“မ န္တ လေးကို ဖြတ် သန်း ခဲ့ သော ငှက် နှစ် ကောင်” ( ဦး မာ ဃ နဲ ကို ပေါက် ( မန္တလေး) ပူး တွ ဲ တင် ဆက် ခြင်း )

“မ န္တ လေးကို ဖြတ် သန်း ခဲ့ သော ငှက် နှစ် ကောင်”
( ဦး မာ ဃ နဲ ကို ပေါက် ( မန္တလေး) ပူး တွ ဲ တင် ဆက် ခြင်း )
ခေတ်ရေစီးနဲ့ ပင်ကိုယ်ဟန်ကို ဟန်ချက်ညီအောင် ညှိထားတဲ့မြို့ဆိုတာ ကျွန်တော်နေတဲ့ မန္တလေးလို့
ပြောရင် မ မှား ပါဘူး နော်။
လူတစ်ယောက်နဲ့ စတင်မိတ်ဆက်တိုင်း၊ မိတ်ဆက် အပေးခံရတိုင်း ကျွန်တော် ထည့်ပြောတတ်တာလေး တစ်ခု ရှိပါတယ်။
‘ကျွန်တော် မန္တလေးသားပါ’ လို့ပေါ့။ (Peter Chou တော့ မဟုတ်ပါဘူးဗျာ) အဲဒီစကားကို ပြောတိုင်းလည်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောခဲ့တာပါ။
မန်းမြေမှာမွေး၊ မန်းရေကိုသောက်လို့ မန်းမြေမှာပဲ ကြီးခဲ့ရတာကိုလဲ ဂုဏ်ယူမိပါတယ်။ မန်းသားတစ်ယောက်အနေနဲ

့ မြင်မိ၊တွေ့မိ ဖြတ်သန်းမိခဲ့တဲ့ မန်း အကြောင်းကို ပြန်တွေးကြည့်တော့ ဒီလိုလေးတွေ ထွက်လာတယ်။
ပြောရရင် ကျွန်တော်က ငယ်ကတည်းက မန္တလေးကို ကန့်လန့်ဖြတ်ပြီး သွားနေတာလို့တောင် ပြောလို့ရတယ်။
နေတာက မန္တလေး အနောက်ပြင် စိန်ပန်းရပ် တက်တဲ့ကျောင်းက ၂၂လမ်းက ဒိုင်အိုသံတဲ(အမှတ်-၁ဝ အထက်တန်းကျောင်း

) ဆိုတော့ နေ့တိုင်း ဒီ မန်းကို ဖြတ်ပြီး ကူးနေတာပေါ့။ ‘စိန်ပန်းရပ်’ ဆိုတာကိုရော သိကြသလားဗျ။
‘စိန်ပန်း’ ဆိုတာ ဧရာဝတီကို မေးတင်ထားတဲ့ရပ်ကွက် ဗျ။
အရင်ကတော့ ဘုရင့်လှေတော်သားတွေ နေတဲ့နေရာလို့ ပြောကြတယ်။
နောက်ပိုင်းမှာ အဲဒီ လှေနာမည်တွေကနေ ရပ်ကွက်အမည်တွေ ဖြစ်လာသပေါ့။
မန္တလေးရဲ့ နားအေးပါးအေး ရှိတဲ့ ရပ်ကွက်တွေထဲမှာ တစ်ခု အပါအဝင်ပေါ့ဗျာ။
ဘိုးဘွားပိုင် ခြံကျုယ်ကြီးတွေနဲ့ သစ်ပင်တွေ အုံ့ဆိုင်းနေတာကြောင့် နွေမှာတောင် အပူလျော့တဲ့ နေရာလေးပါပဲ။
နောက်ပြီးတော့ အဲဒီ စိန်ပန်းရပ်က စက်မှုလက်မှုဘက်မှာ နာမည်ကြီးတယ်။
ဟိုအရင်ကဆို ဘာပစ္စည်းပဲ ဖြစ်နေပါစေ စက်မှုပိုင်းဆိုင်ရာဆို စိန်ပန်းရပ်ကထွက်တဲ့အထိပဲပေါ့ဗျာ။ အခုတော့

အဲဒီလုပ်ငန်းတွေလည်း ‘စိန်ပန်းစက်မှုဇုန်’ ဆိုတဲ့ စက်မှု(၁)တို့ (၂)တို့ကို ရောက်သွားပါပြီလေ။
အဲ ကျွန်တော်တက်ခဲ့တဲ့ ‘အမှတ်(၁၀) အထက’ ကလည်း ရာဇဝင်လေးနဲ့ဗျ။
ဒီကျောင်းကို စ ထောင်တာက သာသနာပြုဆရာ ဒေါက်တာမတ်အတွက်မင်းတုန်းမင်းကြီးက ဒီကျောင်းကို ဆောက်ပေးခဲ့တယ်။
နောက်ပြီးတော့ မင်းညီမင်းသားတွေနဲ့ သူဋ္ဌေးသူကြွယ်တွေကို ဒီကျောင်းမှာ တက်ရောက် သင်ကြားစေတယ်။
သီပေါမင်းတို့၊ မက္ခရာမင်းသားတို့တောင် ပါသေး။
အဲဒီတုန်းက နာမည်က ‘သံတဲကျောင်း’၊ တိတိကျကျ ပြောရရင် ‘တော်ဝင်သံတဲကျောင်း’ ။
နောက် အင်္ဂလိပ်ခေတ်ရောက်တော့ ‘ဒိုင်အိုစီဇင်’ လို့ ပြောင်းသွားတယ်။
အဲဒီအချိန်အထိလည်း မန္တလေးရဲ့ ထိပ်တန်း ကျောင်းတွေထဲမှာ ပါဆဲပဲ။
ဒါပေသိ လူသိများတာကတော့ သူနဲ့ ကပ်လျက်က ‘စိန့်ပီတာ’ နဲ့ အခု ‘အထက (၁၃)’ ဖြစ်နေတဲ့ အေဘီအမ်ကျောင်းပါ။
ကျောင်းတွေ အကြောင်း ပြောရင်း အာတွေ့သွားပြီဗျာ ဆက်ပြောလိုက်ဦးမယ်။
ဒီနောက်ပိုင်း ကျွန်တော်တို့ခေတ်မှာ နာမည်ကြီးတဲ့ ကျောင်းတွေက အမှတ်(၁)၊ အမှတ်(၄)၊ အမှတ်(၈)၊ အမှတ်(၁၃)၊

အမှတ်(၁၄)၊ အမှတ်(၁၆) စတဲ့ ကျောင်းတွေပေါ့ အမှတ်(၄) နဲ့ အမှတ်(၈) က မိန်းကလေးကျောင်းတွေ၊
အမှတ်(၁) က ယောက်ျားလေးကျောင်း။ ကျန်တာတွေကတော့ ရောရာ ပေါ့။
အဲဒီ ကျောင်း သုံးကျောင်းက ၂၄ လမ်းရဲ့ ဘယ်နဲ့ညာမှာ ရှိကြတယ်။
လမ်း ၈ဝ ကနေ ၈၂ လမ်းအထိပေါ့။
၂၄လမ်းအတိုင်းသာ အနောက်ကို ဆက် ဆင်းလာမယ်ဆိုရင် ခုနကပြောတဲ့ စိန့်ပီတာ ဆိုတဲ့ အမှတ်(၉) ကျောင်းကို ရောက်တယ်။
အဲဒီကနေ မြောက်ဘက်ကို ဆက်သွားရင်တော့ ကျွန်တော်တို့ရဲ့ ‘ဒိုင်အိုသံတဲ’ ကျောင်းတော်ကြီးပေါ့လေ

(အဓိက ကတော့ ဒီကျောင်းကိုရောက်အောင် ဆွဲခေါ်တာပါ) အဲဒီ စိန့်ပီတာနဲ့ ဒိုင်အိုကျောင်းကလဲ သိပ် တည့်တာမဟုတ်ဘူးရယ်။
တစ်ခုခုဆို ရန်ဖြစ်တာက များတယ်ဗျ။
အဲဒါကြောင့်လားတော့ မသိ အဲဒီ နှစ်ကျောင်းကြားမှာ ရဲစခန်းတစ်ခု ရှိနေလေရဲ့။
မန္တလေး အကြောင်းကို တွေးမိတိုင်း အမြဲတမ်းပါမိ၊ သတိရမိတာကတော့ မန္တလေးတောင်နဲ့ နန်းမြို့ရိုးပေါ့ဗျာ။

အားလပ်ရက်တွေမှာ မိသားစုတွေစုပြီး မန္တလေးတောင်တစ်ဝိုက်ကို အပန်းဖြေ သွားတတ်ကြတာကိုး။

မန်းတောင်ခြေမှာ ‘အတုမရှိ’၊ ‘ရွှေကျောင်းကြီး’ တို့လို ကျောင်းတော်တွေအပြင် ‘ကျောက်တော်ကြီး’

၊ ‘စန္ဒာမုနိ’၊ ‘ကုသိုလ်တော်’ဘုရားတွေလည်း ရှိတယ်လေ။ အေးအေးလူလူ နေချင်ရင်တော့ မင်းတုန်းမင်းကြီး

စိုက်ထူခဲ့တဲ့ ကျောက်စာဂူတွေကြားမှာ တစ်ရေးတစ်မောတောင် အိပ်လို့ရသေးတယ်။
(ဒွိယံ ဒွိယံ စုံတွဲလေးများကိုတော့ ကြည့်ရှောင်ပေါ့ဗျာ) မန္တလေးရဲ့ ပုံရိပ်အဖြစ် ရှိတဲ့ ‘နန်းမြို

့’ကတော့ မန်းသားတွေနဲ့ ဝေးတဲ့နေရာဖြစ်နေတာ ကြာပါပြီလေ။
မဝင်ရ လို့ တိတိကျကျ ပိတ်ထားတာ မဟုတ်ပေမင့် အဝင်ခက်တာကြောင့် ဘာသိဘာသာပဲ ရှောင်သွားကြတာပါ။
တစ်ခါတစ်ခါတော့လည်း ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ‘ဗုတ်တလုတ်ကန်’ဘက်တွေ၊ ‘မြနန်းစံကျော်’က အဆောင်တွေ၊

မျှော်စင်တွေကို လွမ်းမိသလိုတော့ အရှိသား။
တစ်ချိန်မှာတော့ ဒီ နန်းမြို့ထဲကို လွပ်လပ်စွာ(လွပ်လပ်စွာ) ဝင်ရောက်လေ့လာနိုင်မယ်လို့တော့ မျှော်လင့်နေဆဲပါဗျာ။
နန်းမြို့ အကြောင်းကို ပြောရင်း ထပ်လွမ်းမိတာကတော့ ‘စက်ရှင်တံတား’လို့လည်းခေါ်တဲ့ ‘စည်ရှည်တံတား’ပေါ့။
အခုတော့ တံတားတိုင်တောင် မကျန်တော့ပါဘူးလေ။
နန်းမြို့ အပြင်ဘက်ကနေ ကြည့်ပြီး လွမ်းရတဲ့ ဒီ သမိုင်းဝင် တံတားပျက်ဟာ အခုတော့ အကြောင်းပြချက်

ရေရေရာရာမသိရဘဲ ပျောက်ကွယ်သွားတာ သုံးနှစ်လောက်တောင် ရှိရောပေါ့။ “မန္တလေး ဈေးချိုတော်”ကတော့

ဒီမြို့နဲ့ ချန်ထား၊ ခွဲထားလို့မရတဲ့ အရာတစ်ခုလို့ ဆိုရမယ်ထင့်။ ခေတ်မီ ကုန်တိုက်တွေ၊

shopping mall တွေ ဘယ်လောက်ပဲ ပေါ်လာပါစေ ဈေးချိုကတော့ အခုထိ အဓိက

ကုန်စည်စီးဆင်းရာ၊ စီးပွားရေး အချက်အချာနေရာတစ်ခု ဖြစ်နေဆဲပါ။
အပ်တိုကအစ စက်ယန္တရားတွေအဆုံး လိုချင်တာကို ဒီမှာ ဝယ်လို့ ရနေတုန်းပဲကိုး။
ဈေးချိုကို ပြောတာနဲ့ တွဲလျက် ပါလာတတ်တဲ့ “နာရီစင်”ကြီးကိုလည်း မမေ့သေးပါဘူး။
သူလည်း လမ်း အလယ်မှာ မားမားမတ်မတ် ရပ်ပြီး တဝီဝီ ဖြတ်သွားနေတဲ့ ကားတွေ ကြည့်နေရတာ မညောင်းသေးဘူးလားမသိ။
နာရီစင်ရဲ့ လေးဘက်လေးတန်က နာရီကြီးလေးလုံးကတော့ တိုင်းရင်းသားအရေးနဲ့ အပြိုင် အခုထိ သဘောတူညီချက် မရကြသေးဘူးဗျ။
နာရီစင်ရဲ့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ‘သီရိမင်္ဂလာ’ ခန်းမကိုလည်း ဖြတ်သွားတိုင်း မျှော်ကြည့်နေမိတယ်။ နှစ်တွေ ကြာလာတာမို့

“မြို့တော်ခန်းမ(၂)” ဆိုတဲ့ သူ့နာမည်ကို နောင်မျိုးဆက်တွေ မှတ်မိမှာမဟုတ်တာတော့ သေချာပါတယ်လေ။
မန်းရဲ့ ဈေးချိုကို ကျွန်တော် နာမည်ပေး ကင်ပွန်းတပ်ရမယ် ဆိုရင်တော့

“အဟောင်းနဲ့အသစ် လိုက်ဖက်ညီစွာ စည်းချက်ကျကျ ကခုန်နေတဲ့နေရာ” လို့ ပေးချင်မိတယ်။
အဆောက်အအုံသစ်တွေ၊ အပြိုင်းအရိုင်း ပေါ်လာနေပေမင့် အရင်ပုံစံအတိုင်းပဲ ရှိနေသေးတဲ့

အဆောက်အအုံတွေဟာလည်း ဈေးချိုရဲ့ ပုံရိပ်ကို တစ်တပ်တစ်အား ခြယ်သပေးနေသလိုပဲလေ။

တစ်ချိန်မှာတော့ သူတို့တစ်တွေ အနားယူပြီး အသစ်တွေနဲ့ အစားထိုးလာမှာ မှန်ပေမင့်

မြန်မြန်ဆန်ဆန် အစားမထိုးစေချင်တာကတော့ ကျွန်တော့်ရဲ့ သီးသန့်စိတ်ဆန္ဒလို့ပဲ ပြောရမှာပါ။

မန္တလေးဟာ မင်းနေပြည်ဟောင်း၊ ပြီးတော့ ရတနာပုံခေတ်ရဲ့ နောက်ဆုံးမြို့တော် ဖြစ်တာကြောင့်

အဲဒီခေတ် အငွေ့အသက်တွေကတော့ ကျန်နေဆဲလို့ ပြောလို့ရတယ်လေ။
ဘယ်သူတွေ ဘယ်လိုရွှေ့ရွှေ့၊ ဘယ်ခေတ်တွေ ဘယ်လိုပြောင်းပြောင်း အခုထိ မူလအငွေ့အသက်တွေ

ရှင်သန်ကျန်ရစ်နေတဲ့နေရာတွေကတော့ ရှိနေဆဲပါပဲ။
မြန်မာ့ရိုးရာ ရွှေဆိုင်းလုပ်ငန်းကို “မျက်ပါးရပ်”မှာပဲ ဆက် တွေ့နိုင်သလို ပန်းဆယ်မျိုးထဲက

လုပ်ငန်းအတော်များများဟာလည်း ဘုရားကြီး “ကျောက်ဆစ်တန်း”မှာပဲ အရင်ကအတိုင်း ဆက်ရှိနေကြပါတယ်။
အရင်ကလိုပဲ မျိုးရိုးစဉ်ဆက် ပညာအမွေတွေ လက်ဆင့်ကမ်းနေတုန်းပါ။
ခေတ်တွေ စနစ်တွေ ပြောင်းလာတာကြောင့် လက်နက်ကိရိယာတွေ၊ နည်းပညာတွေ တိုးတက်လာပေမင့်

အရိုးကို အရွက်မဖုံးစေဘဲ ရထားတဲ့ ပညာအမွေကို ခေတ်မီနည်းနဲ့ပေါင်းစပ်လို့

ဆက်လက်ထိန်းသိမ်းနေကြသူတွေဖြစ်တာမို့ လေးစားမိပါတယ်။
သေချာ တွေးကြည့်ရင် အဲဒါတွေဟာ ကျွန်တော်တို့ ဘိုးဘွားတွေ ထားခဲ့တဲ့ ယဉ်ကျေးမှု အမွေတွေကို

လက်ဆင့်ကမ်း ထိန်းသိမ်းထားတဲ့ လက်မှုပညာဘဏ်တိုက်တွေပဲလေ။
ကျောက်ဆစ်တန်းဘက်ကို တွေးမိပြန်တော့ ဘုရားကြီးလို့ အများခေါ်တဲ့ “မဟာမုနိ ရုပ်ရှင်တော်”ဆီကို အတွေးတွေက ရောက်သွားပြန်တယ်။
ဘုရားကို ရောက်ဖြစ်ရင် ဂန္ဒကုဋီတိုက်ထက် ပိုရောက်ဖြစ်တဲ့နေရာကတော့ အရှေ့ဘက်မုခ်နဲ့ တောင်ဘက်မုခ်က ဘုရားဈေးတန်းပါ။
အဲဒီမှာ မြန်မာလက်ဖြစ် လက်မှုပစ္စည်းတွေ စုံစုံလင်လင် ရနိုင်တယ်လေ။
တစ်နည်းဆိုရရင် ဘုရားဈေးတန်း ဆိုတာထက် လက်မှုအနုပညာပစ္စည်းတွေ စုနေတဲ့နေရာလို့ ပြောရင် ပိုမှန်မယ် ထင်မိတယ်။
အခုနောက်ပိုင်းတော့ အဲဒီဘက်တွေမှာလည်း ပေါက်ဖော်ကြီးတို့ ကုန်စည်တွေက မြန်မာ့လက်မှုပစ္စည်းလေးတွေကို

စစ်ကြေညာလို့ နေရာအများစုကို အပိုင်သိမ်းထားပြန်ပေါ့။
မန်းမှာ နေလို့အကောင်းဆုံး အချိန်ကတော့ ဆောင်းရာသီလို့ ကျွန်တော်ပြောရလိမ့်မယ်။ မြန်မာနိုင်ငံအလယ်ပိုင်း

အပူပိုင်းဒေသ ဖြစ်ပေမင့် မန်းရဲ့ ဆောင်းရာသီကတော့ တစ်ခါတစ်ရံ “မန်းတုန်အောင် လမ်းဆုံက ဟစ်ချင်” လောက်တဲ့အထိ ချမ်းတတ်ပါတယ်။
မန်းရဲ့ နွေရာသီကိုတော့ သက်ရှိနဲ့ သက်မဲ့ဥဩသံတွေက လွှမ်းခြုံထားတတ်တယ်။
မီးဘေး အကြိမ်ကြိမ် သင့်ခဲ့ပေမင့် မန်းသားတွေကတော့ ပြာပုံထဲက ပြန်စခဲ့ကြတာချည်းပါပဲ။

ကျွန်တော် သိတတ်လာတဲ့အရွယ်မှာတော့ မန်းမှာ အကြီးအကျယ် လောင်တဲ့မီးဟာ ရှားသွားပါပြီ

မိုးရာသီရဲ့ ရက်အများစုမှာတော့ မန်းဟာ ခြောက်သွေ့နေတတ်ပါတယ်။
ဒီနှစ်မှာတော့ မုတ်သုံကို စောစောခေါ်လာပေးခဲ့တဲ့ မိတ်ဆွေကြီးကြောင့် မန်းက လမ်းတွေမှာ ပင်လယ်အသေးစားတွေ

ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတယ်လေ။
ဧရာဝတီကို မေးတင်ထားပေမင့် တကယ် ရေတိုးတဲ့ နေရာကတော့ လမ်းတွေရဲ့ ဘေးမှာရှိတဲ့

ရေဆင်းမြောင်းတွေပဲကိုး။ မှတ်ဖူးတာကတော့ စင်္ကာပူမှာ မိုးရွာပြီး ငါးမိနစ်နေရင် လမ်းပေါ်မှာ ရေမရှိတော့ဘူး တဲ့။
မန်းမှာတော့ မိုးရွာပြီး ငါးနာရီကြာရင် လမ်းပေါ်က ပင်လယ်တချို့ လျော့သွားတတ်တယ်။ တွေးကြည့်ရင်တော့ ကွာခြားချက် သိပ်မရှိပါဘူးနော့။
မန်း အကြောင်းကို ပြောပြရရင် တစ်ထိုင်တည်းနဲ့ ပြည့်စုံအောင်ပြောဖို့ မလွယ်ဘူး ဗျ။
အခု ကျွန်တော် ပြောသွားတာတွေကလည်း ကျင်လည်ခဲ့၊ ကျင်လည်နေမိတဲ့ ပတ်ဝန်းကျင် ကွက်ကွက်ကလေးတွေကိုပဲ အဓိက ပြောဖြစ်တာ။
တစ်ကယ်တမ်း ပြောကြကြေးဆို အများကြီး ကျန်သေးတယ်။
မန်းသူ၊ မန်းသားတွေကို မေးကြည့်ရင် ဘယ်သူတွေပဲဖြစ်ဖြစ် တူညီတဲ့ မှတ်ချက် တစ်ခုကိုတော့ ပေးလိမ့်မယ်။
အဲဒါကတော့ ဘယ်အရာတွေ ဘယ်လိုပဲပြောင်းပြောင်း။
ဘယ်သူတွေပဲ ရောက်လာရောက်လာ မန်းမြေမှာမွေး၊ မန်းရေကို သောက်ခဲ့တဲ့ မန်းသားတွေကတော့ သူတို့ရဲ

့ မြို့ကို ဘယ်တော့မှ မေ့မသွားဘူး ဆိုတာ ပေါ့ဗျာ။
ဪ…ကျွန်တော်လား ? ကျွန်တော်လည်း အစွဲကြီးတဲ့ မန်းသားတစ်ယောက်ပဲလေဗျာ။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

ကျုပ် မန်း လေး မြို ့ ထဲ ကို မ ရောက် တာ ကြာ ပြီ။
“ရွှေ နန်း တော် ခြေ ကန် မွေး ထား တဲ့ မန်း လေး သား အ စစ် ကွ၊
မန်း လေး မွေး မန်းလေး နေ မန်းလေး မှာ ဘဲ သေ မယ် ကောင် ကွ”လို့
မာန် ပါ ပါ ကြွေး ကြော် ခဲ့ တဲ့ ကောင် က
“ မန်း လေး မြို ့ ထဲ ကို မ ရောက် တာ ကြာ ပြီ” လို့ ပြော လိုက် လို့
မျက် စေ့ တွေ များ လည် သွား မ လား ။
မ လည် နဲ့ ကျုပ ်ပြော တာ ဆုံ းရင် ဇာတ် ရ ည် လည် သွား မယ်။
တ ကယ် မျက် စေ ့ လည် တာ က ကျုပ် ဗျ။
အဲ ဒီ နေ့ က ဥ ပုဒ် နေ့ ဗျ။
ဘာ မှ လုပ ်စ ရာ လဲ မ ရှိ လူ က လဲ စိတ် ပျင်း နေ တယ်။
ဒါ နဲ့ ဘဲ မ စီ း တာ ကြာ နေ တဲ့ မောင် ဗ မာ စက် ဘီး အ စုတ် လေး ကိ ထုတ်။
ဖုန် သုတ် လေ ထိုး ချိန်း တွေ ထဲ ကို ဆီ လေး ဘာ လေး ထည့် ပြီး ခတ် ကွင်း ပြင်
နေ တာ ကို မြင် တော့ တောင် ဘက် အိမ် က မ လှ မေ သ မီး အငယ် မ က
“ အ ဘ ဘယ် တုံး “ လို့ မေး တော့
“မန်း လေး ကို “ ဆို ပြီး ပြန် ဖြေ တော့
“ အ လို တော် ထူး ထူး ဆန်း ဆန်း “ တဲ့။
ဟုတ် တော့ လဲ ဟုတ် ပါ တယ် ကျုပ် မန်း လေး ကို မ ရောက် တာ လေး ငါး နှစ ်တောင်
မ က တော့ ဘူး ထင် ပါ တယ်။
ကျုပ် က တော့ ဘာ မှ ပြော မ နေ တော့ ဘဲ စက် ဘီး လေး နင်း ပြီး ထွက် လာ လိုက် တာ ပေါ့။
ကျုပ် တို့ နေ တာ က ရှင် ပင် အုန်း အင ်ဘု ရား တောင် ဘက် မှာ။
ကျုပ ်အ လုပ် က လဲ အိုး မ ကွာ အိမ် မ ကွာ လုပ် ရ တဲ့ အ လုပ် ဆို တော့
အ ပြင် မ ထွက် ဖြစ် တာ က လ ဲ မ ဆန်း ပါ ဘူး။
မ ထွက ်ဆို အိမ့် အ ရှေ့ ဘက် လေး ငါး ပြ လောက် ဘဲ ကွာ တဲ့
မြို့ သစ် ဈေး ကို တောင် မ ရောက် ဖြစ် တာ ကြာ ပေါ့။
အ လွန် ဆုံး သွား လှ မ နော် ဟ ရီ လမ်း ထိပ်က က “ကု ဋေ သန်း” လက် ဘက် ရည် ဆိုင်လောက် ပါ ဘဲ။
အဲ ဒီ နေ့ က ကျုပ် ထွက် လာ လိုက် တော့ အ ရင် က ကျောက် ကြမ်း တွေ ဇ လုံ း ဇ ခု နဲ့ နှစ် ပေါင်း များ စွာ
နေ လာ ခဲ့ တဲ့ ၇၃ လမ်း မ ကြီး တောင် က တ္တ ရာ လမ်း မ ကြီး ဖြစ် ပြီး ဖြောင့် ဖြူး လို့။
အ ရင် က လယ် ကွင်း ထဲ မှာ တော့ ရုံး အ သစ ်လေး တ ရုံး။
ဆိုင်း ဘုတ် ဖတ် ကြည့် လိုက ်တော့ အခွန် ရုံး တဲ့။
ရုံး ရှိ ပြီ ဆို မှ အဲ ဒီ အ နီး အ နား မှာ ထ မင်း ဆိုင် တော့ ရှိ ပြီ ပေါ့။
ဘော့ လုံး ကွင်း ပါတ် ပါတ် လည် မှာ လဲ တိုက် ခန်း တွေ အ ပြည့်။
ထမင်း ဆိုင် ဘီယာ အလှ ပြင် ဆိုင် စီဒီ ခွေ ရောင်း တဲ ့ ဆိုင် တွေ နဲ့ စည် စည် ကား ကား ။
ရှေ့ ဆက် သွား လိုက် တော့ အ ရင် က ကား မောင်း လာ လာ သင် နေ ကြ တဲ့
လမ်း အ နောက် ဘက် ခြမ်း က ကွက် လပ် ကြီး မှာ လဲ ဆောက် လက် စ တိုက် အ မြင့် ကြီး တွေ။
လမ်း က လဲ နှစ် လမ်း သွား အ ကျယ် ကြီး။
လမ်း အ ရှေ ့ ဘက် မှ တော့ ခေတ် မှီ ဘော့ လုံး ကွင်း အသစ် ကြီး က ဟီး လို့။
အော် ဒါ တွေ မြင် မှ ကျုပ် ခေတ် ကြီး နဲ့ အ ဆက် ပြတ် နေ တာ ကြာ ပြီ ဆို တာ သိ လိုက် ပါ တယ်။
ဒါ နဲ့ သိပ္ပံ လမ်း ရောက် တော့ ဘယ် ဘယ် ချိုး ပြီး မ န ္တလေး မြို့ ထဲ ဘက် ကို ဦး တည် လိုက် ပါ တယ်။
၇၈ လမ်း ထိပ် အ ရင် က ဆင် ဖြူ ကန် သင်္ချု ိင်း နေ ရာ ရောက် တော့ ဒီ ဘ က် မှာ ” က ည န” ရုံး ရှိ နေ တော့ စည် စည် ကား ကား ။
ဒီ နေ ရာ မှာ ဟိုး ရှေး ရှေး က သချိုင်း ရှိ ဘူး တယ် ဆို တာ ပြော ရင် ခု ခေတ် က လေး တွေ
ယုံ ကြ မယ် မ ထင် ဘူး နော်။
ဟော ၇၈ လမ်း မ ကြီး က လဲ အ ကျယ် ကြီး။
လေး လမ်း သွား။
ခင် စော မူ ကွေ့ ရောက် တော့ ကမ္ဘောဇ ဘဏ် ကြီး က ဟီးလို့။
ကျုပ် တို့ ငယ် ငယ် က ဒီ ခင် စော မူ ဆီ စက် ကွေ့ ဆို တာ မြို့ စွန် မြို့ ဖျား။
လူ နေ အိမ် ခြေ ကျဲ ပါး။
ပါး ဆို မျက ်ပါး ရပ် စစ် တပ် ကြီး က လဲ အ ကျ ယ် ကြီး ကို း ဗျ။
အ ခု များ တော့ ကား တ ဝီ ဝီ ဆိုင် ကယ် တ ဗျဲ ဗျဲ စက် ဘီး ဆို လို ့ ကျုပ ် တစ် စီး ဘဲ ရှိ ပါ့။
အိမ် ထွက် ကာ စ တုံး က နင်း လိုက် တိုင်း တ ကျွိ ကျွိ မြည် နေ တဲ့ ကျုပ် စက် ဘီး က အ သံ တောင် ဘယ် ရောက် မှန်း မ သိ။
ဟို အ ရင် ကဘာ မှ မ ရှိ တဲ့ နေ ရာ ဘေး ဘယ် ညာ မှာ ဆိုင် တွေ ကို ဟီး လို့။
ဓါတ် ဆီ ဆိုင် ကြီး က လဲ ကြီး မှ ကြီး ၊
အ င်္ဂ လိပ် စာ လုံး တွေ တပ် ထား တဲ့ ဆိုင် တွေ က လဲ တန်း စီ ။
ဟို အရင် က ဒီ နား မှာ ခန့် ခန့် ထည် ထည် ရှိ နေ ဘူး တဲ့
ရွှေ ကျီး မုန့် ကျွတ် ဆိုင် လေး တောင် ပျောက် နေ ပြန် ပါ တယ်။
စီး တီး မတ် မှာ လဲ ကပ် ထား လိုက် တဲ့ ကြော် ငြာ တွေ က ဗောင်း လံ။
သူ့ နံ ဘေး က ဟို တယ် က လဲ အကြီး ကြီး။
အ ထည် ဆိုင် တွေ ဖုန်း ရောင်း တဲ့ ဆိုင် တွေ က လဲ ပေါ မှ ပေါ ။
၃၅ လမ်း ကုန် း ကျော် ကို လဲ လွန် ရော ပို လို ့ တောင် ရှုပ် ယှက် ခပ် လာ သေး တယ်။
မီး လောင် သွား တဲ့ စ ကိုင်း ဝပ် နေရာ မှာ ပို လို့ တောင် ခန့် ထည် တဲ့
“ဒိုင်း မွန် း စူ ပါ မတ်ကက်”တဲ့။
သူ့ နံ ဘေး မှာ ပါတ ်လည် ဝိုင်း နေ တဲ့ ဆိုင် တွေ ဆိုင် တွေ ပေါ ချက် က လဲ
ရေ ရ တောင် ခက် ပါ တယ်။
မ ပြောင်း မ လဲ ရှိ နေ တာ တော့ ကုန်း ကျော် တံ တား အောက် က အီ ကြာ ကွေး ဆိုင် လေး ရယ်
အုတ် ရိုး နီ နီ ကြီး နဲ့ မီး ရ ထား တွဲ ပြင် စက် ရုံ က တံ တိုင်း ကြီး ပါ ဘဲ။

ဟိုး အ ရင် က ၇၈ လမ်း က ဘူ တာ ကြီး ရှိ ေ န တော ့ အ တန် အ သင့် စည် ကား ခဲ့ ပ ါ တယ်။
အ ခု အ ချိန် မှာ တော့ ၇၈လမ်း ( ရန်ကုန် – မန်းလေး လမ်း မ ကြီး ) က မ ရှိ မ ဖြစ် အ ဓိ က လမ်း မ
ကြီး ဖြစ် လို ့ နေ ပ ါ တယ်။

ဟိုး အ ရင် က ဆို ရင် မြို့ သစ် က နေ မန်း လေး မြို ့ ထဲ လာ ရင် ရောက် ကို
မ ရောက် နိုင် တော့ သ လို တ မျော် တ ခေါ် ကြီး လာ ရ တ ာ ပါ။
အ ခု တော့ ဟို ငေး ဒီ ငေး နဲ့ ရောက် မှန်း မ သိ ရောက် လာ သ ပေါ့။
၂၆ ဘီ လမ်း ကျုံး ထိပ် ကို ရောက် တော့ ကျုပ် လဲ အ တော် မော လာ ပါ ပြီ။
စက် ဘီး လေး ကို ပ လက် ဖောင်း ပေ ါ် မ တင် ရင်း ကု က္ကို ပင် ရိပ် မှာ ခ ဏ နား ရ ပါတယ်။
မြို ရိုး ဘက် ကို ငေး ကြည့် ရင် ကျုပ် တို့ ငယ် ငယ် က ဆော ့ က စား ခဲ့ ကြ တဲ့
“မန်း သီ တာ ဥ ယျာဉ် “ ကြီး ကို အ ရမ်း သ တိ ရ မိ ပါ တယ်။
နိုင် ငံ တ ကာ အ ဆင့် မီ မ မှီ တော့ ကျုပ် မ သိ ဘူး။
ဒီ ပန်း ခြံ ကြီး က စိ်မ်း စိမ်း စို စို နဲ့ အင် မတန် ကျက် သ ရေ ရှိ တာ တော့ အမှန် ။
ဒါ ပေ မယ် ့ လုံ ခြုံ ရေး ဆို တဲ့ စကား လုံး အောက် မှာ ပန်း ခြံ တစ် ခု
ပျောက် ဆုံး သွား ခဲ့ တာက တော့ ဝမ်း နည်း စ ရာ ကြီး ဗျာ။

အ မော ပြေ တော့ စက် ဘီး ကို ဆက် မ စီး တော့ ဘဲ ကျုံး နံ ဘေး အ တိုင်း
တွန်း လာ ခဲ့ မိ ပါတယ်။
လမ်း ၈ဝ နဲ့ ဆုံ တဲ့ ကျုံး ဒေါင့် ရောက် တော့ ညာ ဘက် ချိုး ပြီး ၂၅လမ်း ဒေါင် ့ဘက် ကို တွန်း လာ ခဲ့ ပါ တယ်။
ပ လက် ဖောင်း ပေါ် က တည် ပင် ( ရေ တ မာ လို့ လဲ ခေါ် ပါ တယ်) အောက် မှာ ရပ် ရင်း
ညို မောင်း တဲ့ အသွင် ဆောင် ထား တဲ့ ပြ သာဒ် ကို ငေး ကြည့် နေ မိ ပါ တယ်။
အ နီ ရောင် အုတ် ရိုး နဲ့ ပြ သာဒ် တွေ မှာ ပြော စ ရာ စကား တွေ အ များ ကြီး ရှိ နေ မယ်
ထင် မိ ပ ါ တယ်။
ကျုပ် တို ့ငယ် ငယ် က မ န္တ လေး နဲ့ အ ခု လက် ရှိ မန္တ လေး အ များ ကြီး ကွာ သွား တာ
တော့ အ မှန် ပါ ဘဲ။
မန်း လေး မြို့ အ ကြောင်း ပြော ရင် မီး မလောင် ခင် မန်းလေးနဲ့ မီး လောင် ပြီး မန်း လေး လို့
ခွဲ ပြော မှ တိ ကျ မယ် ထင် ပါ တယ်။
၁၉၈၁ ပူ လောင ်တဲ့ နွေ ည နေ ခင်း တစ် ရက် မှာ ဆိုင်း တန်း ရပ် က စ ပြီး လောင် လိုက် တဲ့
မီး ကြီး က သူ့ မြောက် ဘက် မှာ ရှိ တဲ့ ရပ် ကွက် တွေ ကို ဝါး မြို လို်က် ပါ တယ်။
၂၆ဘီလမ်း က နေ စ လောင ် လိုက် တာ ၁၉ လမ်း ကို တောင် ကျော် သွား ပ ါ တယ်။
အဲ ဒီ မှာ လူ နေ အိမ် ခြေ များ စွာ ကို ပ ထ မ ဦး ဆုံး အ ကြိမ် ဖျက် ဆီး လိုက် ပါ တယ်။
လူ နေ ထူ ထပ ်တဲ့ ရပ် ကွက် ကို မီး ခ လိုက် တော့
မန်း လေး မြို့ သ မုိုင်း မှာ ပ ထ မ ဦး ဆုံး အကြိမ် အ သဲ ကွဲ ခြင်း ပေါ့။
ဒီ မီး နဲ့ ဘဝ ပျက ်ခဲ ့ သူ တွေ အ များ ကြီး ပါ ဘဲ။

နောက် သိပ် မကြာ ခင် ၁၉၈၄ ခု နွေ ဦး ပေါက် နေ့ လည် ခင်း မှာ
“ဦး ကျား ကြီး ဝင်း” က နေ စ တင် လိုက် တဲ့ မီး ကြီး ဟာ
မန္တ လေး မြို ့ ကြီး ကို ဒဏ် ရာ ဗ လ ပွ နဲ့ မြို့ ပျက် ကြီး ဖြစ် အောင် လုပ် လိုက် ပြန် ပါ တယ်။
ဒီ မီး ကြီး အ လွန် မှာ တော့ မန်း လေးသူ မန်း လေး သား တွေ ရဲ့ ပိုင် ဆိုင် မူ့ တွေ
ပျောက် ဆုံး ကုန် ပြီး လုံး ဝ န လံ မ ထူ နိုင် အောင် အ ဆော် ခံ လိုက် ရ သ ပေါ့။
တိုက် တိုက် ဆိုင် ဆိုင် ရွှေ စာ ရံ ဘု ရား ပွဲ ကို သွား နေ တဲ့ အချိ် န် မီး လောင် လိုက်
တော့ ဘာ မှ မ ရ လိုက် ကြ။
ပို ဆိုး တာ က ဒီ ဘက် ရပ် ကွက် က နေ မီး လွ တ် မ ယ် ထင ်တဲ့ ဘက် ကို ရွှေ့။
ရွှေ လိုက ်တဲ့ နေ ရာ ပါ မီး လောင် အဲ လို ဖြစ် ကုန် တာကိုး ။
၃၅ လမ်း နဲ့၈၄လမ်း ကြား ကေ န က လောင် လိုက် တဲ့ မီး က ၂၅လမ်း နဲ့ လမ်း ၈၀
ရောက် မှ ဘဲ ရပ ်တော့ တယ်။
ဒီ ဦး ကျား ကြီး မီး က တော့ ဒု တိယ က မ္ဘာ စစ် ကြီး အပြီး မှာ တော့ မန်း လေး မြို့ ကြီး ရဲ့
အ ထိ အ နာ ဆုံး သော ပျက ်စီး မူ့ ဘဲ ပေါ့ ဗျာ။
မန်း လေး မြို့ ရဲ့ သူ ဌေး ဘွဲ ခံ တဲ့ လူ တွေ မီး ထဲ ပါ သွား တော့ စီး ပွား ရေး လုပ် ငန်း
တော် တော ် များ များ လည် း ရပ် ဆိုင်း သွား ပ ါတယ်။
မီး လောင် လို့ ဆုံး ရှုံး တာ က တစ် ပိုင်း၊
လုပ် ကိုင် စား သောက် စ ရာ နေ ရာ ပျောက် သွား တာ တစ် ပိုင်း၊
ဆို တော့ အဲ ဒီ အ ချိန် မန်း လေး တစ် မြို့ လုံး သော က တွေ ဝေ တဲ့ အ ချိန် ပေါ့။
ဒါ ကေ တာ့ မန်း လေး မြို့ ရဲ့ ဒု တိ ယ အ ကြိမ် မြောက် နှ လုံး သွေး ပျက် ခဲ့ တာ ပေါ့။

ဒီ မီး ကြီး အ ပြီ း မှာ တော့ လက ်ထဲ မှာ ဘာ မှ မ ကျန် တော့ တဲ့ လူ တွေ
က နောက် ဆုံး လက ် ကျန် မြေ လေး ကို ရောင်း ချ ပြီး လုပ် ငန်း ထူ ထောင် ကြ ရ တာ ပေါ့ဗျာ။
ဒီ တော့ မြို့ ထဲ က နေ မြို့ သစ် ကို ပြေး ရ တော့ တာ ပေါ့။

သိပ် မကြာ ခင် ရှစ်လေး လုံး အ ရေး အ ခင်း ဖြစ် တော့ တိုင်း ပြည် ပျက် တယ် ပေါ့ ဗျာ။
ဒါ ပေ မယ် ့ အဲ ဒီ တိုင်း ပြည် ပျက် ချိန် က ကျုပ် တို့ မှာ ဘာ မှ သိပ ်မ ထိ ခိုက် ဘူး ဗျ။
တ ကယ် ထိ ခိုက် တာ က မန်း လေး မြို ့ ရဲ့ ဝမ်း ဗိုက် လို ့ တင် စား နိုင် တဲ့ ရှေး
က တည်း က အ ထင် က ရ ရှိ ခဲ့ တဲ့ ဈေး ချိုု ေ တာ် ၁၂ လုံး ရယ် တိုက် တန်း ကြီး
ရယ် ဖျက် လိုက် တဲ့ အ ချိန် ပါ ဘဲ။
အေ က အက်ဖ် အ ထိ ရှိ တဲ့ မြောက် ဘက် ဈေး ချို တော် ကို အရင် ဖျက် လိုက် ပါတယ်။
ပြီး တော့ အ ဆင့် မြင့် ဈေး ချုို တော် ဆို ပြီ း ဆောက် လိုက် ပါ တယ်။
ဈေး သူ ဈေး သား တွေ ကို အဲ ဒီ ပို့ လိုက် သ ပေါ့။
နောက် မှ တောင် ဘက် ခြမ်း ကို ဖျက် ပါ တယ်။
ဒီ တောင် ဘက် ခြမ်း ကြီး ကို လဲ ဖျက် ပြီး ဘာ မှ မ လုပ် ဘဲ အကြာ ကြီး
ထား ပါ တယ်။
အ ခု တော့ မန်း မြန် မာ ပ လာ ဇာ ၂၅ ထပ် ဖြစ် သွား တယ် ပြော တယ်။
ကျုပ် က တော့ တစ် ခေါက် မှ မ ရောက် ဘူး သေး တာ အ မှန် ပါ ဘဲ။
ခက် တာ က ဆိုင် ခန်း အ ဖျက ် ခံ လိုက် ရ တဲ့ သူ တွေ ကို ဆိုင် ခန်း အသစ်
တွေ ချ ပေး ပါ တယ်။
သူ တို့ က တော့ သင့် တင် ့ သော နူန်း ထား လို့ ဆို ပေ မယ့်
ဒီ ဆိုင် ခန်း ဘိုး ငွေ ထပ် မ သွင်း နိုင် တော့ တဲ့ သူ တွေ ရှိ ပါ တယ်။
အဲ တော့ လဲ ဆိုင် ပါ မစ် လေး ကို သူ များ ထိုး အပ် လိုက် ရ သ ပေါ့။
အ စ က ဆိုင် နဲ့ ကန္နား နဲ့ ဘ ဝ က နေ ဆိုင် လဲ ပျောက် ဘဝ လဲ
ပျောက်။
အဲ ဒီ ဆိုင် ပိုင် ရှင ်တွေ ကို မှီ ခိုပြီး လုပ် ကိုင် စား သောက် ရ တဲ့
လူ တွေ အများ ကြီး ရဲ့ ဘဝ လဲ ပျောက်။
အ တော် လေး ကို ဒု က္ခ ရောက် ခဲ့ ကြ တာ ပါ။
မီး လောင် ထား လို့ န လံ မ ထူ နိုင် တဲ့ အ ထဲ
ဈေး ချို ကို ဖျက် လိုက် တော့ မြွေ ပူ ရာ ကင်း မှောင့် ဆို တဲ့
စ ကား အ တိုင်း ပါ ဘဲ။
ဆိုင်းတန်း မီး ကြီး လောင် လိုက် တဲ့ အခါ
ရွှေ တ ချောင်း အ နောက် ဖက် မှာ နေ ကြ တဲ့မ န္တ လေး မြို သူ မြို့ သား တွေ
ပ ထ မ အ သုတ် မြို့ သစ် ကို ရောက် သွား ပ ါ တယ်။
ဟို အ ရင် က လယ် ကွင်း တွေ ဘဲ ရှိ နေ တဲ့ လေ ယာဉ် ကွင်း ရဲ့ အ ရှေ့ ဘက်
မ န္တ လေး တ က္က သိုလ် ရဲ ့ တောင် ဖက် “ ပဲ ဖြူ ကုန်း “ဆို တဲ့ အ ရပ ်မှာ
မ န္တ လေး မြို့ သစ် ဆို တာ စ တင် တည် ခဲ့ တာ ပေါ့။
“လမ်း မ ကောင်း ရေ ရှား ရွှံ ့ထူ ဗွက်ထ မြွေ ပေါ အ ရိပ် မဲ့” ဆို တာတွေ နဲ့
ပြည့် စုံ တဲ့ အ ရပ် ကို မီး လောင် မြေ က အိုး ပိုင် အိမ် ပိုင် မရှိ သူ တွေကို
ပေ၄၀-ပေ၆ဝ  အ ကွက် ရိုက် ပြီး နေ ရာ ချ ထား ပေး လိုက် ပါ တယ်။
အဲ ဒီ ကို ပြောင်း ရွှေ့ နေ ရ တဲ့ လူ တွေ ရဲ့ ဒု က္ခ ကို တော့ စာ မ ဖွဲ့ တော့ ပါဘူး။

နောက် တစ် ခါ အ ကြိ်မ် ဦး ကျား ကြီး မီး မှာ တော့
၂၅လမ်း နဲ့ ၃၅ လမ်း မြို့ လယ် ခေါင် မှာ နေ ကြ တဲ့ မ န္တ လေး မြို့ သူ မြို့ သား တွေ
ဒု တိ ယ အ သုတ် ထပ် မံ လို့ ရောက် သွား ပါ တယ်။
အဲ ဒီ အ သုတ် ထဲ မှာ ကျုပ် တို့ လဲ ပါ သွား သ ပေါ ့ ဗျာ။
ဈေး ချို ကြီး ဖျက် သိမ်း လိုက် တဲ့ အ ခါ မှာ တော့ စီး ပွား ပျက် သွား တဲ့ ဈေး ချို သူ
ဈေး ချို သား အချို့ မြို့ သစ် ကို တ တိ ယ အကြိမ် မြောက် ရောက် လို့ သွား ပါ တယ်။
မ န္တ လေး မြို့ ဟောင်း က လူ တွေ နဲ့ စတင် ခဲ့ တဲ့
မြို့ သစ် စ တည် ကာ စ အ ချိန် မှာ တော့
ရုပ် ရှင် ရုံ မရှိ။
ဈေး ကောင်း ကောင်း မရှိ။
လက် ဖက် ရည် ဆိုင် ကောင်း ကောင်း မရှိ။
ဆေးခန်း ဆေး ရုံ မရှိ။
စ တိုး ဆိုင် ကောင်း ကောင်း မ ရှိ။
တ ရုတ် ခေါက် ဆွဲ ကြော် ဆိုင် မရှိ။
မ ရှိ ဆို ဘာ မှ မ ရှိ တဲ့ ဘဝ နဲ့ စခဲ့ ကြ တာ ပါ ။

အ စ က တော့ လမ်း မ တန်း တွေ မှာ လဲ ကျုပ် တို့ လို လူ တွေ နေ ခဲ့ ကြ သ ပေါ့ ။
တ ဖြည်း ဖြည်း နဲ့ မြို့ သစ် စည် ကား လာ တဲ့ အ ချိန် တွေ မှာ တော့ မြို့ သစ် ကို မျက် စေ့ ကျ
လာ သူ တွေ ရှိ ပါ တယ်။
ကျယ် ဝန်း တယ် လွတ် လပ် တယ် ။
အုတ် တံ တိုင်း အ မြင် ့ ကြီး ကာ ထား လိုက် ရင် အ ပြင် က ဘာ မှ မမြင် ရ တာ ကို
နှစ် သက် တဲ့ လူ တွေ မျက် စေ့ ကျ လာ ပါ တယ်။
အဲ တော့ လဲ နေ ရာ ကောင်း တွေ ကို မ တန် တ ဆ ဈေး ပေး လို့ ဝယ် ကြ တော့ တာ ပေါ့။
ကျုပ် တို့ မှာ စီး ပွား ပျက် ငွေ ရှာ ဘို့ ခက်။
ရှာ လို ့ ရ တဲ့ ငွေ က မ လောက် မ င။
ဒီ တော့ လဲ ကို ယ် ရ ထား တဲ့ လမ်း မ တန်း က မြေ ကွက် လေး ကို ရောင်း
ဒီ ထက် ဝေး တဲ့ နေ ရာ ချောင် ကျ တဲ့ နေ ရာ က မြေ ကွက် လေး ဝယ် ဖြစ ်သ လို နေ
ပို လာ တဲ့ ငွေ လေး ကို အ ရင်း အနှီး လုပ် ပေါ့။
၂၀၀ဝ ခု နှစ် အ လွန် မှာ တော့ မြို့ သစ် က အ ရှိန် အ ဟုန် ကောင်း ကောင်း နဲ့
တိုး တက် လို့ လာ ပါ တယ်။
အ ရင် က ကား နှစ် စီး မ ရှောင် သာ တဲ့ ၆၂ လမ်း မ ကြီး က လေး လမ်း သွား
ဖြစ် သွား တယ်။
သူ့ နံ ဘေး တစ် ဖက် တစ် ချက် မှာ ဆေး ရုံ တွေ ၊ ကျန်း မ ာ ရေး ဆို်င် ရာ တ က္က သိုလ် တွေ
စ တိုး ဆိုင် ကြီး တွေ မီ နီ မာ ကက ်တွေ စား သောက် ဆိုင် တွေ နဲ့ စည် ကား လို့ လာ ပါ တယ်။
ဘာ လို လို မ န္တ လေး မြိုံ ထဲ အ ထိ သွား စ ရာ မ လို။
မြို့ သစ် မှာ တင် အ ကုန် ရ ။
ဒီ တေ့ာ လည်း စည် ကား သိုက် မြိုက် လို့ လာ ပါ တယ်။
ကျုပ် တွေ း ကောင်း ကောင်း နဲ့ တွေး နေ တုန်း “ ပီ ပေါ် ပီ ပေါ်” ဆို တဲ့
လူ နာ တင် ယဉ် အ သံ ကြား မှ ကျုပ် အ တွေး တွေ ပြတ် သွား ပါ တယ်။
အ စ က တော့ မြို့ ထဲ လှည့် ပါတ် သွား ပြီး မ န္တ လေး မြို့ ဟောင်း မှာ ကံ ကောင်း စွာ ကျန် နေ သေး တဲ့

မိတ် ဟောင်း ဆွေ ဟောင်း တွေ ကို တွေ့ အုံး မ လို ့ ပါ ဘဲ။
ဒါ ပေ မယ် ့ အ ဟောင်း တွေ ကို အသစ် ပြန ်ဖြစ် မယ့် စ ကား တွေ လဲ မ ပြော ချင် တော့ ပါဘူး။
ဒါ နဲ့ ဘဲ စက် ဘီး ကို ပ လက် ဖောင် းပေါ် က ချ ပြီး မြို့ သစ် ဖက် ကို ပြန ်လာ ခဲ့ ပ ါတယ်။
လမ်း တစ် လျောက် မှာ တွေ့ သ မျှ တွေ က လဲ အ ဟောင်း မ ရှိ ပ က တိ အသစ်။
ဟော နင်း လာ ရင်း ကျုပ် စက် ဘီး က အသံ တွေ ထွက် လာ ပါ တယ်။

“ မြို့သစ် နဲ့ လူ ဟောင်း မြို့ ဟောင်း နဲ့ လူ သစ်၊
လူ ဟောင်း နဲ့ မြို့ သစ် လူသစ် နဲ့ မြို့ ဟောင်း “ လို့ ဘဲ ကြား နေ မ ိ တယ်။
အ သက် ကြီး လို့ ဘဲ ကျုပ ်နား တွေ အကြား မှား သလားတော့ မသိ။
သေ ချာ နား ထောင် လိုက် တော့ လဲ

“ မြို့သစ် နဲ့ လူ ဟောင်း မြို့ ဟောင်း နဲ့ လူ သစ်၊
လူ ဟောင်း နဲ့ မြို့ သစ် လူသစ် နဲ့ မြို့ ဟောင်း “

“ မြို့သစ် နဲ့ လူ ဟောင်း မြို့ ဟောင်း နဲ့ လူ သစ်၊
လူ ဟောင်း နဲ့ မြို့ သစ် လူသစ် နဲ့ မြို့ ဟောင်း “

“ မြို့သစ် နဲ့ လူ ဟောင်း မြို့ ဟောင်း နဲ့ လူ သစ်၊
လူ ဟောင်း နဲ့ မြို့ သစ် လူသစ် နဲ့ မြို့ ဟောင်း “

 

ဦး မ ာ ဃ နဲ့ ကို ပေါက် ( မန္တလေး)
30-12-2013

 

 

 

 

 

 

 

16 comments

  • alinsett

    December 31, 2013 at 7:44 am

    အိုးးးး
    တဝကြီး ဖတ်ရမယ့်ပိုစ့်

    အခု အချိန်မရလို့ ခပ်မြန်မြန်ဖတ်သွားရတယ်
    အေးအေးဆေးဆေးပြန်ဖတ်ဖို့
    သိမ်းထားမယ်

    🙂

  • KZ

    December 31, 2013 at 8:08 am

    ဒါမိုး အရေးအသားလေးတွေ ရေးတတ်ချင်လိုက်တာ။
    🙂

  • ရွှေတိုက်စိုး

    December 31, 2013 at 9:07 am

    အော်ဒီလူတွေနှယ့် ဒုက္ခပါပဲဗျာ..
    ဒီက ပြန်ချင်နေပါတယ်ဆိုမှပဲ..
    လေးပေါက်နဲ. ကိုသကြား ကျန်ခဲ့တာရှိသေးတယ် ဒီလိုအချိန်ဆို.. ဘုရားပွဲတွေ ရှိတယ်လေဗျာ..အဲဒါလေးထည့်ပြောအုံး..
    ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ မန်းလေးက ရပ်ကွပ်ဆိုင်ရာ ဘုရားတွေရှိကြတယ်ဗျ.. အဲဒီ ဘုရားတွေကို တနှစ်တခါ ဆောင်းရာသီမှာ ဘုရားပွဲလုပ်ကြတယ်..
    ဘုရားပွဲမတိုင်ခင် ရပ်ကွပ်ကာလသားတွေက အလံတိုင် မီးဆိုင်းတွေ လမ်းတွေမှာ လိုက်စိုက်ကြ.. ဆွမ်းတော်ပွဲ ပုဂံပြားတွေလိုက်ဝေကြ..
    ဘုရားပွဲ နေ.ကြတော့ ဆွမ်းတော်ပွဲလေးတွေ အိမ်တိုင်းအိမ်တိုင်း ကိုင်ပြီး ဘုရားဓမ္မာရုံမှာ သွားပို.က ဓမ္မာရုံကလဲ ကောက်ညှင်းပေါင်းကျွေး..
    အဲဒီနေ.မှာပဲ.. ရပ်ကွပ်ထဲမှာရှိတဲ့ အိမ်တိုင်းက မုန်းကျွေး တယ်..
    ကစွန်းမြစ်ယို၊ ဇီးဖြူသီးနဲ. ငပိကြော်၊ ကြာဇံဟင်း၊မုန်းဟင်းခါး၊ ကျောက်ကျော.. အို စုံလို.ပါပဲ..
    တအိမ်တက်ဆင်း လိုက်စားကြတာပေါ့..
    ခင်ရာမင်ရာသူငယ်ချင်းတွေ.. မိတ်ဆွေတွေ ဒီနေ.ဘုရားပွဲလာခဲ့နော်ဆိုလို.ကတော့ အုပ်စုလိုက် ပျော်ပျော်ပါးပါး.. အားနာစရာမလို မရှက်ရအောင် အားရပါးရတီး ကြတဲ့ ဘုရားပွဲပါပဲ..
    အဲလို မုန်.စားပြီးသွားရင်.. ရပ်ကွပ် ဘုရားထိပ်လမ်းမပေါ်မှာ စာရေးတံမဲ စင်ကြီးမှာ ရပ်ကွပ်ထဲက လှူကြတဲ့ စာရေးတံတွေကို ပြက္ခဒိန်တွေမှာ စာတွေကပ် ပိုက်ဆံတွေကပ်ပြီး အလှူရှင်က ဘယ်သူဆိုတာ ချိတ်ပြထားကြတယ်လေ…
    အဲဒီ စာရေးတံ မဲကို နောက်နေ.မနက် အာရုံတက်မှာ ဖိတ်ကြားထားတဲ့ သံဃာ အပါး ၂၀ဝ ကျော်ကို စာရေးတံမဲ ဖောက်ပေးတယ်. ပြီးတော့ မဲဖောက်ပေးပြီး လာတဲ့ သံဃာတွေကို တန်းစီပြီး ဆွမ်းတို.၊ ဆပ်ပြာမှုန်. ဆပ်ပြာခဲ သွားတိုက်ဆေး.. အစုံပဲ လောင်းလှူကြသေးတယ်..
    ကျွန်တော်တို.လို ရပ်ကွပ်ကာလသားတွေက ဆရာတော်တွေ နောက်က အိပ်ကလေးတွေကိုင်ပြီး အဲဒီ ပစ္စည်းတွေကို လိုက်သိမ်းပေးရင်း ဆွမ်းလောင်းတဲ့ အိမ်တွင်းပုံး အလှပဂေးလေးတွေရဲ. အိပ်ရာထ မျက်နှာအလှလေးတွေကို ငမ်းကြတာပေါ့ဗျာ…
    အော်ပြောရင်းနဲ.တောင် အိမ်ခေါင်းရင်းက အချစ်ကလေးကို သတိရလိုက်တာ… ဟိဟိ
    အဲလို ဆွမ်းလောင်းစာရေးတံမဲ ပြီးသွားတော.. အကုန်လုံး ရပ်ကွပ်ဓမ္မာရုံကို ပြေးကြတော့တာပဲ.. ဘာလိုလဲသိလား..
    ဆွမ်းတော်ပွဲ မဲနှိုက် ကြမယ်လေ.. အဲဒါက ဆွမ်းတော်ပွဲသွားပို.တုန်းက လာပို.တဲ့သူတွေကို နံပါတ်စာရွက်လေးတွေ ပေးထားတယ်လေ…
    အဲဒါကို ရွာကာလသားခေါင်းနဲ.ကာလသားတွေက မဲနံပါတ်တွေလိပ်ပြီး တမဲ ၁၀ဝကျပ်နဲ. မဲဖောက်ပေးတာ. ရတဲ့ပိုက်ဆံတွေကို ဘုရားကိုပြန်လှူတာပေါ့..
    ဆွမ်းတော်ပွဲမှာလဲ.. အဆင့်အတန်းရှိတယ်ဗျို.. ကြက်သားကောင်လုံးကြော်.. ကိတ်မုန်.. ပန်းသီး.. စပျစ်သီး.. ဘီစကွပ်ကတော့ အနိမ့်ဆုံးပေါ့..
    အဲလို မဲနှိုက်ကြတော့.. ပျော်စရာလဲကောင်း.. တစ်ခါတလေ ကြက်ကောင်လုံးကြော် ပေါက်တဲ့သူက ကြက်ပေါင်တစ်ချောင်းပါမလာတာတို… ကိတ်မုန်.ပေါက်တဲ့သူက တစ်ခြမ်းပဲနေတာတို.ရှိတာပေါ့..
    အဲဒါ ညက ဆွမ်းတော်ပွဲ စောင့်တဲ့ ကိုကိုကာလသားတွေလက်ချက်ပေါ့ဗျာ….
    အဲလိုနဲ. ညလဲရောက်ရော.. အငြိမ့်၊ ဇတ်သဘင်တို.နဲ. ပွဲတွေ ဆက်နေတာပေါ့..
    ကျွန်တော်တို.ကျောက်ဆစ်တန်းကတော့ နေရာကျဉ်းတော့ အငြိမ့်ပဲ ငှားတာပေါ့..
    နှစ်တိုင်းနှစ်တိုင်းအငြိမ့် ဆိုပေမယ့် ရိုးသွားတယ်မရှိဘူးဗျို..

    အော်ဒီနှစ်တော့ ဘုရားပွဲပြန်ဖြစ်မယ်မထင်တော့ပါဘူးဗျာ…..
    လေးပေါက်နဲ. ဦးမာဃ ရေ..ကျွန်တော်အိမ်ဘုရားပွဲ သွားစားလိုက်ပါအုံး..
    ကြာဇံဟင်းနဲ. ပဲမြစ်အုံးနို.ဆမ်း ဗျို….

    • မဟာရာဇာ အံစာတုံး

      December 31, 2013 at 9:16 am

      မန်းလေးက ငှက်နှစ်ကောင်
      ရှေ့ကငှက်ကို လေးခွကြီးနဲ့ ထုမယ်
      နောက်က ငှက်ကို လေးခွလေးနဲ့ ထုမယ် ..

      အပေါ်က ငှက်ပုဂျီး ကိုတော့ ထုတော့ဘူး
      သူ့သာမီး ငှက်မလေးကိုပဲ ခိုးတော့မယ် .. ငိငိငိ

      • ရွှေတိုက်စိုး

        December 31, 2013 at 9:20 am

        အဲဒီငှက်ပုက နင်ဟိုသင်း ဒုတ်နဲ.ထိုးနေလို.လားအကောင်ရဲ..
        နီတော့ အပွတ်ခံချင်ပြန်ပြီနဲ.တူဒယ်..
        ဒီတစ်ခါ ရိုးရိုးမပွတ်တော့ဘူး.. ပတ်ပတ်လည်ပွတ်မယ်.. မိအိချာ.. လာဇမ်း……….

    • Mr. MarGa

      December 31, 2013 at 9:24 am

      အင်…လုပ်ပြီ…
      မလွမ်းဘဲ နေမလားဗျာ လွမ်းလွန်းလို့ခက်နေတယ်
      ဘုရားပွဲသာ ရှိလို့ကတော့ အဲဒီနေ့ အဆာခံထားတာ အဟိ
      အခုတော့ (ဒီနှစ်မှာ) ဘုရားပွဲတွေ သိပ် စည်စည်ကားကား မဖြစ်တော့တာ မြင်ပြီး ငယ်ဘဝကိုပဲ ပြန်လွမ်းနေရတယ်။
      မနေ့က ဟိုဂျီးဒေါ် ဖွဘုတ်မှာ ဇီးဖြူသီးဆားရေစိမ်နဲ့ ငါးပိကြော် တင်ထားတော့ ဒီနှစ် အိမ်ကကျွေးတာတောင် ပြန်သတိရနေသေး။
      ဒီနှစ်တော့ ပွဲတွေပါတာ နည်းနေတယ်ဗျာ။
      ဆိုတော့ ညမှာ ပွဲဈေးလျှောက် ဟေးလားဝါးလား လုပ်ရတဲ့အရသာကို အားရပါးရ မခံစားလိုက်ရ။
      မတင်မကျခံစားချက်နဲ့ ဘုရားပွဲကို ကုန်ဆုံးခဲ့ရတယ်။
      မနက် နိုးလာတော့ ဆွမ်းလောင်းတဲ့ အိမ်တွင်းပုန်းလေးတွေကိုငေးလိုက်တာ ရုံးတောင် နောက်ကျသွားလေရဲ့ :mrgreenn:

    • မိ တိုက် ဘု ရား ပွဲ ကို အ ရင ်လွမ်း ထား တာ မင်း မ ဖတ် ရ သေး ဘူး နေ မှာ။
      ရွာ ထဲ မှန် မှန် မ ဝင် တော့ မသိ တော့ ဘူး ပေါ့ အေ့

      လွမ်း ဘို့ ကောင်း တဲ့ ရှာ ဖတ် လိုက် ပါ အုံး

      • ရွှေတိုက်စိုး

        December 31, 2013 at 3:44 pm

        အဟင့်အဟင့် ပြောရင်းနဲ.တောင် နိုချင်ယာဘီ ဂျာ..
        အန်တီလေးပေါက် လာခေါ်လှည့်ဂျာ…
        မန်းလေးပြန်မယ်…

  • sorrow

    December 31, 2013 at 9:41 am

    ဝါး…လွမ်းမိပါတယ်..မန်းမြို့တော်ကြီးမှာကျောင်းသုံးနှစ်တက်ခဲ့တာ…

  • ဘယ်အချိန်ကများညှိနှိုင်းရေးလိုက်ကြပါလိမ့်..လက်တောင်မတို့ကြပါကလားကွယ်ရို့..

    မန်းသားကြီးတွေ
    ရမ်းကားပြီး
    စခန်းများတော့မကြီးလေနဲ့ နော်
    😀

  • မန်းကို တစ်ခေါက်ပဲ ရောက်ဖူးတယ်…
    ဒါတောင် ပျာယာခတ်တဲ့ အချိန်ဇယားကြားထဲမှာ လည်ခဲ့ရတာ…
    ဆိုင်ကယ်တွေကြားထဲ လမ်းမလျှောက်တတ်တာရယ်..ဘယ်ကိုသွားသွား ကျုံးရှေ့ကဖြတ်ရတာရယ်က အမှတ်တရပဲ…

    တိုက်တွေ၊ ကားသံတွေကြားထဲက ရန်ကုန်မြို့ကြီးကို စိတ်ကုန်နေတာ အတော်ကြာပြီ…အခုစာတွေကိုဖတ်ပြီး မန်းကို လာလည်ချင်စိတ်ပေါက်လာတယ်… အချိန်လေးများ ရခဲ့ရင် မန်းကို အေးဆေးလာလည်ချင်ပါတယ်… ထမင်းတော့ ကျွေးမယ်ဟုတ်.. :mrgreen:

  • Mလုလင်

    January 2, 2014 at 12:48 am

    မန်းလေး ကို ချစ်တယ်။ ဒါကြောင့် . . . အညာသူ . . . နဲ့ ရတယ် . . ဒါပဲ

Leave a Reply