်စ် အဖွဲ့ဧ။် (၁၇)ကြိမ်မြောက် အလှူ + ရွာသူ – မအိဧ။် သမီးလေး ခိုင်ဝင့်ရီသစ် မွေးနေ့အလှူ

etoneDecember 2, 20131min59515

ဒါဇင်ပလပ်စ် အဖွဲ့ဧ။် ၁ရ ကြိမ်မြောက် ( ဒီဇင်ဘာလ အလှူ) အဖြစ် ရန်ကုန်တိုင်း တောင်ဒဂုံ အရှေ့ပိုင်း ၁၃ ရပ်ကွက် ကြေးတိုင်စု ၂လမ်းရှိ မာဂဓီ သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို ့ ၁.၁၂.၁၃ ရက်နေ့ မနက် ၈:၃ဝ ခန့်တွင် သွားရောက်လှူဒါန်းခဲ့ရာ ကျောင်းတိုင်ဆရာတော်မှ လက်ခံခဲ့ပါသည် ။ စာရေး ကိရိယာ ၁၁၀,၀၀၀/- ကျပ်ဖိုးနှင့် ပညာသင်ထောက်ပံ့ငွေ ၃၁၂,၀၀၀/-ကျပ် …. စုစုပေါင်းတန်ဖိုး ၄၂၂,၀၀ဝကျပ် လှူဒါန်း ပြီးစီးခဲ့ပါသည် ။
ထို့အတူ ဦးဘိုဘို + ဒေါ်အိအိရှိန်တို့ဧ။် သမီးလေး ခိုင်ဝင့်ရီသစ်ဧ။် ၁ဝနှစ်မြောက် မွေးနေ့ အလှူအဖြစ် အလှူငွေ ၁၀၀,၀၀၀/-ကျပ်ကိုလည်း ထည့်ဝင်လှူဒါန်းခဲ့ပါသည် ။

 

ကျောင်းတိုင် ဆရာတော်ဧ။် ပြောကြားချက်အရ ၁၉၉ရ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မူလတန်းကျောင်း) အဖြစ် စတင် တည်ထောင်ခဲ့ပြီး ၊ စေတနာရှင်များဧ။် လှူဒါန်း ပံ့ပိုးမှုများဖြင့် ရပ်တည်ခဲ့ရကြောင်းလည်းသိခဲ့ရပါသည် ။ ယခုနှစ် 2013/2014 ပညာသင်နှစ်တွင် ကျောင်းသား/သူပေါင်း ၅၃၈ယောက်ကို သင်ကြားပေးနေကြောင်းလည်း သိရပြီး ပြဌာန်းစာအုပ်သာ မကပဲ လိုအပ်သော စာရေးကိရိယာ အစုံကိုလည်း အလှူရှင်များ ကိုယ်စား ဘုန်းကြီးကျောင်းမှ တဆင့်ပံ့ပိုးပေးကြောင်းလည်း သိခဲ့ရပါသည် ။

စာသင်ခန်း နှစ်ခန်းသာ ရှိသဖြင့် မနက်နှင့် ညနေ နှစ်ပိုင်းခွဲကာ သင်ကြားလျှက်ရှိကြောင်းလည်း သိခဲ့ရပါသည် ။

သူငယ်တန်း၊ ပထမတန်း နှင့် ဒုတိယတန်း ကျောင်းသား/သူများကို မနက်ပိုင်းတန်းခွဲဖွင့်လှစ်သင်ကြားနေပြီး ၊ မနက် ရးဝဝ နာရီမှ နေ့လည် ၁၂းဝဝနာရီ အထိ တက်ရောက်ရကြောင်းလည်း သိခဲ့ရပါသည် ။

တတိယတန်းနှင့် စတုထ္ထတန်းကျောင်းသား/သူများကိုတော့ နေ့လည် ၁၂း၃ဝမှ စတင်ပြီး ညနေ၅းဝဝ အထိဖွင့်လှစ်သော ညနေပိုင်း တန်းခွဲများတွင်တက်ရောက် သင်ကြားစေကြောင်းလည်း သိခဲ့ရပါသည် ။

တနင်္ဂနွေနေ့တွင် မနက်ပိုင်း အချိန်ပို တန်းခွဲဖွင့်လှစ်ပြီး စတုထ္ထတန်း ကျောင်းသား/သူများအတွက် အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားပေးကြောင်းလည်း သိခဲ့ရပါသည်။

 

ဆရာ/မ အင်အား ၁၄ယောက်ရှိပြီး ၊ အစိုးရဆီမှ လစာ အဖြစ် 2013/14 ပညာသင်နှစ်မှ စတင်ပြီး ဆရာ/မ တစ်ဦးလျှင် လစာငွေ ၃၆၀၀ဝကျပ်ခန့်ရရှိကြောင်းလည်း သိရပြီး စာသင်သား ၄ဝလျှင် ဆရာ/မ တစ်ဦးနှုန်းဖြင့် တွက်ချက်ပြီး လစာပေးကြောင်းလည်း သိခွင့်ရခဲ့ပြန်ပါသေးသည် ။ ပန်းသီး ဖောင်ဒေရှင်းမှလည်း လစဉ် ဆရာ/မ ၆ဦးအတွက် လစာထောက်ပံ့ကြောင်းသိရပြီး ကျန်ဆရာ/မများအတွက်တော့ အလှူရှင်များဧ။် ထောက်ပံ့ငွေများကို စုစည်းပြီး ဘုန်းကြီးကျောင်းမှ လစာပြန်ပေးကြောင်းလည်း ပြောပြခဲ့ပါသေးသည် ။ ဆရာ/မ တဦးချင်းစီဧ။် စုစုပေါင်း လစာမှာ ၆၅၀၀ဝကျပ်ခန့် ရရှိကြောင်းလည်း သိရပါသည် ။ ထို့အပြင် ယခုနှစ် 2013/14 ပညာသင်နှစ်အတွက် ဘကကျောင်းနေ ကလေးတစ်ဦးစီအတွက် တစ်နှစ်စာ ၁၀၀ဝကျပ်စီ အစိုးရမှ ချပေးကြောင်းလည်း သိခဲ့ရပါသည် ။ အလယ်တန်းကျောင်းအဖြစ် တိုးမြင့်သွားရန် ကြံရွယ်ထားသော်လည်း လတ်တလော မလွယ်ကူသေးကြောင်းလည်း သိရပါသည် ။ ကျောင်းနှင့်ကပ်လျှက် မြေကွက်တကွက်အားလည်း အလှူအဖြစ် ရရှိထားကြောင်းလည်း သိရပြီး နောက်ပိုင်းတွင်  စာသင်ဆောင်များ တိုးချဲ ့ဆောက်လုပ်သွားရန် အစီစဉ်ရှိကြောင်းလည်း ပြောကြားသွားခဲ့ပါသည် ။ (၁၆)ကြိမ်မြောက် အလှူအဖြစ် လှူဒါန်းခဲ့သော ဘကကျောင်းတွင် ကျောင်းသစ်ဆောက်ရန် သွပ် အချပ် (၁၀၀) ပေးပို့လှူဒါန်းခဲ့ပါသော ကိုရဲစည်မှလည်း နောက်ထပ် လိုအပ်လျှက်ရှိသော ကျောင်းရှိပါက သတင်းပေး ၊ လှူဒါန်း အလှူခံစေလိုကြောင်း ကြားသိရသဖြင့် ၊မာဂဓီသာစည် ကျောင်းသစ်ဆောက်သောအခါ ဆက်သွယ် အလှူခံစေရန် ကိုရဲစည်အား တဆင့်ဆက်သွယ်နိုင်ရေးအတွက် ကိုဖက်တီးကတ်ဧ။် ဖုန်းနံပါတ်ကိုလည်းပေးထားခဲ့ပါသေးသည်။

၁ရကြိမ်မြောက်အလှူ ဖြစ်မြောက်ရေးအတွက် စေတနာ ထက်သန်စွာ လှူဒါန်းကြပါသော လစဉ် / လအလိုက် အလှူရှင်များ … အဝေးမှ ငွေပို့လှူဒါန်းပါသော အလှူရှင်များ .. ကိုယ်တိုင်လိုက်ပါ အားဖြည့်လှူဒါန်းကြပါသော ဒါဇင်ပလပ်စ် မန်ဘာများ ဧည့်သည်များ….. အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကားများအကူညီပေးပါသော မန်ဘာများနှင့် ဒါဇင်ပလပ်စ် အဖွဲ့အား မွေးနေ့အလှူအဖြစ် မနက်စာကျွေးမွေးခဲ့ပါသော ဦးဘိုဘို+ဒေါ်အိအိရှိန် နှင့် သမီး မခိုင်ဝင့်ရီသစ်တို့အား အထူးပင် ကျေးဇူးတင်ပါသည် ။

 

ဒါဇင် ပလက်စ် +  ရွာသူ မအိရဲ့ သမီးလေး မွေးနေ့ အလှူ
ဒါဇင် ပလက်စ် + ရွာသူ မအိရဲ့ သမီးလေး မွေးနေ့ အလှူ

 

ဦးဘိုဘို + ဒေါ်အိအိရှိန် (ရွာသူ- မအိ) တို့ဧ။် သမီးလေး ခိုင်ဝင့်ရီသစ်ဧ။် ၁ဝနှစ်မြောက် မွေးနေ့ အလှူ
ဦးဘိုဘို + ဒေါ်အိအိရှိန် (ရွာသူ- မအိ) တို့ဧ။် သမီးလေး ခိုင်ဝင့်ရီသစ်ဧ။် ၁ဝနှစ်မြောက် မွေးနေ့ အလှူ
ဒါဇင်ပလပ်စ်အဖွဲ ့ဧ။် ၁ရကြိမ်မြောက် အလှူ  (စာရေး ကိရိယာ ၁၁၀,၀၀ဝကျပ်ဖိုး)
ဒါဇင်ပလပ်စ်အဖွဲ ့ဧ။် ၁ရကြိမ်မြောက် အလှူ
(စာရေး ကိရိယာ ၁၁၀,၀၀ဝကျပ်ဖိုး)

 

ဒါဇင်ပလပ်စ်ဧ။် (၁၇)ကြိမ်မြောက်အလှူ အောင်မြင်စွာ လှူဒါန်းပြီးစီးခဲ့ပါတယ်
ဒါဇင်ပလပ်စ်ဧ။် (၁၇)ကြိမ်မြောက်အလှူ အောင်မြင်စွာ လှူဒါန်းပြီးစီးခဲ့ပါတယ်

 

15 comments

  • အရီးခင်

    December 2, 2013 at 5:05 pm

    သာဓု၊ သာဓု၊ သာဓု ပါ မအိ မိသားစု နဲ့ ဒါဇင်ပလပ် အဖွဲ့ရေ။
    မအိသမီးလေးက အချောလေး နော။
    အမေဟင်းချက်ကောင်းတာကို သိပ်မစားဘူးထင်ရဲ့။
    မော်ဒယ်လို ပါးပါးချစ်စရာလေး။ 😛

    တုန် – ကြုံတုံး …. ဘယ်တော့လဲ။ 😉

  • မဟာရာဇာ အံစာတုံး

    December 2, 2013 at 5:06 pm

    သာဒု .. သာဒု .. သာဒု ပါဗျာ ..
    ဒါဇင်ပလပ်စ် အဖွဲ့ရဲ့ လှူဒါန်းမှု အစုစုကို သာဒု ခေါ်ပါတယ်ဗျို့ …
    ဟို တီအိတို့ကိုလည်း သာဒု ခေါ်ပါသဗျို့ …
    ဒါ့ထက် တီအိ ကိုဒေါ့ဖြင့်
    အခေါ်အဝေါ်ပါ ပြောင်းရတော့မလား မတိဘာဘူး ….
    :mrgreen:

  • ဦးကျောက်ခဲ

    December 2, 2013 at 5:42 pm

    သာဓု သာဓု သာဓုပါခင်ဗျာ…
    မွအိတို့မိသားစုလည်း သည့်ထက် ကြီးပွါးတိုးတက်ပါစေ…
    သမီးလေးလည်း ပညာထူးချွန် အောင်မြင်ပါစေ…
    ချစ်ဘော်ဘော် ဒါဇင်ပလပ်စ်များ အဓွန့်ရှည်ပါစေ…
    😀

  • padonmar

    December 2, 2013 at 8:54 pm

    သာဓုပါ မွအိနဲ့ ဒါဇင်ပလပ်စ်များ.

  • alinsett

    December 3, 2013 at 4:52 am

    ဝမ်းမြောက်ဝမ်းသာ
    သာဓု ခေါ်လျက်ပါနော်

  • Shwe Ei

    December 3, 2013 at 9:08 am

    ဒီတခေါက်တော့ အကြီးကြီးလွဲတာဘဲ…မနက်စာကျွေးမဲ့အလှူရှင်နဲ့ဘာလွဲရတယ်လို့ … ဟင့် :'(

  • kyeemite

    December 3, 2013 at 9:17 am

    သာဓု သာဓု သာဓု ပါဗျာ
    ဒါဇင်ပလပ်စ်အဖွဲ့သားများကို အများအကျိုးဆောင်လို့ ကိုယ့်အကျိုးတွေလည်းအောင်ကြပါစေကြောင်း….
    မအိတို့မိသားစုအလှူအတွက်လည်း သာဓု သာဓု သာဓု ခေါ်ဆိုပါကြောင်းနဲ့ သမီးလေးအစစမှာ
    ထူးချွန်ထက်မြက်ပါစေကြောင်းးးးး 😛

  • Novy

    December 3, 2013 at 10:19 am

    ဒါဇင်ပလပ်စ် အဖွဲ့ရဲ့ (၁၇)ကြိမ်မြောက် အလှူ နဲ့ သမီးလေး ခိုင်ဝင့်ရီသစ် မွေးနေ့အလှူအတွက်
    သာဓု ၃ကြိမ်ခေါ်ပါတယ်နော်
    (၁၈)ကြိမ်မြောက် မှာတော့ လိုက်နိုင်ကောင်းပါရဲ့ ချစ်တုံရေ…

  • KZ

    December 3, 2013 at 11:02 am

    အဟေးဟေး
    မနေ့က မွအိ ခေါင်းစဉ်နဲ့ ၂ ပို့(စ) တက်သတော့။
    သာဓုပါ မွအိနဲ့ ဒါဇင်ပလပ်စ်များ

    :mrgreen:

  • ဦးကြောင်ကြီး

    December 3, 2013 at 11:10 am

    ခိုင်ဝင့်ရီသစ်
    စိုင်ဟစ်ဂျီပစ်
    ဒိုင်လစ်ပြီဂစ်
    ပိုင်မည့်ဒီနှစ်..။

  • Wow

    December 3, 2013 at 12:02 pm

    အမေလဲလှ သမီးလဲလှ… သာဓုပါတော်… သာဓုပါ… :mrgreen:

  • kai

    December 3, 2013 at 3:03 pm

    ပုံမှန်ချီတက်နေနိုင်တာကို.. အားပေးဝမ်းမြောက်ကြောင်း… ဝင်ပြောတာပါ..
    ဒီလိုမွေးနေ့တွေ။မွေးနေ့ရှင်တွေများများရှိကြစေလို.. :kwi:

  • TNA

    December 3, 2013 at 9:46 pm

    သာဓုပါ မွအိနဲ့ ဒါဇင်ပလတ်ရေ။ မွအိသမီးအချောလေးမို့ ယောက်ခမွခေါ်မယ့်သူတွေများတော့ မယ်ထင်ဘာ့။ သတိထားမွအိရေ :mrgreen:

  • Ma Ma

    December 4, 2013 at 4:24 pm

    မွေးနေ့ကို ဖာသိဖာသာပဲ ဖြတ်သွားတတ်တာမို့ သဂျီးပြောသလို မအိလိုလှူ ဖို့ မစဉ်းစားမိလို်က်ဘူး။
    ဒါဇင်ပလပ်စ်အဖွဲ့ကိုလည်း တစ်ခါမှ မလှူ ဖြစ်သေးဘူး။
    တစိုက်မတ်မတ် ဇွဲရှိရှိနဲ့ ချီတက်လာကြတဲ့ ဒါဇင်ပလပ်စ်အဖွဲ့သားတွေကို ချီးကျ ူ းပါတယ်။
    မအိနဲ့ ဒါဇင်ပလပ်စ်အဖွဲ့ရဲ့ အလှူ ကို သာဓု သာဓု သာဓု ပါ။ 🙂

  • Ma Ei

    December 9, 2013 at 12:34 pm

    ဒါဇင် ပလပ်စ် နဲ့ အတူ သမီးလေးမွေးနေ့ အလှူ အတွက်
    ဆုမွန်တောင်းပေးကြပါသော ရွာသူားများအားလုံးကို
    ကျေးဇူးအထူးတင်ရှိပါကြောင်း…
    🙂

Leave a Reply