အန ္တရာယ်နံပါတ်-၂

sofiadimpleAugust 7, 20101min440

အန္တရာယ်နံပါတ်-၂ ကတော့ ဟိုဖက်ကမ်းမှာကပ်သွားခြင်းပါပဲ။ သူ့ဆိုလိုရင်းကတော့ အပြင်အာရုံ(၆)မျိုးနဲ့ သာယာမိန်းမောနေမယ်ဆိုရင်လည်း ဒီလူဟာချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့တူတဲ့ သမုဒ္ဒရာထဲကိုမရောက်နိုင်တော့တဲ့ သစ်တုံးကြီးလိုပါပဲ သံသရာဝဲဂယက်ထဲမှာ လည်ပြီးစုန်းစုန်းမြှပ်ရပါလိမ့်မယ် လို့ဆိုလိုတာပါပဲ။ အင်းတကယ်တန်း စဉ်းစားကြည့်ရင်ဒီ အန ္တ

ရာယ်ကလည်းရှောင်နိုင်ဖို့တော့ သိပ်မလွယ်လှဘူးပဲ။ ဘာလို့လဲ မနက်မိုးလေးလင်းလို့မျက်လုံးလေးဖွင့်လိုက်ကတည်းက အပြင်အာရုံတွေကတန်းဝင်လာတာနော်။ ကောင်းတာလေးမြင်

ရင်လောဘကတန်းဖြစ်ပြီ ။ လိုချင်လာတာနော်။ မကောင်းတဲ့အမြင်အာရုံကိုမြင်ရပြန်တော့ ဟောဒေါသတွေဖြစ်ရတယ်။ ဒါကမျက်လုံးလေးမှာဖြစ်နေတာ။ အဲလိုပဲ နားမှာလည်းသာယာတဲ့အ

သံလေးများကြားလို့ကတော့ နားလေးများစွင့်လို့ လောဘတွေဖြစ်ပြန်ပြီ။ အသံဆိုးကြီးများကြားလို့ကတော့ တခါဒေါသတွေဖြစ်ရပြန်ရော။ ဒါကလည်းနားမှာ ဖြစ်နေတဲ့လောဘတွေ ဒေါသတွေနော်။ တစ်ခါ နှာခေါင်းကလည်းအအားများနေသလားမေးကြည့်ဦး ။ ကောင်းတဲ့ ရေမွှေးနံ့လေးများရရင် အားပါးမွှေးလိုက်တာနော်လို့ လောဘကတန်းဖြစ်သွားပြီ။ ဟောမကောင်း

တဲ့ပုပ်စော်အနံ့တွေရလိုက်တာနဲ့ လူကမဲ့ရှုံ့ပြီး ဟင်းစိတ်ပျက်ပါတယ်…ဆိုပြီး ဒေါသတွေဖြစ်နေပြန်ရော ။ ဟောနှာခေါင်းမှာကလည်း ဒီဒေါသနဲ့လောဘပဲ လှည့်ဖြစ်နေပါပေါ့လား။ လျှာကျပြန်

တော့လည်း ပိုတောင်ဆိုးသေး။ ဟိုဟာမကြိုက်ရတာနဲ့ ဒေါသဖြစ်ပြန် ၊ ဒီဟာကြိုက်ရပြန်တော့ လောဘဖြစ်ပြန် ။ အောသူလည်းဘာထူးလဲ ဒီလိုပဲ လောဘတလှည့်၊ ဒေါသတလှည့် လှည့်ဖြစ်

နေပါပေါ့လား။ အင်းကာယအကြည်လေးကရောဘယ့်နှယ်နေသလဲ ကြည့်လိုက်ပါဦး။ သူကလည်းလေ ကောင်းတာလေးတွေနဲ့တွေ့ထိနေရပြန်တော့ လောဘဖြစ်၊ မကောင်းတဲ့ ကြမ်းတမ်းတဲ့အရာတွေနဲ့များသာဆို ဒေါသဖြစ်။ ခြင်လေးကိုက်တာတောင် ခံနိုင်ရည်ရှိရဲ့လားမေးကြည့်လိုက်ပါဦး။ ခြင်ကကိုက်မယ်မှ မကြံရသေးဘူး ဖျောင်းဆို လက်ကရိုက်ပြီးသား ဟော ဒေါသရဲ့တန်ခိုးတွေနော်။ အင်းဒီလိုနဲ့ပဲ ဒီကိုယ်မှာကလည်း ဒေါသတလှည့် လောဘတလှည့် နဲ့လှည့်ဖြစ်နေလိုက်တာ နားရ အားရတယ်ကိုမရှိတော့ပါဘူးနော်။ အင်းတနေ့တနေ့ အဆင်းတွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ၊ အတွေ့အထိတွေ နဲ့ လောဘလေးဖြစ်လိုက် ဒေါသလေးဖြစ်လိုက် တဏှာလေးဖြစ်လိုက် မာနလေးဖြစ်လိုက် နဲ့ အော်ဒီခန္ဓာကြီး ခမျာမယ်  ဒီကိလေသာ တရားတွေလုပြီး အားရပါးရကိုဖြစ်နေလိုက်တာ နလန်ကိုမထူနိုင်တော့ပါဘူး။ ဒါတောင် ကြံတွေးစရာဆိုတဲ့ စိတ်ကလေးမှာ ဖြစ်နေတာတွေမပါသေးဘူးနော်။ ကိုယ့်ရဲ့ ဒီ အတွင်းအာရုံတွေမှာ လာတိုက်တဲ့အပြင်အာရုံ ၆ ပါးအပေါ်မှာ မမောနိုင်အောင် လိုက်ဖြစ်နေရတော့ ဘယ်သက်သာပါ့မလဲ။ အင်းတကယ်တော့ ဒီစိတ်ကလေးမှာ ဖြစ်နေတဲ့ အတွေးအာရုံတွေက ပိုတောင်ဆိုးပါသေးတယ်။ ကဲအားလုံးပေါင်းချုပ်လိုက်တော့ ဘာလာတွေ့လည်းဆိုရင် မိုးလင်းကမိုးချုပ်ထိ တနေ့တနေ့ ဒီအပြင်အာရုံတွေတိုုက်တဲ့အပေါ် လောဘ၊ဒေါသ၊ တဏှာ၊ မာန စတဲ့ကိလေသာတွေ အတွဲလိုက်ကိုဆက်တိုက် ကြီးဖြစ်နေပါတယ်လို့သာ မြင်ထားလိုက်ပေတော့။ အောဒါကြောင့်ပဲဆရာတော်တွေ ဟောတဲ့ ဒို့ဒီခန္ဓာကြီးမှာက နေ့စဉ်ကိုပဲ ပဋိစ္စသမုပါဒ် ဆက်နေတယ် ဆိုတာဟုတ်တာပဲနော်။

ဘယ်လိုဟုတ်လို့ဘယ်လိုတွေဆက်နေသလဲပြောပါဆိုရင် ရှင်းရှင်းလေးပါပဲ။ ကိုယ့်ခန္ဓာမှာက အစကတည်းကအိမ်ရှင်အဖြစ် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ရယ်လို့ပါလားပြီးသားလေ။ အဲဒီအိမ်ရှင်က မိုးလင်းလို့များ သက်ဆိုင်ရာ ပြူတင်းပေါက်လေးတွေဖွင့်လိုက်ပြီဆိုတာနဲ့ ဝင်လာကြပါပြီ။ အပြင်ဧည့်သည်တွေက တန်းစီလို့ပေါ့။ အင်းသူတို့ကို ဝင်မလာရလို့တော့ တားလို့မရဘူးနော်။ ပြီးတော့လည်း ဒီအိမ်ရှင်တံခါးပေါက်တွေကိုလည်း ပိတ်ထားလို့ကမရပြန်ဘူး။ မိုးလင်းတာနဲ့ မျက်လုံးကမျက်ခွံပြူတင်းပေါက်လေးက ဖွင့်လိုက်ရပြီနော်။ ဒီလိုပဲဆိုင်ရာဆိုင်ရာပြူတင်းပေါက်လေးတွေ အကုန်လုံးကဖွင့်ထားရပါတယ်။ အဲဒီမှာပဲ အဆင်းတွေက မျက်လုံးပေါက်ကနေ တန်းဝင်လာပြီ။ အသံတွေကရော နားပေါက်လေးကနေဝင်လာပြန်ပြီ။ အနံ့၊ အရသာ၊ အတွေ့အထိ၊ ကြံတွေးစရာဆိုတာတွေကတော့ သက်ဆိုင်ရာတွေမှာ အလျိုအလျိုနဲ့ဝင်လာကြပြီ။ အဲဒီထိကတော့ကိုယ် ဘာမှမတတ် နိုင်တဲ့ကိစ္စကြီးပဲနော်။ ကဲဒီထိကထားလိုက်တော့။

နောက်ဘာဆက်ဖြစ်လဲ ဇာတ်လမ်းလေးလိုထိုင်ကြည့်ရအောင်။ အဲဒီဧည့်သည်တွေလည်းဝင်လာပြီး မကြာပါဘူး။ ဒို့ရဲ့ဒီခန္ဓာအိမ်ကြီးမှာလေ ဝုန်းဒိုင်းတွေဖြစ်ပြီး ဗြောင်းတွေဆန် ကုန်တော့တာပဲ။ အဲဒါဘာတွေဖြစ်သွားတယ်မှတ်လဲ။ ဝေဒနာတွေလေ။ ဧည့်သည်ကပေးတဲ့လက်ဆောင်ထုပ်ကြီးကို အဟုတ်မှတ်ပြီးလက်ခံလိုက်တာလေ။ ကိုယ်လက်ခံလိုက်တဲ့ အထုပ်ကြီးထဲမှာက လက်နက်ဗုံးတွေပါလာတာမသိရှာတော့ တနည်းပြောရရင်တော့ သတိမရှိရှာတော့ ခံလိုက်ရပြီ။ မျက်လုံးပြူတင်းကဝင်လာတဲ့ပုံရိပ်တွေပေါ်မှာ အစွဲပြုလို့လောဘတဏှာ တွေကို လက်ဆောင်ရလိုက်တယ်။ နောက်ပြီးဝင်လာတဲ့အဆင်းအာရုံဧည့်သည်ကတော့ သူ့အဆင်းနဲ့ ဒီမျက်လုံးအကြည်လေးနဲ့ထိပြီးနုတ်ဆက်လို့ တန်းပျောက်သွားပြီနော်။ ကိုယ့်မှာကဒီအဆင်း အပေါ်မှာလိုက်လို့ ဝေဒနာတွေဖြစ်နေလိုက်တာမပြီးတော့ဘူး။ အင်းဒီမှာက ဝင်လာတဲ့အဆင်းဧည့်သည်လေးက နှစ်သက်စရာဆိုရင် သုခဝေဒနာတွေနဲ့လောဘတဏှာ

တွေဖြစ်နေရတယ်။ ဝင်လာတဲ့အဆင်းဧည့်သည်လေးက ကိုယ်မလိုချင်တဲ့ အဆင်းမျိုးဆိုပြန်တော့ တစ်ခါ ဒေါသတွေဖြစ်လို့နေပြန်ရော။ ဒါဆိုသူက ဒုက္ခဝေဒနာလက်ဆောင်တွေပိုက်လို့ ကျန်ခဲ့ရပြန်တယ်။ အင်းဒီမှာတင်ပြီးသွားသလား။ဆိုတော့ ဘယ်ပြီးမလဲ ။ သုခကြောင့်ဖြစ်ရတဲ့လောဘတွေကြောင့် ဒါမျိုးအဆင်းလေးကိုထပ်မြင်ရချင်လာတယ်နော်။ ဒါသည်ပင်ဝေဒနာမှ တဏှာဆီသို့ကူးသွားပြီနော်။ အဲဒီတဏှာလေးကြောင့် စိတ်မှာဒါကပဲထပ်ခါထပ်ခါလိုချင်ပါတယ်ဆိုတဲ့ စွဲလမ်းမှုဥပါဒါန်တွေ ဆက်မွေးဖွားလာပါတယ်။ ဒီလိုဥပါဒါန်ဖြစ်လာပြီဆိုရင်တော့ ဒီလူဟာငြိမ်ငြိမ်နေလို့မရတော့ပါဘူး။ မရမနေ မဖြစ်မနေ အားထုတ်မှုတွေလုပ်လာပါတော့တယ်။ ဒါကလည်း သုခဝေဒနာမှဒီလိုဖြစ်တာမဟုတ်ဘူးနော်။ မမြင်ချင်တာမြင်ရတဲ့အခါမှာ ဖြစ်ရတဲ့ဒုက္ခဝေဒနာ ကြောင့်လည်းဒေါသအလျှောက် မသတ်ရမနေနိုင် မပြောရမနေနိုင် မဆဲရမနေနိုင်တွေ ဖြစ်ပြီးကံတွေဆက်တိုက်ကိုကျုးလွန်ဖို့ အားထုတ်ပါတော့တယ်။ အဲဒီကမှ နုတ်ကနေဆဲဆိုလို့ရှိရင်တော့ ဝစီကံတွေပေါ့၊ နောက်လက်ပါပါလာရင်တော့ ကာယကံတွေပါမြောက်ကုန်တော့တာပါပဲ။ အဲဒီကမှာ မနောကတော့ ဒီနှစ်မျိုးလုံးရဲ့ အရင်းအမြစ်ပဲမို့ သူမပါဘူးလားလို့ ထင်စရာကိုမလိုတော့ပါဘူး။ အင်းဒါဆိုရင် ဒီမျက်လုံးပြူတင်းပေါက်က ဝင်လာတဲ့ ဧည့်သည်ကြောင့် ကံတွေကျုးလွန်ရပြန်ပြီ။ ဒါဆိုတခြားပြူတင်းပေါက်တွေမှာရော ဆိုတော့အားလုံးဒီသဘောပါပဲ။

ဝင်လာတဲ့အာရုံအပေါ်မှာ စွဲနေသမျှကတော့ ဝေဒနာတွေကဆက်တိုက်ကို လိုက်ဖြစ်နေတော့မှာပါ။ အဲဒီဝေဒနာရဲ့နောက်ကနေ တဏှာတွေ လိုက်လာမယ်။ တဏှာပါလာလို့ကတော့ မလွယ်တော့ဘူးပဲ။ ဘယ်လိုမလွယ်တာလဲဆိုရင် စွဲလမ်းမှုဥပါဒါန်က သူ့ရဲ့ဖွားဖက်တော်ပဲလေ။ ဒီဥပါဒါန်ကနေမှ ကံတွေတစ်ခုပြီးတစ်ခု မြောက်စေတော့တာပါပဲ။ ကဲကံမြောက်တော့ ဘာဖြစ်လို့လဲလို့ ဆက်တွေးလိုက်ရင် ဒီကံတွေက အကြောင်းပြုလုပ်လို့ သူ့ရဲ့အကျိုးတွေပါပြန်ခံရမှာပေါ့။ စာမကျက်မှတော့စာမေးပွဲကျမှာပေါ့။ ဘယ်ယတြာတွေ ဘာတွေလုပ်မနေနဲ့ ။ ကိုယ်ပြုထားတဲ့ အကြောင်းကြောင့်ဖြစ်လာမယ့်အကျိုးကိုကိုယ်ပဲပြန်ခံရမှာပါ။ မခံချင်ရင်အစကတည်းကမလုပ်နဲ့ပေါ့။ ဟုတ်တယ်မလား။ အင်းတနေ့တနေ့ ကျုးလွန်လိုက်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေက ကိုယ့်နောက်ကနေဆက်တိုက်ကိုပဲ အကျိုးပေးဖို့လိုက်နေပါတော့တယ်။ ဒီတော့ တစ်နေ့တစ်နေ့ ဖြစ်လိုက်ရတဲ့ လောဘတွေ ၊ ဒေါသတွေကနည်းမှမနည်းပဲနော်။ အင်းဒီလိုနဲ့သာသေရင်တော့ဖြင့် အင်းငါ နတ်ပြည်ပဲတန်းရောက်မှာနေမှာပါလို့ ကိုယ့်ကိုယ်ကိုသိပ် နှစ်သိမ့်မနေနဲ့ဦး။ လောဘနဲ့သေရင် ပြိတ္တာပြည်သို့တန်းတန်းကြီးသွားပေတော့တဲ့။ ဒေါသနဲ့သေရင်တော့ ငရဲပြည်ပဲပေါ့။ ဒါဆိုရင်တော့ ဒို့တွေရဲ့တစ်နေ့တစ်နေ့ဖြစ်လိုက်ရတဲ့ လောဘတွေနဲ့ ဒေါသတွေကိုတောင် စံချိန်ပြန်တင်ရမယ်ထင်တယ်။ ဒီနှစ်ခုထဲကတစ်ခုခုကတော့ အမြဲဦးဆောင်နေတာဆိုတော့လေ။ တစ်ခုတော့ရှိတာပေါ့လေ။ လောဘကပိုများလို့များ လောဘနဲ့သေရင်တော့ သူကပြိတ္တာပဲဖြစ်မှာဆိုတော့ နည်းနည်းတော့သက်သာမလားပဲနော်။ နောက်ပြီးကံကောင်းလို့ အမျှအတန်းလေးဘာလေးရရင်တော့ ကျွတ်နိုင်လွတ်နိုင်လောက်ပါရဲ့။ ဟိုဒေါသကျတော့ ဘာမှလည်းမစားရဘူး။ ငရဲပြည်ဆိုတော့လွတ်လမ်း ကလည်း သိပ်မမြင်ရဘူးလေ။ ဒါကြောင့် ဟိုပြိတ္တာဘဝ ပဲသွားပါတော့မယ်လေလို့တော့ မထူးဇာတ်မခင်းလိုက်ပါနဲ့။ အဲလိုဆိုရင်တော့ ဒို့လူ့ဘဝရရကျိုးမနပ်ဖြစ်သွားမှာပေါ့။ ဟင်း…..ဒါဆို ဘယ်လိုလုပ်ပြီးဒီလောဘတွေ၊ဒေါသတွေကနေ ရုန်းထွက်ရပါ့မလဲလို့ သာစဉ်းစားကြည့်ရမှာပေါ့နော်။ လူပဲလေ။ ဒီလောက်တော့ဖြင့် အဖြေလေးဘာလေးရှာကြည့်တတ်ရမှာပေါ့။ ဟုတ်ဖူးလား။

ကဲဒါဆိုရင်တော့ဖြင့် ဒို့ခန္ဓာမှာနေ့စဉ်လည်ပတ်နေသော ပဋိစ္စသမုပါဒ်သံသရာကြီးကိုတော့ မြင်လောက်ပါတယ်နော်။ အတွင်းဒွါရနဲ့ အပြင်အာရုံနဲ့လည်းတိုက်လိုက်ရော ဝေဒနာတွေတန်းဖြစ် သွား ရော။ ဒီဝေဒနာနောက်ကမှာ တဏှာတွေကပွားလာပြီး ကင်ဆာဆိုတဲ့မြစ်ပွားနာလိုပဲ ဥပါဒါန်ပါတွဲပွားလာလိုက်လေတော့ ဘာခံနိုင်လိမ့်မလဲ။ နေ့စဉ်အချိန်တိုင်းမှာကိုပဲ ကံတွေကလေမအားကိုမအားရပါဘူးဆက်တိုက်ကို ကျုးလွန်တော့တာပဲ။ ဒီကနေမှ ကိုယ်ပြုတဲ့အကြောင်းရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြန်ခံရပြန်ရော။ ခံရင်းနဲ့ပဲဆက်ကျူးလွန်ပြန်ရော။ ဒီကနေကိုမထွက်နိုင်တော့လို့ ဟူး…..မောသွားပါပြီ။ နောက်နေ့မှပဲ ဘယ်လိုများရုန်းရပါ့မလဲရယ်လို့ ဆက်ရပါဦးတော့မယ်။

အန္တရာယ်နံပါတ်-၂ ဖြစ်တဲ့ဟိုဖက်ကမ်းမှာကပ်သွားရခြင်းဆိုတဲ့ တရားလေးရဲ့ အနှစ်သာရအဓိပ္ပါယ်ကို ခုတော့သဘောပေါက်သွားပါပြီနော်။ အပြင်အာရုံတွေနောက် ကောက်ကောက်ပါ အောင် လိုက်နေရတာသည်ပင် ဒီအန္တရာယ်နဲ့တွေ့နေရပြီလို့ “ခုတော့သိပြီ သူ့ကို ကျနော်ရှောင်တော့မည်” လို့သာပြောလိုက်ပါရစေတော့။

တစုံတရာ အကြံပေးစရာများရှိရင် ပြန်စာလေးတွေပေးပို့နိုင်ပါတယ်နော်။ လိပ်စာကတော့ dimplemit@gmail.com ပါနော်။