Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သားကြီး ငါးကြီးလွတ် – KZ’s ထမင်းဆိုင်

ဇီဇီDecember 9, 201311min141075

 

 

 

 

ဘယ် စားဖိုမှူးမှ မအားတော့ ကွကိုယ် စဉ်းစားရပြီ။
အဲလာနဲ့ ဟိုတလောက ကတိပေးထားတဲ့တိုင်းးး
သားငါး များလွတ်ကြသော ရွှေမိုးတိမ်၊ နေခြည်နဲ့ ခေါင် (အဲ့ ခေါင်ရည်လည်း ဘယ်ရောက်နေတုန်း မသိ) တို့ အတွက် အသားလွတ်ငါးလွတ်ဟင်းများ အားပေးကြပါ။

 

😀

 

~~~~~~~~~~~~~

 

 

 

MONDAY – သီးစုံ ချဉ်ရည်ဟင်း နဲ့ ခရမ်းချဉ်သီး ငပိချက်။

 

ခရမ်းချဉ်သီးကို ရေနွေးဖျောအခွံနွှာပါ ပါးပါးလှီးထားပါ။ ကြက်သွန်အဖြူအနီကိုအရောင်တင်နဲ ့ဆီသပ်ပါ။ ညိုရောင်သန်းလာရင် ပုဇွန်ခြောက်ထည့်မွှေပါ။ လှီးထားတဲ့ခရမ်းချဉ်သီးများထည့် ရေနဲနဲထည့်ကြော်ပါ။ အရသာမှုန် ့ ငံပြာရည်ထည့်ကြော်ပြီး ရေခြောက်ဆီပြန်လာရင်တော့ ငြုပ်သီးစိမ်းအုပ်လိုက်တော့ အရသာရှိထမင်းမြိန်တဲ့ဟင်းတစ်ခွက်ရပါတယ်။

 

သီးစုံဟင်းကတော့ ထည့်လိုတဲ့အသီးအနှံထည့်လို ့ရပါတယ် ခရမ်းသီး၊ ခရမ်းချဉ်သီး၊ အာလူး၊ မုန်လာဥ ဗူးသီး ပဲသီး ရုံးပဒေသီး ထည့်ပါတယ်။ မကျည်းသီးမှည့်ကိုရေစိမ်ဖျောထားရပါမယ်.. ကြက်သွန် အဖြူ အနီ ကိုအရောင်တင်နဲ ့ဆီသပ်ပါ။ ညိုရောင်သန်းလာရင် ငပိထည့်ပါ ခရမ်းချဉ်သီးထည့်မွှေပါ၊ အကျက်ကြာမည့် အာလူး ဗူးသီး မုန်လာဥအရင်ထည့်၊ မကျည်းရည်ထည့်တည်ပါ အာလူးနူးရင် အပေါ့အငံမြည်းပါ။ ငံပြာရည် အရသာမှုန် ့ထည့်ပါ။ ကျန်အသီးအရွက်များထည့် ဆူအောင်ပြန်တည်ပါ။ အသီးအရွက်များကျက်လို ့အရသာအနေတော်ရင်တော့ သီးစုံချဉ်ရည်ဟင်းရပါပြီ။

 

~~~~~~~~~~~~~~~~

 

 

 

TUESDAY – ခရမ်းသီးလေးကိုအိုးကပ်နှပ်ပြီး အာလူး အစပ်အကြွပ်ကြော်စားရမယ်.

 

ထောပတ်ခရမ်းအသေးလေးတွေကို နှစ်ပိုင်းပိုင်း အလယ်ကခြမ်း၊ ကြက်သွန်အဖြူ အနီးကိုအရောင်တင်နဲ ့ဆီသပ် ပုဇွန်ခြောက်မှုန် ့ထည့်၊ ခရမ်းသီးထည့်မွေ ရေလိုသလောက်ထည့် အဖုံးဖုံးချက်ပါ။ ရေခမ်းဆီပြန်ရင်တော့ ခရမ်းသီးအိုးကပ်ချက်ရပြီ။

 

 အာလူးကိုအခွံနွှာ အချောင်းလေးတွေဖြစ်အောင်လှီး၊ လှီးပြီးသားတွေကိုဆားရေနဲ ့ထည့်ဆေးပါ။ ပြီးရင်ဇကာနဲ ့ရေစစ်ထားပါ .. ဆီပူပူ မှာ ထည့်ကြော်ပါ။ ကြော်ပြီးသားအာလူးကြော်တွေကိုဆီစစ်ထားပါ။ ဆီနဲနဲမှာ ကြက်သွန်ဖြူ နြ ့ငြုပ်သီးအကြမ်းဖတ်ထည့်ကြော်ပြီး မီးပိတ်ပါ ခုနကြော်ထားတဲ့အာလူးကြော်များထည့်မွှေလိုက်ပါ။

 

~~~~~~~~~~~~~~~~~~~~~

 

 

 

WEDNESDAY – နှမ်းဖတ်ချဉ်သုပ်ပြီး မျှစ်၊စားတော်ပဲကို ကြော်၊ ဘူးသီးကြော်လေးနဲ့

 

ဘူးသီးကတော့ သေးသေးတုန်းပြီး ရွှေလိပ်ပြာ အကြော်မှုန့်နဲ့ ဆားနည်းနည်းနဲ့ ကြော်ပြီး စား ရတာပဲ။

 

နှမ်းဖတ်ချဉ်သုပ်ကတော့ ကြက်သွန်ဖြူလေးကိုပါးပါးလှီး၊ ကြက်သွန်နီကိုလဲပါးပါးလှီးထည့်၊ ငြုပ်သီးစိမ်းလေးလှီး ရှောက်ရွက်ပါးပါးလှီး အရသာမှုန် ့ ဆားနဲနဲ မြေပဲဆီစိမ်းလေးနဲ ့နယ်လိုက်ရင် စားကောင်းတဲ့ နျမ်းဖတ်ချဉ်သုပ်ရပါတယ်။

 

မျှစ်ကြော်ဖို့က ကြက်သွန်အဖြူအနီကိုဆီသတ်ပြီးနွမ်းသွားလျှင်မျှစ်ကိုထဲ့ကြော်ပါ မျှစ်ကြော်ဆီပြန်လောက်ပါကပဲပြုတ်၊ဆားနှင့်ဟင်းခတ်မှုန့်တို့ကိုထဲ့ပြီးကြော်ပေးပါ ဆီကြွတ်ကြွတ်မြည်လျှင်အပေါ့အငံမြည်းကာမီးပိတ်နိူင်ပါပြီ။

 

ရေနွေးကြမ်းနဲ့စားနော်။ ဟင်း အရည်ချက်ရမှာပျင်းလို့။

 

~~~~~~~~~~~~~~~~~~~~~~

 

 

 

THURSDAY – အာလူး၊ကြာဇံသုပ်နဲ့ မှိုကြော်

 

အာလူးပြုတ်၊ လှီးးး၊ ကြာဇံပြုတ် ပြီး စစ်ထားးး ပဲပုတ်မှုန့်၊ မြေပဲမှုန့်၊ ငရုတ်သီးမှုန့်၊ မန်ကျည်းမှည့်ရည် စတာတွေနဲ့ ချဉ်ငံစပ် သုပ်ပလိုက်။

 

 မှိုကိုဆားရေလေးနဲ ့ဆေးပါ ရေစစ်ထားပါ။ ဂျင်း ကြက်သွန်ဖြူကိုဆီလေးနဲ ့ဆီသပ်ပါ။ ရေဆေးထားတဲ့မှိုထည့်ကြော်ပါ ။ အရသာမှုန် ့ထည့်ပါ။ အိုးပေါ ်ကမချခင် ခရုဆီလေးနဲနဲထည့်မွှေပေးပါ။

 

~~~~~~~~~~~~~~~~~~

 

FRIDAY – ပြောင်းဖူး ကြော်ပြီး ခရမ်းချဉ်သီးသုပ်

 

ပြောင်းဖူးစေ့နှင့်ကြက်သွန်နီပါးပါးလှီးး၊ ဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီးကြက်သွန်နီကိုကြော်ပေးပြီးနွမ်းသွားမှပြောင်းဖူးစေ့ ဆားနှင့်ဟင်းချိုမှုန့်တို့ကိုတစ်ခါထဲထဲ့ကြော်ပေးပါ။  အားလုံရောမွှေပြီးနှစ်မိနစ်လောက်ကြော်ပေးပြီးအပေါ့အငံမြည်းကာမီးပိတ်နိူင်ပါပြီ။

 

ခရမ်းချဉ်သီးကတော့ အစိမ်းကို ဝယ်။ ပါးပါးလှီးးး မြေပဲလှော်၊ ငရုတ်သီးစိမ်းပါးပါးလှီးး၊ ကြက်သွန်နီပါးပါးကို နည်းနည်းထည့် ဆီစိမ်းလေးရယ် ဆားလေးရယ်၊ သံပုရာသီးလေးရယ် သုပ်ပါလေ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

SATURDAY – ခွေးတောက်ရွက်နဲ့ ဘယာကြော်ရောကြော်ပြီး ပဲကြီးဟင်း အရည်သောက်လေး၊

 

ခွေးတောက်ရွက် အနုလေးတွေကို ကြက်သွန်နီအရင် ဆီသတ်ထားတဲ့ထဲ ထည့်ကြော်။ ရေခန်း ဆီနည်းနည်းပြန်လာရင် ခြေထားတဲ့ မတ်ပဲ ဘယာကြော်ကို ထည့် နှံ့အောင် မွှေပြီး ကြော်လိုက်ပါလေ။ အပေါ့အငံက ဆား ကို လိုတိုးပိုရှော့ပေါ့နော်။

 

 တစ်ညသိပ်ရေစိမ်ပြီးအခွံချွတ်ထားသောပဲကြီးကိုဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်းသုံးပုံတစ်ပုံနှင့်ရေအနည်းငယ်ထဲ့ပြီးအရင်ပြုတ်။ ရေခမ်းလာပါက နောက်ထပ် ရေမြုပ်အောင်ထဲ့ပြီးပဲနူးတဲ့ထိဆက်ပြုတ်။ ပဲများနူးလာပါကရေလိုသလောက်ထဲ့ပြီး ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဟင်းချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် ပါးပါးလှီးထားသောကြက်သွန်နီ တစ်ခြမ်းနှင့်ကြက်သွန်ဖြူဆီချက်နှစ်ဇွန်းထဲ့ကာ ဟင်းရည်ဆူလာတဲ့ထိတည်ပေးပါတယ်…ကြက်သွန်နီများနူးလာပါကအပေ့ါအငံမြည်းကာ စားနိုင်ပါပြီ။

 

ခွေးတောက်ရွက်နဲ့မို့ ပဲကြီးမှ ဆူးပုတ်မခတ်တော့ပါ၊။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~

 

 

 

SUNDAY -နွားနို့ခဲ ဆီပြန်နဲ့ ဇရစ်ဖူးသုပ်၊ ပဲပင်ပေါက် ပဲပြားမုံညင်းကြော်။

 

 နွားနို့ခဲလေးကို နည်းနည်းလေးညိုအောင် ကြော်လိုက်၊ ပြီးတော့ ဆယ်ထားးးး၊ ကြက်သွန်ဖြူ/နီ ခရမ်းချဉ်သီးကို ဆီသတ်၊ လိတ်လာမှ နွားနို့ခဲထည့်ပြီး မကျေအောင်မွှေ အစပ်ကြိုက်ရင် အညာငြုပ်သီးစိမ်းတောင့်ပွလေး နည်းနည်းထည့်လိုက် စားရတာအရမ်းကောင်းတာ။

 

ဇရစ်ဖူးကို အရင့်များချိုးထားပါ။ ရေနွေးဆူဆူမှာမကျည်မှည့်ထည့်တည်ပါ။.. ပွတ်ပွတ်ဆူရင် ဇရစ်ဖူးများထည့် ခဏပြုတ်။ ကြာရင်ညိုသွားတတ်ပါတယ်..ပြုတ်ပြီးသားကို အနေတော်လှီးပါ .. မြေပဲထောင်း ပဲမှုန် ့ ဆီချက်တို ့နဲ ့အပေါ်ကကြက်သွန်ကြော်လေးအုပ်ပြီး စားလို့ရပါပြီ။

 

ပဲပင်ပေါက်ကိုရေဆေးပြီးစစ်ပေးထားပါတယ်။ မုန့်ညှင်းပင်လေးကိုလဲအနေတော်ပိုင်းဖြတ်ပြီးရေဆေးပြီးစစ်ပေးထားပါတယ်။ ပဲပြားနှင့်ကြက်သွန်နီကိုလဲလှီးပေးထားပါတယ်။ မီးအနေတော်နှင့်အပူပေးထားတဲ့ဆီပူပူမှာနနွင်းမှုန့်ကိုအရင်ထဲ့ပြီးကြက်သွန်နီကိုဆီသတ်ပေးပါ ပြီးလျှင်ပဲပြားကိုထဲ့ကြော်ပေးပါတယ်။ ပဲပြားကျက်ပါကမုန့်ညှင်း ဆားနှင့်ဟင်းချိုမှုန့်ကိုထဲ့ကြော်ပေးပါတယ်။ မုန်းညှင်းနွမ်းသွားလျှင်ပဲပင်ပေါက်ကိုထဲ့ကြော်ပါတယ်။ ပဲပင်ပေါက်နွမ်းပြီးအားလုံးသမသွားပါကအပေါ့အငံမြည်းပြီး စားနိုင်ပါပြီ။

 

~~~~~~~~~~~~~~~

 

ဂလိုဗျ။

 

သတ်သတ်လွတ်များစားမယ်ဆိုရင်လေ။

 

သူများတော့ မသိဘူးးး ကျနော် အတော့ စဉ်းစားရကြပ်တာရယ်။ အသားကြိုက်သမားကိုးးးး  :mrgreenn:

 

ဒါမဲ့ အပေါင်းအသင်းထဲ သားကြီးငါးကြီးရှောင်တဲ့သူ သတ်သတ်လွတ်စားတဲ့သူ အတော်များပါတယ်။

 

အပေါ်က ဟင်းစပ်တွေက နမူနာစပ်တာဖြစ်ပြီး ကျနော်ကို လာစပ်ခိုင်းရင်တော့ ဖော်မြူလာနဲ့စပ်မှာပါပဲ။

 

ဒီကြားထဲ ချက်နည်းတွေက ကွကိုယ် မသေချာလို့ ဟိုရှာဒီမေးလုပ်ရသေးးး

 

သတ်သတ်လုံးလုံးလွတ်တယ်တော့မဟုတ်။

 

သားကြီးငါးကြီးလွတ်လို့ ပြောရမယ်ထင်တယ်။

 

 

 

ထားပါ။

 

အနော့ ဖော်မြူလာ အကြောင်း စကြရအောင်ပါ၊

 

 

 

အရည်သောက် – အသီးအရွက်ကြော် – အသုပ် – အထောင်း – သနပ် – အကြွပ်ကြော်

 

 

 

အရည်သောက်

 

သားကြီးငါးကြီးရှောင်တဲ့သူဟာ ငပိ/ငံပြာရည်၊ ပုစွန်ခြောက် စားလို့ ရပြီး

 

လုံးဝသတ်သတ်လွတ်သူဟာ အဲဒါတွေပါရှောင်ရပါတယ်။

 

ဟင်းရည်ဟာ ပုစွန်ခြောက်လောက်မှ မပါရင် သောက်မကောင်းသလို ချဉ်ရည်ဟင်းဟာလည်း ငပိလေးမှ ပါပေါ့ရွှတ်သမို့ သတ်သတ်လွတ်ဟင်းတိုင်း ကျနော် အရည်သောက်ကို မစဉ်းစားပေးနိုင်ပါဘူးးး

 

မထူးဘူးကိုးးး

 

 

 

အသီးအရွက်ကြော်။

 

ကြော်တတ်ရင် ကြော်တတ်သလို စားလို့ကောင်းတာမျိုးပါ။

 

ခရုဆီသုံးလို့မရတောင် ပဲငံပြာရည် အကြည်လေးနဲ့ချိုလေးအောင်လုပ်လို့ရသမို့ ဆားလေးပါ အားပြုပြီး ကြိုက်ရာကြော်ပါ။

 

 

 

အသုပ်

 

အစိမ်းသုပ်သုပ်၊ အပြုတ်သုပ်သုပ် ချဉ်၊ငံ၊စပ်ဖြစ်ရင် စားကောင်းတာပါပဲ။

 

ငံပြာရည် အစား ဆားလေးပဲ သုံးရတာကိုးးး.။

 

 

 

အထောင်းးး

 

ငပိ၊ ပုဇွန်ခြောက် ရှောင်စရာမလိုတဲ့သူတွေ အတွက် သင့်တော်ပါတယ်။

 

သရက်သီးထောင်းထောင်း

 

ဆီးဖြူသီးထောင်းထောင်း

 

မရမ်းသီးစိမ်းထောင်းးးးထောင်းးးး

 

 

 

သနပ်၊ ကလယ်တယ်၊ ချဉ်ဖတ်

 

အလွယ်တကူဝယ်လို့ ရပြီး အိမ်မှာ လုပ်ရင်လည်း အပီသတ်သတ်လွတ်လို့ ရတာပေါ့။

 

ချဉ်ဖတ်ကို ပြန်သုပ်စားလည်း ရသေးတယ်။

 

 

 

အကြွပ်ကြော်။

 

မစဉ်းစားရဆုံးးး အသက်သာဆုံးပဲ။

 

ကေဇီမေးလို့ကတော့ ဘာမဆို ဆားနဲ့ နယ်ပြီး ကြော်ခိုင်းပလိုက်မှာ။ ဟေးဟေးဟေးးးး

 

ထပ်ကွန့်ချင်ရင် မုန့်နှစ်နဲ့ကြော်တာတို့ ကြော်ပြီးမှပြန်သုပ်တာတို့ပါ လုပ်လို့ ရသေးးးး

 

 

 

အဲတော့ ဒီ ခေါင်းစဉ်ခွဲထဲက အနည်းဆုံးးး ၃ မျိုးလောက် ပါရင်ကို သားသတ်လွတ် ဟင်း စားကောင်းပြီထင်ပါရဲ့။

 

 

 

ပြီးရင် ကွကိုယ်စားကြနော်။

 

ကေဇီကို မဖိတ်ကြနဲ့။

 

ပါဏာတိပါတာမှမပါရင် ဟာတာတိဟာတာဖြစ်တယ်။

 

:mrgreen:

 

 

 

 

 

 

 

 

75 comments

  • ဦးကြောင်ကြီး

    December 9, 2013 at 9:07 am

    သားဂျီး = ဒွေး
    ငါးဂျီး = နံဒါလှိုင်
    ခုတော့ နှစ်ယောက်စလုံး လွတ်သွားပြီ။ တယောက်က အသေလွတ် တယောက်က အရှင်လွတ်..။

    • KZ

      December 9, 2013 at 11:55 am

      သားလေး
      ငါးဖွေး ဆက်ဖမ်းကြတာပေါ့ ကြောင်!
      😀

  • kai

    December 9, 2013 at 9:10 am

    ပါဏာတိပါတာမှမပါရင် ဟာတာတိဟာတာဖြစ်တယ်။

    ဆိုတာလေး.. မှတ်တမ်းတင်ကြောင်း…
    ခုနလေးတင်သတင်းတခုဖတ်တာမှာ.. လူသားရှင်သန်ဖို့.. ပိုးသတ်ဆေးတွေသုံး.. အသီးအရွက်တွေရှင်သန်ကြီးထွားအောင်လုပ်ကြတာမှာ.. ပိုးသတ်ဆေးနဲ့ခေတ်မှီကမ်မစ်ကယ်..မြေဩဇာတွေကြောင့်… ကောင်းတဲ့ပိုးမွှားဗက်တီးရီးယားတွေပါသေကုန်တဲ့အတွက်.. လူသားရဲ့ကျမ်းမာရေးနဲ့..အသက်ရှင်မှုထိခိုက်တဲ့အကြောင်းတဲ့…။ :kwi:

    • KZ

      December 9, 2013 at 11:57 am

      ပိုးသတ်ဆေးဆိုတာမျိုးမပေါ်ခင်က သီးနှံတွေ အောင်မြင်အောင် ဘယ်လို စိုက်ခဲ့ကြလဲမသိ။
      နည်းတော့ရှိမှာပါ။ 🙄

      • Ma Ei

        December 9, 2013 at 12:59 pm

        ငယ်ငယ်တုံးက အိမ်ရှေ့ ဝေဇယန္တာ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်း ခုပြသနာဖြစ်နေကြတဲ့
        မိချောင်းကန် ၁ ၊၂ နေရာတွေမှာ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေရှိတယ်…
        ပဲဖတ် နှမ်းဖတ်တွေ မြေကျင်းထဲ ဖျော်ထားပြီး ညနေဆိုလောင်းတာရယ်…
        လေသင့်ရင် ပုတ်နံ့တော့ရတယ်…မုန်ညင်း၊ ကိုက်လန်၊ ဟင်းနုနွယ်၊ပန်းဂေါ်ဖီထုပ်တွေများ
        သန်မှသန် ပိုးသတ်ဆေး၊ဓာတ်မြေဩဇာမသုံးပါဘူး…
        ၅ဝ ၊ ၁၀ဝ ဖိုးဝယ်ရင် အများကြီးရတာ..တစ်ခါတစ်လေဆို အလကားတောင်ပေးသေး..
        နွေဆို ရှောက်သီးဆေးပြား လှမ်းတဲ့စင်တွေရှိတယ်…မွှေးနေတာဘဲ
        အမှတ်တရလေးတွေပေါ့လေ…

        • KZ

          December 9, 2013 at 1:44 pm

          ဟုတ်ပါ့။မွအိရယ်။
          မိရိုးဖလာနည်းတော့ ရှိမှာပါဗျာ။
          စိုက်ပျိုးရေးနိုင်ငံ ပဲဟာကို။

          🙂

  • ဦးကျောက်ခဲ

    December 9, 2013 at 9:31 am

    ဟီဟိ သားသက်လွတ် စားကိုမစားဖူးဘူး…
    ဟင်းတစ်မျိုး ထပ်ဖြည့်လိုက်လေ… ခရမ်းသီးမီးဖုတ်သုပ်…
    ပြောမည့်သာပြောရ ရှေ့လဆို ချက်ကျွေးရမည့်သူ ရှိလာပြီ…ဟီး ဟီး
    😀

    • KZ

      December 9, 2013 at 12:00 pm

      ဟိ။
      စားဖူးသလောက်ပဲ ရေးရဲတာ။
      အဲလား မစားဖူးဘူးးး

      😀

    • Ma Ei

      December 9, 2013 at 12:13 pm

      ချက်ကျွေးရမည့်သူ ရှိလာပြီတဲ့…
      🙂
      ချက်ကျွေးမည့်သူ လို့များမှားပြောမယ် မှတ်တာ….

    • TNA

      December 9, 2013 at 12:20 pm

      ဟိုကချက်ကျွေးမဲ့သူလာမှာလား ချက်ကျွေးတာကိုစားမဲ့သူလာတာလား ရှင်းရှင်းပြောဘာ :mrgreen:

      • ဦးကျောက်ခဲ

        December 9, 2013 at 12:26 pm

        ဂယ်ပြောတာပါ မွအိ နဲ့ မွသဲရယ်…
        သူတပါး သမီးပျိုကိုယူပြီး ခိုင်းစားတယ် ဖြစ်မှာစိုးလို့…
        ကျောက်စ်ပဲ အနစ်နာခံ ထမင်းချက်လုပ်ပါ့မယ်…
        ရွာသူများ မနာလိုမဖြစ်ရ… ဟီ ဟိ
        😀

  • Wow

    December 9, 2013 at 10:25 am

    ဂွေးတောက်ရွက်နဲ့ ဘယာကြော်က အဆန်းပဲ… တဲ့ကောတဲ့ရဲ့လား….တော်ကြာ စားပီး တစ်ချိုးထဲ ထိုးအိပ်သွားရင် :mrgreen:

    • KZ

      December 9, 2013 at 12:03 pm

      ဟယ်။
      ကောင်းတယ်ဟဲ့။
      ဘယာကြော် ဆိုတာ မတ်ပဲ ဘယာကြော်ကိုပြောတာနော်။

      😀

    • TNA

      December 9, 2013 at 12:21 pm

      အိုး မန်းလေးမေမြို့ဖက်မယ် သတ်သတ်လွတ်ဆိုအဲဒါဟင်းတခွက်ပဲ စားကောင်းမှကောင်း သွေးကျဆေးက တော့ကွကိုယ်သောက်ပေါ့ကွယ် :mrgreen:

      • Wow

        December 9, 2013 at 12:32 pm

        ဒါဆို ကြော်စားကျိအူးမယ်.. အသဲလေးနဲ့ ချစ်ဆွိ…
        မတ်ပဲဘယာကျော်က ကုလားအထမ်းဆိုင်းလေးတွေမှရောင်းတာထင်တယ် ဗမာသယ်တွေ ကျော်တာ သိပ်မတွေ့ဘူး… 😆

        • KZ

          December 9, 2013 at 12:39 pm

          ဟမ်။
          လွဲပြန်ပြီ။
          အဲဒါ ကုလားပဲ ဗယာကြော်လေ။
          မတ်ပဲ ဗယာကြော် ဆိုတာ ဗယာကြော် ကွင်းလေး။
          B Donut လို့ခေါ်တယ်။
          ဟိဟိ
          😀
          အကွင်းကြော်။

        • TNA

          December 9, 2013 at 3:38 pm

          အောင်မယ်လေး မတ်ပဲဘရာကျော်နဲ့ကျော်ဒါဘာအေရယ်။ ကုလားပဲဘရာကျော်နဲ့ကျော်ရ တာဟုတ်ဘူးလေအေရယ်။ 😥

        • Wow

          December 9, 2013 at 4:40 pm

          ဘယာကျော်ချင်းလွဲတာဆိုတော့ ခိုနဲ့ ဂျိုးလွဲတာလောက် မဆိုးသေးဘူး… :mrgreen:

  • ခင် ခ

    December 9, 2013 at 11:56 am

    အသားမပါ
    ဟင်းဗလာ
    အရံဟင်းများ
    တည်ခင်းသလားထင်
    ကြက်ဥလေးတော့
    ကြော်ကာထဲ့ပါလားဟင်။

    • KZ

      December 9, 2013 at 12:01 pm

      ကြိုက်တတ်ရင် ကွကိုယ်ကြော်ထည့်လိုက်ပါဗျ။

      :mrgreen:

  • sorrow weaver

    December 9, 2013 at 12:09 pm

    သတ်သတ်လွတ်တဲ့ ..ကွယ်…သေတောင်မစား …အဟိဟိ

    • KZ

      December 9, 2013 at 12:25 pm

      လေယာဉ်မယ်နဲ့ ရရင် ဟိုက အဓိဌာန် အမြဲဝင်ပြီး အမြဲ သတ်သတ်လွတ်စားပါစေ။
      စောရိုးကိုလည်း သတ်သတ်လွတ်ဟင်းနဲ့ပဲ ကျွေးပါစေ…
      😀

    • Foreign Resident

      December 9, 2013 at 12:46 pm

      KZ says:
      ” လေယာဉ်မယ်နဲ့ ရရင် ဟိုက အဓိဌာန် အမြဲဝင်ပြီး အမြဲ သတ်သတ်လွတ်စားပါစေ။
      စောရိုးကိုလည်း သတ်သတ်လွတ်ဟင်းနဲ့ပဲ ကျွေးပါစေ… ”

      အဘ သိသလောက် ပြောရရင် ၊
      အဓိဌာန် အားလုံးလောက် နီးနီးက ၊ သတ်သတ်လွတ် စားရုံ နှင့်တင် မပြီးသေးဘူးကွယ့် ။
      အနဲဆုံး ၊ ၈ ပါး သီလ တို့ ၊ ၉ ပါး သီလ တို နှင့် တွဲပြီး ဆောက်တည်ရတာကွဲ့ ။ ဟီ ဟိ ။
      အဲလိုသာ ဆိုရင် ၊ မေါင် စောရိုး လေးတော့ ငတ်ပြီ ။ ဟီ ဟိ ။

      • KZ

        December 9, 2013 at 12:47 pm

        အဗျန်မ စရိယာ ဝေရမနိ …………….

        အဟိဟိ!!

        😀

      • KZ

        December 9, 2013 at 12:52 pm

        အဲ။
        ယောင်လို့ ဘဖော။
        သူတို့က ခရစ်ယာန်ထင်တယ်။
        ဟီးးးးးး

        🙂

        • sorrow weaver

          December 9, 2013 at 1:28 pm

          သူတို့ RC ခွစ်ရှန်တွေရဲ့ ကိုးကွယ်ယုံကြည်မှုက ဥပုဒ်စောင့်တာတွေ..အဓိဌာန် တွေပါတယ်ဂျာ…ဘဖောပြောသလိုဆို ငတ်ရချည်ရဲ့ …အဟင့်ဟင့် ..ကျော်ကဘက်တစ်…ဘာမှသတ်သတ်မလွတ်ဘူး..တော်ယုံလူမစားတဲ့ .ဖား..မြွေ..ကြွက်..ပူး..ယုန်..ကြောင်…ပေါက်သင်ညို..ဆိုတာတွေတောင် ကချင်တွေ သည်းခြေကြိုက်…အဟိဟိ…

        • Foreign Resident

          December 9, 2013 at 2:19 pm

          sorrow weaver says:
          ” သူတို့ RC ခွစ်ရှန်တွေရဲ့ ကိုးကွယ်ယုံကြည်မှုက …
          ကျော်က ဘက်တစ် ”

          ကိုရင် ဇောရိုး ကော ၊
          အဲဒီ ရိုမန် တို့ ၊ ဘက်တစ် တို့ အကြောင်းလေးတွေ ၊
          နဲနဲ ပါးပါး ပြောမပြချင်ဘူးလားဗျ ။

          စာအုပ်တွေတော့ ဖတ်ဖူးပေမယ့် ၊
          ကိုယ်တိုင် ခံစား / ယူဆ ချက်လေးတွေက ၊
          ဗဟုသုတ ရယုံတင်မက ၊ အတွေးအမြင်တွေပါ ပွင့်လို့ပါ ။

          မြန်မာပြည် မှာ ဘက်တစ် က ၊
          ရှင် ယုဒဿန် ( US ) က စ မျိုးစေ့ချသွားတာ ထင်တယ် ။
          မြန်မာ တိုင်းရင်းသား အများစု က ဘက်တစ် လားဗျ ။

    • အဘရဟူဒီ

      December 9, 2013 at 5:15 pm

      ကျော်ကလည်း ဘီလူးဝင်စားသဗျ… အသားမပါ အစားမမှတ်ဝူးရယ်..
      ဒီ ထမင်းဆိုင်တော့ … မီးဒုတ်ရှို့ပယဇီဗျာ…

      :boss:

      အာဟိ….

      • KZ

        December 9, 2013 at 5:34 pm

        ဟင့်။
        နာ ကိုယ်တိုင်လည်းမစားပါဘူးးး စားတဲ့သူတွေ အတွက် ချက်တာပါဆို။
        ရှို့ပါနဲ့ မွန်သဘုံ

        😀

  • Ma Ei

    December 9, 2013 at 12:11 pm

    ပါဏာတိပါတာမှမပါရင် ဟာတာတိဟာတာဖြစ်တယ်။…
    ကြိုက်တယ်ကွာ မှတ်သားလောက်ပါပေ့… 🙂
    တစ်ရက် ခြင်းစားရင် မဆိုးပေမယ့်…
    တစ်ပတ်လောက်ဆက်စားရရင်တော့
    ဟိုဟာလေးစားချင်သလို..ဒီဟာလေးစားချင်သလို
    ဘာလိုလို..ဖြစ်ပါလေရော…
    🙂

    • KZ

      December 9, 2013 at 12:27 pm

      ဟိဟိ။
      ဟုတ်တယ်။
      အသုပ်ဆိုလည်း ပုစွန်ခြောက်လေးမပါ မချိုသလို စိတ်ဒဇ ပဲ မွအိရယ်။

      :kwi:

  • မဟာရာဇာ အံစာတုံး

    December 9, 2013 at 12:16 pm

    ကျော်ကတော့ …
    စနေ၊ တနင်္ဂနွေဘဲ လာလည်မယ် ..
    ကျန်တဲ့နေ့ ချက်တာတွေ ကျိုက်ဘူးး
    ပြောင်းဖူးကြော်လေးဆိုရင်တော့ အသည်းခိုက်ပဲ

    • KZ

      December 9, 2013 at 12:28 pm

      ဟွန့်။
      ဒီ သကျိုးးးလေးက အတော်ချေးများတယ်။
      🙂

  • Foreign Resident

    December 9, 2013 at 12:22 pm

    kai says:

    ” လူသားဘဝဖြစ်တည်မှုအတွက်… ရှင်သန်မှုအတွက်
    လိုအပ်တဲ့ အဟာရဖြစ်ဖွယ်အစားအစာတွေကို…
    လတ်လတ်ဆတ်ဆတ်စားတာ.. အကောင်းဆုံးပါ..။
    မစားနိုင်သူတွေဟာ.. ပြိဿာ ဘဝဝင်စားကြတာဖြစ်ပါကြောင်းရယ်… ”

    သူကြီး ဘယ်လိုဘဲ ပြိဿာ ဖြစ်မယ် ပြောပြော ၊
    အဘ ကတော့ သက်သတ်လွတ် အစားအစာတွေကို ကြိုက်တယ် ။
    ( တတ်နိုင်ဘူးရယ် ၊ သူ့အလိုလို နဂိုတည်းက ကြိုက်နေမိတာလေ )

    သားစိမ်း ငါးစိမ်း ဆို အနံ့တောင် မခံနိုင်ဘူး ။
    အရက် ဘီယာ ဆိုရင်လည်း ကြိုက်လို့ကို မရတာ ။
    ( ဟီ ဟိ ၊ ဟို အရင် ဘဝ က သူတော်ကောင်း ဖြစ်ခဲ့လို့ ဖြစ်မယ် ၊ နောက်ထှာ )

    • KZ

      December 9, 2013 at 12:31 pm

      ဟေးဟေးးး
      ဟုတ်မှာ။
      အဲလိုမျိုး ကျနော်လည်းတွေ့ဖူးတယ်။
      မစားချင်လို့ မစားပဲ နေတာ ဒုက္ခတော့ မဟုတ်ပါဘူးလေ။
      ကျနော်တို့ စားတတ်ပြီး မစားနိုင်ရင်သာ ဒုက္ခဖြစ်နေရတာ အဘရေ။
      အားကျတယ်။

      🙂

    • kai

      December 9, 2013 at 2:05 pm

      အဟင့်…
      ပြောတဲ့လတ်လတ်ဆတ်ဆတ်ကနေ.. ဘယ်ကဘယ်လို.. သက်သတ်လွတ်ဖက်ဆွဲခေါ်သွားသလည်းကွယ်…
      ဆိုတော့… ထပ်တွန်းရရင်…
      အများစုတောင်ပိုင်း(ချစ်တီး)ဟိန္ဒူတွေသက်သတ်လွတ်က.. နို့.ဒိန်ခဲ..နို့ခဲ…စားသောက်လို့ရသမို့.. အဟာရပြည့်သဗျ…
      ကော်ပီကက်ဟိန္ဒူ.. ဒေဝဒတ်ဂိုဏ်းသားတွေခမျာတော့.. ကျိန်စာကျသမို့.. နို့ထွက်ပစ္စည်းပါ.. မစားမသောက်မရသမို့.. ကလေးတွေမျိုးဆက်လိုက်… ဉာဏ်တုံးကုန်သဗျ…

      သာဓု… :kwi:

  • TNA

    December 9, 2013 at 12:25 pm

    စနေ၊ တနင်္ဂနွေ ဟင်းစပ်အကြိုက်ဆုံးပဲချွေးမွလေးရေ။ ချဉ်ရည်ဟင်းကတော့ ငပိငံပြာရည်မပါလဲချက်လို့ရ ပါတယ်ကွယ်။ ဟောဒီယောက်ခမွက ငပိငံပြာရည်မစားဘူး။ အဲဒါတွေမပါပဲ ချဉ်ပေါင်ရွက်ချဉ်ရည် ဟင်း တောင်ချက်စားပါတယ်ကွယ်။ ပုဇွန်ခြောက်ကလေးနဲ့ ဟင်းခတ်မှုန့် ( အသီးအရွက်ကထုပ်တဲ့ဟာနဲ့ ) ထညက်ကလေးတလုံးနှစ်လုံးနဲ့ချက်ပါတယ်ကွဲ့။ အထောင်းတွေလဲ ငပိမသုံးပဲပုဇွန်ခြောက်ကလေးပိုထည့် လိုက်သကွဲ့။ 😀

    • KZ

      December 9, 2013 at 12:36 pm

      ဂျာ။
      ယောက်ခမွ က ငပိစားဘူးကိုးးး
      ဟုတ်တယ် အဲဒါဆို ပုစွန်ခြောက် ပိုထည့်ရတော့မပေါ့။
      ဟောဒီကချွေးမွလေးကလေ ဘာသုတ်သုတ် ဘာထောင်းထောင်း ဘာချက်ချက် ငပိလေး ထည့်လိုက်ရမှ။
      😀

  • Nay Chi

    December 9, 2013 at 12:30 pm

    ကျေးဇူးအကြီးကြီးတင်၏။ မွ မွ <3

    ပရင့်ထုတ်ပြီးကို သိမ်းထားမယ်။ ဒီပို့စ်ကြောင့် အနည်းဆုံး ဘာဟင်းစားချင်လဲမေးရင်တောင် မဖြေတတ်တဲ့ဘဝကတော့ ကျွတ်ပြီ..။ လက်တည့်စမ်းဖို့လွယ်သည်များကို စမ်းသပ်ချက်ကြည့်ပြီး ကျွိကျွိလေးကို မန်မန်စားဖိတ်ချင်ကြောင်းပါ..။

    မချစ်သော်လည်းအောင့်ကာနမ်း… အဲလေ မကြိုက်လည်း သီးခံစားပေးပါနော်..။ 🙂 🙂

    • KZ

      December 9, 2013 at 12:37 pm

      အဲ။
      အဲလာသည်းခံလေ။
      နောက်ဆုံးမှာ ပြောထားတယ်လေ။
      ကွကိုယ်ပဲစားလေ နော်။
      :mrgreen:

  • Shwe Ei

    December 9, 2013 at 1:14 pm

    ိဒို့ကတော့ ဥပါရင် (ကြက်ဥ ဘဲဥ) အနည်းဆုံး ၂ရက်လောက် အသားလွတ် ငါးလွတ်စားလို့ရတယ်။

    မဟုတ်လဲ ဥကို ဒီတိုင်းကြော်စားလိုက်တာဘဲစ်။

    အရွက်တွေတော့ကြိုက်ပါအိ သို့သော် အမြဲတမ်းတော့ …..မလွတ်နိုင်ဝူး

    တခါတရံလွတ်တာဘဲ ကောင်းသလိုလိုချိတယ် :mrgreen:

    • KZ

      December 9, 2013 at 1:42 pm

      ဟိ။
      တို့ကတော့ အသားကို ဘယ် ဥ မှ ဘယ် အရွက်မှ အစားမထိုးနိုင်ဘူးပဲ။

      :mrgreen:

  • weiwei

    December 9, 2013 at 1:18 pm

    သတ်သတ်လွတ် တစ်လစာ မီနူးတစ်ခု ဆွဲပြီးတင်ပေးဖူးသေးတယ် …
    အသားငါးသိပ်မကြိုက်လို့ သတ်သတ်လွတ်စားလဲရတယ် … ဒါပေမယ့် ရက်ရှည်တော့ မစားနိုင်ဘူး …
    ဖားအောက်တောရမှာကျွေးတဲ့ သတ်သတ်လွတ်ဟင်းလျှာတွေကတော့ အသားနဲ့သိပ်မခြားပါဘူး … ဟင်း ၅ မျိုးလောက် ဖော်မြူလာအတိုင်းချက်ကျွေးလို့ စားရတာ အဆင်ပြေတယ် ..

    • KZ

      December 9, 2013 at 1:28 pm

      အွန်။
      တလစာစဉ်းစားရရင် ခေါင်းခြောက်သွားမလားမသိ ဝေ၊.
      ၊ဟိဟိ။
      ဒီတပတ်စာတောင် မနည်းရယ်။

      😀

  • kyeemite

    December 9, 2013 at 2:04 pm

    အာလူးကိုပြုတ်၊အခွံနွာ၊ လက်နဲ့ချေ ၊ ကြက်သွန်နီအကွင်းလိုက်လှီး၊ ပင်နံငြပ်သီးလေးနဲနဲစင်း၊
    ပဲဆီစစ်စစ်လေး နဲ့ ဆားလေးထည့်ပြီး သုပ်လိုက်ရင် အရသာရှိတဲ့ အာလူးသုပ်လေးစားလို့ရပါပြီ..
    ဟီဟိ..လုပ်တတ်တာလေးဝင် မျှတာ….. 😀
    အဲလိုအစိမ်းမသုပ်ပဲ အာလူးချေထားတာကို ကြက်သွန်နီနဲ့ ဆီပူဒလိမ့်ထိုးစားလည်းတစ်မျိုးကောင်းတာပဲ…

    • KZ

      December 9, 2013 at 2:29 pm

      အာ……..လူးးးးး လာမကျွေး နဲ့……………..

      ဟိ။
      ကျေးဇူးမိုက်မိုက်။
      စိတ်ထဲ အာလူးလို့ ဆိုလိုက်ရင် ကြော်တာပဲ စဉ်းစားမိနေလို့..
      😀

  • အဘရဟူဒီ

    December 9, 2013 at 5:18 pm

    ဒီထမင်းဆိုင်ကို ပက်ကညော မမြင်ဇီယ

    ပုံ
    မွန်သဗုံ

  • alinsett

    December 9, 2013 at 6:43 pm

    အခုတလော အစားအသောက်အကြောင်း ကြားရ မြင်ရ ဖတ်ရရုံနဲ့
    ဗိုက်က ဆာ ဆာလာတယ်။
    အစားမျိုးစုံလည်း တွေ ့မရှောင် စားနေမိတယ်။
    မနေနိုင် မထိုင်နိုင်ကို စားချင်စိတ်တဖွားဖွားပေါ်နေမိတယ်။

    ဘီယာလေးကလည်း ကြိုက်လာ။
    ဘော်ဒီ ဝိတ်ကလည်း တစ်ပေါင်ပြီး တစ်ပေါင် တရိပ်ရိပ်တတ်လာ. .
    အင်းးးးး

    :kwi:

    အခုလည်း ဒီပိုစ့်ဖတ်ပြီးးးး
    ရှလွတ်

    • KZ

      December 10, 2013 at 9:03 am

      အစားနဲ့က ဝ မှာ။
      အသောက်နဲ့က ဖောမှာ။
      အဲတော့ စွံချင်ရင် လျှော့သောက်။
      :mrgreen:

  • အစားအသောက်ပျက်နေတာကြာပြီ
    မနက်တိုင်းထမင်းကြော်နဲ့မုန့်ဟင်းခါးကလွဲပြီးစားစရာမရှိတော့ မနက်တိုင်းမုန့်ဟင်းခါး(သို့)အိမ်ဖြစ်ကော်ဖီ၊မုန့်
    နေ့လည်စာက ငါး၊ပုစွန်ဒါတွေပဲ အသားနဲ့အသီးအရွက်ကရှားပါးရင့်ထော်နေ။
    ညနေဘက် ထမင်းကြီးမစားချင်လို့ ရှမ်းခေါက်၊မြေအိုးမြီးရှည့်တောင့်တမိတယ် ကိုယ်တိုင်ဘာမှမလုပ်တတ်။
    ကေဇီဆိုင်ကလုပ်နည်းတွေတွေ့လည်း အပိုပစ္စည်းဘာမှစုံစုံလင်လင်ဝယ်လို့မရ။
    (ဗိုက်ဆာဆာနဲ့ညနေက စတေးတပ်လုပ်ဦးမို့ပဲ ကိုယ့်ဒုက္ခသူများမမျှချင်တာနဲ့…)
    ကံကောင်းထောက်မစွာ ခုနက ကျောင်းနောက်ဖေးအကြော်တဲက မုန့်ဆမ်းနဲ့ငှက်ပျောသီးတွေလာပေးသွားလို့
    ဒီညအခြေအနေဟန်သွားတယ်…
    🙁

    • KZ

      December 10, 2013 at 9:02 am

      သော်လေး…..
      သနားပါတယ်။
      ဘဲဥ ကြက်ဥရောရှိဘူးလားဟင်။
      ကြားညပ် စားလို့ရအောင်။
      နို့မို့ ပင်လယ်စာချည်းဖြစ်နေမှာပေါ့။

  • padonmar

    December 9, 2013 at 8:59 pm

    အာတီဒုံတွက်တော့ အံကိုက်ပဲ၊
    အဲသလိုမျိုးကြိုက်တာ။ကျေးဇူးအကြီးကြီးပါ။
    အန်တီက ရှေးဘဝတုံးက အစားအသောက်ကောင်းပေ့ဆိုတာတွေ မလှူခဲ့ဘူးထင်ပါရဲ့၊အခုလည်း ကောင်းပေ့ဆိုတာတွေမကြိုက်ဘူး။
    ဝက်သုံးထပ်သား၊ငါးမြင်းဗိုက်သားဆိုတာမျိုးတွေဆို တို့ကိုမတို့ချင်တာ။
    သက်သတ်လွတ်တော့ မစားပါဘူး။ချက်ကျွေးရတဲ့သူအားနာလို့၊
    ဒါပေမယ့် စားရရင် အသားတွေထက်ပိုကြိုက်၊
    တခါတုံးက သူငယ်ချင်းတွေစုမိတော့ အိမ်ရှင်သူငယ်ချင်းက Haciena Heights ဆိုတဲ့ တရုတ်ဘုံကျောင်းလိုက်ပြရင်း အဲဒီမှာ အမြဲကျွေးတဲ့ သက်သတ်လွတ်ဘူဖေးနဲ့ ဧည့်ခံတယ်။
    ထိုင်ဝမ်ကလာတဲ့ အောင်ကျော်ဆိုတဲ့ သူငယ်ချင်းဖက်တီးခမျာ ရှုံ့မဲ့နေတာပဲ၊
    အန်တီကတော့ မြေထောက်ပဲပြုတ်လေးစားလိုက်၊ဂေါ်ဖီခရမ်းရောင်(အဲတော့မှမြင်ဖူးတာ)ပါပါးလှီးထားတဲ့ ကြွပ်ကြွပ်လေးတွေဝါးလိုက် သိပ်ကြိုက်တယ်၊သိပ်ကြိုက်တယ်ရွတ်လိုက်။
    အိမ်ရှင်သူငယ်ချင်းကတောင် အားနာလို့ ဟန်ဆောင်စားပြတယ်ထင်နေသေး။
    လူထူးလူဆန်းဖြစ်လို့။
    …..
    အိမ်မှာလည်း ဟင်းချက်ရင် ချဉ်ပေါင်ဟင်းကလွဲလို့ ငါးပိမထည့်ဘူး။ငံပြာရည်တော့သုံးတယ်။အချိုမှုန့် ရှောင်ပြီ။
    စရှောင်ခါစ ပါးစပ်ထဲမထိပေမယ့် ကြာလာတော့ အချိုမှုန့်များတဲ့ စားသောက်ဆိုင်အစာတွေဆိုရင် စားလို့တောင်မရတော့ဘူး။
    ငါးပိစားချင်ရင် ငါးပိထောင်းတော့ ထောင်းစားတယ်၊
    ဟင်းထဲမှာ မလိုပဲ မထည့်တော့ဘူး။
    ချိုစေချင် ဟင်းခတ် ပုဇွန်ပိုသုံးတယ်။
    ပါးစပ်ဆိုတာ ကျင့်ယူရင်ရပါတယ်။

    • KZ

      December 10, 2013 at 9:00 am

      အို။
      အာတီဒုံ။ မသိလိုက်လို့။ နောက်ခါဆို အာတီဒုံ တွက် ဟင်းစပ်ပေးမယ်။
      ဒီမှာလည်း ခရမ်းရောင် ဂေါ်ဖီရှိတယ်။
      လှလို့ မစားရက်ဘူးးး
      အဲတော့ စားရက်တဲ့ အသားတွေပဲ စားရတယ်၊.၊ဟိဟိ။
      😀
      ကျနော်တို့ အချိုမှုန့်မစားတာ မောင်လေး တစ်သက်။ ။
      စားမိရင် အရမ်းသိသာတယ်၊ အသားတွေ စပ်ဖျင်းဖျင်းနဲ့ ထုံထုံကြီးဖြစ်လာတာ။

      ပါးစပ်ကတော့ တကယ် အကျင့်ပါပဲ တီဒုံ။
      ကျနော် က အငန်လျှော့ရမှာ၊
      အစပ်နဲ့ အငန် အရမ်းကြိုက် အရမ်းစားဖြစ်လို့။

  • ကြောင်ဝတုတ်

    December 10, 2013 at 10:21 am

    ဗျို့ထမင်းဆိုင်ကြီး… အဲ… ထမင်းဆိုင်ပိုင်ရှင်ကြီး…

    နောက်တစ်ခါ တစ်ပတ်လုံး မြည်းပြီးသောက်လို့ရမယ့်ဟင်းနဲ့ အရက်တွဲ အစပ်လေးလုပ်ပေးပါ…
    ဖတ်ချင်လို့ပါ…
    မြန်မာထမင်းဟင်းရိုးသွားပီ… တမျိုးပြောရရင် ကွန်ဆာဗေးတစ်ထမင်းဝိုင်းက ရိုးသွားပြီ…
    လစ်ဘရယ်ထမင်းဝိုင်းလေးစားချင်လို့ပါ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • KZ

      December 10, 2013 at 10:34 am

      ဘယ်နဲ့ပြောပါလိမ့်။
      ရေးချင်တာပေါ့။
      ဒါဘေသိ။
      အနော့ မှာ မိန်းမသားးးးးး
      ဟိ။
      ရေးကောင်းမကောင်းမသိဘူးးး
      ကြိုးစားလိုက်ဦးမယ်။
      အဲလို စားဖိုမှူးရှာဖို့။
      😀

  • sorrow weaver

    December 10, 2013 at 12:39 pm

    Carnivores လား
    Omnivores လား
    Herbivores လား
    Humans are naturally plant-eaters တဲ့ဗျ… စားကြ …စားကြ…ကျော်တော့ အသားပဲစားမယ်..
    ပုံ …Carnivore ဆောရိုး .အဟိဟိ

  • ရွှေမိုးတိမ်

    December 10, 2013 at 12:48 pm

    ခရမ်းချဉ်သီးသုတ်ရယ် ၊ နှမ်းဖတ်ချဉ်သုတ်ရယ် က လွဲရင် အကုန်ကြိုက်တယ် ။
    ခရမ်းသီးနှပ်ကတော့ အကြိုက်ဆုံးပဲ 😀
    ဒီပို့စ်ကို ဝင်ကြည့်တာ ဒီနေ့ဆို သုံးခါမြောက်ရှိပြီ ။ ကြည့်မိတိုင်း ဘိုက်ဆာတဲ့ ဒီလိုချိန်ဒွေချည်းပဲ ။ လော့အင် ဝင်မရလို့ မန့်လို့မရတာ … သားရေကျပြီး ပြန်ပြန်ထွက်သွားရတာပေ့ါညော် …
    တကူးတက ဟင်းစပ်စဉ်းစားပေးတ့ ဲ မမ ခိုင်ဇာ မွမွ နော် 😀 😀

    သက်သတ်လွတ်စားတာ ဘာရယ် ညာရယ်ဟုတ်ပါဘူး ။ အနှစ်နှစ်ဆယ်ကျော် သားတွေငါးတွေ စားလာတာပါပဲ ။ စိတ်ကူးပေါက်လို့ သက်သတ်လွတ်စားတာ လပို်င်းပဲရှိပါသေးတယ် ။
    လူတစ်ကိုယ် စိတ်တစ်မျိုး ၊ လူတိုင် းကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့လေ ။ အိမ်မှာ မိသားစု ငါးယောက်ရှိတာတောင် အကြိုက် က တစ်ယောက်တစ်မျိုးဝယ်နေရတာမို့လားး ။ ခေတ်ကိုက ဒီမိုကရေစီပါဆိုမှ အသားစားစား ၊ ငါးစားစား ၊ အရွက်ပဲစားစား အားလုံး ကိုယ့်ပါးစပ်ကနေ ကိုယ့်ဗိုက်ထဲ ကိုယ်ထည့်တာမို့ … ကိုယ့်သဘောအတိုင်းပေါ့ဂျာာာ

    • KZ

      December 10, 2013 at 1:11 pm

      ဟုတ်ပါပြီ။
      ကြိုက်ရာ ဆက်စားပါ။
      ဘာမှ ပြောပါဝူးးးးး
      😀

      • ရွှေမိုးတိမ်

        December 11, 2013 at 9:59 am

        ဝုတ်ကဲ့ 😀

  • Mr. MarGa

    December 10, 2013 at 3:08 pm

    အရှေ့မှာ လူတန်းကြီးနဲ့မို့
    ကျန်မှ ကျန်ပါဦးမလားမသိ
    သားကြီး ငါးကြီးလဲ ပါဝူး ဆိုတော့
    ဒီအပတ်တော့
    နတ်သုဒ္ဒါပဲ သုံးဆောင်ပါတော့မယ်လေ… :kwi:

    • KZ

      December 10, 2013 at 3:12 pm

      ရောက်တာနောက်ကျတာကိုးးး
      သတ်သတ်လွတ်ကာမှ မန့်သူရော ရှယ်သူရောများတာအေ။
      သတ်သတ်လွတ်ကြိုက်သမား များမှန်းခုမှသိ။
      ဟိဟိဟိ

      :kwi:

      • Mr. MarGa

        December 11, 2013 at 11:29 am

        နောက်အပတ် ဂယ်နားမှာလား ဟင်

  • Crystalline

    December 10, 2013 at 3:28 pm

    သားကြီးငါးကြီးလွတ်ကို ဖွယ်ဖွယ်ရာရာလေး ပြင်ဆင်ချက်ပြုတ်ပေးတယ်ဆိုတော့လည်း.. စိတ်ကိုခြိုးခြံပြီး စားလိုက်အူးမယ်.. :loll:

    • KZ

      December 10, 2013 at 3:38 pm

      ဟိ။
      အားပေးကြပါ။
      အားပေးကြပါ။
      😛

    • ဦးကြောင်ကြီး

      December 11, 2013 at 10:28 am

      သားကြီးငါးကြီးလွတ် ဆိုတော့ ဦးကြောင်ကိုများ စောင်းပြောလေရော့သလား ခြစ်စတယ်လေးရယ်။
      စားပါစားပါ
      အားမနာ
      ခြစ်စံပယ်လေး
      ဆိတ်ကြိုက်နွှာ
      အသွေးအသား
      တပျတ်ပျတ်ဝါး
      ပက်ကညောနား
      ကြောင်ကြီးသွား။

  • surmi

    December 11, 2013 at 11:22 am

    တင်​စရာကုန်​ပြီထင်​တယ်​…
    ​ရေးပြီးသား​လေးမှားဖျက်​လိုက်​မိလို့ အ​တော်​ဂွကျ ​နေပါ​ကြောင်​း…
    သတ်​သတ်​လဖွတ်​မရည်​ရွယ်​​ပေမယ်​့​နေ့စဉ်​
    အသီးအရွက်​မပါရင်​မစားတတ်​သူမို့
    အယးလုံးကြိုက်​ပါတယ်​ဗျိုး းးးးးးးးးး

    • KZ

      December 11, 2013 at 11:25 am

      ကုန်ပြီ ဆာဆာ။
      နောက်တစ်ပတ်တော့ နားပြီ၊

      🙂

      • TNA

        December 14, 2013 at 5:00 pm

        ဘာလို့နားမှာလဲချွေးမွလေးရဲ့။ အားပေးနေကြတာကို။ အမလဲတနင်္လာနေ့တိုင်းစောင့်ဖတ်နေရတာ။ ရင်တောင်ခုန်တယ်။ ဘာဟင်းအဆန်းလေးတွေများရမလဲလို့။ တင်ဘာအေရယ် :byee:

  • surmi

    December 11, 2013 at 11:33 am

    စာလုံး​ပေါင်​း​တွေမှားကုန်​တာ​တောင်​းပန်​ပါတယ်​..
    ပြင်​လို့ရရင်​ပြင်​​ပေးကြပါ
    အခုသုံး​နေရတဲ့မြန်​မာစာ​ဆော့ဝဲက အလွန်​​ကြောင်​ပါတယ်​
    ထွက်​ချင်​သလိုထွက်​​နေပါတယ်​
    အားနာလိုက်​တာ 🙁

  • ကျော်စွာခေါင်

    December 15, 2013 at 1:51 am

    မကေ ( စားသောက်မှုဆိုင်ရာ ကွန်မန် ့ဘုရင်မ )
    ကျေးဇူးးးကျေးဇူးးးး…ကျေးဇူးဘဲဗျာ..။
    နှမ်းဖတ်ချဉ်သုတ်နဲ ့ဇရစ်ကလွဲရင် အကုန်ကြိုက်တယ်.. ဟင်းစပ်တွေလဲ မှတ်ထားသိမ်းထားမယ်..
    ခေါင်က..ငယ်ကတည်းက တခါတလေ ကြောင်တယ်..
    နှမ်းဖတ်ချဉ်ဆို ငယ်ကတည်းက ဟင်…နွားစားတဲ့ဟာကို လူကသုတ်စားတယ်ဆိုပြိး မစားတော့တာ..
    ဇရစ်ဟင်း အိမ်မှာချက်ရင် တပါတ်လောက် အိမ်ပြန်မလာဘူး အဘွားအိမ်မှာ သွားနေတာ..
    ဟင်းခပ်တဲ့ ကြေးဇွန်းမှာ ဇရစ်နံ ့စွဲနေသလို စိတ်မှာ ဖြစ်နေတတ်တာ…။
    ခွေးတောက်ရွက်နဲ ့ဘယာကြော် ခုမှ ကြားဘူးတာ..
    …စကားမစပ်
    ကင်းမုံသီးနဲ ့ဘယာကြော်အကွင်းနဲ ့ချက်စားကြည့်ပါလား ကောင်းမှကောင်း..
    နောက်ပြီး စားတော်ပဲပြုတ်နဲ ့ဖလံတောင်ဝှေး ဒါးပြားရိုက်လေး ကြော်စားကြည့် ကောင်းတယ်..သိလား
    နောက် ကိုကျောက်စ်ပြောတဲ့…ခရမ်းသီး မီးဖုတ်ကို ကြက်သွန်နီ ဆီစိမ်းလေးနဲ ့မြေပဲဆန် လေးစိတ်ကွဲ ထောင်းလေးနဲ ့သုပ်စားကြည့်…ကောင်းမှ ကောင်း..။
    ကုက္ကိရွက်သုတ်တို ့ ညောင်ဖူးသုပ်တို ့ထနောင်းရွက်သုပ်တို ့လည်း ကောင်းတယ် မကေရဲ ့ ။

    • KZ

      December 15, 2013 at 12:44 pm

      အို။
      ခေါင့် အတွက် ရေးပါတယ် ဆို မကြိုက်တဲ့ ဟင်းပါသွားလို့ ဆောရီးပါကွယ်။
      ဟိ။အမှန်တော့ ကိုယ်ကြိုက်တာတွေ အရင်စပ်ပြီးမှ ရေးလို့ အဲလိုဖြစ်သွားတာ။
      နောက်ခါ ထပ်စပ်ပေးမယ်။

      😀

  • kai

    December 15, 2013 at 11:49 am

    ကေဇီးရေ…( (Z) ကိုအမေရိကန်အသံထွက်ဇီးလို့ဖတ်..)
    ဒီလအတွက် သတင်းစာမှာပုံနှိပ်ဖေါ်ပြဖို့ ဒီမီနှုးလေးရွေးလိုက်ပါတယ်။ အခုလိုစာပါတဲ့သတင်းစာလေးတွေပုံနှိပ်ပြီးတဲ့အခါ လက်ဝယ်လက်ရောက် ပို့ပေးဖို့လည်း စုထားပါတယ်/ပါမယ်..။

    ခွင့်ပြုပါစေကြောင်း… :mrgreen:

    • KZ

      December 15, 2013 at 12:19 pm

      ခိုင် သဘော……
      ခိုင် သဘော…………
      :mrgreen:
      ဟေးဟေးဟေးးး
      နောက်တာ။
      ထပ်ဖြည့်ပေးဖို့ လိုရင်ပြော။
      လျှော့ချင်တာ တည်းဖြတ်ချင်တာ အယ်ဒီတာ စိတ်ကြိုက်သာလုပ်။
      🙂

Leave a Reply