Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

THE POWER OF YOUR BIRTHSTONE (သဂျီး မဖတ်မိပါစေနဲ့)

alinsettDecember 30, 20136min101229

 

 

ကျောက်မျက်ရတနာ ချစ်သူတွေဟာ. . .

ကျောက်မျက်တွေကို အဆောင်အနေနဲ့ ရွေးချယ် ဝတ်ဆင်လေ့ရှိကြပါတယ် ။

 

မိမိမွေးဖွားရာ လ အလိုက် ဆောင်ရမယ့်ကျောက် အမျိုးအစားတွေကို ခွဲခြားသတ်မှတ်ပြီး ယုံကြည်မှုနဲ့ ဆင်မြန်းကြတာပါ ။

 

အခု . . .

ဇန်နဝါရီလ မွေးဖွားသူတွေကနေ ဒီဇင်ဘာလ မွေးဖွားသူတွေ အထိ …..

အသီးသီး ဆောင်ရမယ့် ကျောက်တွေ နဲ့  အဆောင်ကျောက်ရဲ့ အဓိပ္ပာယ်တွေကို  ရေးပြပါရစေ ။

 

(((ဖတ်ဖူးသူ သိပြီးသူတွေကလည်း မဖတ်ရသေးသလိုလို မသိသေးသလိုလို လုပ်ပြီး ပြန်ဖတ်ပေးကြပါနော့်။

ပိုပြီး ပြည့်ပြည့်စုံစုံ သိထားသူတွေကလည်း.. ဖြည့်ပြောပေးသွားကြပေါ့.. ။  )))

 

🙂

 

***********************************

 

ဇန်နဝါရီလ မွေးဖွားသူတွေ ဆောင်ရမယ့်ကျောက်က. . . .

ဇီး / ဥဒေါင် လို့ ခေါ်တဲ့ ကျောက်ပါ။

အင်္ဂလိပ်အခေါ်အဝေါ်အနေနဲ့ကတော့

Garnet ပါ ။

မပြောင်းလဲသော သစ္စာရှိခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တဲ့ ကျောက်ပါ ။

1387969193954

 

 

 

 

 

 

 

 

 

 

 

 

—————————————————————————————————————————————-

 

ဖေဖော်ဝါရီလ မွေးဖွားသူတွေအတွက်ကတော့ . . .

ခရမ်းစွဲ ဆိုတဲ့ ကျောက်ပါ ။

ဘိုလို . . . Amethyst လို့ ခေါ်ပါတယ် ။

ရိုးသားခြင်း . . . ငြိမ်းချမ်းခြင်း ဆိုတဲ့ အဓိပ္ပာယ် ကို ဆောင်တဲ့ ကျောက်ပါ ။

 

1387969184468

 

 

 

 

 

 

 

 

 

 

 

——————————————————————————————————————————————–

 

မတ်လ မွေးဖွားသူတွေ ဆောင်ရမယ့်ကျောက်ကတော့. . .

မြပြာ(သို့မဟုတ်) စလင်းစိမ်း ဆိုတဲ့ကျောက်ပါ ။

Aquamarine လို့ ဘိုတွေ ခေါ်ကြပါတယ်။

aquamarine

 

 

 

 

 

 

 

 

 

 

မြပြာရဲ့ အဓိပ္ပာယ်ကတော့. . .

ရဲရင့်ခြင်း. . .သတိ္တရှိခြင်း. . . စင်ကြယ်ခြင်း

ဉာဏ်ပညာ ကြီးမားခြင်း ပါ ။

 

————————————————————————————————————————————————

 

ဧပြီလ မွေးဖွားသူတွေ ဆောင်ကြတာကတော့ . . .

စိန် နဲ့ နီလာဖြူ ပါ။

 

ဘိုလိုခေါ်ရရင်တော့ . . .

Diamond and Sapphire ပေါ့ဗျာ ။

4

 

 

 

 

1387969636549

 

 

 

 

 

 

 

 

 

 

 

 

အဲဒီကျောက်တွေရဲ့ အဓိပ္ပာယ်ကတော့. . .

အပြစ်ကင်းစင်ခြင်း. . .

ညီမျှခြင်း. . . မျှတခြင်း နဲ့ ခွန်အားကြီးခြင်းတို့ ဖြစ်ပါတယ် ။

 

————————————————————————————————————————————————

 

မေလ မွေးဖွားသူတွေ ဆောင်ရမယ့် ကျောက်ကတော့. . .

မြ လို့ခေါ်တဲ့ Emerald ပါ ။

001

 

 

 

 

 

 

 

 

002

 

 

 

 

 

 

 

 

မြရဲ့ အဓိပ္ပာယ်က . . . ချစ်ခြင်း. . .

မေတ္တာရှိခြင်း. . . အောင်မြင်ခြင်း . .အနိုင်ရခြင်း . . . .

 

————————————————————————————————————————————————

 

ဇွန်လ မွေးဖွားသူတွေအတွက်

အဆောင် ကျောက်ကတော့ . . . .

ပုလဲ ရယ်..

မြော ရယ်. .

သုံးပန်လှဆိုတဲ့ ကျောက် ရယ် ပါ ။

ဘိုတွေလို ခေါ်ပြောရရင်တော့. . .

Pearl , Moonstone and   Alexandrite

1387969921785

 

 

 

 

 

 

 

 

1387970251891

 

 

 

 

 

 

 

( သုံးပန်လှဆိုတဲ ့ကျောက်ကိုတော့.. ပုံ ရှာမတွေ ့လို ့…)

အဲဒီကျောက်တွေက . . .

ကျန်းမာခြင်း. . .

အသက်ရှည်ခြင်း. . . ကြွယ်ဝချမ်းသာခြင်းဆိုတဲ့ အဓိပ္ပာယ်တွေကို ဆောင်ပါတယ် ။

 

————————————————————————————————————————————————

 

ဇူလိ်ုင်လ မွေးဖွားသူတွေ ဆောင်ရမှာက. . .

Ruby ပါ ။ ပတ္တမြား ပေါ့လေ ။

ကျေနပ်တင်းတိမ်ခြင်း. . .

လွတ်လပ်မှု . . .

အကာအကွယ်ပေးမှု ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ် ။

2

 

 

 

 

 

 

 

 

 

 

 

————————————————————————————————————————————————

 

ဩဂုတ်လ မွေးဖွားသူတွေ အတွက်ကတော့. . . .

ပြောင်ဂေါင်းစိမ်း ဆိုတဲ့ ကျောက်ပါ ။

ဘိုတွေက. . .Peridot   လို့ ခေါ်ကြပါတယ် ။

003

 

 

 

 

 

 

အိမ်ထောင်ရေး ပျော်ရွှင်ခြင်း. . . .

ရင်းနှီးဖော်ရွေဖွယ်ဖြစ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တဲ့ ကျောက်မျက်ပါ။

 

————————————————————————————————————————————————

 

စက်တင်ဘာလ မွေးဖွားသူတွေက ….

နီလာကို ဆောင်ရမှာပါ ။

Sapphire လို့ ခေါ်တဲ့ ကျောက်ပြာပြာလေးပါ ။

3

 

 

 

 

 

 

 

နီလာရဲ့ အဆောင်အဓိပ္ပာယ်ကတော့. . .

ကြည်လင်စွာ စဉ်းစားတွေးခေါ်နိုင်မှုရှိခြင်း

အမှန်တရားရှိခြင်း. . .

စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြင့်မားခြင်း . တို့ကို ကိုယ်စားပြုခြင်း ဖြစ်ပါတယ် ။

 

————————————————————————————————————————————————-

 

အောက်တိုဘာလ မွေးဖွားသူတွေ ဆောင်ရမှာက . .

ဖရဲအူ လို့ ခေါ်တဲ့ . . .

Tourmaline ဖြစ်ပါတယ် ။

1387970920273

 

 

 

 

မျှော်လင့်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တဲ့ ကျောက်ပါ ။

 

————————————————————————————————————————————————

 

နိုဝင်ဘာလ မွေးဖွားသူတွေ ဆောင်ရမှာကတော့. . .

ထပ်တရာ နဲ့ သလင်းဝါ ဆိုတဲ့ ကျောက်တွေ ပါ ။

 

Topaz နဲ့ Cirtine ပေါ့ ။

1387971050496

 

 

 

 

 

 

 

 

 

အဓိပ္ပာယ်ကတော့ . . . ကျန်းမာခြင်းနဲ့ သစ္စာရှိမှု ခံရခြင်း ပါ ။

 

————————————————————————————————————————————————-

 

ဒီဇင်ဘာလ မွေးဖွားသူတွေ ဆောင်ရမယ့်ကျောက်ကတော့ . . . .

ဂေါ်မိတ် ဆိုတဲ့ ကျောက်ပါ ။

ဘိုလို . . . Zircon လို ့ခေါ်ပါတယ် ။

1387971212934

 

 

 

 

အဓိပ္ပာယ်ကတော့ . . .ကြွယ်ဝချမ်းသာခြင်း . . . .

အောင်မြင်ခြင်း ဆိုတာတွေကို ဆောင်ပါတယ် ။

 

———————————————————————————————————————————————–

 

ကျောက်မျက်ရတနာကို ချစ်မြတ်နိုးတန်ဖိုးထား ပြီး စွဲစွဲလမ်းလမ်း ဝတ်ဆင်သူတွေ အတွက် သတ်မှတ်ချက်လေးတွေပါ ။

 

ကျွန်တော်ကိုယ်တိုင်ကတော့ ကျောက်မျက်ထဲမှာ မြန်မာ့ မိုးကုတ်ပတ္တမြားကိုသာ အကြိုက်တွေ ့နှစ်သင်တာမို ့

စက်တင်ဘာ အဆောင် ကျောက်ဖြစ်တဲ့ နီလာကို မလိုချင် မမက်မော

ပတ္တမြားနီနီရဲရဲလေးကိုသာ မက်မောမိကြောင်းပါ ။

 

အခု ရေးပြခဲ့သလို ဘယ်ကျောက်ကိုဆောင်ရင် ဘာဖြစ်နိုင်တယ်ဆိုတာတွေကို

သိပ် ခံစားချက်မရှိပါဘူး။

 

ကျွန်တော် ကျောက်မျက်တွေကို ဆောင်ချင်တယ်ဆိုရင်. . .

အဲဒါ သဘာဝတွင်းထွက် ကျောက်မျက်မို့

မြတ်နိုးတန်ဖိုးထားရုံသက်သက်ပဲ ဖြစ်မှာပါ။

 

. . . . .

 

————————

 

လေးစားစွာဖြင့်

 

အလင်းဆက် (Gazette)

 

အချက်အလက်တစ်စုံတစ်ရာ..မှားယွင်းလွဲချော်နေပါက..ကျွန်တော့် မှားယွင်းမှု / ညံ့ဖျင်းမှုသာ.ဖြစ်ပါတယ်.. ။

ရည်ညွန်းကိုးကားတာကတော့… ကျိီးသဲညွန် ့နိုင် ရဲ ့..ကျောက်မျက်အဘိဓာန်…နဲ ့.. ဦးဉာဏ်သင်းရဲ ့ မြန်မာ့ပတ္တမြားနဲ့နီလာ

အပါအဝင်.. ကျောက်မျက်ပညာ စာအုပ်…

အခြား ကျောက်မျက်ဆိုင်ရာ..ဆောင်းပါးတချို ့…တို ့ဖြစ်ပါတယ် ။

အဆောင်ကျောက်တွေ ရဲ ့ သတ်မှတ်မှုကို..  သမားစဉ်ဆက် သတ်မှတ်ချက်အတိုင်းသာ..ရေးပြခြင်းဖြစ်ပါတယ်.. ။

ထပ်ပြောရရင်တော့…  အချက်အလက်တစ်စုံတစ်ရာ..မှားယွင်းလွဲချော်နေပါက..ကျွန်တော့် မှားယွင်းမှု / ညံ့ဖျင်းမှုသာ.ဖြစ်ပါတယ်.. ။

သိလို ့တတ်လို ့ရေးတာမဟုတ်ပါ.. ။

 

🙂

🙂

 

 

 

 

29 comments

  • KZ

    December 30, 2013 at 9:05 am

    အို။
    မမဂျီး အတွက်တော့ အတော်အဖိုးတန်တဲ့ ပို့(စ) လေးပဲ။
    ဒါနဲ့ …………….
    နီလာ ဝယ်ပေးပါ။
    နီလာဆောင်မို့။
    ဘာမှမရရင် မနီလာနဲ့ မင်ဂါဆောင်လိုက်မှာ။

    😀

    • alinsett

      December 30, 2013 at 10:22 am

      မမဂျီးနဲ့ မမဝိုးလိုပဲ
      ကျနော်လည်း နီလာဆောင်ရမှာ ဒါပေမယ့် ကိုယ်ကြိုက်တာက
      ဘဒမြား နီနီလေး
      :kwi:

      နီလာဆို ဒံပေါက်တောင် နီလာဆိုင်မှာမစား
      မကြိုက်လိူ့ ။
      🙂

      နီလာကျောက်မျက်က တကယ်တော့ ဘဒမြားနဲ့ သဘောသဘာဝတွေ ဓါတ်ပြုဖွဲ့စည်းမှုတွေ
      အကုန်တူပြီး အရောင်လေးပဲ ကွဲလို ့ ဘဒမြားလောက် ဈေးကောင်းမရရှာ
      နီလာပါစေ နီလာပါစေ လို့ဆုတောင်းစကားဆိုခဲ့တာကိုအကြောင်းပြုရာကနေ
      နီလာလို့ အမည်တွင်သွားတာလို့ ကြားဖူးပါရဲ့

      နီလာဟာ ကျောက်မျက်တွေရဲ့ ဝိညာဉ်လို့တောင်တင်စားရတဲ့ကျောက်

      နီလာကိုဆောင်တဲ့ စက်တင်ဘာလ မွေးဖွားသူတွေကလည်း
      အင်းးးး
      လျှော့တွက်လို့တော့မရဘူးနော့

      :kwi:

  • Wow

    December 30, 2013 at 10:12 am

    နာက စက်တင်ဘာဖွားဆိုတော့ နီလာ..
    ဒါပေသိ.. တနင်္လာသမီးဆိုတော့ ပုလဲ…
    ပုလဲနှင့် နီလာ က မတဲ့ပါတဲ့…. အာ့ နိရအောင်ရှင်း.. :mrgreen:

    • alinsett

      December 30, 2013 at 10:17 am

      မပုလဲနဲ့ မနီလာ မတည့်တာ ဖြစ်ပါလိမ့်မယ်
      ကျောက်တွေကတော့ အချင်းချင်း ထ သတ်နေမယ်မထင်
      🙂
      :kwi:

      ကျောက်မျက်ကို လအလိုက် ဆောင်ကြတာအပြင် မွေးနေ့နံအလိုက်ဆောင်ကြတာလည်းရှိ
      နတ်ခတ်အလိုက်ဆောင်ကြတာလည်း ရှိပါတယ်

      ကျနော်ကတော့ ကိုယ်ကြိုက်တာကို ဆောင်တယ်
      အဟိ

  • စကားမစပ် လစာထုတ်ရင် ပတ္တမြားတစ်လုံးလောက်လက်ဆောင်ဝယ်ပေးပါလားကွယ်
    အလက်ဆင်းစကားကိုလိုက်နာချင်လို့ပါ
    😀

    • alinsett

      December 30, 2013 at 1:15 pm

      အဟိ

      ကျနော့်လစာနဲ့တော့
      ဘဒမြား မပြောနဲ့
      ဘဒနဲတောင် အနားမကပ်နိုင်

      :kwi:

  • မဟာရာဇာ အံစာတုံး

    December 30, 2013 at 11:11 am

    ဂလိုကွယ့် ..
    ပတ္တမြား၊ နီလာတွေ ဘယ်လို အကျိုးဖြစ်လဲတော့ မသိဘူး
    ရွှေ ကတော့ ရှူရှိုက်လိုက်ရင် ခေါင်းကြည်စေတယ်
    ရွှေကို ဖြတ်တိုက်လာတဲ့ လေကို ရှူရှိုက်ရရင် ခေါင်းကြည် အမောပြေစေတယ်ပေါ့ကွာ ..
    ဒါကြောင့် ကုလားမ များရဲ့ နှာသီးနားမှာ ရွှေလေးတွေ ဆင်မြန်းထားကြတာလေ …
    ဒါကြောင့် ဘုရားပေါ်ရောက်ရင် အေးသွားတာပဲ ဆိုတာ .. ရွှေကို ဖြတ်ပြီး တိုက်လာတဲ့ လေတွေကို ရှူရှိုက်ရလို့လည်း တစ်ကြောင်း အပါအဝင်လေ ….

    • alinsett

      December 30, 2013 at 1:13 pm

      ရွှေအကြောင်းတော့ သိပ်မသိဘူးကွယ်
      ဒါမယ့် ရွှေဆိုင်သွားဝယ်ဖို့လုပ်တိုင်း ရွှေဆိုင်ကအရောင်းစာရေးမလေးတွေရဲ့မျက်စောင်းထိုးခံရတယ်
      အလျော့တွက်တွေ လက်ခတွေကို တွက်ပြီး ဈေးလျှော့ခိုင်းလွန်းလို့

      🙂

  • လုံမလေးမွန်မွန်

    December 30, 2013 at 11:28 am

    အ​နော်​လည်​း နီလာ…

    အလက်​ဆင်​း… နာ့ကို​ရော နီလာ​လေးတစ်​စံ​ု​လောက်​ ဝယ်​​ပေးပါလားဟင်​င်​..

    • alinsett

      December 30, 2013 at 1:10 pm

      သက်ကယ်ချင်းရယ်
      နီ ့မှာ ကိုကို ရှိတယ်လေ
      သု ဝယ်ခိုင်း
      :kwi:

      တစ်ကာရက်ကို သိန်းနှစ်ဆယ်ကျော်လောက်ဆို သင့်တော်တာလေး ရနိုင်ပါတယ်လို ့
      🙂

        • alinsett

          December 30, 2013 at 4:14 pm

          ဟုတ်ပါ့
          အခုမှ ကြည့်မိတယ်။
          စာ ရိုက်တာ တော်ချက်လေ
          🙂

          သတိပေးတာ ကျေးဇူးပါအမွန်
          နီသာ သတိမပေးရင် ဘယ်အချိန်ထိ အမှားကြီးဖြစ်နေမယ်မသိ

          :kwi:

  • Mr. MarGa

    December 30, 2013 at 12:25 pm

    ဆောင်ရင်ဘာဖြစ်မယ်… မဆောင်ရင်ဘာဖြစ်မယ်…. 🙂
    နီလာတောင်းတဲ့သူတွေများနေတော့ နီလာအကြောင်း မပြောတော့ပါကွယ်……

    • alinsett

      December 30, 2013 at 1:06 pm

      သဂျားလေးအတွက်
      နီလာထက်လှတဲ့
      ဒေါ်ဖွားမေဂျီးကို ပေးမယ်
      ယူမလားကွယ့်

      :kwi:

  • kai

    December 30, 2013 at 3:14 pm

    ပြောရရင်..
    .. Hope ဆိုတဲ့စိန်ပြာကြီးတလုံးရှိခဲ့ဖူးသတဲ့..
    အဲဒီစိန်ကြီး”ခိုက်”တာများ.. ပိုင်သူအကုန်လိုလို.. ပြဿနာဖြစ်..သေကြတာပေါ့..
    နောက်ဆုံးတော့.. ပြတိုက်ကပိုင်သွားပါတယ်..။

    ဆိုတော့…
    ရတနာမှာ.. “မ” တာရှိသလို..” ခိုက်”တာလည်းရှိကြောင်းယုံကြည်ရတဲ့အထောက်အထားတွေ.. ရှိပါကြောင်း..
    ထပ်ဖြည့်လိုက်ရရင်.. “အကြင်တရားတို့သည် အကြောင်းကြောင့်ဖြစ်ကုန်ပါသတဲ့..။”
    “အကျိုးအကြောင်း…အကြောင်းအကျိုး ဆက်စပ်တည်ရှိ”.. ရှိပါတယ်..
    နောက်ပိုင်းသိပ္ပံတွေ့ရှိချက်တချို့ကတော့.. စိန်က”ပြာ”ပြီဆို.. အထဲမှာ.. ကာဗွန်အပြင် တခြားဓာဓုဓါတ်တမျိုးပါဝင်ရောစပ်နေပါသတဲ့..
    အဲဒါ(ရတနာ)ကို.. လူမှာတန်ဆာဆင်ရင်.. နှလုံး..ဒါမှမဟုတ် ဦးနှောက်ကို.. ဓါတ်သတ္တိကြွတာခံရပြီး.. လူကဂယောင်ခြောက်ခြားတွေဖြစ်… အဲဒီကနေ.. သေကြရတာပါတဲ့..။

    ဒါမျိုးလေးတွေလည်း… တွေးလို့ရပါကြောင်းနဲ့.. ပညာရပ်တွေမှာ အပြစ်မရှိ.. တွေးခေါ်ယူငင်အသုံးပြုသူတွေကြောင့်သာ.. ရယ်လို့… :mrgreen:

    • alinsett

      December 30, 2013 at 4:16 pm

      ဟောာာာ
      သဂျီး မြင်သွားဘီ

      :kwi:

  • Paing Lay

    December 30, 2013 at 4:09 pm

    ယလဲ့……………အနော်က မြပြာ(သို့မဟုတ်) စလင်းစိမ်းကျောက်ဆိုပါလား အာဟိ :mrgreen:

    • alinsett

      December 30, 2013 at 4:18 pm

      အဲဒီကျောက်က ချစ်စရာကောင်းတဲ့ အရောင်လေးဗျ
      ကျနော်တော့ သဘောကျတယ် ။
      ဒါမယ့် ကျောက်အရိုင်းတုံးအနေနဲ့ကို ပိုသဘောကျတယ်
      အထည်ခတ်ပြီးရင် သဘာဝကျောက်တုံးလောက် သဘောမကျချင်

      :kwi:

  • မောင်ဘလိူင်

    December 30, 2013 at 5:18 pm

    ပတ္တမြား ဘုန်းတောက်၊ မြ ကျောက် အေးချမ်း စိန် စွမ်းဂုဏ်ရောင်၊ ကြောင် ကား သိဒ္ဓိ ၊ မဏိ နီလာ မေတ္တာကဲချုပ်၊ ဂေါ်မိတ် ခွန်အား ၊ဥဿဖယား ကျန်းမာ၊ သန္တာ ကြီးကဲ ပုလဲ ကျက်သရေ၊ ဂုဏ်ကိုးဝေသည် ကိုးထွေ နဝရတ် စွမ်းရည်တည်း။ အဲဒါတော့ ကြားဖူးတယ်။ 😀

    • alinsett

      December 30, 2013 at 6:04 pm

      ဟုတ်ပါ့ဗျားး
      အဲဒီ ဆောင်ပုဒ်လေးကလည်း
      အခုအချိန်ထိ အသုံးဝင်နေတုန်းပါပဲ

      ယုံကြည်မှ ု ပေါ့လေ

      :kwi:

  • TNA

    December 31, 2013 at 9:48 am

    အောင်မယ်လေး ငါကဘာဒဲ့ ဇီး / ဥဒေါင် ဆိုပဲ။ မြင်တောင်မှမမြင်ဖူး။ မြင်ဖူးချင်တယ် အလင်းဆက်ရယ် တလုံးစီလောက်လက်ချောင်ပေးဘလား။ :mrgreen:

    ညီးတင်တဲ့ကျောက်မျက်ပိုစ့်တွေက ဗဟုသုတရစေတယ်။ ကျောက်မျက်ဝယ်မဲ့သူ၊ ဝါသနာပါသူ၊ လေ့လာနေ သူ၊ အရောင်းအဝယ်လုပ်နေသူတွေအတွက်တော့တန်ဖိုးရှိတဲ့ပိုစ့်ကလေးတွေပါအေ။ ငါကတော့ လုံးဝမဝတ်သမားမို့ ဗဟုသုတအနေနဲ့တော့ဖတ်သွားတယ်။ နောင်အလျှင်းသင့်ရင်လဲ သိသင့်သိထိုက် တာတွေ ဆောင်ရန်ရှောင်ရန်တွေ ထူးခြားတာလေးတွေတင်ပါအုံးအေရယ်။ ဘာပဲဖြစ်ဖြစ် အထောက်အကူတော့ရအေ့။

    • sorrow

      December 31, 2013 at 10:44 am

      အမလေး..တီသဲရယ်…အင်္ဂလန်လက်မှတ်ကြီးနဲ့ ….လုံးဝမဝတ်သမားပဲဖြစ်ရသေး…တားတားတို့လို့ ငမွဲတွေကို အားနာပါအုံး ….

      • alinsett

        December 31, 2013 at 11:50 am

        မွဲတာချင်း ပြိုငင်မလားဂျာ

        အာ့ဆို အနော်ပဲနိုင်မှာ
        အဟိ

        🙂

    • alinsett

      December 31, 2013 at 11:53 am

      ခင်မင်ရာ မိတ်ဆွေတွေကို မိုးကုတ်ကျောက် တစ်လုံးစီလောက်
      လက်ဆောင်ပေးနိုင် ဖို ့ ကြိုးစားဦးမယ် တီသဲရေ

      အားပေးတဲ့အတွက် ကျေးဇူးပါ

  • Crystalline

    January 1, 2014 at 2:33 pm

    မြပြာတော့မရှိဘူး.. ဝယ်ပေးပါလား.. ဆောင်ထားချင်လို့ :mrgreenn:
    မြစိမ်းတော့ရှိတယ်.. ကြိုက်တာက ပုလဲနဲ့စိန်.. တနင်းနွေသမီးမို့လို့ ပတမြားဆောင်လည်းပြောဖူးတယ်.. ထီပေါက်ရင်တော့ ဝယ်ဦးမှပါလေ :loll:

    • alinsett

      January 1, 2014 at 8:35 pm

      တိန်….
      ဝယ်ပေးပါပြောသူတွေမနည်းပါလား..ဗျ…။

      ကျွန်တော်လည်း..ပြောဦးမှ …။
      နီလာပြာပြာလေး..တစ်လုံးလောက်…
      ဘယ်သူ ဝယ်ပေးမလဲ..ဟင်…

      :kwi:

  • Shwe Ei

    January 1, 2014 at 3:30 pm

    ပြောင်ဂေါင်းစိမ်းနဲ့ကျောက်စိမ်း ဘလိုကွာတုန်းကွဲ့ ဒညင်းဝက်မောင်ငေးရဲ့

    စိမ်းတာချင်းခပ်ဆင်ဆင်ဆိုတော့ စိမ်းစိမ်းမြင်ရင် ကျောက်စိမ်းဘဲမှတ်နေတာ 🙂

    • alinsett

      January 1, 2014 at 8:30 pm

      အကျယ် ရှင်းရပေလိမ့်မည်.. .။

      နောက်ထပ် ပိုစ့်တစ်ပုဒ်ရေးဖြစ်မည် ထင်ပါရဲ ့…

Leave a Reply